Restore The 90s

By Choco__JN

3.3K 423 78

A person changed for two reasons 1. Someone special come into their life. 2. Someone special left their life. More

📖
• 1 •
• 2 •
• 3 •
• 4 •
• 5 •
• 7 •

• 6 •

194 26 12
By Choco__JN

Unicode Version

အဆောင်ရဲ့ခေါင်မိုးကို တဂျစ်ဂျစ်တိုက်နေတဲ့အသံကြောင့် ဟယ်ချန်း စိတ်ညစ်ညစ်နဲ့ ထထိုင်လိုက်တယ်။ အချိန်က ည ဆယ်နာရီ။ ဟယ်ချန်းကသာ အိပ်မပျော်တဲ့ရောဂါကြောင့် အိပ်မပျော်နိုင်ဖြစ်နေပေမယ့် အခန်းထဲက နှစ်ယောက်ကတော့ အိပ်ပျော်နေကြပြီ။ ဂျယ်နို ဒီကိုပြန်ရောက်နေတာ သုံးရက်လောက်တော့ရှိပြီ။ ကျောင်းပျက်ရက် ခဏခဏများနေတဲ့ ဂျယ်နိုအတွက် ဂျယ်မင်းက ဒိုင်ခံစာပြန်ရှင်းပြပေးနေရတာပဲ။

အဆောင်ဘေးမှာစိုက်ထားတဲ့ အရိပ်ရသစ်ပင်ရဲ့ သစ်ကိုင်းက ခေါင်မိုးက သွပ်ကိုထိုးနေတာမလို့ လေတိုက်လိုက်တိုင်း တဂျစ်ဂျစ်အသံကို စိတ်ပျက်ရလောက်အောင်ကြားနေရတာ။ ကံဆိုးစွာနဲ့ ဟယ်ချန်းနေတဲ့အခန်းက ခေါင်မိုးနဲ့အနီးဆုံးနေရာမှာ။ မနက်ဖြန်မိုးလင်းတာနဲ့ အဆောင်မှူးကိုပြောပြီး တက်ခုတ်ပစ်ခိုင်းရမယ်လို့တွေးလိုက်ပေမယ့် ခြံဝန်းထဲက အပင်တွေကို မွေးထားတဲ့ကလေးတစ်ယောက်လိုမျိုး ပြုစုယုယနေခဲ့တဲ့ အဆောင်မှူးရဲ့ မျက်နှာကိုမြင်ယောင်လာတော့ ဟယ်ချန်း စိတ်ပျက်လက်ပျက်နဲ့ပဲ မျက်နှာကြောတွေ ရှုံ့တွသွားတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ပြောတော့ပြောကြည့်ရမှာပဲ။ ဒီလို တဂျစ်ဂျစ်အသံကြီးကို ညတိုင်းနားထောင်ပြီး မအိပ်နိုင်ဘူး။

နားညီးရတဲ့ကြားထဲ ရာသီဥတုကပါ အိုက်စပ်စပ်မလို့ အလိုလိုနေရင်း ဟယ်ချန်းစိတ်တွေ ညစ်ညူးလာရတယ်။ ဟယ်ချန်းက ရာသီဥတုဘယ်လောက်အေးအေး အဆင်ပြေတယ်။ ရာသီဥတုပူရင်တော့ ကုန်းပေါ်ရောက်နေတဲ့ ငါးတစ်ကောင်လို ပူလိုက်ဖောင်းလိုက်ဖြစ်နေတတ်တဲ့ အပူကြောက်တဲ့လူမျိုး။ ပုံမှန်ဆို ခြင်ကိုက်လို့ ပြတင်းပေါက်ကိုပိတ်ထားတတ်ပေမယ့် အခုတော့ ပြတင်းပေါက်ကနေ လေဝင်လိုဝင်ငြား ပြတင်းတံခါးကိုထဖွင့်လိုက်တယ်။ ဒါပေမယ့်လည်း လေကမတိုက်။

လေမတိုက်မယ့်အတူတူတော့ ခြင်အကိုက်ခံပြီး ပြတင်းပေါက်မဖွင့်ထားတော့ဘူး။ ဟယ်ချန်း သက်ပြင်းအသာချပြီး ပြတင်းတံခါးနှစ်ချပ်ကို ဆွဲပိတ်ဖို့ပြင်နေတုန်း အဆောင်ရှေ့မှာရပ်ထားတဲ့ စက်ဘီးကြောင့် မပိတ်သေးဘဲ ငြိမ်ရပ်နေလိုက်မိတယ်။

စီနီယာမင်ဟျောင်း။
မှောင်မည်းနေတဲ့ ပတ်ဝန်းကျင်ကြောင့် စီနီယာသာ လမ်းမီးတိုင်အောက်မှာ ရပ်နေတာမဟုတ်ရင် ဟယ်ချန်း စီနီယာ့ကိုမှတ်မိမှာမဟုတ်ဘူး။

စီနီယာမင်ဟျောင်းက လမ်းမီးတိုင်ကိုမှီရင်း လက်ပိုက်ပြီးရပ်နေတာ။ ပြီးတော့ စီနီယာ့အကြည့်တွေက သူတို့အဆောင်ဘက်မှာ။ အတိအကျပြောရရင် သူ့ရဲ့ အခန်းကိုကြည့်နေတာ။

ဒီလိုနဲ့ပဲ မာကျူရီမီးရောင်အောက်က မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံခဲ့ပါရဲ့။ သူမြင်ဖူးတဲ့ ခပ်ညွတ်ညွတ်နှုတ်ခမ်းထောင့်တွေ မဟုတ်ဘူး။ တောက်တောက်ပပမျက်လုံးတွေလည်း မဟုတ်ခဲ့ဘူး။

မရင်းနှီးဖူးတဲ့ အေးစက်ခြင်းတွေ။

တစ်ကိုယ်လုံးက အာရုံကြောတွေကို ရေခဲနဲ့အတို့ခံလိုက်ရသလို ကျဉ်တက်သွားတဲ့ ခံစားချက်ကြောင့် ဟယ်ချန်း လန့်ဖြန့်ပြီး နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။ ဒါပေမယ့်လည်း စိတ်ရဲ့စေခိုင်းမှုပါပဲ။ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး ရှေ့ကိုခြေနှစ်လမ်းတိုးမိတယ်။

ခဏကြာတော့ စီနီယာက လမ်းမီးတိုင်ကို လျော့ရိလျော့တွဲမှီနေရာကနေ ခါးကိုမတ်လိုက်ပြီး သူ့ကိုလာခဲ့ဖို့ လက်ယပ်ခေါ်တယ်။ သူကလည်း တားထားခဲ့တဲ့ စည်းတွေကို ဒီနေ့တစ်ရက်အတွက် လိုလိုလားလား ချိုးဖောက်ပစ်တယ်။ စက္ကန့်ပိုင်းလေးတောင် မတွေဝေနေဘဲ အဆောင်ကိုအောက်ကိုပြေးဆင်းသွားလိုက်တယ်။ ဒီအချိန်ဆို အဆောင်တံခါးပိတ်နေပြီ။ ဒါပေမယ့် အဆောင်မှူးဆီက တံခါးသော့သွားတောင်းဖို့ သူစဉ်းစားထားပြီးသား။ ဒီနေ့အတွက်တော့ ကံကောင်းခြင်းလက်ကျန်​လေးက သူ့ဆီမှာရှိသေးတယ်။ လှေကားအောက်ထပ်ကိုရောက်တော့ အဆောင်မှူးအခန်းကိုတောင် သွားစရာမလိုဘဲ ဧည့်ခန်းထဲမှာ မီးဖွင့်ပြီး စာထိုင်ဖတ်နေတဲ့ အဆောင်မှူးကိုတွေ့လိုက်ရတယ်။

အကျိုးအကြောင်းပြောပြီး သော့ကိုတောင်းတော့ အဆောင်မှူးက ဆိုဖာပေါ်မှာ စာထိုင်ဖတ်နေရာကနေ အပျင်းကြောတစ်ချက်ဆွဲပြီး သော့သွားယူပေးတယ်။ သော့ကို ကမ်းပေးနေရင်းနဲ့ အရမ်းနောက်မကျစေနဲ့လို့လည်း ပြောသွားသေးတယ်။

" စီနီယာ "

သူ့ရဲ့ခေါ်သံကို ကြားတဲ့အခါ စီနီယာကပြုံးတယ်။ အပြုံးနုနုဟာ ခပ်ရိပ်ရိပ်ပြေးလေရဲ့။ သူအနားရောက်လာတော့ စီနီယာက လက်ပိုက်ပြီးရပ်နေရာကနေ လက်နှစ်ဖက်ကို နောက်ပစ်လိုက်တယ်။

" အိပ်နေလောက်ပြီထင်တာ "

ရှပ်ကော်လံထောင့်နားက လည်တိုင်ကျော့ကျော့က ကြည့်ကောင်းသားလို့ သူတွေးမိတယ်။ အဲ့လိုတွေးပြီးတဲ့အခါမှ စီနီယာ့စကားကို ပြန်တုန့်ပြန်ဖို့ရာ သူ့ဦးနှောက်က သုံးစက္ကန့်လောက် အချိန်ယူလိုက်ရတယ်။

" ပူလို့ အိပ်မပျော်တာဗျ "

" အာ ဟုတ်လား "

တစ်ခွန်းမေး တစ်ခွန်းဖြေနဲ့ ကြောင်တိကြောင်တောင်နိုင်နေတဲ့ စကားဝိုင်းပါပဲ။ စီနီယာမင်ဟျောင်းက ဒီအချိန်မှာမှ စကားသွက်ခြင်းစွမ်းရည်ကို ဆုံးရှုံးသွားပုံပေါ်တယ်။

" ဒါနဲ့ ဒီနေရာကို ဘာလာလုပ်တာလဲဗျ စီနီယာ "

" ဘာလို့လဲ အစ်ကိုလာလို့မရဘူးလား "

" အယ် ကျွန်တော်က အဲ့လိုသဘောပြောတာ မဟုတ်- "

" ဟယ်ချန်းကို သတိရလို့ပါ "

" ဗျာ "

ကြက်သေသေသွားရသူက ဟယ်ချန်းပဲ။ အခု ဒီစီနီယာ ဘာပြောလိုက်တာလဲ။ သူနားကြားများမှားတာလား။

" ကျောင်းပိတ်ရက်တိုင်းလာမယ်လို့ပြောပြီး ဘာလို့မလာခဲ့တာလဲ "

စီနီယာဟာ ခပ်တိုးတိုးပဲပြောတယ်။ သေရေးရှင်ရေးအရေးကြီးနေတဲ့စကားကို အလျင်မလိုဟန်ဆောင်ရင်း ပြောနေသလိုမျိုး စီနီယာ့စကားတွေက ပြတ်တောင်းပြတ်တောင်းနိုင်လှတယ်။

" ဟယ်ချန်းမလာတော့ အစ်ကိုပဲ လိုက်လာရတာပေါ့ "

စီနီယာ့အသံဟာ ခပ်ဆွေးဆွေး။ ဆံစတွေအောက်က မျက်ဝန်းအစုံဟာ စိုစွတ်နေခဲ့သလိုမျိုးနဲ့။ မနက်ကမှ သူ့ကို နေရောင်ခြည်လိုတောက်ပတဲ့အပြုံးနဲ့ နှုတ်ဆက်သွားတဲ့ စီနီယာနဲ့ ဆန့်ကျင်ဘက်နိုင်စွာပဲ အခုသူ့အရှေ့က စီနီယာကတော့ ပြိုကျတော့မယ့်မိုးတိမ်တွေနဲ့တူတယ်။

" ကျွန်တော်တို့ မနက်ကမှတွေ့ထားတာလေ စီနီယာကလည်း... "

နေရမခက်အောင် ရယ်သံဟပ်ရင်း သူပြောတော့လည်း တစ်ခုခုထပ်ပြောဖို့ပြင်နေတဲ့ စီနီယာက နှုတ်ခမ်းတွေကို စေ့ပိတ်လိုက်ပြီး တွေဝေဝေနဲ့ ခေါင်းညိတ်ပြန်တယ်။ ဆက်ပြောမယ့် စကားလုံးတွေဟာ ဖိချေခံလိုက်ရသလိုမျိုး တစ်ဝက်တစ်ပျက်။ စီနီယာ့ပုံစံက အိပ်မက်ယောင်နေတဲ့ လူတစ်ယောက်လိုပဲ။

" ဆောရီး အစ်ကိုမေ့သွားလို့ "

စီနီယာ့စကားအဆုံးမှာ အဝေးကြီးကနေ ထွက်လာတဲ့ မိုးခြိမ်းသံတွေကို သူတို့ကြားလိုက်ရတယ်။ လေမတိုက်ဘဲ မည်းမှောင်နေခဲ့တဲ့ မိုးကောင်းကင်မှာ လျှပ်စီးကြောင်းတွေက လက်ခနဲ၊ ဝင်းခနဲ ထပ်ဟပ်လာတယ်။

မိုးရွာတော့မှာပဲ။

လမ်းမီးတိုင်ကိုမှီပြီး လက်နောက်ပစ်ပြီးရပ်နေခဲ့တဲ့ စီနီယာက မိုးခြိမ်းသံကိုကြားမှ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ ပြီးတော့ လျှပ်စီးတွေလက်နေတဲ့ ကောင်းကင်ကို တစ်ချက်မော့ကြည့်ရင်း ခပ်သဲ့သဲ့ရယ်တယ်။

" ဟယ်ချန်းနဲ့ တွေ့တဲ့အချိန်တိုင်း မိုးရွာတာပဲ "

လည်ပတ်နေတဲ့အတွေးတွေက ခပ်ရိပ်ရိပ်ပါပဲ။ သူ ဆိုးလ်ကိုစရောက်ကတည်းက မိုးရွာတာ သုံးခါပဲကြုံဖူးသေးတာ။

" စီနီယာ "

" အင်း "

" စာသင်နှစ်စကတည်းက ဆိုးလ်မှာ မိုးရွာတာ သုံးခါပဲရှိသေးတာလေ "

" ..... "

ခဏရပ်ဆိုတဲ့ တီဗီခလုတ်ကိုနှိပ်လိုက်သလိုမျိုး စကားလုံးတွေက တိတိပပပဲရပ်သွားကြတယ်။

" အာ... အဲ့လိုလား "

" ..... "

" ဒါပေမယ့် စီနီယာနဲ့ ကျွန်တော် ပထမဆုံးစတွေ့တဲ့နေ့ကတော့ မိုးရွာတယ်။ စီနီယာမှတ်မိလား။ ကျွန်တော်တို့ ကျောင်းအပ်တဲ့အချိန်ပြီးတော့ ဦးလေးလီရဲ့ စာကြည့်တိုက်မှာ ထပ်တွေ့တာလေ "

သူစကားကို နားထောင်နေတဲ့ စီနီယာ့မျက်ဝန်းတွေကို လိုက်ဖတ်ကြည့်မိတယ်။ ဘာမှမတွေ့ရဘူး။ ဘာအရိပ်အယောင်မှ မဖမ်းမိဘူး။ မျက်ဝန်းတွေဟာ ဗလာ။

" အစ်ကိုလည်း မှတ်ဉာဏ်သိပ်မကောင်းတော့ဘူး ထင်ပါရဲ့... ဟယ်ချန်း ပြောတဲ့အချိန်ကို မမှတ်မိတော့ဘူး "

စီနီယာဟာ သူ့ကို အားနာသယောင်ပြောလာတယ်။ မျက်ဝန်းနက်နက်တွေက ပန်းချီဆိုင်မှာ တွေ့ခဲ့ရတဲ့ အငွေ့အသက်လိုမျိုးပဲ။ သေချာဂရုမစိုက်မိရင် ခြေချော်ကျနိုင်တဲ့ တွင်းနက်ကြီးလိုမျိုး ဆွဲငင်တတ်တယ်။

အချိန်တစ်ခုလောက်ကြာမှ ဒီလိုအကြည့်မျိုးကို စီနီယာ့ဆီက ပြန်မြင်ရတာပဲ။

စီနီယာမင်ဟျောင်းဟာ သူရင်းနှီးနေတဲ့ စီနီယာတစ်ယောက်ရဲ့ ပုံစံကိုသွေဖယ်ပြီး သူမှတ်မိနေတဲ့ ပန်းချီဆရာရဲ့ ပုံစံအတိုင်းပဲ မီးရောင်အောက်မှာ ရပ်နေခဲ့တယ်။ မိုးရိပ်ကြောင့် လေပြည်ခတ်တဲ့အခါ စီနီယာ့မျက်လုံးတွေကို ဖုံးကွယ်ထားခဲ့တဲ့ ဆံစတွေက ခပ်ပါးပါးလွင့်တယ်။ မှိန်ပျပျကြယ်တွေက စီနီယာ့မျက်ဝန်းထဲမှာ။ ဘာရယ်မဟုတ်ဘဲ သူဟာ မမှိတ်မသုန် ငေးကြည့်မိရတယ်။

" မိုးရွာတော့မယ် ဟယ်ချန်းအထဲဝင်တော့လေ။ အစ်ကိုလည်း ပြန်တော့မယ်။ ခုနက ပူလို့အိပ်မပျော်တာဆိုပေမယ့် အခုလေတိုက်တော့ ဟယ်ချန်း အိပ်ပျော်မှာပါ "

စီနီယာမင်ဟျောင်းက ပြောပြောဆိုဆိုနဲ့ နောက်ပစ်ထားတဲ့လက်နှစ်ဖက်ကို အရှေ့ထုတ်ပြီး စက်ဘီးလက်ကိုင်ကို လှမ်းကိုင်လိုက်တယ်။ အမှောင်ထဲမှာပဲ ခပ်မြန်မြန်လှုပ်ရှားလိုက်တာဆိုပေမယ့် မာကျူရီမီးရောင်ရဲ့အကူအညီနဲ့ ဟယ်ချန်းရဲ့မျက်လုံးက တစ်ခုခုကို လျင်လျင်မြန်မြန်ပဲ တွေ့သွားခဲ့တယ်။

" စီနီယာ့လက်က ဘာဖြစ်တာလဲဗျ "

သင့်တော်၏၊ မသင့်တော်၏ တွေးမနေနိုင်တော့ဘဲ စီနီယာ့လက်ကို ဖတ်ခနဲ လှမ်းဆွဲလိုက်မိတယ်။ လက်ကို အသေအချာယူကြည့်လိုက်တော့မှ တံတောင်က ဒဏ်ရာက သွေးထွက်တဲ့အထိ ပြဲကွဲနေတယ်ဆိုတာ သေချာမြင်ရတာ။ ဒီလောက်ဒဏ်ရာကြီးရထားတာကို ဘာမှမဖြစ်သလို လက်နောက်ပစ်ပြီး သူနဲ့စကားပြောနေခဲ့တာပဲ။ ပြီးတော့ ဒီဒဏ်ရာကြီးနဲ့ မိုးရေထဲစက်ဘီးစီးပြီး ပြန်ဦးမှာ။ ဟယ်ချန်း တွေးနေရင်းနဲ့ ခေါင်းတောင်ကိုက်ချင်လာသလိုပဲ။ စီနီယာဟာ သူ့ကိုယ်သူ ဘာမှမဖြစ်နိုင်တဲ့ စူပါဟီးရိုးလို့များ ထင်နေသလား။

" ဪ ဒါလား... စက်ဘီးမှောက်တာ "

" ဗျာ "

အခုမှ ဟယ်ချန်းသတိထားပြီး ကြည့်လိုက်မိတာ စက်ဘီးလက်ကိုင်တောင် နည်းနည်းစောင်းချင်နေသလို။ ဒီလိုစက်ဘီး၊ ဒီလိုဒဏ်ရာနဲ့ ညဘက်ကြီး မိုးရေထဲ စက်ဘီးနဲ့ပြန်ရမှာ အန္တရာယ်များရချည်ရဲ့။ ဟယ်ချန်းအတွေးမဆုံးခင်မှာပဲ မိုးရေစက်တွေဟာ သူတို့ခေါင်းပေါ် တဖောက်ဖောက်နဲ့ ကျဆင်းလာကြတယ်။

" အထဲဝင်တော့နော် ဟယ်ချန်း။ မိုးမိရင် ဖျားလိမ့်မယ်။ အစ်ကိုလည်း ပြန်တော့မယ် "

သူ့မြင်ကွင်းကနေ စီနီယာဟာ တရွေ့ရွေ့ပဲ ပျောက်ကွယ်သွားတယ်။ သူဟာလည်း လမ်းမီးတိုင်အောက်မှာ ရပ်နေမိတုန်းပဲ။ အဆောင်ထဲပြန်ဝင်ဖို့ကိုလည်း မေ့မေ့လျော့လျော့နဲ့။

သူ့လက်ဖဝါးထဲမှာတော့ စီနီယာ့လက်ကို လှမ်းဆွဲလိုက်တုန်းက ကပ်ပါလာခဲ့တဲ့ အနွေးဓာတ်တွေဟာ လျော့ရိလျော့ပါးနဲ့ ကျန်ရစ်ခဲ့တုန်း။

-Restore The 90s-

တက္ကသိုလ်တစ်ခုရဲ့ စာမေးပွဲတွေ ပရောဂျက်တွေ ပြီးကာစမြင်ကွင်းက အရောင်စုံမှုတွေရယ် ပြီးတော့ တက်ကြွခြင်းတွေနဲ့ရယ် ပြည့်ဝတယ်။ ကျောင်းဝန်းထဲ ဝင်လာတဲ့ဟယ်ချန်းမှာ ထွေထွေထူးထူး ပေါင်းသင်းစရာ လူမရှိတာကြောင့် လွယ်အိတ်ကိုလွယ်ရင်း ကျောင်းဆောင်တွေဘက်ကိုပဲ လျှောက်လာလိုက်တယ်။ ဒါပေမယ့် သူ့အတန်းဘက်ကိုမရောက်ခင် ပါချုပ်ရဲ့ ရုံးခန်းဝန်းကျင်နားမှာ သူ့ကိုခေါ်လိုက်တဲ့ တစ်ယောက်ယောက်ရဲ့ အသံကိုကြားလိုက်ရတယ်။ သူလှည့်ကြည့်လိုက်တော့ စီနီယာတစ်ယောက်။ နာမည်တော့ မသိပေမယ့် အဲ့ဒီစီနီယာကို စီနီယာမင်ဟျောင်းနဲ့ အမြဲအတူတွေ့ရတတ်တာမလို့ စီနီယာမင်ဟျောင်းရဲ့ သူငယ်ချင်းမှန်းသိလိုက်တယ်။

" မင်ဟျောင်းရဲ့ သူငယ်ချင်း ဂျူနီယာလေးမလား "

" ဟုတ်ပါတယ်ဗျ "

" အဲ့တာဆို အတော်ပဲ။ မင်ဟျောင်းထွက်လာရင် ဒါလေး ပေးလိုက်ပေးနော်။ အစ်ကို အခုသွားစရာပေါ်လာလို့ သူ့ကိုစောင့်နေလို့မရတော့လို့ "

ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲ ထည့်ပေးလာတာက စီနီယာမင်ဟျောင်းရဲ့ လွယ်အိတ်။

" စီနီယာမင်ဟျောင်းက အခုဘယ်မှာမို့လို့လဲဗျ "

" ပါချုပ်ရုံးခန်းထဲမှာလေ... အခုလောက်ဆို ပါချုပ်က သူ့ကို လက်ချာတွေတော်တော်ပေးပြီးနေလောက်ပြီ "

" ဘာလို့လဲဗျ "

" မင်ဟျောင်းရဲ့ အဆင့်တွေက တဖြည်းဖြည်းကျလာလို့လေ။ အရင်ပါချုပ်လက်ထက်တုန်းက ကိစ္စမရှိပေမယ့် အခုပါချုပ်က ရှေးရိုးစွဲပြီး စာအုပ်ကြီးသမားလေ... စည်းကမ်းကြီးတယ်။ အခုလည်း မင်ဟျောင်းကို အဆင့်တွေကျကုန်လို့ ခေါ်ပြီးဆူနေတာ "

စီနီယာ့စကားကို ကြားလိုက်ပြီးတဲ့နောက် ဟယ်ချန်းခေါင်းထဲမှာ မေးခွန်းတွေဖြတ်ပြေးသွားတယ်။

အဆင့်တွေကျလို့ ပါချုပ်က ခေါ်ဆူတယ်?

သူသိသလောက်တော့ စီနီယာမင်ဟျောင်းက သူ့လိုမျိုး စကော်လာရထားတဲ့ ကျောင်းသားမဟုတ်လား။ ပညာသင်ဆုရထားတဲ့ ကျောင်းသားက ဘာလို့ ပါချုပ်ခေါ်ဆူရတဲ့အထိ အဆင့်တွေကျသွားတာလဲ။

" ဟိုလေ စီနီယာ "

လှည့်ထွက်ဖို့ပြင်နေတဲ့ စီနီယာအစ်ကိုရဲ့ လက်ကို ဟယ်ချန်း လှမ်းဆွဲလိုက်မိတယ်။ စီနီယာမင်ဟျောင်းနဲ့ ပတ်သက်ပြီး သူအမြဲတမ်းသိချင်နေခဲ့တဲ့မေးခွန်းကို အခုမေးမှရမယ်။

" ပြောလေ "

" စီနီယာမင်ဟျောင်းမှာ... အမွှာညီအစ်ကိုတွေ ဘာတွေများ ရှိလားဗျ? "

သူမေးလိုက်တော့ သူ့အရှေ့က စီနီယာက ရုတ်တရက် သူ့မေးခွန်းကြောင့် ကြောင်အသွားပုံ။ ခဏလောက်ကြာတော့မှ တဟားဟားနဲ့ အားရပါးရအော်ရယ်လာတယ်။ နောက်တော့ သူ့ပုခုံးကို သုံးလေးချက်လောက် လှမ်းပုတ်တယ်။

" ဘာများလဲလို့ကွာ... မင်ဟျောင်းမှာ အမွှာညီအစ်ကိုမပြောနဲ့ မွေးချင်းမောင်နှမတောင် မရှိဘူး။ သူက တစ်ဦးတည်းသောသားကွ "

စီနီယာ့စကားအဆုံးမှာ တွေဝေဝေနဲ့ ခေါင်းညိတ်မိရတယ်။ ပြီးတော့ မျက်တောင်တစ်ချက်နှစ်ချက်ဆက်တိုက်ခတ်လိုက်တယ်။ သူသိချင်နေတဲ့ မေးခွန်းရဲ့အဖြေကိုရသွားတာတောင် ရင်ထဲမှာ မတင်မကျဖြစ်နေမှုတွေပဲ။

စီနီယာမင်ဟျောင်းရဲ့ သူငယ်ချင်းဖြစ်သူ ထွက်သွားတဲ့အချိန်မှာ သူဟာ လွယ်အိတ်တစ်လုံးကိုင်ရင်း ကြောင်တောင်တောင်နဲ့။ စီနီယာမင်ဟျောင်းရဲ့ လွယ်အိတ်ကိုကြည့်ရင်း သူ့ရင်ထဲ ပိုပြီးတင်းကြပ်လာရတယ်။

" ဟယ်ချန်း "

သူ ဘယ်လောက်တောင် အတွေးလွန်သွားမိလဲဆိုရင် စီနီယာမင်ဟျောင်း သူ့ဘေးနားရောက်လာတာတောင် သတိမထားမိတဲ့အထိ။ စီနီယာဟာ အပြာဖျော့လေးကို ဝတ်ထားလေရဲ့။ ဒူးအထိရှည်တဲ့ ဘောင်းဘီတိုဂျင်းပြာအောက်မှာ စီနီယာမင်ဟျောင်းရဲ့ခြေတံတွေက ဖြူဖြူဖွေးဖွေးရယ်။ စီနီယာမင်ဟျောင်းရဲ့ ဝတ်ပုံစားပုံက ပေါ့ပေါ့ပါးပါးနိုင်လှတယ်။

ပြီးတော့ စီနီယာမင်ဟျောင်းရဲ့လက်က ပတ်တီးတစ်ခု။ တံတောင်ဆစ်နားမှာ အသေအချာစည်းထားတဲ့ ပတ်တီးဖြူဖြူကိုမြင်လိုက်ရချိန်မှာ ဟယ်ချန်းဟာ ပြုံးဖို့ကိုတောင် သတိမရမိတော့။

သူ ဘာတွေမျှော်လင့်နေခဲ့တာလဲ။

" စီနီယာ့သူငယ်ချင်းက ကျွန်တော့်ကို လွယ်အိတ်ပေးခိုင်းလိုက်လို့ဗျ "

" ဟုတ်လား... ကျေးဇူးပဲနော် ဟယ်ချန်း "

စီနီယာမင်ဟျောင်းဟာ ပြောပြောဆိုဆိုနဲ့ပဲ ပတ်တီးမစည်းထားတဲ့လက်နဲ့ လွယ်အိတ်ကိုလှမ်းယူတယ်။

" စီနီယာ့လက်က... "

" ..... "

" ဘာဖြစ်တာလဲဗျ "

" ဪ ဒါလား? "

စီနီယာမင်ဟျောင်းက ပတ်တီးစီးထားတဲ့လက်ကို မြှောက်ရင်းပြောတယ်။

" စက်ဘီးမှောက်တာလေ "

" ဘယ်လိုမှောက်တာလဲဗျ "

" ဟင် "

သူမေးလိုက်တော့ စီနီယာမင်ဟျောင်းက ယောင်တောင်တောင်လေး သံယောင်လိုက်တယ်။ ဟုတ်သားပဲ။ သူမေးလိုက်တဲ့ မေးခွန်းကိုက အဓိပ္ပါယ်ရှိမနေတာ။

" အဲ့တာတော့ ကိုယ်လည်းသေချာမမှတ်မိဘူး... စက်ဘီးမှောက်တဲ့အချိန်က ညမိုးချုပ်ကြီးဆိုတော့ အိပ်ချင်မူးတူးဖြစ်နေတယ် ထင်ပါရဲ့။ မနက်မိုးလင်းတော့မှ ဒီဒဏ်ရာရနေမှန်းသိတာ "

စီနီယာမင်ဟျောင်းဟာ ဂုတ်ပိုးကိုပွတ်ရင်း ရယ်ကျဲကျဲပြောတယ်။

" ညဆယ်နာရီဝန်းကျင်က အရမ်းမိုးမချုပ်သေးပါဘူး စီနီယာ "

သူပြောလိုက်တော့ ခပ်ပြုံးပြုံးဖြစ်နေတဲ့ စီနီယာမင်ဟျောင်းရဲ့မျက်နှာက ကွက်ခနဲပျက်သွားတယ်။ ဒါပေမယ့် စက္ကန့်ဝက်စာတောင်မရှိတဲ့အချိန်မှာပဲ စီနီယာမင်ဟျောင်းဟာ အပြုံးသစ်တစ်ခုကို မျက်နှာပေါ်ဆွဲတင်တယ်။

" အာ... ကိုယ် ဟယ်ချန်းနဲ့လည်း တွေ့ခဲ့တာလား? ငါ့နှယ် မေ့တတ်လိုက်တာ... ဟုတ်သားပဲ! ကိုယ် ဟယ်ချန်းအဆောင်ရှေ့ လာခဲ့တာ "

တွေ့ခဲ့ရုံတင်မဟုတ်ဘဲ စကားတွေလည်း အကြာကြီးပြောဖြစ်ခဲ့တယ်ဆိုတဲ့ စကားကိုတော့ ဟယ်ချန်း မပြောဖြစ်တော့ဘူး။

" အခု အတန်းတက်ရတော့မှာမလား? ဟယ်ချန်း သွားတော့လေ။ ကိုယ်လည်း သွားတော့မယ်။ လွယ်အိတ်အတွက်လည်း ကျေးဇူးပဲနော်။ ညနေအတန်းဆင်းတဲ့အချိန်ကျ ကိုယ်စောင့်နေမယ်။ အတူပြန်ကြမယ်နော်။ ကိုယ် ဟယ်ချန်း အဆောင်ရှေ့ထိ လိုက်ပို့မယ် "

စီနီယာမင်ဟျောင်းဟာ သိသိသာသာကို စကားစဖြတ်ပစ်တယ်။ နောက်တော့ သူ့ဆံပင်တွေကို ခပ်သာသာလေး ဆွဲဖွပြီး သူ့အရှေ့က လှည့်ထွက်သွားတယ်။

သူ့ကိုထားပြီး ထွက်သွားတဲ့ စီနီယာမင်ဟျောင်းရဲ့ ကျောပြင်ကို သူငေးကြည့်မိတယ်။ မနေ့ညကလို ခံစားချက်မျိုး ရှိမနေဘူး။ ဟယ်ချန်း သက်ပြင်းတစ်ချက်ချလိုက်မိတာ ဘာလို့လဲတော့ သူကိုယ်တိုင်လည်း သေချာမသိ။

အခုချိန်မှာ သူသိတာ တစ်ခုပဲရှိတယ်။

စီနီယာမင်ဟျောင်းဟာ ပုံမှန်ဟုတ်မနေဘူး။

ပြီးတော့ သေချာတယ်။

သူတို့နှစ်ယောက် မနေ့ညက တွေ့ခဲ့တာကိုလည်း စီနီယာမင်ဟျောင်း မှတ်မိမှာမဟုတ်ဘူး။

-To Be Continue

Zawgyi Version

အေဆာင္ရဲ႕ေခါင္မိုးကို တဂ်စ္ဂ်စ္တိုက္ေနတဲ့အသံေၾကာင့္ ဟယ္ခ်န္း စိတ္ညစ္ညစ္နဲ႔ ထထိုင္လိုက္တယ္။ အခ်ိန္က ည ဆယ္နာရီ။ ဟယ္ခ်န္းကသာ အိပ္မေပ်ာ္တဲ့ေရာဂါေၾကာင့္ အိပ္မေပ်ာ္ႏိုင္ျဖစ္ေနေပမယ့္ အခန္းထဲက ႏွစ္ေယာက္ကေတာ့ အိပ္ေပ်ာ္ေနၾကၿပီ။ ဂ်ယ္ႏို ဒီကိုျပန္ေရာက္ေနတာ သုံးရက္ေလာက္ေတာ့ရွိၿပီ။ ေက်ာင္းပ်က္ရက္ ခဏခဏမ်ားေနတဲ့ ဂ်ယ္ႏိုအတြက္ ဂ်ယ္မင္းက ဒိုင္ခံစာျပန္ရွင္းျပေပးေနရတာပဲ။

အေဆာင္ေဘးမွာစိုက္ထားတဲ့ အရိပ္ရသစ္ပင္ရဲ႕ သစ္ကိုင္းက ေခါင္မိုးက သြပ္ကိုထိုးေနတာမလို႔ ေလတိုက္လိုက္တိုင္း တဂ်စ္ဂ်စ္အသံကို စိတ္ပ်က္ရေလာက္ေအာင္ၾကားေနရတာ။ ကံဆိုးစြာနဲ႔ ဟယ္ခ်န္းေနတဲ့အခန္းက ေခါင္မိုးနဲ႔အနီးဆုံးေနရာမွာ။ မနက္ျဖန္မိုးလင္းတာနဲ႔ အေဆာင္မႉးကိုေျပာၿပီး တက္ခုတ္ပစ္ခိုင္းရမယ္လို႔ေတြးလိုက္ေပမယ့္ ၿခံဝန္းထဲက အပင္ေတြကို ေမြးထားတဲ့ကေလးတစ္ေယာက္လိုမ်ိဳး ျပဳစုယုယေနခဲ့တဲ့ အေဆာင္မႉးရဲ႕ မ်က္ႏွာကိုျမင္ေယာင္လာေတာ့ ဟယ္ခ်န္း စိတ္ပ်က္လက္ပ်က္နဲ႔ပဲ မ်က္ႏွာေၾကာေတြ ရႈံ႕တြသြားတယ္။ ဒါေပမယ့္လည္း မတတ္ႏိုင္ဘူး။ ေျပာေတာ့ေျပာၾကည့္ရမွာပဲ။ ဒီလို တဂ်စ္ဂ်စ္အသံႀကီးကို ညတိုင္းနားေထာင္ၿပီး မအိပ္ႏိုင္ဘူး။

နားညီးရတဲ့ၾကားထဲ ရာသီဥတုကပါ အိုက္စပ္စပ္မလို႔ အလိုလိုေနရင္း ဟယ္ခ်န္းစိတ္ေတြ ညစ္ညဴးလာရတယ္။ ဟယ္ခ်န္းက ရာသီဥတုဘယ္ေလာက္ေအးေအး အဆင္ေျပတယ္။ ရာသီဥတုပူရင္ေတာ့ ကုန္းေပၚေရာက္ေနတဲ့ ငါးတစ္ေကာင္လို ပူလိုက္ေဖာင္းလိုက္ျဖစ္ေနတတ္တဲ့ အပူေၾကာက္တဲ့လူမ်ိဳး။ ပုံမွန္ဆို ျခင္ကိုက္လို႔ ျပတင္းေပါက္ကိုပိတ္ထားတတ္ေပမယ့္ အခုေတာ့ ျပတင္းေပါက္ကေန ေလဝင္လိုဝင္ျငား ျပတင္းတံခါးကိုထဖြင့္လိုက္တယ္။ ဒါေပမယ့္လည္း ေလကမတိုက္။

ေလမတိုက္မယ့္အတူတူေတာ့ ျခင္အကိုက္ခံၿပီး ျပတင္းေပါက္မဖြင့္ထားေတာ့ဘူး။ ဟယ္ခ်န္း သက္ျပင္းအသာခ်ၿပီး ျပတင္းတံခါးႏွစ္ခ်ပ္ကို ဆြဲပိတ္ဖို႔ျပင္ေနတုန္း အေဆာင္ေရွ႕မွာရပ္ထားတဲ့ စက္ဘီးေၾကာင့္ မပိတ္ေသးဘဲ ၿငိမ္ရပ္ေနလိုက္မိတယ္။

စီနီယာမင္ေဟ်ာင္း။
ေမွာင္မည္းေနတဲ့ ပတ္ဝန္းက်င္ေၾကာင့္ စီနီယာသာ လမ္းမီးတိုင္ေအာက္မွာ ရပ္ေနတာမဟုတ္ရင္ ဟယ္ခ်န္း စီနီယာ့ကိုမွတ္မိမွာမဟုတ္ဘူး။

စီနီယာမင္ေဟ်ာင္းက လမ္းမီးတိုင္ကိုမွီရင္း လက္ပိုက္ၿပီးရပ္ေနတာ။ ၿပီးေတာ့ စီနီယာ့အၾကည့္ေတြက သူတို႔အေဆာင္ဘက္မွာ။ အတိအက်ေျပာရရင္ သူ႔ရဲ႕ အခန္းကိုၾကည့္ေနတာ။

ဒီလိုနဲ႔ပဲ မာက်ဴရီမီးေရာင္ေအာက္က မ်က္ဝန္းေတြနဲ႔ အၾကည့္ခ်င္းဆုံခဲ့ပါရဲ႕။ သူျမင္ဖူးတဲ့ ခပ္ၫြတ္ၫြတ္ႏႈတ္ခမ္းေထာင့္ေတြ မဟုတ္ဘူး။ ေတာက္ေတာက္ပပမ်က္လုံးေတြလည္း မဟုတ္ခဲ့ဘူး။

မရင္းႏွီးဖူးတဲ့ ေအးစက္ျခင္းေတြ။

တစ္ကိုယ္လုံးက အာ႐ုံေၾကာေတြကို ေရခဲနဲ႔အတို႔ခံလိုက္ရသလို က်ဥ္တက္သြားတဲ့ ခံစားခ်က္ေၾကာင့္ ဟယ္ခ်န္း လန္႔ျဖန္႔ၿပီး ေနာက္ကိုေျခတစ္လွမ္းဆုတ္လိုက္တယ္။ ဒါေပမယ့္လည္း စိတ္ရဲ႕ေစခိုင္းမႈပါပဲ။ ေနာက္ကိုေျခတစ္လွမ္းဆုတ္ၿပီး ေရွ႕ကိုေျခႏွစ္လမ္းတိုးမိတယ္။

ခဏၾကာေတာ့ စီနီယာက လမ္းမီးတိုင္ကို ေလ်ာ့ရိေလ်ာ့တြဲမွီေနရာကေန ခါးကိုမတ္လိုက္ၿပီး သူ႔ကိုလာခဲ့ဖို႔ လက္ယပ္ေခၚတယ္။ သူကလည္း တားထားခဲ့တဲ့ စည္းေတြကို ဒီေန႔တစ္ရက္အတြက္ လိုလိုလားလား ခ်ိဳးေဖာက္ပစ္တယ္။ စကၠန္႔ပိုင္းေလးေတာင္ မေတြေဝေနဘဲ အေဆာင္ကိုေအာက္ကိုေျပးဆင္းသြားလိုက္တယ္။ ဒီအခ်ိန္ဆို အေဆာင္တံခါးပိတ္ေနၿပီ။ ဒါေပမယ့္ အေဆာင္မႉးဆီက တံခါးေသာ့သြားေတာင္းဖို႔ သူစဥ္းစားထားၿပီးသား။ ဒီေန႔အတြက္ေတာ့ ကံေကာင္းျခင္းလက္က်န္​ေလးက သူ႔ဆီမွာရွိေသးတယ္။ ေလွကားေအာက္ထပ္ကိုေရာက္ေတာ့ အေဆာင္မႉးအခန္းကိုေတာင္ သြားစရာမလိုဘဲ ဧည့္ခန္းထဲမွာ မီးဖြင့္ၿပီး စာထိုင္ဖတ္ေနတဲ့ အေဆာင္မႉးကိုေတြ႕လိုက္ရတယ္။

အက်ိဳးအေၾကာင္းေျပာၿပီး ေသာ့ကိုေတာင္းေတာ့ အေဆာင္မႉးက ဆိုဖာေပၚမွာ စာထိုင္ဖတ္ေနရာကေန အပ်င္းေၾကာတစ္ခ်က္ဆြဲၿပီး ေသာ့သြားယူေပးတယ္။ ေသာ့ကို ကမ္းေပးေနရင္းနဲ႔ အရမ္းေနာက္မက်ေစနဲ႔လို႔လည္း ေျပာသြားေသးတယ္။

" စီနီယာ "

သူ႔ရဲ႕ေခၚသံကို ၾကားတဲ့အခါ စီနီယာကၿပဳံးတယ္။ အၿပဳံးႏုႏုဟာ ခပ္ရိပ္ရိပ္ေျပးေလရဲ႕။ သူအနားေရာက္လာေတာ့ စီနီယာက လက္ပိုက္ၿပီးရပ္ေနရာကေန လက္ႏွစ္ဖက္ကို ေနာက္ပစ္လိုက္တယ္။

" အိပ္ေနေလာက္ၿပီထင္တာ "

ရွပ္ေကာ္လံေထာင့္နားက လည္တိုင္ေက်ာ့ေက်ာ့က ၾကည့္ေကာင္းသားလို႔ သူေတြးမိတယ္။ အဲ့လိုေတြးၿပီးတဲ့အခါမွ စီနီယာ့စကားကို ျပန္တုန္႔ျပန္ဖို႔ရာ သူ႔ဦးေႏွာက္က သုံးစကၠန္႔ေလာက္ အခ်ိန္ယူလိုက္ရတယ္။

" ပူလို႔ အိပ္မေပ်ာ္တာဗ် "

" အာ ဟုတ္လား "

တစ္ခြန္းေမး တစ္ခြန္းေျဖနဲ႔ ေၾကာင္တိေၾကာင္ေတာင္ႏိုင္ေနတဲ့ စကားဝိုင္းပါပဲ။ စီနီယာမင္ေဟ်ာင္းက ဒီအခ်ိန္မွာမွ စကားသြက္ျခင္းစြမ္းရည္ကို ဆုံးရႈံးသြားပုံေပၚတယ္။

" ဒါနဲ႔ ဒီေနရာကို ဘာလာလုပ္တာလဲဗ် စီနီယာ "

" ဘာလို႔လဲ အစ္ကိုလာလို႔မရဘူးလား "

" အယ္ ကြၽန္ေတာ္က အဲ့လိုသေဘာေျပာတာ မဟုတ္- "

" ဟယ္ခ်န္းကို သတိရလို႔ပါ "

" ဗ်ာ "

ၾကက္ေသေသသြားရသူက ဟယ္ခ်န္းပဲ။ အခု ဒီစီနီယာ ဘာေျပာလိုက္တာလဲ။ သူနားၾကားမ်ားမွားတာလား။

" ေက်ာင္းပိတ္ရက္တိုင္းလာမယ္လို႔ေျပာၿပီး ဘာလို႔မလာခဲ့တာလဲ "

စီနီယာဟာ ခပ္တိုးတိုးပဲေျပာတယ္။ ေသေရးရွင္ေရးအေရးႀကီးေနတဲ့စကားကို အလ်င္မလိုဟန္ေဆာင္ရင္း ေျပာေနသလိုမ်ိဳး စီနီယာ့စကားေတြက ျပတ္ေတာင္းျပတ္ေတာင္းႏိုင္လွတယ္။

" ဟယ္ခ်န္းမလာေတာ့ အစ္ကိုပဲ လိုက္လာရတာေပါ့ "

စီနီယာ့အသံဟာ ခပ္ေဆြးေဆြး။ ဆံစေတြေအာက္က မ်က္ဝန္းအစုံဟာ စိုစြတ္ေနခဲ့သလိုမ်ိဳးနဲ႔။ မနက္ကမွ သူ႔ကို ေနေရာင္ျခည္လိုေတာက္ပတဲ့အၿပဳံးနဲ႔ ႏႈတ္ဆက္သြားတဲ့ စီနီယာနဲ႔ ဆန္႔က်င္ဘက္ႏိုင္စြာပဲ အခုသူ႔အေရွ႕က စီနီယာကေတာ့ ၿပိဳက်ေတာ့မယ့္မိုးတိမ္ေတြနဲ႔တူတယ္။

" ကြၽန္ေတာ္တို႔ မနက္ကမွေတြ႕ထားတာေလ စီနီယာကလည္း... "

ေနရမခက္ေအာင္ ရယ္သံဟပ္ရင္း သူေျပာေတာ့လည္း တစ္ခုခုထပ္ေျပာဖို႔ျပင္ေနတဲ့ စီနီယာက ႏႈတ္ခမ္းေတြကို ေစ့ပိတ္လိုက္ၿပီး ေတြေဝေဝနဲ႔ ေခါင္းညိတ္ျပန္တယ္။ ဆက္ေျပာမယ့္ စကားလုံးေတြဟာ ဖိေခ်ခံလိုက္ရသလိုမ်ိဳး တစ္ဝက္တစ္ပ်က္။ စီနီယာ့ပုံစံက အိပ္မက္ေယာင္ေနတဲ့ လူတစ္ေယာက္လိုပဲ။

" ေဆာရီး အစ္ကိုေမ့သြားလို႔ "

စီနီယာ့စကားအဆုံးမွာ အေဝးႀကီးကေန ထြက္လာတဲ့ မိုးၿခိမ္းသံေတြကို သူတို႔ၾကားလိုက္ရတယ္။ ေလမတိုက္ဘဲ မည္းေမွာင္ေနခဲ့တဲ့ မိုးေကာင္းကင္မွာ လွ်ပ္စီးေၾကာင္းေတြက လက္ခနဲ၊ ဝင္းခနဲ ထပ္ဟပ္လာတယ္။

မိုး႐ြာေတာ့မွာပဲ။

လမ္းမီးတိုင္ကိုမွီၿပီး လက္ေနာက္ပစ္ၿပီးရပ္ေနခဲ့တဲ့ စီနီယာက မိုးၿခိမ္းသံကိုၾကားမွ လႈပ္လႈပ္ရွားရွားျဖစ္လာတယ္။ ၿပီးေတာ့ လွ်ပ္စီးေတြလက္ေနတဲ့ ေကာင္းကင္ကို တစ္ခ်က္ေမာ့ၾကည့္ရင္း ခပ္သဲ့သဲ့ရယ္တယ္။

" ဟယ္ခ်န္းနဲ႔ ေတြ႕တဲ့အခ်ိန္တိုင္း မိုး႐ြာတာပဲ "

လည္ပတ္ေနတဲ့အေတြးေတြက ခပ္ရိပ္ရိပ္ပါပဲ။ သူ ဆိုးလ္ကိုစေရာက္ကတည္းက မိုး႐ြာတာ သုံးခါပဲႀကဳံဖူးေသးတာ။

" စီနီယာ "

" အင္း "

" စာသင္ႏွစ္စကတည္းက ဆိုးလ္မွာ မိုး႐ြာတာ သုံးခါပဲရွိေသးတာေလ "

" ..... "

ခဏရပ္ဆိုတဲ့ တီဗီခလုတ္ကိုႏွိပ္လိုက္သလိုမ်ိဳး စကားလုံးေတြက တိတိပပပဲရပ္သြားၾကတယ္။

" အာ... အဲ့လိုလား "

" ..... "

" ဒါေပမယ့္ စီနီယာနဲ႔ ကြၽန္ေတာ္ ပထမဆုံးစေတြ႕တဲ့ေန႔ကေတာ့ မိုး႐ြာတယ္။ စီနီယာမွတ္မိလား။ ကြၽန္ေတာ္တို႔ ေက်ာင္းအပ္တဲ့အခ်ိန္ၿပီးေတာ့ ဦးေလးလီရဲ႕ စာၾကည့္တိုက္မွာ ထပ္ေတြ႕တာေလ "

သူစကားကို နားေထာင္ေနတဲ့ စီနီယာ့မ်က္ဝန္းေတြကို လိုက္ဖတ္ၾကည့္မိတယ္။ ဘာမွမေတြ႕ရဘူး။ ဘာအရိပ္အေယာင္မွ မဖမ္းမိဘူး။ မ်က္ဝန္းေတြဟာ ဗလာ။

" အစ္ကိုလည္း မွတ္ဉာဏ္သိပ္မေကာင္းေတာ့ဘူး ထင္ပါရဲ႕... ဟယ္ခ်န္း ေျပာတဲ့အခ်ိန္ကို မမွတ္မိေတာ့ဘူး "

စီနီယာဟာ သူ႔ကို အားနာသေယာင္ေျပာလာတယ္။ မ်က္ဝန္းနက္နက္ေတြက ပန္းခ်ီဆိုင္မွာ ေတြ႕ခဲ့ရတဲ့ အေငြ႕အသက္လိုမ်ိဳးပဲ။ ေသခ်ာဂ႐ုမစိုက္မိရင္ ေျခေခ်ာ္က်ႏိုင္တဲ့ တြင္းနက္ႀကီးလိုမ်ိဳး ဆြဲငင္တတ္တယ္။

အခ်ိန္တစ္ခုေလာက္ၾကာမွ ဒီလိုအၾကည့္မ်ိဳးကို စီနီယာ့ဆီက ျပန္ျမင္ရတာပဲ။

စီနီယာမင္ေဟ်ာင္းဟာ သူရင္းႏွီးေနတဲ့ စီနီယာတစ္ေယာက္ရဲ႕ ပုံစံကိုေသြဖယ္ၿပီး သူမွတ္မိေနတဲ့ ပန္းခ်ီဆရာရဲ႕ ပုံစံအတိုင္းပဲ မီးေရာင္ေအာက္မွာ ရပ္ေနခဲ့တယ္။ မိုးရိပ္ေၾကာင့္ ေလျပည္ခတ္တဲ့အခါ စီနီယာ့မ်က္လုံးေတြကို ဖုံးကြယ္ထားခဲ့တဲ့ ဆံစေတြက ခပ္ပါးပါးလြင့္တယ္။ မွိန္ပ်ပ်ၾကယ္ေတြက စီနီယာ့မ်က္ဝန္းထဲမွာ။ ဘာရယ္မဟုတ္ဘဲ သူဟာ မမွိတ္မသုန္ ေငးၾကည့္မိရတယ္။

" မိုး႐ြာေတာ့မယ္ ဟယ္ခ်န္းအထဲဝင္ေတာ့ေလ။ အစ္ကိုလည္း ျပန္ေတာ့မယ္။ ခုနက ပူလို႔အိပ္မေပ်ာ္တာဆိုေပမယ့္ အခုေလတိုက္ေတာ့ ဟယ္ခ်န္း အိပ္ေပ်ာ္မွာပါ "

စီနီယာမင္ေဟ်ာင္းက ေျပာေျပာဆိုဆိုနဲ႔ ေနာက္ပစ္ထားတဲ့လက္ႏွစ္ဖက္ကို အေရွ႕ထုတ္ၿပီး စက္ဘီးလက္ကိုင္ကို လွမ္းကိုင္လိုက္တယ္။ အေမွာင္ထဲမွာပဲ ခပ္ျမန္ျမန္လႈပ္ရွားလိုက္တာဆိုေပမယ့္ မာက်ဴရီမီးေရာင္ရဲ႕အကူအညီနဲ႔ ဟယ္ခ်န္းရဲ႕မ်က္လုံးက တစ္ခုခုကို လ်င္လ်င္ျမန္ျမန္ပဲ ေတြ႕သြားခဲ့တယ္။

" စီနီယာ့လက္က ဘာျဖစ္တာလဲဗ် "

သင့္ေတာ္၏၊ မသင့္ေတာ္၏ ေတြးမေနႏိုင္ေတာ့ဘဲ စီနီယာ့လက္ကို ဖတ္ခနဲ လွမ္းဆြဲလိုက္မိတယ္။ လက္ကို အေသအခ်ာယူၾကည့္လိုက္ေတာ့မွ တံေတာင္က ဒဏ္ရာက ေသြးထြက္တဲ့အထိ ၿပဲကြဲေနတယ္ဆိုတာ ေသခ်ာျမင္ရတာ။ ဒီေလာက္ဒဏ္ရာႀကီးရထားတာကို ဘာမွမျဖစ္သလို လက္ေနာက္ပစ္ၿပီး သူနဲ႔စကားေျပာေနခဲ့တာပဲ။ ၿပီးေတာ့ ဒီဒဏ္ရာႀကီးနဲ႔ မိုးေရထဲစက္ဘီးစီးၿပီး ျပန္ဦးမွာ။ ဟယ္ခ်န္း ေတြးေနရင္းနဲ႔ ေခါင္းေတာင္ကိုက္ခ်င္လာသလိုပဲ။ စီနီယာဟာ သူ႔ကိုယ္သူ ဘာမွမျဖစ္ႏိုင္တဲ့ စူပါဟီး႐ိုးလို႔မ်ား ထင္ေနသလား။

" ဪ ဒါလား... စက္ဘီးေမွာက္တာ "

" ဗ်ာ "

အခုမွ ဟယ္ခ်န္းသတိထားၿပီး ၾကည့္လိုက္မိတာ စက္ဘီးလက္ကိုင္ေတာင္ နည္းနည္းေစာင္းခ်င္ေနသလို။ ဒီလိုစက္ဘီး၊ ဒီလိုဒဏ္ရာနဲ႔ ညဘက္ႀကီး မိုးေရထဲ စက္ဘီးနဲ႔ျပန္ရမွာ အႏၲရာယ္မ်ားရခ်ည္ရဲ႕။ ဟယ္ခ်န္းအေတြးမဆုံးခင္မွာပဲ မိုးေရစက္ေတြဟာ သူတို႔ေခါင္းေပၚ တေဖာက္ေဖာက္နဲ႔ က်ဆင္းလာၾကတယ္။

" အထဲဝင္ေတာ့ေနာ္ ဟယ္ခ်န္း။ မိုးမိရင္ ဖ်ားလိမ့္မယ္။ အစ္ကိုလည္း ျပန္ေတာ့မယ္ "

သူ႔ျမင္ကြင္းကေန စီနီယာဟာ တေ႐ြ႕ေ႐ြ႕ပဲ ေပ်ာက္ကြယ္သြားတယ္။ သူဟာလည္း လမ္းမီးတိုင္ေအာက္မွာ ရပ္ေနမိတုန္းပဲ။ အေဆာင္ထဲျပန္ဝင္ဖို႔ကိုလည္း ေမ့ေမ့ေလ်ာ့ေလ်ာ့နဲ႔။

သူ႔လက္ဖဝါးထဲမွာေတာ့ စီနီယာ့လက္ကို လွမ္းဆြဲလိုက္တုန္းက ကပ္ပါလာခဲ့တဲ့ အေႏြးဓာတ္ေတြဟာ ေလ်ာ့ရိေလ်ာ့ပါးနဲ႔ က်န္ရစ္ခဲ့တုန္း။

-Restore The 90s-

တကၠသိုလ္တစ္ခုရဲ႕ စာေမးပြဲေတြ ပေရာဂ်က္ေတြ ၿပီးကာစျမင္ကြင္းက အေရာင္စုံမႈေတြရယ္ ၿပီးေတာ့ တက္ႂကြျခင္းေတြနဲ႔ရယ္ ျပည့္ဝတယ္။ ေက်ာင္းဝန္းထဲ ဝင္လာတဲ့ဟယ္ခ်န္းမွာ ေထြေထြထူးထူး ေပါင္းသင္းစရာ လူမရွိတာေၾကာင့္ လြယ္အိတ္ကိုလြယ္ရင္း ေက်ာင္းေဆာင္ေတြဘက္ကိုပဲ ေလွ်ာက္လာလိုက္တယ္။ ဒါေပမယ့္ သူ႔အတန္းဘက္ကိုမေရာက္ခင္ ပါခ်ဳပ္ရဲ႕ ႐ုံးခန္းဝန္းက်င္နားမွာ သူ႔ကိုေခၚလိုက္တဲ့ တစ္ေယာက္ေယာက္ရဲ႕ အသံကိုၾကားလိုက္ရတယ္။ သူလွည့္ၾကည့္လိုက္ေတာ့ စီနီယာတစ္ေယာက္။ နာမည္ေတာ့ မသိေပမယ့္ အဲ့ဒီစီနီယာကို စီနီယာမင္ေဟ်ာင္းနဲ႔ အၿမဲအတူေတြ႕ရတတ္တာမလို႔ စီနီယာမင္ေဟ်ာင္းရဲ႕ သူငယ္ခ်င္းမွန္းသိလိုက္တယ္။

" မင္ေဟ်ာင္းရဲ႕ သူငယ္ခ်င္း ဂ်ဴနီယာေလးမလား "

" ဟုတ္ပါတယ္ဗ် "

" အဲ့တာဆို အေတာ္ပဲ။ မင္ေဟ်ာင္းထြက္လာရင္ ဒါေလး ေပးလိုက္ေပးေနာ္။ အစ္ကို အခုသြားစရာေပၚလာလို႔ သူ႔ကိုေစာင့္ေနလို႔မရေတာ့လို႔ "

ေျပာေျပာဆိုဆိုနဲ႔ သူ႔လက္ထဲ ထည့္ေပးလာတာက စီနီယာမင္ေဟ်ာင္းရဲ႕ လြယ္အိတ္။

" စီနီယာမင္ေဟ်ာင္းက အခုဘယ္မွာမို႔လို႔လဲဗ် "

" ပါခ်ဳပ္႐ုံးခန္းထဲမွာေလ... အခုေလာက္ဆို ပါခ်ဳပ္က သူ႔ကို လက္ခ်ာေတြေတာ္ေတာ္ေပးၿပီးေနေလာက္ၿပီ "

" ဘာလို႔လဲဗ် "

" မင္ေဟ်ာင္းရဲ႕ အဆင့္ေတြက တျဖည္းျဖည္းက်လာလို႔ေလ။ အရင္ပါခ်ဳပ္လက္ထက္တုန္းက ကိစၥမရွိေပမယ့္ အခုပါခ်ဳပ္က ေရွး႐ိုးစြဲၿပီး စာအုပ္ႀကီးသမားေလ... စည္းကမ္းႀကီးတယ္။ အခုလည္း မင္ေဟ်ာင္းကို အဆင့္ေတြက်ကုန္လို႔ ေခၚၿပီးဆူေနတာ "

စီနီယာ့စကားကို ၾကားလိုက္ၿပီးတဲ့ေနာက္ ဟယ္ခ်န္းေခါင္းထဲမွာ ေမးခြန္းေတြျဖတ္ေျပးသြားတယ္။

အဆင့္ေတြက်လို႔ ပါခ်ဳပ္က ေခၚဆူတယ္?

သူသိသေလာက္ေတာ့ စီနီယာမင္ေဟ်ာင္းက သူ႔လိုမ်ိဳး စေကာ္လာရထားတဲ့ ေက်ာင္းသားမဟုတ္လား။ ပညာသင္ဆုရထားတဲ့ ေက်ာင္းသားက ဘာလို႔ ပါခ်ဳပ္ေခၚဆူရတဲ့အထိ အဆင့္ေတြက်သြားတာလဲ။

" ဟိုေလ စီနီယာ "

လွည့္ထြက္ဖို႔ျပင္ေနတဲ့ စီနီယာအစ္ကိုရဲ႕ လက္ကို ဟယ္ခ်န္း လွမ္းဆြဲလိုက္မိတယ္။ စီနီယာမင္ေဟ်ာင္းနဲ႔ ပတ္သက္ၿပီး သူအၿမဲတမ္းသိခ်င္ေနခဲ့တဲ့ေမးခြန္းကို အခုေမးမွရမယ္။

" ေျပာေလ "

" စီနီယာမင္ေဟ်ာင္းမွာ... အမႊာညီအစ္ကိုေတြ ဘာေတြမ်ား ရွိလားဗ်? "

သူေမးလိုက္ေတာ့ သူ႔အေရွ႕က စီနီယာက ႐ုတ္တရက္ သူ႔ေမးခြန္းေၾကာင့္ ေၾကာင္အသြားပုံ။ ခဏေလာက္ၾကာေတာ့မွ တဟားဟားနဲ႔ အားရပါးရေအာ္ရယ္လာတယ္။ ေနာက္ေတာ့ သူ႔ပုခုံးကို သုံးေလးခ်က္ေလာက္ လွမ္းပုတ္တယ္။

" ဘာမ်ားလဲလို႔ကြာ... မင္ေဟ်ာင္းမွာ အမႊာညီအစ္ကိုမေျပာနဲ႔ ေမြးခ်င္းေမာင္ႏွမေတာင္ မရွိဘူး။ သူက တစ္ဦးတည္းေသာသားကြ "

စီနီယာ့စကားအဆုံးမွာ ေတြေဝေဝနဲ႔ ေခါင္းညိတ္မိရတယ္။ ၿပီးေတာ့ မ်က္ေတာင္တစ္ခ်က္ႏွစ္ခ်က္ဆက္တိုက္ခတ္လိုက္တယ္။ သူသိခ်င္ေနတဲ့ ေမးခြန္းရဲ႕အေျဖကိုရသြားတာေတာင္ ရင္ထဲမွာ မတင္မက်ျဖစ္ေနမႈေတြပဲ။

စီနီယာမင္ေဟ်ာင္းရဲ႕ သူငယ္ခ်င္းျဖစ္သူ ထြက္သြားတဲ့အခ်ိန္မွာ သူဟာ လြယ္အိတ္တစ္လုံးကိုင္ရင္း ေၾကာင္ေတာင္ေတာင္နဲ႔။ စီနီယာမင္ေဟ်ာင္းရဲ႕ လြယ္အိတ္ကိုၾကည့္ရင္း သူ႔ရင္ထဲ ပိုၿပီးတင္းၾကပ္လာရတယ္။

" ဟယ္ခ်န္း "

သူ ဘယ္ေလာက္ေတာင္ အေတြးလြန္သြားမိလဲဆိုရင္ စီနီယာမင္ေဟ်ာင္း သူ႔ေဘးနားေရာက္လာတာေတာင္ သတိမထားမိတဲ့အထိ။ စီနီယာဟာ အျပာေဖ်ာ့ေလးကို ဝတ္ထားေလရဲ႕။ ဒူးအထိရွည္တဲ့ ေဘာင္းဘီတိုဂ်င္းျပာေအာက္မွာ စီနီယာမင္ေဟ်ာင္းရဲ႕ေျခတံေတြက ျဖဴျဖဴေဖြးေဖြးရယ္။ စီနီယာမင္ေဟ်ာင္းရဲ႕ ဝတ္ပုံစားပုံက ေပါ့ေပါ့ပါးပါးႏိုင္လွတယ္။

ၿပီးေတာ့ စီနီယာမင္ေဟ်ာင္းရဲ႕လက္က ပတ္တီးတစ္ခု။ တံေတာင္ဆစ္နားမွာ အေသအခ်ာစည္းထားတဲ့ ပတ္တီးျဖဴျဖဴကိုျမင္လိုက္ရခ်ိန္မွာ ဟယ္ခ်န္းဟာ ၿပဳံးဖို႔ကိုေတာင္ သတိမရမိေတာ့။

သူ ဘာေတြေမွ်ာ္လင့္ေနခဲ့တာလဲ။

" စီနီယာ့သူငယ္ခ်င္းက ကြၽန္ေတာ့္ကို လြယ္အိတ္ေပးခိုင္းလိုက္လို႔ဗ် "

" ဟုတ္လား... ေက်းဇူးပဲေနာ္ ဟယ္ခ်န္း "

စီနီယာမင္ေဟ်ာင္းဟာ ေျပာေျပာဆိုဆိုနဲ႔ပဲ ပတ္တီးမစည္းထားတဲ့လက္နဲ႔ လြယ္အိတ္ကိုလွမ္းယူတယ္။

" စီနီယာ့လက္က... "

" ..... "

" ဘာျဖစ္တာလဲဗ် "

" ဪ ဒါလား? "

စီနီယာမင္ေဟ်ာင္းက ပတ္တီးစီးထားတဲ့လက္ကို ေျမႇာက္ရင္းေျပာတယ္။

" စက္ဘီးေမွာက္တာေလ "

" ဘယ္လိုေမွာက္တာလဲဗ် "

" ဟင္ "

သူေမးလိုက္ေတာ့ စီနီယာမင္ေဟ်ာင္းက ေယာင္ေတာင္ေတာင္ေလး သံေယာင္လိုက္တယ္။ ဟုတ္သားပဲ။ သူေမးလိုက္တဲ့ ေမးခြန္းကိုက အဓိပၸါယ္ရွိမေနတာ။

" အဲ့တာေတာ့ ကိုယ္လည္းေသခ်ာမမွတ္မိဘူး... စက္ဘီးေမွာက္တဲ့အခ်ိန္က ညမိုးခ်ဳပ္ႀကီးဆိုေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနတယ္ ထင္ပါရဲ႕။ မနက္မိုးလင္းေတာ့မွ ဒီဒဏ္ရာရေနမွန္းသိတာ "

စီနီယာမင္ေဟ်ာင္းဟာ ဂုတ္ပိုးကိုပြတ္ရင္း ရယ္က်ဲက်ဲေျပာတယ္။

" ညဆယ္နာရီဝန္းက်င္က အရမ္းမိုးမခ်ဳပ္ေသးပါဘူး စီနီယာ "

သူေျပာလိုက္ေတာ့ ခပ္ၿပဳံးၿပဳံးျဖစ္ေနတဲ့ စီနီယာမင္ေဟ်ာင္းရဲ႕မ်က္ႏွာက ကြက္ခနဲပ်က္သြားတယ္။ ဒါေပမယ့္ စကၠန္႔ဝက္စာေတာင္မရွိတဲ့အခ်ိန္မွာပဲ စီနီယာမင္ေဟ်ာင္းဟာ အၿပဳံးသစ္တစ္ခုကို မ်က္ႏွာေပၚဆြဲတင္တယ္။

" အာ... ကိုယ္ ဟယ္ခ်န္းနဲ႔လည္း ေတြ႕ခဲ့တာလား? ငါ့ႏွယ္ ေမ့တတ္လိုက္တာ... ဟုတ္သားပဲ! ကိုယ္ ဟယ္ခ်န္းအေဆာင္ေရွ႕ လာခဲ့တာ "

ေတြ႕ခဲ့႐ုံတင္မဟုတ္ဘဲ စကားေတြလည္း အၾကာႀကီးေျပာျဖစ္ခဲ့တယ္ဆိုတဲ့ စကားကိုေတာ့ ဟယ္ခ်န္း မေျပာျဖစ္ေတာ့ဘူး။

" အခု အတန္းတက္ရေတာ့မွာမလား? ဟယ္ခ်န္း သြားေတာ့ေလ။ ကိုယ္လည္း သြားေတာ့မယ္။ လြယ္အိတ္အတြက္လည္း ေက်းဇူးပဲေနာ္။ ညေနအတန္းဆင္းတဲ့အခ်ိန္က် ကိုယ္ေစာင့္ေနမယ္။ အတူျပန္ၾကမယ္ေနာ္။ ကိုယ္ ဟယ္ခ်န္း အေဆာင္ေရွ႕ထိ လိုက္ပို႔မယ္ "

စီနီယာမင္ေဟ်ာင္းဟာ သိသိသာသာကို စကားစျဖတ္ပစ္တယ္။ ေနာက္ေတာ့ သူ႔ဆံပင္ေတြကို ခပ္သာသာေလး ဆြဲဖြၿပီး သူ႔အေရွ႕က လွည့္ထြက္သြားတယ္။

သူ႔ကိုထားၿပီး ထြက္သြားတဲ့ စီနီယာမင္ေဟ်ာင္းရဲ႕ ေက်ာျပင္ကို သူေငးၾကည့္မိတယ္။ မေန႔ညကလို ခံစားခ်က္မ်ိဳး ရွိမေနဘူး။ ဟယ္ခ်န္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိတာ ဘာလို႔လဲေတာ့ သူကိုယ္တိုင္လည္း ေသခ်ာမသိ။

အခုခ်ိန္မွာ သူသိတာ တစ္ခုပဲရွိတယ္။

စီနီယာမင္ေဟ်ာင္းဟာ ပုံမွန္ဟုတ္မေနဘူး။

ၿပီးေတာ့ ေသခ်ာတယ္။

သူတို႔ႏွစ္ေယာက္ မေန႔ညက ေတြ႕ခဲ့တာကိုလည္း စီနီယာမင္ေဟ်ာင္း မွတ္မိမွာမဟုတ္ဘူး။

-To Be Continue

Continue Reading

You'll Also Like

767K 17.3K 46
In wich a one night stand turns out to be a lot more than that.
365K 21.8K 78
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
1.7M 58.5K 72
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
550K 17.1K 74
Hiraeth - A homesickness for a home to which you cannot return, a home which maybe never was; the nostalgia, the yearning, the grief for the lost pla...