ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
By TtTt04419
49.3K 2.2K 114
Yizhan More
Ep_1
Ep_2
Ep_3
Ep_4
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_5
1.4K 80 5
By TtTt04419
" ကိုကို့ကိုလာတင်းတောင်တာ !!! "
စနေနေ့ဆိုတော့အေးဆေးနားမယ်ကြံကာရှိသေး၊သူ့အိမ်ကိုရောက်လာတဲ့ရှောင်းကျန့်။နေပါအုံးအထက်တန်းကျောင်းတွေကစနေနေ့ကျောင်းဖွင့်တယ်လို့ ရိပေါ်ကြားထားတယ်။ကျောင်းမသွားဘူးလား!
ကျန့်ကျန့်ကကျောင်းဝတ်စုံနဲ့ရောက်ချလာတာဆိုတော့ကျောင်းများဆင်းတာလား။မဟုတ်သေးပါဘူးအခုမှ၁၂ပဲရှိသေးတာကို၊ဘယ်လိုလုပ်စောစောဆင်းမှာလဲ!ကျောင်းပြေးလာတာလား။
" mine " ဆိုသည့်စာတန်းသေးသေးလေးထိုးထားသည့်လက်စွပ်ကိုသူ့လာပေးတယ်။
" ကျန့်ကျန့်အပိုင်ဖြစ်ပေးနော် ကိုကို "
" ဟုတ်ပါပြီ ကိုကိုကအမြဲတမ်းကျန့်ကျန့်အပိုင် "
ကိုကို့ကကျန့်ကျန့်ခေါင်းလေးကိုအသာဖွကာပြောတော့ကျန့်ကျန့်ကနောက်ဆုတ်လိုက်တေ့ ကိုကိုလက်တွေကအလိုလိုရပ်တန့်သွားတယ်။ကိုကိုကဘာဖြစ်တာလဲဆိုသောအကြည့်ဖြင့်ကြည့်လာသည်။
ကိုကိုကကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုသဘောထားတယ်ဆိုတာကျန့်ကျန့်သိတယ်။အခုလိုပြုမှုနေတာကလည်းကျန့်ကျန့်ကိုညီလေးတစ်ယောက်လိုခင်လို့ ဆိုတာပဲ။
ဟင့်အင်း ကိုကို့ညီလေးဖြစ်ချင်တာမဟုတ်ဘူး။
ကိုကို့ချစ်ရတဲ့ကိုကို့ကလေးဖြစ်ချင်တာ။
ကိုကိုကဒါကိုမသိဘူး ဟွန့် !!!
နောက်ဆုံးတော့လည်းကိုကိုကကျန့်ကျန့်ကိုပြန်ချစ်လာမယ်ဆိုတာကျန့်ကျန့်သိတယ်။အဲ့တာကြောင့်ကိုကို့ကိုချစ်တဲ့အချစ်တွေကအမြဲတမ်းပိုလာတယ်။
" လက်စွပ်မဝတ်ဘူးလားဟင် "
တိုးတိုးလေးပြောပြီးခေါင်းလေးငုပ်သွားတော့ ကျန့်ကျန့်သဘောအတိုင်း ရိပေါ်လည်းလက်စွပ်လေးကိုဘယ်ဘက်လက်သကြွယ်မှာလက်စွပ်ဝတ်လိုက်တယ်။
လက်စွပ်ဝတ်ထားတာကိုပြတော့ကျန့်ကျန့်ကယုန်သွားလေးနှစ်ချောင်းပေါ်လွင်သည်အထိပြုံးရယ်ပြလာပြန်သည်။
" ကိုကိုကျောင်းပြန်လိုက်ပို့ပေးမယ် "
" ဟင့်အင်း ကျန့်ကျန့်အဆူခံရမှာကြောက်တယ် ကိုကို "
အဆူခံရမှာ?ဘာများလဲဆိုပြီးရိပေါ်မေးခွန်းထုတ်လိုက်တယ်။
" ဘာလို့ကျန့်ကျန့်ကအဆူခံရမှာလဲ ? "
" ကိုကို့ကိုလက်စွပ်ပေးချင်လို့ဆိုပြီး ကျန့်ကျန့်ကဆရာမတွေမသိအောင်ကျောင်းကနေခိုးထွက်လာတာ "
အော် ဆရာမအဆူခံရမှာဆိုလို့ကျောင်းကိုပြန်မသွားရဲတော့တာပေါ့လေ။ခိုးကျထွက်ရဲတယ်၊အခုလည်းအဆူခံရမှာကိုကြောက်တယ်။ဒီကလေးလေးကကြောက်တက်တယ်ပေါ့လေ။
ဘယ်သူကိုမှမကြောက်တက်ဘူးလို့ထင်ထားတာ၊အတန်းပိုင်ဆရာမကဆူမှာကိုတော့ကြောက်သားပဲ။
" ကျန့်ကျန့်ကအဆူခံရမှာကိုကြောက်တယ်ဆိုရင်အစတည်းကကျောင်းကနေခိုးမထွက်နဲ့လေ။ကျန့်ကျန့်ကဆရာမကိုကြောက်တော့ကြောက်တယ်၊ဘယ်လိုကြောက်တာလဲဆိုတော့ ကျန့်ကျန့်ကပါးစပ်ပြောပဲကြောက်တာလေ လက်တွေ့ကျကျန့်ကျန့်တကယ်မကြောက်ပါဘူး ကိုကိုပြောတာဟုတ်တယ်မလား "
ကျန့်ကျန့်ကဘာမှမပြောပဲ၊ခွေးအရုပ်ကလေးကိုသာပိုက်ထားပြီးခေါင်းလေးငုပ်ကာရပ်နေတယ်။တွေ့လား ပြောစကားလည်းနားမထောင်ဘူး။
" ကျန့်ကျန့်ကိုကိုကိုမကြိုက်တာအဲ့ဒီအကျင့်တွေပဲ၊လူကြီးပြောရင် ပြောစကားနားမထောင်သလိုလိုနဲ့ "
ကျန့်ကျန့်ကမျက်နှာငယ်လေးနဲ့ ရိပေါ်ကိုကြည့်လာတော့ သက်ပြင်းခပ်ဖွဖွချမိသား။ဆူလိုက်ရင် မျက်နှာကသနားစရာကောင်းတဲ့မျက်နှာနဲ့ ကြည့်လာတဲ့ကျန့်ကျန့်။
" ကိုကိုက ကျောင်းပြန်တက်ချင်ရင် ကျန့်ကျန့်ကျောင်းပြန်တက်ပါမယ်။ဒီနေ့တစ်ရက်တော့
မသွားပါရစေနဲ့နော် "
ကိုကိုက လက်နှစ်ဖက်ပိုက်ပြီးကျန့်ကျန့်ရှေ့ခြေတစ်လှမ်းတိုးလာတော့ ကျန့်ကျန့်ကလည်းသူများတွေလိုခြေတစ်လှမ်းနောက်ဆုတ်သွားမယ့်သူတော့မဟုတ်ဘူး။ကိုကိုခြေတစ်လှမ်းတိုးရင် ကျန့်ကျန့်လည်းခြေတစ်လှမ်းတိုးလိုက်တယ်။
ကျန့်ကျန့်က ကိုကိုရှေ့ခြေတစ်လှမ်းတိုးလိုက်တော့မှ ကိုကိုကရပ်ဆိုပြီးပြောလိုက်တော့ ကျန့်ကျန့်ခြေလှမ်းတွေကအလိုလိုရပ်တန့်သွားရသည်။
" အင်း တနင်္လာနေ့ကျောင်းဖွင့်ရင်တော့ကျောင်းတက်ရမယ်နော် ကျောင်းရောက်ရင်သူငယ်ချင်းရှာတော့ ဟုတ်ပြီလား "
" ဟုတ် ကိုကို "
" ကိုကိုပြန်လိုက်ပို့မယ် "
" ခဏလေး ကိုကို "
ကျန့်ကျန့်က ခဏလေးလို့ပြောတော့ ကိုကိုကပြန်လှည့်ကြည့်လာတယ်။ကိုကိုက " ဘာလဲ " လို့ဆိုသောအကြည့်မျိုးဖြင့်စိုက်ကြည့်လာတော့ ကျန့်ကျန့်က
ဘာမှမပြောတော့ပဲ ခေါင်းသာခါပြလိုက်ရတယ်။
တီ တီ
အပြင်ဘက်မှာကားဟွန်းတီးသံကိုကြားလိုက်လို့ ခြံစောင့်ဉီးလေးကတံခါးဖွင့်ပေးလာတယ်။ကိုကိုကကားကိုတစ်နေရာမှာထိုးပြီး ရပ်ကာ ကားပေါ်ကအရင်ဆင်းတယ်။ကျန့်ကျန့်က ကားပေါ်မဆင်းပဲ ဆက်ထိုင်နေတော့ အပြင်ဘက်မှာရပ်နေတဲ့ကိုကိုက ပြောလာသည်။
" ဆင်းလေ "
" ကျန့်ကျန့်ကို ကားတံခါးဖွင့်ပေးတော့ဘူးလား "
ကိုကိုက ခေါင်းညိမ့်ပြပြီးနောက်ကျန့်ကျန့်ကိုကားတံခါးဖွင့်ပေးတော့ ကျန့်ကျန့်ပြုံးလိုက်မိတယ်။
ကိုကိုကသဘောလိုက်ကောင်းတာ။
သားလေးရှောင်းကျန့်ကို ဝမ်အိမ်တော်ကမြေးအကြီးကောင်လေးဝမ်ရိပေါ်နဲ့အိမ်ကိုအတူပြန်လာတာ ဖခင်ဖြစ်သူရှောင်းကျီဟာ အံ့ဩတစ်ကြီးကြည့်လာတယ်။သတိဝင်လာမှ ဉီးလေးရှောင်းကျီက စကားပြောလာတယ်။
" သားကျန့် ကျောင်းလစ်ပြန်ပြီလား။ ကျောင်းမလစ်ပါနဲ့ဆိုတာဖေဖေဘယ်နှစ်ခါပြောရမှာလဲ ! "
" ဟုတ်ကဲ့ ကျန့်ကျန့်ကျောင်းလစ်လာတာပါ ဖေဖေ ကျန့်ကျန့်ကိုစိတ်မဆိုးပါနဲ့ နောက်ဆိုကျန့်ကျန့်ကျောင်းမလစ်တော့ပါဘူး။ဖေဖေအနားကထွက်မသွားပါနဲ့တော့ "
ကျန့်ကျန့်ကပြောပြီးတာနဲ့ သူ့ကိုလာဖက်တော့ထပ်ပြီးအံ့ဩရပြန်တယ်။ကိုယ်ကဆူရင်ပြန်ပြောတက်တဲ့ကလေးလေးကဘာလို့ပြန်မပြောပဲ၊လိမ္မာသွားရတာလဲ ? ကလေးလေးကျန့်ကျန့်က နားချင်ပြီလို့ပြောတော့ ဉီးရှောင်းကျီကအနားယူဖို့ ခွင့်ပြုလိုက်တော့အိမ်ပေါ်ကိုတက်ပြေးသွားတဲ့ကျန့်ကျန့်။
စကားမဆပ် သားဝမ်ကကျန့်ကျန့်ကျောင်းလစ်မှန်းဘယ်လိုများသိတာပါလဲ?ကိုယ်ကလည်းသိချင်လို့ မေးကြည့်လိုက်တော့ သားဝမ်ရိပေါ်ကပြန်ပြောလာတယ်။
" ကျွန်တော်ကိုတွေ့ချင်လို့ကျောင်းလစ်လာတာတဲ့ဗျာ "
" အော် သားကျန့်ကမင်းကိုတွေ့ချင်လို့ပေါ့ "
" ဟုတ်တယ်ဗျ ရှောင်းကျန့်ကကျွန်တော်ဆိုအရမ်းကပ်တာ "
ဉီးရှောင်းကျီက လူကြီးပီပီရေနွေးကြမ်းလေးတစ်ငုံသောက်ကာ စကား​ပြန်ပြောသည်။
" သားကျန့်က သူ့အပေါ်ကောင်းပေးတဲ့သူမှန်သမျှကိုအရမ်းကပ်တာ "
" ကျန့်ကျန့်ကတကယ်ကျလိမ္မာပါတယ် "
" ဉီးလေးအစတည်းကသိပါတယ်။ကျန့်ကျန့်ကိုမင်းဆုံးမလိုက်တယ်မလား။ "
ရိပေါ်ကခေါင်းညိမ့်ပြလာတော့ ရှောင်းကျီပြုံးရယ်လိုက်ရင်း စကားထပ်ပြောတယ်။
" ကျေးဇူးပါကွာ ငါ့သားရယ် ဉီးလေးသားကိုနိုင်တာဆိုလို့မင်းတစ်ယောက်ပဲရှိတယ်။ "
" ရပါတယ် ရှောင်းကျန့်ကိုလည်းသနားလို့ကျွန်တော်ကညီလေးတစ်ယောက်လိုသဘောထားစောင့်ရှောက်ပေးရမှာ ကျွန်တော်တာဝန်လေဗျာ "
" အေးပါကွာ "
" ဒါဆိုကျွန်တော်ကိုပြန်ခွင့်ပြုပါအုံးဗျ "
ဉီးလေးရှောင်းကျီကိုနှုတ်ဆက်ပြီးမှကားပေါ်တက်လိုက်တယ်။ကားမမောင်းခင် ကျန့်ကျန့်ပေးထားတဲ့လက်စွပ်ကလေးကိုကြည့်လိုက်မိသည်။
မဆိုးပါဘူး လက်စွပ်လေးကလှသားရယ်။
______________________
တနင်္လာနေ့ကကျောင်းဖွင့်တဲ့နေ့ဆိုတော့ ကိုကိုပြောတဲ့အတိုင်းအတန်းထဲကသူတွေနဲ့သူငယ်ချင်းဖွဲ့နိုင်ရမယ်။
ဟုတ်တယ် ရှောင်းကျန့်။ကိုကိုပြောသလိုသူငယ်ချင်းရှာရမယ်။ fighting ရှောင်းကျန့် !
ကိုယ်ကိုယ့်ကိုယ်စိတ်ထဲကနေအားပေးရင်း အခန်းရှေ့ရပ်စောင့်ရင်း အတန်းထဲကိုဝင်လာမယ့်ကျောင်းသား/သူ တွေကို အလာကိုမျှော်နေလိုက်တယ်။
ပထမဆုံးလျှောက်လှမ်းလာတဲ့ကျောင်းသူလေးကိုမြင်လိုက်တော့ ၊ ရှောင်းကျန့်က ထိုကျောင်းသူလေးရှေ့ပိတ်ရပ်တော့ကြောင်ကြည့်လာလို့ ရှောင်းကျန့်ပြောလိုက်တယ်။
" အခန်းရှာနေတာမလား ကျန့်ကျန့် လိုက်ပို့ပေး
မယ်လေ "
အခန်းကအရှေ့မှာလေဆိုပြီးလက်ညိုးထိုးလာသောကျောင်းသူကြောင့် ရှောင်းကျန့်က ရှေ့မှာရပ်နေရာကနေ ဖယ်ပေးလိုက်မှ ထိုကျောင်းသူကအခန်းထဲပြန်ဝင်သွားသည်။
တွေ့ပြီ နောက်တစ်ယောက်၊မျက်မှန်တပ်ထားပြီး စာအုပ်ကိုင်နေတဲ့ကျောင်းသားကိုမြင်တော့ ရှောင်းကျန့်ကစကားစပြောလိုက်တယ်။
" ငါစာအုပ်သယ်ပေးရမလား "
" မလိုဘူး ! !!! "
ကိုယ့်ကိုဟောက်ပြီးထွက်သွားတဲ့ကျောင်းသား
ကြောင့် ရှောင်းကျန့်စိတ်ကတိုလာတယ်။
ဘာလားပဲ သူလည်းအကောင်းနဲ့ကူသယ်ပေးရမလားလို့ပြောတာကို စိတ်လာတိုနေတယ်။အနောက်ကနေခေါင်းကိုအုံခနဲပိတ်ရိုက်လို့မှ သေတော့မယ်
ဟွန့် !!!!
ကျောင်းသားနှစ်ယောက်ကအတူတူစကားပြောရင်းလမ်းလျှောက်လာတော့ ရှောင်းကျန့်က လက်ကလေးထောင်ပြလိုက်တော့ ထိုကျောင်းသားနှစ်ယောက်ကရပ်ကြည့်လာတယ်။
" ငါနဲ့မုန့်သွားစားမလား ! "
" ငါတို့ကဘာလို့မင်းနဲ့မုန့်စားရမှာလဲ? မစားနိုင်ပါဘူး  မင်းလိုလူကသူဌေးသားဆိုပြီးမာန်တက်နေတာလေ "
" ငါကဘယ်မှာမာန်တက်နေလို့လဲ ? "
" အိမ်သာမဆေးဘူးဆိုတည်းကမင်းကိုအတန်းထဲဟာတွေကကြည့်မရတာ၊ပြီးတော့မင်းလိုလူမျိုးနဲ့ဘယ်သူကမှသူငယ်ချင်းဖြစ်ချင်မှာမဟုတ်ဘူး "
" ငါကချမ်းသာနေလို့မနာလိုတာမလား အဟက် လူတွေများကြောက်စရာကောင်းချက်။ငါကိုမနာလိုလို့ရတယ်၊ဒါပေမယ့်ငါ့လိုသူဌေးသားနေရာကိုတော့ ရမှာမဟုတ်ဘူး !! "
နှစ်ယောက်စလုံးကဘာမှပြန်မပြောပဲမဲ့ကြည့်ပြီး အတန်းထဲဝင်သွားတော့ ရှောင်းကျန့်သက်ပြင်းချမိတယ်။
ကိုကိုပြောတော့သူငယ်ချင်းဖွဲ့တာမခက်ပါဘူးဆို၊စိတ်ရင်းအမှန်ကိုထုတ်ပြတော့လည်းကျန့်ကျန့်ကိုမကောင်းမြင်ကြတော့တာပဲ။
_______________________
Zawgyi