"ဟုတ်ပြီ ၊ သွားတော့ ၊ နန်းတော်မှာ သတိထားပါ။" မို့ဟွာဝမ်က သူ့လက်ကို ဝှေ့ယမ်းပြီး မြင်းပေါ်တက်လိုက်တယ်။ ထို့နောက် သူသည် မို့ရွှီတုန်းအား လှည့်ကြည့်ကာ "တုန်းအာ၊ မင်းအဝတ်အစား၊ အသုံးအဆောင် တစ်ခုခုကို ရွေးစရာ မလိုဘူး။ မင်း သန့်သန့်ရပ်ရပ်ဝတ်ဆင်ပြီး ကျက်သရေ ရှိဖို့ပဲလိုတယ် ။နန်းတော်မှာ အိမ်နဲ့ယှဉ်ရင် မတူဘူး။ မင်းလုပ်ချင်တာမှန်သမျှ မလုပ်နိုင်ရင်တောင် မို့အိမ်တော်ကို မပျော့ညံ့စေနဲ့ ၊ မိုအိမ်တော်ရဲ့ဂုဏ်သိက္ခာက တုန်းအာ လက်ထဲမှာရှိတယ် "
မို့ရွှီတုန်းသည် ဝမ်းနည်းပူဆွေးသောကာလတွင် ရှိနေဆဲဖြစ်ပြီး သပ်သပ်ရပ်ရပ် မဝတ်ဆင်နိုင်ပေ။ မို့ဟွာဝမ်သည် တုန်းအာ၏စရိုက်ကို တွေးတောပြီး သူမသည် တစ်ခါတစ်ရံ ကြောက်ရွံ့ပြီး အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခဲ့သည်။ အဲဒါကြောင့် သူသည် သူမကို စိတ်ပူပြီး ပြောပြကာ ဂရုစိုက်ခဲ့သည် ။
"ဟုတ်ပါတယ် ၊ စိတ်ချပါ ဖေဖေ။ အကြီးဆုံး အစ်မလည်း ရှိနေမှာပါ ။ တုန်းအာက ဘာမှ မသိတာ ဒါမှမဟုတ် ဘာမှ နားမလည်ရင်တောင်မှ အစ်မက တုန်းအာကို သေချာပေါက် ကူညီပေးမှာပါ ။ ဟုတ်တယ် မလား အစ်မကြီး" မို့ရွှီတုန်းက မို့ရွှမ်မင်ကို ချိုသာစွာ ပြုံးပြလိုက်သည်။
သူမ နားလည်သွားခဲ့ပြီ!
စောစောကဖြစ်ခဲ့တာက မို့ရွှမ်မင် နန်းတော်ထဲဝင်ဖို့ ကြံစည်ခဲ့ခြင်းသာ ဖြစ်သည် ။
မို့ရွှမ်မင်သည် ထိုကဲ့သို့ကြံစည်ပြီး နန်းတော်ထဲသို့ ဝင်ချင်သည်။ သူမ အိမ်ကထွက်လာခဲ့သည်က သူတို့အဖေက သူမကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး သူမကို အကြွေးတင်သလိုခံစားရစေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဤရိုးရှင်းသောလှုပ်ရှားမှုတွင်၊ သူတို့၏ဖခင်သည် သူမအား ပွဲသို့တက်ရောက်ခွင့်ပြုရန် သဘောတူလိုက်ရသည်။ ဘယ်လိုပဲကြည့်ကြည့် မို့ရွှမ်မင်က ဒါကို ပြီးပြည့်စုံအောင် လုပ်ခဲ့တယ်။
သို့သော် မို့ရွှမ်မင်က မင်းသားချူးကို မည်သို့ဆက်သွယ်ခဲ့သနည်း။ မို့ရွှမ်မင်သည် နောက်ဆုံးပွဲ၌ မင်းသားချူး၏လက်ထဲတွင် အဆုံးသတ်သွားခဲ့သည်။ မင်းသားချူးသာ သူမကို တစ်ချက်လောက်သနားခဲ့လျှင် မို့ရွှမ်မင်သည် ထိုအခြေအနေတွင် အဆုံးသတ်သွားလိမ့်မည်မဟုတ်ပေ။ ယနေ့အချိန်အထိ မင်းသားချူ၏ လုပ်ရပ်များသည် တိုက်ဆိုင်မှုလား ၊ သို့မဟုတ် အခြားအရာတစ်ခုမျှသာ ဖြစ်သည်လားကို သူမ မသိပေ ။ မည်သို့ပင်ဆိုစေကာမူ ဤအရာသည် အိမ်မှထွက်ခဲသော မိန်းကလေးတစ်ယောက် လုပ်နိုင်သည့်အရာမဟုတ်ပေ။ ဤသည်မှာ မို့ရွှမ်မင်မည်မျှပင် ယုတ်မာသည်ဖြစ်စေ ပြောင်မြောက်စွာ ဖန်တီးထားသော အစီအစဉ်တစ်ခုဖြစ်လေသည် ။
ဒါက ချင်းယွီဖန်လား? သူ့မှာ ဒီကိစ္စနဲ့ ပတ်သက်တာ တစ်ခုခုရှိနိုင်လား။
မို့ရွှီတုန်း၏ ဝတ်ရုံလက်စွပ်များတွင်ဝှက်ထားသော သူမ၏လက်များသည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရုံမှတစ်ပါး မကူညီနိုင်ပေ။
သူမ မြို့တော်ကို ပြန်ရောက်ကတည်းက ချင်းယွီဖန်သည် သူရဲ့မိသားစုက မြို့တော်ကို ပြောင်းရွှေ့လာတဲ့အတွက် မို့အိမ်တော်ကို လာလည်တာ ရှားပါတယ်။ သူလာလည်ရင်တောင် သူ့အဖေဆီသာ သွားလည်ခဲ့တယ်၊ ဒါမှမဟုတ်ရင် မို့ယုဖန်နဲ့ စကားပြောလေ့ရှိတယ် ။ ချင်းယွီဖန်သည် အတွင်းခန်းထဲသို့ ဝင်ခဲပြီး ဓလေ့ထုံးစံများကို လိုက်နာသော ပြီးပြည့်စုံသော လူကြီးလူကောင်းတစ်ယောက်လို ထင်ရသည်။
သို့သော် သူပေါ်လာခြင်းမရှိသောကြောင့် မို့ရွှီတုန်းသည် သူ့ကိုသတိမထားမိဟု မဆိုလိုပါ။
ဒါမှမဟုတ် သူမက အတိတ်ဘဝကို ရှင်းရှင်းလင်းလင်း မှတ်မိနေတာလည်း ဖြစ်နိုင်တယ်။ မို့ရွှမ်မင်၏နောက်မှာချင်းယွီဖန်၏ ရပ်နေတဲ့ပုံက သူမကို ထိတ်လန့်ပြီး အသက်ရှူကြပ်စေတယ်။ ချင်းယွီဖန်က မို့အိမ်တော်မှာ ပေါ်လာတိုင်း မို့ရွှီတုန်းက သူ့ကို အနီးကပ် စောင့်ကြည့်ပြီး သူ့အချိန်ဇယားကို ရှာဖွေခဲ့တယ်။ တခါတရံတွင် သူမသည် သူပြောခဲ့သော စကားတစ်ခွန်းကို တွေးတောကာ ခွဲခြမ်းစိပ်ဖြာနေတတ်သည်။ သို့သော် မြို့တော်သို့ရောက်ပြီးကတည်းက သူသည် မည်သည့်အရာကိုမျှလုပ်ဆောင်ပုံမပေါ်ပေ ။
မို့ရွှမ်မင် နှင့် အဒေါ်ဖန်တို့သည် အကြံအစည်ကို အမြဲပြုလုပ်ခဲ့ကြပါသည်။ ယခုမူကား ကွဲပြားသွားသည်ဟု ခံစားရသည်။ ဤရိုးရှင်းပြီး ထိရောက်သောနည်းလမ်းကို မို့ရွှမ်မင်က သေချာပေါက် စဉ်းစားနိုင်မှာ မဟုတ်ဘူး ။
ချင်းယွီဖန်က သည်းမခံနိုင်တော့တာမို့ ဒီလုပ်ရပ်ကို လုပ်ခဲ့တာလား။ သူဘာလို့ဒီလိုလုပ်တာလဲ။ သူက မို့ရွှမ်မင်ကိုမကြိုက်ရင် သူမကိုဘာလို့ကူညီပေးတာလဲ။ သူဘာလိုချင်တာလဲ။
ဒါမှမဟုတ် မို့ရွှမ်မင်က သူ့ကို တစ်ခုခုရအောင်လုပ်ပေးနိုင်လို့လား?
မေးခွန်းအားလုံးက သူမအပေါ် လေးလေးနက်နက် ခံစားရပြီး သူမ အသက်ရှူမဝသလို ခံစားလိုက်ရသည်။ သူမရှေ့တွင် ကြီးမားပြီး အဆုံးမဲ့ မှောင်မိုက်နေတဲ့ ပင်လယ်ကြီးတစ်ခု ရှိနေသလို ခံစားရတယ်။ ကြီးမားသော လှိုင်းလုံးကြီးတစ်ခုသည် ကောင်းကင်သို့ တက်လာပြီး သူမသည် လှိုင်းလုံးကြီးထဲတွင် စွန့်ပစ်ထားသော လှေငယ်တစ်စင်းမျှသာ ဖြစ်နေသည် ။ အဆုံးဘယ်မှာရှိမှန်း သူမမသိခဲ့သလို ထာဝရအမှောင်က ဘယ်အချိန်ရောက်လာမယ်ဆိုတာကိုလည်း သူမ မသိခဲ့ပါဘူး။
"သခင်မလေး ၊ သခင်မလေး " မိုရီသည် ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပြီး မို့ရွှီတုန်းတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ပထမဆုံး သတိပြုမိခဲ့သည်။
မိုရီသည် မို့ရွှီတုန်း၏လက်ကို ဆုပ်ကိုင်ရန် လှမ်းလိုက်သည်နှင့် မို့ရွီတုန်းသည် လက်သီးဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး သူမ၏လက်များသည် အေးစက်သော ချွေးများဖြင့် ချောမွတ်နေမှန်း သိလိုက်သည်။ မို့ရီသည် မို့ရွှီတုန်းကို စိုးရိမ်တကြီးနှင့် တိုးညှင်းစွာ ခေါ်လိုက်သည်။
"တတိယညီမ ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ ငါတို့ဘာလို့ ရှေ့မှာသွားထိုင်ပြီး အနားမယူရမှာလဲ" မို့ရွှမ်မင်၏ စိုးရိမ်သောက အသံသည် ညင်သာစွာ ထွက်ပေါ်လာသည်။ သူမ မော့ကြည့်လိုက်တော့ သူမမျက်လုံးတွေက ရိုးသားမှုအပြည့်နဲ့ပင် ။ တခြားသူတွေရှေ့မှာတော့ မို့ရွှမ်မင်က သူ့ကိုယ်သူ အစ်မကောင်းတစ်ယောက်လို့ အမြဲပုံဖော်သည် ။
မို့ရွှီတုန်းက အသက်ပြင်းပြင်းရှူပြီး တင်းတင်းကြပ်ကြပ်ဆုပ်ထားတဲ့ လက်ကို လွှတ်လိုက်တယ်။ သူမသည် မိုရီကို လက်ဖြင့်ပုတ်ပြီး သူမ နေကောင်းကြောင်း ထောက်ပြသည်။ သူမသည် ညင်သာစွာ ပြုံးပြရင်း နှုတ်ခမ်းကို အနည်းငယ် တွန့်ကာ မော့ကြည့်လိုက်သည်။
"အစ်မရှေ့မှာ ရှက်လိုက်တာ။ တို့ မြင်းစီးရတာ နေသားမကျလို့ နည်းနည်း မူးသွားတယ်။ အခု ပိုကောင်းလာပါပြီ ။ တို့အတူတူသွားကြည့်ရအောင် ၊ လှပသော ဝတ်စုံနှင့် လှပသော အသုံးအဆောင်အချို့ကို ရွေးချယ်ဖို့ အမကို တို့ကူညီပေးပါမည်။ အစ်မ၊ မင်းက အရမ်း ဆွဲဆောင်မှုရှိပြီး ထက်မြက်တယ်၊ မင်း ပွဲတက်လာတဲ့ တခြား မိန်းမတွေ အားလုံးကို ကျော်တက်သွားမှာ သေချာပါတယ်။"
မို့ရွှမ်မင်သည် သူမက ပုံမှန်အတိုင်း ပြုမူနေထိုင်ရမည်ဟု သိထားပြီး ကြင်ကြင်နာနာနှင့် လှပစွာ ပြုံးပြသည်။ သို့သော် သူမတကယ် မလုပ်နိုင်တော့ပေ ။ မို့ရွှီတုန်း၏ စကားကြောင့် သူမ၏ အမူအရာ တောင့်တင်းသွားသည် ။ သူမသည် အနားယူချင်လားဟု စိုးရိမ်စိတ်ဖြင့် မို့ရွှီတုန်းကို မေးလာသော်လည်း မို့ရွီတုန်းကတော့ ပွဲတက်ဖို့ လှပတဲ့အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရွေးထုတ်ချင်တာကြောင့်ဟု ပြန်ဖြေကာ မို့ရွှမ်မင်သည်သာ အနားယူချင်သည့်ပုံပေါက်နေလေသည် ။ သို့သော် မင်းသားချူး၏ စောစောက ပြောခဲ့သောစကားကို လူတိုင်းကြားခဲ့ရသောကြောင့် သူမသည် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ခြင်းမရှိပေ။
သူ့အဖေရဲ့ ရည်ရွယ်ချက်တွေလည်း ရှင်းပါတယ်။ မို့ရွှီတုန်းသည်သာ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်နိုင်သူတစ်ဦးဖြစ်သည်။ ဒါတောင် သူမသည် မို့ရွှီတုန်းလို တကယ်မပြောနိုင်ဘူး၊ သူရဲဘောကြောင်ပြီး အသုံးမကျတဲ့ တတိယညီမက ဘယ်တုန်းက ဒီလောက်သန်မာလာရတာလဲ။ မို့ရွှီတုန်းသည် သူမကို ဒီရေကိုလှည့်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်အောင် လုပ်ထားသည်။ (ကိုယ်လုပ်ချင်တာကို သူများလုပ်ချင်သလိုပုံစံမျိုးကို ပြောတာပါ)
သူမ၏ မျက်လုံးများတွင် ရက်စက်သော အကြည့်တစ်ခု ပေါ်လာသည်။ မို့ရွှီတုန်းသည် မကြာမီ ပျက်စီးတော့မည်ဖြစ်သည်။ ဒါမှ သူမစိတ်ဆန္ဒအတိုင်း နင်းချေနိုင်မှာ... ထို့ကြောင့် ယခု သူမလုပ်ရမည့်အရာမှာ ခံနိုင်ရည်ရှိရန်ဖြစ်သည်။
အထည်ဆိုင်တွင် အထည်အလိပ်တွေ အများကြီးရှိသည် ။ ထို့အပြင် ၎င်းသည် မြို့တော်ရှိ အကျော်ကြားဆုံး အထည်ဆိုင်ဖြစ်ပြီး ထိပ်တန်းအဆင့်ရှိ အဝတ်အစားများသည် မိန်းကလေးတိုင်းကို စိတ်လှုပ်ရှားစေနိုင်သည်။ မို့ရွှမ်မင်သည် အဆင့်အဆန်းမြင့်ပြီး အံဝင်ခွင်ကျရှိသော ဝတ်စုံကို ရွေးချယ်ချင်သော်လည်း သူမ အကြိုက်ဆုံး ထိုဝတ်စုံကို ရွေးရန် မတတ်နိုင်ပေ။
အမျိုးသမီးတိုင်းသည် ၎င်းတို့၏ဝတ်စားဆင်ယင်မှုဖြင့် မီးမောင်းထိုးပြလိုသော ဆန္ဒကို မထိန်းချုပ်နိုင်ပေ။ ထို့အပြင် ယနေ့သူမ၏ ရည်ရွယ်ချက်မှာ ပါဝင်သူတိုင်း၏ အာရုံကို ဆွဲဆောင်ရန်ဖြစ်သည်။ သူမသည် လိယွီမိုကိုမကြိုက်သော်လည်း သူမဖခင်၏ဆန္ဒအရ ငြိမ်သက်နေခဲ့ရသည် ။ သူမ၏အဖေသည် အချိန်အတန်ကြာပြီးနောက် ဒေါသစိတ်များ ငြိမ်သက်သွားပြီးသောအခါ လိနှင့် မို့ သည် ၎င်းတို့၏အိမ်ထောင်ရေးကို စတင်ပြင်ဆင်တော့မည်ဖြစ်သည်။
မို့ရွှမ်မင်သည် အမြဲတမ်း ဂုဏ်ယူတတ်သူဖြစ်သည်။ သူမသည် အရည်အချင်းရှိပြီး လှပသည်ဟု သူမခံစားမိသည်၊ ထို့ကြောင့် မြို့တော်တွင် အဆိုးဆုံးသော နာမည်ရနေသော လိယွီမိုကို သူမ မည်သို့ စိတ်ဝင်စားမည်နည်း။ အဲဒီတော့ သူက စစ်ဝန်ကြီးတစ်ယောက်ရဲ့ အဓိကသားဖြစ်ခဲ့ရင်ကော ဘာအရေးလဲ ။ သူက ပလေးဘွိုင်တစ်ယောက်မို့ သူ့ကို သူမ ဘယ်လိုလုပ် သဘောကျနိုင်မလဲ။ သူမသည် သူ့အတွက် ရွံရှာမုန်းတီးရုံမှတပါး ဘာကိုမှ မခံစားခဲ့ရဘဲ ယခုတော့ သူမသည် သူ့ကို နည်းနည်းလေးပင် ကြောက်လာခဲ့သည်။
ဟုတ်တယ်၊ လိယွီမိုဟာ မာနကြီးပြီး စိတ်အနှောက်အယှက်ဖြစ်တတ်သူလို့ လူတွေက ပြောတာကို သူမကြားဖူးတယ်။ လိယွီမိုသည် သူမအား ပြောင်ပြောင်တင်းတင်း ပါးရိုက်ပြီးနောက်တွင် အရှက်ကင်းမဲ့ပြီး သိက္ခာမဲ့စွာ ပြုမူလာမည်ကို သူမ ပိုကြောက်လာသည်။ မြို့တော်၏ မြင့်မြတ်သောသားတော်များအားလုံးသည် အမျိုးကောင်းသားများဖြစ်ကြပြီး ပြေပြစ်ပြီး နူးညံ့သိမ်မွေ့သော မိန်းမကို ဘယ်တော့မှ မထိမိအောင် နေကြသည် ။ သို့သော် ထိုလူသည် မာနကြီးလွန်းသဖြင့် မိုစံအိမ်တွင် မိုရွှမ်မင်ကိုပင် သတ္တိရှိရှိ ဝင်ရိုက်နိုင်ခဲ့သည်။
မို့ရွှမ်မင်သည် ဤကဲ့သို့သော ယောက်ျားနှင့် လက်ထပ်ရန် စဉ်းစားသောအခါတွင် သူမသည် သေဆုံးသွားသည်ကသာ ပိုကောင်းသည်ဟု ခံစားမိသည် ။
သူမသည် လိယွီမိုကို လက်ထပ်ရန်ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် သူမသည် ယနေ့ပွဲ၌ အလျင်စလို မဖြစ်လိုပေ။ သူမသည် ပွဲရုံတွင် ပေါ်လာပြီး လူတိုင်းကို မြင်တွေ့ရစေမည်ဖြစ်သည်။ သူမသည် သနားကြင်နာမှုဖြင့် လူတိုင်း၏အာရုံစိုက်မှုကို ခံရပြီး မြင့်မြတ်သောသားများနှင့် မင်းသားရန်ကို ဆွဲဆောင်နေချိန်တွင် သူမပတ်ဝန်းကျင်ရှိ ကောဟာလဟများ၏ အဆိုးမြင်မှုများအားလုံးကို ဖယ်ရှားပစ်ရမည်ဖြစ်ပါသည်။
ဟုတ်ပါတယ်၊ သူမမှာလည်း နောက်ထပ်ပန်းတိုင်တစ်ခုရှိခဲ့ပါတယ်။
သူမသည် ကြယ်သီးများပါသော ပန်းရောင်အကျီတစ်ထည်ကို ကောက်ကိုင်လိုက်သည် ။ ၎င်းသည် အမြီးရှည်ရှိသော ရွှေချည်မျှင်များဖြင့် နှင်းဆီနီရောင် ဝတ်စုံနှင့် တွဲဖက်ထားသည်။ အပြင်ဝတ်အင်္ကျီတစ်ထည်ရှိသော်လည်း ၎င်းသည် ခါးကိုသေးသွယ်စေပြီး ခါးလေးတွင် စွဲနေလေသည်။ ပန်းရောင်ပုံဆောင်ခဲအလယ်ဗဟိုပါရှိသော သူမ၏ဆံပင်တွင် စကျင်ကျောက်ပွင့်ဆံညှပ်တစ်ခုရှိပြီး နားရွက်ပေါ်တွင် လက်ချောင်းထိပ်အရွယ်ရှိ ရောင်စုံပုလဲကြီးများကို ဝတ်ဆင်ထားသည်။ အဝတ်အစားလဲပြီးနောက် သူမ အံ့အားသင့်သွားခဲ့သည်။
သူမရဲ့ နူးညံ့ပြီး ချစ်စရာကောင်းတဲ့ အမူအရာနဲ့အတူ လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။
မို့ရွှမ်မင်သည် ပွဲရုံတွင် ပေါ်လာသောအခါ လူအများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ သူမဟာ အရှုပ်တော်ပုံတွေကြောင့် ပွဲမတက်ဖြစ်တော့ဘဲ မြို့ထဲရောက်လာတဲ့ မြင့်မြတ်တဲ့ အမျိုးသမီးအချို့က သူမကို မသိဘဲ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဝတ်စုံကြောင့် အံ့ဩသွားကြပါတယ်။ အားလုံးက ရင်သပ်ရှုမောဖွယ် အလှတရားက ဘယ်သူလဲဆိုတာ တိတ်တဆိတ် ရှာဖွေဖို့ ကြိုးစားကြတယ်။
သူမသည် ကျော်ကြားသော ပထမသခင်မလေးမိုဖြစ်သည်ကို ကြားသိရသောအခါတွင် သူတို့ မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ထိုအလှတရားသည် မြင့်မြတ်လှသော အမျိုးသမီးများ၏ အမျိုးကောင်းသမီးဟု ခေါ်ဆိုထိုက်ပေသည်။ မို့ရွှမ်မင်သိသော အမျိုးသမီးအချို့သည် သူမနှင့် မတွေ့ရတာ ကြာပြီဖြစ်သောကြောင့် မျက်နှာများပေါ်တွင် အပြုံးများဖြင့် စကားစမြည်ပြောကြသည်။
မို့ရွှီတုန်းသည် နန်းတော်တံခါးဝသို့ ပထမဆုံးဝင်ရောက်လာစဉ်တွင် လုမင်ရှုကို တွေ့ရှိခဲ့သည် ။ လုမင်ရှုသည် မို့ရွှမ်မင်နှင့် မနီးစပ်ချင်သောကြောင့် သူမနဲ့ အဝေးသို့ ထွက်သွားလိုက်သည်။ မို့ရွှီတုန်းသည် လုမင်ရှုအနားသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်လာခဲ့သည်။
မို့ရွှီတုန်းသည် အိမ်အကူနှစ်ယောက်ကို ယူဆောင်လာသော်လည်း သူမနှင့်အတူ နန်းတော်တံခါးမှ တစ်ဦးသာ ယူဆောင်လာနိုင်သည်။ နန်းတော်ထဲတွင် တစ်ခုခုဖြစ်မည်ကို သူမကြောက်ရွံ့သောကြောင့် မို့ရွှီတုန်းသည် ကိုယ်ခံပညာကျွမ်းကျင်သော မိုရီကို ရည်ရွယ်ချက်ရှိရှိ ခေါ်ထားပြီး မိုယုကို အပြင်တွင် စောင့်ဆိုင်းရန် တောင်းဆိုခဲ့သည်။
ပွဲမစခင်က မယ်တော်ကြီးဒုန်အာ ရဲ့ မွေးနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ပွဲအပြီးတွင် မီးပုံးပွဲတော်လည်း ရှိသေးသည်။
မယ်တော်ကြီးဒုန်အာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး ဆုမွန်ကောင်းများ ပေးပို့နိုင်သူများမှာ ထင်ရှားသော အရာရှိများနှင့် ၎င်းတို့၏ မိသားစုများ၊ တော်ဝင်မိသားစုများ၊ တင်အိမ်တော်မှသူများ နှင့် အချို့သော အခြားသူများ ဖြစ်ကြသည်။ မို့ဟွာဝမ်သည် တတိယတန်း အရာရှိတစ်ဦးဖြစ်ပြီး ထိုလူများနှင့် မကိုက်ညီပါ။ ထို့ကြောင့် မို့ရွှီတုန်းသည် မယ်တော်ကြီးဒုန်အာ နှင့်တွေ့ဆုံရန် ကံကြမ္မာမရှိခဲ့ပေ။
မယ်တော်ဒုန်အာသည် တင်အိမ်တော်မှဖြစ်ပြီး လက်ရှိ တင်မြို့စား၏ အဒေါ်ဖြစ်သည်။ သို့သော်လည်း သူမသည် နှစ်ပေါင်းများစွာ တရားဝင်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။ သူမမှာ သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သားကြီးဆုံးပါးသွားလို့ ဖခင်ရဲ့ဘွဲ့ကို အမွေဆက်ခံတဲ့ မြေးတစ်ယောက်မကျန်ရစ်ခဲ့တာ သနားစရာပါ။ သူမ၏တစ်ဦးတည်းသောသမီးသည် ရန်နိုင်ငံမှယောက်ျားနှင့်လက်ထပ်ခဲ့ပြီး ရန်အင်ပါယာတွင်ဓားစာခံဖြစ်ခဲ့သည်။ သူမ၏သမီးသည် ရန်အင်ပါယာ၏ အိမ်ရှေ့စံမင်းသား ပိုင်ရီဟောက်၏မိခင်ဖြစ်သည်။ ( TN : နိုင်ငံက နှစ်ခုဆိုတော့ ရောနေမှာစိုးလို့ပါ ၊ မယ်တော်ကြီးဒုန်အာက အခုလက်ရှိချင်းနိုင်ငံရဲ့ မယ်တော်ကြီးပါ ၊ ချင်းနိုင်ငံရဲ့ လက်ရှိဧကရာဇ်ဇုန်ဝမ်က သူ့သားအရင်းမဟုတ်ပါဘူး ။ သူမက အရင်ဧကရာဇ်ဟောင်းရဲ့ ဧကရီပါ ။ သူ့သမီးက ရန်နိုင်ငံရဲ့ ဓားစာခံဖြစ်ပြီး သူမမြေးဖြစ်တဲ့ ပိုင်ရီဟောက်ကလည်း ရန်ဘုရင်ရဲ့သားဆိုပေမယ့် ဓားစာခံလိုပဲ ဆက်ရှိနေခဲ့တယ် ။ ဒါပေမယ့် ပိုင်ရီဟောက်က အခုချင်းနိုင်ငံကိုရောက်နေပြီး ဘာမှကိုစိတ်မဝင်စားတတ်တဲ့ပုံ ဟန်ဆောင်နေတာပါ ။ မို့ရွှိတုန်းရဲ့ ယခင်ဘဝမှာ ပိုင်ရီဟောက်က လူတွေသွေးချောင်းစီးအောင် သတ်ခဲ့ပြီး ရန်နိုင်ငံရဲ့ ဧကရာဇ်ဖြစ်သွားခဲ့ပါတယ် ။ ဒါကြောင့် မို့ရွှီတုန်းက သူ့ကိုတွေ့တိုင်းကြောက်နေခဲ့တာ )
ထို့ကြောင့် ဧကရီဒုန်အာ သည် သူ့မြေးတော်အပေါ် အလွန်အမင်း အလေးပေးခဲ့သည်။
နန်းတွင်းမှ လာသော နန်းမတော် နှင့် အမျိုးသမီးများ၏ ပြောကြားချက်အရ သခင်ပိုင်၏ လက်ဆောင်သည် မယ်တော်ကြီး အနှစ်သက်ဆုံး ဖြစ်သည် ။ မယ်တော်ကြီးဒုန်အာသည် ထိုဂီတရမှတ်ကို အချိန်အတော်ကြာအောင် ရှာဖွေနေကြောင်း ၎င်းတို့ကြားသိရသည်။
လင်းဖန်ရန်သည် လှပသော အကများဖြင့် လူအများ၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်။ လူတိုင်းကို အံ့အားသင့်ဆုံးသူမှာ မင်းသားရှောင် ၊ ဖန်ယုလန် ဖြစ်သည်။ သူသည် သေးငယ်သော စခရင် ၈၁ ခုအဖြစ် ခွဲထုတ်နိုင်သည့် ကိုးခေါက်စခရင်ကို မယ်တော်ကြီးဒုန်အာကို လက်ဆောင်ပေးခဲ့သည်။ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...
မို့ရွှီတုန်း၏ အတိတ်ဘဝက အဖြစ်အပျက်များကဲ့သို့ပင်၊ လင်းဖန်ရန်သည် မယ်တော်ကြီးဒုန်အာ၏ မွေးနေ့တွင် စင်မြင့်ပေါ်သို့ ထွက်ပေါ်လာခဲ့သည်။ အတိတ်က အဖြစ်အပျက်တွေကို သူမ မှတ်မိသလောက်ကတော့ လင်းဖန်ရန်ဟာ သူမရဲ့ အလှကြောင့် လူတိုင်းကို အနိုင်ယူပြီး ဧကရီနေရာကို ကိုယ်စားပြုသူဖြစ်လာခဲ့တယ် ။
တကယ်လို့များ လင်းဖန်ရန်က ဧကရီဖြစ်လာခဲ့ရင်၊ ဧကရီအားလုံးဟာ တင်အိမ်တော်၏ လင်းမိသားစုကနေ ဆင်းသက်လာမယ်ဆိုတဲ့ ဒဏ္ဍာရီကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မည် ။
သို့သော်လည်း ယခုအရာများသည် လွန်ခဲ့သော အနှစ် ၂၀ နှင့် အနည်းငယ် ကွာခြားသွားပါသည်။ ထိုအချိန်တွင် ဧကရာဇ်ဇုန်ဝမ်သည် အိမ်ရှေ့မင်းသားအစစ်ဖြစ်နေပြီဖြစ်သည်။ ဘုရင်မင်းမြတ်၏ ရာထူးသည် အခိုင်အမာရရှိနေပြီ ဖြစ်သောကြောင့် တင်ဗိုလ်ချုပ်ကြီး၏အိမ်တော်သည် အိမ်ရှေ့စံအား လင်းအိမ်တော်က သမီးတစ်ယောက်ကို ပို့ပေးခဲ့သည် ။ ယခုမူ ဧကရာဇ်ဇုန်ဝမ် တွင် အသက်အရွယ်ကြီးရင့်သော မင်းသား သုံးဦးရှိသည်။ ဖန်ယုလန်မှလွဲ၍ အခြားမင်းသားနှစ်ပါးတွင် မည်သူက ဧကရာဇ်ဖြစ်လာမည်ကို မည်သူမျှ သေချာမသိနိုင်ပေ။
ဒါဆို လင်းမိသားစုက သူတို့ရဲ့ အလှဆုံးသမီးကို အဲဒီနေရာကို သိမ်းပိုက်နိုင်မယ်ဆိုတာ ဘာက သေချာစေတာလဲ။
ဧကရာဇ်မင်းသည် ယနေ့ အိမ်ရှေ့မင်းသားကို ကြေငြာရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ပါသလား။
ဒီအတွေးက စကားပြောတဲ့အခါ လူတိုင်းကို ပိုသတိထားရစေတယ်။ မည်သူ့ကိုမျှ လောင်းကြေးထပ်ခြင်းထက် သူတို့သည် ကြား၌သာ နေချင်ကြသည်။ တစ်ခုခု မှားသွားပါက၊ ၎င်းသည် ၎င်းတို့၏ မျိုးနွယ်စုတစ်ခုလုံးကို ထိခိုက်စေမည်ဖြစ်သည်။
ဘယ်သူက အိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်မှာလဲ။