Slowly Falling For Changkong...

By ANyein_26

56.9K 5.7K 167

COMPLETED โœ”๏ธ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )

586 63 2
By ANyein_26



A မြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လူစည်ကားသော ဧည့်ခန်းမ၌ ရွှီလျန်က ဂိတ်ဝတွင် တစ်ယောက်တည်း ရပ်နေသည်။ သူမ၏အမူအရာက တည်ငြိမ်ပြီး ငြိမ်သက်နေရာ လူစုလူဝေး၏ အလျင်လိုနေသော အားထုတ်မှုနှင့်နှိုင်းယှဉ်လျှင် အံဝင်ခွင်ကျဖြစ်မနေ။

သိပ်မကြာခင်မှာပဲ ရွှီလျန်စောင့်နေတဲ့လူ ပေါ်လာပြီး သူမရဲ့အမူအရာက နောက်ဆုံးတော့ ပြောင်းလဲသွားခဲ့သည်။

သူ့နောက်က ခရီးဆောင်အိတ်ကိုဆွဲလာရင်း ရှန့်ချန်ခုန်းဟာ ဂျင်းဘောင်းဘီနှင့် အပေါ်နည်းနည်းလိပ်တင်ထားသော အဖြူရောင်လက်ရှည်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ဂိတ်ပေါက်မှ ထွက်လာသည်။ အစကတော့ ရွှီလျန်က သူ့ကို အော်ခေါ်လိုက်ချင်ပေမဲ့ ရှန့်ချန်ခုန်းဘေးနားတွင် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူနှင့်စကားပြောရင်း လမ်းလျှောက်လာနေသော ဆံပင်ရွှေရောင် အမျိုးသမီးတစ်ယောက်ကို သူမ သတိထားမိလိုက်သည်။

ရွှီလျန် မျက်ခုံးပင့်တင်ကာ မလှုပ်မယှက်...

သူမ ရှန့်ချန်ခုန်းရဲ့အာရုံစိုက်မှုကို ရယူဖို့ မကြိုးစားခဲ့ဘူး ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် သူ ဂိတ်ပေါက်များကို ဖြတ်ကျော်သွားသည်နှင့်တပြိုင်နက် ရှန့်ချန်ခုန်းက သူမအား လှမ်းကြည့်ကာ လိုက်ရှာနေခဲ့သည်။ ရွှီလျန်က ရင်သပ်ရှုမောလောက်သော ရောင်ဝါရှိသည့် လှပသော အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ရှန့်ချန်ခုန်းအတွက် များပြားလှသော လူအုပ်ကြားတွင် သူမကို ရှာတွေ့ရန် အချိန်မကြာလိုက်ပေ။

"ရွှီလျန်"

ရှန့်ချန်ခုန်း၏ခြေလှမ်းများဟာ သူမဆီသို့ လျှောက်လာစဉ် သိသိသာသာကို လျင်မြန်လာပါ၏။ ရွှီလျန်က ယခုမှ သူ့ကို တွေ့လိုက်ရသလို ဟန်ဆောင်လျက် ပြုံးပြီး တုံ့ပြန်လိုက်သည်။

သူနှင့်အတူ ရွှေရောင်အမျိုးသမီးက နောက်မှလိုက်သွားသော်လည်း ရှန့်ချန်ခုန်းက သူမကို သတိမထားမိပုံရသည်။ ထိုအစား ရှန့်ချန်ခုန်းရဲ့အကြည့်က ရွှီလျန်ထံ၌သာ ကပ်ညှိနေပါ၏။

"မင်း စောင့်နေတာ ကြာပြီလား"

ရွှီလျန်က ဒေါက်မြင့်ဖိနပ်ကို စီးထားသော်လည်း ရှန့်ချန်ခုန်းနှင့်ယှဉ်လျှင် သူမက ပို၍ပုနေသေးသည်။ သူမ ခြေဖျားထောက်လျက် ရှန့်ချန်ခုန်း၏လည်ပင်းကို သိုင်းဖက်ကာ သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်။

"မကြာသေးပါဘူး ကျွန်မ အခုမှရောက်တာ"

ရှန့်ချန်ခုန်း နားတွေနီရဲလာပြီး ရွှီလျန် သူ့ကို နမ်းလိုက်ချိန်မှာတော့ လျှပ်စီးကြောင်းက သူ့နောက်ကျောကို ပြေးတက်လာသလို ခံစားလိုက်ရသည်။ သူတို့ပတ်ဝန်းကျင်ရှိ အခြားလူများကြောင့် အနည်းငယ် စိတ်မသက်မသာ ခံစားရသော်လည်း ရှန့်ချန်ခုန်းက ရွှီလျန်ရဲ့လုပ်ရပ်ကို မရပ်တန့်ခဲ့။

သူတို့ဘေးက ရွှေရောင်လေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ရွှေရောင်အလှလေးနှင့် ရှန့်ချန်ခုန်းတို့က စကားခဏပြောပြီး လက်ပြနှုတ်ဆက်လိုက်ကြသည်။ သူမ မထွက်ခွာခင်မှာ ဆံပင်ရွှေရောင်အမျိုးသမီးက ရွှီလျန်ကို မျက်လုံးတစ်ဖက်မှိတ်ပြီး ပြုံးပြလိုက်၏။

ရွှီလျန် ရှန့်ချန်ခုန်းဘက်သို့ လှည့်မသွားခင် ထိုအမျိုးသမီး မြင်ကွင်းထဲမှ ပျောက်သွားသည်အထိ စောင့်ဆိုင်းခဲ့သည်။

"သွားရအောင် ကျွန်မကားက ကားပါကင်မှာ"

"အင်း"

ရှန့်ချန်ခုန်းက ပြုံးပြီး နှစ်ယောက်သား ကားဆီသို့ လျှောက်သွားကြသည်။

ရွှီလျန်က ကားထဲသို့ အရင်ဝင်သွားပြီး ရှန့်ချန်ခုန်းက သူ၏ခရီးဆောင်အိတ်ကို ကားနောက်ခန်းထဲတွင် ထည့်ပြီးနောက် သူမနောက်မှ လိုက်သွားခဲ့သည်။ ရွှီလျန် သူမ၏လက်များကို စတီယာရင်ဘီးပေါ်တင်ပြီး သူမ ပါးစပ်မဟခင် ရှန့်ချန်ခုန်းက သူ့ထိုင်ခုံခါးပတ် ပတ်နေသည်ကို စောင့်ကြည့်နေသည်။

"အခုခေတ်မှာ အရမ်းလှတဲ့ ဆံပင်ရွှေရောင် အမျိုးသမီးတစ်ယောက်က ရှင့်ဘေးနားမှာရှိနေတော့ ရှင့်အတွက် အရမ်းကောင်းပါတယ်"

ရှန့်ချန်ခုန်းက ရွှီလျန် ဤအကြောင်းပြောမည်ကို သိပြီးသားဖြစ်ရာ တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းပြီး ခေါင်းခြောက်စရာ အခြေအနေများကို တွေ့ခဲ့ရသည်။

"သူမက ကိုယ့်အတန်းဖော်ပါ"

"အိုး.. ဒီလောက်လှတဲ့အမျိုးသမီးကို အတန်းဖော်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ"

ရှန့်ချန်ခုန်း သူမကို ပြန်မဖြေဘဲ သူ့ဘာသာ မေးခွန်းတစ်ခု မေးမိ၏။

"သူမက လှတယ်လို့ ထင်တာလား"

"မဟုတ်ဘူးလား?"

ဆံပင်ရွှေရောင်၏ ရင့်ကျက်သောအသွင်အပြင်နှင့် ကိုယ်လုံးကိုယ်ပေါက်လှသော ခန္ဓာကိုယ်ဖြင့် အမျိုးသမီးဖြစ်သူ ရွှီလျန်ကတောင် သူမ၏အလှကို သဘောကျနိုင်သည်။

"မင်းက သူမထက် ပိုလှတယ်လို့ ကိုယ်ထင်တယ်"

ရွှီလျန် သူ့ကို ခဏလောက် စိုက်ကြည့်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားစမောင်းတော့သည်။

"နိုင်ငံခြားမှာကျောင်းတက်ရတာ တန်တယ်လို့ ကျွန်မထင်တယ်.. ပရောပရည်လုပ်တဲ့ ဘာသာရပ်မှာ ရှင် တိုးတတ်လာပြီ"

"မဟုတ်ပါဘူး ဒီစကားတွေက ကိုယ့်ခံစားချက်အစစ်အမှန်ပါ"

ရှန့်ချန်ခုန်းက သူမကို မျက်နှာတည့်တည့်ကြည့်ပြီး ပြောသည်။

ရွှီလျန် ပြုံးပြီး လေဆိပ်မှ ကားမောင်းထွက်သွားသည်။ သူ့ရှေ့က တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ ရှုခင်းတွေကို ကြည့်နေရင်း ရှန့်ချန်ခုန်း ရွှီလျန်ကို မေးလာ၏။

"ရှန့်နွမ် ဒီနေ့ မလာဘူးလား"

"သူမက လာချင်တယ် ဒါပေမဲ့ သူမဘွဲ့ကြိုမပြီးခင် နှစ်လအလိုမှာ ရှင်က ရှင့်ရဲ့ပါရဂူဘွဲ့ ရခဲ့တာကို သတိရသွားတော့ မလာဖို့ ဆုံးဖြတ်လိုက်တာ"

ရှန့်ချန်ခုန်း ရယ်မောလိုက်မိ၏။

"တကယ်လို့ ကိုယ်သိခဲ့ရင် ဇူလိုင်လ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကိုယ့်ကို ထည့်ပေးဖို့ ကိုယ့်ရဲ့ပညာရေးအကြံပေးကို ပြောခဲ့မှာပါ"

သူက ရွှီလျန်ကို ပြုံးပြပြီး မေးပြန်သည်။

"ကိုယ် သူမနဲ့ နောက်ဆုံးဗီဒီယိုကောလ်ပြောတုန်းက သူမပြောတာ လက်တွေ့လုပ်နေပြီတဲ့ ဘယ်လိုနေလဲ"

"မဆိုးပါဘူး ဒါပေမဲ့ မူလတန်းကျောင်းသားလေးတွေက မကြာခဏ ဆိုးသွမ်းနေတာဆိုတော့ သူတို့ကို စနစ်တကျ စီမံခန့်ခွဲဖို့ သူမ အခက်တွေ့နေရတယ်"

ရှန့်ချန်ခုန်း ရယ်လိုက်သည်။

"သူမ ငယ်ငယ်လေးတုန်းကလဲ မကြာခဏ ဆိုးသွမ်းခဲ့တာပဲ.. အခု မူလတန်းပြဆရာမတစ်ယောက်အနေနဲ့ သူမ နောင်တရရမဲ့အချိန်ရောက်ပြီ"

"အစ်ကိုကြီးတစ်ယောက် ပြောရမဲ့အရာလား"

"မင်းရော? ဘာတွေလုပ်နေလဲ"

ရွှီလျန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး

"ရှင် ဘယ်လိုလုပ် မသိနိုင်တာလဲ? ကျွန်မတို့ နေ့တိုင်းနီးပါး ဗီဒီယိုကောလ် ပြောနေတဲ့ဟာကို.. တကယ်တမ်းပြောရရင် အချိန်အတိုင်းအတာတစ်ခုအတွင်း ခရီးဝေးခေါ်ဆိုမှုအများစုအတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ကို ကျွန်မတို့ ချိုးဖျက်လိုက်ပြီလို့ ထင်တယ်"

"ကိုယ်တို့ နေ့တိုင်း ဗီဒီယိုကောလ် မပြောပါဘူး.. ကိုယ်တို့ တစ်ပတ်မှာ လေးခါလောက်ပဲပြောတာပါ အဲ့လိုဆိုရင်တောင်မှ ကိုယ့်ရဲ့တင်းကျပ်တဲ့အချိန်ဇယားကြောင့် ဖုန်းကောလ်တိုင်းက ကြာသင့်သလောက် မကြာပါဘူး"

"ဟုတ်ပါပြီ ရှင် မှတ်​ဉာဏ်​​ကောင်း​တာ ကျွန်မသိပါပြီ"

ရှန့်ချန်ခုန်း သူမဘက်သို့ လှည့်လိုက်ပြီး ဆက်လက်မေး၏။

"မင်း လတ်တလော ဘယ်လိုနေသေးလဲ"

"အရမ်းကောင်းတယ်"

"ဒါပေမဲ့ ကိုယ်တော့ မကောင်းဘူး.. ကိုယ် မင်းကို အရမ်းလွမ်းနေတာ"

"......."

ရွှီလျန် မိနစ်အနည်းငယ်လောက် တိတ်ဆိတ်စွာ မောင်းနှင်လာပြီး

"ရှင် နိုင်ငံခြားကို လေယာဉ်တွေအကြောင်း သွားလေ့လာတာမဟုတ်ဘဲ အချစ်နည်းလမ်းတွေအကြောင်း သွားလေ့လာတာလားလို့ ကျွန်မ စဉ်းစားနေတာ"

ရှန့်ချန်ခုန်း တိုးတိုးလေး ရယ်မောရင်း သူ့ရင်ဘတ်က အနည်းငယ် လှုပ်ခါသွားသည်။

"မင်းသိလား.. နိုင်ငံခြားမှာ ယောက်ျားတွေက ကိုယ်တို့တိုင်းပြည်က အမျိုးသားတွေနဲ့ယှဉ်ရင် ရိုမန်တစ်ဆန်တဲ့ စကားလုံးတွေ အများကြီးပြောတတ်ကြတယ်.. အထူးသဖြင့် ကိုယ့်ရဲ့အီတလီအခန်းဖော် သူနဲ့အတူနေနေရတာက ကိုယ့်ကို အများကြီး သင်ပေးခဲ့တယ်လို့ ထင်တာပဲ"

"အိုး.. ဒါဆို ကျွန်မ စောင့်ပြီး ကိုယ်တိုင်ခံစားကြည့်မယ်"

နောက်ဆုံးတော့ သူတို့အိမ်ရာသို့ ရောက်ရှိလာပြီး ကားကို မြေအောက်ကားပါကင်တွင် ရပ်ထားခဲ့သည်။ ရှန့်ချန်ခုန်းက သူ၏ခရီးဆောင်အိတ်ကို ကောက်ယူလိုက်ပြီး နှစ်ယောက်သား ရွှီလျန်၏အိမ်သို့ တိုက်ရိုက်သွားကြသည်။ ရှန့်ချန်ခုန်း အိမ်မပြန်မီ တစ်လအလိုတွင် ရှန့်နွမ်က သူမ၏ပစ္စည်းများကို ရွှီလျန်၏အိမ်မှ သူမအမေအိမ်သို့ ပြတ်ပြတ်သားသား ပြောင်းရွှေ့သွားခဲ့၏။ သူမက သူမအစ်ကိုကြီးတောင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါသေးသည် - သူ ပြန်လာတဲ့အချိန်ကျရင် ရွီလျန်နှင့်အတူ ပြောင်းနေနိုင်ပြီဟူ၍။

ရှန့်နွမ်က ဒီနှစ်တွေတစ်လျှောက် သူမအမေဖြစ်သူထံ မပြောင်းလာတဲ့အကြောင်းအရင်းကတော့ ရှန့်ချန်ခုန်းက ရံဖန်ရံခါမျှသာ ပြန်လာတတ်ပြီး သူ့ပစ္စည်းတွေက သူ့အခန်းထဲမှာ ရှိနေတုန်းပဲ။ ထို့အပြင် ရွှီလျန်ကလည်း စိတ်ထဲမထားသောကြောင့် ရှန့်နွမ်အနေနှင့် ပြောင်းရွှေ့ဖို့ကို အလောတကြီး ဖြစ်မနေ။

ယခုတွင် ရှန့်နွမ်က သူမအစ်ကိုကြီး၏အသက်ကို တွက်ချက်ပြီး ယခုနှစ်တွင် ၂၉ နှစ်ဖြစ်မည်ကို သဘောပေါက်သည်။ သူက အရွယ်ရောက်နေပြီးသား သူ ရွှီလျန်ကျဲနဲ့ပဲ နေပါစေတော့! ဘာပဲဖြစ်ဖြစ် သူ ပြန်ရောက်လာတာနဲ့ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေမှန်း သူမ သိထားပြီးသား။

ရွှီလျန်က ရှန့်ချန်ခုန်း၏ခရီးဆောင်အိတ်များကို သူမအနောက်က တံခါးမပိတ်ခင် ကူသယ်ပေးသည်။ သူမဧည့်ခန်းထဲတွင် ရပ်နေသော ရှန့်ချန်ခုန်းကိုကြည့်ရင်း မေးလိုက်၏။

"ရှင် ဘယ်အခန်းမှာအိပ်ချင်လဲ? မာစတာအိပ်ခန်းလား ဧည့်သည်ခန်းလား"

"အဟွတ်"

ရှန့်ချန်ခုန်းသည် လူကြီးလူကောင်းဖြစ်စဥ်အချိန်ကတည်းက သူ့ပါးစပ်ကို သူ့လက်နောက်ကွယ်တွင် ဝှက်ထားခဲ့သည်။

"ကိုယ် မင်းဘေးမှာ အိပ်ချင်တယ်"

"အိုး"

ရွှီလျန်က ဧည့်သည်ခန်းတံခါးကိုဖွင့်လိုက်ပြီး

"ရှန့်နွမ်က ရှင့်ရဲ့ပစ္စည်းတချို့ကို ယူလာပေးထားတယ် ရှင့်ဘာသာပဲ နေရာချလိုက်တော့"

"အိုကေ"

"ဒါနဲ့ အန်တီဝမ်းက ဒီည ကျွန်မတို့ကို သူမနဲ့ညစာအတူစားစေချင်တယ်လို့ ပြောတယ်.. ညစာစားချိန်နီးနေပြီမလို့ ရှင့်ကိုယ်ရှင် လန်းဆန်းအောင်လုပ်လိုက်အုံး ပြီးရင် ကျွန်မတို့ သွားကြမယ်"

"အင်း"

ရှန့်ချန်ခုန်း သူတို့အတွက် သူဝယ်လာပေးခဲ့သော လက်ဆောင်များကို ထုတ်ယူကာ နောက်မှ စနစ်တကျ ထုပ်ပိုးရန် ဆုံးဖြတ်လိုက်သည်။

ရွှီလျန်သည် ရှန့်ချန်ခုန်းက သူမအတွက် အထုပ်တစ်ထုပ် ယူလာသည်ကို သတိပြုမိပြီး ၎င်းကို လက်လှမ်းမမီနိုင်ပေ။ ရွှီလျန်က လက်ဆောင်ကို ဖွင့်ဖောက်နေစဉ် ရှန့်ချန်ခုန်းက သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ခဏကြာတော့ ရှန့်ချန်ခုန်းက ချောင်းဟန့်၍ အစပျိုးလာ၏။

"ပြောစရာ....."

"ဟမ်?"

"အင်း.. မနက်ဖြန် ကိုယ့်အလုပ်ခွင်ကို သတင်းပို့ရမယ် ဒါပေမဲ့ အဲဒါပြီးရင်တော့ တစ်ပတ်လောက် အားလပ်ရက်ရသေးတယ်၊ မင်း အပြင်... အပြင်ထွက်ပြီး အတူတူလျှောက်သွားချင်လား"

"အပြင်ထွက်ပြီးလျှောက်သွားမယ်?"

ရွှီလျန်၏လက်များ ရပ်တန့်သွားပြီး သူမ သူ့ကို လှည့်ကြည့်လိုက်သည်။

"ကျွန်မတို့ ဘယ်သွားမလို့လဲ"

"နိုင်ငံအနှံ့ပေါ့"

ရွှီလျန် ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေ၏။

"ဒါဆို ကျွန်မ အဆင်ပြေပါတယ် ဒါပေမဲ့ ရှင် ခဏလောက် အနားမယူချင်ဘူးလား"

"မလိုပါဘူး ကိုယ့်မှာ အားလပ်ရက်က တစ်ပတ်ပဲရှိတာ ကိုယ် မဖြုန်းသင့်ဘူး ထင်တယ်၊ ကိုယ်တို့... လေထီးခုန်ကြမလား(skydiving)"

"အဟွတ် အဟွတ်"

ရွှီလျန် သူ့အကြံပြုချက်၌ဝယ် သိသိသာသာ အသက်ရှုသွင်းလိုက်ရပြီး တံတွေးသီးသွားရ၏။

"ရှင် လေထီးခုန်ချင်တယ်လို့ ပြောတာလား?"

စိတ်လှုပ်ရှားစရာ တစ်ခုခုလား?

ရှန့်ချန်ခုန်းက ခေါင်းညိတ်လိုက်သည်။

"ကိုယ် နိုင်ငံခြားမှာရှိစဉ်တုန်းက လေထီးခုန်လက်မှတ်ရခဲ့တယ်"

"လေထီးခုန်လက်မှတ်လား? ရှင် ကျွန်မကို ဘာလို့မပြောတာလဲ"

"ကိုယ် မင်းကို အံ့သြစေချင်လို့ တမင်တကာ မပြောဘဲနေတာ"

ရွှီလျန် မျက်မှောင်ကြုတ်လိုက်၏။

"ဒါပေမဲ့ ကျွန်မမှာ မရှိဘူးလေ"

"ကိစ္စမရှိပါဘူး မင်း နည်းပြတစ်ယောက်နဲ့အတူ ခုန်လို့ရတယ်.. မင်းက ရိုးရှင်းတဲ့လေ့ကျင့်​မှု​လေး​တွေ လုပ်​​ဆောင်​ဖို့ပဲလိုတယ်"

ရွှီလျန် ခေါင်းညိတ်လိုက်သည်။

"ဒါဆို ဒီလိုလုပ်လို့ရတယ်ဆိုရင် ရှင် ဘာလို့ လက်မှတ်လုပ်ထားသေးတာလဲ"

"ဘာလို့လဲဆို​တော့ ကိုယ် မင်းကို လေစတန့်နည်းနည်း လုပ်ပြချင်လို့"

ရွှီလျန် : "........"

ကျေးဇူးတင်မယ် ထင်နေတာလား?
  
"အိုကေ ကိုယ်တို့ လေထီးခုန်ကြမှာလား"

ရွှီလျန်က အလွန်စိတ်လှုပ်ရှားစရာကောင်းသော အကြံကို တွေရှိသွားသောကြောင့် သူမသဘောတူခဲ့သည်။

"ကောင်းပြီလေ ကျွန်မတို့ ဘာတွေပြင်ထားရမှာလဲ"

ရှန့်ချန်ခုန်းမှာ အလိုလို သူ့နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားပြီး ရွှီလျန်ခေါင်းကို ပွတ်ပေးရန် လက်မြှောက်လိုက်ပါ၏။

"ကိုယ့်တာဝန်ထားလိုက်"

ရှန့်ချန်ခုန်းက တရုတ်နိုင်ငံရှိ အကောင်းဆုံး skydiving ကလပ်ကို ရွေးချယ်ခဲ့ပြီး နောက်တစ်နေ့တွင် ရွှီလျန်အား ကွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ရှန့်ချန်ခုန်း၏လေထီးခုန်အသိအမှတ်ပြုလက်မှတ်သည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လွတ်လွတ်လပ်လပ် လေထီးခုန်နိုင်စေသောကြောင့် သူ့အတွက် အတားအဆီးမရှိပေ။

ဤသည်မှာ လေထီးခုန်ခြင်းတွင် ရွှီလျန်၏ပထမဆုံး အတွေ့အကြုံဖြစ်သောကြောင့် သူမတစ်ယောက်တည်း ခုန်မချနိုင်ဘဲ နည်းပြက သယ်ဆောင်သွားရမည်ဖြစ်သည်။ Skydiving သင်တန်းပို့ချသူများဟာ အဆိုပါနယ်ပယ်တွင် ကျွမ်းကျင်ပြီး အတွေ့အကြုံများစွာရှိသောကြောင့် ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ပရော်ဖက်ရှင်နယ်နည်းပြအပေါ် ယုံကြည်မှုအပြည့်ရှိကြသည်။

ရွှီလျန်က ရိုးရှင်းတဲ့လေ့ကျင့်မှုအချို့ကို ဖြတ်ကျော်ဖို့ လိုအပ်နေသေးပြီး သူတို့နှစ်ဦးစလုံး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရ၏။
  
ရွှီလျန်ဟာ ငယ်စဉ်ကလေးဘဝကတည်းက အမြဲလိုလို လိုက်လျောညီထွေမရှိသော လူမျိုးဖြစ်ပြီး မည်သည့်အရာကိုမျှ မကြောက်ခဲ့ပေ။ ဒါကြောင့် ရှန့်ချန်ခုန်းနှင့်အတူ လေထီးခုန်ရန် ပထမဆုံး သဘောတူလိုက်တုန်းကတော့ သူမဟာ အတော်လေးကို တည်ငြိမ်နေခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် သူတို့က အထူးလေယာဉ်ပေါ် ရောက်နေသဖြင့် သူမ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။

ရှန့်ချန်ခုန်းက သူမဘေးတွင် ထိုင်နေသည်။ သူမ စိတ်လှုပ်ရှားနေတာကိုမြင်တော့ သူမလက်လေးကို ကိုင်လျက် နွေးထွေးမှုအပြည့် လေသံလေးဖြင့် နှစ်သိမ့်ပေးနေ၏။

"အဆင်ပြေပါတယ် ကိုယ် လေထီးခုန်တာ အကြိမ်အများကြီးရှိနေပြီ.. မင်းလေထဲရောက်တာနဲ့ ကြောက်တော့မှာမဟုတ်ဘူး အတွေ့အကြုံကို ခံစားလိုက်ပါ"

ရွှီလျန် ခေါင်းညိတ်လိုက်သည်။

"အင်း"

ရွှီလျန်ကိုတာဝန်ယူတဲ့ အမျိုးသမီးနည်းပြက သူမဘေးနားတွင် ထိုင်နေသည်။ အစပိုင်းတွင် ကြောက်ရွံ့နေကြသည့် ကာစတန်မာများစွာကို သူမမြင်ဖူးသောကြောင့် သူတို့ကို စိတ်တည်ငြိမ်အောင်ပြုလုပ်နည်းကို သူမ အနည်းနှင့်အများတော့ သိပါ၏။ အမျိုးသမီးနည်းပြက ရွှီလျန်ကို ပြောသည်။

"စိတ်လျှော့ထားပါ ကျွန်မ ဒီနယ်ပယ်မှာရှိနေတာ နှစ်အတော်ကြာနေပြီ.. ကျွန်မကိုယုံလိုက်ပါ ရှင့်မှာ မမေ့နိုင်တဲ့ အခိုက်အတန့်တစ်ခု ရှိသွားလိမ့်မယ်"
  
သူတို့ အမြင့်ပေသို့ ရောက်ရှိသွားသောအခါ အခန်းတွင်းရှိ မီးနီများ လင်းထိန်သွားကာ ခုန်ဆင်းနိုင်ကြောင်း ညွှန်ပြနေလေသည်။ အမျိုးသမီးနည်းပြက လူတိုင်း၏ပစ္စည်းများကို ထပ်မံစစ်ဆေးပြီးနောက် ရွှီလျန်နှင့်အတူ လေယာဉ်တံခါးဆီသို့ လျှောက်သွားခဲ့သည်။

မီတာ 4000 အမြင့်တွင် အဆုံးမရှိသော အပြာရောင်ကောင်းကင်နှင့် တိမ်ပင်လယ်ကြီးကို မြင်တွေ့နိုင်သည်။ ဤလှပသောရှုခင်းက မည်သူ့ကိုမဆို စိတ်လှုပ်ရှားစေနိုင်ပါ၏။

ဓာတ်ပုံဆရာသည် ၎င်း၏ GoPro ကို ကြိုးဖြင့်ပတ်ကာ ပထမဦးစွာ ခုန်ချခဲ့သည်။ ထို့နောက် ရွှီလျန်အနောက်မှ အမျိုးသမီးနည်းပြက သူမ၏ပခုံးကို သုံးကြိမ်ပုတ်ကာ ရှေ့သို့ခုန်နိုင်ကြောင်း ညွှန်ပြနေသည်။ ခေါင်းညိတ်ပြရင်း ရွှီလျန်ဟာ ကောင်းကင်ပြာနှင့်တိမ်ဖြူများ၏ အတွင်းထဲသို့ ခုန်ချလိုက်တော့သည်။

တိုက်ခတ်လာသောလေသည် သူမ၏ခန္ဓာကိုယ်နှင့် စိတ်တို့ကို ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့သည်။ ဒါဟာ လုံးဝအသစ်အဆန်းဖြစ်ပြီး လှုံ့ဆော်မှုတစ်မျိုးပါပဲ ၊ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။

မကြာခင်မှာပဲ ရှန့်ချန်ချန်းက ခုန်ဆင်းသွား၏။ ဓာတ်ပုံဆရာက ဖြစ်စဉ်တစ်ခုလုံးကို ဖမ်းယူနိုင်စေရန် သူ့ကိုယ်သူနှင့် ကင်မရာကို နေရာချထားသည်။

ဗီဒီယိုရိုက်ကူးခြင်းမှာ အပိုဆောင်းဖြစ်ပြီး အလွန်စျေးကြီးသောကြောင့် ရွှီလျန်အနေနှင့် ကင်မရာကို ပို့စ်ပေးရန်အတွက် မိနစ်တိုင်းကို ဆုပ်ကိုင်ထားခြင်းဖြင့် ၎င်းကို အကောင်းဆုံးရယူရန် ကြိုးစားခဲ့သည်။ ရှန့်ချန်ခုန်းက ရွှီလျန်နှင့် သိပ်မဝေးလှဘဲ သူမအတွက် 'လေစတန့်' ဟုခေါ်သော လေစတန့်များကို အမှန်တကယ် ပြုလုပ်ပေးသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။

ကလေးတွေ ဂျွမ်းဘားလုပ်သလိုမျိုး သူ့လက်တွေ ခြေထောက်တွေကို မြှောက်လိုက်သည်။ ရွှီလျန်မှာ ရှန့်ချန်ခုန်းလုပ်နေသည်များကို နားလည်ရန် သူမ၏ပေါင်းစပ်နိုင်သော အချိတ်အဆတ် ကျွမ်းကျင်မှုကို အသုံးပြုခဲ့ရ၏။

ရှန့်ချန်ခုန်းက သူ့ခန္ဓာကိုယ်နှင့် အင်္ဂလိပ်စာလုံးများ ရေးသားနေခဲ့ခြင်း...

M, A, R, R, Y, M, E.

Marry me.

ရွှီလျန်ဦးနှောက်ထဲ ဗလာသက်သက်ဖြစ်သွားရသည်။ အချိန်ခဏလောက် သူမက တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် လေထဲတွင် လေထီးခုန်နေခြင်းကိုတောင် မေ့လျော့သွားခဲ့သည်။

နောက်ဆုံးတွင် ရွှီလျန်၏စိတ်ထဲ၌ တုံ့ဆိုင်းသွားရာမှ ပြန်လည်အသက်ဝင်လာခဲ့၏။ ရှန့်ချန်ခုန်းက အနီးနားတွင် ရှိနေပြီး သူမကို ကြည့်နေသည်။ သူ့သရုပ်ဖော်ပြချက်ကို သူမ နားမလည်မှာကို ကြောက်ရွံ့နေသည့်အလား သူက စကားလုံးတွေကို အကြိမ်ပေါင်းများစွာ ရေရွတ်နေခဲ့ပါသည်။

ရွှီလျန်သည် ရှန့်ချန်ခုန်းက သူမအား သူ့ကိုလက်ထပ်ဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာကို ကြည့်နေခဲ့၏။ နောက်ဆုံးတွင် သူမ ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့အား အသည်းပုံတစ်ခု ပေးလိုက်ပါသည်။

 

_______________________

စာရေးသူမှာပြောစရာရှိပါတယ် ;

အရင်တစ်ခေါက်က ငါ ပင်လယ်နားမှာ ချစ်ရေးဆိုခဲ့တယ် .. ဒီတစ်ခါတော့ ငါ ကောင်းကင်ယံမှာ လက်ထပ်ခွင့်တောင်းခဲ့တယ် နောက်တစ်ခါဆိုရင် ငါ အာကာသထဲမှာပဲ လက်ထပ်ခွင့်တောင်းနိုင်တော့မယ်။

*****


A ၿမိဳ႕ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္၏ လူစည္ကားေသာ ဧည့္ခန္းမ၌ ႐ႊီလ်န္က ဂိတ္ဝတြင္ တစ္ေယာက္တည္း ရပ္ေနသည္။ သူမ၏အမူအရာက တည္ၿငိမ္ၿပီး ၿငိမ္သက္ေနရာ လူစုလူေဝး၏ အလ်င္လိုေနေသာ အားထုတ္မႈႏွင့္ႏွိုင္းယွဥ္လွ်င္ အံဝင္ခြင္က်ျဖစ္မေန။

သိပ္မၾကာခင္မွာပဲ ႐ႊီလ်န္ေစာင့္ေနတဲ့လူ ေပၚလာၿပီး သူမရဲ႕အမူအရာက ေနာက္ဆုံးေတာ့ ေျပာင္းလဲသြားခဲ့သည္။

သူ႕ေနာက္က ခရီးေဆာင္အိတ္ကိုဆြဲလာရင္း ရွန့္ခ်န္ခုန္းဟာ ဂ်င္းေဘာင္းဘီႏွင့္ အေပၚနည္းနည္းလိပ္တင္ထားေသာ အျဖဴေရာင္လက္ရွည္ရွပ္အကၤ်ီကို ၀တ္ဆင္ထားၿပီး ဂိတ္ေပါက္မွ ထြက္လာသည္။ အစကေတာ့ ႐ႊီလ်န္က သူ႕ကို ေအာ္ေခၚလိုက္ခ်င္ေပမဲ့ ရွန့္ခ်န္ခုန္းေဘးနားတြင္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ သူႏွင့္စကားေျပာရင္း လမ္းေလွ်ာက္လာေနေသာ ဆံပင္ေ႐ႊေရာင္ အမ်ိဳးသမီးတစ္ေယာက္ကို သူမ သတိထားမိလိုက္သည္။

႐ႊီလ်န္ မ်က္ခုံးပင့္တင္ကာ မလႈပ္မယွက္...

သူမ ရွန့္ခ်န္ခုန္းရဲ႕အာ႐ုံစိုက္မႈကို ရယူဖို႔ မႀကိဳးစားခဲ့ဘူး ဒါေပမဲ့ ကိစၥမရွိပါဘူး။ အဘယ္ေၾကာင့္ဆိုေသာ္ သူ ဂိတ္ေပါက္မ်ားကို ျဖတ္ေက်ာ္သြားသည္ႏွင့္တၿပိဳင္နက္ ရွန့္ခ်န္ခုန္းက သူမအား လွမ္းၾကည့္ကာ လိုက္ရွာေနခဲ့သည္။ ႐ႊီလ်န္က ရင္သပ္ရႈေမာေလာက္ေသာ ေရာင္ဝါရွိသည့္ လွပေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ေသာေၾကာင့္ ရွန့္ခ်န္ခုန္းအတြက္ မ်ားျပားလွေသာ လူအုပ္ၾကားတြင္ သူမကို ရွာေတြ႕ရန္ အခ်ိန္မၾကာလိုက္ေပ။

"႐ႊီလ်န္"

ရွန့္ခ်န္ခုန္း၏ေျခလွမ္းမ်ားဟာ သူမဆီသို႔ ေလွ်ာက္လာစဥ္ သိသိသာသာကို လ်င္ျမန္လာပါ၏။ ႐ႊီလ်န္က ယခုမွ သူ႕ကို ေတြ႕လိုက္ရသလို ဟန္ေဆာင္လ်က္ ၿပဳံးၿပီး တုံ႕ျပန္လိုက္သည္။

သူႏွင့္အတူ ေ႐ႊေရာင္အမ်ိဳးသမီးက ေနာက္မွလိုက္သြားေသာ္လည္း ရွန့္ခ်န္ခုန္းက သူမကို သတိမထားမိပုံရသည္။ ထိုအစား ရွန့္ခ်န္ခုန္းရဲ႕အၾကည့္က ႐ႊီလ်န္ထံ၌သာ ကပ္ညွိေနပါ၏။

"မင္း ေစာင့္ေနတာ ၾကာၿပီလား"

႐ႊီလ်န္က ေဒါက္ျမင့္ဖိနပ္ကို စီးထားေသာ္လည္း ရွန့္ခ်န္ခုန္းႏွင့္ယွဥ္လွ်င္ သူမက ပို၍ပုေနေသးသည္။ သူမ ေျခဖ်ားေထာက္လ်က္ ရွန့္ခ်န္ခုန္း၏လည္ပင္းကို သိုင္းဖက္ကာ သူ႕ႏႈတ္ခမ္းကိုနမ္းလိုက္သည္။

"မၾကာေသးပါဘူး ကြၽန္မ အခုမွေရာက္တာ"

ရွန့္ခ်န္ခုန္း နားေတြနီရဲလာၿပီး ႐ႊီလ်န္ သူ႕ကို နမ္းလိုက္ခ်ိန္မွာေတာ့ လွ်ပ္စီးေၾကာင္းက သူ႕ေနာက္ေက်ာကို ေျပးတက္လာသလို ခံစားလိုက္ရသည္။ သူတို႔ပတ္ဝန္းက်င္ရွိ အျခားလူမ်ားေၾကာင့္ အနည္းငယ္ စိတ္မသက္မသာ ခံစားရေသာ္လည္း ရွန့္ခ်န္ခုန္းက ႐ႊီလ်န္ရဲ႕လုပ္ရပ္ကို မရပ္တန့္ခဲ့။

သူတို႔ေဘးက ေ႐ႊေရာင္ေလးက စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္သည္။

ေ႐ႊေရာင္အလွေလးႏွင့္ ရွန့္ခ်န္ခုန္းတို႔က စကားခဏေျပာၿပီး လက္ျပႏႈတ္ဆက္လိုက္ၾကသည္။ သူမ မထြက္ခြာခင္မွာ ဆံပင္ေ႐ႊေရာင္အမ်ိဳးသမီးက ႐ႊီလ်န္ကို မ်က္လုံးတစ္ဖက္မွိတ္ၿပီး ၿပဳံးျပလိုက္၏။

႐ႊီလ်န္ ရွန့္ခ်န္ခုန္းဘက္သို႔ လွည့္မသြားခင္ ထိုအမ်ိဳးသမီး ျမင္ကြင္းထဲမွ ေပ်ာက္သြားသည္အထိ ေစာင့္ဆိုင္းခဲ့သည္။

"သြားရေအာင္ ကြၽန္မကားက ကားပါကင္မွာ"

"အင္း"

ရွန့္ခ်န္ခုန္းက ၿပဳံးၿပီး ႏွစ္ေယာက္သား ကားဆီသို႔ ေလွ်ာက္သြားၾကသည္။

႐ႊီလ်န္က ကားထဲသို႔ အရင္ဝင္သြားၿပီး ရွန့္ခ်န္ခုန္းက သူ၏ခရီးေဆာင္အိတ္ကို ကားေနာက္ခန္းထဲတြင္ ထည့္ၿပီးေနာက္ သူမေနာက္မွ လိုက္သြားခဲ့သည္။ ႐ႊီလ်န္ သူမ၏လက္မ်ားကို စတီယာရင္ဘီးေပၚတင္ၿပီး သူမ ပါးစပ္မဟခင္ ရွန့္ခ်န္ခုန္းက သူ႕ထိုင္ခုံခါးပတ္ ပတ္ေနသည္ကို ေစာင့္ၾကည့္ေနသည္။

"အခုေခတ္မွာ အရမ္းလွတဲ့ ဆံပင္ေ႐ႊေရာင္ အမ်ိဳးသမီးတစ္ေယာက္က ရွင့္ေဘးနားမွာရွိေနေတာ့ ရွင့္အတြက္ အရမ္းေကာင္းပါတယ္"

ရွန့္ခ်န္ခုန္းက ႐ႊီလ်န္ ဤအေၾကာင္းေျပာမည္ကို သိၿပီးသားျဖစ္ရာ တစ္ခ်ိန္တည္းမွာပင္ ရယ္စရာေကာင္းၿပီး ေခါင္းေျခာက္စရာ အေျခအေနမ်ားကို ေတြ႕ခဲ့ရသည္။

"သူမက ကိုယ့္အတန္းေဖာ္ပါ"

"အိုး.. ဒီေလာက္လွတဲ့အမ်ိဳးသမီးကို အတန္းေဖာ္တစ္ေယာက္အေနနဲ႕ ဘယ္လိုခံစားရလဲ"

ရွန့္ခ်န္ခုန္း သူမကို ျပန္မေျဖဘဲ သူ႕ဘာသာ ေမးခြန္းတစ္ခု ေမးမိ၏။

"သူမက လွတယ္လို႔ ထင္တာလား"

"မဟုတ္ဘူးလား?"

ဆံပင္ေ႐ႊေရာင္၏ ရင့္က်က္ေသာအသြင္အျပင္ႏွင့္ ကိုယ္လုံးကိုယ္ေပါက္လွေသာ ခႏၶာကိုယ္ျဖင့္ အမ်ိဳးသမီးျဖစ္သူ ႐ႊီလ်န္ကေတာင္ သူမ၏အလွကို သေဘာက်နိဳင္သည္။

"မင္းက သူမထက္ ပိုလွတယ္လို႔ ကိုယ္ထင္တယ္"

႐ႊီလ်န္ သူ႕ကို ခဏေလာက္ စိုက္ၾကည့္ၿပီးေနာက္ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ ကားစေမာင္းေတာ့သည္။

"နိုင္ငံျခားမွာေက်ာင္းတက္ရတာ တန္တယ္လို႔ ကြၽန္မထင္တယ္.. ပေရာပရည္လုပ္တဲ့ ဘာသာရပ္မွာ ရွင္ တိုးတတ္လာၿပီ"

"မဟုတ္ပါဘူး ဒီစကားေတြက ကိုယ့္ခံစားခ်က္အစစ္အမွန္ပါ"

ရွန့္ခ်န္ခုန္းက သူမကို မ်က္ႏွာတည့္တည့္ၾကည့္ၿပီး ေျပာသည္။

႐ႊီလ်န္ ၿပဳံးၿပီး ေလဆိပ္မွ ကားေမာင္းထြက္သြားသည္။ သူ႕ေရွ႕က တျဖည္းျဖည္း က်ယ္ျပန႔္လာတဲ့ ရႈခင္းေတြကို ၾကည့္ေနရင္း ရွန့္ခ်န္ခုန္း ႐ႊီလ်န္ကို ေမးလာ၏။

"ရွန့္ႏြမ္ ဒီေန႕ မလာဘူးလား"

"သူမက လာခ်င္တယ္ ဒါေပမဲ့ သူမဘြဲ႕ႀကိဳမၿပီးခင္ ႏွစ္လအလိုမွာ ရွင္က ရွင့္ရဲ႕ပါရဂူဘြဲ႕ ရခဲ့တာကို သတိရသြားေတာ့ မလာဖို႔ ဆုံးျဖတ္လိုက္တာ"

ရွန့္ခ်န္ခုန္း ရယ္ေမာလိုက္မိ၏။

"တကယ္လို႔ ကိုယ္သိခဲ့ရင္ ဇူလိုင္လ ဘြဲ႕ႏွင္းသဘင္အခမ္းအနားမွာ ကိုယ့္ကို ထည့္ေပးဖို႔ ကိုယ့္ရဲ႕ပညာေရးအႀကံေပးကို ေျပာခဲ့မွာပါ"

သူက ႐ႊီလ်န္ကို ၿပဳံးျပၿပီး ေမးျပန္သည္။

"ကိုယ္ သူမနဲ႕ ေနာက္ဆုံးဗီဒီယိုေကာလ္ေျပာတုန္းက သူမေျပာတာ လက္ေတြ႕လုပ္ေနၿပီတဲ့ ဘယ္လိုေနလဲ"

"မဆိုးပါဘူး ဒါေပမဲ့ မူလတန္းေက်ာင္းသားေလးေတြက မၾကာခဏ ဆိုးသြမ္းေနတာဆိုေတာ့ သူတို႔ကို စနစ္တက် စီမံခန႔္ခြဲဖို႔ သူမ အခက္ေတြ႕ေနရတယ္"

ရွန့္ခ်န္ခုန္း ရယ္လိုက္သည္။

"သူမ ငယ္ငယ္ေလးတုန္းကလဲ မၾကာခဏ ဆိုးသြမ္းခဲ့တာပဲ.. အခု မူလတန္းျပဆရာမတစ္ေယာက္အေနနဲ႕ သူမ ေနာင္တရရမဲ့အခ်ိန္ေရာက္ၿပီ"

"အစ္ကိုႀကီးတစ္ေယာက္ ေျပာရမဲ့အရာလား"

"မင္းေရာ? ဘာေတြလုပ္ေနလဲ"

႐ႊီလ်န္ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ၿပီး

"ရွင္ ဘယ္လိုလုပ္ မသိနိုင္တာလဲ? ကြၽန္မတို႔ ေန႕တိုင္းနီးပါး ဗီဒီယိုေကာလ္ ေျပာေနတဲ့ဟာကို.. တကယ္တမ္းေျပာရရင္ အခ်ိန္အတိုင္းအတာတစ္ခုအတြင္း ခရီးေဝးေခၚဆိုမႈအမ်ားစုအတြက္ ဂင္းနစ္ကမာၻ႔စံခ်ိန္ကို ကြၽန္မတို႔ ခ်ိဳးဖ်က္လိုက္ၿပီလို႔ ထင္တယ္"

"ကိုယ္တို႔ ေန႕တိုင္း ဗီဒီယိုေကာလ္ မေျပာပါဘူး.. ကိုယ္တို႔ တစ္ပတ္မွာ ေလးခါေလာက္ပဲေျပာတာပါ အဲ့လိုဆိုရင္ေတာင္မွ ကိုယ့္ရဲ႕တင္းက်ပ္တဲ့အခ်ိန္ဇယားေၾကာင့္ ဖုန္းေကာလ္တိုင္းက ၾကာသင့္သေလာက္ မၾကာပါဘူး"

"ဟုတ္ပါၿပီ ရွင္ မွတ္​ဉာဏ္​​ေကာင္း​တာ ကြၽန္မသိပါၿပီ"

ရွန့္ခ်န္ခုန္း သူမဘက္သို႔ လွည့္လိုက္ၿပီး ဆက္လက္ေမး၏။

"မင္း လတ္တေလာ ဘယ္လိုေနေသးလဲ"

"အရမ္းေကာင္းတယ္"

"ဒါေပမဲ့ ကိုယ္ေတာ့ မေကာင္းဘူး.. ကိုယ္ မင္းကို အရမ္းလြမ္းေနတာ"

"......."

႐ႊီလ်န္ မိနစ္အနည္းငယ္ေလာက္ တိတ္ဆိတ္စြာ ေမာင္းႏွင္လာၿပီး

"ရွင္ နိုင္ငံျခားကို ေလယာဥ္ေတြအေၾကာင္း သြားေလ့လာတာမဟုတ္ဘဲ အခ်စ္နည္းလမ္းေတြအေၾကာင္း သြားေလ့လာတာလားလို႔ ကြၽန္မ စဥ္းစားေနတာ"

ရွန့္ခ်န္ခုန္း တိုးတိုးေလး ရယ္ေမာရင္း သူ႕ရင္ဘတ္က အနည္းငယ္ လႈပ္ခါသြားသည္။

"မင္းသိလား.. နိုင္ငံျခားမွာ ေယာက္်ားေတြက ကိုယ္တို႔တိုင္းျပည္က အမ်ိဳးသားေတြနဲ႕ယွဥ္ရင္ ရိုမန္တစ္ဆန္တဲ့ စကားလုံးေတြ အမ်ားႀကီးေျပာတတ္ၾကတယ္.. အထူးသျဖင့္ ကိုယ့္ရဲ႕အီတလီအခန္းေဖာ္ သူနဲ႕အတူေနေနရတာက ကိုယ့္ကို အမ်ားႀကီး သင္ေပးခဲ့တယ္လို႔ ထင္တာပဲ"

"အိုး.. ဒါဆို ကြၽန္မ ေစာင့္ၿပီး ကိုယ္တိုင္ခံစားၾကည့္မယ္"

ေနာက္ဆုံးေတာ့ သူတို႔အိမ္ရာသို႔ ေရာက္ရွိလာၿပီး ကားကို ေျမေအာက္ကားပါကင္တြင္ ရပ္ထားခဲ့သည္။ ရွန့္ခ်န္ခုန္းက သူ၏ခရီးေဆာင္အိတ္ကို ေကာက္ယူလိုက္ၿပီး ႏွစ္ေယာက္သား ႐ႊီလ်န္၏အိမ္သို႔ တိုက္ရိုက္သြားၾကသည္။ ရွန့္ခ်န္ခုန္း အိမ္မျပန္မီ တစ္လအလိုတြင္ ရွန့္ႏြမ္က သူမ၏ပစၥည္းမ်ားကို ႐ႊီလ်န္၏အိမ္မွ သူမအေမအိမ္သို႔ ျပတ္ျပတ္သားသား ေျပာင္းေ႐ႊ႕သြားခဲ့၏။ သူမက သူမအစ္ကိုႀကီးေတာင္ ပြင့္ပြင့္လင္းလင္း ေျပာခဲ့ပါေသးသည္ - သူ ျပန္လာတဲ့အခ်ိန္က်ရင္ ႐ြီလ်န္ႏွင့္အတူ ေျပာင္းေနနိုင္ၿပီဟူ၍။

ရွန့္ႏြမ္က ဒီႏွစ္ေတြတစ္ေလွ်ာက္ သူမအေမျဖစ္သူထံ မေျပာင္းလာတဲ့အေၾကာင္းအရင္းကေတာ့ ရွန့္ခ်န္ခုန္းက ရံဖန္ရံခါမွ်သာ ျပန္လာတတ္ၿပီး သူ႕ပစၥည္းေတြက သူ႕အခန္းထဲမွာ ရွိေနတုန္းပဲ။ ထို႔အျပင္ ႐ႊီလ်န္ကလည္း စိတ္ထဲမထားေသာေၾကာင့္ ရွန့္ႏြမ္အေနႏွင့္ ေျပာင္းေ႐ႊ႕ဖို႔ကို အေလာတႀကီး ျဖစ္မေန။

ယခုတြင္ ရွန့္ႏြမ္က သူမအစ္ကိုႀကီး၏အသက္ကို တြက္ခ်က္ၿပီး ယခုႏွစ္တြင္ ၂၉ ႏွစ္ျဖစ္မည္ကို သေဘာေပါက္သည္။ သူက အ႐ြယ္ေရာက္ေနၿပီးသား သူ ႐ႊီလ်န္က်ဲနဲ႕ပဲ ေနပါေစေတာ့! ဘာပဲျဖစ္ျဖစ္ သူ ျပန္ေရာက္လာတာနဲ႕ လက္ထပ္ခြင့္ေတာင္းဖို႔ စီစဥ္ေနမွန္း သူမ သိထားၿပီးသား။

႐ႊီလ်န္က ရွန့္ခ်န္ခုန္း၏ခရီးေဆာင္အိတ္မ်ားကို သူမအေနာက္က တံခါးမပိတ္ခင္ ကူသယ္ေပးသည္။ သူမဧည့္ခန္းထဲတြင္ ရပ္ေနေသာ ရွန့္ခ်န္ခုန္းကိုၾကည့္ရင္း ေမးလိုက္၏။

"ရွင္ ဘယ္အခန္းမွာအိပ္ခ်င္လဲ? မာစတာအိပ္ခန္းလား ဧည့္သည္ခန္းလား"

"အဟြတ္"

ရွန့္ခ်န္ခုန္းသည္ လူႀကီးလူေကာင္းျဖစ္စဥ္အခ်ိန္ကတည္းက သူ႕ပါးစပ္ကို သူ႕လက္ေနာက္ကြယ္တြင္ ဝွက္ထားခဲ့သည္။

"ကိုယ္ မင္းေဘးမွာ အိပ္ခ်င္တယ္"

"အိုး"

႐ႊီလ်န္က ဧည့္သည္ခန္းတံခါးကိုဖြင့္လိုက္ၿပီး

"ရွန့္ႏြမ္က ရွင့္ရဲ႕ပစၥည္းတခ်ိဳ႕ကို ယူလာေပးထားတယ္ ရွင့္ဘာသာပဲ ေနရာခ်လိဳက္ေတာ့"

"အိုေက"

"ဒါနဲ႕ အန္တီဝမ္းက ဒီည ကြၽန္မတို႔ကို သူမနဲ႕ညစာအတူစားေစခ်င္တယ္လို႔ ေျပာတယ္.. ညစာစားခ်ိန္နီးေနၿပီမလို႔ ရွင့္ကိုယ္ရွင္ လန္းဆန္းေအာင္လုပ္လိုက္အုံး ၿပီးရင္ ကြၽန္မတို႔ သြားၾကမယ္"

"အင္း"

ရွန့္ခ်န္ခုန္း သူတို႔အတြက္ သူဝယ္လာေပးခဲ့ေသာ လက္ေဆာင္မ်ားကို ထုတ္ယူကာ ေနာက္မွ စနစ္တက် ထုပ္ပိုးရန္ ဆုံးျဖတ္လိုက္သည္။

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းက သူမအတြက္ အထုပ္တစ္ထုပ္ ယူလာသည္ကို သတိျပဳမိၿပီး ၎ကို လက္လွမ္းမမီနိုင္ေပ။ ႐ႊီလ်န္က လက္ေဆာင္ကို ဖြင့္ေဖာက္ေနစဥ္ ရွန့္ခ်န္ခုန္းက သူမေဘးတြင္ ဝင္ထိုင္လိုက္သည္။ ခဏၾကာေတာ့ ရွန့္ခ်န္ခုန္းက ေခ်ာင္းဟန့္၍ အစပ်ိဳးလာ၏။

"ေျပာစရာ....."

"ဟမ္?"

"အင္း.. မနက္ျဖန္ ကိုယ့္အလုပ္ခြင္ကို သတင္းပို႔ရမယ္ ဒါေပမဲ့ အဲဒါၿပီးရင္ေတာ့ တစ္ပတ္ေလာက္ အားလပ္ရက္ရေသးတယ္၊ မင္း အျပင္... အျပင္ထြက္ၿပီး အတူတူေလွ်ာက္သြားခ်င္လား"

"အျပင္ထြက္ၿပီးေလွ်ာက္သြားမယ္?"

႐ႊီလ်န္၏လက္မ်ား ရပ္တန႔္သြားၿပီး သူမ သူ႕ကို လွည့္ၾကည့္လိုက္သည္။

"ကြၽန္မတို႔ ဘယ္သြားမလို႔လဲ"

"နိုင္ငံအႏွံ႕ေပါ့"

႐ႊီလ်န္ ခဏေလာက္စဥ္းစားၿပီးမွ ျပန္ေျဖ၏။

"ဒါဆို ကြၽန္မ အဆင္ေျပပါတယ္ ဒါေပမဲ့ ရွင္ ခဏေလာက္ အနားမယူခ်င္ဘူးလား"

"မလိုပါဘူး ကိုယ့္မွာ အားလပ္ရက္က တစ္ပတ္ပဲရွိတာ ကိုယ္ မျဖဳန္းသင့္ဘူး ထင္တယ္၊ ကိုယ္တို႔... ေလထီးခုန္ၾကမလား(skydiving)"

"အဟြတ္ အဟြတ္"

႐ႊီလ်န္ သူ႕အႀကံျပဳခ်က္၌ဝယ္ သိသိသာသာ အသက္ရႈသြင္းလိုက္ရၿပီး တံေတြးသီးသြားရ၏။

"ရွင္ ေလထီးခုန္ခ်င္တယ္လို႔ ေျပာတာလား?"

စိတ္လႈပ္ရွားစရာ တစ္ခုခုလား?

ရွန့္ခ်န္ခုန္းက ေခါင္းညိတ္လိုက္သည္။

"ကိုယ္ နိုင္ငံျခားမွာရွိစဥ္တုန္းက ေလထီးခုန္လက္မွတ္ရခဲ့တယ္"

"ေလထီးခုန္လက္မွတ္လား? ရွင္ ကြၽန္မကို ဘာလို႔မေျပာတာလဲ"

"ကိုယ္ မင္းကို အံ့ၾသေစခ်င္လို႔ တမင္တကာ မေျပာဘဲေနတာ"

႐ႊီလ်န္ မ်က္ေမွာင္ၾကဳတ္လိုက္၏။

"ဒါေပမဲ့ ကြၽန္မမွာ မရွိဘူးေလ"

"ကိစၥမရွိပါဘူး မင္း နည္းျပတစ္ေယာက္နဲ႕အတူ ခုန္လို႔ရတယ္.. မင္းက ရိုးရွင္းတဲ့ေလ့က်င့္​မႈ​ေလး​ေတြ လုပ္​​ေဆာင္​ဖို႔ပဲလိုတယ္"

႐ႊီလ်န္ ေခါင္းညိတ္လိုက္သည္။

"ဒါဆို ဒီလိုလုပ္လို႔ရတယ္ဆိုရင္ ရွင္ ဘာလို႔ လက္မွတ္လုပ္ထားေသးတာလဲ"

"ဘာလို႔လဲဆို​ေတာ့ ကိုယ္ မင္းကို ေလစတန့္နည္းနည္း လုပ္ျပခ်င္လို႔"

႐ႊီလ်န္ : "........"

ေက်းဇူးတင္မယ္ ထင္ေနတာလား?
  
"အိုေက ကိုယ္တို႔ ေလထီးခုန္ၾကမွာလား"

႐ႊီလ်န္က အလြန္စိတ္လႈပ္ရွားစရာေကာင္းေသာ အႀကံကို ေတြရွိသြားေသာေၾကာင့္ သူမသေဘာတူခဲ့သည္။

"ေကာင္းၿပီေလ ကြၽန္မတို႔ ဘာေတြျပင္ထားရမွာလဲ"

ရွန့္ခ်န္ခုန္းမွာ အလိုလို သူ႕ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကာ့တက္သြားၿပီး ႐ႊီလ်န္ေခါင္းကို ပြတ္ေပးရန္ လက္ျမႇောက္လိုက္ပါ၏။

"ကိုယ့္တာဝန္ထားလိုက္"

ရွန့္ခ်န္ခုန္းက တ႐ုတ္နိုင္ငံရွိ အေကာင္းဆုံး skydiving ကလပ္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ေနာက္တစ္ေန႕တြင္ ႐ႊီလ်န္အား ကြင္းသို႔ ေခၚေဆာင္သြားခဲ့သည္။ ရွန့္ခ်န္ခုန္း၏ေလထီးခုန္အသိအမွတ္ျပဳလက္မွတ္သည္ ကမာၻတစ္ဝွမ္းလုံးတြင္ လြတ္လြတ္လပ္လပ္ ေလထီးခုန္နိုင္ေစေသာေၾကာင့္ သူ႕အတြက္ အတားအဆီးမရွိေပ။

ဤသည္မွာ ေလထီးခုန္ျခင္းတြင္ ႐ႊီလ်န္၏ပထမဆုံး အေတြ႕အႀကဳံျဖစ္ေသာေၾကာင့္ သူမတစ္ေယာက္တည္း ခုန္မခ်နိဳင္ဘဲ နည္းျပက သယ္ေဆာင္သြားရမည္ျဖစ္သည္။ Skydiving သင္တန္းပို႔ခ်သဴမ်ားဟာ အဆိုပါနယ္ပယ္တြင္ ကြၽမ္းက်င္ၿပီး အေတြ႕အႀကဳံမ်ားစြာရွိေသာေၾကာင့္ ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔ ႏွစ္ဦးစလုံးသည္ ၎တို႔၏ပေရာ္ဖက္ရွင္နယ္နည္းျပအေပၚ ယုံၾကည္မႈအျပည့္ရွိၾကသည္။

႐ႊီလ်န္က ရိုးရွင္းတဲ့ေလ့က်င့္မႈအခ်ိဳ႕ကို ျဖတ္ေက်ာ္ဖို႔ လိုအပ္ေနေသးၿပီး သူတို႔ႏွစ္ဦးစလုံး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ရ၏။
  
႐ႊီလ်န္ဟာ ငယ္စဥ္ကေလးဘဝကတည္းက အၿမဲလိုလို လိုက္ေလ်ာညီေထြမရွိေသာ လူမ်ိဳးျဖစ္ၿပီး မည္သည့္အရာကိုမွ် မေၾကာက္ခဲ့ေပ။ ဒါေၾကာင့္ ရွန့္ခ်န္ခုန္းႏွင့္အတူ ေလထီးခုန္ရန္ ပထမဆုံး သေဘာတူလိုက္တုန္းကေတာ့ သူမဟာ အေတာ္ေလးကို တည္ၿငိမ္ေနခဲ့ပါသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူတို႔က အထူးေလယာဥ္ေပၚ ေရာက္ေနသျဖင့္ သူမ အနည္းငယ္ တုန္လႈပ္သြားသလို ခံစားလိုက္ရ၏။

ရွန့္ခ်န္ခုန္းက သူမေဘးတြင္ ထိုင္ေနသည္။ သူမ စိတ္လႈပ္ရွားေနတာကိုျမင္ေတာ့ သူမလက္ေလးကို ကိုင္လ်က္ ေႏြးေထြးမႈအျပည့္ ေလသံေလးျဖင့္ ႏွစ္သိမ့္ေပးေန၏။

"အဆင္ေျပပါတယ္ ကိုယ္ ေလထီးခုန္တာ အႀကိမ္အမ်ားႀကီးရွိေနၿပီ.. မင္းေလထဲေရာက္တာနဲ႕ ေၾကာက္ေတာ့မွာမဟုတ္ဘူး အေတြ႕အႀကဳံကို ခံစားလိုက္ပါ"

႐ႊီလ်န္ ေခါင္းညိတ္လိုက္သည္။

"အင္း"

႐ႊီလ်န္ကိုတာဝန္ယူတဲ့ အမ်ိဳးသမီးနည္းျပက သူမေဘးနားတြင္ ထိုင္ေနသည္။ အစပိုင္းတြင္ ေၾကာက္႐ြံ႕ေနၾကသည့္ ကာစတန္မာမ်ားစြာကို သူမျမင္ဖူးေသာေၾကာင့္ သူတို႔ကို စိတ္တည္ၿငိမ္ေအာင္ျပဳလုပ္နည္းကို သူမ အနည္းႏွင့္အမ်ားေတာ့ သိပါ၏။ အမ်ိဳးသမီးနည္းျပက ႐ႊီလ်န္ကို ေျပာသည္။

"စိတ္ေလွ်ာ့ထားပါ ကြၽန္မ ဒီနယ္ပယ္မွာရွိေနတာ ႏွစ္အေတာ္ၾကာေနၿပီ.. ကြၽန္မကိုယုံလိုက္ပါ ရွင့္မွာ မေမ့နိုင္တဲ့ အခိုက္အတန႔္တစ္ခု ရွိသြားလိမ့္မယ္"
  
သူတို႔ အျမင့္ေပသို႔ ေရာက္ရွိသြားေသာအခါ အခန္းတြင္းရွိ မီးနီမ်ား လင္းထိန္သြားကာ ခုန္ဆင္းနိုင္ေၾကာင္း ၫႊန္ျပေနေလသည္။ အမ်ိဳးသမီးနည္းျပက လူတိုင္း၏ပစၥည္းမ်ားကို ထပ္မံစစ္ေဆးၿပီးေနာက္ ႐ႊီလ်န္ႏွင့္အတူ ေလယာဥ္တံခါးဆီသို႔ ေလွ်ာက္သြားခဲ့သည္။

မီတာ 4000 အျမင့္တြင္ အဆုံးမရွိေသာ အျပာေရာင္ေကာင္းကင္ႏွင့္ တိမ္ပင္လယ္ႀကီးကို ျမင္ေတြ႕နိုင္သည္။ ဤလွပေသာရႈခင္းက မည္သူ႕ကိုမဆို စိတ္လႈပ္ရွားေစနိုင္ပါ၏။

ဓာတ္ပုံဆရာသည္ ၎၏ GoPro ကို ႀကိဳးျဖင့္ပတ္ကာ ပထမဦးစြာ ခုန္ခ်ခဲ့သည္။ ထို႔ေနာက္ ႐ႊီလ်န္အေနာက္မွ အမ်ိဳးသမီးနည္းျပက သူမ၏ပခုံးကို သုံးႀကိမ္ပုတ္ကာ ေရွ႕သို႔ခုန္နိုင္ေၾကာင္း ၫႊန္ျပေနသည္။ ေခါင္းညိတ္ျပရင္း ႐ႊီလ်န္ဟာ ေကာင္းကင္ျပာႏွင့္တိမ္ျဖဴမ်ား၏ အတြင္းထဲသို႔ ခုန္ခ်လိဳက္ေတာ့သည္။

တိုက္ခတ္လာေသာေလသည္ သူမ၏ခႏၶာကိုယ္ႏွင့္ စိတ္တို႔ကို ႀကီးႀကီးမားမား သက္ေရာက္မႈရွိခဲ့သည္။ ဒါဟာ လုံးဝအသစ္အဆန္းျဖစ္ၿပီး လႈံ႕ေဆာ္မႈတစ္မ်ိဳးပါပဲ ၊ အရမ္းစိတ္လႈပ္ရွားစရာေကာင္းတယ္။

မၾကာခင္မွာပဲ ရွန့္ခ်န္ခ်န္းက ခုန္ဆင္းသြား၏။ ဓာတ္ပုံဆရာက ျဖစ္စဥ္တစ္ခုလုံးကို ဖမ္းယူနိုင္ေစရန္ သူ႕ကိုယ္သူႏွင့္ ကင္မရာကို ေနရာခ်ထားသည္။

ဗီဒီယိုရိုက္ကူးျခင္းမွာ အပိုေဆာင္းျဖစ္ၿပီး အလြန္ေစ်းႀကီးေသာေၾကာင့္ ႐ႊီလ်န္အေနႏွင့္ ကင္မရာကို ပို႔စ္ေပးရန္အတြက္ မိနစ္တိုင္းကို ဆုပ္ကိုင္ထားျခင္းျဖင့္ ၎ကို အေကာင္းဆုံးရယူရန္ ႀကိဳးစားခဲ့သည္။ ရွန့္ခ်န္ခုန္းက ႐ႊီလ်န္ႏွင့္ သိပ္မေဝးလွဘဲ သူမအတြက္ 'ေလစတန႔္' ဟုေခၚေသာ ေလစတန႔္မ်ားကို အမွန္တကယ္ ျပဳလုပ္ေပးသည္ကို သူမ ေစာင့္ၾကည့္ေနခဲ့သည္။

ကေလးေတြ ဂြၽမ္းဘားလုပ္သလိုမ်ိဳး သူ႕လက္ေတြ ေျခေထာက္ေတြကို ျမႇောက္လိုက္သည္။ ႐ႊီလ်န္မွာ ရွန့္ခ်န္ခုန္းလုပ္ေနသည္မ်ားကို နားလည္ရန္ သူမ၏ေပါင္းစပ္နိုင္ေသာ အခ်ိတ္အဆတ္ ကြၽမ္းက်င္မႈကို အသုံးျပဳခဲ့ရ၏။

ရွန့္ခ်န္ခုန္းက သူ႕ခႏၶာကိုယ္ႏွင့္ အဂၤလိပ္စာလုံးမ်ား ေရးသားေနခဲ့ျခင္း...

M, A, R, R, Y, M, E.

Marry me.

႐ႊီလ်န္ဦးေႏွာက္ထဲ ဗလာသက္သက္ျဖစ္သြားရသည္။ အခ်ိန္ခဏေလာက္ သူမက တစ္နာရီလွ်င္ မိုင္ ၁၂၀ ႏႈန္းျဖင့္ ေလထဲတြင္ ေလထီးခုန္ေနျခင္းကိုေတာင္ ေမ့ေလ်ာ့သြားခဲ့သည္။

ေနာက္ဆုံးတြင္ ႐ႊီလ်န္၏စိတ္ထဲ၌ တုံ႕ဆိုင္းသြားရာမွ ျပန္လည္အသက္ဝင္လာခဲ့၏။ ရွန့္ခ်န္ခုန္းက အနီးနားတြင္ ရွိေနၿပီး သူမကို ၾကည့္ေနသည္။ သူ႕သ႐ုပ္ေဖာ္ျပခ်က္ကို သူမ နားမလည္မွာကို ေၾကာက္႐ြံ႕ေနသည့္အလား သူက စကားလုံးေတြကို အႀကိမ္ေပါင္းမ်ားစြာ ေရ႐ြတ္ေနခဲ့ပါသည္။

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းက သူမအား သူ႕ကိုလက္ထပ္ဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုေနတာကို ၾကည့္ေနခဲ့၏။ ေနာက္ဆုံးတြင္ သူမ ၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ သူ႕အား အသည္းပုံတစ္ခု ေပးလိုက္ပါသည္။

 

_______________________

စာေရးသူမွာေျပာစရာရွိပါတယ္ ;

အရင္တစ္ေခါက္က ငါ ပင္လယ္နားမွာ ခ်စ္ေရးဆိုခဲ့တယ္ .. ဒီတစ္ခါေတာ့ ငါ ေကာင္းကင္ယံမွာ လက္ထပ္ခြင့္ေတာင္းခဲ့တယ္ ေနာက္တစ္ခါဆိုရင္ ငါ အာကာသထဲမွာပဲ လက္ထပ္ခြင့္ေတာင္းနိုင္ေတာ့မယ္။

*****

Continue Reading

You'll Also Like

850K 8.4K 68
๐ข๐ง๐œ๐ฅ๐ฎ๐๐ž๐ฌ ๐š๐ฅ๐ฅ ๐จ๐Ÿ ๐ญ๐ก๐ž ๐›๐จ๐ฒ๐ฌ โœฆ . ใ€€โบ ใ€€ . โœฆ . ใ€€โบ ใ€€ . โœฆ don't forget to vote, share and comment. ๐Ÿค
563K 19.2K 144
Read and find out...
248K 1.9K 18
๐Ÿ”ž Bottom Jisoo. ๐Ÿ”ž G!p Rosรฉ. -Converted stories. -Credit goes to all amazing authors out there.