လှောင်ပိတ်မွန်းကြပ်နေတဲ့ ခံစားချက်နဲ့အတူ မျက်လုံးတွေကိုအားတင်းကာဖွင့်မိတော့ မျက်နှာကြက်အဖြူကိုဝေဝါးစွာ မြင်တွေ့လိုက်ရသည်။
အချိန်အတော်ကြာမျက်စိမှိတ်ပြီးမှ ပြန်ဖွင့်လိုက်တာမို့ မီးရောင်စူးစူးတွေကမျက်လုံးဆီကို အလုံးအရင်းထိုးဝင်လာသည်။
ခေါင်းကလည်းဆိုးဆိုးရွားရွားထိုးကိုက်နေတဲ့အပြင်တစ်ကိုယ်လုံးကလည်း ရုန်းလို့ပင်မရ။
အခုအနေအထားက PP ကို ထိုင်ခုံတစ်လုံးပေါ်ထိုင်ခိုင်းပြီး လက်တွေကိုနောက်ပြန်ကြိုးတုပ်ထားတာဖြစ်သည်။
လက်အချင်းချင်းကိုပွတ်တိုက်ပြီး
ကြိုးလျော့လိုလျော့ငြားကြိုးစားကြည့်ပေမယ့် အရာမရောက်ဘဲ လက်တွေသာ ကြိုးနဲ့ပွတ်မိပြီးစပ်ဖျင်းဖျင်းဖြစ်လာရသည်။"နိုးလာပြီလား ကလေးလေး...
ရေသောက်ချင်လား"အနားကိုရောက်လာတဲ့သူက ခပ်ထေ့ထေ့ပြုံးပြကာ စိုက်ကြည့်နေတော့ PP က အော်ပြောလာသည်။
"အခုချက်ချင်း ငါ့ကိုလွှတ်ပေးစမ်း Freddie....အရူးထနေတာတွေရပ်တော့ ငါ့ကိုဘယ်နေရာကိုခေါ်လာတာလဲ"
"စိတ်လျော့ပါ ကလေးလေးရဲ့။
မင်းကို ကိုယ့်ရဲ့ အလုံခြုံဆုံးနေရာလေးဆီကို ခေါ်လာတာပါ"PP မျက်လုံးတွေကိုဝေ့ဝဲကာကြည့်မိတော့ ကားတာယာတွေစီကာထပ်ထားပြီး သစ်သားချောင်းတွေပုံထားတဲ့နေရာကိုမြင်လိုက်ရသည်။
"ကိုယ့်အိမ်ရဲ့ မြေအောက်ခန်း
မှာပါ....အသုံးမလိုတဲ့ ပစ္စည်းတွေထားတဲ့နေရာလေ။ဟိတ်....အဲ့လိုပြောလို့ စိတ်မဆိုးလိုက်နဲ့ဦး။
အဖြေက ကလေးလေးအပေါ်မှာပဲမူတည်တာပါ....ကိုယ်က မင်းလေးကို
အမြဲတမ်းတန်ဖိုးထားတယ်ဆိုတာသိတယ်မလား"ငယ်ငယ်တုန်းက မြေအောက်ခန်းထဲမှာ မိဘတွေရဲ့နှိပ်စက်မှုကိုခံခဲ့ရတဲ့
ကလေးတစ်ယောက်အနေနဲ့ PP Krit က မြေအောက်ခန်းတွေကိုသိပ်ကြောက်သည်။မြေအောက်ခန်းထဲက ရေတိုင်ကီထဲမှာ ခေါင်းဖော်မလာအောင်ရေနှစ်ခံခဲ့ရတာတွေ...မိဘတွေကိုစိတ်ပူအောင်လုပ်မိခဲ့လို့ တစ်ယောက်တည်း မြေအောက်ခန်းထဲမှာ အချိန်ပေါင်းမြောက်မြားစွာ
ပိတ်လှောင်ခံခဲ့ရတာတွေ....ပြောရရင်
PP အတွက် မြေအောက်ခန်းက
အပြစ်ပေးခံရတဲ့ နေရာပဲ။
YOU ARE READING
The sky is not Blue
Romanceကောင်းကင်ကြီးက မပြာသလို ငါကလည်း မောင့်ကိုမချစ်ဘူး။ I got some inspiration of this fiction from one of my favorite Indian series but story from BKPP and all the character developments are my own imagination.