ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2)...

By Wai_30

92.7K 3.3K 422

Semeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ More

Ep_1(uni)
Ep_1 (zg)
Ep_2 (uni)
Ep_2 (zg)
Ep_3(uni)
Ep_3 (zg)
Ep_4 (uni)
Ep_4 (zg)
EP_5 (uni)
Ep_5 (zg)
Ep_6 (uni)
Ep_6 (zg)
Ep_7 (uni)
Ep_7 (zg)
EP_8 (uni)
Ep_8 (zg)
Ep_9 (uni)
Ep_9 (zg)
Ep_10 (uni)
Ep_10 (zg)
Ep_11(zg)
ဇာတ်ကောင်မိတ်ဆက်(ဇာတ္ေကာင္မိတ္ဆက္)
Ep_12 (uni)
Ep_12 (zg)
Ep_13 (uni)
Ep_13 (zg)
Ep_14 (uni)
El_14 (zg)
Ep_15 (uni)
Ep_15 (zg)
Ep_16 (uni)
Ep_16 (zg)
Ep_17 (uni)
Ep_17 (zg)
Ep_18 (uni)
Ep_18 (zg)
Ep_19 (uni)
Ep_19 (zg)
Ep_20 (uni)
Ep_20 (zg)
Ep_21(uni)
Ep_21(zg)
Ep_22 (uni)
Ep_22 (zg)
Ep_23 (uni)
Ep_23 (zg)
Ep_24 ( uni)
Ep_24 (zg)
Ep_25 (uni)
Ep_25 (zg)
Ep_26 (uni)
Ep_26 (zg)
Ep_27 (uni)
Ep_27 (zg)
Ep_28 (uni)
Ep_28 (zg)
Ep_29 (uni)
Ep_29 (zg)
Ep_30 (uni)
Ep_30 (zg)
Ep_31(uni)
Ep_31(zg)
Ep_32 (uni) (End Up)
Ep_32 (zg)(End up)

Ep_11 (uni)

2.1K 122 19
By Wai_30

ကမ္ဘာပိုင်သည်အမိမြေကိုခြေချပြီးသည်နောက်
ရန်ကုန်လေဆိပ်ကနေ မန္တလေးတံတားဦးလေဆိပ်ကိုတဆက်တည်းလေယာဥ်စီးလာခဲ့ရသည်။ ပင်ပန်းသလိုဖြစ်ပေမဲ့
မိသားစုကလာကြိုပေးတာမလို့
တွေ့တွေ့ခြင်းလန်းဆန်းသွားမိသည်။

"ကြိုဆိုပါတယ် သားကြီးရုန်ရုန်း"

daddy.... ပါပါး ....ညီလေးကမ္ဘာဗိုလ်
နောက် ဦးဦးစက်သီဟက
ကိုယ့်ကိုတွေ့သည်နှင့် စီးကြိုပွေ့ဖက်ကာနှုတ်ဆက်ကြသည်။

"ကလေးလေးဖျားလို့ဆိုအိမ်မှာနေခဲ့တာ
မဟုတ်ဘူး..... သက်သာပြီလား"

"တစ်ပတ်လောက်အိမ်ထဲအောင်းနေရတာ
ပျင်းလာပြီကိုကိုရာ ကိုကို့ကိုကြိုဖို့
လိုက်ခဲ့လိုက်တာ"

"ရုန်ရုန်းလေး ဦးဦးကိုအိတ်ပေး"

"သားဘာသာဆွဲလာပါ့မယ်ဦးဦး
ဦးဦးဒွန်းရောဟင်"

"ညနေကြမှ ရုန်ရုန်းလေးကိုနှုတ်ဆက်မယ်ပြောတယ် လုပ်ငန်းကိစ္စမပြတ်သေးလို့လိုက်မလာခဲ့ဘူး"

လေဆိပ်ရှိကားထားရာနေရာအရောက်
ခရီးဆောင်အိတ်ကိုကားနောက်ဖုံးခန်းထဲထည့်လိုက်ပြီး daddyကဦးဦးစက်သီဟန်ရှေ့ခန်းမှာထိုင်ကာ နောက်ခန်းမှာပါပါးရယ်
ညီလေးကမ္ဘာဗိုလ်ရယ် ကိုယ်ရယ်ထိုင်ကာ
ကမ္ဘာဗိုလ်မေးလာသမျှမမောတမ်းဖြေနေရတော့သည်။

ပါပါးပြောပြထားလို့ကမ္ဘာဗိုလ်ချစ်သူရနေပြီဆိုတာသိထားပေမဲ့ မေးခွန်းမထုတ်သေးပေ။
daddyနဲ့ပါပါးအနားမရှိချိန်ကြမှ
ညီအကိုနှစ်ယောက်စကားပြောရမည်ဟုတွေးထားလိုက်သည်။

ဦးဇွဲကလာကြိုမယ်ပြောထားပေမဲ့
ဝန်ကြီးချုပ်ရုံးမှာကိစ္စတစ်ခုဖြေရှင်းနေရလို့
လာမကြိုနိုင်ဘူးဆိုပြီးဖုန်းဆက်ခဲ့သည်။
ဘာကိစ္စလဲမေးရာပြန်မဖြေပေ။

ကမ္ဘာဗိုလ်မေးသမျှပြန်ဖြေရင်း မန္တလေးရဲ့အငွေ့အသက်ကိုခံစားကာ ဇာတိမြေကို
အတိုးချအလွမ်းသည်ရတော့သည်။

"ကဲ မောင်ကမ္ဘာဗိုလ် မမောဘူးလား
သားရဲ့ကိုကိုအေးဆေးနေပါ့စေ"

"မေးပါ့စေ ပါပါး ကလေးလေးက
သားကို အတိုးချအလွမ်းသည်​နေတာ
ဟုတ်လား"

"အတိုးချဆိုးဦးမှာ ကိုကိုသိလား
ပါပါးကသားကိုရိုက်တာ"

"ကိုကိုသိတယ်ကလေးလေး နောက်တစ်ခါမရိုက်ပါနဲ့နော်ပါပါး"

"ဦးထွဋ်ကြားတယ်မလား ခင်ဗျားသားငယ်"

"သားကြီးအိမ်ပြန်ရောက်တဲ့အချိန် အေးဆေးနေကြကွာ"

!ဒုန်း

"အမေ့.....တိုက်ပြီလားအကိုစက်သီဟ"

အိမ်ရောက်ဖို့လမ်းထဲချိုးအကွေ့ စကားပြောနေကြတာဆိုတော့ ဝုန်းခနဲအသံကြားလိုက်ရချင်း
နဲ့အတူ ကားရပ်သွားတာမလို့အကုန်လန့်ကာ
ကားမောင်းသူစက်သီဟကိုအခြေနေမေးရသည်။

"!တောက်....ငါနဲ့တွေ့မယ် သေချာလာတိုက်တာအကိုကြီး"

ထွဋ်ပိုင်ဦးသည် ကားရပ်ပြီးဒေါသတကြီးဆင်းချသွားသည့်စက်သီဟနောက်လိုက်ဖို့
ကားတံခါးဖွင့်ကာ ကားပေါ်ကနေဆင်းခဲ့လိုက်သည်။

"သေပြီလားမသိဘူး ဘာတိုက်လိုက်တာလဲ
ပါပါး မြင်လိုက်လား"

"ပါပါးမမြင်ဘူး သားငယ်"

ကမ္ဘာဗိုလ့်မိသားစုက လွန်လွန်းတယ်လို့မာန်သမိုင်းထင်မိသည်။
ချစ်တယ်လို့ဖွင့်ပြောမိတဲ့နေ့ ကမ္ဘာဗိုလ့်ကို
အိမ်ပြန်လိုက်ပို့သည့်နေမှစ၍ ခုချိန်ထိမျက်နှာလေးကိုတွေ့ခွင့်မရခဲ့ပါ။
အိမ်ရှေ့ဖြတ်လျှောက်မိတာ ဘယ်နှစ်ရက်
ဘယ်နှစ်ခါမှန်းကိုမမှတ်မိတော့လောက်အောင်
ပူထူနေခဲ့ရသည်။

မီးမစိမ်းသည့် ကမ္ဘာဗိုလ့်
facebook accountကိုစာတွေ့ပို့မိနေတာ
စာလုံးရေသိန်းချီနေမှာသေချာသည်။
ဖုန်းနံပါတ်ယူမထားမိတာနောင်တရမဆုံးဖြစ်ခဲ့ရသည်။အချစ်ကိုပထမဆုံးထိတွေ့ဖူးတာဆိုတော့
ကမ္ဘာဗိုလ့်ကိုမမြင်ရ မတွေ့ရတာ
အရူးတစ်ယောက်လိုဖြစ်နေရသည်။

သည်းမခံနိုင်တော့သည့်အဆုံး
ကမ္ဘာဗိုလ့်ကိုမတွေ့ရရင် သူ့အိမ်ထိဝင်ဖို့ဆုံးဖြတ်ချက်ချကာအိမ်ကနေထွက်ခဲ့လိုက်သည်။ သူတို့အိမ်ရှေ့အရောက်
အပြင်ထွက်လာသည့်ကားတစ်စီးအပေါ်
ကမ္ဘာဗိုလ်ထိုင်လိုက်သွားတာမြင်လိုက်ရသည်။ သူတို့အိမ်ကကားပြန်ရောက်လာအောင်စောင့်နေလိုက်ပြီးရောက်လာတာမြင်မှာ ဆိုင်ကယ်စက်နှိုးကရှေ့ကနေသေချာတိုက်ချလိုက်သည်။

ကမ္ဘာဗိုလ်တို့အိမ်ကကား ရပ်တန့်သွားသလို
မာန်သမိုင်းလည်း ဆိုင်ကယ်တခြား
လူတခြားမြေပြင်ပေါ်မှောက်လျှက်သားဖြစ်မှု့နဲ့အတူ ခန္ဓာကိုယ်၏နာကျင်မှု့ကိုခံစားလိုက်ရသည်။
ကားပေါ်ကနေ လူနှစ်ယောက်ဆင်းလာတာ
တွေ့မှ နာကျင်မှု့ကိုဂရုစိုက်မနေပဲ
အမြန်ထရပ်ကာ ရင်ဆိုင်လိုက်သည်။

"!သေချင်လို့လား ဟမ်"

"စက်သီဟ စိတ်ထိမ်း"

"ကမ္ဘာဗိုလ့်ကိုတွေ့ခွင့်ပြုပါဦးလေး
တွေ့ခွင့်မပေးရင်ကြိုပြောထားမယ်
ကျွန်တော်ဘာလုပ်မိမယ်မသိဘူး 
ကမ္ဘာဗိုလ့်ကိုတွေ့ခွင့်မပေးရင်ရလဒ်ကောင်းဖို့မရှိဘူး ကျွန်တော်က အရိုင်းစိုင်းကောင်ဖြစ်သွားမယ်"

"ဟ .....ငါ့သားကိုတွေ့ခွင့်တောင်းတာ
ရင့်လှချည်လား"

"ဦးလေးတို့အိမ်ကထွက်ကတည်းကမြင်လိုက်တယ် ပြန်လာမယ့်အချိန်စောင့်နေတာ
တွေ့ခွင့်ပေးမှာလားမပေးဘူးလား
!ကမ္ဘာဗိုလ် ခုထွက်ခဲ့"

ရှေ့ခန်းတံခါးတွေဖွင့်ထားတာဆိုတော့
ကမ္ဘာဗိုလ်သည် ကိုကို့အော်ခေါ်သံကို
အသိုင်းသားကြားလိုက်ရသည်။
daddyစကားနားထောင်ပြီး ကားထဲမှာမဆိုင်သူလိုငြိမ်မနေနိုင်ပါ ကိုကို့အတွက်စိတ်ပူမိသည်။

ပါပါးနဲ့စကားများပြီး တစ်ပတ်လောက်ဖျားသွားတာဆိုတော့ ကိုကို့ကိုအဆက်သွယ်မလုပ်မိပေ။
ကိုကို့ကိုအချိန်တိုင်းသတိရနေပေမဲ့
လူကမလှုပ်နိုင်ဖြစ်နေရတာမလို့ Facebookမကြည့်နိုင်ဖြစ်ခဲ့ရသည်။ကိုကို့ဖုန်းနံပါတ်မယူထားမိလိုက်ဟု တွေးမိသေးသည်။

"ဟင် ကိုကိုလား"

"ဗိုလ် ကားတံခါးဖွင့်မပေးနဲ့"

"ဟုတ် ဦးထွဋ်"

"ပါပါး ကိုကိုရယ်.... သားကိုသွားခွင့်ပေးပါနော်"

"သားdaddyက ကားတံခါးဖွင့်မပေးရဘူးပြောတယ် ငြိမ်နေ"

ကိုကို့ဆီသွားဖို့ပါပါးကိုခွင့်တောင်းကြည့်ရာ
ပါပါးက ကိုယ့်လက်ကိုကိုင်ကာသွားခွင့်မပြုချေ။

"ပါပါး သားကိုသွားခွင့်ပေးပါနော်"

"သားdaddyက"

"ကလေးလေးကိုတွေ့ရင် အဲ့လူငြိမ်မယ်ထင်တယ်ပါပါး "

"ပါပါး သားတောင်းပန်ပါတယ်
သွားခွင့်ပြုပါနော်"

"ရုန်ရုန်းဆင်း ပါပါးရောဆင်းမယ်"

ကမ္ဘာဗိုလ်အတွက် သူ့အဖေတွေနဲ့ကိုယ့်ရဲ့
ပဋိပက္ခက အေးဖွယ်ရာမရှိ
လူနှစ်ယောက်ရဲ့ချစ်ခြင်းကိုတားရမည့်ခေတ်ကုန်နေပြီဆိုတာ သူ့အဖေတွေမသိလေသလား။

"မင်း ပြန်လိုက်တော့ သွေးအေးပြီဆိုမှ
ငါ့အိမ်လာခဲ့ ငါကိုယ်တိုင်တွေ့ခွင့်ပြုမယ်"

"သွေးမအေးနိုင်ဘူးဗျာ တစ်ပတ်ကြာတဲ့အထိ စောင့်ခဲ့ပြီးပြီဗျ နေ့ရက် အချိန်တွေသာကြာလာတယ် သူ့အရိပ်ကိုမမြင်ရအောင် ဦးလေးတို့လုပ်ထားတာ"

"ကိုကို သားပြောတာနားထောင်ပေးနော်"

ကမ္ဘာဗိုလ်ရုပ်နဲ့တူသည့်လူကြီးကို
တွေ့ခွင့်ရဖို့ပြောနေစဥ် ကိုယ့်လက်
ချိတ်ဆွဲလာသည့် ကမ္ဘာဗိုလ့်ကြောင့်
ထိုလူကြီးကိုမျက်နှာချင်းဆိုင်စကားပြောနေရမှာနောက်ဆုတ်လိုက်သည်။

"သွားမယ်ကမ္ဘာဗိုလ် ငါနဲ့လိုက်ခဲ့"

"! ကိုကို"

ကိုကိုကလက်ဆွဲခေါ်ပေမဲ့ ကိုကို့နောက်ပါမသွားပါ ကိုကိုရုန်းပြန်ဆွဲခေါ်လို့ ကမ္ဘာဗိုလ်မှာ
ကိုကိုနှစ်ယောက်ကြားညှပ်နေရတော့သည်။

"!မင်းကဘာကောင်လဲ ငါ့ကောင်လေးလက်ကိုအခုလွှတ်"

"ကျွန်တော့်ညီကို အကြမ်းဖက်စရာမလိုဘူး
အေးဆေးစကားပြော"

"မင်းက ကမ္ဘာဗိုလ့်အကိုလား
ဟုတ်ကဲ့ ကမ္ဘာဗိုလ့်လက်ကိုလွှတ်လိုက်ပါဗျ"

"ခင်ဗျားက ကျွန်တော့်အဖေနှစ်ယောက်စလုံး
ရှေ့မှာရိုင်းစိုင်းနေတာ ပါပါးဘာလို့
ခင်ဗျားကိုမကြည်လဲ ခုသိရပြီ
ကျွန်တော့်ညီကို ခင်ဗျားနောက်မထည့်နိုင်ဘူး"

"! မင်း"

ထွက်နေသည့်ဒေါသကိုမီးစထိုးပေးခံလိုက်ရသည်မလို့ မာန်သမိုင်းသည် ကမ္ဘာဗိုလ့်အကိုရဲ့
မျက်နှာကိုထိုးဖို့ လက်ရွယ်လိုက်သည်။

"ကိုကို လက်ကိုအောက်ချပါနော်
သားရဲ့ကိုကို့ကို ထိုးမလို့လား"

"!ငါ့ကိုလာ​တားနေတာလား
ဟုတ်လားကမ္ဘာဗိုလ် မင်း ငါ့ကိုချစ်တယ်ဆို"

"ချစ်တယ်ကိုကို ဒါပေမယ့် သားရဲ့မိသားစုကို
ကိုကိုလက်ရွယ်နေတာ"

"ဟက်.....နာတယ်ပေါ့"

"ကိုကိုရာ"

ကိုကိုက စကားတစ်ခွန်းသားပြောပြီး
ကမ္ဘာဗိုလ့်လက်ကိုကိုင်ထားသည့်လက်ကိုလွှတ်ချကာ လဲနေသည့်ဆိုင်ကယ်ကိုထောင်လိုက်ပြီးမောင်းထွက်သွားသည်။တစ်ချက်လေးမှလှည့်မကြည့်တော့ပေ။

ကမ္ဘာဗိုလ်မှာ ကိုကိုထားသွားသည့်နေရာမှာတင်
ငူငူကြည့်ရပ်နေမိသည်။ကိုကိုဆိုင်ကယ်မောင်းထွက်သွားတာကိုတော့လိုက်ကြည့်မိသည်။

"ကလေးလေး ဘယ်လိုလူကို
ချစ််မိသွားရတာလဲကွာ"

"သားကိုမဆူပါနဲ့နော်ကိုကို မသိတော့ဘူး
ကိုကိုက သားကိုချစ်လို့ဆိုးတာနေမှာပါ"

"ကားပေါ်ပြန်တတ်ကြသားတို့"

daddyနဲ့ပါပါးကဘာစကားမှဝင်မပြောပါ
ကားပေါ်ပြန်တတ်ခိုင်းပြီး အိမ်ကိုပြန်ခဲ့လိုက်သည်။

အိမ်ကိုရောက်မှ ကိုကိုက စကားပြောချင်တယ်ပြောလာတာမလို့ ကမ္ဘာဗိုလ့်အခန်းထဲဝင်ခဲ့ကြသည်။

"ကလေးလေး.....ကလေးလေးရဲ့အချစ်ကို
ရုတ်သိမ်းဖို့မှီသေးလား"

"ကိုကို့ကိုချစ်တယ် ကိုကိုနဲ့ဝေးရရင်
သေမယ်ထင်တယ် နေမကောင်းဖြစ်နေလို့သာ
ကိုကို့ကိုတွေ့ချင်တာရူးတော့မလိုဘဲ
ပါပါးကိုမပြောရဲလို့ငြိမ်နေခဲ့ရတာ "

"ကလေးလေးကိုကိုပုံစံကို တွေ့တယ်မလား"

"သားကိုချစ်တဲ့စိတ်ကြောင့်ပါကိုကို
သားကိုသာမချစ်ဖူးဆိုရင် တွေ့ခွင့်ရဖို့ကြိုးစားမှာမဟုတ်ဖူးလေ"

"လူနှစ်ယောက်ရဲ့ချစ်ခြင်းကိုမတားချင်ပါဘူး
အခုဘာဖြစ်ချင်လဲ ကိုကို့ကိုပြော"

"ကိုကို့အိမ်သွားချင်တယ် ကိုကိုစိတ်မကောင်းဖြစ်သွားမှာသေချာတယ်"

ကမ္ဘာပိုင်သည် မျက်ရည်တွေကျကာ
ရင်တွင်းခံစားချက်ကိုထုတ်ပြောနေသည့်
ညီဖြစ်သူကိုကြည့်၍ စိတ်မကောင်းဖြစ်ရသည်။
ညီဖြစ်သူကို လူရည်မွန်တစ်ယောက်နဲ့သာ
တွေ့စေချင်သည်။ညီဖြစ်သူပြောသလို
ချစ်တဲ့စိတ်ကြောင့်ရန်လိုနေတာဆိုရင်တော့
ကိုယ့်ညီကိုတကယ်ချစ်တာပါလားလို့တွေးမိရသည်။

"ထ သွားမယ်"

"ဘယ်လဲကိုကို"

"ကိုကိုလိုက်ပို့မယ်"

တူ.....တူ....

ညီဖြစ်သူလက်ကိုဆွဲကာ ခုဏတွေ့ရသည့်
လူရဲ့အိမ်ကိုလိုက်ဖို့ပို့ပြင်နေစဥ်
ဖုန်းဝင်လာသည်။ဖုန်းမှာပေါ်နေသည့်နံပါတ်က
ဦးဇွဲဖြစ်နေတာကြောင့် ညီဖြစ်သူကိုခဏစောင့်ဟု
ပြောပြီးဖုန်းကိုင်လိုက်သည်။

"ဟယ်လို ဦးဇွဲ"

*အိမ်ရောက်ပြီလား*

"ရောက်ပြီ ဦးဇွဲ"

*တောင်းပန်တယ်ငယ် ဒီနေ့ကြမှအလုပ်ပေါ်လာရလို့လာမကြိုပေးနိုင်ဘူး*

"ရပါတယ်ဦးဇွဲ အိမ်လာမှာလား အပြင်မှာတွေ့ကြမလား"

*လာခဲ့မလို့ ငယ့်အဖေတွေအတွက်
စားစရာတစ်ခုခုဝယ်ခဲ့လိုက်မယ်
ဘာကြိုက်ကြလဲ daddyနဲ့ပါပါးက*

"အသီးတစ်ခုခုသာဝယ်ပေးခဲ့လိုက်ရတယ်
ဘာမှမဝယ်ခဲ့လဲအဆင်ပြေတယ်"

*ဒါဆို ဖုန်းချလိုက်တော့မယ် ငယ်*

"ဟုတ် ဦးဇွဲ"

ဦးဇွဲနဲ့ဖုန်းပြောပြီးမှ ညီဖြစ်သူရဲ့လက်ကိုဆွဲကာအခန်းထဲကနေထွက်ခဲ့လိုက်သည်။

"daddy ပါပါး..... ကလေးလေးကို သူ့ကိုကို့အိမ်လိုက်ပို့လိုက်ဦးမယ်"

"ဟုတ်ပြီရုန်ရုန်း သားငယ်ကိုစောင့်ခေါ်ခဲ့
လူထည့်ပေးရမလား"

"ရပါတယ်ပါပါးရဲ့ ကလေးလေးအတွက်စိတ်ချ
သားတစ်ယောက်လုံးပါတယ်"

daddyကအခြေနေကိုလက်ခံပေမဲ့
ပါပါးက ကလေးလေးအတွက်စိတ်ပူနေပုံရသည်။နှစ်ယောက်သားစကားပြောရင်း
ခြေလျင်လျှောက်ပြီးသာအိမ်ကနေထွက်ခဲ့လိုက်သည်။

သူ့ကိုကိုအိမ်က ရပ်ကွက်အတွင်းထဲဆိုပေမဲ့
အိမ်နဲ့လှမ်းတော့ တော်တော်လမ်းလျှောက်လိုက်ရသည်။မန္တလေးမြို့ရဲ့အပူချိန်ကြောင့်
ချွေးပြန်လာရသည်။ဝတ်ထားတာ ကုတ်ဆိုတော့
အဝတ်အစားမလဲခဲ့လိုက်ရတာနောင်တရမိရ၏။

ကမ္ဘာဗိုလ်သည် ကိုကို့အိမ်ရှေ့အရောက်
အိမ်ရှေ့မှာခဏစောင့်ပေးဖို့ကိုကို့ဆီခွင့်တောင်းကာအထဲဝင်ခဲ့လိုက်သည်။
အိမ်ဝင်းထဲမှာကိုကို့အရိပ်ကိုမတွေရပေ.....
အိမ်ထဲဝင်ကြည့်မှ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကိုကိုထိုင်နေသည့်ရှေ့မှာငုတ်တုတ်လေးထိုင်ချလိုက်သည်။

ကိုကိုက ဝါးကုလားထိုင်ပေါ်မှာ
ပက်လက်အနေအထားအတိုင်းထိုင်နေပြီး
မျက်နှာကျတ်အပေါ်ကိုမော့ကြည့်လျှက်
ငိုနေတာလေ။

"ကိုကို ဘာလို့ငိုနေတာလဲဗျာ"

"ပြန်တော့ကမ္ဘာဗိုလ် ငါ မင်းကိုချစ်ဖို့
ယုံကြည်ချက်မရှိတော့ဘူး"

"ဟင့်အင်း....သားကိုယုံကြည်ပေးပါနော်
ခုဏပြောမိတဲ့စကားကိုရုတ်သိမ်းပါတယ်
တောင်းပန်ပါတယ်ကိုကို"

"ငါ့ကြောင့် မင်ရဲ့အသိုင်းဝိုင်းထဲမှာ
နေရခက်သလိုမဖြစ်ရအောင်
သားအလိမ္မာအဖြစ်နဲ့သာနေပါ ပြန်တော့"

"!အီး....ဟီး.....ကိုကို သားကို
အင့်.....နှင်ထုတ်ပြန်ပြီ"

တစ်ယောက်တည်းငိုမိနေပါတယ်ဆို
အသံထွက်ငိုလာသည့်ကမ္ဘာဗိုလ်ကြောင့်
ကုလားထိုင်ပေါ်ပက်လက်အနေအထားကနေ
ခန္ဓာကိုယ်ကိုမတ်ကာထိုင်မိသွားသည်။
ကမ္ဘာဗိုလ့်ငိုသံကို မခံစားနိုင်သလိုဖြစ်နေမိသည်။
ကမ္ဘာဗိုလ်ရင်ထဲဘယ်လိုနေမယ်မသိ
မာန်သမိုင်းရင်ထဲမှာ ထိုငိုသံကြောင့်
ပူလောင်သလိုခံစားရသည်။

"တိတ် ဘာလို့ငိုနေတာလဲ"

"ကိုကိုက သားကိုနှင်ထုတ်တယ်"

"ဘာလို့ငါ့ကိုမဆက်သွယ်တာလဲ
ငါ့ကို မင်းရဲ့ကစားစရာအရုပ်လိုသဘောထားနေတာလား"

"ဖျားနေလို့ပါကိုကို"

"!ဟမ် ဖျားနေတာ ငါမသိရပါလား"

"ဟုတ်ကိုကို ဖျားတာမပျောက်နိုင်ဘူး
ခုတောင် အားမရှိတော့ဘူး
ကိုကိုပေးမှ သားကအင်အားပြန်ပြည့်မှာ
နော်....နော်"

"!အဟမ်း.....နှောက်ယှက်တယ်လို့မထင်ပါနဲ့
ကလေးလေး ပြန်ကြရအောင်"

"ခဏလေးရှိသေးတာကိုကိုရာ
ခဏလေး နေဦးမယ်လေ"

အားအင်လိုနေသည့်ကောင်လေးကို
အားဖြည့်ဖို့ရာ လက်အလှမ်း ကမ္ဘာဗိုလ့်အကိုဖြစ်သူကအိမ်ပေါက်ဝမှာရပ်ကာ အသံပေးလာသည်။
ကိုယ့်လက်က ကမ္ဘာဗိုလ့်မျက်နှာလေးကို
ထိတွေ့လုဆဲမှာ ရပ်တန့်လိုက်ရ၏။

"အိမ်မှာ ဦးဇွဲရောက်နေပြီတဲ့ကလေးလေး
ကိုကို့ကိုလာခေါ်ပေးမယ်ပြောတယ်
ပြန်ရအောင်နော် နောက်မှလာတွေ့"

"ကိုကိုပြန်နှင့်ပါလားဟင် ခဏနေ
သားကိုကို့ကိုပြန်လိုက်ပို့ခိုင်းပါ့မယ်"

တီ....တီ.....

ကားဟွန်းသံကြားလိုက်ရသည်မလို့
ကမ္ဘာပိုင်သည် ပြန်ခေါ်လို့မရသည့် ညီဖြစ်သူကို
ထားခဲ့လိုက်ဖို့သာ ဆုံးဖြတ်လိုက်ရသည်။

"ကျွန်တော့်ညီကိုစိတ်ချမယ်ဗျ ဟိုအစ်ကို"

ကလေးလေးလူက တကဲ့ကိုအချေ
ညီဖြစ်သူကိုသူ့ဆီလိုက်ပို့သည့်မျက်နှာမှ
မထောက် လက်ဟန်နဲ့သာထားခဲ့ဖို့ပြလာသည်။

"ပါပါးကိုသေချာပြောပြပေးပါကိုကို"

"စိတ်ချ"

မာန်သမိုင်းသည် ကမ္ဘာဗိုလ့်အစ်ကို အိမ်ထဲကနေထွက်သွားပြီဆိုမှနေရာကနေထကာ
ငုတ်တုတ်ထိုင်နေဆဲ ကမ္ဘာဗိုလ့်ကိုမတ်တပ်ရပ်စေလိုက်သည်။ပြီးနောက် ဂျိုင်းကနေမကာ
ကိုယ့်ခါးကိုခွစေပြီး ချီလိုက်သည်။

"!ကိုကို့"

"ငါ့ကို တစ်ပတ်ပစ်ထားတဲ့အတွက်အပြစ်
ပေးရမယ်"

"ဗျာ.....ဘယ်လိုအပြစ်လဲ"

"သိချင်ရင်တိတ်တိတ်လေးနေ"

ကိုကိုက ကိုယ့်ကိုချီထားလျှက်အိမ်ပေါ်သို့
ဦးတည်သွားနေတာကြောင့် ဘယ်လိုအပြစ်များပေးမှာလဲဟု တွေးနေမိသည်။
ကိုကိုကသူ့အခန်းထဲဝင်ပြီး ကိုယ့်ကိုချီလျှက်အတိုင်း အခန်းတံခါးလောခ့်ချလိုက်သည်။
ပြီးနောက် ကိုယ့်ကိုကုတင်ပေါ်လှဲချပြီး
ကိုကိုက ကုတင်ဘေးကနေရပ်ကာ
ကိုယ့်ကိုအုပ်မိုးလာသည်။

"ကိုကို့ကိုလွမ်းတယ်သိလား လူကမလှုပ်နိုင်လို့သာ ကိုကိုများ သားကိုမေ့သွားရင်ဘယ်လိုလုပ်
! အွတ်"

စကားများလွန်းသည့် အသည်းအသက်လေးကို
စကားမပြောနိုင်အောင် မာန်သမိုင်းနှုတ်ခမ်းဖြင့်ဖိကပ်ထားလိုက်သည်။ကမ္ဘာဗိုလ့်မျက်နှာကိုအလွမ်းဖြေဖို့ အတိုးချကြည့်နေရင်း
ပန်းနုရောင်နှုတ်ခမ်းပါးလေးကိုစုပ်ယူလိုက်သည်။

"အွမ်း...အွမ်း"

ကိုကိုအပြစ်ပေးတာဒီလိုပါလားဆိုတာလက်တွေ့သိရပြီးနောက် ကမ္ဘာဗိုလ့်စိတ်ထဲပျော်နေရသည်။
စိတ်လိုလက်ရနမ်းရှိုက်နေသည့် ကိုကို့ကြောင့်
အသက်ရှူရတာရပ်တန့်မိတော့မလိုဖြစ်မိသည်။
ကိုကို့လည်ပင်းကိုသိုင်းဖက်ထားပြီး
ကိုကို့ရဲ့အနမ်းကိုရင်ခုန်စွာခံယူနေမိသည်။

နှစ်ယောက်သားအနမ်းအရှည်ကြီးတစ်ခုကိုဖန်တီးပြီးနောက် နမ်းနေရမှာရပ်ကာ
တစ်ယောက်မျက်နှာ တစ်ယောက်
တဆိမ့်ဆိမ့်ကြည့်နေမိသည်။

"ငါတို့လက်ထပ်ကြရအောင်"

"!ဗျာ"

"လက်ထပ်ကြမလား"

"လက်ထပ်ဖို့.... သားကအိမ်ထောင်တစ်ခုကို
နိုင်နင်းပါ့မလားမသိဘူးကိုကို"

"ငါနဲ့လက်ထပ် မင်းကိုဘုရင်ရာထူးပေးမှာ ....
ငါက မင်းရဲ့အနားမှာကျေးကျွန်တစ်ယောက်လိုခစားမှာ လက်ထပ်ကြမလား"

"ပါပါးကိုမေးကြည့်လိုက်မယ်လေ"

"ကျစ် ငါလက်ထပ်ချင်တာမင်းကို
မင်းရဲ့ပါပါးကိုမဟုတ်ဘူး မေးပြီးခွင့်မပြုရင်
ဘယ်လိုလုပ်မှာလဲ မင်းက"

ကိုကို့မျက်နှာတည်သွားပြန်ပြီမလို့
ကမ္ဘာဗိုလ်သည် ဘာပြန်ပြောရမလဲမတွေးတတ်တော့ပါ။ကိုကို့ကိုလက်ထပ်ချင်တာပေါ့
ကိုကို့အနားမှာအရိပ်ကလေးလိုအမြဲရှိချင်ခဲ့တာ။
လက်ထပ်ဖို့ရာကြ အသက်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့မလုပ်ရသေးဘဲ daddyနဲ့ပါပါးက
ခွင့်ပြုမှာမဟုတ်ဟု ထင်မိသည်။

မာန်သမိုင်းသည် တွေဝေသွားသည့်ကမ္ဘာဗိုလ့်ကြောင့်ပြုံးနေမိသည်။လက်ထပ်ဖို့ အတည်ပြောတယ်ထင်နေပုံရသောကောင်လေးကိုချစ်မဝဖြစ်နေရသည်။အလုပ်မဲ့ ပိုင်ဆိုင်မှု့ဆိုလို့တန်ဖိုးကြီးဆိုင်ကယ်တစ်စီးသာ။
သူဌေးသားနုနုငယ်ငယ်လေးကို ကိုယ့်ဘဝထဲ
ဝင်ခိုင်းဖို့ အခြေနေမရှိသေးပါ။

သူ့အသိုင်းဝိုင်းထက်သာအောင်မထားနိုင်ဦး.....
ပြည့်စုံအောင်ထားနိုင်ဖို့ကြိုးစားပြီးမှ
ကိုယ့်ဘဝထဲလာခိုင်းဖို့ဆုံးဖြတ်ထားသည်။
လောလောဆယ် ရည်မှန်းချက်မပြည်စုံသေးခင် ချစ်သူဘဝနဲ့သာချစ်ပေးမည်။

ငြိမ်ကျသွားသည့် ကမ္ဘာဗိုလ့်မျက်နှာလေးကို
ငုံ့ကြည့်ရင်း ညာဘက်မျက်ခုံးထောင့်လေးမှာ
ထင်းနေသည့်မှည့်နက်ကလေးကို မြတ်နိုးစွာ
ခပ်ဖွဖွလေးနမ်းပစ်လိုက်သည်။

ကမ္ဘာဗိုလ်ရဲ့လည်ပင်းကိုအသာမပြီး
ကျောအောက်ရောက်နေသည့် ဆံနွယ်အရှည်ကြီးကိုလက်ဖြင့်သိမ်းယူကာ
ကမ္ဘာဗိုလ့်ပုခုံးပေါ်ဖြန့်ချထားလိုက်သည်။

ဆံသားအားလုံးငွေမျှင်အရောင်ဖြစ်ပေမဲ့
ပိုးသားသကဲ့သို့နူးညံ့လွန်းလှသည်။
ကြည့်ရတာ တန်ဖိုးကြီးခေါင်းလျှော်ရည်သုံးထားပုံရသည်။ဆံပင်ကိုနမ်းမကြည့်ပဲ
ရှန်ပူရနံ့သင်းသင်းလေးက မွှေးနေသည်လေ။
ဤကောင်လေးကို လက်ထပ်ဖို့
တန်ဖိုးကြီးခေါင်းလျှော်ရည်ဘူးဖိုးတောင်ရှာနိုင်ပါ့မလားတွေးမိရသည်။

"ကိုကို သားပြန်ချင်ပြီ"

"မင်းနဲ့ငါ"

"ဟိုး....ဘာကိုမင်းနဲ့ငါလဲ မနူးညံ့လိုက်ပုံများ
ကိုကိုရာ"

"ငါ့အသက်ကလေးက စကားတအား
တတ်တာကွာ ဝါးစားပစ်ချင်ပြီ"

"ကိုကိုကလို့သုံး ဘာလို့ငါလဲ"

"အဟင်း....လျှာယားတယ်ကွ"

"ပြောကြည့် ကိုကိုက"

"ကိုကိုက"

"အသက်ကလေးကို"

"အသက်ကလေးကိုချစ်တယ်"

*ဟား.....ဟား....*

မနူးညံ့သည့်ကောင်လေးကို နူးညံ့လွန်းသည့်
အချွဲတုံးလေးကမ္ဘာဗိုလ်က ချစ်သူတွေကြား
ရိုမန့်တစ်ဖြစ်စေဖို့သင်ပေးရသည်က
လွယ်ကူမနေပါ။ရလဒ်အနေဖြင့်
ချက်ခြင်းအိမ်မပြန်ရပဲ အနမ်းရှည်ကြီးထဲမျောလွင့်ရပြန်၏။

ဆက်ရန်

*******************************

Continue Reading

You'll Also Like

50.3K 2.4K 19
Mistakes have always been Krist's companion. There were several mistakes which made Krist on the verge of breakup with his long time boyfriend, Sing...
45.6K 3.1K 37
At a house party, a case of mistaken identity goes too far, compelling a lady's maid to play the part of a lady, risking her livelihood... and her he...
54.6K 1.3K 21
What happens when Tohru's younger brother comes for a visit. Follow his adventure in the human world. I don't own anything, except Smaug's human form...
727K 26.6K 103
Just random Merlin oneshots. I try my best to be as original as possible. Goes from being sad, to funny, to mad.... You get the gist. I don't ship Ar...