စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...

By PyaeNway

247K 24.2K 362

( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်... More

Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဥ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဥ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဥ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဥ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20 . အပေးအယူ
21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဥ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥ်
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဥ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အ်ိမ်တော်သိို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဥ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဥ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176 . အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ

155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ

452 58 1
By PyaeNway

ပွဲတော်ကို ဧကရာဇ်၏ လိန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။ လိန်ဥယျာဉ်သည် တခြားနေရာတွေနဲ့ မတူအောင် အလှဆင်ထားခဲ့တယ်။ ထိုဥယျာဉ်တွင် အလယ်မှာ ပျမ်းမျှအရွယ်အစားရှိတဲ့ ရေကန်တစ်ခုရှိပြီး ထိုရေကန်၏ဘေးတွင် ကျွန်းနှစ်ကျွန်းရှိသည် ။ ကျွန်းနှစ်ကျွန်းကြား အနီးဆုံးနေရာသို့ ခြေတစ်လှမ်းမျှသာ ဖြတ်သွားနိုင်သည်။  အနည်းငယ်ပိုကြီးသော ကျွန်းသည် ဘယ်ဘက်တွင်ရှိပြီး ထိုနေရာတွင် အမျိုးသားဧည့်သည်များ ထိုင်နေခဲ့သည်။  အနည်းငယ်သေးငယ်သောကျွန်းသည် အမျိုးသမီးဧည့်သည်များထိုင်သည့် ညာဘက်တွင်ရှိသည်။

လူတိုင်းရဲ့ပျော်ရွင်မှုအတွက် ဧကရာဇ်မင်းနဲ့ သူ့ရဲ့အရာရှိတွေဟာ ရေကန်ဘေးမှာ ထိုင်နေကြသည် ။ ကျွန်းပေါ်ရှိ လူများ အားလုံးမှာ လူငယ်များဖြစ်ကြပြီး အခုချိန်၌ သူတို့သည် သူတို့ ဖခင်များ၏ ချုပ်နှောင်မှုကို မခံစားရဘဲ ပျော်ပျော်ပါးပါး နေနိုင်လိမ့်မည် ။

ကျွန်းများနှင့် ရေကန်စပ်ကြားတွင် အလှဆင်ထားသော အပျော်သင်္ဘော လှေငယ်အချို့ရှိပြီး ကမ်းပေါ်ရှိ ကျွန်းများသို့ ပို့ဆောင်ပေးသည်။  လှေတွေ အများကြီးမရှိသောကြောင့် လှေပေါ်ရှိ အမျိုးသား အမျိုးသမီးများကို အတူတူ ပို့ဆောင်ပေးခဲ့သည် ။ အမျိုးသားများကို လက်ဝဲဘက်ရှိ ကျွန်းသို့မပို့မီ အမျိုးသမီးများကို လက်ယာဘက်ရှိ ကျွန်းသို့ ဦးစွာစေလွှတ်မည်ဖြစ်သည်။  ထို့နောက် လှေများသည် အခြားလူများကို ခေါ်ဆောင်ရန် ကမ်းသို့ ပြန်သွားကြသည်။

မို့ရွှီတုန်း နှင့် လုမင်ရှုတို့သည် အထွတ်အထိပ်ရောက်သည့်အချိန်၌ ရေကန်နားသို့ ရောက်လာကြသည်။  အချို့သော အမျိုးကောင်းသမီးများ သည် ကျွန်းများသို့ သွားလိုသောကြောင့် စုပြုံနေကြပြီး ရင်းနှီးမှုဖြင့် စုစည်းလိုက်ကြသည်။  အချို့သော မိန်းမပျိုများသည် အစ်ကိုများနှင့်အတူ ရှိနေကြသည်မို့ မသင့်တော်ခြင်း မရှိပေ ။  ဧကရာဇ်မင်းနှင့် အရာရှိများ မရောက်သေးသောကြောင့် အိုင်နားရှိ ထိုင်ခုံများမှာ လွတ်နေပြီး သူတို့ကို စောင့်ကြည့်ရန် မိဘများ မရှိကြပေ ။ ထိုကြောင့် အလွန်သာယာသောလေထုဖြစ်ခဲ့သည်။  ကျွန်းသို့သွားရန် အလျင်လိုခြင်း မရှိသော မိန်းမပျိုအချို့သည် သစ်ပင်များအောက်တွင် စုဝေးကာ စကားစမြည်ပြောကြသည်။

"ညီမငယ်တုန်း ၊ ကြည့်စမ်းပါဦး ၊ ဟိုမှာ တို့အစ်ကိုရှိတယ် ၊ သူ့ဆီသွားပြီး စကားသွားပြောရအောင်" လုမင်ရှုက မဝေးလှသော လုဝမ်ယွီကို ပြုံးလျက် လက်ညှိုးထိုးပြသည်။  သူ့အဖွဲ့ထဲမှာ ယောက်ျား မိန်းမတွေ ရောနှော ရှိနေခဲ့သည် ။

ချင်းယွီဖန် ၊ ချင်းယွီရှောင် ၊ လုဝမ်ယွီ ၊ ယုရန်ချန် နှင့် အခြား မြင့်မြတ်သော အမျိုးကောင်းသမီး အနည်းငယ် တို့ကို တွေ့ရှိရန် သူတို့ နှစ်ဦး ရောက်ရှိလာကြသည်။  သူတို့ကို ချဉ်းကပ်ဖို့ ပထမဆုံးလူကတော့ ချင်းယွီရှောင်ပါ။  "တုန်းအာ ၊ မင်းဒဏ်ရာတွေ သက်သာသွားပြီလား ? မင်းနေမကောင်းဖြစ်နေသေးလား "

ချင်းလျံဘုရားကျောင်း အဖြစ်အပျက်ကတည်းက သူတို့ နှစ်ယောက် မတွေ့ခဲ့ကြပါဘူး။  အဲဒီတုန်းက သူမရခဲ့တဲ့ဒဏ်ရာကို သူက စိုးရိမ်တကြီးမေးခဲ့တယ်။

"ကျေးဇူးအများကြီးတင်ပါတယ် ဝမ်းကွဲရှောင် ၊ မင်းရဲ့စိုးရိမ်မှုအတွက် တို့ ဒီဒဏ်ရာလေးကနေ သက်သာလာတာကြာပါပြီ " မို့ရွှီတုန်းက သူ့ကို ညင်သာစွာ ပြုံးပြလိုက်ပါတယ်။  ထို့နောက် သူမသည် ချဉ်းကပ်လာသော ချင်းယွီဖန် နှင့် လုဝမ်ယွီတို့အား နှုတ်ဆက်လိုက်သည်။  တခြားသူတွေက သူတို့နောက်ကို လိုက်ကြပြီး အားလုံးက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတယ်။

မို့ရွှီတုန်းသည် ပန်းရောင်ဝတ်ထားသော လှပသောမိန်းကလေးမှာ ယုရန်ချန်၏ ညီမဖြစ်သူ ယုရုံ ဖြစ်သည်ကို မို့ရွှီတုန်းမှ သိရှိခဲ့သည်။  အပြာရောင်ဝတ်စုံဝတ်ထားသော အခြားလှပသောမိန်းကလေးမှာ ကျင်းယုအာဟုခေါ်ပြီး ချောမောလှပသူမှာ အိုင်ရွှီ ဟုခေါ်သည်။

မို့ရွှီတုန်း၏အကြည့်သည် အနောက်ဘက်တွင်ရပ်နေသော စီမာဟီရန် ဆီကို ရောက်သွားခဲ့သည် ။ စီမာဟီရန်ကို သူမပြန်လည်မွေးဖွားပြီးကတည်းက ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည် ။ စီမာဟီရန်သည် ခရမ်းရောင်ဖျော့ဖျော့ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။  သူမရဲ့ ကော်လာနဲ့ လက်စွပ်တွေရဲ့ အနားတွေမှာ အနီရောင် ချည်ထိုးတွေ ရှိနေတာကြောင့် သူမကို ချစ်စရာကောင်းသည့် ပုံပေါ်စေသည် ။

သူမ၏အတိတ်ဘဝတွင် စီမာဟီရန်၏ဘဝသည် ခက်ခဲခဲ့သည်။  သူမသည် သူ့အစ်ကို၏အင်အားကြောင့် အပေါ်သို့ တက်လှမ်းနိုင်ခဲ့သည်။ စီမာဟီရန်သည် မို့ရွီတုန်းက စီမာ စံအိမ်တွင် ပထမဆုံးလက်ထပ်စဉ်က အိမ်တွင်နေထိုင်ခဲ့သေးသည်။  သို့သော်လည်း စီမာဟီရန်နှင့် သူမတို့နှစ်ယောက်သား အပြန်အလှန် ဆက်ဆံမှုများစွာ မရှိခဲ့ကြပေ။ စီမာဟီရန်သည် မို့ရွီတုန်း စီမာစံအိမ်တွင် လက်ထပ်ပြီး တစ်လအကြာတွင် လက်ထပ်ခဲ့သည်။ ထိုအချိန်တွင် မို့ရွှီတုန်းသည် ဇနီးအသစ်ဖြစ်ပြီး သူရဲဘောကြောင်သူဖြစ်သည်။  သူမသည် အမှားလုပ်မိ၍ အမှားများကိုပြောရမည်ကို ကြောက်ခဲ့သည်။ အခြားတစ်ဖက်မှာတော့ စီမာဟီရန်သည် သူမ၏ မင်္ဂလာဆောင်ခါနီးကြောင့် အလုပ်ရှုပ်နေခဲ့သည်။

တကယ်ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်ဟာ စကားလုံးအနည်းငယ်သာ ပြောဖြစ်ခဲ့ကြသည် ။ စီမာဟီရန်က သူမကို မကြိုက်တဲ့အတွက် သူတို့ရဲ့ အကန့်အသတ်ရှိတဲ့ အပြန်အလှန်တုံ့ပြန်မှုတွေသာ ရှိခဲ့သည် ။ မို့ရွီတုန်းနားမလည်နိုင်သောအရာက စီမာဟီရန်ဟာ သူမဝမ်းကွဲ ရန်ယင်းကုနဲ့လည်း လိုက်လျောညီထွေမဖြစ်ခဲ့ပါဘူး။ စီမာဟီရန်သည် အခြားသူများကို အမြဲတမ်း နှိမ့်ချခဲ့ကြောင်း မို့ရွှီတုန်းသတိရမိသည်။

မို့ရွှီတုန်းတွင် သူမနှင့်ပတ်သက်သော အခြားခံစားချက်များ မရှိပေ ။ စီမာဟီရန်က ယခုဘဝမှာလည်း အိမ်ထောင်ပြုဖို့ကလွဲလို့ ရွေးချယ်စရာလမ်းမရှိလို့ သူမသက်ပြင်းချပြီး သနားရုံသာပြောနိုင်ခဲ့တယ်။ မို့ရွှီတုန်းသည် စီမာလင်းရန်၏ အကြံအစည်ကို ခံရပြီးနောက် စီမာဟီရန်သည် လက်ထပ်ရန် သွားခဲ့ရသည်။

"မင်းက တတိယသခင်မလေးမို့လား ၊ မင်းက တကယ့်ကိုလှတယ် ။တို့အစ်ကိုက မင်းကို အမြဲပြောနေတာ ၊ အခု တို့ မင်းကို မြင်လိုက်ရတော့ မင်းက အကိုပြောတာထက်တောင် ပိုလှတယ်" စီမာဟီရန်သည် ယုရုံ၏နောက်ကွယ်မှ သူမထံသို့ ချဉ်းကပ်လာပြီး မို့ရွှီတုန်းကို မြှောက်ပင့်လိုက်သည် ။ စီမာဟီရန်သည် အိုက်ရွှီကို ကိုင်ကာ စူးစူးဝါးဝါး ပြုံး၍ သူမ၏ခေါင်းကို ဘေးဘက်သို့ ယမ်းလိုက်သည်။

မိုမိသားစုက မိန်းမပျိုတွေအကြောင်းကို အစ်ကိုကြီးပြောတာကို သူမတကယ်ကြားခဲ့ရတယ်။  အရင်တုန်းကတော့ သူမရဲ့အစ်ကိုက ပထမသခင်မလေးမိုကို ချီးကျူးခဲ့ပေမဲ့ တတိယသခင်မလေးမိုမြို့တော်မှာ ပေါ်လာတဲ့အခါမှာတော့ အစ်ကိုဖြစ်သူက တတိယသခင်မလေးမိုကို ချီးကျူးစပြုလာခဲ့တယ်။ အစ်ကိုကြီးအတွက် ဒီလို ကြီးမားတဲ့ အပြောင်းအလဲကို ဘာက ဖြစ်စေခဲ့တာလဲ။ စီမာဟီရန်က တကယ်ကို သိချင်နေခဲ့တယ်။

ယနေ့ မို့ရွှီတုန်း၏အဝတ်အစားများသည် အလွန်ရိုးရှင်းပါသည်။ မို့ဟွာဝမ်သည် သူမ၏ ဝမ်းနည်းခြင်းကာလတွင် ရှိနေဆဲဖြစ်ကြောင်း သိရှိခဲ့သည်။ မို့ဟွာဝမ်သည် ပွဲတက်ဖို့ သူမကို တောင်းဆိုထားပြီးသားဖြစ်ပေမယ့် အရောင်တောက်တောက် ဝတ်ဆင်ဖို့က သူမအတွက် မသင့်တော်ပါဘူး။  ထို့ကြောင့် ကြော့ရှင်းသော်လည်း ရိုးရိုးရှင်းရှင်းအဝတ်အစားများ ရွေးရန် သူမသည် အဒေါ်ချင်းကို အထူးပြောထားခဲ့သည်။

မကြာသေးမီက သူမ၏ကျန်းမာရေးကို ကောင်းမွန်စွာ ပြုစုထားသောကြောင့် မို့ရွှီတုန်းသည် ရုပ်ပိုင်းဆိုင်ရာအရ အရွယ်မရောက်သေးသော်လည်း နုပျိုသော အလှကို ပိုင်ဆိုင်ထားသူဖြစ်သည်။  သူမ၏ကြွေမျက်နှာပေါ်တွင် ကြီးမားကြည်လင်သော မျက်လုံးတစ်စုံရှိသည်။  သူမ၏ ရှည်လျားသော မျက်တောင်များသည် အလင်းရောင်အောက်တွင် တဝဲလည်လည်ဖြစ်နေသည် ။  သူမ၏ ဖြောင့်စင်းသော နှာတံနှင့် နီရဲ တောက်ပသော နှုတ်ခမ်းများက တောက်ပနေပုံရသည်။  သူမ၏ စွဲမက်ဖွယ်ကောင်းသော နှုတ်ခမ်းအရောင်သည် အပြစ်ကင်းစင်ပြီး ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ဖြည့်ဆည်းပေးသည်။

မို့ရွှီတုန်းကို အမြဲမုန်းတီးခဲ့သော ယုရန်ချန်ပင်လျှင် သူ့မျက်လုံးများ လင်းလက်နေသည့်အထိ သူမမျက်လုံးများကို စိုက်ကြည့်နေခဲ့သည် ။  ရုတ်တရက် သူသည် သူ၏နှလုံးခုန်သံ ပြင်းပြင်းထန်ထန် တုန်ခါနေသည်ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း သူ လှည့်ကြည့်လိုက်တယ်။ သူသည် သူ့နှုတ်ခမ်းတွေကို တင်းတင်းကျပ်ကျပ် စေ့ထားလိုက်သည်။

သူသည် မို့ရွှီတုန်းကို အမြဲမုန်းတီးခဲ့သည်။  ထိုကောင်မလေးသည် အတုအယောင်ဖြစ်ပြီး ရက်စက်လွန်းသည်ဟု သူခံစားမိသည်။  သူသည် နူးညံ့သိမ်မွေ့ပြီး ထက်မြက်တဲ့ မို့ရွှမ်မင်လိုမျိုး မိန်းကလေးတွေကိုသာ သူသဘောကျတယ်။ ရက်စက်လွန်းတဲ့ အဒေါ်တွေနဲ့ မွေးမွေးချင်း မောင်နှမတွေကို သတ်ပစ်ချင်လောက်အောင် ရက်စက်တဲ့ မိန်းကလေးတွေကို သူ မကြိုက်ဘူး။  သူမ၏ မျက်လုံးများသည် အလွန် ကြည်လင်နေသေးပြီး ယုတ်မာသော တစ်စုံတစ်ရာကို ပြုလုပ်ထားသော်လည်း ၎င်းတို့ကို ကြည့်ရှုသူများ၏ နက်နဲသော နှလုံးသားကို ထိမိသွားသည် ။ ယုရန်ချန်သည် သူမအပေါ် လေးလေးနက်နက် မနှစ်သက်သလို ခံစားလိုက်ရသည်။

ဒီလိုမိန်းမမျိုးက တခြားသူတွေရှေ့မှာ အပြစ်ကင်းစင်အောင် ဟန်ဆောင်တာ ဘယ်လောက်တောင် သတ္တိရှိလဲ။  သူ မကူညီနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။

တခြားသူတွေက ယုရန်ချန်ကို သတိမထားမိပေမယ့် မို့ရွှီတုန်းက သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ယုရန်ချန်၏ မျက်နှာပေါ်ရှိ သိသာထင်ရှားသော အထင်အမြင်သေးမှုနှင့် မုန်းတီးမှုသည် သူမအား လုံးဝမထိခိုက်စေခဲ့ပေ။ ယုရန်ချန်က သူမအပေါ် ဘယ်လိုခံစားရတာလဲ ၊ သေချာတာက မို့ရွှီတုန်းကလည်းသူ့ကို လုံးဝမကြိုက်ဘူး။  သူနှင့် မို့ရွှမ်မင်အကြား လျှို့ဝှက်စကားပြောသံကို သူမကြားပြီးကတည်းက သူမသည် သူ့ကို မထီမဲ့မြင်ပြုလာသည်။  တူညီသောအမွေးငှက်များသည် အတူတကွ စုဝေးတတ်ကြသည်။  သူသည် မို့ရွှမ်မင်ကဲ့သို့ပင် လူလိမ်ကြီးတစ်ယောက်ဖြစ်သည်။

သူမသည် ယုရန်ချန်နှင့် ပတ်သက်ပြီး ဘာမှကို ဂရုမစိုက်ပါဘူး ။

"ညီမလေးတုန်း ၊ ပွဲပြီးရင် မီးပုံးပွဲရှိသေးတယ် ။  နန်းတော် အပြင်ဘက်တွင် ဈေးများကဲ့သို့ ပွဲတော်ကို ကျင်းပတယ် ။ သူတို့က ဈေးရောင်းသူများလို ဟန်ဆောင်ပြီး နန်းတော်အစေအပါးအချို့ကို ခေါ်ယူကာ တဲအမြောက်အမြားကိုပင် ဖွင့်လှစ်ပေးလိမ့်မည် ။ ဧကရာဇ်နဲ့ ဧကရီတို့ကလည်း ဆုများချီးမြှင့်ကြဦးမှာ ၊ ကျုပ်တို့ကျွန်းကပြန်လာပြီး အတူတူသွားကြည့်ရအောင်။  ဈေးတွေမှာ ပွဲတော်တွေထက်တောင် ပိုလှတယ်လို့ ကြားတယ်။  " ချင်းယွီရှောင်က မို့ရွှီတုန်းရှေ့မှာ ရပ်လိုက်ပြီး ယုရန်ချန်ကို မကြည့်ဖို့ တားလိုက်သည်။

မို့ရွှီတုန်းသည် သူ၏ ဖိတ်ကြားချက်ကို ဖြေကြားရန် ခက်ခဲနေခဲ့သည်။ အခု သူတို့ဟာ တိမ်တိုက်မြို့မှာ ရှိနေတာမဟုတ်သလို သူမဟာ ချင်းအိမ်တော်မှာနေခဲ့တဲ့ မိဘမဲ့သမီးလည်း မဟုတ်တော့ပါဘူး။ သူမမှာ လိုက်နာရမယ့် စည်းကမ်းတွေ အရမ်းများတယ်။ ထိုကြောင့် နှစ်ယောက်သား ဆုံဖို့ ခက်ခဲပါတယ် ။ သူမသာ မီးပုံးကြည့်ဖို့ သဘောတူရင် ဆုံဖို့အခွင့်အရေး နည်းနည်းပါးပါးတော့ ရှိလိမ့်မယ်... တိမ်တိုက်မြို့တော်မှာသာ ဒီလိုဖြစ်ခဲ့ရင် ကိစ္စရှိမှာ မဟုတ်ပါဘူး။ သခင်မကြီးချင်းက သဘောတူသရွေ့ ချင်းယွီရှောင်က သူမကို ညဘက် မီးပုံးကြည့်ဖို့ ခေါ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဒီမှာက မတူဘူး !  အထူးသဖြင့် မို့ရွှမ်မင်သည် သူမကို ရက်စက်သောမျက်လုံးများဖြင့် ကြည့်နေသည့်အတွက် သူမခြေလှမ်းတိုင်းကို သတိထားနေရမည်ဖြစ်သည်။  သူမ ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုရင်တောင် မို့ရွှမ်မင်က သူမကို အပြစ်ရှာဖို့ ကြိုးစားလိမ့်မယ်။  ထို့အပြင် အမျိုးသားများနှင့် အမျိုးသမီးများ တွေ့ဆုံရန် သဘောတူတာက မသင့်လျော်ပါ။

"ဒုတိယဝမ်းကွဲ ၊ မင်းတကယ်ပြောနေတာလား " မို့ရွှိတုန်း ဘာမှမပြောနိုင်သော အချိန်တွင် အခြားအမျိုးသမီးတစ်ဦး ဝမ်းသာအားရ ခုန်ပေါက်လုနီးပါး ဝင်ပြောခဲ့သည် ။

မို့ရွှီတုန်း၏ မျက်လုံးများ ကျုံ့သွားခဲ့သည် ။ သူမက ယုမိသားစု၏ သမီးပင်...

" မှန်ပါတယ် ၊ ကျုပ်တို့ နောက်မှ နန်းတော်ထဲက ဈေးမှာ တွေ့နိုင်ပါတယ် " ချင်းယွီဖန်က ပြုံးပြီး ပြောသည် ။ ထို့နောက် သူက မို့ရွှီတုန်းအား လှည့်၍ ဆက်ပြောသည် ။ "ညီမတုန်း ၊ကျုပ်တို့ မီးပုံးသွားကြည့်တဲ့အခါ မီးပုံးရေကန်ကို သွားကြည့်လို့ရတယ် ။ ဒါကို ရောင်စုံမီးပုံးပေါင်း သောင်းနဲ့ချီပြီး လုပ်ထားတာလို့ ကျုပ်ကြားလိုက်ရတယ်၊ ဒီနေရာမှာ မီးပုံး အမျိုးမျိုးရှိပြီး ပုစ္ဆာကိုမှန် အောင်ဖြေနိုင်သ၍ မီးပုံးတစ်လုံးတော့ ရနိုင်မှာပါ ။ ဒီနေရာကို လူတွေအများကြီးသွားနေကြတာ ၊ အကယ်လို့ မင်းသွားချင်ရင် ငါတို့နဲ့ လိုက်ခဲ့လို့ရတယ် "

သူ့စကားသည် ကောင်းမွန်စွာပြောနိုင်ခြင်းဖြစ်ပြီး ချင်းယွီရှောင်၏ စကားမှ အကြောင်းပြချက်ကို သူရှာဖွေနိုင်ခဲ့သည်။ မို့ရွှီတုန်းဆီသို့ သူ့၏ဖိတ်ကြားချက်သည် အခွင့်အလမ်းတွေ့ဆုံမှုတစ်ခုလို ပိုခံစားရပြီး ယောက်ျားနှင့်မိန်းမကြား လျှို့ဝှက်တွေ့ဆုံမှုမဟုတ်ပေ။ 

မို့ရွှီတုန်းက သက်ပြင်းချလိုက်သည်။  သူမသည် နူးညံ့သောအမူအရာဖြင့် ပြုံးကာ မော့ကြည့်လိုက်သည်။ "ဝမ်းကွဲရှောင် ၊ ဝမ်းကွဲဖန် ၊ ငါတို့ ပဟေဠိတွေကို ခန့်မှန်းပြီး မီးပုံးတွေကို ကြည့်ဖို့ နောက်မှ လိုက်လာခဲ့မယ် ။ ဝမ်းကွဲ ငါတို့တွေ့ရင် မင်း ငါတို့ကို ကူညီရမယ်။  မင်းဝမ်းကွဲကို လက်ဗလာနဲ့ အိမ်ပြန်ခွင့်မပြုရဘူး မဟုတ်လား။  “

ထို့နောက် သူမသည် ရွှတ်နောက်နောက်ဖြင့် မျက်လုံး မှိတ်ပြလိုက်သည်။  လှပသော မိန်းကလေး၏ နူးညံ့သိမ်မွေ့သော အပြုံးကြောင့် အငွေ့အသက်သည် ချက်ချင်းပင် ငြိမ်သက်သွားသည်။

"ဒါဆို ဒီလိုပဲသတ်မှတ်ပြီ ။ မီးပုံး ပဟေဋ္ဌိတွေကို ကျုပ်တို့ အတူတူ ခန့်မှန်း ကြမယ်" ချင်းယွီရှောင်က ပြုံးပြီး ပြောသည် ။ သူသည် မို့ရွှီတုန်းနှင့် အတူသွားချင်၍ အလောကြီးသွားသော်လည်း တုံးအသူမဟုတ်ပေ ။ သူပြောပြီးတဲ့ နောက်မှာ လူအုပ်ရဲ့ တုံ့ပြန်မှုက ထူးထူးခြားခြား ဖြစ်မှန်း သူ သဘောပေါက်ပြီး အဲဒါကို ချက်ချင်း တုံ့ပြန်ချင်ခဲ့သည် ။ သို့သော်လည်း သူသည် အခြေအနေကို ကယ်တင်ရန် နည်းလမ်းရှာမတွေ့ခဲ့ပေ။  အစ်ကိုဖြစ်သူက သူ့ကို စကားအနည်းငယ်ပြောပြီး ကူညီတာကို ကြားလိုက်ရမှ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

သူသည် အမြဲတစေ ပွင့်လင်းခဲ့ပြီး သူတို့အားလုံး တိမ်တိုက်မြို့တွင်ရှိစဉ်က ငယ်ရွယ်သူများဖြစ်သည်။  အဲဒီတုန်းက ယောက်ျားနဲ့ မိန်းမကြားက ကျင့်ဝတ်တွေကို ဂရုမစိုက်ကြဘူး။ သခင်မကြီးချင်းက သူ့ကို သိပ်အောင့်အည်းမထားဘဲ အားလုံးကို အာရုံမစိုက်ခဲ့ဘူး။  ဒါပေမယ့် မြို့တော်မှာက မတူဘူး။

သူသည် ချင်းအင်ပါယာ၏ မြို့တော်ကို ရောက်တဲ့နေ့မှာ စာလေ့လာဖို့ ခေါ်ဆောင်ခံရပြီး ဟောပြောချက်ကို နားထောင်ခဲ့ရသည် ။ အဓိကအချက်ကတော့ မြို့တော်မှာနေပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်၊ အထူးသဖြင့် ယောက်ျားနဲ့ မိန်းမကြားမှာ ကျင့်ဝတ်တွေ ရှိတယ်။  နည်းနည်းလေးမှ သတိမထားမိရင် သူ့ဘဝက ပျက်စီးသွားနိုင်တယ်... ချင်းယွီရှောင်သည် စိတ်ပျက်ကာ ခေါင်းငုံ၍ စာကြည့်ဆောင်မှာ ထွက်ခွာသွားခဲ့သည် ။ သူသည် မြို့တော်မှ ထွက်သွားပြီး စည်းမျဉ်းများစွာမရှိသော တိမ်တိုက်မြို့တွင် ဆက်နေနိုင်စေရန်သာ သူ့ကိုယ်သူ ပြန်ပြောခဲ့သည်။ တိမ်တိုက်မြို့က ပိုလွတ်လပ်ခဲ့တယ်။

သူပြောသောစကားသည် မို့ရွှီတုန်းကို ဒုက္ခပေးမိကြောင်း သူသဘောပေါက်သွားသည်။  ကံကောင်းထောက်မစွာဖြင့် အစ်ကိုကြီးသည် ဉာဏ်ကောင်းပြီး အခြေအနေကို ကယ်တင်နိုင်ခဲ့သည်။  သူက ချင်းယွီဖန်ကို တိတ်တဆိတ် လက်မထောင်ပြပြီး သူ့ကို တောက်ပစွာ ပြုံးပြသည်။  သူက ချင်းယွီဖန်ကို လုံးဝလေးစားသည် ။

ချင်းယွီဖန်က သူ့ကို ညင်သာစွာ ပြုံးပြပြီး ခေါင်းကို ခါလိုက်ပြီး ကိုယ်ပြောသောစကားကို သတိထားရမယ်လို့ ညွှန်ပြလိုက်သည် ။

ချင်းယွီရှောင်က ဆောလျင်စွာ ခေါင်းညိတ်သည်။

လှေတစ်စင်းရောက်လာပြီး သူတို့အားလုံးလှေပေါ်တက်ကြသည်။  ကျွန်းငယ်လေးများသည် ကမ်းနှင့် မဝေးလှသော်လည်း ခရီးသည်များက ရှုခင်းကို ပိုမိုကောင်းမွန်စွာ ရှုစားနိုင်စေရန်အတွက် လှေသည် ကျွန်းမရောက်မီ ကမ်းစပ်တွင် စက်ဝိုင်းပုံစံဖြင့် ရည်ရွယ်ချက်ရှိရှိ ဝိုင်းဖွဲ့ထားသည်။  ဤအကြိမ်သည် နန်းတော်မှ စီစဉ်ပေးသော ပိုမိုစိတ်ကြိုက် ထိတွေ့နိုင်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ရေကန်ရဲ့ မျက်နှာပြင်ပေါ်မှာ လေပြင်းတွေ တိုက်နေခဲ့တယ်။  လေပြင်းများတိုက်ခတ်သဖြင့် မို့ရွှီတုန်းသည် သူမ၏စကတ်များကို ရုတ်သိမ်းလိုက်သည်။ မို့ရွှီတုန်းသည် လက်ရန်းအနောက်မှာ ရပ်နေတဲ့မို့ရွှမ်မင် အကြောင်းကို တွေးရင်း သူမရပ်နေတဲ့ နေရာကို လေက တိုက်ခတ်သွားပါတယ်။ 

မို့ရွှမ်မင်က သူမကို တကယ်ကို စိတ်ရှုပ်စေခဲ့တယ်။  သူမ နောက်ဘာဖြစ်မည်ကို အတိအကျ မသိပေ ။ မို့ရွှီတုန်းသည် မို့ရွှမ်မင် တွေးနေသည့်အရာကို မခန့်မှန်းနိုင်သော်လည်း သူမမှာ ကျရောက်တော့မည့် အန္တရာယ်ကို ခံစားလိုက်မိသည် ။ မို့ရွှမ်မင်သည် ယနေ့ ငြိမ်သက်လွန်းနေသည်။

"တတိယသခင်မလေးမို့ ၊ မင်းဘာတွေ ထပ်ကြံစည်ဖို့ ကြိုးစားနေတာလဲ ။ တတိယသခင်မလေးမို့ကဲ့သို့ အပြစ်ကင်းသော နတ်သမီးက အခြားသူများကို တိုက်ခိုက်ရန် ကြံစည်သောအခါ အလွန်မရိုးသားသူဖြစ်မည်ဟု မည်သူထင်နိုင်ပါလဲ ။  မိန်းမတစ်ယောက်က ဒီလောက်ရက်စက်တာ တကယ့်ကို ထူးဆန်းတယ် "

မို့ရွှီတုန်းသည် အေးစက်စက် လှောင်ပြောင်သည့်အသံကို ကြားလိုက်ရသည်။ သူမသည် သူ့ပတ်ဝန်းကျင်ရှိလူတိုင်း ထွက်ခွာသွားသည်ကို တွေ့သဖြင့် သူမအနောက်တွင် ယုရန်ချန်တစ်ဦးတည်းကျန်ရစ်ခဲ့ကြောင်း သိလိုက်သည် ။ ကျန်သူများအားလုံးသည် အဝေးမှ ချဉ်းကပ်လာသော ဇိမ်ကျကျ လှပသော လှေကြီးတစ်စင်းကို ကြည့်ပြီး ဘယ်ဘက်သို့ လျှောက်သွားကြသည်။

"တို့လည်း သခင်လေးယုက မြို့တော့်ရဲ့ မြင့်မြတ်တဲ့သခင်လေးတစ်ဦးလို့ တို့ကြားခဲ့ရတယ် ။ မင်းက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး ငယ်ရွယ်ကာ ထက်မြက်တဲ့သူလို့လဲ တို့ကြားမိတယ်။ မင်းအခုဘာလုပ်နေလဲ တို့သိချင်တယ် ။ တစ်ယောက်ယောက်နဲ့အမှတ်တကယ် တွေ့ဆုံတာက အဲဒီလူအကြောင်းကြားရတာထက် ပိုမှန်တယ်လို့ မင်းထင်တယ်မလား။ တို့လည်း ဒီလိုပဲ ခံစားရတယ် "

မို့ရွှီတုန်းသည် သူမ၏ နှုတ်ခမ်းပေါ်မှ အေးစက်သော အပြုံးတစ်ခုဖြင့် သူ့မျက်လုံးများကို အသာအယာ ငုံ့ကြည့်လိုက်သည် ။ ယုရန်ချန်သည် မို့ရွှမ်မင်ကြောင့်သူမကို ရန်ဘက်ပြုရန် ကြံစည်ခဲ့သည် ။ သူတို့သည် ဘယ်တော့မှ သူငယ်ချင်း မဖြစ်နိုင်ဘူး။  ထို့အပြင် သူမသည် သူမည်မျှ သန့်ရှင်းသပ်ရပ်စွာ ပြုမူနေပုံကိုကြည့်ပြီး ရွံရှာမိသည်။

လိယွီမိုသည် ရိုင်းစိုင်းသော်လည်း အနည်းဆုံး သူသည် ယုရန်ချန်ထက် ပိုမှန်သည်ဟုပင် သူမ ခံစားမိသည်။

တစ်ယောက်ယောက်နဲ့တွေ့တာက သူ့အကြောင်းကြားတာထက် ပိုမှန်တယ်။  သူသည် လူအများထင်သလောက် ကြီးမြတ်သူမဟုတ်ဟု သူမက ကတိပေးနေခဲ့သလား။ သူသည် မို့ရွှီတုန်းက ယုတ်မာသော အကြံအစည်ရှိသူဖြစ်ကြောင်း မို့ရွှီတုန်းက ရိုင်းစိုင်းပြီး အတင်းအဖျင်းပြောခြင်းကို နှစ်သက်၍ အရှက်မရှိသူဖြစ်ကြောင်း သူပြောချင်ခဲ့သည် ။ သို့သော် သူသာလျှင် ပြန်အပြောခံခဲ့ရသည် ။

ယုရန်ချန်က အဲဒါကို ဘယ်လိုမှ စိတ်မဆိုးပဲ မနေနိုင်ပေ ။ သူသည် လူကြီးလူကောင်းဖြစ်ပြီး သူဘယ်သွားသွား ချီးမွမ်းခံရသည်။  သူသည် ကောင်မလေးတစ်ယောက်ဆီက ဘယ်တုန်းကမှ ထိုသို့ လှောင်ပြောင်မခံရဖူးပေ ။

ယုရန်ချန် ဒေါသတကြီး ထွက်သွားသည် !

Continue Reading

You'll Also Like

364K 24.8K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
197K 15.2K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
1.1M 64K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
707K 40.6K 26
Jk - Possessive type #Warning Cv_ Pinterest