အခန်း (၄၆) - လမ်းလျှောက်ထွက်ခြင်း
ရှုရှောင်ဟွေးသည် ချန်ချန်းသို ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သူအနားကပ် လာသောအခါတွင် ခပ်ဖျော့ဖျော့ သင်းပျံ့သော ဆပ်ပြာရနံ့တစ်ခုကို ရလိုက်၏။ " ကျွိ ? "
ခင်ဗျား ကျွန်တော့်ကို ပြောစရာ တစ်ခုခုမရှိဘူးလား ?
ချန်ချန်းသိုက တည်ငြိမ်စွာခေါင်းခါပြီး ဖြေလိုက်သည်။ " မရှိပါဘူးကွာ၊ ကိုယ်အပြင်ထွက်ပြီး မင်းအတွက် ပဲစေ့ကြော်ပေးဖို့ နေရာသွားရှာနေတာ "
ပဲစေ့ကြော်ဖို့ စစ်ဗိုလ်ချုပ်ဝတ်စုံဝတ်ထားတယ်ပေါ့လေ ?
ရှုရှောင်ဟွေးသည် ချန်ချန်းသိုကို သံသယဖြစ်စွာ ကြည့်လိုက်သည်။
ချန်ချန်းသိုက ဦးထုပ်အစွန်းကို ကိုင်ပြီး မျက်ခုံးပင့်ကာ ထပ်မေးလိုက်၏။ " မင်းသွားချင်လား ? "
ချန်ချန်းသို လက်ဖဝါးပေါ်တွင် ထိုင်နေသော ဟမ်းစတားလုံးသည် ခဏမျှ အေးခဲသွားပြီးမှ ထုံထိုင်းစွာ ခေါင်းညိတ်လိုက်တော့သည်။
ကျွိ... ဒီနေ့မှ ချန်ချန်းသိုတစ်ယောက် ထူးထူးခြားခြား ပိုအလိုလိုက်နေသလိုပဲ...
ချန်ချန်းသိုက ရင်ဘတ်ကအိတ်ကပ်ကို လက်တစ်ဖက်ဖြင့် ကြယ်သီးဖြုတ်ပြီး ရှုရှောင်ဟွေးကို ထည့်လိုက်သည်။
ထို့နောက် တောက်ပြောင်သော စစ်ဖိနပ်များကို နင်း၍ တဲထဲမှ ထွက်လာခဲ့လိုက်၏။
လီဟွေး နှင့်ဆိုပင်း သည် မီးပုံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက်သား။ ချန်ချန်းသို တဲနောက်မှာ အဝတ်အစားတွေလဲနေတုန်းက သူတို့ဟာ သရဲနဲ့ တွေ့နေသလို အခြေအနေဖြစ်သွားခဲ့ကြရသည်။
သူတို့ ချန်ချန်းသိုနောက် လိုက်ခဲ့သည့်အချိန်ကာလမှာလည်း တိုတောင်းသည်မဟုတ်တော့ပေ။ သို့သော်လည်း ချန်ချန်းသို ထိုကဲ့သို့သော အဝတ်အစားများ ဝတ်ထားတာကို မြင်ရသည့်အကြိမ်အရေအတွက်မှာ သုံးကြိမ်ပင်မရှိချေ။
ဆိုပင်းသည် လီဟွေးပုခုံးကို ပုတ်ကာ အားပေးလိုက်၏။ " မင်း သူ့အတွက် ဒီလိုအဝတ်အစားတွေတောင် ရှာတွေ့လာသေးတာပဲ သတ္တိရှိချက်ပဲကွာ ! "
လီဟွေးနှုတ်ခမ်းထောင့်များ တုန်ယင်သွားသည်။ ဒီဝတ်စုံကိုတွေ့ဖို့ သူ့မှာ ဘော့စ်အခန်းကို ဇောက်ထိုးလှန်လိုက်ကာ တစ်ခန်းလုံး ဖွပစ်ခဲ့ရတယ်လေ ....
ဒါပေမယ့် ဒါက တရားမျှတပါတယ်၊ချန်ချန်းသိုက သူ့ကို အပြစ်မတင်... လောက်ပါဘူးလေ ... ဟုသာ လီဟွေး ဆုတောင်းလိုက်တော့သည်။
ချန်ချန်းသိုသည် ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းခဲ့ရသေးသော်လည်း သူရဲ့ ဩဇာအာဏာ အရှိန်အဝါကပဲ ပြင်းလွန်းနေတာလား စစ်သားတွေကပဲ အလွန်နိုးကြားလွန်းနေသလားတော့ မသိ။ မီးပုံကို ပတ်ပတ်လည်ဝိုင်းထိုင်နေကြသော စစ်သည်တစ်စုက ရုတ်တရက်ကြီး ထရပ်ကာ ငါးစက္ကန့်အတွင်း တန်းစီ၍သပ်သပ်ရပ်ရပ် နှုတ်ဆက်လိုက်ကြသည်။ " ဗိုလ်ချုပ်ကြီး ! "
တစ်ချိန်တည်းမှာပင်၊ အိမ်မွေးစစ်သည်တော် အုပ်လိုက်ကြီးသည် ချန်ချန်းသို ရှေ့သို့ရောက်လာကာဆာလောင်နေသော ကျားရဲကြီးများလို လာတန်းစီနေကြတော့၏။
အစိမ်းရောင်မျက်လုံးများသည် ချန်ချန်းသို ရင်ဘတ်ပေါ်ရှိ အိတ်ကပ်ကို စိုက်ကြည့်နေပြီး ခုလေးတင်အသားစိမ်းတွေ ကိုက်ဝါးထားခဲ့ကြသော ပါးစပ်များသည် သွားရည်များထွက်ကျလုမတတ် ဖြစ်နေကြသည်။
အိမ်မွေးစစ်သည်တော်များအားလုံးသည် ဤဟမ်းစတားကို မစားနိုင်သော်လည်း၊ အနည်းငယ်လောက်ကြည့်ခြင်းအားဖြင့် ၄တို့၏ဆန္ဒများကို အာသာပြေစေလိမ့်မည်ဟု တွေးနေကြ၏။
သူတို့ရဲ့ အိမ်မွေးစစ်သည်တော်တွေ အကြောင်းသိနေကြတဲ့ စစ်သားတွေအားလုံးကတော့ သူတို့ ဒီအိမ်မွေးစစ်သည်တော်တွေကို ပြန်ဆွဲထားလို့ရနိုင်မလားလို့ အားလုံးက တွေးနေကြတော့သည်။ ဒါကြီးက ရှက်စရာကောင်းလွန်းလှ၏....
" ... "
ရှုရှောင်ဟွေးရဲ့ လက်သည်းသေးသေးလေးတွေသည် တိတ်တဆိတ် ပြေလျော့သွားပြီး အိတ်ကပ်အောက်ခြေနားထိ ပြုတ်ကျသွားကာ သူ့ခေါင်းသေးသေးလေးကို အတွင်းပိုင်းတွင် ဖွက်ထားလိုက်တော့သည်။
သူက မျက်လုံးနက်နက်လေးတွေနဲ့ ဒီအိတ်ကပ်ရဲ့ အဟ သေးသေးလေး ကြားထဲကနေ တိတ်တိတ်လေး စူးစမ်းကြည့်ရုံလေးပါနော် !
သူပုန်းနေရတာ အချိန်အတော်ကြာနေပြီ။ သူ့မှာ အပြင်လေးတောင် လမ်းထွက်လျှောက်လို့ မရတော့ဘူးလား ? သူ့ဘဝကြီးမှာ လွပ်လပ်ခွင့်ဆိုတာရော ရှိသေးရဲ့လား ?
ချန်ချန်းသိုက လက်မြှောက်ပြပြီး ပြောလိုက်သည်။ " မင်းတို့ ဆက်နားပါ "
ထို့နောက် သူလှည့်ထွက်သွားကာ စိတ်အားထက်သန်နေသော အိမ်မွေးစစ်သည်တော်အုပ်စု၏ အကြည့်အောက်တွင် အုတ်မြစ်ချမြေပြင်ပေါ်မှ ခုန်ဆင်းသွားပြီး မကြာမီပင် ခပ်ဝေးဝေးနားမှ မခုတ်ထစ်ရသေးသော တောင်ပေါ်သစ်တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ထို့နောက် စစ်သားများ လူစုခွဲလိုက်ပြီးနောက် ယနေ့ညတွင် သူတို့ရဲ့ အိမ်မွေးစစ်သည်တော်များသည် အစာပိုစားနေကြသည်ကို တွေ့လိုက်ရပေတော့သည်။
တောအုပ်ငယ်လေးထဲ ဝင်သွားပြီးနောက်ချန်ချန်းသိုက သူ့အိတ်ကပ်ကို ပုတ်ပြီးခေါ်လိုက်၏။ " အဆင်ပြင်သွားပြီမို့ မင်းထွက်လာလို့ရပြီနော် "
ရှုရှောင်ဟွေးက ခေါင်းသေးသေးလေးဖြင့် အရင်ချောင်းကြည့်လာပြီး စကားတော့မပြောသေးရာ ချန်ချန်းသိုက သူ့ကို မြေပဲတစ်လုံး ပေးရင်း ပြောလိုက်သည်။ " ဒါကို အရင်စားထားနှင့်လိုက်နော် "
ဟမ်းစတားလုံးလေးက မြေပဲကို ပါးစပ်ထဲထည့်ကာ ချန်ချန်းသိုရဲ့ စစ်ဗိုလ်ချုပ်ကြီးယူနီဖောင်းပေါ်တွင် လျှောက်ကြည့်နေ၏။
ထို့နောက် သူသည် ဦးထုပ်လျှာစွန်းပေါ်တွင်ထိုင်ကာ ချန်ချန်းသိုရဲ့ ဖြောင့်စင်းသောနှာတံကို ကြည့်နေမိသည်။
ချန်ချန်းသိုက သူ့ကိုမျက်လုံးပင့်ကြည့်ပြီး ခေါင်းလေးကို ပွတ်ပေးကာ နှစ်သိမ့်လာ၏။ " စိတ်မပူပါနဲ့၊ သူတို့ မင်းကို မစားရဲပါဘူး "
ရှုရှောင်ဟွေး ခေါင်းညိတ်ပြပြီး ဉီးထုပ်လျှာစွန်းပေါ်တွင် အပြားလိုက်ကလေး နောက်ပြန်လှဲချကာ ကြယ်များတဖြည်းဖြည်းထွက်ပေါ်လာနေကြသော ညကောင်းကင်ယံကို ငေးကြည့်နေမိတော့သည်။
ချန်ချန်းသိုက တောအုပ်ငယ်လေးထဲတွင် ပိုမိုချောမွတ်သော ကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့ပြီး အိုးငယ်တစ်ခုကို မီးဖိုပေါ်တင်ကာ မီးမွှေးလိုက်သည်။
ရှုရှောင်ဟွေးက ဘေးနားရှိ အခြားကျောက်တုံးတစ်ခုပေါ်တွင် ရပ်ကြည့်နေ၏။
ချန်ချန်းသိုသည် သတ္တုအိုးတစ်လုံးနှင့် ဟင်းခတ်ဇွန်းကို ကျွမ်းကျင်စွာ ဖန်တီးပြီး သူသယ်လာသော ကျောပိုးအိတ်ထဲမှ ဟင်းခတ်အနှစ်အနည်းငယ်ကို ထုတ်လိုက်သည်။
ပဲစေ့ကြော်က လုပ်ရတာ လွယ်ပေမယ့် ဟမ်းစတားလေးက အငန်လွန်ကဲတဲ့ အရာတွေကို မစားနိုင်ပေ။ ထို့ကြောင့် ချန်ချန်းသိုသည် အိုးငယ်လေးထဲသို့ ဆီနှစ်စက်သာထည့်ကာ ငရုတ်ကောင်းမှုန့်နှင့် ဇီယာတစ်တောင့်ကိုသာထည့်ပြီး သွားကြားထိုးတံကဲ့သို့သော သတ္တုချောင်းလေးကို အသုံးပြု၍ မွှေလိုက်သည်။ အရသာထွက်လာတော့ ပဲစေ့လေးများကိုထည့်လိုက်သည်။
ဒါကိုကြည့်နေတဲ့ ရှုရှောင်ဟွေးက ကျောက်တုံးပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားပြီး သူ့လက်ဖဝါးလေးတွေကို ဆန့်တန်းလျက် ဒေါသတကြီး အော်လိုက်၏။ " ကျွိ ! "
ပဲစေ့က သုံးစေ့တည်းလားလို့ ?!
ချန်ချန်းသိုက အေးဆေးတည်ငြိမ်စွာပင် ပဲစေ့များကို ဆက်ကြော်နေပြီး ပြောလာသည်။ " ပဲစေ့တွေက အရမ်းခြောက်သွေ့လွန်းတယ်၊ မင်းအရမ်းစားလို့မဖြစ်ဘူး "
" .... " သူတခြား ဘာများပြောနိုင်ဉီးမှာလဲလေ။
ပဲစေ့ကြော်က မြန်မြန်ကျက်သွားပြီး အနံ့မွှေးလာ၏။ အအေးခံပေးပြီးသွားသောအခါချန်ချန်းသိုသည် ထိုပဲစေ့လေးများကို သတ္တုပန်းကန်လုံးလေးတစ်လုံးထဲထည့်ကာ ရှုရှောင်ဟွေးအား ပေးလိုက်သည်။
ရှုရှောင်ဟွေးကတော့ ဝမ်းသာအားရ တမြုံ့မြုံ့ဝါးနေလိုက်တော့သည်။
ထို့နောက် ချန်ချန်းသိုသည် သူ့ဘေးတွင်ထိုင်ချကာ ရေနွေးကရားအိုးလေးကို ကမ်းပေးလာ၏။
ရှုရှောင်ဟွေးကတော့သောက်လိုက် စားလိုက်နှင့်ပင်။
ချန်ချန်းသိုက သူတို့ထိုင်နေတဲ့ ကျောက်တုံးကြီးကို ငေးကြည့်ပြီး တိတ်တိတ်လေး စောင့်နေလေသည်။
ပတ်ဝန်းကျင်မှ မီးခိုးရောင်ဖျော့ဖျော့ အငွေ့အသက်များထွက်ပေါ်လာသော်လည်း စားသောက်ရန်သာ ကြံရွယ်နေသော ဟမ်းစတားလုံးလေးကတော့ သတိမထားမိပေ။
အလင်းတန်းလေးတွေက ဟမ်းစတားလုံးလေးရဲ့ ခန္ဓာကိုယ်ထဲကို တောက်ပစွာ ထိုးဖောက်ဝင်ရောက်နေတာကို မြင်လိုက်ရတော့ ချန်ချန်းသိုဟာ အသက်ရှုအောင့်လိုက်မိပြီး မျက်တောင်တောင် မခတ်ရဲလောက်အောင် ဖြစ်သွား၏။
ပဲစေ့တွေစား ရေတွေသောက်ပြီးနောက်မှာတော့ ရှုရှောင်ဟွေးသည် သူ့ခါးလေးကို သက်တောင့်သက်သာ ဆန့်ထုတ်လိုက်ပြီး တစ်စက္ကန့်အတွင်း ကျောက်တုံးပေါ်တွင် အိပ်ပျော်သွားတော့သည်...
" .... "
ချန်ချန်းသို ခဏလောက် အံ့အားသင့်သွားသည်။ ဟမ်းစတားလေး အိပ်ပျော်သွားတာတော့ မကောင်းဘူးလေ။ ဒါကြောင့် သူက ဟမ်းစတားလုံးလေးကို လှမ်းတို့လိုက်၏။ " ရှောင်ဟွေး ? "
သူဒီလက်ချောင်းဖြင့် ရှုရှောင်ဟွေးကို မနှိုးဖြစ်သလို သူ့လက်ကိုလည်းပြန်မရုပ်သိမ်းဖြစ်ပေ။
ချန်ချန်းသိုသည် ကျောက်တုံးနှင့် ရိုက်မိလုနီးပါးဖြစ်သွားသော လူငယ်လေးကို အမြန်လှမ်းပွေ့ဖက်လိုက်သည်။
ထို့နောက် သူက ကျောပိုးအိတ်ထဲမှာ အသင့်ပြင်ဆင်ထားတဲ့ ဝတ်ရုံအသစ်ကို ဆွဲထုတ်ပြီးရှုရှောင်ဟွေးကို ခြုံပေးတော့မလို့ လုပ်လိုက်သော်ငြား နားမလည်နိုင်စွာပင် ရပ်တန့်သွားမိ၏။
သူ့ရဲ့ ထိန်းချုပ်မရသောလက်ချောင်းများသည် ရှုရှောင်ဟွေးကျောပြင်ပေါ်ရှိ ကျောရိုးလေးတစ်လျှောက် တို့ထိသွားမိလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံမထိမိစေရန် မနည်းထိန်းချုပ်လိုက်ရသည်။
ချန်ချန်းသိုသည် ရှုရှောင်ဟွေးခန္ဓာကိုယ်ကို သူ့အင်္ကျီဖြင့် ဖုံးအုပ်ပေးလိုက်ကာ လူသားပုံသဏ္ဌာန်နှင့် ဟမ်းစတားလေးရဲ့ ခါးလေးကို ပွေ့ဖက်ရင်း တိတ်တိတ်လေး သက်ပြင်းချလိုက်ရ၏။
ထပ်ပြီးတော့ အိပ်ပျော်နေတဲ့ လူသားပုံစံ ဟမ်းစတားလေးပဲပေါ့လေ...
ချန်ချန်းသိုသည် သူ့စိတ်သူ ထိန်းချုပ်နေတုန်း ရှုရှောင်ဟွေးခန္ဓာကိုယ်ကိုလေးကို လှည့်ပြီး သူ့မျက်နှာကို ကြည့်ချင်မိခဲ့သည်။
ထို့နောက်တွင်တော့ ကပ္ပတိန်ချန်သည် ရှက်သွေးဖြာနီရဲနေသောမျက်နှာလေးနှင့် ထိတ်လန့်တကြားအကြည့်လေးများဖြင့် တောက်ပနေသော မျက်ဝန်းနက်နက်လေးတစ်စုံနှင့် အကြည့်ချင်းဆုံမိသွားလေတော့၏။
(Ocean - Double update နော်ဗျ။ အရမ်းညောင်းသွားပြီ။)