Slowly Falling For Changkong...

By ANyein_26

56.9K 5.7K 167

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )

396 42 0
By ANyein_26



အယ်? ရှန်လင် ဘယ်တုန်းက စကားအရမ်းများလာရတာလဲ?

ဟုတ်ပါတယ်.. တက္ကသိုလ်ဟာ သင်ယူဖို့သာမကဘဲ မင်းရဲ့သင်ယူမှုစွမ်းရည်ကို မြှင့်တင်ဖို့လည်း ဖြစ်ပါတယ်။

သွေးလှူပြီးနောက် နှစ်ယောက်သား ထွက်သွားကြပြီး လက်ကမ်းစာစောင်များ ဝေကြသည်။ ပထမတော့ လမ်းပေါ်မှာ ကျောင်းသားတွေ အများကြီးရှိပေမဲ့ တချို့တလေက လမ်းတစ်ဝက်လောက်ကနေ ထွက်သွားကြ၏။ နောက်ဆုံးတော့ သူတို့ထဲက အနည်းငယ်ပဲ ကျန်ရှိခဲ့တော့သည်။

နောက်ဆုံးတွင် ကျောင်းသားအများအပြားဟာ အပိုခရက်ဒစ်ရရန်သာ ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ စုန့်ကျစ်ရွှမ်းက ဆုံးခန်းတိုင်အောင် နေခဲ့သဖြင့် ရှန့်နွမ် အမှန်တကယ်ပင် အံ့အားသင့်သွား၏။ စုန့်ကျစ်ရွှမ်းက ရှန်လင်၏အတန်းဖော်များအနားတွင် နေပြီး သူတို့နှင့် တစ်ချိန်လုံး စကားပြောနေပုံရသည်။

သူတို့အလုပ်ချိန်က ပြီးလုနီးပါးဖြစ်တာကိုမြင်တော့ ရှန်လင်ရဲ့အတန်းဖော်တွေက အစပြုပြီး မိန်းကလေးတွေကို နေ့လည်စာစားဖို့ ဖိတ်ခေါ်သည်။ စုန့်ကျစ်ရွှမ်းက ချက်ချင်းပြန်ဖြေ၏။

"ကောင်းတယ်! အနီးအနားမှာ ကိုယ်တိုင်ယူစနစ် ဝန်ဆောင်မှုကောင်းတဲ့ ပင်လယ်စာဟော့ပေါ့ စားသောက်ဆိုင်ရှိတယ်.. အရသာရှိပြီး တော်တော်စျေးသက်သာတယ် အတူတူသွားကြရအောင်"

ရှန်လင်က ရှန့်နွမ်ဘက်ကို လှမ်းကြည့်ရင်း မေး၏။

"မင်းရော ဘယ်လိုထင်လဲ?"

ရှန့်နွမ် စဉ်းစားပြီးနောက်

"သွားလို့ရတယ်"

သူမက ထွက်သွားရန်အသင့်ဖြစ်နေပြီဖြစ်သော လော့စစ်ချီကို ဖမ်းဆွဲပြီး သူမ၏လက်ကိုဆွဲလိုက်သည်။

"ငါ ငါ့အခန်းဖော်နဲ့ လိုက်ခဲ့မယ်"

"အိုကေ လူများလေ ပိုပျော်စရာကောင်းလေပဲ"

"......."

ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသော လော့စစ်ချီမှာ ရှန့်နွမ်ဆီသို့ တိတ်တဆိတ် ကြည့်လိုက်သည်။ ရှန့်နွမ် သူမကို ပြုံးပြပြီး မေး၏။

"နင် ပင်လယ်စာကြိုက်လား"

လော့စစ်ချီ စဉ်းစားပြီး ပြန်ဖြေသည်။

"အဆင်ပြေပါတယ်"

"အတူတူသွားရအောင် ငါလဲ အဲ့ဒီစားသောက်ဆိုင်မှာ စားဖူးတယ် တကယ်ကို အရသာရှိတယ်"

ထို့နောက် ရှန့်နွမ်က လော့စစ်ချီကို တိုးတိုးလေးကပ်ပြော၏။

"ငါ နင့်အတွက် ပေးလိုက်မယ်"

စကားအနည်းငယ်ပြောပြီးသောအခါတွင် ရှန့်နွမ်၊ လော့စစ်ချီနှင့် စုန့်ကျစ်ရွှမ်းတို့သုံးယောက်အပြင် ရှန်လင်နှင့် သူ၏တက္ကသိုလ်သူငယ်ချင်း သုံးယောက်တို့ဖြစ်ကြသော ခြောက်ယောက်အဖွဲ့ကို ဖွဲ့လိုက်ကြသည်။

စုန့်ကျစ်ရွှမ်းက အခြားကောင်လေးနှစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေစဉ် ရှန့်နွမ်က လော့စစ်ချီကို အဖွဲ့အနောက်ဘက်သို့ ခေါ်သွားခဲ့သည်။

ရှန့်နွမ် စုန့်ကျစ်ရွှမ်း၏နောက်ကျောကို မှင်တက်စွာ ကြည့်နေ၏။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးတွေနဲ့ ကောင်းကောင်းကစားနိုင်တဲ့ မိန်းကလေးတွေ အမြဲရှိနေမဲ့ပုံပဲ ၊ သဘောကျလောက်အောင် သွက်လက်ပြီး ချောမောသော မိန်းကလေးများမှာ ကျန်အတန်းများနှင့် အမြဲတမ်း ဆက်ဆံရေးကောင်းသူဖြစ်သည်။

ရိုးရိုးသားသားပြောရလျှင် ရှန့်နွမ်သည် ထိုသို့သောလူများနှင့် ပြောဆိုဆက်ဆံရာတွင် အလွန်ကောင်းမွန်ခြင်းမရှိ ၊ ထို့ကြောင့်ပင် သူမ လော့စစ်ချီကို ဤနေ့လည်စာစားရန် ဆွဲခေါ်သွားခြင်းဖြစ်သည်။

ထိုအချိန်တွင် ရှန်လင်က အရှိန်လျှော့ကာ ရှန့်နွမ်အနားသို့ တဖြည်းဖြည်း ရောက်ရှိလာ၏။ သူ သူမကို မေးသည်။

"ဘာဖြစ်နေတာလဲ ပင်လယ်စာ မစားချင်ဘူးလား"

ရှန့်နွမ် ခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး ဒီအတိုင်း ငါက သူတို့နဲ့ ဘာမှမဆိုင်ဘူး"

ရှန်လင်က ဒါကိုစဉ်းစားပြီး ဆက်ပြော၏။

"ရိုးရိုးသားသားပြောရရင် ငါက လူတွေနဲ့ အကြောင်းမဲ့သက်သက် ဘယ်လိုစကားပြောရမှန်းမသိဘူး"

"ငါ အထက်တန်းကျောင်းကတည်းက သိခဲ့တာ"

ရှန့်နွမ် ဤအရာကို သူမတစ်သက်တွင် ဘယ်တော့မှမေ့နိုင်မှာမဟုတ် ၊ နောက်ဆုံးတွင် သူသည် 'ငါးနှစ်ကောလိပ်ဝင်ခွင့်စာမေးပွဲ၊ သုံးနှစ်သရုပ်ဖော်' ဖတ်စာအုပ်နှင့်တူသော ကိတ်မုန့်တစ်လုံးကို သူမထံ တစ်ကြိမ်ပေးပို့ခဲ့ဖူးသည်။

ရှန်လင် ခေတ္တရပ်လိုက်ပြီး

"ဒါပေမဲ့ ကိစ္စမရှိပါဘူး.. မင်းရဲ့အတန်းဖော်နဲ့ဟူယန်က စကားပြောတာ အရမ်းကောင်းတယ် ဒါကြောင့် မင်း နေရခက်စရာ မလိုပါဘူး"

ထို့နောက် သူ့နာမည်ကို ဆင့်ခေါ်လိုက်သလိုပဲ ဟူယန်က နောက်လှည့်ပြီးမေး၏။

"ရှန်လင် မင်းက ဘာလို့ အဲ့ဒီကိုပြန်ရောက်နေတာလဲ.. စားသောက်ဆိုင်က တော်တော်နာမည်ကြီးတယ် ငါတို့ မြန်မြန်မသွားရင် စားပွဲတွေ ကျန်မှာမဟုတ်တော့ဘူး"

သတိပေးချက်မှာ ရှန့်နွမ်က စိုးရိမ်တကြီးဖြင့်

"ငါတို့ စားပွဲကို ကြိုမှာထားလို့ရလား"

"အိုကေ ငါ သူတို့ကို အခုဖုန်းခေါ်လိုက်မယ်"

စုန့်ကျစ်ရွှမ်းက သူမဖုန်းကိုထုတ်ပြီး ခြောက်ယောက်စာစားပွဲကို ကြိုတင်မှာယူထားလိုက်သည်။

သူတို့အဖွဲ့ရောက်လာတော့ စားသောက်ဆိုင်က စည်ကားနေပြီ။ ပင်လယ်စာဟော့ပေါ့ရနံ့က လေထဲတွင် ပျံ့လွင့်သွားကာ လူတိုင်း၏ဗိုက်ကို ချက်ချင်း ဖမ်းစားလိုက်လေသည်။ ဟူယန်က စားပွဲထိုးအား အရင်သွားပြီး ပြော၏။

"ဘော့စ် ခုနက ငါတို့ကြိုမှာထားတဲ့ စားပွဲက ဘယ်မှာလဲ"

"ကျေးဇူးပြုပြီး မင်းရဲ့နောက်ဆုံးနာမည်နဲ့ ဖုန်းနံပါတ်ကို ပေးပါ"

စားပွဲထိုးက ကြိုတင်မှာထားတာကို အတည်ပြုပြီး ပြတင်းပေါက်နားက ခုံတစ်ခုဆီ ခေါ်သွားလိုက်သည်။

"မင်းကိုယ်တိုင် အချဉ်ရည်စပ်လို့ရပါတယ် ဟင်းခတ်အမွှေးအကြိုင်က ဟိုဘက်မှာရှိပါတယ်"

ဟူယန်နှင့်အခြားသူများသည် စားပွဲထိုးညွှန်ပြသော ဧရိယာရှိရာသို့ ချက်ချင်း လျှောက်သွားကာ ရှန်လင်ကို စားပွဲတွင်နေ၍ သူတို့၏အိတ်များကို ကြည့်ရှုရန် ထားခဲ့သည်။ ရှန့်နွမ်လည်း စားပွဲမှာ နေခဲ့၏။ ရှန်လင်က သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသောကြောင့် ရှန့်နွမ်က နေရခက်စွာ ချောင်းဟန့်၍ ပြတင်းပေါက်မှ ဖြတ်သွားဖြတ်လာများကို လှမ်းကြည့်လိုက်သည်။

ရှန်လင်က ပဲပိစပ်ပန်းကန်ကို သူမဘက်သို့ တွန်းလိုက်ပြီး မေး၏ခ

"မင် အစာခံအောင်လို့ အရင်ဆုံး ပဲနည်းနည်းစားထားချင်လား"

"အင်း"

ရှနန့်နွမ်က လက်တစ်ဆုပ်စာ ယူ၍ ပါးစပ်ထဲထည့်သည်။

စားပွဲထိုးရောက်လာပြီး သူတို့အတွက် လက်ဖက်ရည်ဌဲ့ထည့်ပေးသည်။ ရှန်လင်က စားပွဲထိုးထွက်သွားတာကို စောင့်နေလိုက်ပြီးမှ သူမကို မေး၏။

"မင်းရဲ့စာတွေရော ဘယ်လိုလဲ? လုပ်ရမဲ့အလုပ်ကိုရော ကောင်းကောင်းနားလည်ပြီလား?"

"အဆင်ပြေပါတယ် ငါ့ရဲ့နှုတ်ဖြေအင်္ဂလိပ်စာအတန်းက နိုင်ငံခြားသားဆရာက အရမ်းကြည့်ကောင်းပြီး ရယ်စရာကောင်းတယ် လူတိုင်းက သူ့ရဲ့ပို့ချချက်ကို သဘောကျကြတယ်"

သင်ခန်းစာတိုင်းတွင် သူက ကျပန်းကျောင်းသားများကို မေးခွန်းများဖြေဆိုရန် မမေးပါက သူမက အတန်းကို ပိုချစ်မိသွားမည်ဖြစ်သည်။

ရှန်လင် ခေါင်းညိတ်လိုက်သည်။

"အင်း ဘာသာစကားအသစ်တစ်ခုကို သင်ယူတဲ့အခါမှာလဲ မင်း စကားပြောနည်းကို သင်ယူဖို့ အာရုံစိုက်သင့်တယ်.. အထက်တန်းကျောင်းတက်တုန်းက မင်း အင်္ဂလိပ်စာမှာ အတော်လေး တော်ပါတယ် ဒါကြောင့် သင်ယူရတာ အတော်လေးကို လွယ်ကူလိမ့်မယ်"

ရှန့်နွမ်နှုတ်ခမ်းတွေ ကော့တက်သွား၏။

"ဒါပေမဲ့ ငါ့ရဲ့အင်္ဂလိပ်စာအတန်းက ကျောင်းသားတွေအားလုံးကို နင် ဒီလိုပြောလို့ရတယ် ငါက အာရုံစူးစိုက်မှု သိပ်မရှိဘူး"

"စိတ်မပူပါနဲ့ ဖြည်းဖြည်းချင်းလုပ်ပေါ့.. ဘာသာစကား သင်ယူတာနဲ့ပတ်သတ်ရင် ပျင်းနေလို့မရဘူး များများနားထောင်ပြီး စကားပြောလေ့ကျင့်ဖို့ကိုလဲ မမေ့နဲ့"

အောက်ခံပန်းကန်ပြားလေးနှင့် ပြန်ရောက်လာသော ဟူယန်သည် ရှန်လင်ကိုကြည့်ကာ ဇဝေဇဝါဖြစ်သွား၏။

"ဘုရားရေ.. ရှန်လင် မင်းနဲ့အဲ့ဒီစီနီယာနဲ့ အတူတူစာလုပ်နေတာလို့ မင်း ငါ့ကို ပြောတုန်းက ငါ မင်းကို မယုံခဲ့ဘူး ဒါပေမဲ့ အခု ငါ လုံးဝယုံသွားပြီ! မင်းရှေ့မှာ ဒီလိုချစ်စရာကောင်းတဲ့ မိန်းကလေးနဲ့တောင် မင်းမှာ စာလုပ်ဖို့အကြောင်းပြောဖို့ နှလုံးသားရှိသေးတယ်!"

"........."

လော့စစ်ချီလည်း ပြန်ရောက်လာသည်ကို ရှန့်နွမ် မြင်လိုက်ရသဖြင့် ထရပ်လိုက်သည်။

"ငါလဲ အချဉ်ရည် သွားစပ်လိုက်အုံးမယ်"

ရှန်လင်က ဟူယန်အား ရက်ရက်စက်စက် အကြည့်တစ်ချက် ပစ်လွှတ်ပြီးနောက် မတ်တပ်ရပ်ကာ ဟင်းခတ်အမွှေးအကြိုင်များရှိရာသို့ လျှောက်သွားသည်။

ရှန့်နွမ်နှင့်ရှန်လင် ပြန်ရောက်လာသောအခါ ပင်လယ်စာများသည် အိုးထဲတွင် ပွက်ပွက်ဆူနေပြီဖြစ်သည်။ လူတိုင်းက တစ်မနက်လုံး လက်ကမ်းစာစောင်များကို ဝေပေးခဲ့ရသဖြင့် ဗိုက်ဆာကာ မောပန်းနွမ်းနယ်နေကြသည်။ အားလုံးက အရသာရှိတဲ့ အစားအသောက်တွေနဲ့ ပြည့်နေတဲ့အိုးကို စိုက်ကြည့်နေကြ၏။

ဟူယန်က သူ့တူကို ကိုင်ပြီး 'ငါတို့ စားလို့ရပြီလား' ဟု အကြိမ်ပေါင်းများစွာ ရေရွတ်နေသည်။ နောက်ဆုံး ရှန်လင်၏ခွင့်ပြုချက်ရသောအခါတွင် ငါးတစ်ပိုင်းကို အမြန်ဆွဲယူလိုက်၏။ သူ ဆွဲယူလိုက်ပြီးမှ သူ့ပတ်ဝန်းကျင်မှာ မိန်းကလေးတွေ ရှိနေသေးတာကို ရုတ်တရက် သတိရသွားသည်။ သူက ရှန်လင်ရဲ့ပန်းကန်ထဲ ငါးကိုထည့်ပေးပြီး လိမ္မာပါးနပ်စွာ ပြောလိုက်ပါ၏။

"မင်း အရင်စားကြည့်"

ရှန်လင် : "........."

ရှန်လင်က ငါးကို မြည်းစမ်းကြည့်ပြီးလျှင် လူတိုင်းရဲ့မျှော်လင့်ချက်မျက်လုံးအောက်မှာ သူက ခေါင်းညိတ်ပြီး လေးနက်စွာပြော၏။

"ကျက်သွားပြီ"
 
ဤအချက်ပြချိန်တွင် လူတိုင်းသည် ၎င်းတို့၏တူများကို ရွှေ့ကြတော့သည်။ ကောင်မလေးတွေက စားစရာတွေကို ယူနေတာမြင်တော့ ဟူယန်က သူ့လက်တွေကို အိုးဆီသို့ တစ်ဖန်လှမ်းလိုက်၏။ တစ်ချိန်တည်းမှာပဲ စုန့်ကျစ်ရွှမ်းက စားပွဲရဲ့ဓာတ်ပုံကို ရိုက်ပြီး သူမရဲ့လူမှုကွန်ရက်မှာ အရင်ဆုံး တင်သည်။ ရှန့်နွမ် သူမ၏ဇွဲလုံ့လကို မချီးကျူးမိဘဲမနေနိုင် ၊ လူတိုင်းက ဗိုက်ဆာနေပေမဲ့လည်း သူမကတော့ ဓာတ်ပုံအရင်ရိုက်ဖို့ သတိရနေတုန်းပါပဲ။

စုန့်ကျစ်ရွှမ်းရဲ့အချစ်စစ်က အစားစားရတာ မဟုတ်တဲ့ပုံပဲ။
 
သူမအတွက်ကတော့ နည်းနည်းလေးစားရရင်တောင် သူမ ကြိုက်မယ်ထင်တယ် ၊ အများကြီးစားလိုက်ခြင်းကြောင့် သူမလည်ချောင်းထဲတွင် နင်နေသော ငါးရိုးတစ်ပိုင်းကို သူမ ဂရုမစိုက်ဘဲ ရရှိသွားခဲ့သည်။

"အဟွတ်"

ရှန့်နွမ် သူမ၏ပါးစပ်ကို ကာ၍ အကြိမ်အနည်းငယ် ချောင်းဆိုးသော်လည်း အရိုးက လည်ချောင်းထဲတွင် ကပ်နေသေးသည်ဟု ခံစားနေရသည်။ ၎င်းက နာကျင်စပြုလာပြီ။

ရှန်လင်က သူမကို ပထမဆုံးသတိထားမိလိုက်ခြင်း ၊ သူ သူ့တူတွေကို ချပြီး မေး၏။

"ဘာဖြစ်နေတာလဲ?"

စိတ်ဓာတ်ကျတဲ့အမူအရာဖြင့် ရှန့်နွမ်က ပြန်ဖြေသည်။

"ငါ့လည်ချောင်းထဲမှာ ငါးရိုးတစ်ချောင်း နင်နေတယ်"

"နင်နေတယ်?"

စုန့်ကျစ်ရွှမ်း ခေါင်းမော့လိုက်သည်။

"ငါ တစ်ခါတုန်းကလဲ ဒီလိုပဲ ကြုံဖူးတယ်.. ငါ့အမေက ရှာလကာရည်သောက်ဖို့ ပြောတယ် ထမင်းအများကြီးစားလို့လဲရတယ်မလား? ရှာလကာရည်ဆိုရင်ရော ဘယ်လိုလဲ"

သူမက ရှာလကာရည်ပုလင်းသေးသေးလေးကို တွန်းဖွင့်သည်။ ရှန်လင်က ပုလင်းကို ကောက်ယူလိုက်ပြီး ပြော၏။

"ရှာလကာရည်က ဒီလိုအရာတွေအပေါ် သက်ရောက်မှုနည်းနည်းပဲရှိပြီး လည်ချောင်းအမြှေးပါးကိုတောင် ပျက်စီးစေနိုင်တယ်.. ထမင်းအများကြီးစားရင် ပိုဆိုးသွားလိမ့်မယ် ငါးရိုးကို ပိုနက်သထက် နက်သွားစေပြီး အစာမျိုပြွန်ကို ဓားနဲ့ထိုးနေသလိုမျိုးပဲ"

မသိနားမလည်သော ရှန့်နွမ်မှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည်။

"တကယ်ကြီးလား? ငါ ငယ်ငယ်က ငါးအရိုးနင်တဲ့အချိန်တိုင်း ထမင်းပဲစားလိုက်တာ"

"ဒါက မင်း အခုထိ ကံကောင်းနေခဲ့လို့ပေါ့.. သိပ္ပံပညာကို ယုံကြည်လိုက်ပါ"

"......."

ရှန့်နွမ် ခဏတိတ်ဆိတ်သွားပြီး ရှန်လင်ကို မေးလိုက်သည်။

"ဒါဆို သိပ္ပံပညာက ငါဘာလုပ်သင့်တယ်လို့ ပြောလဲ"

"ဆေးရုံသွားပြပြီး အရိုးကိုထုတ်ပစ်ရမယ်"

"........"

ရှန့်နွမ် ဆေးရုံကို မသွားချင်ဘူး ၊ သူမ သိပ်မစားရသေးဘူးလေ နောက်ပြီး ဒီအတွက်နဲ့ ဆေးရုံသွားရတာက တော်တော်ကို ဒုက္ခရောက်လိမ့်မယ်။ သူမရဲ့အမူအရာကိုကြည့်ပြီး ဟူယန်က ဆို၏။

"ရှန်လင်ပြောတာမှန်တယ် ဆေးရုံကိုသွားလိုက်တာ ပိုကောင်းတယ်.. အရိုးက သိပ်မနက်ဘူးဆိုရင် အထွေထွေရောဂါကုဆရာဝန်က ဇာကနာလေးနဲ့ ဆွဲထုတ်လိုက်လို့ရတယ် အရမ်းမြန်တယ်!"

"ဟမ်....."

ရှန့်နွမ် ထိုအကြောင်းတွေးလိုက်သည်။ သူတို့ ဒီကိုလာတဲ့လမ်းမှာ ဆေးခန်းတစ်ခုကို ဖြတ်လာခဲ့တယ်။

"ငါတို့ ဒီကိုလာတဲ့လမ်းမှာ ဆေးခန်းတစ်ခုကို ဖြတ်လာခဲ့တာ ငါ သွားမေးလိုက်မယ်"

ရှန်လင်က သူမကို ပြော၏။

"ငါ မင်းနဲ့လိုက်ခဲ့မယ်"

"အိုကေ"

ရှန့်နွမ် သူမအိတ်ကို ကောက်ယူပြီး ထွက်သွားပါတော့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမက နောက်လှည့်၍ လူတိုင်းကို ပြော၏။

"ငါတို့အတွက် ချန်ထားအုံး!"

ဟူယန်က စိတ်ချစေ၏။

"စိတ်မပူပါနဲ့ ဒါက ကိုယ်တိုင်ယူစနစ် ဟော့ပေါ့ပဲ.. ငါတို့ ဖြည်းဖြည်းစားပြီး မင်းတို့ပြန်လာတာကို စောင့်နေမယ်!"

ရှန့်နွမ် ခေါင်းညိတ်ပြီး ရှန်လင်နှင့်အတူ စားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

"အရိုးက နက်နေလား"

ရှန့်နွမ်က သူမလည်ချောင်းရဲ့အထိအတွေ့ကို လေ့လာပြီး ပြန်ဖြေသည်။

"အဆင်ပြေတယ်လို့ထင်တယ် သိပ်မနက်လောက်ဘူး"
   
ရှန်လင်က ခဏမျှငြိမ်သက်သွားကာ ကလေးနှင့်စကားပြောနေသကဲ့သို့ ပြောလာ၏။

"မင်းနဲ့ငါးက သဟဇာတဖြစ်တယ်လို့ ငါမထင်ဘူး နောက်တစ်ခါ မင်း ငါးမစားသင့်ဘူး"

ရှန့်နွမ် : "........"

သူမ ငါးစားတိုင်း လည်ချောင်းမှာ အရိုးနင်နေတာ မဟုတ်ဘူးလေ...
  
ခဏအကြာတွင် သူတို့နှစ်ယောက် ဆေးခန်းကို ရောက်လာကြသည်။ ဒေါက်တာက သူမလည်ချောင်းကို မီးနှင့်ထိုးကြည့်ပြီး အရိုးက မမြင်နိုင်လောက်အောင် နက်နေတာမဟုတ်မှန်း သိလိုက်ရသည်။ သူမက လည်ချောင်းထဲတွင် ငါးအရိုးနင်နေသဖြင့် ဤဆေးခန်းသို့ ပထမဆုံးလာရောက်သူမဟုတ်ကြောင်း ထင်ရှားပါ၏။ ဒေါက်တာက ငါးအရိုးကိုညှပ်ထုတ်ရန် ဇာကနာအချို့ကို ကျွမ်းကျင်စွာအသုံးပြုပြီး လုပ်ငန်းစဉ်တစ်ခုလုံးဟာ တစ်မိနစ် သို့မဟုတ် နှစ်မိနစ်သာကြာသည်။

အရိုးကိုထုတ်ယူပြီးနောက် ရှန့်နွမ်မှာ သူမ၏လည်ချောင်းက ချက်ချင်းသက်သာသွားသလို ခံစားလိုက်ရသည်။

ရှန်လင်က ဒေါက်တာ့ကိုမေး၏။

"သူမရဲ့အစာပြွန်ကို ထိခိုက်မိသွားသေးလား"

"အရိုးနင်တာက သိပ်မနက်ပါဘူး.. သူမရဲ့အစာပြွန်ကိုတောင် မရောက်သင့်ဘူး"

ရှန်လင် ရှန့်နွမ်ဘက်သို့ လှည့်လိုက်သည်။

"မင်းလည်ချောင်နာနေသေးလား? တခြားနာတာတွေရောရှိလား"

ရှန့်နွမ် ခေါင်းယမ်းပြ၏။

"မရှိဘူး ငါ အဆင်ပြေတယ်"

ဒေါက်တာက ပြုံးရင်းဖြင့်

"ကောင်းတယ် သမီးရေ နောက်တစ်ခါ ငါးစားရင် ပိုဂရုစိုက်နော်"

"ဟုတ်ကဲ့ပါ..."

ငွေပေးချေပြီးနောက် ရှန့်နွမ်နှင့်ရှန်လင်တို့က စားသောက်ဆိုင်ဆီသို့ ပြန်သွားကြသည်။ ရှန်လင်က အနည်းငယ်စိုးရိမ်နေသေးသဖြင့် နောက်တစ်ကြိမ် ထပ်မေးပြန်ပါ၏။

"မင်းရဲ့လည်ချောင်းက တကယ်အဆင်ပြေရဲ့လား"

"ပြေပါတယ်"

ရှန့်နွမ်က သူမ၏လည်ချောင်းခံစားချက်ကို တစ်ဖန်ပြန်၍ အာရုံပြုလိုက်ပြီး အဆင်ပြေကြောင်း အခိုင်အမာဆိုသည်။

"ပြေပါအုံး ဒေါက်တာက ဟော့ပေါ့စားသောက်ဆိုင်နားမှာ ဆေးခန်းကို တမင်ဖွင့်ထားတာလို့ နင်ထင်လား? ဒီလိုဆိုရင် သူတို့လည်ချောင်းထဲမှာ ငါးရိုးနင်နေတဲ့လူတွေကို သူ စောင့်နိုင်တယ်လေ"

ရှန်လင် သူမ၏စကားကြောင့် အံ့အားသင့်သွားကာ ရယ်မောလိုက်တော့သည်။ ရှန့်နွမ်အနေဖြင့် ရှန်လင်ရယ်တာကို သူမမြင်ဖူးတာ ဒါပထမဆုံးအကြိမ် ဖြစ်မလားလို့ တွေးနေမိ၏။

"နင် ပိုပြုံးသင့်တယ် နင့်ရဲ့ပုံမှန်အမူအရာက တခြားလူတွေကို နင်နဲ့စကားပြောရမှာကို ကြောက်စေတယ်"

"ငါ့ရဲ့ပုံမှန်အမူအရာက ကြောက်စရာကောင်းလို့လား"

"နင်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာမဟုတ်ပေမဲ့ နင့်ရဲ့ပုံမှန်အမူအရာက နင့်ကို စာဂျပိုးတစ်ယောက်လို ဖြစ်စေတယ်"

"........"

ရှန်လင် တိတ်ဆိတ်သွား၏။

"မင်းက ဆန္ဒရှိမှတော့ ငါ ပိုပြီးပြုံးလိုက်ပါ့မယ်"
  
ရှန့်နွမ်က ရှန်လင်ကို လှည့်ကြည့်လိုက်ပြီး သူက ထူးဆန်းနေသလိုလို။

"ရှန်လင် ရိုးရိုးသားသားပြောစမ်း နင် ဒီရက်ပိုင်း ကောင်မလေးရနေပြီလား? နင် ရုတ်တရက် ဘာလို့ စကားအရမ်းများနေတာလဲ"

"မရပါဘူး"

ရှန်လင် သူမကို ကြည့်လျက်

"မင်းရော? ကောင်လေးရနေပြီလား"

"အိုး"

ရှန့်နွမ် ညည်းတွားလိုက်သည်။

"ငါ့မှာသာ ကောင်လေးရှိရင် နင်နဲ့အတူစားလိမ့်မယ်လို့ ထင်နေလား"

ရှန်လင် ပြုံးနေ၏။

"အဲ့ဒါဆို ငါတို့နှစ်ယောက်လုံး စမ်းကြည့်ကြမလား?"

"စမ်းကြည့်မယ်? ဘာကိုစမ်းကြည့်မှာလဲ"

ရှန့်နွမ်က နားမလည်ဟန်ဆောင်လိုက်ပါသည်။ ရှန်လင်က သူမ၏မသိမသာ ကြိုးပမ်းမှုများကို စိတ်ထဲမထားဘဲ

"ဒါပေါ့ အစမ်းချစ်ကြည့်ကြမယ်"

ရှန့်နွမ်က သူ့ကို ကြည့်လိုက်သည်။

"နင့်မှာ ချစ်သူထားဖို့အချိန်ရော ရှိလို့လား"

"ကိစ္စတွေကို ပြန်စီစဉ်တာက အမှားအယွင်းမရှိပါဘူး စာလုပ်ဖို့ပဲဖြစ်ဖြစ် ဆက်ဆံရေးအတွက်ပဲဖြစ်ဖြစ် ထိန်းညှိဖို့က အဓိကပဲ"

ရှန့်နွမ် : "........"
 
ထိပ်တန်းကျောင်းသားတစ်ယောက်လို တုံ့ပြန်မှုမျိုးပါလား...

ရှန်လင်က သူမကို မျှော်လင့်တကြီး ကြည့်နေတာကိုမြင်လျှင် ရှန့်နွမ်က ပြုံးပြီး ပြောလိုက်ပါတော့သည်။

"ဒါဆို စမ်းကြည့်ကြတာပေါ့"


________________________



အယ္? ရွန္လင္ ဘယ္တုန္းက စကားအရမ္းမ်ားလာရတာလဲ?

ဟုတ္ပါတယ္.. တကၠသိုလ္ဟာ သင္ယူဖို႔သာမကဘဲ မင္းရဲ႕သင္ယူမႈစြမ္းရည္ကို ျမႇင့္တင္ဖို႔လည္း ျဖစ္ပါတယ္။

ေသြးလႉၿပီးေနာက္ ႏွစ္ေယာက္သား ထြက္သြားၾကၿပီး လက္ကမ္းစာေစာင္မ်ား ေဝၾကသည္။ ပထမေတာ့ လမ္းေပၚမွာ ေက်ာင္းသားေတြ အမ်ားႀကီးရွိေပမဲ့ တခ်ိဳ႕တေလက လမ္းတစ္ဝက္ေလာက္ကေန ထြက္သြားၾက၏။ ေနာက္ဆုံးေတာ့ သူတို႔ထဲက အနည္းငယ္ပဲ က်န္ရွိခဲ့ေတာ့သည္။

ေနာက္ဆုံးတြင္ ေက်ာင္းသားအမ်ားအျပားဟာ အပိုခရက္ဒစ္ရရန္သာ ပါဝင္ခဲ့ၾကျခင္းျဖစ္သည္။ စုန့္က်စ္႐ႊမ္းက ဆုံးခန္းတိုင္ေအာင္ ေနခဲ့သျဖင့္ ရွန့္ႏြမ္ အမွန္တကယ္ပင္ အံ့အားသင့္သြား၏။ စုန့္က်စ္႐ႊမ္းက ရွန္လင္၏အတန္းေဖာ္မ်ားအနားတြင္ ေနၿပီး သူတို႔ႏွင့္ တစ္ခ်ိန္လုံး စကားေျပာေနပုံရသည္။

သူတို႔အလုပ္ခ်ိန္က ၿပီးလုနီးပါးျဖစ္တာကိုျမင္ေတာ့ ရွန္လင္ရဲ႕အတန္းေဖာ္ေတြက အစျပဳၿပီး မိန္းကေလးေတြကို ေန႕လည္စာစားဖို႔ ဖိတ္ေခၚသည္။ စုန့္က်စ္႐ႊမ္းက ခ်က္ခ်င္းျပန္ေျဖ၏။

"ေကာင္းတယ္! အနီးအနားမွာ ကိုယ္တိုင္ယူစနစ္ ဝန္ေဆာင္မႈေကာင္းတဲ့ ပင္လယ္စာေဟာ့ေပါ့ စားေသာက္ဆိုင္ရွိတယ္.. အရသာရွိၿပီး ေတာ္ေတာ္ေစ်းသက္သာတယ္ အတူတူသြားၾကရေအာင္"

ရွန္လင္က ရွန့္ႏြမ္ဘက္ကို လွမ္းၾကည့္ရင္း ေမး၏။

"မင္းေရာ ဘယ္လိုထင္လဲ?"

ရွန့္ႏြမ္ စဥ္းစားၿပီးေနာက္

"သြားလို႔ရတယ္"

သူမက ထြက္သြားရန္အသင့္ျဖစ္ေနၿပီျဖစ္ေသာ ေလာ့စစ္ခ်ီကို ဖမ္းဆြဲၿပီး သူမ၏လက္ကိုဆြဲလိုက္သည္။

"ငါ ငါ့အခန္းေဖာ္နဲ႕ လိုက္ခဲ့မယ္"

"အိုေက လူမ်ားေလ ပိုေပ်ာ္စရာေကာင္းေလပဲ"

"......."

႐ုတ္တရက္ ဆြဲေခၚခံလိုက္ရေသာ ေလာ့စစ္ခ်ီမွာ ရွန့္ႏြမ္ဆီသို႔ တိတ္တဆိတ္ ၾကည့္လိုက္သည္။ ရွန့္ႏြမ္ သူမကို ၿပဳံးျပၿပီး ေမး၏။

"နင္ ပင္လယ္စာႀကိဳက္လား"

ေလာ့စစ္ခ်ီ စဥ္းစားၿပီး ျပန္ေျဖသည္။

"အဆင္ေျပပါတယ္"

"အတူတူသြားရေအာင္ ငါလဲ အဲ့ဒီစားေသာက္ဆိုင္မွာ စားဖူးတယ္ တကယ္ကို အရသာရွိတယ္"

ထို႔ေနာက္ ရွန့္ႏြမ္က ေလာ့စစ္ခ်ီကို တိုးတိုးေလးကပ္ေျပာ၏။

"ငါ နင့္အတြက္ ေပးလိုက္မယ္"

စကားအနည္းငယ္ေျပာၿပီးေသာအခါတြင္ ရွန့္ႏြမ္၊ ေလာ့စစ္ခ်ီႏွင့္ စုန့္က်စ္႐ႊမ္းတို႔သုံးေယာက္အျပင္ ရွန္လင္ႏွင့္ သူ၏တကၠသိုလ္သူငယ္ခ်င္း သုံးေယာက္တို႔ျဖစ္ၾကေသာ ေျခာက္ေယာက္အဖြဲ႕ကို ဖြဲ႕လိုက္ၾကသည္။

စုန့္က်စ္႐ႊမ္းက အျခားေကာင္ေလးႏွစ္ေယာက္ႏွင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားေျပာေနစဥ္ ရွန့္ႏြမ္က ေလာ့စစ္ခ်ီကို အဖြဲ႕အေနာက္ဘက္သို႔ ေခၚသြားခဲ့သည္။

ရွန့္ႏြမ္ စုန့္က်စ္႐ႊမ္း၏ေနာက္ေက်ာကို မွင္တက္စြာ ၾကည့္ေန၏။ ဘာပဲျဖစ္ျဖစ္ ေယာက္်ားေလးေတြနဲ႕ ေကာင္းေကာင္းကစားနိုင္တဲ့ မိန္းကေလးေတြ အၿမဲရွိေနမဲ့ပုံပဲ ၊ သေဘာက်ေလာက္ေအာင္ သြက္လက္ၿပီး ေခ်ာေမာေသာ မိန္းကေလးမ်ားမွာ က်န္အတန္းမ်ားႏွင့္ အၿမဲတမ္း ဆက္ဆံေရးေကာင္းသူျဖစ္သည္။

ရိုးရိုးသားသားေျပာရလွ်င္ ရွန့္ႏြမ္သည္ ထိုသို႔ေသာလူမ်ားႏွင့္ ေျပာဆိုဆက္ဆံရာတြင္ အလြန္ေကာင္းမြန္ျခင္းမရွိ ၊ ထို႔ေၾကာင့္ပင္ သူမ ေလာ့စစ္ခ်ီကို ဤေန႕လည္စာစားရန္ ဆြဲေခၚသြားျခင္းျဖစ္သည္။

ထိုအခ်ိန္တြင္ ရွန္လင္က အရွိန္ေလွ်ာ့ကာ ရွန့္ႏြမ္အနားသို႔ တျဖည္းျဖည္း ေရာက္ရွိလာ၏။ သူ သူမကို ေမးသည္။

"ဘာျဖစ္ေနတာလဲ ပင္လယ္စာ မစားခ်င္ဘူးလား"

ရွန့္ႏြမ္ ေခါင္းခါလိုက္သည္။

"မဟုတ္ပါဘူး ဒီအတိုင္း ငါက သူတို႔နဲ႕ ဘာမွမဆိုင္ဘူး"

ရွန္လင္က ဒါကိုစဥ္းစားၿပီး ဆက္ေျပာ၏။

"ရိုးရိုးသားသားေျပာရရင္ ငါက လူေတြနဲ႕ အေၾကာင္းမဲ့သက္သက္ ဘယ္လိုစကားေျပာရမွန္းမသိဘူး"

"ငါ အထက္တန္းေက်ာင္းကတည္းက သိခဲ့တာ"

ရွန့္ႏြမ္ ဤအရာကို သူမတစ္သက္တြင္ ဘယ္ေတာ့မွေမ့နိုင္မွာမဟုတ္ ၊ ေနာက္ဆုံးတြင္ သူသည္ 'ငါးႏွစ္ေကာလိပ္ဝင္ခြင့္စာေမးပြဲ၊ သုံးႏွစ္သ႐ုပ္ေဖာ္' ဖတ္စာအုပ္ႏွင့္တူေသာ ကိတ္မုန႔္တစ္လုံးကို သူမထံ တစ္ႀကိမ္ေပးပို႔ခဲ့ဖူးသည္။

ရွန္လင္ ေခတၱရပ္လိုက္ၿပီး

"ဒါေပမဲ့ ကိစၥမရွိပါဘူး.. မင္းရဲ႕အတန္းေဖာ္နဲ႕ဟူယန္က စကားေျပာတာ အရမ္းေကာင္းတယ္ ဒါေၾကာင့္ မင္း ေနရခက္စရာ မလိုပါဘူး"

ထို႔ေနာက္ သူ႕နာမည္ကို ဆင့္ေခၚလိုက္သလိုပဲ ဟူယန္က ေနာက္လွည့္ၿပီးေမး၏။

"ရွန္လင္ မင္းက ဘာလို႔ အဲ့ဒီကိုျပန္ေရာက္ေနတာလဲ.. စားေသာက္ဆိုင္က ေတာ္ေတာ္နာမည္ႀကီးတယ္ ငါတို႔ ျမန္ျမန္မသြားရင္ စားပြဲေတြ က်န္မွာမဟုတ္ေတာ့ဘူး"

သတိေပးခ်က္မွာ ရွန့္ႏြမ္က စိုးရိမ္တႀကီးျဖင့္

"ငါတို႔ စားပြဲကို ႀကိဳမွာထားလို႔ရလား"

"အိုေက ငါ သူတို႔ကို အခုဖုန္းေခၚလိုက္မယ္"

စုန့္က်စ္႐ႊမ္းက သူမဖုန္းကိုထုတ္ၿပီး ေျခာက္ေယာက္စာစားပြဲကို ႀကိဳတင္မွာယူထားလိုက္သည္။

သူတို႔အဖြဲ႕ေရာက္လာေတာ့ စားေသာက္ဆိုင္က စည္ကားေနၿပီ။ ပင္လယ္စာေဟာ့ေပါ့ရနံ႕က ေလထဲတြင္ ပ်ံ့လြင့္သြားကာ လူတိုင္း၏ဗိုက္ကို ခ်က္ခ်င္း ဖမ္းစားလိုက္ေလသည္။ ဟူယန္က စားပြဲထိုးအား အရင္သြားၿပီး ေျပာ၏။

"ေဘာ့စ္ ခုနက ငါတို႔ႀကိဳမွာထားတဲ့ စားပြဲက ဘယ္မွာလဲ"

"ေက်းဇူးျပဳၿပီး မင္းရဲ႕ေနာက္ဆုံးနာမည္နဲ႕ ဖုန္းနံပါတ္ကို ေပးပါ"

စားပြဲထိုးက ႀကိဳတင္မွာထားတာကို အတည္ျပဳၿပီး ျပတင္းေပါက္နားက ခုံတစ္ခုဆီ ေခၚသြားလိုက္သည္။

"မင္းကိုယ္တိုင္ အခ်ဥ္ရည္စပ္လို႔ရပါတယ္ ဟင္းခတ္အေမႊးအႀကိဳင္က ဟိုဘက္မွာရွိပါတယ္"

ဟူယန္ႏွင့္အျခားသူမ်ားသည္ စားပြဲထိုးၫႊန္ျပေသာ ဧရိယာရွိရာသို႔ ခ်က္ခ်င္း ေလွ်ာက္သြားကာ ရွန္လင္ကို စားပြဲတြင္ေန၍ သူတို႔၏အိတ္မ်ားကို ၾကည့္ရႈရန္ ထားခဲ့သည္။ ရွန့္ႏြမ္လည္း စားပြဲမွာ ေနခဲ့၏။ ရွန္လင္က သူမႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနေသာေၾကာင့္ ရွန့္ႏြမ္က ေနရခက္စြာ ေခ်ာင္းဟန့္၍ ျပတင္းေပါက္မွ ျဖတ္သြားျဖတ္လာမ်ားကို လွမ္းၾကည့္လိုက္သည္။

ရွန္လင္က ပဲပိစပ္ပန္းကန္ကို သူမဘက္သို႔ တြန္းလိုက္ၿပီး ေမး၏ခ

"မင္ အစာခံေအာင္လို႔ အရင္ဆုံး ပဲနည္းနည္းစားထားခ်င္လား"

"အင္း"

ရွနန့္ႏြမ္က လက္တစ္ဆုပ္စာ ယူ၍ ပါးစပ္ထဲထည့္သည္။

စားပြဲထိုးေရာက္လာၿပီး သူတို႔အတြက္ လက္ဖက္ရည္ဌဲ့ထည့္ေပးသည္။ ရွန္လင္က စားပြဲထိုးထြက္သြားတာကို ေစာင့္ေနလိုက္ၿပီးမွ သူမကို ေမး၏။

"မင္းရဲ႕စာေတြေရာ ဘယ္လိုလဲ? လုပ္ရမဲ့အလုပ္ကိုေရာ ေကာင္းေကာင္းနားလည္ၿပီလား?"

"အဆင္ေျပပါတယ္ ငါ့ရဲ႕ႏႈတ္ေျဖအဂၤလိပ္စာအတန္းက နိုင္ငံျခားသားဆရာက အရမ္းၾကည့္ေကာင္းၿပီး ရယ္စရာေကာင္းတယ္ လူတိုင္းက သူ႕ရဲ႕ပို႔ခ်ခ်က္ကို သေဘာက်ၾကတယ္"

သင္ခန္းစာတိုင္းတြင္ သူက က်ပန္းေက်ာင္းသားမ်ားကို ေမးခြန္းမ်ားေျဖဆိုရန္ မေမးပါက သူမက အတန္းကို ပိုခ်စ္မိသြားမည္ျဖစ္သည္။

ရွန္လင္ ေခါင္းညိတ္လိုက္သည္။

"အင္း ဘာသာစကားအသစ္တစ္ခုကို သင္ယူတဲ့အခါမွာလဲ မင္း စကားေျပာနည္းကို သင္ယူဖို႔ အာ႐ုံစိုက္သင့္တယ္.. အထက္တန္းေက်ာင္းတက္တုန္းက မင္း အဂၤလိပ္စာမွာ အေတာ္ေလး ေတာ္ပါတယ္ ဒါေၾကာင့္ သင္ယူရတာ အေတာ္ေလးကို လြယ္ကူလိမ့္မယ္"

ရွန့္ႏြမ္ႏႈတ္ခမ္းေတြ ေကာ့တက္သြား၏။

"ဒါေပမဲ့ ငါ့ရဲ႕အဂၤလိပ္စာအတန္းက ေက်ာင္းသားေတြအားလုံးကို နင္ ဒီလိုေျပာလို႔ရတယ္ ငါက အာ႐ုံစူးစိုက္မႈ သိပ္မရွိဘူး"

"စိတ္မပူပါနဲ႕ ျဖည္းျဖည္းခ်င္းလုပ္ေပါ့.. ဘာသာစကား သင္ယူတာနဲ႕ပတ္သတ္ရင္ ပ်င္းေနလို႔မရဘူး မ်ားမ်ားနားေထာင္ၿပီး စကားေျပာေလ့က်င့္ဖို႔ကိုလဲ မေမ့နဲ႕"

ေအာက္ခံပန္းကန္ျပားေလးႏွင့္ ျပန္ေရာက္လာေသာ ဟူယန္သည္ ရွန္လင္ကိုၾကည့္ကာ ဇေဝဇဝါျဖစ္သြား၏။

"ဘုရားေရ.. ရွန္လင္ မင္းနဲ႕အဲ့ဒီစီနီယာနဲ႕ အတူတူစာလုပ္ေနတာလို႔ မင္း ငါ့ကို ေျပာတုန္းက ငါ မင္းကို မယုံခဲ့ဘူး ဒါေပမဲ့ အခု ငါ လုံးဝယုံသြားၿပီ! မင္းေရွ႕မွာ ဒီလိုခ်စ္စရာေကာင္းတဲ့ မိန္းကေလးနဲ႕ေတာင္ မင္းမွာ စာလုပ္ဖို႔အေၾကာင္းေျပာဖို႔ ႏွလုံးသားရွိေသးတယ္!"

"........."

ေလာ့စစ္ခ်ီလည္း ျပန္ေရာက္လာသည္ကို ရွန့္ႏြမ္ ျမင္လိုက္ရသျဖင့္ ထရပ္လိုက္သည္။

"ငါလဲ အခ်ဥ္ရည္ သြားစပ္လိုက္အုံးမယ္"

ရွန္လင္က ဟူယန္အား ရက္ရက္စက္စက္ အၾကည့္တစ္ခ်က္ ပစ္လႊတ္ၿပီးေနာက္ မတ္တပ္ရပ္ကာ ဟင္းခတ္အေမႊးအႀကိဳင္မ်ားရွိရာသို႔ ေလွ်ာက္သြားသည္။

ရွန့္ႏြမ္ႏွင့္ရွန္လင္ ျပန္ေရာက္လာေသာအခါ ပင္လယ္စာမ်ားသည္ အိုးထဲတြင္ ပြက္ပြက္ဆူေနၿပီျဖစ္သည္။ လူတိုင္းက တစ္မနက္လုံး လက္ကမ္းစာေစာင္မ်ားကို ေဝေပးခဲ့ရသျဖင့္ ဗိုက္ဆာကာ ေမာပန္းႏြမ္းနယ္ေနၾကသည္။ အားလုံးက အရသာရွိတဲ့ အစားအေသာက္ေတြနဲ႕ ျပည့္ေနတဲ့အိုးကို စိုက္ၾကည့္ေနၾက၏။

ဟူယန္က သူ႕တူကို ကိုင္ၿပီး 'ငါတို႔ စားလို႔ရၿပီလား' ဟု အႀကိမ္ေပါင္းမ်ားစြာ ေရ႐ြတ္ေနသည္။ ေနာက္ဆုံး ရွန္လင္၏ခြင့္ျပဳခ်က္ရေသာအခါတြင္ ငါးတစ္ပိုင္းကို အျမန္ဆြဲယူလိုက္၏။ သူ ဆြဲယူလိုက္ၿပီးမွ သူ႕ပတ္ဝန္းက်င္မွာ မိန္းကေလးေတြ ရွိေနေသးတာကို ႐ုတ္တရက္ သတိရသြားသည္။ သူက ရွန္လင္ရဲ႕ပန္းကန္ထဲ ငါးကိုထည့္ေပးၿပီး လိမၼာပါးနပ္စြာ ေျပာလိုက္ပါ၏။

"မင္း အရင္စားၾကည့္"

ရွန္လင္ : "........."

ရွန္လင္က ငါးကို ျမည္းစမ္းၾကည့္ၿပီးလွ်င္ လူတိုင္းရဲ႕ေမွ်ာ္လင့္ခ်က္မ်က္လုံးေအာက္မွာ သူက ေခါင္းညိတ္ၿပီး ေလးနက္စြာေျပာ၏။

"က်က္သြားၿပီ"
 
ဤအခ်က္ျပခ်ိန္တြင္ လူတိုင္းသည္ ၎တို႔၏တူမ်ားကို ေ႐ႊ႕ၾကေတာ့သည္။ ေကာင္မေလးေတြက စားစရာေတြကို ယူေနတာျမင္ေတာ့ ဟူယန္က သူ႕လက္ေတြကို အိုးဆီသို႔ တစ္ဖန္လွမ္းလိုက္၏။ တစ္ခ်ိန္တည္းမွာပဲ စုန့္က်စ္႐ႊမ္းက စားပြဲရဲ႕ဓာတ္ပုံကို ရိုက္ၿပီး သူမရဲ႕လူမႈကြန္ရက္မွာ အရင္ဆုံး တင္သည္။ ရွန့္ႏြမ္ သူမ၏ဇြဲလုံ႕လကို မခ်ီးက်ဴးမိဘဲမေနနိုင္ ၊ လူတိုင္းက ဗိုက္ဆာေနေပမဲ့လည္း သူမကေတာ့ ဓာတ္ပုံအရင္ရိုက္ဖို႔ သတိရေနတုန္းပါပဲ။

စုန့္က်စ္႐ႊမ္းရဲ႕အခ်စ္စစ္က အစားစားရတာ မဟုတ္တဲ့ပုံပဲ။
 
သူမအတြက္ကေတာ့ နည္းနည္းေလးစားရရင္ေတာင္ သူမ ႀကိဳက္မယ္ထင္တယ္ ၊ အမ်ားႀကီးစားလိုက္ျခင္းေၾကာင့္ သူမလည္ေခ်ာင္းထဲတြင္ နင္ေနေသာ ငါးရိုးတစ္ပိုင္းကို သူမ ဂ႐ုမစိုက္ဘဲ ရရွိသြားခဲ့သည္။

"အဟြတ္"

ရွန့္ႏြမ္ သူမ၏ပါးစပ္ကို ကာ၍ အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးေသာ္လည္း အရိုးက လည္ေခ်ာင္းထဲတြင္ ကပ္ေနေသးသည္ဟု ခံစားေနရသည္။ ၎က နာက်င္စျပဳလာၿပီ။

ရွန္လင္က သူမကို ပထမဆုံးသတိထားမိလိုက္ျခင္း ၊ သူ သူ႕တူေတြကို ခ်ၿပီး ေမး၏။

"ဘာျဖစ္ေနတာလဲ?"

စိတ္ဓာတ္က်တဲ့အမူအရာျဖင့္ ရွန့္ႏြမ္က ျပန္ေျဖသည္။

"ငါ့လည္ေခ်ာင္းထဲမွာ ငါးရိုးတစ္ေခ်ာင္း နင္ေနတယ္"

"နင္ေနတယ္?"

စုန့္က်စ္႐ႊမ္း ေခါင္းေမာ့လိုက္သည္။

"ငါ တစ္ခါတုန္းကလဲ ဒီလိုပဲ ႀကဳံဖူးတယ္.. ငါ့အေမက ရွာလကာရည္ေသာက္ဖို႔ ေျပာတယ္ ထမင္းအမ်ားႀကီးစားလို႔လဲရတယ္မလား? ရွာလကာရည္ဆိုရင္ေရာ ဘယ္လိုလဲ"

သူမက ရွာလကာရည္ပုလင္းေသးေသးေလးကို တြန္းဖြင့္သည္။ ရွန္လင္က ပုလင္းကို ေကာက္ယူလိုက္ၿပီး ေျပာ၏။

"ရွာလကာရည္က ဒီလိုအရာေတြအေပၚ သက္ေရာက္မႈနည္းနည္းပဲရွိၿပီး လည္ေခ်ာင္းအျမႇေးပါးကိုေတာင္ ပ်က္စီးေစနိုင္တယ္.. ထမင္းအမ်ားႀကီးစားရင္ ပိုဆိုးသြားလိမ့္မယ္ ငါးရိုးကို ပိုနက္သထက္ နက္သြားေစၿပီး အစာမ်ိဳႁပြန္ကို ဓားနဲ႕ထိုးေနသလိုမ်ိဳးပဲ"

မသိနားမလည္ေသာ ရွန့္ႏြမ္မွာ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖစ္ေနသည္။

"တကယ္ႀကီးလား? ငါ ငယ္ငယ္က ငါးအရိုးနင္တဲ့အခ်ိန္တိုင္း ထမင္းပဲစားလိုက္တာ"

"ဒါက မင္း အခုထိ ကံေကာင္းေနခဲ့လို႔ေပါ့.. သိပၸံပညာကို ယုံၾကည္လိုက္ပါ"

"......."

ရွန့္ႏြမ္ ခဏတိတ္ဆိတ္သြားၿပီး ရွန္လင္ကို ေမးလိုက္သည္။

"ဒါဆို သိပၸံပညာက ငါဘာလုပ္သင့္တယ္လို႔ ေျပာလဲ"

"ေဆး႐ုံသြားျပၿပီး အရိုးကိုထုတ္ပစ္ရမယ္"

"........"

ရွန့္ႏြမ္ ေဆး႐ုံကို မသြားခ်င္ဘူး ၊ သူမ သိပ္မစားရေသးဘူးေလ ေနာက္ၿပီး ဒီအတြက္နဲ႕ ေဆး႐ုံသြားရတာက ေတာ္ေတာ္ကို ဒုကၡေရာက္လိမ့္မယ္။ သူမရဲ႕အမူအရာကိုၾကည့္ၿပီး ဟူယန္က ဆို၏။

"ရွန္လင္ေျပာတာမွန္တယ္ ေဆး႐ုံကိုသြားလိုက္တာ ပိုေကာင္းတယ္.. အရိုးက သိပ္မနက္ဘူးဆိုရင္ အေထြေထြေရာဂါကုဆရာဝန္က ဇာကနာေလးနဲ႕ ဆြဲထုတ္လိုက္လို႔ရတယ္ အရမ္းျမန္တယ္!"

"ဟမ္....."

ရွန့္ႏြမ္ ထိုအေၾကာင္းေတြးလိုက္သည္။ သူတို႔ ဒီကိုလာတဲ့လမ္းမွာ ေဆးခန္းတစ္ခုကို ျဖတ္လာခဲ့တယ္။

"ငါတို႔ ဒီကိုလာတဲ့လမ္းမွာ ေဆးခန္းတစ္ခုကို ျဖတ္လာခဲ့တာ ငါ သြားေမးလိုက္မယ္"

ရွန္လင္က သူမကို ေျပာ၏။

"ငါ မင္းနဲ႕လိုက္ခဲ့မယ္"

"အိုေက"

ရွန့္ႏြမ္ သူမအိတ္ကို ေကာက္ယူၿပီး ထြက္သြားပါေတာ့သည္။ ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ သူမက ေနာက္လွည့္၍ လူတိုင္းကို ေျပာ၏။

"ငါတို႔အတြက္ ခ်န္ထားအုံး!"

ဟူယန္က စိတ္ခ်ေစ၏။

"စိတ္မပူပါနဲ႕ ဒါက ကိုယ္တိုင္ယူစနစ္ ေဟာ့ေပါ့ပဲ.. ငါတို႔ ျဖည္းျဖည္းစားၿပီး မင္းတို႔ျပန္လာတာကို ေစာင့္ေနမယ္!"

ရွန့္ႏြမ္ ေခါင္းညိတ္ၿပီး ရွန္လင္ႏွင့္အတူ စားေသာက္ဆိုင္မွ ထြက္လာခဲ့သည္။

"အရိုးက နက္ေနလား"

ရွန့္ႏြမ္က သူမလည္ေခ်ာင္းရဲ႕အထိအေတြ႕ကို ေလ့လာၿပီး ျပန္ေျဖသည္။

"အဆင္ေျပတယ္လို႔ထင္တယ္ သိပ္မနက္ေလာက္ဘူး"
   
ရွန္လင္က ခဏမွ်ၿငိမ္သက္သြားကာ ကေလးႏွင့္စကားေျပာေနသကဲ့သို႔ ေျပာလာ၏။

"မင္းနဲ႕ငါးက သဟဇာတျဖစ္တယ္လို႔ ငါမထင္ဘူး ေနာက္တစ္ခါ မင္း ငါးမစားသင့္ဘူး"

ရွန့္ႏြမ္ : "........"

သူမ ငါးစားတိုင္း လည္ေခ်ာင္းမွာ အရိုးနင္ေနတာ မဟုတ္ဘူးေလ...
  
ခဏအၾကာတြင္ သူတို႔ႏွစ္ေယာက္ ေဆးခန္းကို ေရာက္လာၾကသည္။ ေဒါက္တာက သူမလည္ေခ်ာင္းကို မီးႏွင့္ထိုးၾကည့္ၿပီး အရိုးက မျမင္နိုင္ေလာက္ေအာင္ နက္ေနတာမဟုတ္မွန္း သိလိုက္ရသည္။ သူမက လည္ေခ်ာင္းထဲတြင္ ငါးအရိုးနင္ေနသျဖင့္ ဤေဆးခန္းသို႔ ပထမဆုံးလာေရာက္သူမဟုတ္ေၾကာင္း ထင္ရွားပါ၏။ ေဒါက္တာက ငါးအရိုးကိုညွပ္ထုတ္ရန္ ဇာကနာအခ်ိဳ႕ကို ကြၽမ္းက်င္စြာအသုံးျပဳၿပီး လုပ္ငန္းစဥ္တစ္ခုလုံးဟာ တစ္မိနစ္ သို႔မဟုတ္ ႏွစ္မိနစ္သာၾကာသည္။

အရိုးကိုထုတ္ယူၿပီးေနာက္ ရွန့္ႏြမ္မွာ သူမ၏လည္ေခ်ာင္းက ခ်က္ခ်င္းသက္သာသြားသလို ခံစားလိုက္ရသည္။

ရွန္လင္က ေဒါက္တာ့ကိုေမး၏။

"သူမရဲ႕အစာႁပြန္ကို ထိခိုက္မိသြားေသးလား"

"အရိုးနင္တာက သိပ္မနက္ပါဘူး.. သူမရဲ႕အစာႁပြန္ကိုေတာင္ မေရာက္သင့္ဘူး"

ရွန္လင္ ရွန့္ႏြမ္ဘက္သို႔ လွည့္လိုက္သည္။

"မင္းလည္ေခ်ာင္နာေနေသးလား? တျခားနာတာေတြေရာရွိလား"

ရွန့္ႏြမ္ ေခါင္းယမ္းျပ၏။

"မရွိဘူး ငါ အဆင္ေျပတယ္"

ေဒါက္တာက ၿပဳံးရင္းျဖင့္

"ေကာင္းတယ္ သမီးေရ ေနာက္တစ္ခါ ငါးစားရင္ ပိုဂ႐ုစိုက္ေနာ္"

"ဟုတ္ကဲ့ပါ..."

ေငြေပးေခ်ၿပီးေနာက္ ရွန့္ႏြမ္ႏွင့္ရွန္လင္တို႔က စားေသာက္ဆိုင္ဆီသို႔ ျပန္သြားၾကသည္။ ရွန္လင္က အနည္းငယ္စိုးရိမ္ေနေသးသျဖင့္ ေနာက္တစ္ႀကိမ္ ထပ္ေမးျပန္ပါ၏။

"မင္းရဲ႕လည္ေခ်ာင္းက တကယ္အဆင္ေျပရဲ႕လား"

"ေျပပါတယ္"

ရွန့္ႏြမ္က သူမ၏လည္ေခ်ာင္းခံစားခ်က္ကို တစ္ဖန္ျပန္၍ အာ႐ုံျပဳလိုက္ၿပီး အဆင္ေျပေၾကာင္း အခိုင္အမာဆိုသည္။

"ေျပပါအုံး ေဒါက္တာက ေဟာ့ေပါ့စားေသာက္ဆိုင္နားမွာ ေဆးခန္းကို တမင္ဖြင့္ထားတာလို႔ နင္ထင္လား? ဒီလိုဆိုရင္ သူတို႔လည္ေခ်ာင္းထဲမွာ ငါးရိုးနင္ေနတဲ့လူေတြကို သူ ေစာင့္နိုင္တယ္ေလ"

ရွန္လင္ သူမ၏စကားေၾကာင့္ အံ့အားသင့္သြားကာ ရယ္ေမာလိုက္ေတာ့သည္။ ရွန့္ႏြမ္အေနျဖင့္ ရွန္လင္ရယ္တာကို သူမျမင္ဖူးတာ ဒါပထမဆုံးအႀကိမ္ ျဖစ္မလားလို႔ ေတြးေနမိ၏။

"နင္ ပိုၿပဳံးသင့္တယ္ နင့္ရဲ႕ပုံမွန္အမူအရာက တျခားလူေတြကို နင္နဲ႕စကားေျပာရမွာကို ေၾကာက္ေစတယ္"

"ငါ့ရဲ႕ပုံမွန္အမူအရာက ေၾကာက္စရာေကာင္းလို႔လား"

"နင္က ရည္႐ြယ္ခ်က္ရွိရွိ လုပ္လိုက္တာမဟုတ္ေပမဲ့ နင့္ရဲ႕ပုံမွန္အမူအရာက နင့္ကို စာဂ်ပိဳးတစ္ေယာက္လို ျဖစ္ေစတယ္"

"........"

ရွန္လင္ တိတ္ဆိတ္သြား၏။

"မင္းက ဆႏၵရွိမွေတာ့ ငါ ပိုၿပီးၿပဳံးလိုက္ပါ့မယ္"
  
ရွန့္ႏြမ္က ရွန္လင္ကို လွည့္ၾကည့္လိုက္ၿပီး သူက ထူးဆန္းေနသလိုလို။

"ရွန္လင္ ရိုးရိုးသားသားေျပာစမ္း နင္ ဒီရက္ပိုင္း ေကာင္မေလးရေနၿပီလား? နင္ ႐ုတ္တရက္ ဘာလို႔ စကားအရမ္းမ်ားေနတာလဲ"

"မရပါဘူး"

ရွန္လင္ သူမကို ၾကည့္လ်က္

"မင္းေရာ? ေကာင္ေလးရေနၿပီလား"

"အိုး"

ရွန့္ႏြမ္ ညည္းတြားလိုက္သည္။

"ငါ့မွာသာ ေကာင္ေလးရွိရင္ နင္နဲ႕အတူစားလိမ့္မယ္လို႔ ထင္ေနလား"

ရွန္လင္ ၿပဳံးေန၏။

"အဲ့ဒါဆို ငါတို႔ႏွစ္ေယာက္လုံး စမ္းၾကည့္ၾကမလား?"

"စမ္းၾကည့္မယ္? ဘာကိုစမ္းၾကည့္မွာလဲ"

ရွန့္ႏြမ္က နားမလည္ဟန္ေဆာင္လိုက္ပါသည္။ ရွန္လင္က သူမ၏မသိမသာ ႀကိဳးပမ္းမႈမ်ားကို စိတ္ထဲမထားဘဲ

"ဒါေပါ့ အစမ္းခ်စ္ၾကည့္ၾကမယ္"

ရွန့္ႏြမ္က သူ႕ကို ၾကည့္လိုက္သည္။

"နင့္မွာ ခ်စ္သူထားဖို႔အခ်ိန္ေရာ ရွိလို႔လား"

"ကိစၥေတြကို ျပန္စီစဥ္တာက အမွားအယြင္းမရွိပါဘူး စာလုပ္ဖို႔ပဲျဖစ္ျဖစ္ ဆက္ဆံေရးအတြက္ပဲျဖစ္ျဖစ္ ထိန္းညွိဖို႔က အဓိကပဲ"

ရွန့္ႏြမ္ : "........"
 
ထိပ္တန္းေက်ာင္းသားတစ္ေယာက္လို တုံ႕ျပန္မႈမ်ိဳးပါလား...

ရွန္လင္က သူမကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနတာကိုျမင္လွ်င္ ရွန့္ႏြမ္က ၿပဳံးၿပီး ေျပာလိုက္ပါေတာ့သည္။

"ဒါဆို စမ္းၾကည့္ၾကတာေပါ့"


________________________

Continue Reading

You'll Also Like

776K 33.4K 26
Uzui Tengen x Female Fushiguro Toji Reader [Ft. Little Megumi]. _________________________________ ❝𝗜 𝗼𝗻𝗹𝘆 𝗰𝗮𝗿𝗲 𝗮𝗯𝗼𝘂𝘁 𝗺𝘆𝘀𝗲𝗹𝗳... 𝗮...
6.4K 534 7
Jimin is the most beautiful person Jungkook has ever met, he's so sweet, freeing, and delicate. And the two click so well. Jungkook finds adoring Ji...