Slowly Falling For Changkong...

Por ANyein_26

50.2K 5.4K 165

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... Mรกs

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )

542 57 3
Por ANyein_26


ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့ လက်ထပ်ပြီးနောက်တွင် အနီရောင်ဘူးလေးကို အအေးနန်းဆောင်ထဲသို့ ခေတ္တပယ်ထုတ်ထားခဲ့သည်။ သူတို့ဟာ ဇနီးမောင်နှံကဲ့သို့ ဆက်လက်ပြုမူနေကြစဉ်တွင် ၎င်းတို့၏ခန္ဓာကိုယ်နှင့်စိတ်သည် ထိပ်တန်းအခြေအနေဖြစ်ကြောင်း သေချာစေရန်အတွက် ၎င်းတို့၏အစားအသောက်နှင့် လေ့ကျင့်ခန်းများကို အထူးဂရုပြုလာကြသည်။

အချိန်အတော်ကြာ အလုပ်ကြိုးစားပြီးနောက် ရွှီလျန်သည် သူမ၏ 'အန်တီ'*က ယခုလအတွင်း အလည်အပတ် မလာခဲ့ကြောင်း တွေ့ရှိခဲ့၏။ အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ သူတို့အောင်မြင်သွားတာလို့ သူမ တွေးနေမိသည်။

( * ရာသီလာချိန် )

ရွှီလျန်အနေနှင့် သူမ၏ 'အန်တီ' အလည်အပတ် လာခြင်းမရှိသည်မှလွဲ၍ ရွှီလျန်ခန္ဓာကိုယ်က ပြောင်းလဲခြင်း သို့မဟုတ် မူမမှန်ခြင်းတို့ မပြသောကြောင့် သိပ်မသေချာ ၊ မင်းရဲ့ 'အန်တီ' အလည်အပတ် မလာသည်က အကြောင်းရင်း အတော်များများကြောင့် ဖြစ်နိုင်တယ်။

ထို့ကြောင့် စိတ်ချရအောင် ရွှီလျန်က အလုပ်မှ နေ့တဝက် အနားယူပြီး ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့သည်။ ရလဒ်ကို စောင့်ဆိုင်းနေစဉ်တွင် ရွှီလျန် တုန်လှုပ်နေမိပါ၏။

စမ်းသပ်မှုရလဒ်ထွက်လာသောအခါ ဒေါက်တာက ရွှီလျန်ကို အမှန်တကယ် ကိုယ်ဝန်ရှိနေကြောင်း ပြောပြခဲ့သည်။ ပထမစက္ကန့်အနည်းငယ်တွင် ရွှီလျန် အံ့အားသင့်သွားသော်လည်း ချက်ချင်းလက်ခံလိုက်၏။ သူမ ဆေးစစ်ချက်ကို အေးအေးဆေးဆေး ခံယူကာ ဆေးရုံမှဆင်းပြီးနောက် ရှန့်ချန်ခုန်းထံ မက်ဆေ့ချ်ပို့သည်။

ဇနီးလေး : [ ကျွန်မ ဆေးစစ်ပြီး အခုလေးတင် ဆေးရုံကပြန်လာတာ.. ဒေါက်တာက ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောတယ် ]

ရွှီလျန်က မက်ဆေ့ခ်ျနှင့်အတူ အာထရာဆောင်း ဓာတ်ပုံအချို့ကိုပါ ပို့ခဲ့သည်။

ရွှီလျန်၏မက်ဆေ့ချ်များကို မြင်ပြီးနောက် ရှန့်ချန်ခုန်းက သူမကို တိုက်ရိုက်ဖုန်းဆက်သည်။ ရွှီလျန်က ရှန့်ချန်ခုန်း၏ဖုန်းခေါ်ဆိုမှုကို ဖြေကြားသည့်အချိန်၌ သူမဆိုင်သို့ ပြန်ရောက်ရှိနေပြီဖြစ်သည်။

ရွှီလျန် စကားပြောတာကိုတောင် မစောင့်တော့ဘဲ ရှန့်ချန်ခုန်းက စိတ်အားထက်သန်စွာ မေးလာ၏။

"ကိုယ် မင်းမက်ဆေ့ချ်ကို တွေ့တယ် မင်း နေလို့ကောင်းရဲ့လား"

"ကျွန်မ နေကောင်းပါတယ် ထူးထူးခြားခြား ခံစားရတာ မရှိပါဘူး"

ရှန့်ချန်ခုန်းက သိသိသာသာပင် စိတ်လှုပ်ရှားနေပါသည်။ သူ အသက်ရှူသွင်းပြီး မေး၏။

"မင်း တစ်ယောက်တည်း ဆေးရုံသွားခဲ့တာလား? ကိုယ့်ကို မင်းနဲ့လိုက်ခဲ့ဖို့ ဘာလို့မပြောတာလဲ"

"ဘာလို့လဲဆိုတာ မသေချာသေးလို့ပါ.. ရှင့်ကိုမပြောခင် အရင်စစ်ဆေးကြည့်ချင်လို့"

"အခု အိမ်ပြန်ရောက်နေပြီလား"

"အင်း ကျွန်မဆိုင်မှာ"

"ဘာလို့ ဆိုင်ကို ပြန်လာတာလဲ"

ရွှီလျန် အလွန်ပျော်နေသည်။

"ဘာလို့အိမ်ပြန်ရမှာလဲ ကျွန်မ အဲ့လောက်ထိ မဟုတ်သေးပါဘူး"

သူ အလွန်စိတ်လှုပ်ရှားနေမှန်း နောက်ဆုံးတွင် ရှန့်ချန်ခုန်း နားလည်သွားသည်။ ဒါပေမဲ့ သူ ဖခင်တစ်ယောက်ဖြစ်တော့မယ်ဆိုတာလည်း သဘောပေါက်သွား၏။ သူ ဘယ်လိုလုပ် စိတ်မပူဘဲနေမည်နည်း?

"ဒါဆို ဒီနေ့ အလုပ် စောစောလတ်စသတ်ပြီးတော့ ညစာစားဖို့ အမေ့အိမ်ကို တန်းသွားလိုက်တော့ ကိုယ် အမြန်ဆုံး အိမ်ပြန်လာခဲ့မယ်"

"ကောင်းပါပြီ"

"ဒါနဲ့ မင်းမိဘတွေကိုရော ပြောပြီးပြီလား"

"မပြောရသေးဘူး ကျွန်မ သူတို့ကို နောက်မှပြောပြဖို့စီစဉ်ထားတယ်"

"အင်းပါ စိတ်ချပါ"

ရွှီလျန်သည် ရှန့်ချန်ခုန်းရဲ့တကျည်ကျည်လုပ်နေခြင်းကို မိနစ်အနည်းငယ်ကြာအောင် နားထောင်ပြီးနောက် ဖုန်းချလိုက်သည်။ ရှန့်ချန်ခုန်း ဖုန်းချလိုက်သည်နှင့် သူ့လုပ်ဖော်ကိုင်ဖက်တွေက သူ့အနားဝိုင်းလာပြီး ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲလို့ မေးလာကြ၏။

ရှန့်ချန်ခုန်းက ပြုံးပြီး ပြန်ဖြေသည်။

"ဘာမှမဟုတ်ပါဘူး ကျွန်တော် အဖေဖြစ်တော့မှာမလို့ပါ"

သူ ဤသို့ပြောပြီးသည်နှင့် ရုံးခန်းမှာ တတ်ကြွလာတော့သည်။ ရှန့်ချန်ခုန်းက ငယ်ရွယ်နုပျိုပြီး ယခုမှ အိမ်ထောင်ပြုထားသော ချောမောသော အမျိုးသားတစ်ဦးဖြစ်ရာ အခုချိန်တွင် ဖခင်တစ်ယောက်ဖြစ်တော့မည်ဖြစ်သည်။ ရုံးရှိလူတိုင်းအတွက် သူဟာ ရိုးရိုးရှင်းရှင်း ဘဝမှာ ကြီးမားတဲ့အောင်မြင်သူတစ်ယောက်ပဲ။

ရှန့်ချန်ခုန်းကို ဝမ်းသာအားရ ဂုဏ်ပြုအပြီးတွင် အားလုံးဟာ အလုပ်သို့ ချက်ချင်းပြန်သွားကြသည်။

ရှန့်ချန်ခုန်း ခါတိုင်းထက်စောပြီး အလုပ်မှဆင်း၍ သူ့အမေအိမ်သို့ တန်းသွားသည်။ သူရောက်သွားချိန်တွင် ဆိုဖာပေါ်မှာ ထိုင်နေသော ဝမ်းရှုလီကိုတွေ့ပြီး ရွှီလျန်က တစ်ခုခုကို စိတ်လှုပ်ရှားစွာ ပြောပြနေ၏။ ရှန့်နွမ်ပင်လျှင် နေရာတွင်ရှိနေသည်။

"အစ်ကို ပြန်လာပြီလား!"

ရှန့်နွမ်က ရှန့်ချန်ခုန်း ရောက်လာသည်ကို ပထမဆုံးသတိပြုမိပြီး အံ့အားသင့်စွာ ထအော်လိုက်သည်။ ဝမ်းရှုလီက သူ့သမီးဖြစ်သူကို ကြည့်ပြီး အပြစ်တင်လိုဟန်ဖြင့်

"မအော်ရဘူးလေ ရွှီလျန်ကို လန့်သွားစေလိမ့်မယ်"

ရွှီလျန်မှာ ရယ်ရမလား ငိုရမလား မသိတော့ ၊ သူမက ဒီလောက်ထိ နုနယ်နေတာ မဟုတ်။

သို့သော်လည်း ရှန့်နွမ်အနေနှင့် သူမအမေ၏စကားက ကျိုးကြောင်းဆီလျော်သည်ဟု ထင်သည်။ သူမ အသံကို လျှော့လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"အင်းပါ ဟုတ်ကဲ့ ဟုတ်ကဲ့ သမီး နောက်ဆို ပိုအာရုံစိုက်ပါ့မယ်"

ရှန့်ချန်ခုန်းမှာ သူ့အင်္ကျီချွတ်ဖို့ကိုတောင် စိတ်မဝင်စားတော့ဘဲ ရွှီလျန်ရှေ့မှာ ချက်ချင်း ငုတ်တုတ်လေး ထိုင်ချလိုက်သည်။ သူမလက်လေးကို ဆုပ်ကိုင်ထားလျက် နွေးထွေးစွာ မေးလာ၏။

"အဆင်ပြေရဲ့လား"

ရွှီလျန်က သူ့ကို ပြုံးပြပြီး ပြန်ဖြေသည်။

"ဘာလို့အဆင်မပြေရမှာလဲ"

ရိုးရိုးသားသားပြောရရင် ရှန့်ချန်ခုန်းအနေနှင့် သူ ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးမိသည်မသိ ၊ တစ်နေ့လုံး သူ့နှလုံးသားကို ကြိုးနဲ့ချည်ထားသလို ခံစားနေရတယ်။ ယခုမှပင် ရွှီလျန်၏ဘေးတွင် ရှိနေသည့်အချိန်မှ ရှန့်ချန်ခုန်းမှာ နောက်ဆုံးတွင် သက်တောင့်သက်သာ ရှိသွားပါတော့သည်။

ဝမ်းရှုလီက မတ်တပ်ရပ်ပြီး

"အမေက ညစာစားပြီးပြီမလို့ ပြင်ပေးမယ်"

"သမီး ကူညီပေးမယ်"

ရှန့်နွမ်က မီးဖိုချောင်ထဲသို့ လိုက်သွားပြီး ဟင်းပွဲများကို အတူတူနေရာချပေးသည်။

ရှန့်ချန်ခုန်းက ရွှီလျန်အား ဆိုဖာပေါ်မှထရန် ကူညီပေးပြီး စားပွဲဆီသို့ ခေါ်သွားသည်။ ထိုင်ပြီးနောက် ရွှီလျန်က ရှန့်ချန်ခုန်းဘက်သို့ လှည့်၍ ပြော၏။

"ရှင် အရမ်းစိတ်လှုပ်ရှားနေတယ်နော် ကျွန်မကိုယ်ဝန်က ရက်သတ္တပတ်နည်းနည်းပဲရှိသေးတာပါ"

"ဒါက ကိုယ်တို့ အထူးသတိထားရမဲ့အချိန်ပဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်မ နားလည်ပါပြီ ကျွန်မ သေချာဂရုစိုက်ပါ့မယ်"
 
ဝမ်းရှုလီသည် ရွှီလျန်တွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသောအခါ သတိထားရန် ပြောနေခဲ့သည်။ ယခု ရှန့်ချန်ခုန်း အိမ်ပြန်ရောက်တော့လည်း စားသောက်နေစဉ်တစ်လျှောက်လုံး ဝမ်းရှုလီက သူမသားဖြစ်သူအား ရွှီလျန်ကို သေချာဂရုစိုက်ဖို့ မှာနေလေသည်။ ဝမ်းရှုလီက အဆက်မပြတ် ပြောဆိုနေသော်လည်း သူမ၏ဆိုလိုရင်းမှာ တစ်ခုတည်းသာ : မင်းရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဂရုစိုက်!

ရှန့်ချန်ခုန်းက သူ့အမေ၏စကားတိုင်းကို လေးနက်စွာ ခေါင်းညိတ်ပြသည်။ ညစာစားပြီးသောအခါ သူနှင့်ရွှီလျန် အိမ်သို့ပြန်ခဲ့ကြသည်။ အရင်ဆုံး ရွှီလျန် ရေချိုးပြီးနောက် သူမ၏ကိုယ်ဝန်အကြောင်းကို မိဘများအားပြောပြရန် သူမဖုန်းကို ကောက်ကိုင်လိုက်သည်။

မကြာသေးမီက ဖခင်ဖြစ်သူသည် နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်သောကြောင့် သူမအဖေနှင့်အမေရော နိုင်ငံခြားတွင် နေကြသည်။ အရင်တစ်ခေါက်က သူမအမေက ရွှီလျန်ရဲ့ကောင်လေးနဲ့တွေ့ဖို့ အထူးတလည် တရုတ်ပြည်ကို ပြန်လာခဲ့သည်။ သူမသမီးဖြစ်သူ၏ ကိုယ်ဝန်ကိုသိသောအခါတွင်လည်း သူမ ဤကဲ့သို့ နောက်တစ်ကြိမ် ပြန်လုပ်လိမ့်မည်ဟု ရွှီလျန် ခံစားနေရ၏။

ရွှီလျန်ပြောတာ မှန်တယ် ၊ သူမအမေကို ပြောပြပြီးသည်နှင့် မားမားရွှီရဲ့ ပထမဆုံးတုံ့ပြန်ချက်က လေယာဉ်လက်မှတ်ဝယ်ဖို့ပါပဲ။ သူမရဲ့ဒုတိယတုံ့ပြန်ချက်မှာ ရွှီလျန်အား အဘယ်ကြောင့် ချက်ချင်းမပြောပြရတာလဲလို့ မေးမြန်းရန်ပင်။

"အမေ ဒီကို ချက်ချင်း ပြန်လာမှာကြောက်လို့ သမီး မပြောပြခဲ့တာ"

မားမားရွှီက ဒေါသတကြီးဖြင့်

"အမေတို့ပြန်လာပြီး သမီးကို မတွေ့ရရင် ဘယ်လိုစိတ်ချနိုင်မှာလဲ? သမီး ကောင်းကောင်းတောင် မချက်တတ်ရင် သမီးရော သမီးကလေးကိုပါ ဘယ်လိုဂရုစိုက်နိုင်မှာလဲ"

"အမေ ဘာကိုပြောတာလဲ သမီးက ကောင်းကောင်းမချက်တတ်ဘူး? ရှန့်ချန်ခုန်း သမီးကို အများကြီး သင်ပေးထားတယ်.. သမီး အခု ဟင်းမျိုးစုံ ချက်တတ်နေပြီ"

"အေးပါ ဟုတ်ပါပြီ သမီးက အတော်ဆုံးပါပဲ.. အမေ မနက်ဖြန်အတွက် လက်မှတ်ဝယ်ပြီးပြီ သမီး လေဆိပ်မှာ လာကြိုစရာမလိုဘူး အမေ တက္ကစီစီးလာခဲ့မယ်"

"အင်း ကောင်းပါပြီ"

ရှန့်ချန်ခုန်း ရေချိုးပြီး အိပ်ခန်းထဲပြန်ဝင်လာပြီးနောက် ရွှီလျန်က သူ့အမေနှင့် စကားစမြည်ပြောနေသေးသည်။ ထို့ကြောင့် မားမားရွှီက ရှန့်ချန်ခုန်းရဲ့ နှုတ်ဆက်စကားပြောသံကို ကြားလိုက်သည်နှင့် သူမက စကားဝိုင်းထဲသို့ ဆွဲခေါ်သွားပြီး ဖုန်းခေါ်ဆိုမှုမှာ နောက်ထပ် နာရီဝက်ကြာသွားလေသည်။ ရွှီလျန်က အမေဖြစ်သူ၏ငြီးတွားခြင်းကို မခံနိုင်တော့ဘဲ ဖုန်းခေါ်ဆိုမှုကို ပြီးသွားသည်အထိ ရွှီလျန်အား မည်သို့ပြုစုရမည်ကို ရှန့်ချန်ခုန်းအား မားမားရွှီမှ အကြံပေးခဲ့သည်။

ရွှီလျန်က ကုတင်ခေါင်းရင်းကို မှီကာ သက်ပြင်းချလိုက်သည်။

"ကျွန်မ နေကောင်းနေပေမဲ့ အခု ရှင် ကျွန်မကို စိတ်ရှုပ်အောင်လုပ်လိုက်တာပဲ"

ရှန့်ချန်ခုန်းက သူမဘေးတွင် ထိုင်ချလိုက်ပြီး သူမကို သူ့လက်မောင်းများဖြင့် ညင်သာစွာ ဖက်ထား၏။

"ကိုယ်ဝန်ဆောင်တာက အသေးအဖွဲကိစ္စမဟုတ်ဘူး..  လူတိုင်းအတွက် စိုးရိမ်ပူပန်မှုဆိုတာ သာမန်ပါပဲ ရိုးရိုးသားသားပြောရရင် ဒါက အိပ်မက်တစ်ခုလို ကိုယ် ခံစားနေရတုန်းပဲ"

ရွှီလျန်ဟာ သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရပေမဲ့လည်း အမှန်အတိုင်းပြောရရင်တော့ ကလေးရှိနေပြီဆိုတာကို သိလိုက်ရတဲ့နောက် အမျိုးသမီးအများစု ခံစားရတဲ့ ခံစားချက်ကို သူမ မခံစားခဲ့ရပါဘူး။ သူမ ရှန့်ချန်ခုန်းရင်ခွင်ထဲ ခေါင်းမှီထားရင်း သူ့ရဲ့တည်ငြိမ်တဲ့ ရင်ခုန်သံကို နားထောင်နေ၏။

"ရိုးရိုးသားသားပြောရရင် ကျွန်မ morning sickness စပြီဆိုတာနဲ့ ဒါက အမှန်ဆိုတာ ကျွန်မ သဘောပေါက်သွားမယ်လို့ ထင်တယ်"

ရှန့်ချန်ခုန်းက ကူကယ်ရာမဲ့စွာ ပြုံးပြီး

"မင်း တစ်ခုခု လုပ်စရာမလိုသလို ခံစားနေစရာလဲ မလိုဘူး.. နောက်ပြီး morning sickness ဆိုတာ စောင့်မျှော်နေရမဲ့အရာ မဟုတ်ဘူး"

"ကျွန်မ ဘာလုပ်ရမလဲ? နောက်နှစ်လလောက်တော့ ကျွန်မ နေထိုင်မကောင်းဖြစ်တော့မယ်"
 
ရှန့်ချန်ခုန်း ခေါင်းငုံ့ပြီး သူ့ဇနီးလေးကို နမ်းလိုက်သည်။ နူးညံ့သောလေသံဖြင့် သူက

"မင်းအတွက် ခက်ခဲမှာပဲ.. နောက်ဆို မင်းအဆင်မပြေရင် ကိုယ့်ကို တိုက်ရိုက်ဖုန်းဆက်လိုက်နော်"

"အင်းပါ"

ခဏအကြာတွင် ရှန့်ချန်ခုန်းက သူမကို ကုတင်ပေါ်တွင် လှဲလျောင်းစေလိုက်သည်။

"စောစောအိပ်"

သူ ရွှီလျန်ကို စောင်ကူခြုံပေးပြီးနောက် သူမဘေးတွင် လှဲချလိုက်သည်။ ရွှီလျန်က သူ့ကို ပွေ့ဖက်လိုက်ပြီး မြန်မြန် အိပ်ပျော်သွားတော့သည်။

ထိုနေ့ပြီးနောက် ရွှီလျန်ရဲ့ဘဝမှာ များစွာပြောင်းလဲခြင်းတော့ မရှိခဲ့ ၊ သူမက နေ့တိုင်း အလုပ်သွားနေဆဲဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရန် အနည်းငယ်သာ အာရုံစိုက်နေသေးသည်။ ကံကောင်းထောက်မစွာဖြင့် သူမဟာ မနက်ခင်းမှာ အမြဲပြေးတတ်တဲ့ အလေ့အကျင့်ရှိတာကြောင့် သူမရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက ကောင်းမွန်သည်။ သူမဘဝရဲ့ ဘယ်အစိတ်အပိုင်းကိုမှ အရမ်းကြီး ပြောင်းလဲပစ်ဖို့ မလိုအပ်ဘူး။

သူမရဲ့အစားအသောက်ကလွဲလို့ တခြားဘာကိုမှ အာရုံစိုက်ဖို့ မလိုအပ်တော့တာမလို့ ရွှီလျန် ထွေထွေထူးထူး လုပ်စရာမရှိ ၊ ယင်းနှင့်ဆန့်ကျင်ဘက်အားဖြင့် သူမပတ်ဝန်းကျင်ရှိ လူများတွင် ပိုမိုထင်ရှားသော အပြောင်းအလဲများ ရှိခဲ့သည်။ သူမကို အနည်းငယ် ထိခိုက်မိမှာစိုးလို့ ခဏခဏ စိုက်ကြည့်နေကြရာ အထူးသဖြင့် သူမအမေက အလွန်စိုးရိမ်နေ၏။ မားမားရွှီက သူမတို့နှင့်အတူ လာနေလို့ရမလားလို့တောင် မေးခဲ့သေးသည်။

အတန်ကြာ ဈေးဆစ်လိုက်ပြီးနောက်တွင် ရွှီလျန်က သူမ၏မိခင်အား အကြံအစည်ကို စွန့်လွှတ်ရန် နောက်ဆုံးတွင် တောင်းဆိုခဲ့သည်။ သူမအမေသာ ပြောင်းရွှေ့လာပါက ဇနီးမောင်နှံနှစ်ဦး၏ ချစ်စဖွယ်ကောင်းသော နေ့ရက်များကို ဆိုးရွားစွာ ထိခိုက်စေမည်ဖြစ်သည်။

ရွှီလျန်မှာ ကိုယ်ဝန်ရှိနေပြီး ရှန့်ချန်ခုန်းက မအားလပ်သဖြင့် သူမနှင့် တစ်ချိန်လုံး မရှိနိုင်ပေမဲ့ ကိုယ့်ခြေကိုယ့်လက် လုပ်ရတာခြင်းက ဘာပြဿနာမှမရှိ။ သူမအမေသာ သူတို့နှင့်အတူပြောင်းနေပါက အလွန်ရှက်စရာ ကောင်းလိမ့်မည်။

ဒါပေမဲ့ မားမားရွှီက မပြောင်းလာသော်လည်း အကြိမ်တိုင်း အထပ်ထပ်အခါခါ ပြေးလွှားနေတုန်းပါပဲ။ တကယ်တော့ သူမနှင့်ဝမ်းရှုလီတို့ဟာ ရွှီလျန်ရဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အဖြစ် ဘဝရဲ့အသေးစိတ်အချက်အလက်အားလုံးကို စတင်စီစဉ်နေခဲ့ခြင်းပင်။

တဖြည်းဖြည်းနှင့် ရွှီလျန်က ကိုယ်ဝန်လက္ခဏာအချို့ကို စတင်ပြလာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ဟော်မုန်းများမှာ သူမစိတ်ခံစားမှုများကို စတင်သက်ရောက်လာပါသည်။ ကံကောင်းထောက်မစွာဖြင့် သိပ်မပြင်းထန်သဖြင့် မကြာမီတွင် ရွှီလျန် ၎င်းကို အကျင့်ဖြစ်သွားခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ရွှီလျန်၏ဗိုက်က ပို၍ထင်ရှားလာပြီး လှုပ်ရှားရခက်လာခဲ့သည်။ သူမ ဆေးရုံမှာ ဆေးစစ်ဖို့အချိန်ရောက်တိုင်း ရှန့်ချန်ခုန်းက သူမနှင့်အတူ အမြဲလိုက်သွားပေးသည်။ သူ ဆေးရုံသို့ အမြဲသွားနေရသဖြင့် စိုးရိမ်လျက်ရှိသော်လည်း မိခင်နှင့်သန္ဓေသားလေးက ကျန်းကျန်းမာမာရှိကြောင်း ကြားသိရပြီးနောက် သက်သာရာရသွားခဲ့သည်။

ယခုအချိန်တွင် ရွှီလျန်က သူမဆိုင်သို့ မသွားတော့ဘဲ ဖယောင်းတိုင်များကို သူမငှားရမ်းထားသော ဝန်ထမ်းငယ်များက အခြေခံအားဖြင့် ပြုလုပ်ကြသည်။ ရှန့်နွမ်လည်း သူမ အားသည့်အချိန်တိုင်း ဆိုင်သို့သွားပြီး ကူညီပေးပါ၏။ ယခုရက်ပိုင်းအတွင်း ရှန့်နွမ်မှာ စာသင်ရသည်မှာ မပျော်တော့ဘဲ ရွှီလျန်လိုမျိုး ဆိုင်သေးသေးလေးဖွင့်ရန် တွေးနေမိသည်။

အတွေးက သူမစိတ်ထဲမှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ရှန့်နွမ်က ကိုယ်ဝန်ဆောင်သည်ရွှီလျန်ကို ကူညီပေးရာ၌ သူမ၏ကြိုးစားအားထုတ်မှုအားလုံးကို အသုံးချလိုခဲ့သည်။ ရွှီလျန် ကလေးမမွေးမချင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချရန် သူမစီစဉ်ထားသည်။

ချစ်စရာတူမလေး ဒါမှမဟုတ် တူလေးတစ်ယောက်အကြောင်းတွေးရင်း ရှန့်နွမ် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။ ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်သည်နှင့် ကလေးလေးဟာ ဧကန်မလွဲ အလှလေးတစ်ယောက်ဖြစ်မယ်ဆိုတာ မည်သူမဆို သိသာပါလိမ့်မည်။

ထိုသို့ဖြင့် လူတိုင်းရဲ့ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုအောက်တွင် ရွှီလျန်၏မီးဖွားရက် ရောက်ရှိလာခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က မားမားရွှီဟာ တစ်ခုခုဖြစ်မည်ကို စိုးရိမ်သဖြင့် သူတို့နှင့်အတူ အမှန်တကယ် ပြောင်းရွှေ့ခဲ့သည်။ မားမားရွှီအနေနှင့် အချိန်ရောက်လာသောအခါတွင် အရွယ်ရောက်ပြီးသူ ရှန့်ချန်ခုန်းက ဘာလုပ်ရမှန်းမသိဖြစ်သွားမည်ကို စိုးရိမ်မိသည်။

အမှန်တော့ ရှန့်ချန်ခုန်းသည်လည်း မားမားရွှီလောက်ပင် သိနေပေလိမ့်မည်။ နောက်ဆုံးတွင် သူက သင်ကြားရေးဗီဒီယိုအမျိုးမျိုးကို ကြည့်ရှုခဲ့ပြီး စာအုပ်အမျိုးအစားအားလုံးကို ဆယ်ကြိမ်ထက်မက ဖတ်ခဲ့သည်။

ရွှီလျန်ကို ပို့ဆောင်ခန်းသို့ ခေါ်ဆောင်သည့်နေ့ဟာ သူတို့၏မင်္ဂလာဆောင်နေ့ကဲ့သို့ တောက်ပနေပါသည်။ ရှန့်ချန်ခုန်းနှင့် မိခင်နှစ်ဦးသည်လည်း ရွှီလျန်နှင့်အတူ အခန်းအပြင်ဘက်တွင် တစ်နေ့လုံး စခန်းချရန် အပြည့်အ၀ ကြံရွယ်ထား၏။ ရှန့်နွမ်ပင်လျှင် စိတ်ပူလာပြီး သူတို့နှင့်အတူ ဆေးရုံတွင် နေနိုင်ရန် အလုပ်မှ ခွင့်တောင်းခဲ့ရသည်။

ရွှီလျန်အနေနှင့် သဘာဝအတိုင်း မွေးဖွားရန် လုံလုံလောက်လောက် ကျန်းမာသန်စွမ်းသောကြောင့် ရွှီလျန်ကို လိုအပ်မှသာ ခွဲစိတ်ကုသရန် စောစောစီးစီး စီစဉ်ထားခဲ့သည်။

ရှန့်ချန်ခုန်း သူ ဒီနေ့ကို ဘယ်တော့မှ မမေ့နိုင်တော့ဘူးဆိုတာ သိတယ် ၊ ရွှီလျန်ကိုယ်ဝန်ဆောင်စဉ် ကာလတစ်လျှောက်လုံး သူ၏စိုးရိမ်ပူပန်မှုမှာ ယနေ့တွင် လုံးဝ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။ နိုဝင်​ဘာလ​ရောက်နေ​​သော်​လည်း သူ့တကိုယ်​လုံး ​ချွေး​တွေထွက်​လာရ၏။

ရှန့်နွမ်က သူမအစ်ကိုကြီး ဒီလောက်လေးနက်တဲ့ပုံစံကို တစ်ခါမှမမြင်ဖူးဘူး။ စာမေးပွဲပဲဖြစ်နေပါစေ ရှန့်ချန်ခုန်းဟာ အမြဲတမ်း တည်ငြိမ်နေခဲ့ခြင်း ၊ စာသင်ခန်းအပြင်မှာလည်း သူမအစ်ကိုကြီး၏ ဒီလိုအမူအရာကို မြင်ရလိမ့်မယ်လို့ တွေးလိုက်မိသည်။

ရှန့်နွမ်က အစပြုပြီး သူ့ကို နှစ်သိမ့်ပေးသည်။

"အစ်ကို ရွှီလျန်ကျဲက အရမ်းသန်မာတဲ့သူပါ.. အရာအားလုံးက အဆင်ပြေချောမွေ့သွားမှာ သေချာတယ်!"

"......"

ရှန့်ချန်ခုန်း ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် သူသည် သူ့လည်ချောင်းတွင်းမှ သဘောတူညီချက်တစ်ခုကို ညှစ်ထုတ်နိုင်ခဲ့သည်။

ရွှီလျန်က ရှန့်နွမ်ကို စိတ်မပျက်စေခဲ့ဘူး ၊ အချို့သောမိခင်များ ကလေးမွေးဖွားခြင်းမှာ အလွန်လျင်မြန်သော်လည်း တချို့မှာ တစ်နေ့တာလုံး ကြာမြင့်ပါသည်။ ရွှီလျန်အတွက်မူ ကလေးမီးဖွားပြီးရန် ခွဲစိတ်ခန်းထဲ ဝင်သွားပြီး တစ်နာရီခွဲလောက်သာ အချိန်ယူခဲ့ရ၏။ ဒါ့အပြင် သူမက ခွဲစိတ်ကုသမှု ခံယူစရာ မလိုအပ်ခဲ့။

မိသားစုက ဒေါက်တာထွက်လာသည်ကိုမြင်တော့ သူ့အနားတွင် စုဝေးသွားကြသည်။ ဒေါက်တာက မြန်မြန်ဆန်ဆန် အာမခံပေးလိုက်ပါ၏။

"အမေရော သမီးပါ ဘေးကင်းပြီး ကျန်းမာပါတယ်"


______________________


႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔ လက္ထပ္ၿပီးေနာက္တြင္ အနီေရာင္ဘူးေလးကို အေအးနန္းေဆာင္ထဲသို႔ ေခတၱပယ္ထုတ္ထားခဲ့သည္။ သူတို႔ဟာ ဇနီးေမာင္ႏွံကဲ့သို႔ ဆက္လက္ျပဳမူေနၾကစဥ္တြင္ ၎တို႔၏ခႏၶာကိုယ္ႏွင့္စိတ္သည္ ထိပ္တန္းအေျခအေနျဖစ္ေၾကာင္း ေသခ်ာေစရန္အတြက္ ၎တို႔၏အစားအေသာက္ႏွင့္ ေလ့က်င့္ခန္းမ်ားကို အထူးဂ႐ုျပဳလာၾကသည္။

အခ်ိန္အေတာ္ၾကာ အလုပ္ႀကိဳးစားၿပီးေနာက္ ႐ႊီလ်န္သည္ သူမ၏ 'အန္တီ'*က ယခုလအတြင္း အလည္အပတ္ မလာခဲ့ေၾကာင္း ေတြ႕ရွိခဲ့၏။ အခ်ိန္အေတာ္ၾကာေအာင္ စဥ္းစားၿပီးမွ သူတို႔ေအာင္ျမင္သြားတာလို႔ သူမ ေတြးေနမိသည္။

( * ရာသီလာခ်ိန္ )

႐ႊီလ်န္အေနႏွင့္ သူမ၏ 'အန္တီ' အလည္အပတ္ လာျခင္းမရွိသည္မွလြဲ၍ ႐ႊီလ်န္ခႏၶာကိုယ္က ေျပာင္းလဲျခင္း သို႔မဟုတ္ မူမမွန္ျခင္းတို႔ မျပေသာေၾကာင့္ သိပ္မေသခ်ာ ၊ မင္းရဲ႕ 'အန္တီ' အလည္အပတ္ မလာသည္က အေၾကာင္းရင္း အေတာ္မ်ားမ်ားေၾကာင့္ ျဖစ္နိုင္တယ္။

ထို႔ေၾကာင့္ စိတ္ခ်ရေအာင္ ႐ႊီလ်န္က အလုပ္မွ ေန႕တဝက္ အနားယူၿပီး ေဆး႐ုံသို႔ သြားေရာက္စစ္ေဆးခဲ့သည္။ ရလဒ္ကို ေစာင့္ဆိုင္းေနစဥ္တြင္ ႐ႊီလ်န္ တုန္လႈပ္ေနမိပါ၏။

စမ္းသပ္မႈရလဒ္ထြက္လာေသာအခါ ေဒါက္တာက ႐ႊီလ်န္ကို အမွန္တကယ္ ကိုယ္ဝန္ရွိေနေၾကာင္း ေျပာျပခဲ့သည္။ ပထမစကၠန႔္အနည္းငယ္တြင္ ႐ႊီလ်န္ အံ့အားသင့္သြားေသာ္လည္း ခ်က္ခ်င္းလက္ခံလိုက္၏။ သူမ ေဆးစစ္ခ်က္ကို ေအးေအးေဆးေဆး ခံယူကာ ေဆး႐ုံမွဆင္းၿပီးေနာက္ ရွန့္ခ်န္ခုန္းထံ မက္ေဆ့ခ်္ပို႔သည္။

ဇနီးေလး : [ ကြၽန္မ ေဆးစစ္ၿပီး အခုေလးတင္ ေဆး႐ုံကျပန္လာတာ.. ေဒါက္တာက ကြၽန္မမွာ ကိုယ္ဝန္ရွိေနၿပီလို႔ ေျပာတယ္ ]

႐ႊီလ်န္က မက္ေဆ့ခ္်ႏွင့္အတူ အာထရာေဆာင္း ဓာတ္ပုံအခ်ိဳ႕ကိုပါ ပို႔ခဲ့သည္။

႐ႊီလ်န္၏မက္ေဆ့ခ်္မ်ားကို ျမင္ၿပီးေနာက္ ရွန့္ခ်န္ခုန္းက သူမကို တိုက္ရိုက္ဖုန္းဆက္သည္။ ႐ႊီလ်န္က ရွန့္ခ်န္ခုန္း၏ဖုန္းေခၚဆိုမႈကို ေျဖၾကားသည့္အခ်ိန္၌ သူမဆိုင္သို႔ ျပန္ေရာက္ရွိေနၿပီျဖစ္သည္။

႐ႊီလ်န္ စကားေျပာတာကိုေတာင္ မေစာင့္ေတာ့ဘဲ ရွန့္ခ်န္ခုန္းက စိတ္အားထက္သန္စြာ ေမးလာ၏။

"ကိုယ္ မင္းမက္ေဆ့ခ်္ကို ေတြ႕တယ္ မင္း ေနလို႔ေကာင္းရဲ႕လား"

"ကြၽန္မ ေနေကာင္းပါတယ္ ထူးထူးျခားျခား ခံစားရတာ မရွိပါဘူး"

ရွန့္ခ်န္ခုန္းက သိသိသာသာပင္ စိတ္လႈပ္ရွားေနပါသည္။ သူ အသက္ရႉသြင္းၿပီး ေမး၏။

"မင္း တစ္ေယာက္တည္း ေဆး႐ုံသြားခဲ့တာလား? ကိုယ့္ကို မင္းနဲ႕လိုက္ခဲ့ဖို႔ ဘာလို႔မေျပာတာလဲ"

"ဘာလို႔လဲဆိုတာ မေသခ်ာေသးလို႔ပါ.. ရွင့္ကိုမေျပာခင္ အရင္စစ္ေဆးၾကည့္ခ်င္လို႔"

"အခု အိမ္ျပန္ေရာက္ေနၿပီလား"

"အင္း ကြၽန္မဆိုင္မွာ"

"ဘာလို႔ ဆိုင္ကို ျပန္လာတာလဲ"

႐ႊီလ်န္ အလြန္ေပ်ာ္ေနသည္။

"ဘာလို႔အိမ္ျပန္ရမွာလဲ ကြၽန္မ အဲ့ေလာက္ထိ မဟုတ္ေသးပါဘူး"

သူ အလြန္စိတ္လႈပ္ရွားေနမွန္း ေနာက္ဆုံးတြင္ ရွန့္ခ်န္ခုန္း နားလည္သြားသည္။ ဒါေပမဲ့ သူ ဖခင္တစ္ေယာက္ျဖစ္ေတာ့မယ္ဆိုတာလည္း သေဘာေပါက္သြား၏။ သူ ဘယ္လိုလုပ္ စိတ္မပူဘဲေနမည္နည္း?

"ဒါဆို ဒီေန႕ အလုပ္ ေစာေစာလတ္စသတ္ၿပီးေတာ့ ညစာစားဖို႔ အေမ့အိမ္ကို တန္းသြားလိုက္ေတာ့ ကိုယ္ အျမန္ဆုံး အိမ္ျပန္လာခဲ့မယ္"

"ေကာင္းပါၿပီ"

"ဒါနဲ႕ မင္းမိဘေတြကိုေရာ ေျပာၿပီးၿပီလား"

"မေျပာရေသးဘူး ကြၽန္မ သူတို႔ကို ေနာက္မွေျပာျပဖို႔စီစဥ္ထားတယ္"

"အင္းပါ စိတ္ခ်ပါ"

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းရဲ႕တက်ည္က်ည္လုပ္ေနျခင္းကို မိနစ္အနည္းငယ္ၾကာေအာင္ နားေထာင္ၿပီးေနာက္ ဖုန္းခ်လိဳက္သည္။ ရွန့္ခ်န္ခုန္း ဖုန္းခ်လိဳက္သည္ႏွင့္ သူ႕လုပ္ေဖာ္ကိုင္ဖက္ေတြက သူ႕အနားဝိုင္းလာၿပီး ဘာလို႔ ဒီေလာက္ထိ စိတ္လႈပ္ရွားေနရတာလဲလို႔ ေမးလာၾက၏။

ရွန့္ခ်န္ခုန္းက ၿပဳံးၿပီး ျပန္ေျဖသည္။

"ဘာမွမဟုတ္ပါဘူး ကြၽန္ေတာ္ အေဖျဖစ္ေတာ့မွာမလို႔ပါ"

သူ ဤသို႔ေျပာၿပီးသည္ႏွင့္ ႐ုံးခန္းမွာ တတ္ႂကြလာေတာ့သည္။ ရွန့္ခ်န္ခုန္းက ငယ္႐ြယ္ႏုပ်ိဳၿပီး ယခုမွ အိမ္ေထာင္ျပဳထားေသာ ေခ်ာေမာေသာ အမ်ိဳးသားတစ္ဦးျဖစ္ရာ အခုခ်ိန္တြင္ ဖခင္တစ္ေယာက္ျဖစ္ေတာ့မည္ျဖစ္သည္။ ႐ုံးရွိလူတိုင္းအတြက္ သူဟာ ရိုးရိုးရွင္းရွင္း ဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္သူတစ္ေယာက္ပဲ။

ရွန့္ခ်န္ခုန္းကို ဝမ္းသာအားရ ဂုဏ္ျပဳအၿပီးတြင္ အားလုံးဟာ အလုပ္သို႔ ခ်က္ခ်င္းျပန္သြားၾကသည္။

ရွန့္ခ်န္ခုန္း ခါတိုင္းထက္ေစာၿပီး အလုပ္မွဆင္း၍ သူ႕အေမအိမ္သို႔ တန္းသြားသည္။ သူေရာက္သြားခ်ိန္တြင္ ဆိုဖာေပၚမွာ ထိုင္ေနေသာ ဝမ္းရႈလီကိုေတြ႕ၿပီး ႐ႊီလ်န္က တစ္ခုခုကို စိတ္လႈပ္ရွားစြာ ေျပာျပေန၏။ ရွန့္ႏြမ္ပင္လွ်င္ ေနရာတြင္ရွိေနသည္။

"အစ္ကို ျပန္လာၿပီလား!"

ရွန့္ႏြမ္က ရွန့္ခ်န္ခုန္း ေရာက္လာသည္ကို ပထမဆုံးသတိျပဳမိၿပီး အံ့အားသင့္စြာ ထေအာ္လိုက္သည္။ ဝမ္းရႈလီက သူ႕သမီးျဖစ္သူကို ၾကည့္ၿပီး အျပစ္တင္လိုဟန္ျဖင့္

"မေအာ္ရဘူးေလ ႐ႊီလ်န္ကို လန့္သြားေစလိမ့္မယ္"

႐ႊီလ်န္မွာ ရယ္ရမလား ငိုရမလား မသိေတာ့ ၊ သူမက ဒီေလာက္ထိ ႏုနယ္ေနတာ မဟုတ္။

သို႔ေသာ္လည္း ရွန့္ႏြမ္အေနႏွင့္ သူမအေမ၏စကားက က်ိဳးေၾကာင္းဆီေလ်ာ္သည္ဟု ထင္သည္။ သူမ အသံကို ေလွ်ာ့လိုက္ၿပီး ေခါင္းညိတ္လိုက္သည္။

"အင္းပါ ဟုတ္ကဲ့ ဟုတ္ကဲ့ သမီး ေနာက္ဆို ပိုအာ႐ုံစိုက္ပါ့မယ္"

ရွန့္ခ်န္ခုန္းမွာ သူ႕အကၤ်ီခြၽတ္ဖို႔ကိုေတာင္ စိတ္မဝင္စားေတာ့ဘဲ ႐ႊီလ်န္ေရွ႕မွာ ခ်က္ခ်င္း ငုတ္တုတ္ေလး ထိုင္ခ်လိဳက္သည္။ သူမလက္ေလးကို ဆုပ္ကိုင္ထားလ်က္ ေႏြးေထြးစြာ ေမးလာ၏။

"အဆင္ေျပရဲ႕လား"

႐ႊီလ်န္က သူ႕ကို ၿပဳံးျပၿပီး ျပန္ေျဖသည္။

"ဘာလို႔အဆင္မေျပရမွာလဲ"

ရိုးရိုးသားသားေျပာရရင္ ရွန့္ခ်န္ခုန္းအေနႏွင့္ သူ ဘာေၾကာင့္ ဒီလိုေမးခြန္းမ်ိဳး ေမးမိသည္မသိ ၊ တစ္ေန႕လုံး သူ႕ႏွလုံးသားကို ႀကိဳးနဲ႕ခ်ည္ထားသလို ခံစားေနရတယ္။ ယခုမွပင္ ႐ႊီလ်န္၏ေဘးတြင္ ရွိေနသည့္အခ်ိန္မွ ရွန့္ခ်န္ခုန္းမွာ ေနာက္ဆုံးတြင္ သက္ေတာင့္သက္သာ ရွိသြားပါေတာ့သည္။

ဝမ္းရႈလီက မတ္တပ္ရပ္ၿပီး

"အေမက ညစာစားၿပီးၿပီမလို႔ ျပင္ေပးမယ္"

"သမီး ကူညီေပးမယ္"

ရွန့္ႏြမ္က မီးဖိုေခ်ာင္ထဲသို႔ လိုက္သြားၿပီး ဟင္းပြဲမ်ားကို အတူတူေနရာခ်ေပးသည္။

ရွန့္ခ်န္ခုန္းက ႐ႊီလ်န္အား ဆိုဖာေပၚမွထရန္ ကူညီေပးၿပီး စားပြဲဆီသို႔ ေခၚသြားသည္။ ထိုင္ၿပီးေနာက္ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းဘက္သို႔ လွည့္၍ ေျပာ၏။

"ရွင္ အရမ္းစိတ္လႈပ္ရွားေနတယ္ေနာ္ ကြၽန္မကိုယ္ဝန္က ရက္သတၱပတ္နည္းနည္းပဲရွိေသးတာပါ"

"ဒါက ကိုယ္တို႔ အထူးသတိထားရမဲ့အခ်ိန္ပဲ"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ကြၽန္မ နားလည္ပါၿပီ ကြၽန္မ ေသခ်ာဂ႐ုစိုက္ပါ့မယ္"
 
ဝမ္းရႈလီသည္ ႐ႊီလ်န္တြင္ ကိုယ္ဝန္ရွိေနေၾကာင္း သိလိုက္ရေသာအခါ သတိထားရန္ ေျပာေနခဲ့သည္။ ယခု ရွန့္ခ်န္ခုန္း အိမ္ျပန္ေရာက္ေတာ့လည္း စားေသာက္ေနစဥ္တစ္ေလွ်ာက္လုံး ဝမ္းရႈလီက သူမသားျဖစ္သူအား ႐ႊီလ်န္ကို ေသခ်ာဂ႐ုစိုက္ဖို႔ မွာေနေလသည္။ ဝမ္းရႈလီက အဆက္မျပတ္ ေျပာဆိုေနေသာ္လည္း သူမ၏ဆိုလိုရင္းမွာ တစ္ခုတည္းသာ : မင္းရဲ႕ကိုယ္ဝန္ေဆာင္ဇနီးသည္ကို ဂ႐ုစိုက္!

ရွန့္ခ်န္ခုန္းက သူ႕အေမ၏စကားတိုင္းကို ေလးနက္စြာ ေခါင္းညိတ္ျပသည္။ ညစာစားၿပီးေသာအခါ သူႏွင့္႐ႊီလ်န္ အိမ္သို႔ျပန္ခဲ့ၾကသည္။ အရင္ဆုံး ႐ႊီလ်န္ ေရခ်ိဳးၿပီးေနာက္ သူမ၏ကိုယ္ဝန္အေၾကာင္းကို မိဘမ်ားအားေျပာျပရန္ သူမဖုန္းကို ေကာက္ကိုင္လိုက္သည္။

မၾကာေသးမီက ဖခင္ျဖစ္သူသည္ နိုင္ငံရပ္ျခားတြင္ အလုပ္သြားလုပ္ေသာေၾကာင့္ သူမအေဖႏွင့္အေမေရာ နိုင္ငံျခားတြင္ ေနၾကသည္။ အရင္တစ္ေခါက္က သူမအေမက ႐ႊီလ်န္ရဲ႕ေကာင္ေလးနဲ႕ေတြ႕ဖို႔ အထူးတလည္ တ႐ုတ္ျပည္ကို ျပန္လာခဲ့သည္။ သူမသမီးျဖစ္သူ၏ ကိုယ္ဝန္ကိုသိေသာအခါတြင္လည္း သူမ ဤကဲ့သို႔ ေနာက္တစ္ႀကိမ္ ျပန္လုပ္လိမ့္မည္ဟု ႐ႊီလ်န္ ခံစားေနရ၏။

႐ႊီလ်န္ေျပာတာ မွန္တယ္ ၊ သူမအေမကို ေျပာျပၿပီးသည္ႏွင့္ မားမား႐ႊီရဲ႕ ပထမဆုံးတုံ႕ျပန္ခ်က္က ေလယာဥ္လက္မွတ္ဝယ္ဖို႔ပါပဲ။ သူမရဲ႕ဒုတိယတုံ႕ျပန္ခ်က္မွာ ႐ႊီလ်န္အား အဘယ္ေၾကာင့္ ခ်က္ခ်င္းမေျပာျပရတာလဲလို႔ ေမးျမန္းရန္ပင္။

"အေမ ဒီကို ခ်က္ခ်င္း ျပန္လာမွာေၾကာက္လို႔ သမီး မေျပာျပခဲ့တာ"

မားမား႐ႊီက ေဒါသတႀကီးျဖင့္

"အေမတို႔ျပန္လာၿပီး သမီးကို မေတြ႕ရရင္ ဘယ္လိုစိတ္ခ်နိဳင္မွာလဲ? သမီး ေကာင္းေကာင္းေတာင္ မခ်က္တတ္ရင္ သမီးေရာ သမီးကေလးကိုပါ ဘယ္လိုဂ႐ုစိုက္နိုင္မွာလဲ"

"အေမ ဘာကိုေျပာတာလဲ သမီးက ေကာင္းေကာင္းမခ်က္တတ္ဘူး? ရွန့္ခ်န္ခုန္း သမီးကို အမ်ားႀကီး သင္ေပးထားတယ္.. သမီး အခု ဟင္းမ်ိဳးစုံ ခ်က္တတ္ေနၿပီ"

"ေအးပါ ဟုတ္ပါၿပီ သမီးက အေတာ္ဆုံးပါပဲ.. အေမ မနက္ျဖန္အတြက္ လက္မွတ္ဝယ္ၿပီးၿပီ သမီး ေလဆိပ္မွာ လာႀကိဳစရာမလိုဘူး အေမ တကၠစီစီးလာခဲ့မယ္"

"အင္း ေကာင္းပါၿပီ"

ရွန့္ခ်န္ခုန္း ေရခ်ိဳးၿပီး အိပ္ခန္းထဲျပန္ဝင္လာၿပီးေနာက္ ႐ႊီလ်န္က သူ႕အေမႏွင့္ စကားစျမည္ေျပာေနေသးသည္။ ထို႔ေၾကာင့္ မားမား႐ႊီက ရွန့္ခ်န္ခုန္းရဲ႕ ႏႈတ္ဆက္စကားေျပာသံကို ၾကားလိုက္သည္ႏွင့္ သူမက စကားဝိုင္းထဲသို႔ ဆြဲေခၚသြားၿပီး ဖုန္းေခၚဆိုမႈမွာ ေနာက္ထပ္ နာရီဝက္ၾကာသြားေလသည္။ ႐ႊီလ်န္က အေမျဖစ္သူ၏ၿငီးတြားျခင္းကို မခံနိုင္ေတာ့ဘဲ ဖုန္းေခၚဆိုမႈကို ၿပီးသြားသည္အထိ ႐ႊီလ်န္အား မည္သို႔ျပဳစုရမည္ကို ရွန့္ခ်န္ခုန္းအား မားမား႐ႊီမွ အႀကံေပးခဲ့သည္။

႐ႊီလ်န္က ကုတင္ေခါင္းရင္းကို မွီကာ သက္ျပင္းခ်လိဳက္သည္။

"ကြၽန္မ ေနေကာင္းေနေပမဲ့ အခု ရွင္ ကြၽန္မကို စိတ္ရႈပ္ေအာင္လုပ္လိုက္တာပဲ"

ရွန့္ခ်န္ခုန္းက သူမေဘးတြင္ ထိုင္ခ်လိဳက္ၿပီး သူမကို သူ႕လက္ေမာင္းမ်ားျဖင့္ ညင္သာစြာ ဖက္ထား၏။

"ကိုယ္ဝန္ေဆာင္တာက အေသးအဖြဲကိစၥမဟုတ္ဘူး..  လူတိုင္းအတြက္ စိုးရိမ္ပူပန္မႈဆိုတာ သာမန္ပါပဲ ရိုးရိုးသားသားေျပာရရင္ ဒါက အိပ္မက္တစ္ခုလို ကိုယ္ ခံစားေနရတုန္းပဲ"

႐ႊီလ်န္ဟာ သူမမွာ ကိုယ္ဝန္ရွိေနေၾကာင္း သိလိုက္ရေပမဲ့လည္း အမွန္အတိုင္းေျပာရရင္ေတာ့ ကေလးရွိေနၿပီဆိုတာကို သိလိုက္ရတဲ့ေနာက္ အမ်ိဳးသမီးအမ်ားစု ခံစားရတဲ့ ခံစားခ်က္ကို သူမ မခံစားခဲ့ရပါဘူး။ သူမ ရွန့္ခ်န္ခုန္းရင္ခြင္ထဲ ေခါင္းမွီထားရင္း သူ႕ရဲ႕တည္ၿငိမ္တဲ့ ရင္ခုန္သံကို နားေထာင္ေန၏။

"ရိုးရိုးသားသားေျပာရရင္ ကြၽန္မ morning sickness စၿပီဆိုတာနဲ႕ ဒါက အမွန္ဆိုတာ ကြၽန္မ သေဘာေပါက္သြားမယ္လို႔ ထင္တယ္"

ရွန့္ခ်န္ခုန္းက ကူကယ္ရာမဲ့စြာ ၿပဳံးၿပီး

"မင္း တစ္ခုခု လုပ္စရာမလိုသလို ခံစားေနစရာလဲ မလိုဘူး.. ေနာက္ၿပီး morning sickness ဆိုတာ ေစာင့္ေမွ်ာ္ေနရမဲ့အရာ မဟုတ္ဘူး"

"ကြၽန္မ ဘာလုပ္ရမလဲ? ေနာက္ႏွစ္လေလာက္ေတာ့ ကြၽန္မ ေနထိုင္မေကာင္းျဖစ္ေတာ့မယ္"
 
ရွန့္ခ်န္ခုန္း ေခါင္းငုံ႕ၿပီး သူ႕ဇနီးေလးကို နမ္းလိုက္သည္။ ႏူးညံ့ေသာေလသံျဖင့္ သူက

"မင္းအတြက္ ခက္ခဲမွာပဲ.. ေနာက္ဆို မင္းအဆင္မေျပရင္ ကိုယ့္ကို တိုက္ရိုက္ဖုန္းဆက္လိုက္ေနာ္"

"အင္းပါ"

ခဏအၾကာတြင္ ရွန့္ခ်န္ခုန္းက သူမကို ကုတင္ေပၚတြင္ လွဲေလ်ာင္းေစလိုက္သည္။

"ေစာေစာအိပ္"

သူ ႐ႊီလ်န္ကို ေစာင္ကူၿခဳံေပးၿပီးေနာက္ သူမေဘးတြင္ လွဲခ်လိဳက္သည္။ ႐ႊီလ်န္က သူ႕ကို ေပြ႕ဖက္လိုက္ၿပီး ျမန္ျမန္ အိပ္ေပ်ာ္သြားေတာ့သည္။

ထိုေန႕ၿပီးေနာက္ ႐ႊီလ်န္ရဲ႕ဘဝမွာ မ်ားစြာေျပာင္းလဲျခင္းေတာ့ မရွိခဲ့ ၊ သူမက ေန႕တိုင္း အလုပ္သြားေနဆဲျဖစ္ၿပီး ေလ့က်င့္ခန္းလုပ္ရန္ အနည္းငယ္သာ အာ႐ုံစိုက္ေနေသးသည္။ ကံေကာင္းေထာက္မစြာျဖင့္ သူမဟာ မနက္ခင္းမွာ အၿမဲေျပးတတ္တဲ့ အေလ့အက်င့္ရွိတာေၾကာင့္ သူမရဲ႕ခႏၶာကိုယ္ႀကံ့ခိုင္မႈက ေကာင္းမြန္သည္။ သူမဘဝရဲ႕ ဘယ္အစိတ္အပိုင္းကိုမွ အရမ္းႀကီး ေျပာင္းလဲပစ္ဖို႔ မလိုအပ္ဘူး။

သူမရဲ႕အစားအေသာက္ကလြဲလို႔ တျခားဘာကိုမွ အာ႐ုံစိုက္ဖို႔ မလိုအပ္ေတာ့တာမလို႔ ႐ႊီလ်န္ ေထြေထြထူးထူး လုပ္စရာမရွိ ၊ ယင္းႏွင့္ဆန႔္က်င္ဘက္အားျဖင့္ သူမပတ္ဝန္းက်င္ရွိ လူမ်ားတြင္ ပိုမိုထင္ရွားေသာ အေျပာင္းအလဲမ်ား ရွိခဲ့သည္။ သူမကို အနည္းငယ္ ထိခိုက္မိမွာစိုးလို႔ ခဏခဏ စိုက္ၾကည့္ေနၾကရာ အထူးသျဖင့္ သူမအေမက အလြန္စိုးရိမ္ေန၏။ မားမား႐ႊီက သူမတို႔ႏွင့္အတူ လာေနလို႔ရမလားလို႔ေတာင္ ေမးခဲ့ေသးသည္။

အတန္ၾကာ ေဈးဆစ္လိုက္ၿပီးေနာက္တြင္ ႐ႊီလ်န္က သူမ၏မိခင္အား အႀကံအစည္ကို စြန႔္လႊတ္ရန္ ေနာက္ဆုံးတြင္ ေတာင္းဆိုခဲ့သည္။ သူမအေမသာ ေျပာင္းေ႐ႊ႕လာပါက ဇနီးေမာင္ႏွံႏွစ္ဦး၏ ခ်စ္စဖြယ္ေကာင္းေသာ ေန႕ရက္မ်ားကို ဆိုး႐ြားစြာ ထိခိုက္ေစမည္ျဖစ္သည္။

႐ႊီလ်န္မွာ ကိုယ္ဝန္ရွိေနၿပီး ရွန့္ခ်န္ခုန္းက မအားလပ္သျဖင့္ သူမႏွင့္ တစ္ခ်ိန္လုံး မရွိနိုင္ေပမဲ့ ကိုယ့္ေျခကိုယ့္လက္ လုပ္ရတာျခင္းက ဘာျပႆနာမွမရွိ။ သူမအေမသာ သူတို႔ႏွင့္အတူေျပာင္းေနပါက အလြန္ရွက္စရာ ေကာင္းလိမ့္မည္။

ဒါေပမဲ့ မားမား႐ႊီက မေျပာင္းလာေသာ္လည္း အႀကိမ္တိုင္း အထပ္ထပ္အခါခါ ေျပးလႊားေနတုန္းပါပဲ။ တကယ္ေတာ့ သူမႏွင့္ဝမ္းရႈလီတို႔ဟာ ႐ႊီလ်န္ရဲ႕ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ဘဝရဲ႕အေသးစိတ္အခ်က္အလက္အားလုံးကို စတင္စီစဥ္ေနခဲ့ျခင္းပင္။

တျဖည္းျဖည္းႏွင့္ ႐ႊီလ်န္က ကိုယ္ဝန္လကၡဏာအခ်ိဳ႕ကို စတင္ျပလာခဲ့ၿပီး ေနာက္ဆုံးတြင္ သူမ၏ေဟာ္မုန္းမ်ားမွာ သူမစိတ္ခံစားမႈမ်ားကို စတင္သက္ေရာက္လာပါသည္။ ကံေကာင္းေထာက္မစြာျဖင့္ သိပ္မျပင္းထန္သျဖင့္ မၾကာမီတြင္ ႐ႊီလ်န္ ၎ကို အက်င့္ျဖစ္သြားခဲ့၏။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် ႐ႊီလ်န္၏ဗိုက္က ပို၍ထင္ရွားလာၿပီး လႈပ္ရွားရခက္လာခဲ့သည္။ သူမ ေဆး႐ုံမွာ ေဆးစစ္ဖို႔အခ်ိန္ေရာက္တိုင္း ရွန့္ခ်န္ခုန္းက သူမႏွင့္အတူ အၿမဲလိုက္သြားေပးသည္။ သူ ေဆး႐ုံသို႔ အၿမဲသြားေနရသျဖင့္ စိုးရိမ္လ်က္ရွိေသာ္လည္း မိခင္ႏွင့္သေႏၶသားေလးက က်န္းက်န္းမာမာရွိေၾကာင္း ၾကားသိရၿပီးေနာက္ သက္သာရာရသြားခဲ့သည္။

ယခုအခ်ိန္တြင္ ႐ႊီလ်န္က သူမဆိုင္သို႔ မသြားေတာ့ဘဲ ဖေယာင္းတိုင္မ်ားကို သူမငွားရမ္းထားေသာ ဝန္ထမ္းငယ္မ်ားက အေျခခံအားျဖင့္ ျပဳလုပ္ၾကသည္။ ရွန့္ႏြမ္လည္း သူမ အားသည့္အခ်ိန္တိုင္း ဆိုင္သို႔သြားၿပီး ကူညီေပးပါ၏။ ယခုရက္ပိုင္းအတြင္း ရွန့္ႏြမ္မွာ စာသင္ရသည္မွာ မေပ်ာ္ေတာ့ဘဲ ႐ႊီလ်န္လိုမ်ိဳး ဆိုင္ေသးေသးေလးဖြင့္ရန္ ေတြးေနမိသည္။

အေတြးက သူမစိတ္ထဲမွာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္ေသာ္လည္း ရွန့္ႏြမ္က ကိုယ္ဝန္ေဆာင္သည္႐ႊီလ်န္ကို ကူညီေပးရာ၌ သူမ၏ႀကိဳးစားအားထုတ္မႈအားလုံးကို အသုံးခ်လိဳခဲ့သည္။ ႐ႊီလ်န္ ကေလးမေမြးမခ်င္း ဆုံးျဖတ္ခ်က္တစ္စုံတစ္ရာမခ်ရန္ သူမစီစဥ္ထားသည္။

ခ်စ္စရာတူမေလး ဒါမွမဟုတ္ တူေလးတစ္ေယာက္အေၾကာင္းေတြးရင္း ရွန့္ႏြမ္ စိတ္လႈပ္ရွားစြာ ၿပဳံးလိုက္သည္။ ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔ရဲ႕မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ ကေလးေလးဟာ ဧကန္မလြဲ အလွေလးတစ္ေယာက္ျဖစ္မယ္ဆိုတာ မည္သူမဆို သိသာပါလိမ့္မည္။

ထိုသို႔ျဖင့္ လူတိုင္းရဲ႕ျပင္းထန္တဲ့ စိတ္လႈပ္ရွားမႈေအာက္တြင္ ႐ႊီလ်န္၏မီးဖြားရက္ ေရာက္ရွိလာခဲ့သည္။ လြန္ခဲ့သည့္ ရက္သတၱပတ္အနည္းငယ္က မားမား႐ႊီဟာ တစ္ခုခုျဖစ္မည္ကို စိုးရိမ္သျဖင့္ သူတို႔ႏွင့္အတူ အမွန္တကယ္ ေျပာင္းေ႐ႊ႕ခဲ့သည္။ မားမား႐ႊီအေနႏွင့္ အခ်ိန္ေရာက္လာေသာအခါတြင္ အ႐ြယ္ေရာက္ၿပီးသူ ရွန့္ခ်န္ခုန္းက ဘာလုပ္ရမွန္းမသိျဖစ္သြားမည္ကို စိုးရိမ္မိသည္။

အမွန္ေတာ့ ရွန့္ခ်န္ခုန္းသည္လည္း မားမား႐ႊီေလာက္ပင္ သိေနေပလိမ့္မည္။ ေနာက္ဆုံးတြင္ သူက သင္ၾကားေရးဗီဒီယိုအမ်ိဳးမ်ိဳးကို ၾကည့္ရႈခဲ့ၿပီး စာအုပ္အမ်ိဳးအစားအားလုံးကို ဆယ္ႀကိမ္ထက္မက ဖတ္ခဲ့သည္။

႐ႊီလ်န္ကို ပို႔ေဆာင္ခန္းသို႔ ေခၚေဆာင္သည့္ေန႕ဟာ သူတို႔၏မဂၤလာေဆာင္ေန႕ကဲ့သို႔ ေတာက္ပေနပါသည္။ ရွန့္ခ်န္ခုန္းႏွင့္ မိခင္ႏွစ္ဦးသည္လည္း ႐ႊီလ်န္ႏွင့္အတူ အခန္းအျပင္ဘက္တြင္ တစ္ေန႕လုံး စခန္းခ်ရန္ အျပည့္အ၀ ႀကံ႐ြယ္ထား၏။ ရွန့္ႏြမ္ပင္လွ်င္ စိတ္ပူလာၿပီး သူတို႔ႏွင့္အတူ ေဆး႐ုံတြင္ ေနနိုင္ရန္ အလုပ္မွ ခြင့္ေတာင္းခဲ့ရသည္။

႐ႊီလ်န္အေနႏွင့္ သဘာဝအတိုင္း ေမြးဖြားရန္ လုံလုံေလာက္ေလာက္ က်န္းမာသန္စြမ္းေသာေၾကာင့္ ႐ႊီလ်န္ကို လိုအပ္မွသာ ခြဲစိတ္ကုသရန္ ေစာေစာစီးစီး စီစဥ္ထားခဲ့သည္။

ရွန့္ခ်န္ခုန္း သူ ဒီေန႕ကို ဘယ္ေတာ့မွ မေမ့နိုင္ေတာ့ဘူးဆိုတာ သိတယ္ ၊ ႐ႊီလ်န္ကိုယ္ဝန္ေဆာင္စဥ္ ကာလတစ္ေလွ်ာက္လုံး သူ၏စိုးရိမ္ပူပန္မႈမွာ ယေန႕တြင္ လုံးဝ အထြတ္အထိပ္သို႔ ေရာက္ရွိသြားေလသည္။ နိုဝင္​ဘာလ​ေရာက္ေန​​ေသာ္​လည္း သူ႕တကိုယ္​လုံး ​ေခြၽး​ေတြထြက္​လာရ၏။

ရွန့္ႏြမ္က သူမအစ္ကိုႀကီး ဒီေလာက္ေလးနက္တဲ့ပုံစံကို တစ္ခါမွမျမင္ဖူးဘူး။ စာေမးပြဲပဲျဖစ္ေနပါေစ ရွန့္ခ်န္ခုန္းဟာ အၿမဲတမ္း တည္ၿငိမ္ေနခဲ့ျခင္း ၊ စာသင္ခန္းအျပင္မွာလည္း သူမအစ္ကိုႀကီး၏ ဒီလိုအမူအရာကို ျမင္ရလိမ့္မယ္လို႔ ေတြးလိုက္မိသည္။

ရွန့္ႏြမ္က အစျပဳၿပီး သူ႕ကို ႏွစ္သိမ့္ေပးသည္။

"အစ္ကို ႐ႊီလ်န္က်ဲက အရမ္းသန္မာတဲ့သူပါ.. အရာအားလုံးက အဆင္ေျပေခ်ာေမြ႕သြားမွာ ေသခ်ာတယ္!"

"......"

ရွန့္ခ်န္ခုန္း ခဏမွ် တိတ္ဆိတ္သြားသည္။ ေနာက္ဆုံးတြင္ သူသည္ သူ႕လည္ေခ်ာင္းတြင္းမွ သေဘာတူညီခ်က္တစ္ခုကို ညွစ္ထုတ္နိုင္ခဲ့သည္။

႐ႊီလ်န္က ရွန့္ႏြမ္ကို စိတ္မပ်က္ေစခဲ့ဘူး ၊ အခ်ိဳ႕ေသာမိခင္မ်ား ကေလးေမြးဖြားျခင္းမွာ အလြန္လ်င္ျမန္ေသာ္လည္း တခ်ိဳ႕မွာ တစ္ေန႕တာလုံး ၾကာျမင့္ပါသည္။ ႐ႊီလ်န္အတြက္မူ ကေလးမီးဖြားၿပီးရန္ ခြဲစိတ္ခန္းထဲ ဝင္သြားၿပီး တစ္နာရီခြဲေလာက္သာ အခ်ိန္ယူခဲ့ရ၏။ ဒါ့အျပင္ သူမက ခြဲစိတ္ကုသမႈ ခံယူစရာ မလိုအပ္ခဲ့။

မိသားစုက ေဒါက္တာထြက္လာသည္ကိုျမင္ေတာ့ သူ႕အနားတြင္ စုေဝးသြားၾကသည္။ ေဒါက္တာက ျမန္ျမန္ဆန္ဆန္ အာမခံေပးလိုက္ပါ၏။

"အေမေရာ သမီးပါ ေဘးကင္းၿပီး က်န္းမာပါတယ္"


______________________

Seguir leyendo

Tambiรฉn te gustarรกn

26.1K 3.4K 37
แ€€แ€ปแ€„แ€บแ€ทแ€šแ€ญแ€แ€”แ€บ ร— แ€œแ€ฏแ€ถแ€แ€ปแ€ฎ "แ€€แ€ปแ€ฝแ€”แ€บโ€‹แ€แ€ฑแ€ฌแ€บ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บ โ€‹แ€žแ€ฑโ€‹แ€•แ€ฑแ€ธแ€œแ€ญแ€ฏแ€€แ€บแ€–แ€ญแ€ฏแ€ท แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€žแ€œแ€ญแ€ฏ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บแ€”แ€ฒแ€ทแ€•แ€ฒ แ€กแ€žแ€€แ€บ แ‰แˆ แ€”แ€พแ€…แ€บแ€‘แ€ญ แ€กแ€žแ€€แ€บแ€›แ€พแ€„แ€บแ€žแ€ฝแ€ฌแ€ธโ€‹แ€•แ€ฑแ€ธแ€–แ€ญแ€ฏแ€ทแ€œแ€Šแ€บแ€ธ แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€แ€šแ€บ"
1.6M 138K 46
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
4.7M 298K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.3M 69.3K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...