Zawgyi
ဒီအတန္းက ဂ်ဴနီယာေက်ာင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေမွာ္ေခါင္းေလာင္းကို စမ္းသပ္ၿပီးေနာက္မွာေတာ့ ဒန္နာရီအလွည့္ကိုေရာက္လာေတာ့သည္၊ဒန္နာရီက ေနာက္ဆုံးမွ ယွဥ္ၿပိဳင္ဖို႔စိတ္ကူးမရွိေပမယ့္ အလိုလိုေနာက္ဆုံးျဖစ္သြားခဲ့ၿပီး လူတိုင္းရဲ႕အၾကည့္က ဒန္နာရီေပၚေရာက္လာေတာ့သည္၊
ေရွ႕မွာ သူမတူေအာင္ျပသခဲ့တဲ့ပါရမီေတြေၾကာင့္ ေမွာ္ေခါင္းေလာင္းရဲ႕စမ္းသပ္မႈမွာလည္း ဘယ္လိုရလဒ္မ်ိဳးထြက္လာမလဲ၊လူတိုင္းက စိတ္ဝင္စားေနေတာ့သည္၊
ဒန္နာရီက ေမွာ္ေခါင္းေလာင္းရွိရာကို သြားရင္း ရပ္လိုက္ၿပီး ေမွာ္ေခါင္းေလာင္းကိုၾကည့္လိုက္သည္၊ေမွာ္ေခါင္းေလာင္းရဲ႕ ပတ္လည္မွာ ေ႐ႊေရာင္တိုင္ေလးတိုင္ရွိၿပီး ႀကီးမားတဲ့ေ႐ႊတုတ္တိုင္ႀကီးမွာ လက္ရာေျမာက္စြာထုထြင္းထားတဲ့ေ႐ႊေရာင္ေခါင္းေလာင္းႀကီးက တည္ရွိေနၿပီး ေ႐ႊေရာင္ႀကိဳးတစ္ႀကိဳးက အလယ္ကေန သူတို႔မွီတဲ့အျမင့္နားထိ အရွည္ရွိသည္၊
ေမွာ္ေခါင္းေလာင္းရဲ႕ဝန္းက်င္မွာ တစ္ေပေလာက္ရွိတဲ့သားရဲ႐ုပ္ထုႀကီးဆယ္ခုဝန္းရံေနၿပီး ႐ုပ္ထုတစ္ခုစီတိုင္းက အသက္ဝင္လွသည္၊ဒါက ေက်ာင္းေတာ္ရဲ႕အေစာင့္အေရွာက္သားရဲဆယ္ေကာင္ကို ကိုယ္စားျပဳထားျခင္းျဖစ္သည္၊
ဒန္နာရီက အရွိန္အဝါနဲ႕လင္းလက္ေတာက္ပေနတဲ့ေမွာ္ေခါင္းေလာင္းအနီးကိုေလွ်ာက္ရင္း ႀကိဳးကိုလွမ္းယူလိုက္ခ်ိန္မွာ လက္ကေနတစ္ဆင့္ ခႏၶာကိုယ္ေပၚ ျပင္းထန္တဲ့အရွိန္အဝါက်ဆင္းလာေတာ့သည္၊
ဒန္နာရီက ျပန္လည္ခုခံျခင္းမရွိပဲ ေမွာ္စြမ္းအားေတြကိုလက္ခံလိုက္ၿပီးေနာက္မွာ စိတ္က ေပါ့ပါးသြားသလိုခံစားလိုက္ရသည္၊ေမွာ္ေခါင္းေလာင္းက စီးဆင္းလာတဲ့ေမွာ္စြမ္းအားေတြကို ျပန္ခုခံရင္ေတာ့ ဘာအက်ိဳးမွရွိမွာမဟုတ္ဘူး၊ဒန္နာရီက အျခားသူေတြအျမင္မွာေတာ့ အသက္ဆယ့္ေလးႏွစ္အ႐ြယ္လူငယ္ေလးသာျဖစ္ေသာ္လည္း အရင္ဘဝက ရွင္သန္ျခင္းနဲ႕ေသဆုံးျခင္းၾကားကေန အႀကိမ္ႀကိမ္အခါခါလြတ္ေျမာက္ရွင္သန္လာတဲ့သူျဖစ္သည္၊လူတစ္ေယာက္အေပၚ အႂကြင္းမဲ့ယုံၾကည္ၿပီး မ်က္ကန္းတေစၱျဖစ္ခဲ့လို႔ အသက္ဆုံးရႈံးခဲ့ရျခင္းသာျဖစ္သည္၊
ဒန္နာရီရဲ႕ကိုယ္ထဲရွိ ေမွာ္မ်ားဟာ ပိုမိုသန့္စင္လာၿပီး သန္မာလာသလိုခံစားရသည္၊ဒန္နာရီဟာ ေခါင္းေလာင္းႀကိဳးကို ဆြဲကာ တီးလိုက္ေတာ့သည္၊
*ေဒါင္*
က်ယ္ေလာင္တဲ့ေခါင္းေလာင္းသံထြက္လာခ်ိန္မွာ လူတိုင္းက ေရွ႕ကလူေတြနဲ႕မတူ ထူးျခားတဲ့ခံစားခ်က္ကိုရရွိလိုက္သည္၊
"သန့္စင္လိုက္တဲ့ေမွာ္စြမ္းအား..." အဘိုးအိုတစ္ဦးက အံ့အားသင့္စြာေျပာလာေတာ့သည္၊သူအံ့အားသင့္တာလည္း မေျပာနဲ႕ေလ၊တစ္ဖက္ကသူက အသက္ဆယ့္ေလးႏွစ္အ႐ြယ္သာရွိေသးၿပီး အလြန္သန့္စင္တဲ့ေမွာ္စြမ္အားကို ပိုင္ဆိုင္ထားေသးသည္၊သူရွင္သန္ေနတဲ့သက္တမ္းတစ္ရာေက်ာ္က တကယ္ရွက္စရာေပ၊
"ပထမႏွစ္ရဲ႕အထူးခြၽန္ဆုံးေက်ာင္းသားသစ္လို႔မေျပာရဘူး...ပထမတီးခ်က္မွာတင္ ႐ုပ္ထုႏွစ္ခုကို နိုးထလာနိုင္ေအာင္ စြမ္းေဆာင္နိုင္တာပဲ" ဆရာလ်ဴးဝစ္စကားကိုၾကားသြားတဲ့သူေတြက ေမွာ္ေခါင္းေလာင္းရဲ႕ထိပ္ကိုၾကည့္လိုက္ခ်ိန္မွာ သခင္က်ားျဖဴနဲ႕သိမ္းငွက္႐ုပ္ထုက အလင္းေရာင္ေတာက္ပေနေတာ့သည္၊
ဒန္နာရီက ႀကိဳးကို ေနာက္တစ္ႀကိမ္လြဲလိုက္ၿပီး တီးခတ္လိုက္ျပန္သည္၊ထိုအခ်က္နဲ႕မရပ္တန့္သြားပဲ ဒန္နာရီဟာ ေနာက္ထပ္သုံးခ်က္ကို ဆက္တိုက္တီးခတ္လိုက္သည္၊
"ဒ႑ာရီအဆင့္ထိကို မရပ္မနားပဲ တီးခတ္သြားတာပဲ"
"ေၾကာက္စရာေကာင္းၿပီး သန့္စင္လွတဲ့ေမွာ္စြမ္းအားေတြပဲ"
"႐ုပ္ထုရွစ္ထု...မဟုတ္ဘူး ႐ုပ္ထုေတြအကုန္လင္းလက္ေတာက္ပလာတာပဲ!"
ေက်ာင္းသားေတြက ေမွာ္ေခါင္းေလာင္းရဲ႕ဝန္းက်င္မွာ အရွိန္အဝါလင္းလက္ေတာက္ပေနတဲ့႐ုပ္ထုေတြကို အံ့အားသင့္စြာၾကည့္ေနမိသည္၊ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားက လက္ရွိျမင္ကြင္းကို ပထမဆုံးႀကဳံဖူးတာေၾကာင့္ မ်က္ေတာင္မခတ္ၾကည့္ေနၾကေတာ့သည္၊
"ဒါက လြန္ခဲ့တဲ့ဆယ့္ငါးႏွစ္တုန္းက ၾကားဖူးတဲ့ကိစၥကို မွတ္မိလား..."
"ဘာကိစၥမ်ားလဲ စီနီယာ"
ပြဲလာၾကည့္တဲ့ထဲမွာ စတုတၳေက်ာင္းသားႏွစ္ရဲ႕ Dတန္းေက်ာင္းသားမ်ားလည္းရွိေနေသးၿပီး စစ္ေျမျပင္ကေန အနားယူထားတဲ့ေက်ာင္းသားႀကီးေတြလည္းရွိသည္၊
"ေဒးလ္ ဂ်ဴဝွက္စ္ ဆိုတဲ့ေက်ာင္းသားအေၾကာင္းကို မင္းတို႔ၾကားဖူးလားမသိဘူး"
"သူ႕ကို စစ္ေျမျပင္မွာေကာ နတ္ဆိုးေတြကေကာ ေပးထားတဲ့နာမည္က 'သတ္ျဖတ္ျခင္းနတ္ဘုရားေဒးလ္' တဲ့
"အဲနာမည္ကို ၾကားဖူးတယ္...၊ နတ္ဆိုးေတြေတာင္ ေၾကာက္ရတဲ့လူသားစစ္သူႀကီးပဲ"
ေဒးလ္ ဂ်ဴဝွက္စ္ဆိုတဲ့နာမည္ကိုၾကားခ်ိန္မွာ ေက်ာင္းသားေတြရဲ႕အမူအရာကေလးစားမႈမ်ားျဖတ္သန္းသြားေတာ့သည္၊
"လြန္ခဲ့တဲ့ဆယ့္ငါးႏွစ္ကလည္း ေဒးလ္ ဂ်ဴဝွက္စ္က ဒီလိုျမင္ကြင္းကို ဖန္တီးေပးခဲ့တယ္...တကယ္လို႔ ဒန္နာရီသာ ေဒးလ္ ဂ်ဴဝွက္စ္လို ေၾကာက္စရာေကာင္းတဲ့ပါရမီရွင္ျဖစ္လာခဲ့ရင္...ရလဒ္က မေတြးရဲစရာပဲ"
ဒန္နာရီက ႐ုပ္ထုေတြကို စိုက္ၾကည့္လိုက္ၿပီးေနာက္မွာ တီးခတ္ရန္ေခါင္းေလာင္းႀကိဳးကို လက္လွမ္းလိုက္သည္၊
ေမွာ္ေခါင္းေလာင္းရဲ႕ဖိအားေတြေအာက္မွာ ေခါင္းေလာင္းတီးခ်က္ေတြက အကန့္အသတ္ရွိတယ္ဆို မျဖစ္နိုင္ေပ၊ဒါေၾကာင့္ ဒန္နာရီက ေမွာ္ေခါင္းေလာင္းရဲ႕မတူညီတဲ့ေမွာ္စြမ္းအားေတြကိုခံယူလိုက္ၿပီးေနာက္မွာ ေခါင္းေလာင္းကိုတီးခတ္လိုက္ေတာ့သည္၊
အျခားေခါင္းေလာင္းသံေတြနဲ႕မတူညီစြာ ဝံ့ႂကြားၿပီး ၾကားရတဲ့သူတိုင္းကို ျပင္းထန္လွတဲ့ဖိအားေပးလွတဲ့ေခါင္းေလာင္းသံေၾကာင့္ နားေတြကို အုပ္လိုက္ရသည္၊အားနည္းလွတဲ့သူေတြကေတာ့ နားထဲကေန ေသြးေတြေတာင္ ယိုစီးလာေတာ့သည္၊ဒါေၾကာင့္ ဆရာဘိုးေဘးေတြက ေမွာ္ေခါင္းေလာင္းနဲ႕ဒန္နာရီရဲ႕ပတ္ဝန္းက်င္ကို ေ႐ႊေရာင္ေမွာ္အကာကြယ္သုံးကာ ကာလိုက္သည္၊
"ဒါက... "
"ဟုတ္တယ္...ေရွးေခတ္ေပလႊာေတြမွာ ေရးထားတဲ့'ၿပီးျပည့္စုံအဆင့္နိုးထလာျခင္း'မလား"
"အေနာက္ဘက္မွာ ေမွာ္ေခါင္းေလာင္းရဲ႕ဝိညာဥ္ေပၚထြက္ေနၿပီး အေစာင့္အေရွာက္သားရဲေတြရဲ႕ျပင္းျပတဲ့စိတ္ဝိညာဥ္အားေတြကိုလည္း ခံစားေနရတယ္...ၿပီးေတာ့ ျပင္းထန္လွတဲ့ေမွာ္ဖိအားက မိုင္တစ္ေသာင္းထိ ျပန့္က်ဲသြားတယ္ဆိုေတာ့..."
"ဟုတ္တယ္ ဒါက 'ၿပီးျပည့္စုံတဲ့အဆင့္'ပဲ"
အဘိုးအိုတစ္ဦးကေတာ့ မ်က္ရည္မ်ားဝဲလာေတာ့သည္၊သူ႕ရဲ႕အိုမင္းေနတဲ့လက္ေတြက တုန္ယင္ေနၿပီး သက္ျပင္းခ်ကာ စိတ္သက္သာရာရေနပုံရသည္၊
"က်မ္းစာေတြမွာ ေဟာၾကားခဲ့တဲ့စာသားတစ္ခ်က္ရွတယ္"
" ေမွာ္ေခါင္းေလာင္းရဲ႕'ၿပီးျပည့္စုံျခင္းအဆင့္'ကို အသိအမွတ္ျပဳခံရတဲ့လူငယ္တစ္ဦးက ကုန္းတိုက္ႀကီးရဲ႕ေမွ်ာ္လင့္ခ်က္တဲ့...ေနာက္ဆုံးေတာ့ ငါတို႔ေစာင့္ေမွ်ာ္ေနတဲ့အခ်ိန္အခါကို ေရာက္လာခဲ့ၿပီ...တကယ္ကို ေရာက္လာခဲ့ၿပီ"
"ဟုတ္တယ္...ေသဆုံးသြားတဲ့ညီအစ္ကိုေတြသာ ဒီျမင္ကြင္းကို ျမင္ခြင့္ရမယ္ဆိုရင္ သူတို႔ဝိညာဥ္ေတြေအးခ်မ္းခြင့္ရမွာေသခ်ာတယ္"
ဆရာဘိုးေဘးေတြရဲ႕စကားေၾကာင့္ ဆရာတိုင္းက ဒန္နာရီကိုေတာက္ပတဲ့မ်က္ဝန္းမ်ားနဲ႕ၾကည့္ေနက်သလို စိုးရိမ္စိတ္လည္းဝင္လာေတာ့သည္၊ဒီလိုပါရမီရွင္တစ္ဦးကို သူတို႔မကိုင္နိုင္မည္ကို စိုးရိမ္လာေတာ့သည္၊သူတို႔သာ နည္းလမ္းမွားခဲ့ရင္ ပါရမီရွင္တစ္ဦးတိမ္ေကာသြားမွာ ေၾကာက္လန့္လာမိသည္၊
ပါရမီနိမ့္လြန္းရင္လည္း မသင္ေပးခ်င္ၾကသလို၊ျမင့္လြန္းရင္လည္း မသင္ေပးရဲၾကေတာ့ေပ၊
ဒန္နာရီက ပတ္ဝန္းက်င္မွာ ဘာျဖစ္ပ်က္မွန္းမသိေသးပဲ ေမွာ္ေခါင္းေလာင္းကေန ထြက္ေပၚလာတဲ့ဝိညာဥ္ေလးကို စိုက္ၾကည့္ေနေတာ့သည္၊ေမွာ္ေခါင္းေလာင္းထဲက ဝိညာဥ္ေလးက ေ႐ႊအိုေရာင္နဂါးေပါက္ေလးျဖစ္ၿပီး ဒန္နာရီပတ္ဝန္းက်င္မွာ ယိမ္းကာပ်ံဝဲေနေတာ့သည္၊အထူးသျဖင့္ ဆရာဇီနိုရွိတဲ့ေမွာ္ေက်ာက္တုံးအနားမွာေပ၊
ဒါေပမယ့္ ဆရာဇီနိုက လုံးဝကို အသံမျပဳပဲ ၿငိမ္သက္တာေနေနၿပီး ေ႐ႊေရာင္နဂါးေလးက မေပ်ာ္မ႐ႊင္ျဖစ္လာၿပီး ေအာ္ဟစ္ငိုေႂကြးလာေတာ့သည္၊
ေ႐ႊေရာင္နဂါးေလးရဲ႕ငိုသံနဲ႕အတူ အေနာက္ရွိေခါင္းေလာင္းကလည္း ယိမ္းယိုင္လာၿပီး အႀကိမ္ႀကိမ္တီးခတ္လာခ်ိန္မွာ ဆရာဘိုးေဘးကာရံထားတဲ့ေမွာ္အကာက အရာအက္ကြဲလာေတာ့သည္၊
"ေခါင္းေလာင္းက ဘာလို႔အႀကိမ္ႀကိမ္ျမည္လာရတာလဲ"
လက္ရွိျဖစ္စဥ္ကို မႀကဳံဖူးသလို ၾကားလည္းမၾကားဖူးတာေၾကာင့္ ဆရာဘိုးေဘးေတြေကာ ဆရာေတြပါ ထိတ္လန့္သြားၿပီး မတ္တပ္ထရပ္လာကာ ေ႐ႊအကာကို ထပ္ဆင့္ကာလိုက္သည္၊
"ဘာျဖစ္တာလဲ...ေမွာ္အကာကိုေတာင္ အက္ကြဲလာတယ္ဆိုေတာ့ တိုက္ရိုက္တာထိရင္ ေက်ာင္းသားေတြအတြက္ အႏၱရာယ္မ်ားလြန္းတယ္"
"ေက်ာင္းသားဒန္နာရီေကာ"
ေမွာ္ေခါင္းေလာင္းနဲ႕အနီးစပ္ဆုံးျဖစ္ေနတဲ့ဒန္နာရီကို လွမ္းၾကည့္လိုက္ခ်ိန္မွာ ဒန္နာရီက ဘာထိခိုက္မႈမွ မရွိပဲ အနည္းငယ္စိတ္အိုက္ေနတဲ့အမူအရာကိုေတာင္ ေဖာ္ျပေနေသးသည္၊
"ဘာေတြျဖစ္ကုန္တာလဲ"
ထိုခ်ိန္မွာ ဒန္နာရီက သက္ျပင္းခ်လိဳက္ၿပီး လက္လွမ္းလိုက္ကာ ေ႐ႊေရာင္နဂါးေလးရဲ႕ေခါင္းကို ဖြဖြေလးပုတ္ကာ ေခ်ာ့လိုက္သည္၊
"မငိုနဲ႕ေနာ္...မင္းေတြ႕ခ်င္တဲ့သူက အိပ္ေနတယ္"
ေ႐ႊေရာင္နဂါးေလးရဲ႕မ်က္ဝန္းနက္ေလးမ်ားက ဒန္နာရီကိုၾကည့္လာၿပီး အနံ႕ခံလာေတာ့သည္၊ထို႔ေနာက္မွာ သေဘာက်ႏွစ္သိမ့္သြားပုံရၿပီး ဒန္နာရီရဲ႕ပါးကို ပြတ္သတ္ကာခြၽဲလာေတာ့သည္၊ထိုအခါမွ ေခါင္းေလာင္းႀကီးလည္း ၿငိမ္သက္သြားၿပီး အရွိန္အဝါလည္း ေမွးမွိန္လာၿပီး ႐ုပ္ထုဝိညာဥ္ေတြပါေပ်ာက္ကြယ္သြားေတာ့သည္၊
မၾကာခင္မွာ ပုံမွန္အေျခအေနကို ျပန္ေရာက္သြားၿပီး လူတိုင္းလည္း သက္ျပင္းခ်နိဳင္သြားေတာ့သည္၊
-*-*-*-*-*-*-*-*-*
Chapter -121ေမွ်ာ္
Unicode
ဒီအတန်းက ဂျူနီယာကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် မှော်ခေါင်းလောင်းကို စမ်းသပ်ပြီးနောက်မှာတော့ ဒန်နာရီအလှည့်ကိုရောက်လာတော့သည်၊ဒန်နာရီက နောက်ဆုံးမှ ယှဥ်ပြိုင်ဖို့စိတ်ကူးမရှိပေမယ့် အလိုလိုနောက်ဆုံးဖြစ်သွားခဲ့ပြီး လူတိုင်းရဲ့အကြည့်က ဒန်နာရီပေါ်ရောက်လာတော့သည်၊
ရှေ့မှာ သူမတူအောင်ပြသခဲ့တဲ့ပါရမီတွေကြောင့် မှော်ခေါင်းလောင်းရဲ့စမ်းသပ်မှုမှာလည်း ဘယ်လိုရလဒ်မျိုးထွက်လာမလဲ၊လူတိုင်းက စိတ်ဝင်စားနေတော့သည်၊
ဒန်နာရီက မှော်ခေါင်းလောင်းရှိရာကို သွားရင်း ရပ်လိုက်ပြီး မှော်ခေါင်းလောင်းကိုကြည့်လိုက်သည်၊မှော်ခေါင်းလောင်းရဲ့ ပတ်လည်မှာ ရွှေရောင်တိုင်လေးတိုင်ရှိပြီး ကြီးမားတဲ့ရွှေတုတ်တိုင်ကြီးမှာ လက်ရာမြောက်စွာထုထွင်းထားတဲ့ရွှေရောင်ခေါင်းလောင်းကြီးက တည်ရှိနေပြီး ရွှေရောင်ကြိုးတစ်ကြိုးက အလယ်ကနေ သူတို့မှီတဲ့အမြင့်နားထိ အရှည်ရှိသည်၊
မှော်ခေါင်းလောင်းရဲ့ဝန်းကျင်မှာ တစ်ပေလောက်ရှိတဲ့သားရဲရုပ်ထုကြီးဆယ်ခုဝန်းရံနေပြီး ရုပ်ထုတစ်ခုစီတိုင်းက အသက်ဝင်လှသည်၊ဒါက ကျောင်းတော်ရဲ့အစောင့်အရှောက်သားရဲဆယ်ကောင်ကို ကိုယ်စားပြုထားခြင်းဖြစ်သည်၊
ဒန်နာရီက အရှိန်အဝါနဲ့လင်းလက်တောက်ပနေတဲ့မှော်ခေါင်းလောင်းအနီးကိုလျှောက်ရင်း ကြိုးကိုလှမ်းယူလိုက်ချိန်မှာ လက်ကနေတစ်ဆင့် ခန္ဓာကိုယ်ပေါ် ပြင်းထန်တဲ့အရှိန်အဝါကျဆင်းလာတော့သည်၊
ဒန်နာရီက ပြန်လည်ခုခံခြင်းမရှိပဲ မှော်စွမ်းအားတွေကိုလက်ခံလိုက်ပြီးနောက်မှာ စိတ်က ပေါ့ပါးသွားသလိုခံစားလိုက်ရသည်၊မှော်ခေါင်းလောင်းက စီးဆင်းလာတဲ့မှော်စွမ်းအားတွေကို ပြန်ခုခံရင်တော့ ဘာအကျိုးမှရှိမှာမဟုတ်ဘူး၊ဒန်နာရီက အခြားသူတွေအမြင်မှာတော့ အသက်ဆယ့်လေးနှစ်အရွယ်လူငယ်လေးသာဖြစ်သော်လည်း အရင်ဘဝက ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားကနေ အကြိမ်ကြိမ်အခါခါလွတ်မြောက်ရှင်သန်လာတဲ့သူဖြစ်သည်၊လူတစ်ယောက်အပေါ် အကြွင်းမဲ့ယုံကြည်ပြီး မျက်ကန်းတစ္တေဖြစ်ခဲ့လို့ အသက်ဆုံးရှုံးခဲ့ရခြင်းသာဖြစ်သည်၊
ဒန်နာရီရဲ့ကိုယ်ထဲရှိ မှော်များဟာ ပိုမိုသန့်စင်လာပြီး သန်မာလာသလိုခံစားရသည်၊ဒန်နာရီဟာ ခေါင်းလောင်းကြိုးကို ဆွဲကာ တီးလိုက်တော့သည်၊
*ဒေါင်*
ကျယ်လောင်တဲ့ခေါင်းလောင်းသံထွက်လာချိန်မှာ လူတိုင်းက ရှေ့ကလူတွေနဲ့မတူ ထူးခြားတဲ့ခံစားချက်ကိုရရှိလိုက်သည်၊
"သန့်စင်လိုက်တဲ့မှော်စွမ်းအား..." အဘိုးအိုတစ်ဦးက အံ့အားသင့်စွာပြောလာတော့သည်၊သူအံ့အားသင့်တာလည်း မပြောနဲ့လေ၊တစ်ဖက်ကသူက အသက်ဆယ့်လေးနှစ်အရွယ်သာရှိသေးပြီး အလွန်သန့်စင်တဲ့မှော်စွမ်အားကို ပိုင်ဆိုင်ထားသေးသည်၊သူရှင်သန်နေတဲ့သက်တမ်းတစ်ရာကျော်က တကယ်ရှက်စရာပေ၊
"ပထမနှစ်ရဲ့အထူးချွန်ဆုံးကျောင်းသားသစ်လို့မပြောရဘူး...ပထမတီးချက်မှာတင် ရုပ်ထုနှစ်ခုကို နိုးထလာနိုင်အောင် စွမ်းဆောင်နိုင်တာပဲ" ဆရာလျူးဝစ်စကားကိုကြားသွားတဲ့သူတွေက မှော်ခေါင်းလောင်းရဲ့ထိပ်ကိုကြည့်လိုက်ချိန်မှာ သခင်ကျားဖြူနဲ့သိမ်းငှက်ရုပ်ထုက အလင်းရောင်တောက်ပနေတော့သည်၊
ဒန်နာရီက ကြိုးကို နောက်တစ်ကြိမ်လွဲလိုက်ပြီး တီးခတ်လိုက်ပြန်သည်၊ထိုအချက်နဲ့မရပ်တန့်သွားပဲ ဒန်နာရီဟာ နောက်ထပ်သုံးချက်ကို ဆက်တိုက်တီးခတ်လိုက်သည်၊
"ဒဏ္ဍာရီအဆင့်ထိကို မရပ်မနားပဲ တီးခတ်သွားတာပဲ"
"ကြောက်စရာကောင်းပြီး သန့်စင်လှတဲ့မှော်စွမ်းအားတွေပဲ"
"ရုပ်ထုရှစ်ထု...မဟုတ်ဘူး ရုပ်ထုတွေအကုန်လင်းလက်တောက်ပလာတာပဲ!"
ကျောင်းသားတွေက မှော်ခေါင်းလောင်းရဲ့ဝန်းကျင်မှာ အရှိန်အဝါလင်းလက်တောက်ပနေတဲ့ရုပ်ထုတွေကို အံ့အားသင့်စွာကြည့်နေမိသည်၊ကျောင်းသားတော်တော်များများက လက်ရှိမြင်ကွင်းကို ပထမဆုံးကြုံဖူးတာကြောင့် မျက်တောင်မခတ်ကြည့်နေကြတော့သည်၊
"ဒါက လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက ကြားဖူးတဲ့ကိစ္စကို မှတ်မိလား..."
"ဘာကိစ္စများလဲ စီနီယာ"
ပွဲလာကြည့်တဲ့ထဲမှာ စတုတ္ထကျောင်းသားနှစ်ရဲ့ Dတန်းကျောင်းသားများလည်းရှိနေသေးပြီး စစ်မြေပြင်ကနေ အနားယူထားတဲ့ကျောင်းသားကြီးတွေလည်းရှိသည်၊
"ဒေးလ် ဂျူဝှက်စ် ဆိုတဲ့ကျောင်းသားအကြောင်းကို မင်းတို့ကြားဖူးလားမသိဘူး"
"သူ့ကို စစ်မြေပြင်မှာကော နတ်ဆိုးတွေကကော ပေးထားတဲ့နာမည်က 'သတ်ဖြတ်ခြင်းနတ်ဘုရားဒေးလ်' တဲ့
"အဲနာမည်ကို ကြားဖူးတယ်...၊ နတ်ဆိုးတွေတောင် ကြောက်ရတဲ့လူသားစစ်သူကြီးပဲ"
ဒေးလ် ဂျူဝှက်စ်ဆိုတဲ့နာမည်ကိုကြားချိန်မှာ ကျောင်းသားတွေရဲ့အမူအရာကလေးစားမှုများဖြတ်သန်းသွားတော့သည်၊
"လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကလည်း ဒေးလ် ဂျူဝှက်စ်က ဒီလိုမြင်ကွင်းကို ဖန်တီးပေးခဲ့တယ်...တကယ်လို့ ဒန်နာရီသာ ဒေးလ် ဂျူဝှက်စ်လို ကြောက်စရာကောင်းတဲ့ပါရမီရှင်ဖြစ်လာခဲ့ရင်...ရလဒ်က မတွေးရဲစရာပဲ"
ဒန်နာရီက ရုပ်ထုတွေကို စိုက်ကြည့်လိုက်ပြီးနောက်မှာ တီးခတ်ရန်ခေါင်းလောင်းကြိုးကို လက်လှမ်းလိုက်သည်၊
မှော်ခေါင်းလောင်းရဲ့ဖိအားတွေအောက်မှာ ခေါင်းလောင်းတီးချက်တွေက အကန့်အသတ်ရှိတယ်ဆို မဖြစ်နိုင်ပေ၊ဒါကြောင့် ဒန်နာရီက မှော်ခေါင်းလောင်းရဲ့မတူညီတဲ့မှော်စွမ်းအားတွေကိုခံယူလိုက်ပြီးနောက်မှာ ခေါင်းလောင်းကိုတီးခတ်လိုက်တော့သည်၊
အခြားခေါင်းလောင်းသံတွေနဲ့မတူညီစွာ ဝံ့ကြွားပြီး ကြားရတဲ့သူတိုင်းကို ပြင်းထန်လှတဲ့ဖိအားပေးလှတဲ့ခေါင်းလောင်းသံကြောင့် နားတွေကို အုပ်လိုက်ရသည်၊အားနည်းလှတဲ့သူတွေကတော့ နားထဲကနေ သွေးတွေတောင် ယိုစီးလာတော့သည်၊ဒါကြောင့် ဆရာဘိုးဘေးတွေက မှော်ခေါင်းလောင်းနဲ့ဒန်နာရီရဲ့ပတ်ဝန်းကျင်ကို ရွှေရောင်မှော်အကာကွယ်သုံးကာ ကာလိုက်သည်၊
"ဒါက... "
"ဟုတ်တယ်...ရှေးခေတ်ပေလွှာတွေမှာ ရေးထားတဲ့'ပြီးပြည့်စုံအဆင့်နိုးထလာခြင်း'မလား"
"အနောက်ဘက်မှာ မှော်ခေါင်းလောင်းရဲ့ဝိညာဥ်ပေါ်ထွက်နေပြီး အစောင့်အရှောက်သားရဲတွေရဲ့ပြင်းပြတဲ့စိတ်ဝိညာဥ်အားတွေကိုလည်း ခံစားနေရတယ်...ပြီးတော့ ပြင်းထန်လှတဲ့မှော်ဖိအားက မိုင်တစ်သောင်းထိ ပြန့်ကျဲသွားတယ်ဆိုတော့..."
"ဟုတ်တယ် ဒါက 'ပြီးပြည့်စုံတဲ့အဆင့်'ပဲ"
အဘိုးအိုတစ်ဦးကတော့ မျက်ရည်များဝဲလာတော့သည်၊သူ့ရဲ့အိုမင်းနေတဲ့လက်တွေက တုန်ယင်နေပြီး သက်ပြင်းချကာ စိတ်သက်သာရာရနေပုံရသည်၊
"ကျမ်းစာတွေမှာ ဟောကြားခဲ့တဲ့စာသားတစ်ချက်ရှတယ်"
" မှော်ခေါင်းလောင်းရဲ့'ပြီးပြည့်စုံခြင်းအဆင့်'ကို အသိအမှတ်ပြုခံရတဲ့လူငယ်တစ်ဦးက ကုန်းတိုက်ကြီးရဲ့မျှော်လင့်ချက်တဲ့...နောက်ဆုံးတော့ ငါတို့စောင့်မျှော်နေတဲ့အချိန်အခါကို ရောက်လာခဲ့ပြီ...တကယ်ကို ရောက်လာခဲ့ပြီ"
"ဟုတ်တယ်...သေဆုံးသွားတဲ့ညီအစ်ကိုတွေသာ ဒီမြင်ကွင်းကို မြင်ခွင့်ရမယ်ဆိုရင် သူတို့ဝိညာဥ်တွေအေးချမ်းခွင့်ရမှာသေချာတယ်"
ဆရာဘိုးဘေးတွေရဲ့စကားကြောင့် ဆရာတိုင်းက ဒန်နာရီကိုတောက်ပတဲ့မျက်ဝန်းများနဲ့ကြည့်နေကျသလို စိုးရိမ်စိတ်လည်းဝင်လာတော့သည်၊ဒီလိုပါရမီရှင်တစ်ဦးကို သူတို့မကိုင်နိုင်မည်ကို စိုးရိမ်လာတော့သည်၊သူတို့သာ နည်းလမ်းမှားခဲ့ရင် ပါရမီရှင်တစ်ဦးတိမ်ကောသွားမှာ ကြောက်လန့်လာမိသည်၊
ပါရမီနိမ့်လွန်းရင်လည်း မသင်ပေးချင်ကြသလို၊မြင့်လွန်းရင်လည်း မသင်ပေးရဲကြတော့ပေ၊
ဒန်နာရီက ပတ်ဝန်းကျင်မှာ ဘာဖြစ်ပျက်မှန်းမသိသေးပဲ မှော်ခေါင်းလောင်းကနေ ထွက်ပေါ်လာတဲ့ဝိညာဥ်လေးကို စိုက်ကြည့်နေတော့သည်၊မှော်ခေါင်းလောင်းထဲက ဝိညာဥ်လေးက ရွှေအိုရောင်နဂါးပေါက်လေးဖြစ်ပြီး ဒန်နာရီပတ်ဝန်းကျင်မှာ ယိမ်းကာပျံဝဲနေတော့သည်၊အထူးသဖြင့် ဆရာဇီနိုရှိတဲ့မှော်ကျောက်တုံးအနားမှာပေ၊
ဒါပေမယ့် ဆရာဇီနိုက လုံးဝကို အသံမပြုပဲ ငြိမ်သက်တာနေနေပြီး ရွှေရောင်နဂါးလေးက မပျော်မရွှင်ဖြစ်လာပြီး အော်ဟစ်ငိုကြွေးလာတော့သည်၊
ရွှေရောင်နဂါးလေးရဲ့ငိုသံနဲ့အတူ အနောက်ရှိခေါင်းလောင်းကလည်း ယိမ်းယိုင်လာပြီး အကြိမ်ကြိမ်တီးခတ်လာချိန်မှာ ဆရာဘိုးဘေးကာရံထားတဲ့မှော်အကာက အရာအက်ကွဲလာတော့သည်၊
"ခေါင်းလောင်းက ဘာလို့အကြိမ်ကြိမ်မြည်လာရတာလဲ"
လက်ရှိဖြစ်စဥ်ကို မကြုံဖူးသလို ကြားလည်းမကြားဖူးတာကြောင့် ဆရာဘိုးဘေးတွေကော ဆရာတွေပါ ထိတ်လန့်သွားပြီး မတ်တပ်ထရပ်လာကာ ရွှေအကာကို ထပ်ဆင့်ကာလိုက်သည်၊
"ဘာဖြစ်တာလဲ...မှော်အကာကိုတောင် အက်ကွဲလာတယ်ဆိုတော့ တိုက်ရိုက်တာထိရင် ကျောင်းသားတွေအတွက် အန္တရာယ်များလွန်းတယ်"
"ကျောင်းသားဒန်နာရီကော"
မှော်ခေါင်းလောင်းနဲ့အနီးစပ်ဆုံးဖြစ်နေတဲ့ဒန်နာရီကို လှမ်းကြည့်လိုက်ချိန်မှာ ဒန်နာရီက ဘာထိခိုက်မှုမှ မရှိပဲ အနည်းငယ်စိတ်အိုက်နေတဲ့အမူအရာကိုတောင် ဖော်ပြနေသေးသည်၊
"ဘာတွေဖြစ်ကုန်တာလဲ"
ထိုချိန်မှာ ဒန်နာရီက သက်ပြင်းချလိုက်ပြီး လက်လှမ်းလိုက်ကာ ရွှေရောင်နဂါးလေးရဲ့ခေါင်းကို ဖွဖွလေးပုတ်ကာ ချော့လိုက်သည်၊
"မငိုနဲ့နော်...မင်းတွေ့ချင်တဲ့သူက အိပ်နေတယ်"
ရွှေရောင်နဂါးလေးရဲ့မျက်ဝန်းနက်လေးများက ဒန်နာရီကိုကြည့်လာပြီး အနံ့ခံလာတော့သည်၊ထို့နောက်မှာ သဘောကျနှစ်သိမ့်သွားပုံရပြီး ဒန်နာရီရဲ့ပါးကို ပွတ်သတ်ကာချွဲလာတော့သည်၊ထိုအခါမှ ခေါင်းလောင်းကြီးလည်း ငြိမ်သက်သွားပြီး အရှိန်အဝါလည်း မှေးမှိန်လာပြီး ရုပ်ထုဝိညာဥ်တွေပါပျောက်ကွယ်သွားတော့သည်၊
မကြာခင်မှာ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပြီး လူတိုင်းလည်း သက်ပြင်းချနိုင်သွားေတာ့သည်၊
-*-*-*-*-*-*-*-*-*
Chapter -121မေျှာ်