The sky is not Blue
By Astilbe004
9.1K 767 391
ကောင်းကင်ကြီးက မပြာသလို ငါကလည်း မောင့်ကိုမချစ်ဘူး။ I got some inspiration of this fiction from one of my favo... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37 (Finale)
ကျေးဇူးတင်လွှာ
Chapter 26
167 15 18
By Astilbe004
အိမ်ထောင်ကျပြီးသွားရင် အရာရာတိုင်းက ကြည်နူးစရာတွေပဲဖြစ်
လာလိမ့်မယ်လို့ တွေးထားခဲ့ပေမယ့်
Billkin အတွက်တော့ အဲ့လိုမျိုးမဟုတ်ဘူး။
အိမ်ထောင်ကျကာစ နှစ်လလောက်မှာ နှစ်ယောက်သားက မိုးမမြင်လေမမြင်ကြည်နူးပြီးချစ်ကြောင်း ကြင်နာကြောင်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ထုတ်ပြခဲ့ကြတယ်။
ဒါပေမယ့်အချိန်ကြာလာတာနဲ့အမျှ
သူ့ခင်ပွန်းလေးရဲ့ ချုပ်နှောင်မှုတွေအောက်မှာ တစ်ခါတစ်ရံတော့
သူ့မှာ အသက်ရှူမဝဖြစ်ရတယ်။
မဂ္ဂဇင်းနဲ့မီဒီယာသတင်းတွေရဲ့စီမံခန့်ခွဲမှု ကုမ္ပဏီကို PP က သူ့ဆီလွှဲပြောင်းပေးခဲ့တယ်။တစ်နည်းပြောရရင် PP ရဲ့ပိုင်ဆိုင်မှုတွေထဲက အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကို Billkin ကိုတာဝန်ယူခွင့်ပေးလိုက်တာ။PP ကအခုသူဝါသနာပါတဲ့ ဖက်ရှင်လောကထဲကို နောက်ဆံတင်းမှုတွေမရှိဘဲ ဝင်ရောက်နေခဲ့ပြီ။Show တွေကျင်းပတယ်....Model agency တွေမှာ ရှယ်ယာတွေဝင်တယ်။ဒီဇိုင်နာတွေကိုအိမ်ခေါ်ပြီးတောင် လေ့လာမှုတွေလုပ်နေပြီ။
PP Krit လေး သူ့ဝါသနာကိုပျော်ပျော်ကြီးလုပ်နေတာမြင်ရလို့ ဝမ်းသာရပေ
မယ့် တစ်ဖက်မှာလည်း ကုမ္ပဏီက တာဝန်တွေအကုန် Billkin ဆီမှာပုံကျနေတာအပြင် နေ့စဥ်နေ့တိုင်း သူ့အမျိုးသားလေးက စစ်ဆေးမှုတွေလည်းလုပ်သေးတယ်။
ကုမ္ပဏီအခန်းထဲမှာ တပ်ထားတဲ့ CCTV ကို PP က သူ့ဖုန်းနဲ့ချိတ်ထားတယ်။အဲ့ဒီနည်းလမ်းနဲ့အတူ Billkin ကိုအချိန်တိုင်းစောင့်ကြည့်တယ်။
သူ့ရဲ့ PP လေးက သူ့ကိုချစ်လွန်းလို့
မျက်စိအောက်ကနေအပျောက်မခံနိုင်ဘဲ စိတ်မချဖြစ်နေတာကိုသိပေမယ့်
Billkin က ချုပ်ချယ်ခံရတာကိုသိပ်
မကြိုက်လှဘူး။
ဒါပေမယ့်လည်း trust issues တွေရှိခဲ့တဲ့ သူ့ရဲ့အမျိုးသားလေးကို အများကြီးနားလည်ပါတယ်။သူ့ကမ္ဘာမှာ
Billkin ပဲရှိတာမို့ အချစ်စိတ်တွေလွန်ကဲတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။အဲ့ဒါကြောင့်လည်း သူ့အချစ်တွေက PP အပေါ်မှာ သေးသေးတောင်မှ မလျော့သွားပါဘူး။နေ့ရက်တိုင်းမှာ အချစ်တွေတိုးနေစမြဲပါပဲ။
"မောင်....ဘယ်ရောက်နေတာလဲ
မောင်ရေ!"
အိပ်ခန်းထဲကနေ ခေါ်သံကိုကြားလိုက်တာနဲ့ ရေချိုးခန်းထဲမှာရေချိုးရင်းအတွေးလွန်နေတဲ့ Billkin လည်းပစ္စုပ္ပန်နဲ့အဆက်အသွယ်ပြန်ရလာတယ်။
"မောင်!"
ရေချိုးခန်းထဲ ချက်ချင်းဝင်လာတဲ့
ကောင်လေးကိုလည်း သူ့မှာချက်ချင်းပြုံးပြရသေးတယ်။
"နိုးလာပြီလား အချစ်ကလေး။
မနေ့က ညနက်မှအိပ်သွားတာမို့ မောင်က မနှိုးလိုက်မိတာ"
"နောက်တစ်ခါဆို နှိုးပြီးပြောသွား....ဘာလုပ်လုပ်"
Billkin က ရင်ခွင်ထဲဝင်လာတဲ့ အိပ်ရေးမဝတဲ့မျက်နှာနုနုလေးကို ဖျက်ခနဲ လှမ်းနမ်းလိုက်တယ်။
"အင်းပါ...မောင်က မင်းမသိဘဲ
ဘာတွေလုပ်ဖူးလို့လဲ"
"ရေချိုးပြီးပြီလား....မနက်စာ မပြင်ရသေးဘူး ဘယ်လိုလုပ်မလဲ"
"ရတယ်....မောင့်ဘာသာပြင်လိုက်မယ်။P က မျက်နှာသစ်လိုက်တော့နော်"
"မသစ်ချင်ဘူး....ဒီနေ့ နေမကောင်းသလိုပဲ ခေါင်းမူးတယ်"
"ဟုတ်လား....ဖျားတော့မဖျားပါဘူး။
ဆေးခန်းသွားမလား"
"တော်ပါပြီ....ဒီနေ့ဘယ်မှမသွားဘဲ အိမ်မှာပဲနေပြီးအနားယူလိုက်မယ်။
မောင်လည်း ညနေကျရင်စောစောပြန်လာ"
"ဟုတ်ပြီ....ညနေ မောင်ပြန်ခါနီးရင် ဖုန်းဆက်လိုက်မယ်...P စားချင်တာရှိရင် မောင်တစ်ခါတည်းဝယ်ခဲ့လို့ရအောင်လို့"
"ဟုတ်"
PP ​က ရေချိုးခန်းမှာအပြည့်ကပ်ထားတဲ့ Billkin ရဲ့ ပုံတွေကိုကြည့်နေတာမို့ Billkin လည်းပြုံးပြခဲ့ပြီး ရေချိုးခန်းထဲကနေ ထွက်လာခဲ့လိုက်တော့တယ်။
အင်္ကျီလဲပြီးသည်အထိ PP က ရေချိုးခန်းထဲက ထွက်မလာသေးဘူး။
Billkin လည်းတံခါးခေါက်ကာ လှမ်းခေါ်မယ့်ဆဲဆဲမှာပဲ ရေချိုးခန်းတံခါးပွင့်လာပြီး PP ကထွက်လာတယ်။
"မောင် အောက်ထပ်မှာ မနက်စာပြင်
လိုက်ဦးမယ်...P ဘာစားချင်လဲ"
PP က ပြန်မဖြေဘဲ Billkin ရဲ့ outfit ကိုခြေဆုံးခေါင်းဆုံးကြည့်နေတယ်။
"P အဝတ်အစားထုတ်မပေးရသေးဘူး"
"အင်း....ကိုယ်နောက်ကျမှာစိုးတာနဲ့..."
"နေ့တိုင်း P ထုတ်ပေးတဲ့အဝတ်အစားကိုပဲ မောင်ဝတ်ရမှာလေ"
Billkin လည်းဘာပြန်ပြောရမလဲ မသိတော့ဘူး။
"P ရေချိုးခန်းဝင်နေတာနဲ့ မောင်လည်း ဒီတိုင်းဝတ်လိုက်မိတာ"
PP က ဗီရိုရှေ့မှာရပ်ပြီး နောက်ထပ် ရှပ်လက်ရှည်နဲ့ pants တစ်ထည်ကိုထုတ်ပေးလာတယ်။
"ဒါ ပြန်လဲ"
"P.... မောင် အကုန်ဝတ်ပြီးနေပြီလေ။
မောင် မနက်စာလည်းပြင်ရဦးမယ်။
ကုမ္ပဏီကိုသွားဖို့နောက်ကျမယ်လေ"
"P ကို မောင်က ဝမ်းနည်းအောင်လုပ်နေတာ"
"မဟုတ်ပါဘူး အချစ်ရယ်....
ပေးပါ...မောင်ပြန်လဲလိုက်မယ်။
P ကတော့ဝမ်းမနည်းပါနဲ့နော်"
အလျှော့ပေးမိသူဟာ အမြဲကိုယ်ပါပဲ။
ပြသာနာသေးသေးလေးတွေကအစ ကြီးမားတဲ့မတူညီမှုတွေအဆုံး ကိုယ်ကပဲ အလျှော့ပေးတဲ့သူဖြစ်ချင်ပါတယ်။
မနက်စာကိုတော့ ပေါင်မုန့်ကြက်ဥကြော်ကိုပဲ ပြင်ခဲ့ပြီး PP ကိုလည်း အစားဝင်အောင် ခွံ့ကျွေးခဲ့လိုက်တယ်။
အိမ်မှာ အကူမိန်းကလေးရှိပေမယ့်
PP ရဲ့အမိန့်အတိုင်း အဲ့မိန်းကလေးက
P အမေရဲ့ဝေယျာဝေစ္စတွေကိုပဲ လုပ်ပေးရတယ်။သူနဲ့ PP ရဲ့ဝေယျာဝေစ္စတွေကိုတော့ PP ကပဲထောင့်စေ့အောင်လုပ်တယ်။
Billkin က ညဘက်တွေမှာ အလုပ်ကိစ္စတွေလုပ်ပြီးလည်း အင်္ကျီတွေကို မီးပူတိုက်နေတဲ့ PP လေးကိုမြင်ရင် အများကြီးစိုးရိမ်တယ်။တစ်နေကုန်ပင်ပန်းနေတဲ့ ကောင်လေးက အိပ်ချင်နေတာတောင် သူ့ရဲ့ဝေယျာဝေစ္စတွေကိုလုပ်ပေးနေတာမို့ စိတ်လည်းမကောင်းဘူး။
အဲ့ဒါကြောင့် သူတို့ရဲ့အင်္ကျီတွေကို အဝတ်လျှော်စက်ထဲထည့်ဖို့နဲ့ မီးပူတိုက်ဖို့ကိစ္စတွေကို အိမ်အကူမိန်းကလေးကိုလုပ်ခိုင်းလိုက်မယ်ပြောရင်လည်း PP က သဘောမကျဘူး။
"ကိုယ် ဘယ်သူ့ကိုမှမယုံဘူး မောင်။
မောင့်အင်္ကျီတွေကို မီးပူတိုက်ရင်းထိတွေ့နေမယ့် ဘယ်မိန်းမကိုမှ အမြင်မကြည်နိုင်ဘူး။မောင်နဲ့ကိုယ့်အတွက် မနက်စာပြင်ခိုင်းရင်တောင် မောင့်အတွက်ပိုပိုသာသာလုပ်ပေးနေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေနဲ့လည်း ကိုယ့်စိတ်ကိုမနှိပ်စက်နိုင်ဘူး။
P ပဲ မောင့်ရဲ့တစ်နေ့တာအတွက်
ဝေယျာဝေစ္စတွေအကုန်လုပ်မယ်။
P မပင်ပန်းပါဘူး"
တစ်ခါတစ်လေမှာတော့ အတွေးများတတ်တဲ့ PP Krit လေးကြောင့် Billkin မှာလည်း ချောင်ထဲမှာထွက်ပေါက်ပိတ်ခံနေရတဲ့ ကြောင်လေးတစ်ကောင်ဖြစ်သွားတတ်တယ်။
"မောင် P ကို စိတ်လေးနဲ့ပဲဖြစ်ဖြစ် ဖောက်ပြန်ဖို့တွေးမိရင်တောင် P က
မောင်နဲ့တူတဲ့ ကလေးလေးကိုမွေးပြီး ခေါ်သွားပစ်မှာ။မောင်နဲ့ အဝေးဆုံးကိုထွက်သွားမှာ"
ငယ်ဘဝမှာ trauma တွေရခဲ့တဲ့
သူ့အမျိုးသားလေးက သိပ်လည်း သနားစရာကောင်းတယ်။အဖေက သူ့အမေ မဟုတ်တဲ့နောက်အမျိုးသမီးကိုချစ်ပြနေတာတွေမြင်ခဲ့ရတဲ့ ကလေးက
ဘယ်လိုလူမျိုးကိုမှ မယုံနိုင်တော့ဘူးဆိုတာကိုလည်း သူနားလည်ပါတယ်။
အဲ့ဒါကြောင့် သူကလည်း PP စိတ်လေး အနာတရ မဖြစ်စေဖို့ အထင်လွဲစေမယ့်ကိစ္စတွေဆို အတတ်နိုင်ဆုံးရှောင်ခဲ့တာတွေချည်းပါပဲ။
ကလေး အကြောင်းကိုပြောရရင်
Billkin က ကလေးတအားချစ်တတ်တဲ့သူ။တစ်ချိန်ချိန်မှာ အိမ်ထောင်ကျရင်လည်း ကလေးတွေနဲ့အတူမိသားစုဘဝလေးကို လိုချင်တဲ့သူ။ဒါပေမယ့်
PP ကိုတော့ ကလေးမလွယ်စေချင်ဘူး။မိန်းကလေးတွေတောင် အသက်နဲ့ရင်းရတဲ့ မွေးဖွားမှုမှာ ပုံမှန်မဟုတ်တဲ့နည်းတွေနဲ့ ရင်သွေးယူပြီး သမာရိုးကျမဟုတ်တဲ့ ကိုယ်ဝန်ကိုလည်း PP ကို
မယူစေချင်မိဘူး။
နာကျင်မှာကို သူ့ကောင်လေးက သိပ်ကြောက်တယ်။
အဲ့ဒါကြောင့် PP ကို နာကျင်စေမယ့်အရာဆိုရင် ကိုယ့်အတွက်ပဲဖြစ်စေဦးတော့...Billkin မှာ မလုပ်စေချင်ပါဘူး။
"မောင်....P ပြောတာကြားရဲ့လား"
"ဟင်"
"အော်...ညနေကျရင် ဖုန်းမဆက်တော့ဘူးလို့။စတော်ဘယ်ရီသီးတွေနဲ့
စတော်ဘယ်ရီ ကိတ်ပဲဝယ်ခဲ့ပေး"
"အင်းအင်း....မောင်ဝယ်ခဲ့မယ်နော်"
"အင်း...ပြီးတော့ မနက်ဖြန်ကျရင် market မှာ လိုတာတွေသွားဝယ်ရအောင်။နောက် တစ်ပတ်ဆိုရင်
P တို့ မင်္ဂလာဆောင်တာ ခြောက်လ
ပြည့်ပြီမို့ ဂေဟာတစ်ခုမှာအလှူသွားလုပ်ချင်လို့"
"ဟုတ်ပြီ....P လှူမယ့်ဂေဟာရွေးပြီးပြီလား"
"အင်း....မိဘမဲ့ကလေးကျောင်းကိုရွေးထားတယ်။မောင်တို့ အရင်အိမ်နားကပဲ...တစ်နှစ်တစ်ခါ P အလှူလုပ်နေကျနေရာ"
"အဲ့ဒါဆို မောင်အခုကတည်းက schedule တွေဖျက်ထားလိုက်မယ်။
မဟုတ်ရင် Dinner date ပဲလုပ်မယ်
စဥ်းစားထားလို့ anni နေ့ကိုမောင်အလုပ်မဖျက်ထားမိတာ"
"အင်း အဲ့နေ့တစ်ရက်တော့ ဖျက်ထားလိုက်။P တို့လည်း အချိန်တူတူမကုန်ရတာကြာပြီ"
"ကိုယ် ရုပ်ရှင်ပါရွေးထားလိုက်မယ်"
"မောင် အကောင်းဆုံး"
သူ့အမျိုးသားလေးကို ပွေ့ဖက်ကာ နဖူးလေးကို နမ်းလိုက်တော့ မျက်စိလေး
မှိတ်ကာငြိမ်ပေးတယ်။
PP Krit လေးက သူ့ရဲ့ ချစ်မဝလေး။
☁☁☁☁☁☁☁☁☁☁
အခုတလော နေ့တိုင်းနီးပါး ခေါင်းတွေမူးပြီး မနက်နိုးလာတိုင်း အန်နေတာမို့ PP က ကိုယ့်ကိုယ်ကိုယ်လည်းသံသယတွေဝင်လာတယ်။
လက်ထပ်ပြီးကတည်းက ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကလေးယူဖို့ကို ကြိုးစားနေတာမို့ မောင်နဲ့အတူနေရင်တောင် အကာအကွယ်မသုံးဖြစ်ဘူး။
မောင်ကတော့ ကလေးယူချင်တယ်လို့ စကားမစပေမယ့် PP ကတော့ မောင်နဲ့သူ့ရဲ့အိမ်ထောင်ရေးကြား နောက်ထပ်သံယောဇဥ်ကြိုးလေးတစ်ခုကို ခေါ်ဆောင်လာဖို့ အဆင်သင့်ဖြစ်နေပြီးပြီလေ။
ဒီနေ့လည်း ဆေးရုံကိုရောက်နေကာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာတော့ ဆရာဝန်ဆီကနေ သတင်းကောင်းတစ်ခုကိုကြားလိုက်ရသည်။
"သန္ဓေသားက ငါးပတ်ကျော်နေပါပြီခင်ဗျာ။နှစ်လသားထဲကိုဝင်နေပြီမို့ အန်တာတို့ ပျို့တာတို့ လက္ခဏာတွေစပြီးဖြစ်နေတာ။သုံးလက စပြီး morning sickness တွေခံစားရတော့မယ်။တစ်ယောက်နဲ့တစ်ယောက် ခံစားရပုံတွေ
မတူပေမယ့် PP ကတော့ သေချာလေး သတိထားမှရမယ်ဗျ။
ချော်လဲတာမျိုးတို့ ဗိုက်ကိုထိခိုက်စေ
မယ့်အရာမျိုးတော့ မဖြစ်အောင်အထူးသတိပြုရမယ်။လစဥ်လတိုင်းလည်း စစ်ဆေးမှုတွေ မပျက်မကွက်ပြုလုပ်ရမယ်။သားအိမ်ရဲ့လက်ခံနိုင်စွမ်းကိုလည်း စစ်ဆေးရမှာမို့ PP ဘက်က ဘယ်အရာမဆို လက်ခံနိုင်ဖို့ကိုလည်းကြိုတင်ပြီးပြင်ဆင်ထားရမယ်"
"အကယ်၍ လတွေကြာပြီးမှ
သားအိမ်က သန္ဓေသားကိုလက်မခံနိုင်တာမျိုးတွေလည်း ဖြစ်နိုင်လား"
"ကျွန်တော်ပြောချင်တာ အဲ့ဒီအချက်ပေါ့နော်။ပုံမှန်အမျိုးသမီးတွေတောင် ကိုယ်ဝန်ဆောင်ရတာ တအားခက်ခဲပါတယ်။လရင့်မှ သန္ဓေသားကအနေအထားမမှန်တာမျိုးတို့ သားအိမ်အပြင်မှာ သန္ဓေတည်နေလို့ ခွဲစိတ်ရတာမျိုးတွေလည်းရှိတော့ ဒီလို သမာရိုးကျနည်းမဟုတ်တဲ့ သန္ဓေသားကြီးထွားမှုကို ကျွန်တော်တို့က သာမန်ထက်ပိုပြီးဂရုစိုက်ပေးရမှာပါ"
"ကျွန်တော့်ဘက်ကတော့ ကလေးလေးကို အန္တရာယ်ကင်းကင်းနဲ့ခေါ်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ဒီအတောအတွင်းတော့ ဒေါက်တာတို့အကူအညီကိုယူရမှာပဲပေါ့"
"ဟုတ်ပါပြီခင်ဗျာ....နောက်တစ်ခေါက်လာပြရင် ခင်ပွန်းကိုပါ ခေါ်ခဲ့ပါဦး။
သုံးလကျော်ပြီဆိုရင် နှလုံးခုန်သံခပ်တိုးတိုးလေးကိုပါ နားထောင်လို့ရနေပြီဆိုတော့ နှစ်ဦးသားအပျော်လေးတွေ ဝေမျှလို့ရတာပေါ့"
ဒေါက်တာ့ကို ပြုံးရုံပဲပြုံးပြလိုက်ပြီးဘာမှ ပြန်မပြောမိ။ဒီကိစ္စအတွက် Billkin ကိုဘယ်လိုပြောရမလဲဆိုတာပဲ ခေါင်းထဲမှာရှိနေတယ်။
ကလေးလေးရှိနေတာကို မောင်သိသွားရင် မောင်က ပျော်ပါ့မလား။
ထပ်တလဲလဲမေးမိနေမိတဲ့ မေးခွန်းတွေပါပဲ။
လက်ထပ်ထားတဲ့သူနှစ်ယောက်ကြားက ကွာခြားချက်တွေ။
မလိုချင်ဘဲရလာတဲ့ ကလေးငယ်လေးနဲ့ မိသားစုပြသာနာတွေ။
အဖေနဲ့အမေရဲ့ကြား မျက်နှာငယ်စွာနေခဲ့ရတဲ့ ငယ်ဘဝတွေ။
အခုရက်ပိုင်းမှာမှ အဲ့ဒီအကြောင်းတွေကိုပြန်တွေးမိနေတာ။
သူ့ရဲ့ကလေးလေးကိုတော့ သူ့လို
မဖြစ်စေရဘူး။
သူ့လိုမျိုး ခက်ခဲပြီးမေတ္တာမရတဲ့ဘဝမျိုးမှာ ​မကြီးပြင်းစေရဘူး။
ဆေးရုံကနေ ထွက်လာပြီးအိမ်ရှေ့ကိုရောက်တော့ ကားတစ်စီးက ခြံဘေးမှာရပ်ထားတာကိုတွေ့လိုက်ရသည်။
ဘယ်သူများဖြစ်နေမလဲလို့ ဇဝေဇဝါဖြစ်နေတုန်းမှာပဲ ကားထဲကနေထွက်လာတဲ့ မမြင်တာကြာပြီဖြစ်သောသူကိုမြင်လိုက်ရ၏။
Freddie က ကားမှန်ကိုလာခေါက်သည်။PP က ကားမှန်ကိုချပေးလိုက်တော့
"မတွေ့ရတာကြာပြီနော် ကလေးလေး"
ကားတံခါးဘောင်ပေါ်ကို လက်ထောက်ပြီး ပြောလာတဲ့Freddie က မျက်ဝန်းတွေမှာ ထူးဆန်းမှုတွေလည်းပါသည်။
"ဘာကိစ္စရှိလို့ ငါ့အိမ်ရှေ့ကိုရောက်နေတာလဲ"
"လွှတ်ပေးထားတဲ့ ကြွက်လေးကို
ကြောင်ကြီးက လာဖမ်းတာလေ"
"အရူးစကားတွေ လာပြောမနေစမ်းပါနဲ့။ငါ မအားသေးဘူး။ဖယ်ပေးတော့"
"အပြင်ထွက်ခဲ့....စကားပြောစရာရှိတယ်"
"ငါ့မှာမရှိဘူး....ပြန်တော့"
Freddie က သက်ပြင်းတစ်ချက်ချလိုက်ပြီး အိတ်ကပ်ထဲမှာအသင့်ရှိနေတဲ့ လက်ကိုင်ပုဝါကိုယူကာ PP ရဲ့ မျက်နှာကို ဖိကာအုပ်လိုက်သည်။
သတိဝင်ဝင်ချင်း PP က ရုန်းထွက်ဖို့ပြင်လိုက်ပေမယ့် အချိန်မမှီတော့ချေ။
Freddie က ​မှန်ချထားတဲ့ကားတံခါးကနေတစ်ဆင့် တံခါးကိုလှမ်းဖွင့်ကာ PP ရဲ့ သတိမေ့နေတဲ့ခန္ဓာကိုယ်လေးကို ကားထဲကနေ ဆွဲထုတ်ပြီး သူ့ရဲ့ကားဆီသို့ ပွေ့ချီကာခေါ်လာသည်။
ဘာအသိမှမရှိတော့တဲ့ PP Krit လေးက ပိုပြီးတော့ချစ်စရာကောင်းသည်။
သူဘာလုပ်လုပ်ငြိမ်ခံနေတတ်တဲ့ PP Krit လေးကိုအခုမှပဲ ပြန်ရတော့တယ်။
Freddie က PP ရဲ့ မျက်နှာလေးကိုပွတ်သပ်ကာ ရင်ခွင်ထဲကိုထည့်ထားမိသည်။
"လွမ်းနေခဲ့တာ ကိုယ့်ရဲ့ကလေးလေး"
သူ့ကလေးလေးကိုအခုလိုလေး ဖက်ထားခွင့်ရဖို့ သူ့မှာအချိန်ပေါင်းများစွာကြိုးစားခဲ့ရတာ။
ကလေးလေးက ကိုယ်ကြိုးစားသမျှကို အသိအမှတ်မပြုတော့ ကိုယ်က အခုလိုအတင်းအကြပ်လုပ်ပြီး အနားကိုပြန်ပြီးခေါ်ထားရတော့တာပေါ့။
☁☁☁☁☁☁☁☁☁☁☁
#TBC
Astilbe
22/12/2023
Continue Reading
You'll Also Like
5.8K 833 16
''နတ်ထဝင်း မင်းငါ့ကိုဘယ်တော့မှမနိုင်စေရဘူး'' ''ငါကကောဘယ်တုန်းကရူံးဖူးလို့လဲမိုင်းဖက်ဖွန်''
277K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
48.3K 4.3K 30
မင်းသိလား... လူတိုင်းက ငါ့ကိုထားခဲ့ကြတာ။ အဲ့ဒါကြောင့် ကတိပေးနိုင်မလား Forth... မင်းကတော့ ငါ့ကို ဘယ်တော့မှ မထားခဲ့ဘူးဆိုတဲ့ကတိပေးနိုင်မလား... ငါ နောက်...
39.5K 3.1K 10