ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...

By TtTt04419

49.6K 2.2K 114

Yizhan More

Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final

Ep_6

1.3K 84 4
By TtTt04419


ဟုတ်တယ် ရှောင်းကျန့် ထပ်ကြိုးစားကြည့်ရမယ်၊ဆိုကာတွေးတောရင်း ထမင်းစားနေရင်းဘေးမှာထိုင်နေတဲ့အတန်းဖော်အနားကိုတိုးလိုက်တော့ မျက်စောင်းထိုးကြည့်ပြီး ထသွားတဲ့အတန်းဖော်ကြောင့် ရှောင်းကျန့်စိတ်ထဲကနေပြောမိသည်။

မထိုင်ချင်လဲနေပေါ့ သဘော~~~~~~~~~

" အ့ "

ထမင်းစားချင်စိတ်မရှိလို့လမ်းလျှောက်နေတုန်း ခြေထိုးလိုက်သောအတန်းဖော်ကြောင့် ကြမ်းပြင်ပေါ် ရှောင်းကျန့်လဲကျသွားရတယ်။

ကန်းတင်းမှာထမင်းထိုင်စားနေသောအတန်းဖော်တွေကလည်းကိုယ်လဲကျတာကိုမြင်တော့ ဝိုင်းလှောင်းကာရယ်မောနေတော့ ရှောင်းကျန့် သည်းမခံနိုင်ဘူး။စိတ်ကိုအကောင်းဆုံးလျှော့ထားပေးမယ့်၊
ကိုယ့်ကိုဝိုင်းလှောင်ရယ်ရင်က အလိုလိုဒေါသတွေထွက်ပြီးမခံချင်စိတ်တွေဖြစ်လာတာ။

ကျန့်ကျန့်ကို ဒါမျိုးဘယ်လိုလုပ်ရမလဲ?

တွေ့ကြတာပေါ့။

ချက်ချင်းမတ်တပ်ရပ်ပြီးကိုယ့်ကိုခြေထိုးလိုက်တဲ့အတန်းဖော်ရဲ့မျက်နှာပေါက်ကိုကြည့်လိုက်တော့ ဝက်ခြံအပြည့်နဲ့မိန်းကလေးတစ်ဉီး။သူဘေးကသူငယ်ချင်းတွေကလည်း ရယ်နေတာမပျက်တော့ ရှောင်းကျန့်က စားပွဲပေါ်မှာတင်ထားတဲ့ဟင်းရည်ကိုယူလိုက်ပြီး သူ့ကိုခြေထိုးအောင်လုပ်တဲ့မိန်းကလေးရဲ့ခေါင်းပေါ်ဟင်းရည်တွေအကုန်လုံးကိုလောင်းချပစ်လိုက်သည်။

ဟင်းရည်လောင်းချပေးလိုက်တော့ ထိုမိန်းကလေးက ထိုင်ရာနေကထပြီးအသံဆိုးဝါးစွာဖြင့်အော်လာတယ်။ထို့နောက် လက်ညိုးထိုးပြီးဒေါသတစ်ကြီးပြောလာတဲ့အတန်းဖော်မိန်းကလေး။

" နင်ဘာလုပ်တာလဲ !!! "

" မမြင်ဘူးလား နင့်ခေါင်းပေါ်ဟင်းရည်လောင်းချတာလေ "

" ငါနင်ကိုဘာလုပ်လို့ နင်က "

ထိုအတန်းဖော်မိန်းကလေးပြောနေတုန်း ရှောင်းကျန့်ကပိုပြီးအသံကျယ်ကျယ်ဖြင့်အော်ပြောတော့ ထိုမိန်းကလေးကပြောရင်းတန်းလန်းရပ်သွားကာ ကြောင်ကြည့်နေတယ်။

" နင်ငါ့ကိုဘာလို့ခြေထိုးလဲ? နင်သာငါ့ကိုခြေထိုးပြီးလဲကျအောင်မလုပ်ရင် ငါလည်းနင့်ခေါင်းပေါ်ဟင်းရည်လောင်းချမှာမဟုတ်ဘူးလေ "

" နင့်ကိုငါ့ဖေဖေတရားသူကြီးနဲ့တိုင်မယ် "

" တိုင်တိုင် နင့်ဖေကဘာကြီးဖြစ်နေဖြစ်နေ ငါကဂရုမစိုက်ဘူး ကြိုက်တဲ့နေရာသွားတိုင် ! "

ထိုမိန်းကလေးကကန်းတင်းထဲကနေထွက်သွားမှ၊​မြေင်ပြင်ပေါ်မှာမှောက်ကျသွားတဲ့ထမင်းဟင်းတွေကိုကောက်ပြီး ဗန်းပေါ်တင်လိုက်တယ်။ကန်းတင်းမှာထိုင်စားနေတဲ့သူတွေအကုန်လုံးက စိုက်ကြည့်နေတော့ ရှောင်းကျန့်လည်းကန်းတင်းထဲကနေထွက်သွားပြီး အတန်းထဲဝင်ကာစာဖက်နေလိုက်တယ်။

စာဖက်နေတုန်း ကျောင်းအုပ်ဆရာမကခေါ်တယ်ဆိုပြီးအတန်းခေါင်းဆောင်ကပြောလို့ ကျောင်းအုပ်ဆရာမရုံးခန်းကိုရှောင်းကျန့်သွားလိုက်တယ်။

ကိုယ့်ဘေးမှာထိုင်နေတဲ့သူကမနက်ကကန်းတင်းမှာခြေထိုးပြီးလဲကျအောင်လုပ်တဲ့အတန်းဖော်မိန်းကလေးဖြစ်နေပြန်သည်။ထိုမိန်းကလေးဆံပင်ကသရဲမလိုလို အရူးမကြီးလိုလိုရှုပ်ဖွနေပြီး ညာဘက်ပါးမှာလည်းပါးရိုက်ထားတဲ့လက်ဝါးအရာကြီးကရှိနေတယ်။တစ်ရှူးသုတ်ကာငိုနေတော့ ရှောင်းကျန့်ကြည့်မရဘူး။

" ရှောင်းကျန့် မင်းကယောင်္ကျားလေးတစ်ယောက်ဖြစ်ပြီး ဘာလို့မိန်းကလေးတစ်ယောက်ကိုအခုလိုပါးရိုက်ဆံပင်တွေဆွဲရတာလဲဟင် !! မင်းကျောင်းမှာပြဿနာရှာတာအကြိမ်ကြိမ်ရှိပြီ အတန်းပိုင်ဆရာမကဘာမှမပြောပဲသည်းခံခဲ့တာ။အခုမင်းပြဿနာရှာတာကတော်တော်လွန်လို့ဆိုပြီး အတန်းပိုင်ဆရာမကငါ့ကိုလာပြောပြလို့ အကုန်သိပြီးပြီ။ "

" အဲ့ကောင်မ ဟန်ဆောင်နေတာသိရဲ့လား ! ကျောင်းအုပ်ဆရာမကြီးက ကျန့်ကျန့်တို့ရန်ဖြစ်တာကိုတွေ့မြင်လို့အခုလိုပြောတာလား။ အဲ့ကောင်မကအရင် ကျန့်ကျန့်ကိုခြေထိုးပြီးလဲကျအောင်လုပ်တာ! မိန်းကလေးဖြစ်ပြီး ကျန့်ကျန့်လိုသူဌေးသားလေးကိုမနာလိုတော့ အခုလိုလဲကျအောင်တမင်လုပ်တာ ! "

" ကျောင်းသားရှောင်းကျန့်ပြောနေတာအမှန်ပဲလား သမီး "

ကျောင်းအုပ်ဆရာမကြီးကထိုမိန်းကလေးဘက်လှည့်ကြည့်ရင်းပြောတော့ ထိုမိန်းကလေးငိုယိုပြီးအသည်းသန်ထငြင်းလာတယ်။

" မဟုတ်ရပါဘူး ကျောင်းအုပ်ဆရာမကြီးရယ်။သမီးကမိန်းကလေးလေ ရှောင်းကျန့်ကယောင်္ကျားလေးဆိုတော့ ဘယ်လိုလုပ်ရန်ဖြစ်ရဲမှာလဲ! ရန်ဖြစ်မယ်ဆိုရင်တောင် မိန်းကလေးအချင်းချင်းပဲရန်ဖြစ်ရဲတာပါ ရှောင်းကျန့်အကြောင်းသိလို့ လုံးဝဘာမှမလုပ်ရဲဘူးရှင် "

သရုပ်ဆောင်တာကလည်း ကြည့်ရဆိုးလိုက်တာ!

ဘာကြီးမှန်းမသိဘူး။

စိတ်တိုတိုဖြင့်စားပွဲပေါ်ဘုန်းခနဲရိုက်လိုက်တော့ ထိုမိန်းကလေးက ကိုယ့်ဘက်ကိုငိုယိုလှည့်ကြည့်လာတယ်။

" ဟန်ဆောင်မနေနဲ့ နင်ရုပ်နဲ့မလိုက်ဘူး ! စကားမဆပ်ကျောင်းအုပ်ကြီးကိုပြောမယ်။လမင်းကိုခွေးဟောင်တယ်ဆိုတာ ကျန့်ကျန့်အခုမှနားလည်သဘောပေါက်တော့တယ်။ "

" ဟဲ့ နင်ဘာစကားပြောတာ ရှောင်းကျန့် "

" ငါဘာပြောလို့တုန်း ငါဘာသာငါပြောတာလေ နင့်ကိုပြောနေလို့ နင်ကနာတာလား ! "

" နှစ်ယောက်စလုံးတော်ကြတော့။ဘယ်သူကများရပ်မလဲဆိုပြီး စောင့်ကြည့်နေတာ တစ်ယောက်မှမရပ်ပဲရန်တောင်ဖြစ်လိုက်သေးတာကို အံ့ဩတယ်။ "

" ရှောင်းကျန့်ရဲ့အဖေခေါ်မယ်။ဒီကိစ္စကရှောင်းကျန့်ပဲမှားတာမို့ ဖခင်ကိုဖုန်းဆက်ခေါ်ပြီးအကြောင်းကြားရမယ် "

ကျောင်းအုပ်ကြီးကတကယ်မတရာဘူး။ဟိုကမိန်းကလေးဆိုတိုင်း ညှာပေးနေလိုက်ပုံများ စိတ်တိုချင်စရာကြီး။အမှား/အမှန်လည်းမသိပဲနဲ့ ကိုယ့်ပဲအပြစ်လာပြောနေတော့ ရှောင်းကျန့်ကတော့ သူ့အပြစ်မဟုတ်ကြောင်းကို ငြင်းရမှာပဲ။

" ဆရာမကြီးက ကျန့်ကျန့်အပြစ်မဟုတ်တဲ့အတွက် ကျန့်ကျန့်က ကျန့်ကျန့်ဖေဖေရဲ့ဖုန်းနံပါတ်ကိုလုံးဝပေးနိုင်မှာမဟုတ်ဘူး "

" ကျွန်တော်က ရှောင်းကျန့်အဖေပါဗျ ! "

ဟင် ဖေဖေကဘယ်လိုလုပ် ကျောင်းအုပ်ကြီးရုံးခန်းကိုရောက်လာတာလဲ? ရှောင်းကျန့်တကယ်အံ့ဩသွားတာပဲ။

ကျောင်းအုပ်ဆရာမကြီးကလည်းဖေဖေကိုဖုန်းမဆက်ရသေးဘဲနဲ့ဘယ်လိုလုပ်ရန်ဖြစ်တာကိုသိပြီး ကျောင်းလိုက်လာရတာလဲ?

ကျောင်းအုပ်ဆရာမကြီးကဖေဖေကိုရှောင်းကျန့်နဲ့ထိုမိန်းကလေးရန်ဖြစ်တဲ့ကိစ္စတွေပြောနေတော့ ဖေဖေက " ဟုတ်ကဲ့ ဟုတ်ကဲ့ " ပါဆိုပြီးသေသေချာချာဂရုတစ်စိုက်နားထောင်နေတော့ ရှောင်းကျန့်လည်း ငြိမ်ငြိမ်လေးသာထိုင်နေရတယ်။

______________________

" ဖေဖေ ကျန့်ကျန့်ကိုမဆူပါနဲ့ ကျန့်ကျန့်ဘက်ကပြဿနာရှာတာမဟုတ်ပါဘူး သူကအရင်စလို့ "

ဖေဖေကဘာမှမပြောပဲသက်ပြင်းချတယ်။ကျန့်ကျန့်ကိုကျောပေးရပ်နေတဲ့ဖေဖေကိုလှည့်ကြည့်လာပြီး ကျန့်ကျန့်နဖူးကို နှုတ်ခမ်းလေးဖြင့်ခပ်ဖွဖွနမ်းသည်။ထို့နောက် ဖေဖေက ကျန့်ကျန့်ရဲ့ပါးနှစ်ဖက်ကို လက်ကလေးဖြင့်ကိုင်ပြီး ပြောလာတယ်။

" ဖေဖေ မဆူပါဘူး ကျန့်ကျန့်ပြဿနာမရှာဘူးဆိုတာဖေဖေသိပါတယ်။အခုတော့ဖေဖေအဲ့ကိစ္စတွေမပြောတော့ဘူး။ဖေဖေနဲ့တစ်နေရာသွားရအောင် "

" ဘယ်သွားမှာလဲဟင် ဖေဖေ "

ကျောပိုးအိတ်ကလေးလွယ်ပြီးခွေးအရုပ်ကလေးပိုက်ထားတဲ့သားလေးကျန့်ကျန့်က မေးလာတော့ ဉီးရှောင်းကျီမှာမဖြေချင်လို့ ကားထဲမှာဝင်ထိုင်ဖို့သာပြောလိုက်ရတယ်။ကျန့်ကျန့်ကလည်း ဉီးရှောင်းကျီသဘောအတိုင်းကားထဲဝင်ထိုင်နေတော့ ဉီးရှောင်းကျီခင်ဗျာ စိတ်အေးရတယ်။

ဖေဖေက ကျောင်းကနေခေါ်ထုတ်ပြီး ကျန့်ကျန့်ခရီးဆောင်အိတ်ကိုကားထဲမှာထည့်ထားတာမြင်တာကြောင့် ဖေဖေဘယ်များခေါ်သွားမလဲဆိုတာသိချင်လို့ တစ်လမ်းလုံးမအိပ်ပဲလိုက်လာခဲ့ရတယ်။ဖေဖေမောင်းနေတဲ့လမ်းတွေက ကိုကိုဝမ်ရိပေါ်ရဲ့အိမ်ကိုသွားမယ့်လမ်းအတိုင်းပဲ။

ဖေဖေကဝမ်အိမ်တော်ကိုသွားနေတယ်ဆိုတာ၊ရှောင်းကျန့်ထင်တဲ့အတိုင်းမှန်နေတာပဲ။

_______________________

ဝမ်အိမ်တော်ကိုရောက်တော့အန်တီစုယွဲ့ယွဲ့နဲ့ဘိုးဘိုးဝမ်ကျိုးလင်က ကျန့်ကျန့်တို့သားဖကို ကောင်းမွန်စွာကြိုဆိုကြတယ်။ဖေဖေဘေးမှာကျန့်ကျန့်ကထိုင်ပြီး လူကြီးတွေစကားပြောတာကို နားထောင်နေလိုက်မိတယ်။

ဖေဖေကစပြီးဘိုးဘိုးဝမ်ကျိုးလင်ကိုစကားပြောလာသည်။

" ကျွန်တော်သားလေးရှောင်းကျန့်ကို ဝမ်အိမ်တော်မှာခဏလောက်နေခိုင်းချင်လို့ "

ဟင် ဖေဖေကကျန့်ကျန့်ကိုဝမ်အိမ်တော်မှာနေခိုင်းမယ်တဲ့လား။ကျန့်ကျန့်ကမှဖေဖေမရှိပဲမနေတက်တာကို၊ဘာလို့အခုပြောထွက်ရတာလဲ ဖေဖေရယ်။

ဘိုးဘိုးဝမ်ကျိုးလင်ကလည်း တစ်ချက်ပြုံးပြီး ဖေဖေကိုပြောလာတယ်။

" မင်းအဖေနဲ့ဉီးလေးက သူငယ်ချင်းအရင်းကြီးတွေပဲကို။ပြီးတော့ဉီးလေးတို့ကုမ္မဏီကိုအခုလိုတိုးတက်အောင်မင်းတို့သားဖနှစ်ယောက်ပဲလေ။မင်းတို့သားဖနှစ်ယောက်သာမကယ်ရင် လမ်းဘေးကသူတောင်းစားဖြစ်နေလောက်ပြီလေ။ဉီးလေးတို့ရဲ့ကျေးဇူးရှင်ကမင်းတို့သားဖမို့ မင်းတို့ဘက်ကဘာအကူညီပဲတောင်းတောင်း ဉီးလေးဘက်ကကူညီဖို့အဆင်သင့်ပါပဲ "

" မင်းသားလေးရှောင်းကျန့်ကို ဒီမှာတစ်နှစ်ထား တစ်သက်လုံးထားထား ဉီးလေးတို့အတွက်ကိစ္စမရှိဘူး အဆင်ပြေတယ် "

" ဟုတ်ကဲ့ပါဗျာ ဉီးလေး ! ရှောင်းကျန့်ကိုခဏလောက်တော့ ဝမ်အိမ်တော်မှာထားခဲ့ပါရစေ "

ကိုယ့်ဘေးမှာထိုင်နေတဲ့သားလေးရှောင်းကျန့်ကိုကြည့်တော့ မျက်ရည်လေးဝဲတဲဝဲတဲနဲ့။အရုပ်ကလေးကလည်းပိုက်ထားပြီး မျက်ဝန်းထဲကမျက်ရည်တွေဟာဝိုင်းနေတော့ ဉီးရှောင်းကျီစိတ်မချမ်းသာ။

" ဖေဖေကိုမေးစရာရှိလို့ ... ကျန့်ကျန့်ဒီမှာဘယ်လောက်ကြာကြာနေရမှာလဲဟင် "

" ကျန့်ကျန့်ကိုအိမ်ပြန်ဖို့ ဘယ်တော့လာခေါ်မှာလဲဟင် ! "

ကလေးလေးကမျက်နှာငယ်လေးနဲ့အားကိုးတစ်ကြီးမေးလာတော့ ဉီးရှောင်းကျီငိုချင်စိတ်ကိုမနည်းထိန်းထားရတယ်။

" မကြာပါဘူး ကလေးလေးရယ် ဖေဖေကိုစောင့်နေပေး ! ကျန့်ကျန့်အိမ်ပြန်ရမယ့်အချိန်ရောက်ရင် ဖေဖေကိုယ်တိုင် လာခေါ်မယ် "

" ဖေဖေတကယ်ပြောတာလားဟင် "

" တကယ်ပေါ့ ကျန့်ကျန့်ရယ် ဝမ်အိမ်တော်ကလူကြီးမိဘစကားနားထောင်ရမှာ လိမ်လိမ်မာမာနေနော်
ကျန့်ကျန့်သာဆိုးတယ်လို့သတင်းကြားရင် ဖေဖေက ကျန့်ကျန့်ကို တစ်သက်လုံးလာမခေါ်တော့ဘူး "

တစ်သက်လုံးလာမခေါ်တော့ဘူးလို့ပြောတော့ ကျန့်ကျန့်ကမျက်ရည်တွေကျလာပြီးခေါင်းခါပြလာတယ်။

" ကျန့်ကျန့် လိမ္မာပါ့မယ်။ဖေဖေအဲ့လိုတော့မလုပ်ပါနဲ့ ကျန့်ကျန့်ကိုလာခေါ်ပါနော် "

" အင်း အင်း ဟုတ်ပြီ ဖေဖေပြန်ပြီ ! "

" ကျန့်ကျန့်လိုက်ပို့ပါရစေ "

" မလိုဘူး ကျန့်ကျန့် ! လိုက်မပို့နဲ့တော့ "

အရုပ်ကလေးကိုတင်းတင်းကျပ်ကျပ်ပိုက်ပြီး ငိုယိုနေတဲ့ကျန့်ကျန့်လေးကိုပြန်တောင်လှည့်မကြည့်ပဲ ထွက်သွားမိသည်။

တောင်းပန်ပါတယ် ကလေးလေး။ကျန့်ကျန့်ကောင်းဖို့အတွက် ဖေဖေကအခုလိုလုပ်တာပါ၊ဖေဖေကိုစိတ်မဆိုးပါနဲ့။

______________________

Zawgyi

ဟုတ္တယ္ ေ႐ွာင္းက်န္႔ ထပ္ႀကိဳးစားၾကည့္ရမယ္၊ဆိုကာေတြးေတာရင္း ထမင္းစားေနရင္းေဘးမွာထိုင္ေနတဲ့အတန္းေဖာ္အနားကိုတိုးလိုက္ေတာ့ မ်က္ေစာင္းထိုးၾကည့္ၿပီး ထသြားတဲ့အတန္းေဖာ္ေၾကာင့္ ေ႐ွာင္းက်န္႔စိတ္ထဲကေနေျပာမိသည္။

မထိုင္ခ်င္လဲေနေပါ့ သေဘာ~~~~~~~~~

" အ့ "

ထမင္းစားခ်င္စိတ္မ႐ွိလို႔လမ္းေလွ်ာက္ေနတုန္း ေျခထိုးလိုက္ေသာအတန္းေဖာ္ေၾကာင့္ ၾကမ္းျပင္ေပၚ ေ႐ွာင္းက်န္႔လဲက်သြားရတယ္။

ကန္းတင္းမွာထမင္းထိုင္စားေနေသာအတန္းေဖာ္ေတြကလည္းကိုယ္လဲက်တာကိုျမင္ေတာ့ ဝိုင္းေလွာင္းကာရယ္ေမာေနေတာ့ ေ႐ွာင္းက်န္႔ သည္းမခံႏိုင္ဘူး။စိတ္ကိုအေကာင္းဆုံးေလွ်ာ့ထားေပးမယ့္၊
ကိုယ့္ကိုဝိုင္းေလွာင္ရယ္ရင္က အလိုလိုေဒါသေတြထြက္ၿပီးမခံခ်င္စိတ္ေတြျဖစ္လာတာ။

က်န္႔က်န္႔ကို ဒါမ်ိဳးဘယ္လိုလုပ္ရမလဲ?

ေတြ႕ၾကတာေပါ့။

ခ်က္ခ်င္းမတ္တပ္ရပ္ၿပီးကိုယ့္ကိုေျခထိုးလိုက္တဲ့အတန္းေဖာ္ရဲ႕မ်က္ႏွာေပါက္ကိုၾကည့္လိုက္ေတာ့ ဝက္ျခံအျပည့္နဲ႔မိန္းကေလးတစ္ဉီး။သူေဘးကသူငယ္ခ်င္းေတြကလည္း ရယ္ေနတာမပ်က္ေတာ့ ေ႐ွာင္းက်န္႔က စားပြဲေပၚမွာတင္ထားတဲ့ဟင္းရည္ကိုယူလိုက္ၿပီး သူ႕ကိုေျခထိုးေအာင္လုပ္တဲ့မိန္းကေလးရဲ႕ေခါင္းေပၚဟင္းရည္ေတြအကုန္လုံးကိုေလာင္းခ်ပစ္လိုက္သည္။

ဟင္းရည္ေလာင္းခ်ေပးလိုက္ေတာ့ ထိုမိန္းကေလးက ထိုင္ရာေနကထၿပီးအသံဆိုးဝါးစြာျဖင့္ေအာ္လာတယ္။ထို႔ေနာက္ လက္ညိဳးထိုးၿပီးေဒါသတစ္ႀကီးေျပာလာတဲ့အတန္းေဖာ္မိန္းကေလး။

" နင္ဘာလုပ္တာလဲ !!! "

" မျမင္ဘူးလား နင့္ေခါင္းေပၚဟင္းရည္ေလာင္းခ်တာေလ "

" ငါနင္ကိုဘာလုပ္လို႔ နင္က "

ထိုအတန္းေဖာ္မိန္းကေလးေျပာေနတုန္း ေ႐ွာင္းက်န္႔ကပိုၿပီးအသံက်ယ္က်ယ္ျဖင့္ေအာ္ေျပာေတာ့ ထိုမိန္းကေလးကေျပာရင္းတန္းလန္းရပ္သြားကာ ေၾကာင္ၾကည့္ေနတယ္။

" နင္ငါ့ကိုဘာလို႔ေျခထိုးလဲ? နင္သာငါ့ကိုေျခထိုးၿပီးလဲက်ေအာင္မလုပ္ရင္ ငါလည္းနင့္ေခါင္းေပၚဟင္းရည္ေလာင္းခ်မွာမဟုတ္ဘူးေလ "

" နင့္ကိုငါ့ေဖေဖတရားသူႀကီးနဲ႔တိုင္မယ္ "

" တိုင္တိုင္ နင့္ေဖကဘာႀကီးျဖစ္ေနျဖစ္ေန ငါကဂ႐ုမစိုက္ဘူး ႀကိဳက္တဲ့ေနရာသြားတိုင္ ! "

ထိုမိန္းကေလးကကန္းတင္းထဲကေနထြက္သြားမွ၊​ေျမင္ျပင္ေပၚမွာေမွာက္က်သြားတဲ့ထမင္းဟင္းေတြကိုေကာက္ၿပီး ဗန္းေပၚတင္လိုက္တယ္။ကန္းတင္းမွာထိုင္စားေနတဲ့သူေတြအကုန္လုံးက စိုက္ၾကည့္ေနေတာ့ ေ႐ွာင္းက်န္႔လည္းကန္းတင္းထဲကေနထြက္သြားၿပီး အတန္းထဲဝင္ကာစာဖက္ေနလိုက္တယ္။

စာဖက္ေနတုန္း ေက်ာင္းအုပ္ဆရာမကေခၚတယ္ဆိုၿပီးအတန္းေခါင္းေဆာင္ကေျပာလို႔ ေက်ာင္းအုပ္ဆရာမ႐ုံးခန္းကိုေ႐ွာင္းက်န္႔သြားလိုက္တယ္။

ကိုယ့္ေဘးမွာထိုင္ေနတဲ့သူကမနက္ကကန္းတင္းမွာေျခထိုးၿပီးလဲက်ေအာင္လုပ္တဲ့အတန္းေဖာ္မိန္းကေလးျဖစ္ေနျပန္သည္။ထိုမိန္းကေလးဆံပင္ကသရဲမလိုလို အ႐ူးမႀကီးလိုလို႐ႈပ္ဖြေနၿပီး ညာဘက္ပါးမွာလည္းပါး႐ိုက္ထားတဲ့လက္ဝါးအရာႀကီးက႐ွိေနတယ္။တစ္႐ွဴးသုတ္ကာငိုေနေတာ့ ေ႐ွာင္းက်န္႔ၾကည့္မရဘူး။

" ေ႐ွာင္းက်န္႔ မင္းကေယာက်ၤားေလးတစ္ေယာက္ျဖစ္ၿပီး ဘာလို႔မိန္းကေလးတစ္ေယာက္ကိုအခုလိုပါး႐ိုက္ဆံပင္ေတြဆြဲရတာလဲဟင္ !! မင္းေက်ာင္းမွာျပႆနာ႐ွာတာအႀကိမ္ႀကိမ္႐ွိၿပီ အတန္းပိုင္ဆရာမကဘာမွမေျပာပဲသည္းခံခဲ့တာ။အခုမင္းျပႆနာ႐ွာတာကေတာ္ေတာ္လြန္လို႔ဆိုၿပီး အတန္းပိုင္ဆရာမကငါ့ကိုလာေျပာျပလို႔ အကုန္သိၿပီးၿပီ။ "

" အဲ့ေကာင္မ ဟန္ေဆာင္ေနတာသိရဲ႕လား ! ေက်ာင္းအုပ္ဆရာမႀကီးက က်န္႔က်န္႔တို႔ရန္ျဖစ္တာကိုေတြ႕ျမင္လို႔အခုလိုေျပာတာလား။ အဲ့ေကာင္မကအရင္ က်န္႔က်န္႔ကိုေျခထိုးၿပီးလဲက်ေအာင္လုပ္တာ! မိန္းကေလးျဖစ္ၿပီး က်န္႔က်န္႔လိုသူေဌးသားေလးကိုမနာလိုေတာ့ အခုလိုလဲက်ေအာင္တမင္လုပ္တာ ! "

" ေက်ာင္းသားေ႐ွာင္းက်န္႔ေျပာေနတာအမွန္ပဲလား သမီး "

ေက်ာင္းအုပ္ဆရာမႀကီးကထိုမိန္းကေလးဘက္လွည့္ၾကည့္ရင္းေျပာေတာ့ ထိုမိန္းကေလးငိုယိုၿပီးအသည္းသန္ထျငင္းလာတယ္။

" မဟုတ္ရပါဘူး ေက်ာင္းအုပ္ဆရာမႀကီးရယ္။သမီးကမိန္းကေလးေလ ေ႐ွာင္းက်န္႔ကေယာက်ၤားေလးဆိုေတာ့ ဘယ္လိုလုပ္ရန္ျဖစ္ရဲမွာလဲ! ရန္ျဖစ္မယ္ဆိုရင္ေတာင္ မိန္းကေလးအခ်င္းခ်င္းပဲရန္ျဖစ္ရဲတာပါ ေ႐ွာင္းက်န္႔အေၾကာင္းသိလို႔ လုံးဝဘာမွမလုပ္ရဲဘူး႐ွင္ "

သ႐ုပ္ေဆာင္တာကလည္း ၾကည့္ရဆိုးလိုက္တာ!

ဘာႀကီးမွန္းမသိဘူး။

စိတ္တိုတိုျဖင့္စားပြဲေပၚဘုန္းခနဲ႐ိုက္လိုက္ေတာ့ ထိုမိန္းကေလးက ကိုယ့္ဘက္ကိုငိုယိုလွည့္ၾကည့္လာတယ္။

" ဟန္ေဆာင္မေနနဲ႔ နင္႐ုပ္နဲ႔မလိုက္ဘူး ! စကားမဆပ္ေက်ာင္းအုပ္ႀကီးကိုေျပာမယ္။လမင္းကိုေခြးေဟာင္တယ္ဆိုတာ က်န္႔က်န္႔အခုမွနားလည္သေဘာေပါက္ေတာ့တယ္။ "

" ဟဲ့ နင္ဘာစကားေျပာတာ ေ႐ွာင္းက်န္႔ "

" ငါဘာေျပာလို႔တုန္း ငါဘာသာငါေျပာတာေလ နင့္ကိုေျပာေနလို႔ နင္ကနာတာလား ! "

" ႏွစ္ေယာက္စလုံးေတာ္ၾကေတာ့။ဘယ္သူကမ်ားရပ္မလဲဆိုၿပီး ေစာင့္ၾကည့္ေနတာ တစ္ေယာက္မွမရပ္ပဲရန္ေတာင္ျဖစ္လိုက္ေသးတာကို အံ့ဩတယ္။ "

" ေ႐ွာင္းက်န္႔ရဲ႕အေဖေခၚမယ္။ဒီကိစၥကေ႐ွာင္းက်န္႔ပဲမွားတာမို႔ ဖခင္ကိုဖုန္းဆက္ေခၚၿပီးအေၾကာင္းၾကားရမယ္ "

ေက်ာင္းအုပ္ႀကီးကတကယ္မတရာဘူး။ဟိုကမိန္းကေလးဆိုတိုင္း ညႇာေပးေနလိုက္ပုံမ်ား စိတ္တိုခ်င္စရာႀကီး။အမွား/အမွန္လည္းမသိပဲနဲ႔ ကိုယ့္ပဲအျပစ္လာေျပာေနေတာ့ ေ႐ွာင္းက်န္႔ကေတာ့ သူ႕အျပစ္မဟုတ္ေၾကာင္းကို ျငင္းရမွာပဲ။

" ဆရာမႀကီးက က်န္႔က်န္႔အျပစ္မဟုတ္တဲ့အတြက္ က်န္႔က်န္႔က က်န္႔က်န္႔ေဖေဖရဲ႕ဖုန္းနံပါတ္ကိုလုံးဝေပးႏိုင္မွာမဟုတ္ဘူး "

" ကြၽန္ေတာ္က ေ႐ွာင္းက်န္႔အေဖပါဗ် ! "

ဟင္ ေဖေဖကဘယ္လိုလုပ္ ေက်ာင္းအုပ္ႀကီး႐ုံးခန္းကိုေရာက္လာတာလဲ? ေ႐ွာင္းက်န္႔တကယ္အံ့ဩသြားတာပဲ။

ေက်ာင္းအုပ္ဆရာမႀကီးကလည္းေဖေဖကိုဖုန္းမဆက္ရေသးဘဲနဲ႔ဘယ္လိုလုပ္ရန္ျဖစ္တာကိုသိၿပီး ေက်ာင္းလိုက္လာရတာလဲ?

ေက်ာင္းအုပ္ဆရာမႀကီးကေဖေဖကိုေ႐ွာင္းက်န္႔နဲ႔ထိုမိန္းကေလးရန္ျဖစ္တဲ့ကိစၥေတြေျပာေနေတာ့ ေဖေဖက " ဟုတ္ကဲ့ ဟုတ္ကဲ့ " ပါဆိုၿပီးေသေသခ်ာခ်ာဂ႐ုတစ္စိုက္နားေထာင္ေနေတာ့ ေ႐ွာင္းက်န္႔လည္း ၿငိမ္ၿငိမ္ေလးသာထိုင္ေနရတယ္။

______________________

" ေဖေဖ က်န္႔က်န္႔ကိုမဆူပါနဲ႔ က်န္႔က်န္႔ဘက္ကျပႆနာ႐ွာတာမဟုတ္ပါဘူး သူကအရင္စလို႔ "

ေဖေဖကဘာမွမေျပာပဲသက္ျပင္းခ်တယ္။က်န္႔က်န္႔ကိုေက်ာေပးရပ္ေနတဲ့ေဖေဖကိုလွည့္ၾကည့္လာၿပီး က်န္႔က်န္႔နဖူးကို ႏႈတ္ခမ္းေလးျဖင့္ခပ္ဖြဖြနမ္းသည္။ထို႔ေနာက္ ေဖေဖက က်န္႔က်န္႔ရဲ႕ပါးႏွစ္ဖက္ကို လက္ကေလးျဖင့္ကိုင္ၿပီး ေျပာလာတယ္။

" ေဖေဖ မဆူပါဘူး က်န္႔က်န္႔ျပႆနာမ႐ွာဘူးဆိုတာေဖေဖသိပါတယ္။အခုေတာ့ေဖေဖအဲ့ကိစၥေတြမေျပာေတာ့ဘူး။ေဖေဖနဲ႔တစ္ေနရာသြားရေအာင္ "

" ဘယ္သြားမွာလဲဟင္ ေဖေဖ "

ေက်ာပိုးအိတ္ကေလးလြယ္ၿပီးေခြးအ႐ုပ္ကေလးပိုက္ထားတဲ့သားေလးက်န္႔က်န္႔က ေမးလာေတာ့ ဉီးေ႐ွာင္းက်ီမွာမေျဖခ်င္လို႔ ကားထဲမွာဝင္ထိုင္ဖို႔သာေျပာလိုက္ရတယ္။က်န္႔က်န္႔ကလည္း ဉီးေ႐ွာင္းက်ီသေဘာအတိုင္းကားထဲဝင္ထိုင္ေနေတာ့ ဉီးေ႐ွာင္းက်ီခင္ဗ်ာ စိတ္ေအးရတယ္။

ေဖေဖက ေက်ာင္းကေနေခၚထုတ္ၿပီး က်န္႔က်န္႔ခရီးေဆာင္အိတ္ကိုကားထဲမွာထည့္ထားတာျမင္တာေၾကာင့္ ေဖေဖဘယ္မ်ားေခၚသြားမလဲဆိုတာသိခ်င္လို႔ တစ္လမ္းလုံးမအိပ္ပဲလိုက္လာခဲ့ရတယ္။ေဖေဖေမာင္းေနတဲ့လမ္းေတြက ကိုကိုဝမ္ရိေပၚရဲ႕အိမ္ကိုသြားမယ့္လမ္းအတိုင္းပဲ။

ေဖေဖကဝမ္အိမ္ေတာ္ကိုသြားေနတယ္ဆိုတာ၊ေ႐ွာင္းက်န္႔ထင္တဲ့အတိုင္းမွန္ေနတာပဲ။

_______________________

ဝမ္အိမ္ေတာ္ကိုေရာက္ေတာ့အန္တီစုယြဲ႕ယြဲ႕နဲ႔ဘိုးဘိုးဝမ္က်ိဳးလင္က က်န္႔က်န္႔တို႔သားဖကို ေကာင္းမြန္စြာႀကိဳဆိုၾကတယ္။ေဖေဖေဘးမွာက်န္႔က်န္႔ကထိုင္ၿပီး လူႀကီးေတြစကားေျပာတာကို နားေထာင္ေနလိုက္မိတယ္။

ေဖေဖကစၿပီးဘိုးဘိုးဝမ္က်ိဳးလင္ကိုစကားေျပာလာသည္။

" ကြၽန္ေတာ္သားေလးေ႐ွာင္းက်န္႔ကို ဝမ္အိမ္ေတာ္မွာခဏေလာက္ေနခိုင္းခ်င္လို႔ "

ဟင္ ေဖေဖကက်န္႔က်န္႔ကိုဝမ္အိမ္ေတာ္မွာေနခိုင္းမယ္တဲ့လား။က်န္႔က်န္႔ကမွေဖေဖမ႐ွိပဲမေနတက္တာကို၊ဘာလို႔အခုေျပာထြက္ရတာလဲ ေဖေဖရယ္။

ဘိုးဘိုးဝမ္က်ိဳးလင္ကလည္း တစ္ခ်က္ျပဳံးၿပီး ေဖေဖကိုေျပာလာတယ္။

" မင္းအေဖနဲ႔ဉီးေလးက သူငယ္ခ်င္းအရင္းႀကီးေတြပဲကို။ၿပီးေတာ့ဉီးေလးတို႔ကုမၼဏီကိုအခုလိုတိုးတက္ေအာင္မင္းတို႔သားဖႏွစ္ေယာက္ပဲေလ။မင္းတို႔သားဖႏွစ္ေယာက္သာမကယ္ရင္ လမ္းေဘးကသူေတာင္းစားျဖစ္ေနေလာက္ၿပီေလ။ဉီးေလးတို႔ရဲ႕ေက်းဇူး႐ွင္ကမင္းတို႔သားဖမို႔ မင္းတို႔ဘက္ကဘာအကူညီပဲေတာင္းေတာင္း ဉီးေလးဘက္ကကူညီဖို႔အဆင္သင့္ပါပဲ "

" မင္းသားေလးေ႐ွာင္းက်န္႔ကို ဒီမွာတစ္ႏွစ္ထား တစ္သက္လုံးထားထား ဉီးေလးတို႔အတြက္ကိစၥမ႐ွိဘူး အဆင္ေျပတယ္ "

" ဟုတ္ကဲ့ပါဗ်ာ ဉီးေလး ! ေ႐ွာင္းက်န္႔ကိုခဏေလာက္ေတာ့ ဝမ္အိမ္ေတာ္မွာထားခဲ့ပါရေစ "

ကိုယ့္ေဘးမွာထိုင္ေနတဲ့သားေလးေ႐ွာင္းက်န္႔ကိုၾကည့္ေတာ့ မ်က္ရည္ေလးဝဲတဲဝဲတဲနဲ႔။အ႐ုပ္ကေလးကလည္းပိုက္ထားၿပီး မ်က္ဝန္းထဲကမ်က္ရည္ေတြဟာဝိုင္းေနေတာ့ ဉီးေ႐ွာင္းက်ီစိတ္မခ်မ္းသာ။

" ေဖေဖကိုေမးစရာ႐ွိလို႔ ... က်န္႔က်န္႔ဒီမွာဘယ္ေလာက္ၾကာၾကာေနရမွာလဲဟင္ "

" က်န္႔က်န္႔ကိုအိမ္ျပန္ဖို႔ ဘယ္ေတာ့လာေခၚမွာလဲဟင္ ! "

ကေလးေလးကမ်က္ႏွာငယ္ေလးနဲ႔အားကိုးတစ္ႀကီးေမးလာေတာ့ ဉီးေ႐ွာင္းက်ီငိုခ်င္စိတ္ကိုမနည္းထိန္းထားရတယ္။

" မၾကာပါဘူး ကေလးေလးရယ္ ေဖေဖကိုေစာင့္ေနေပး ! က်န္႔က်န္႔အိမ္ျပန္ရမယ့္အခ်ိန္ေရာက္ရင္ ေဖေဖကိုယ္တိုင္ လာေခၚမယ္ "

" ေဖေဖတကယ္ေျပာတာလားဟင္ "

" တကယ္ေပါ့ က်န္႔က်န္႔ရယ္ ဝမ္အိမ္ေတာ္ကလူႀကီးမိဘစကားနားေထာင္ရမွာ လိမ္လိမ္မာမာေနေနာ္
က်န္႔က်န္႔သာဆိုးတယ္လို႔သတင္းၾကားရင္ ေဖေဖက က်န္႔က်န္႔ကို တစ္သက္လုံးလာမေခၚေတာ့ဘူး "

တစ္သက္လုံးလာမေခၚေတာ့ဘူးလို႔ေျပာေတာ့ က်န္႔က်န္႔ကမ်က္ရည္ေတြက်လာၿပီးေခါင္းခါျပလာတယ္။

" က်န္႔က်န္႔ လိမၼာပါ့မယ္။ေဖေဖအဲ့လိုေတာ့မလုပ္ပါနဲ႔ က်န္႔က်န္႔ကိုလာေခၚပါေနာ္ "

" အင္း အင္း ဟုတ္ၿပီ ေဖေဖျပန္ၿပီ ! "

" က်န္႔က်န္႔လိုက္ပို႔ပါရေစ "

" မလိုဘူး က်န္႔က်န္႔ ! လိုက္မပို႔နဲ႔ေတာ့ "

အ႐ုပ္ကေလးကိုတင္းတင္းက်ပ္က်ပ္ပိုက္ၿပီး ငိုယိုေနတဲ့က်န္႔က်န္႔ေလးကိုျပန္ေတာင္လွည့္မၾကည့္ပဲ ထြက္သြားမိသည္။

ေတာင္းပန္ပါတယ္ ကေလးေလး။က်န္႔က်န္႔ေကာင္းဖို႔အတြက္ ေဖေဖကအခုလိုလုပ္တာပါ၊ေဖေဖကိုစိတ္မဆိုးပါနဲ႔။

Continue Reading

You'll Also Like

961K 21.9K 49
In wich a one night stand turns out to be a lot more than that.
114K 3.4K 31
"she does not remind me of anything, everything reminds me of her." lando norris x femoc! social media x real life 2023 racing season
482K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
378K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...