Unicode
"နွေးသက်ပိုင်!! နင်…နင်ငါ့ကိုသေစေချင်နေတာလား"
တစ်သက်နှင့်တစ်ကိုယ်မမြင်ဖူးခဲ့သည် မေမေ့၏ ပုံစံနှင့် စကားလုံးများသည် သက်ပိုင်အား အလန့်တကြားဖြစ်သွားစေသည်။ထို့အပြင် သူ့ဆုံးဖြတ်ချက်ကိုလည်း ပို၍ခိုင်မာသွားစေခဲ့သည်။ဖေဖေကမူ ဘာပြောရမယ်မှန်းမသိတော့သကဲ့သို့ ဘေးမှရပ်ကာ ငူငူကြီးဖြစ်နေပြီးမှ မေမေ့အား စိတ်လျှော့ရန်ဖြောင်းဖြလာသည်။
"ဒေါ်ချစ်သက်လယ် ခင်ဗျား စိတ်ကိုလျှော့ပါဦးဗျာ ကျန်းမာရေးကကောင်းတာလဲ မဟုတ်ပဲနဲ့"
"အို ရှင်ဘာမှဝင်မပြောနဲ့ ဒါကျွန်မတို့ သားအမိကိစ္စ"
"ဒါပေမယ့်…သားကိုသိပ်ပြီးမဖိပါနဲ့လား သူတောင်ဒီအရွယ်ရောက်နေပြီကို…သူ့ ဘာသူဆုံးဖြတ်ပါစေ"
"ဒီမယ် ရှင်အဲ့လိုတွေ အမြဲတမ်းဖော့ပေးနေလို့ ဒီကောင် ဒီလိုဖြစ်လာတာလေ "
ဖေဖေသည် ဘာမှဝင်မပြောတော့ မျက်မှန်အားပင့်ကာ ဆိုဖာပေါ်ပြန်ထိုင်ပြီး ခေါင်းငုံ့နေတော့သည်။
"မိဘက ကောင်းစေချင်လို့ပြောတာကို လက်ခံလိုက်ပါလား ဘာတွေအထွန့်တက်ချင်နေတာလဲ"
မေမေသည် သက်ပိုင်အား လေသံမာမာဖြင့် ပြောလာသည်။သူကတော့ လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းငုံ့ကာ ရပ်နေရာမှာ ငြိမ်သက်နေလျက်။ကျချင်လုလု မျက်ရည်များအား ပြန်သိမ်းဆည်းကာ စကားကိုတစ်ခွန်းချင်းဆိုမိသည်။
"ကောင်းစေချင်လို့ဆိုတော့ ကျွန်တော်ကရော ဘာမကောင်းတာများ လုပ်မှာမို့လို့လဲ မေမေရယ်"
"ဟမ့် ဘာမကောင်းတာများလုပ်မှာ မို့လို့လဲ…ဟုတ်လား…ဆိုတော့…နင်က ဒီမျိုးမစစ်လေးကို ခေါ်သွားပြီး တပါးနိုင်ငံမှာ ငါတို့ဘယ်ကမှန်းတောင်မသိတဲ့ ယောက်ျားတစ်ယောက်ကို သွားရှာမတဲ့…ရှက်စရာကောင်းလိုက်တာ…ငါတို့ အသိုင်းအဝိုင်းကဒါတွေကိုသိသွားရင် နင်သူများတံတွေးခွက်ထဲပက်လက်မျောမှာဟဲ့… နင်ဒါလေးတောင်မစဉ်းစားတတ်တော့ဘူးလား နွေးသက်ပိုင်ရဲ့"
"မေမေ!! သက်ညိုလေးက ကျွန်တော့်သား မျိုးမစစ်မဟုတ်ဘူး…ပြီးတော့ ကျွန်တော်ချစ်ရတဲ့သူကို ကျွန်တော်ရှာချင်တာ ဘာများမှားလို့လဲ ဘာကိုရှက်နေရမှာလဲ"
"ဟဲ့ မွေးထားတာ ယောက်ျားစစ်စစ်ကြီးဖြစ်နေပြီး ယောက်ျားတစ်ယောက်ကို ချစ်တယ်ပြောနေတာ ရှက်စရာမဟုတ်ရင် ဘာကရှက်စရာဖြစ်ရမှာလဲ …ထွီး ရွံစရာကောင်းလိုက်တာ…"
"မေမေ!"
"ပြီးတော့ တိမ်ကင်းစင်ရဲ့သား အဲ့ကလေးကိုလည်း ငါထပ်မမြင်ချင်ဘူး…ကျောက်ကပ်တစ်ခြမ်းပေးထားတဲ့ ကျေးဇူးက နင် သူ့ရဲ့လင်ကောင်မပေါ်တဲ့ဗိုက်ကို တာဝန်ယူပေးခဲ့တာနဲ့တင် ေကြပြီးနေပြီ…နောက်ထပ်တစ်ပတ်အတွင်း အဲ့ကလေးကို ဂေဟာကိုပို့ပစ်ရမယ်…ငါ့သွေးသားမဟုတ်ပဲ ကောင်းပေးခဲ့ရတာကိုက ငါ့ကိုယ်ငါတောင် သနတယ်ဟဲ့"
"မေမေ သက်ညိုလေးကိုဘာမှလုပ်စရာမလိုဘူး…ကျွန်တော်ပြောပြီးသား ကျွန်တော် ကင်းစင်ကိုလည်းကတိပေးထားပြီးသား…စိတ်ချပါ မေမေတို့ မမြင်စေရပါဘူး…ကျွန်တော်သားကို ကျွန်တော်ခေါ်သွားမယ်"
"အေး ရတယ်လေ နင် အဲ့ကောင်ကိုသွားရှာမယ်ဆိုရင် ငါ့ကိုအမေလို့သတ်မှတ်စရာမလိုတော့ဘူး"
"ဒေါ်ချစ်သက်လယ်!"
"ရှင် ဝင်မပြောနဲ့!!"
အမြဲတမ်းသူ့ကို သားလေး၊သားပိုင် ဟုသာ အမြဲတမ်းခေါ်ကာ စိတ်ပူတတ်လွန်းသည့်မေမေဟာ ယခုတော့ သူ့အား လက်ညှိုးငေါက်ငေါက်ထိုးကာ ယုတ်ရင်းကြမ်းတမ်းသည့် စကားလုံးများအား ပြောဆိုနေပုံမှာ သူမနှင့်မလိုက်ဖက်လှစွာ။သူချစ်ရသူနှင့် သူ့အမေ။ရင်ဘတ်ထဲမှ တင်းကြပ်မှုများစွာဖြင့် တံခါးဝဘက်ဆီသို့ မျက်နှာမူမိလိုက်ချိန်တွင် သူ့နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံလိုက်ရသလိုခံစားလိုက်ရသည်။တံခါးအကွယ်တွင်ရပ်ကာ တုန်ယီနေသော ကလေးငယ်လေး၏ မျက်ဝန်းထက်တွင် ကြောက်ရွံ့ခြင်းနှင့် နားမလည်နိုင်ခြင်းတို့က ရောယှက်နေလျက်။သူရင်ထဲဝယ် တစ်စုံတစ်ရာက ပေါက်ကွဲထွက်သွားသကဲ့သို့။
"မေမေ ကျွန်တော့်ကို ခွင့်လွှတ်ပါ…ကျွန်တော် မေမေ့စကားကိုလက်မခံနိုင်ပါဘူး"
"မေမေ"
မေမေသည် အခြားတစ်ဖက်ဆီသို့မျက်နှာမူထားရင်း သူ့အား လှည့်ပင်ကြည့်မလာခဲ့။
"သား…မင်းအမေက စိတ်ဆိုးတုန်းမို့ပါ အဲ့လိုတော့ မသွားပါနဲ့လား"
ဖေဖေက မျက်မှန်အား ချွတ်ကာ သူ့ကိုလေသံတိုးတိုးဖြင့်ပြောလာသည်။
"တောင်းပန်ပါတယ်ဖေဖေ စိတ်တော့မရှိပါနဲ့…"
"သား သက်ညိုလေး…လာဖေဖေတို့အိမ်ပြန်ရအောင်"
သူ အပြင်ဘက်သို့ ထွက်လာလိုက်ရင်း သက်ညိုလေးအား ချီကာ ခြံထဲမှ ထွက်လာခဲ့လိုက်တော့သည်။သူမေမေ့အား တစ်ချက်လှည့်ကြည့်လိုက်သော်လည်း ငြိမ်သက်နေသည့် ကျောပြင်ကသာ သူ့ဘက်သို့မျက်နှာမူထားသည်။
"ဖေဖေ ဘွားရ သက်ညိုယေးကို မချစ်တော့ဘူးရားဟင်"
သူ ကျလုဆဲဆဲမျက်ရည်များအား ချုပ်တည်းကာ သားကိုပြုံးပြလိုက်သည်။
"မဟုတ်ပါဘူး သားရယ်…ဘယ်သူမှမချစ်လည်း ဖေ့သားလေးကို ဖေဖေကအများကြီး ချစ်ပေးမှာပေါ့"
"ဒါချို ဖေဖေ သက်ညိုယေးကို ဘယ်လောက်ထိချစ်ယဲဟင်…သက်ညိုယေးကတော့ ဖေဖေ့ကို အဲ့လောက်ရီးး အများရီးချစ်တယ်"
သားလေးက လက်ကို အဝိုက်ပုံလုပ်ပြကာ သူ့အား အနမ်းပေးလာသည်။သူ ရယ်မောပစ်လိုက်သည်။
"သက်ညိုလေး ပြင်သစ်ကိုသွားချင်လား"
"ပြင်သစ်ချိုတာ ဘာရီးလဲဖေဖေ"
"ပြင်သစ်ဆိုတာ နိုင်ငံတစ်ခုပေါ့ကွယ်"
"အဲ့မှာ ဖေဖေရှိနေမှာရား"
"အင်းပေါ့ ဖေဖေတို့ တူတူရှိနေကြမှာပေါ့"
"တာချိုသား လိုက်ချင်ရယ်"
သူ မောင်းနှင်လာသည့် ကားအား ဆင်ဝင်ရှေ့ထိုးရပ်လိုက်သည်။သို့ပေမယ့် ခြံထဲတွင် သူ့ကားမဟုတ်သည့် နောက်ထပ်ကားတစ်စီးရှိနေချေသေးသည်။
"သက်ညိုလေး ဒီထဲမှာ ခဏလေးနေခဲ့ဦးနော်…ဘာသံကြားကြားထွက်မလာနဲ့…ဖေဖေ လာခေါ်မယ်"
"အင်း မြန်မြန် ပြန်ရာခေါ်နော် ဖေဖေ"
"အင်း အင်း"
သူ အိမ်ထဲသို့ အတွေးပေါင်းများစွာဖြင့် ဝင်သွားမိလိုက်သည်။အိမ်ခန်းထဲဝင်ဝင်ချင်းပင် တွေ့လိုက်ရသည့် သူ့အားကျောပေးကာထိုင်နေသည့် လူတစ်ယောက်။
"ဒီကဘယ်သူ"
"ဆရာနွေး"
လှည့်ကြည့်ကာ ခေါ်ဆိုလာသည့် နာမကြောင့် သူ့လက်ထဲမှ အိုင်ဖုန်းကလေး လွတ်ကျသွားသည်။သူ အိပ်မက်မက်နေခြင်းများလား။
"ဟော သတိထားလေ ကွဲကုန်တော့မှာပဲ"
လွတ်ကျသွားသည့် ဖုန်းအား အချိန်မှီဖမ်းကာ သူ့လက်ထဲထည့်ပေးလာသည်။ကော်ဖီရောင် long coat ကို စနစ်တကျဝတ်ဆင်ထားကာ ဆံပင်များက သူတို့နောက်ဆုံးတွေ့ခဲ့ကြသည့် အချိန်တုန်းကလို အရှည်ကြီးမဟုတ်တော့ပဲ တိုစစကလေးများဖြစ်သွားကြသည်။
"မြတ် မြတ်လေး"
"ဗျာ ပြောပါဗျ"
"ဒီကို ဘယ်လိုရောက်လာ"
"လေယာဉ်နဲ့လေ"
"ကိုယ် ကိုယ်မေးချင်တာက"
"ရှုး ဘာမှ မမေးပါနဲ့တော့…ဆရာနွေး ပြင်သစ်ကိုသွားမယ်ဆို အဲ့တော့ကျွန်တော်က လာကြိုတာလို့သဘောထားလိုက်…အာ ပြောနေရတာ ကြာတယ် ခုပဲကျွန်တော်နဲ့လိုက်ခဲ့လိုက်တော့ "
"အင်း"
"ဗျာ"
"လိုက်ခဲ့မယ် မြတ်လေးသွားတဲ့နေရာကို"
"ဒါပေမယ့် ခဏနေဦး "
သက်ပိုင် ကားထဲမှ သက်ညိုလေးအား ချီခေါ်လာလိုက်သည်။
"ဒါလေးက အရပ်တောင်ပိုထွက်လာပြီပဲ"
လေးရုံက ကလေး၏ခေါင်းကို ပုတ်ကာ ရယ်မောရင်းပြောဆိုတော့ ကလေးက လေးရုံအားပြန်ကြောင့်ကြည့်နေပြန်သည်။ပြီးမှ
"ကြယ်စင်ယေး"
"ဟင်"
"ဟမ်"
သူရော လေးရုံပါ သံပြိုင် အာမေဍိတ်သံ ထွက်သွားကြသည်။
"ဖေဖေ ဒီလူရီးက ဖေဖေရဲ့ ကြယ်စင်ယေးမရား…သူ့ရဲ့ ပုံကို ဖေဖေ ညတိုင်း ကြည့်ရယ်ရေ"
"နွေးသက်ညိုရေ……"
သူ သံရှည်ဆွဲပြီးသာ အော်မိတော့သည်။
**************©®©****************
"ဆရာနွေး စောင်ခြုံထား"
မီးပုံဘေးတွင် ထိုင်နေသည့် သူ့နားသို့ဝင်ထိုင်လာရင်း စောင်တစ်ထည်ကို လွှားကာ ခြုံပေးလာသည်။သူတို့ ဒီကိုရောက်နေတာ လေးနှစ်လောက်ရှိချေပြီ။သက်ညိုလေးပင် လေးရုံအား ဒုတိယအဖေကဲ့သို့ သဘောထားကာ Daddy ဟုပင် ခေါ်လေ့ရှိသည်။သို့သော် သူနှင့် လေးရုံသည် ဒီတိုင်းတစ်အိမ်ထဲအတူနေကြရုံသာ။တခါတရံ လေးရုံ၏ သုတေသန လုပ်ငန်းများတွင် ဝင်ကူညီပေးဖြစ်သည်။ပြတိုက်များသို့ သုံးယောက်သားအတူတကွ သွားရောက်လေ့လာကြသည်။ပျော်ရွှင်စရာများရှိလာလျှင် အချင်းချင်းဖက်ပွေ့ကြသည်။ဂုဏ်ပြုကြသည်။မွေးနေ့မျအား အတူတကွဖြတ်သန်းလာခဲ့ကြသည်။ယခုဆိုလျှင် သူပင်အသက် ၃၂အရွယ်သို့ ရောက်ရှိနေခဲ့ချေပြီ။လေးရုံသည်ပင် ၃၀ပြည့်ကာ သက်ညိုလေးကတော့ ၇နှစ်ဖြစ်၍ ကျောင်းတက်ရသည့် အရွယ်ပင်ရှိနေချေပြီ။
"Merry Christmas ဆရာနွေး"
"အင်း မြတ်လေး"
"ကျွန်တော် ဆရာနွေးကို ပေးစရာရှိတယ်"
သူ လေးရုံအား မျက်စံလေးပြူးကာ မော့ကြည့်လိုက်သည်။လေးရုံက ပူံ့ရယ်လာကာ သူ့အင်္ကျီများအပေါ်တင်ကျန်နေသည့် နှင်းများအား ခါချပေးလာသည်။ထို့နောက် အင်္ကျီအိပ်ကပ်ထဲမှ ရတနာဘူးလေးတစ်ခုအား ထုတ်ယူလာသည်။
"ဟင်"
ဘူးထဲတွင်ရှိနေသည်က ကျောက်စိမ်းလက်စွပ်ကလေးတစ်ကွင်း။သူသိပ်မှတ်မိတာပေါ့။ဘုရားပွဲညက လေးရုံသူ့ကိုပေးခဲ့သည် ချစ်သက်လက်ဆောင်ကလေး။သူ လေးရုံ၏ လက်ချောင်းများအား စူးစမ်းကြည့်မိတော့ လက်သူကြွယ်တွင်စွပ်ထားသည် Nဆိုသည့် စာလုံးမြုပ်ထားသည် လက်စွပ်ကလေး။လေးရုံအမြဲ စွပ်ထားခဲ့သည်။သူပေးကတည်းကနေ ယခု၁၂နှစ်ကြာသွားသည်အထိ။
"ကျွန်တော် ကောက်သိမ်းထားခဲ့တာ…ဆရာနွေးသာ လက်ခံပေးမယ်ဆိုရင်"
"အင်း ကိုယ်လက်ခံတယ်"
လေးရုံ ပြုံးလျက် သက်ပိုင်၏ လက်သူကြွယ်တွင် လက်စွပ်ကလေးအားစွပ်ပေးလိုက်သည်။
"သားသားရော"
"အိမ်ထဲမှာ အိပ်ပျော်နေပြီ"
"ဪ"
ထိုတစ်ခွန်းသာ ပြောပြီး သူတို့ တိတ်ဆိတ်သွားကြသည်။အကြာကြီး သူတို့တစ်ယောက်ကိုတစ်ယောက်မကြည့်ဖြစ်ကြပဲ ကောင်းကင်ကိုသာ ငေူမောကြည့်နေကြသည်။မိနစ် ငါးဆယ်ခန့်ခန့်အကြာတွင် မတိုင်ပင်ပါပဲ အကြည့်ချင်းဆုံသွားကြပြန်သည်။
"မြတ်လေး"
"ဗျာ"
"မြတ်လေး ကိုယ့်ရဲ့တရုတ်စံကားပန်းလေးလုပ်ပေးနိုင်မလား"
လေးရုံ၏ အိပ်မက်ဆန်ဆန်မျက်ဝန်းများ ပြူးကျယ်သွားကြသည်။
"ဆ ဆရာနွေး တကယ်ပြော"
"ဟင် လုပ်ပေးန်ုင်မလား"
"သေချာပေါက်ကို ကျွန်တော်လုပ်ပေးနိုင်တာပေါ့…ကျွန်တော်က ဆရာနွေးရဲ့မူပိုင် တရုတ်စံကားပန်းလေးဖြစ်နေမှာ အခုရော နောင်ရော"
"အင်း ဒါမယ့် သက်ညို"
"ဆရာနွေး ချစ်တယ်မလား သက်ညိုလေးကို"
"အင်း"
"ဒါဆို ကျွန်တော်လည်းချစ်တယ်"
"အင်း ကိုယ်တို့ကမိသားစုတွေပဲ"
"မိသားစုတွေ"
လေးရုံ မြေပေါ်တွင်ကျနေသည့် နှင်းတစ်ဖတ်အား လက်ခုပ်ဖြင့် ခပ်ယူကာ နှင်းစအနည်းငယ်အား သက်ပိုင်၏ နှုတ်ခမ်းပါးများပေါ်သို့ သုတ်လိမ်းကာ နူးညံ့သော အနမ်းတစ်ခုဆီသို့ နှစ်ဦးသား အတူသက်ဆင်းလိုက်ကြတော့သည်။သက်ပိုင်၏ ချိုမြိန်သောနှုတ်ခမ်းပါးများအား အငမ်းမရစားသုံးနေရင်း သူတို့ မြေကြီးပေါ်ထိုင်ချမိလျက်သားဖြစ်သွားကြသည်။
"မြတ်လေး ကြည့်ပါဦး ကြယ်ကြွေနေပြီ…မြန်မြန်ဆုတောင်းလေ"
"ဆုတောင်းစရာမလိုဘူး"
"ဘာလို့"
"အခု ကျွန်တော့်ဘေးမှာရှိနေတာ နတ်ဘုရားငယ်လေးလေ ကျွန်တေည်က ဘာတွေကိုများထပ်တောင်းဆိုရဦးမှာလဲ.…"
"မြတ်လေးနော်…ခစ် ခစ် ခစ်"
"ကျွန်တော် သီချင်းဆိုပြမယ်"
"ဘာသီချင်းလဲ"
"ညရဲ့လမင်း"
ခရစ်စမတ်ည သည် သာသာယာယာ။၁၂နှစ်တာကာလကို ဖြတ်သန်းပြီးနောက် နှလုံးသားချင်းထပ်တူကျခွင့်ရခဲ့ကြချေပြီ။
မြတ်လေးရုံဆိုတဲ့လူသားအတွက်တော့ အချစ်ဟာသိပ်ကိုရိုးရှင်းခဲ့ပါသည်။
ပြီးပါပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၂၆.၁၂.၂၀၂၃
ည၁၂နာရီ ၂၃မိနစ်
မေတ္တာဖြင့်ချစ်တတ်သောသူများဖြစ်ကြပါစေ လေးရုံဟာ ချစ်ရသူကိုအမြဲခွင့်လွှတ်နားလည်ယုံကြည်ပေးခဲ့တယ် ကလေးတို့လည်း အဲ့လိုဘဲလိုချင်ရင် ဘုရားမှာ သပြေခက်နဲ့ ဆုတောင်းလို့ရပြီနော်
ဈေးဗန်း ဈေးဗန်း!!
Zawgyi
"ေႏြးသက္ပိုင္!! နင္…နင္ငါ့ကိုေသေစခ်င္ေနတာလား"
တစ္သက္ႏွင့္တစ္ကိုယ္မျမင္ဖူးခဲ့သည္ ေမေမ့၏ ပုံစံႏွင့္ စကားလုံးမ်ားသည္ သက္ပိုင္အား အလန႔္တၾကားျဖစ္သြားေစသည္။ထို႔အျပင္ သူ႔ဆုံးျဖတ္ခ်က္ကိုလည္း ပို၍ခိုင္မာသြားေစခဲ့သည္။ေဖေဖကမူ ဘာေျပာရမယ္မွန္းမသိေတာ့သကဲ့သို႔ ေဘးမွရပ္ကာ ငူငူႀကီးျဖစ္ေနၿပီးမွ ေမေမ့အား စိတ္ေလွ်ာ့ရန္ေျဖာင္းျဖလာသည္။
"ေဒၚခ်စ္သက္လယ္ ခင္ဗ်ား စိတ္ကိုေလွ်ာ့ပါဦးဗ်ာ က်န္းမာေရးကေကာင္းတာလဲ မဟုတ္ပဲနဲ႔"
"အို ရွင္ဘာမွဝင္မေျပာနဲ႔ ဒါကြၽန္မတို႔ သားအမိကိစၥ"
"ဒါေပမယ့္…သားကိုသိပ္ၿပီးမဖိပါနဲ႔လား သူေတာင္ဒီအ႐ြယ္ေရာက္ေနၿပီကို…သူ႔ ဘာသူဆုံးျဖတ္ပါေစ"
"ဒီမယ္ ရွင္အဲ့လိုေတြ အၿမဲတမ္းေဖာ့ေပးေနလို႔ ဒီေကာင္ ဒီလိုျဖစ္လာတာေလ "
ေဖေဖသည္ ဘာမွဝင္မေျပာေတာ့ မ်က္မွန္အားပင့္ကာ ဆိုဖာေပၚျပန္ထိုင္ၿပီး ေခါင္းငုံ႔ေနေတာ့သည္။
"မိဘက ေကာင္းေစခ်င္လို႔ေျပာတာကို လက္ခံလိုက္ပါလား ဘာေတြအထြန႔္တက္ခ်င္ေနတာလဲ"
ေမေမသည္ သက္ပိုင္အား ေလသံမာမာျဖင့္ ေျပာလာသည္။သူကေတာ့ လက္သီးကို တင္းတင္းဆုပ္ကာ ေခါင္းငုံ႔ကာ ရပ္ေနရာမွာ ၿငိမ္သက္ေနလ်က္။က်ခ်င္လုလု မ်က္ရည္မ်ားအား ျပန္သိမ္းဆည္းကာ စကားကိုတစ္ခြန္းခ်င္းဆိုမိသည္။
"ေကာင္းေစခ်င္လို႔ဆိုေတာ့ ကြၽန္ေတာ္ကေရာ ဘာမေကာင္းတာမ်ား လုပ္မွာမို႔လို႔လဲ ေမေမရယ္"
"ဟမ့္ ဘာမေကာင္းတာမ်ားလုပ္မွာ မို႔လို႔လဲ…ဟုတ္လား…ဆိုေတာ့…နင္က ဒီမ်ိဳးမစစ္ေလးကို ေခၚသြားၿပီး တပါးႏိုင္ငံမွာ ငါတို႔ဘယ္ကမွန္းေတာင္မသိတဲ့ ေယာက္်ားတစ္ေယာက္ကို သြားရွာမတဲ့…ရွက္စရာေကာင္းလိုက္တာ…ငါတို႔ အသိုင္းအဝိုင္းကဒါေတြကိုသိသြားရင္ နင္သူမ်ားတံေတြးခြက္ထဲပက္လက္ေမ်ာမွာဟဲ့… နင္ဒါေလးေတာင္မစဥ္းစားတတ္ေတာ့ဘူးလား ေႏြးသက္ပိုင္ရဲ႕"
"ေမေမ!! သက္ညိဳေလးက ကြၽန္ေတာ့္သား မ်ိဳးမစစ္မဟုတ္ဘူး…ၿပီးေတာ့ ကြၽန္ေတာ္ခ်စ္ရတဲ့သူကို ကြၽန္ေတာ္ရွာခ်င္တာ ဘာမ်ားမွားလို႔လဲ ဘာကိုရွက္ေနရမွာလဲ"
"ဟဲ့ ေမြးထားတာ ေယာက္်ားစစ္စစ္ႀကီးျဖစ္ေနၿပီး ေယာက္်ားတစ္ေယာက္ကို ခ်စ္တယ္ေျပာေနတာ ရွက္စရာမဟုတ္ရင္ ဘာကရွက္စရာျဖစ္ရမွာလဲ …ထြီး ႐ြံစရာေကာင္းလိုက္တာ…"
"ေမေမ!"
"ၿပီးေတာ့ တိမ္ကင္းစင္ရဲ႕သား အဲ့ကေလးကိုလည္း ငါထပ္မျမင္ခ်င္ဘူး…ေက်ာက္ကပ္တစ္ျခမ္းေပးထားတဲ့ ေက်းဇူးက နင္ သူ႔ရဲ႕လင္ေကာင္မေပၚတဲ့ဗိုက္ကို တာဝန္ယူေပးခဲ့တာနဲ႔တင္ ေၾကၿပီးေနၿပီ…ေနာက္ထပ္တစ္ပတ္အတြင္း အဲ့ကေလးကို ေဂဟာကိုပို႔ပစ္ရမယ္…ငါ့ေသြးသားမဟုတ္ပဲ ေကာင္းေပးခဲ့ရတာကိုက ငါ့ကိုယ္ငါေတာင္ သနတယ္ဟဲ့"
"ေမေမ သက္ညိဳေလးကိုဘာမွလုပ္စရာမလိုဘူး…ကြၽန္ေတာ္ေျပာၿပီးသား ကြၽန္ေတာ္ ကင္းစင္ကိုလည္းကတိေပးထားၿပီးသား…စိတ္ခ်ပါ ေမေမတို႔ မျမင္ေစရပါဘူး…ကြၽန္ေတာ္သားကို ကြၽန္ေတာ္ေခၚသြားမယ္"
"ေအး ရတယ္ေလ နင္ အဲ့ေကာင္ကိုသြားရွာမယ္ဆိုရင္ ငါ့ကိုအေမလို႔သတ္မွတ္စရာမလိုေတာ့ဘူး"
"ေဒၚခ်စ္သက္လယ္!"
"ရွင္ ဝင္မေျပာနဲ႔!!"
အၿမဲတမ္းသူ႔ကို သားေလး၊သားပိုင္ ဟုသာ အၿမဲတမ္းေခၚကာ စိတ္ပူတတ္လြန္းသည့္ေမေမဟာ ယခုေတာ့ သူ႔အား လက္ညႇိဳးေငါက္ေငါက္ထိုးကာ ယုတ္ရင္းၾကမ္းတမ္းသည့္ စကားလုံးမ်ားအား ေျပာဆိုေနပုံမွာ သူမႏွင့္မလိုက္ဖက္လွစြာ။သူခ်စ္ရသူႏွင့္ သူ႔အေမ။ရင္ဘတ္ထဲမွ တင္းၾကပ္မႈမ်ားစြာျဖင့္ တံခါးဝဘက္ဆီသို႔ မ်က္ႏွာမူမိလိုက္ခ်ိန္တြင္ သူ႔ႏွလုံးသားတစ္ခုလုံး ဆုတ္ၿဖဲခံလိုက္ရသလိုခံစားလိုက္ရသည္။တံခါးအကြယ္တြင္ရပ္ကာ တုန္ယီေနေသာ ကေလးငယ္ေလး၏ မ်က္ဝန္းထက္တြင္ ေၾကာက္႐ြံ႕ျခင္းႏွင့္ နားမလည္ႏိုင္ျခင္းတို႔က ေရာယွက္ေနလ်က္။သူရင္ထဲဝယ္ တစ္စုံတစ္ရာက ေပါက္ကြဲထြက္သြားသကဲ့သို႔။
"ေမေမ ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါ…ကြၽန္ေတာ္ ေမေမ့စကားကိုလက္မခံႏိုင္ပါဘူး"
"ေမေမ"
ေမေမသည္ အျခားတစ္ဖက္ဆီသို႔မ်က္ႏွာမူထားရင္း သူ႔အား လွည့္ပင္ၾကည့္မလာခဲ့။
"သား…မင္းအေမက စိတ္ဆိုးတုန္းမို႔ပါ အဲ့လိုေတာ့ မသြားပါနဲ႔လား"
ေဖေဖက မ်က္မွန္အား ခြၽတ္ကာ သူ႔ကိုေလသံတိုးတိုးျဖင့္ေျပာလာသည္။
"ေတာင္းပန္ပါတယ္ေဖေဖ စိတ္ေတာ့မရွိပါနဲ႔…"
"သား သက္ညိဳေလး…လာေဖေဖတို႔အိမ္ျပန္ရေအာင္"
သူ အျပင္ဘက္သို႔ ထြက္လာလိုက္ရင္း သက္ညိဳေလးအား ခ်ီကာ ၿခံထဲမွ ထြက္လာခဲ့လိုက္ေတာ့သည္။သူေမေမ့အား တစ္ခ်က္လွည့္ၾကည့္လိုက္ေသာ္လည္း ၿငိမ္သက္ေနသည့္ ေက်ာျပင္ကသာ သူ႔ဘက္သို႔မ်က္ႏွာမူထားသည္။
"ေဖေဖ ဘြားရ သက္ညိဳေယးကို မခ်စ္ေတာ့ဘူးရားဟင္"
သူ က်လုဆဲဆဲမ်က္ရည္မ်ားအား ခ်ဳပ္တည္းကာ သားကိုၿပဳံးျပလိုက္သည္။
"မဟုတ္ပါဘူး သားရယ္…ဘယ္သူမွမခ်စ္လည္း ေဖ့သားေလးကို ေဖေဖကအမ်ားႀကီး ခ်စ္ေပးမွာေပါ့"
"ဒါခ်ိဳ ေဖေဖ သက္ညိဳေယးကို ဘယ္ေလာက္ထိခ်စ္ယဲဟင္…သက္ညိဳေယးကေတာ့ ေဖေဖ့ကို အဲ့ေလာက္ရီးး အမ်ားရီးခ်စ္တယ္"
သားေလးက လက္ကို အဝိုက္ပုံလုပ္ျပကာ သူ႔အား အနမ္းေပးလာသည္။သူ ရယ္ေမာပစ္လိုက္သည္။
"သက္ညိဳေလး ျပင္သစ္ကိုသြားခ်င္လား"
"ျပင္သစ္ခ်ိဳတာ ဘာရီးလဲေဖေဖ"
"ျပင္သစ္ဆိုတာ ႏိုင္ငံတစ္ခုေပါ့ကြယ္"
"အဲ့မွာ ေဖေဖရွိေနမွာရား"
"အင္းေပါ့ ေဖေဖတို႔ တူတူရွိေနၾကမွာေပါ့"
"တာခ်ိဳသား လိုက္ခ်င္ရယ္"
သူ ေမာင္းႏွင္လာသည့္ ကားအား ဆင္ဝင္ေရွ႕ထိုးရပ္လိုက္သည္။သို႔ေပမယ့္ ၿခံထဲတြင္ သူ႔ကားမဟုတ္သည့္ ေနာက္ထပ္ကားတစ္စီးရွိေနေခ်ေသးသည္။
"သက္ညိဳေလး ဒီထဲမွာ ခဏေလးေနခဲ့ဦးေနာ္…ဘာသံၾကားၾကားထြက္မလာနဲ႔…ေဖေဖ လာေခၚမယ္"
"အင္း ျမန္ျမန္ ျပန္ရာေခၚေနာ္ ေဖေဖ"
"အင္း အင္း"
သူ အိမ္ထဲသို႔ အေတြးေပါင္းမ်ားစြာျဖင့္ ဝင္သြားမိလိုက္သည္။အိမ္ခန္းထဲဝင္ဝင္ခ်င္းပင္ ေတြ႕လိုက္ရသည့္ သူ႔အားေက်ာေပးကာထိုင္ေနသည့္ လူတစ္ေယာက္။
"ဒီကဘယ္သူ"
"ဆရာေႏြး"
လွည့္ၾကည့္ကာ ေခၚဆိုလာသည့္ နာမေၾကာင့္ သူ႔လက္ထဲမွ အိုင္ဖုန္းကေလး လြတ္က်သြားသည္။သူ အိပ္မက္မက္ေနျခင္းမ်ားလား။
"ေဟာ သတိထားေလ ကြဲကုန္ေတာ့မွာပဲ"
လြတ္က်သြားသည့္ ဖုန္းအား အခ်ိန္မွီဖမ္းကာ သူ႔လက္ထဲထည့္ေပးလာသည္။ေကာ္ဖီေရာင္ long coat ကို စနစ္တက်ဝတ္ဆင္ထားကာ ဆံပင္မ်ားက သူတို႔ေနာက္ဆုံးေတြ႕ခဲ့ၾကသည့္ အခ်ိန္တုန္းကလို အရွည္ႀကီးမဟုတ္ေတာ့ပဲ တိုစစကေလးမ်ားျဖစ္သြားၾကသည္။
"ျမတ္ ျမတ္ေလး"
"ဗ်ာ ေျပာပါဗ်"
"ဒီကို ဘယ္လိုေရာက္လာ"
"ေလယာဥ္နဲ႔ေလ"
"ကိုယ္ ကိုယ္ေမးခ်င္တာက"
"ရႈး ဘာမွ မေမးပါနဲ႔ေတာ့…ဆရာေႏြး ျပင္သစ္ကိုသြားမယ္ဆို အဲ့ေတာ့ကြၽန္ေတာ္က လာႀကိဳတာလို႔သေဘာထားလိုက္…အာ ေျပာေနရတာ ၾကာတယ္ ခုပဲကြၽန္ေတာ္နဲ႔လိုက္ခဲ့လိုက္ေတာ့ "
"အင္း"
"ဗ်ာ"
"လိုက္ခဲ့မယ္ ျမတ္ေလးသြားတဲ့ေနရာကို"
"ဒါေပမယ့္ ခဏေနဦး "
သက္ပိုင္ ကားထဲမွ သက္ညိဳေလးအား ခ်ီေခၚလာလိုက္သည္။
"ဒါေလးက အရပ္ေတာင္ပိုထြက္လာၿပီပဲ"
ေလး႐ုံက ကေလး၏ေခါင္းကို ပုတ္ကာ ရယ္ေမာရင္းေျပာဆိုေတာ့ ကေလးက ေလး႐ုံအားျပန္ေၾကာင့္ၾကည့္ေနျပန္သည္။ၿပီးမွ
"ၾကယ္စင္ေယး"
"ဟင္"
"ဟမ္"
သူေရာ ေလး႐ုံပါ သံၿပိဳင္ အာေမဍိတ္သံ ထြက္သြားၾကသည္။
"ေဖေဖ ဒီလူရီးက ေဖေဖရဲ႕ ၾကယ္စင္ေယးမရား…သူ႔ရဲ႕ ပုံကို ေဖေဖ ညတိုင္း ၾကည့္ရယ္ေရ"
"ေႏြးသက္ညိဳေရ……"
သူ သံရွည္ဆြဲၿပီးသာ ေအာ္မိေတာ့သည္။
**************©®©****************
"ဆရာေႏြး ေစာင္ၿခဳံထား"
မီးပုံေဘးတြင္ ထိုင္ေနသည့္ သူ႔နားသို႔ဝင္ထိုင္လာရင္း ေစာင္တစ္ထည္ကို လႊားကာ ၿခဳံေပးလာသည္။သူတို႔ ဒီကိုေရာက္ေနတာ ေလးႏွစ္ေလာက္ရွိေခ်ၿပီ။သက္ညိဳေလးပင္ ေလး႐ုံအား ဒုတိယအေဖကဲ့သို႔ သေဘာထားကာ Daddy ဟုပင္ ေခၚေလ့ရွိသည္။သို႔ေသာ္ သူႏွင့္ ေလး႐ုံသည္ ဒီတိုင္းတစ္အိမ္ထဲအတူေနၾက႐ုံသာ။တခါတရံ ေလး႐ုံ၏ သုေတသန လုပ္ငန္းမ်ားတြင္ ဝင္ကူညီေပးျဖစ္သည္။ျပတိုက္မ်ားသို႔ သုံးေယာက္သားအတူတကြ သြားေရာက္ေလ့လာၾကသည္။ေပ်ာ္႐ႊင္စရာမ်ားရွိလာလွ်င္ အခ်င္းခ်င္းဖက္ေပြ႕ၾကသည္။ဂုဏ္ျပဳၾကသည္။ေမြးေန႔မ်အား အတူတကြျဖတ္သန္းလာခဲ့ၾကသည္။ယခုဆိုလွ်င္ သူပင္အသက္ ၃၂အ႐ြယ္သို႔ ေရာက္ရွိေနခဲ့ေခ်ၿပီ။ေလး႐ုံသည္ပင္ ၃၀ျပည့္ကာ သက္ညိဳေလးကေတာ့ ၇ႏွစ္ျဖစ္၍ ေက်ာင္းတက္ရသည့္ အ႐ြယ္ပင္ရွိေနေခ်ၿပီ။
"Merry Christmas ဆရာေႏြး"
"အင္း ျမတ္ေလး"
"ကြၽန္ေတာ္ ဆရာေႏြးကို ေပးစရာရွိတယ္"
သူ ေလး႐ုံအား မ်က္စံေလးျပဴးကာ ေမာ့ၾကည့္လိုက္သည္။ေလး႐ုံက ပူံ႔ရယ္လာကာ သူ႔အက်ႌမ်ားအေပၚတင္က်န္ေနသည့္ ႏွင္းမ်ားအား ခါခ်ေပးလာသည္။ထို႔ေနာက္ အက်ႌအိပ္ကပ္ထဲမွ ရတနာဘူးေလးတစ္ခုအား ထုတ္ယူလာသည္။
"ဟင္"
ဘူးထဲတြင္ရွိေနသည္က ေက်ာက္စိမ္းလက္စြပ္ကေလးတစ္ကြင္း။သူသိပ္မွတ္မိတာေပါ့။ဘုရားပြဲညက ေလး႐ုံသူ႔ကိုေပးခဲ့သည္ ခ်စ္သက္လက္ေဆာင္ကေလး။သူ ေလး႐ုံ၏ လက္ေခ်ာင္းမ်ားအား စူးစမ္းၾကည့္မိေတာ့ လက္သူႂကြယ္တြင္စြပ္ထားသည္ Nဆိုသည့္ စာလုံးျမဳပ္ထားသည္ လက္စြပ္ကေလး။ေလး႐ုံအၿမဲ စြပ္ထားခဲ့သည္။သူေပးကတည္းကေန ယခု၁၂ႏွစ္ၾကာသြားသည္အထိ။
"ကြၽန္ေတာ္ ေကာက္သိမ္းထားခဲ့တာ…ဆရာေႏြးသာ လက္ခံေပးမယ္ဆိုရင္"
"အင္း ကိုယ္လက္ခံတယ္"
ေလး႐ုံ ၿပဳံးလ်က္ သက္ပိုင္၏ လက္သူႂကြယ္တြင္ လက္စြပ္ကေလးအားစြပ္ေပးလိုက္သည္။
"သားသားေရာ"
"အိမ္ထဲမွာ အိပ္ေပ်ာ္ေနၿပီ"
"ဪ"
ထိုတစ္ခြန္းသာ ေျပာၿပီး သူတို႔ တိတ္ဆိတ္သြားၾကသည္။အၾကာႀကီး သူတို႔တစ္ေယာက္ကိုတစ္ေယာက္မၾကည့္ျဖစ္ၾကပဲ ေကာင္းကင္ကိုသာ ေငူေမာၾကည့္ေနၾကသည္။မိနစ္ ငါးဆယ္ခန႔္ခန႔္အၾကာတြင္ မတိုင္ပင္ပါပဲ အၾကည့္ခ်င္းဆုံသြားၾကျပန္သည္။
"ျမတ္ေလး"
"ဗ်ာ"
"ျမတ္ေလး ကိုယ့္ရဲ႕တ႐ုတ္စံကားပန္းေလးလုပ္ေပးႏိုင္မလား"
ေလး႐ုံ၏ အိပ္မက္ဆန္ဆန္မ်က္ဝန္းမ်ား ျပဴးက်ယ္သြားၾကသည္။
"ဆ ဆရာေႏြး တကယ္ေျပာ"
"ဟင္ လုပ္ေပးႏ္ုင္မလား"
"ေသခ်ာေပါက္ကို ကြၽန္ေတာ္လုပ္ေပးႏိုင္တာေပါ့…ကြၽန္ေတာ္က ဆရာေႏြးရဲ႕မူပိုင္ တ႐ုတ္စံကားပန္းေလးျဖစ္ေနမွာ အခုေရာ ေနာင္ေရာ"
"အင္း ဒါမယ့္ သက္ညိဳ"
"ဆရာေႏြး ခ်စ္တယ္မလား သက္ညိဳေလးကို"
"အင္း"
"ဒါဆို ကြၽန္ေတာ္လည္းခ်စ္တယ္"
"အင္း ကိုယ္တို႔ကမိသားစုေတြပဲ"
"မိသားစုေတြ"
ေလး႐ုံ ေျမေပၚတြင္က်ေနသည့္ ႏွင္းတစ္ဖတ္အား လက္ခုပ္ျဖင့္ ခပ္ယူကာ ႏွင္းစအနည္းငယ္အား သက္ပိုင္၏ ႏႈတ္ခမ္းပါးမ်ားေပၚသို႔ သုတ္လိမ္းကာ ႏူးညံ့ေသာ အနမ္းတစ္ခုဆီသို႔ ႏွစ္ဦးသား အတူသက္ဆင္းလိုက္ၾကေတာ့သည္။သက္ပိုင္၏ ခ်ိဳၿမိန္ေသာႏႈတ္ခမ္းပါးမ်ားအား အငမ္းမရစားသုံးေနရင္း သူတို႔ ေျမႀကီးေပၚထိုင္ခ်မိလ်က္သားျဖစ္သြားၾကသည္။
"ျမတ္ေလး ၾကည့္ပါဦး ၾကယ္ေႂကြေနၿပီ…ျမန္ျမန္ဆုေတာင္းေလ"
"ဆုေတာင္းစရာမလိုဘူး"
"ဘာလို႔"
"အခု ကြၽန္ေတာ့္ေဘးမွာရွိေနတာ နတ္ဘုရားငယ္ေလးေလ ကြၽန္ေတည္က ဘာေတြကိုမ်ားထပ္ေတာင္းဆိုရဦးမွာလဲ.…"
"ျမတ္ေလးေနာ္…ခစ္ ခစ္ ခစ္"
"ကြၽန္ေတာ္ သီခ်င္းဆိုျပမယ္"
"ဘာသီခ်င္းလဲ"
"ညရဲ႕လမင္း"
ခရစ္စမတ္ည သည္ သာသာယာယာ။၁၂ႏွစ္တာကာလကို ျဖတ္သန္းၿပီးေနာက္ ႏွလုံးသားခ်င္းထပ္တူက်ခြင့္ရခဲ့ၾကေခ်ၿပီ။
ျမတ္ေလး႐ုံဆိုတဲ့လူသားအတြက္ေတာ့ အခ်စ္ဟာသိပ္ကို႐ိုးရွင္းခဲ့ပါသည္။
ၿပီးပါၿပီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၂၆.၁၂.၂၀၂၃
ည၁၂နာရီ၂၃မိနစ်
ေမတၱာျဖင့္ခ်စ္တတ္ေသာသူမ်ားျဖစ္ၾကပါေစ ေလး႐ုံဟာ ခ်စ္ရသူကိုအၿမဲခြင့္လႊတ္နားလည္ယုံၾကည္ေပးခဲ့တယ္ ကေလးတို႔လည္း အဲ့လိုဘဲလိုခ်င္ရင္ ဘုရားမွာ သေျပခက္နဲ႔ ဆုေတာင္းလို႔ရၿပီေနာ္