ကူးပြောင်းလာတိုင်း အမျိုးသားဇ...

De Swae_Nyoe

124K 13.4K 139

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... Mais

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 72

591 67 1
De Swae_Nyoe

 အပိုင်း (၇၂) မင်း နည်းနည်း နီးကပ်လာချင်လား

နင်မုန့်က ခေါင်းကို ငုံ့လိုက်ပြီး ခြေဖျားထိပ်ကိုသာ ကြည့်နေလိုက်သည်။ နောက်ဆုံးတွင် နောက်ကျနေကြောင်း မြင်မှသာ သူမက တုန့်ဆိုင်းစွာဖြင့် မော့ကြည့်လိုက်ပြီး mask ကို ဆွဲချလိုက်သည်။ သူမက ညင်သာစွာ ပြောလိုက်သည်။

"ဒါဆိုရင်လည်း လုံခြုံရေးကို အထူးတလည် သေချာပေါက် ဂရုစိုက်ပေးပါ"

ရှီချီက အနည်းငယ် အံ့ဩသွားသည်။ သူ၏ မျက်ဝန်းထဲတွင် သူမလေး၏ သေးသွယ်သော ခန္ဓာကိုယ်က ရောင်ပြန်ဟပ်နေသည်။ သူက ခေါင်းကို ငုံ့လိုက်ပြီးနောက် သူ၏အေးစက်ကာ ကြုံ့ထားသော မျက်မှောင်ကပင် ပြေလျော့သွားပြီး အသံက အနည်းငယ်ပို၍ဩရှိသွားသည်။

"ကိုယ်သိပါပြီ"

...

သူမက ကျောင်းသို့ ပြန်ရောက်သွားသောအချိန်က ညနေစောင်းနေလေပြီ။

နင်မုန့်က လိုအပ်သောစာအုပ်များနှင့်အတူ ကျောင်းဆောင်သို့ အလျင်စလို သွားသည်။ သို့သော် တံခါးဝတွင် ကုနန်ချန်နှင့် တိုးပြန်သည်။ ကုနန်ချန်က ညင်သာသော မျက်နှာလေးရှိနေသော်လည်း လက်ကဒဏ်ရာရထားသောကြောင့် စာအုပ်များကို ဘေးဘက်ရှိကောင်လေးက ကိုင်ထားပေးသည်။ ထိုကောင်လေးကိုလည်း သူမကမသိပေ။

မူလက တစ်ဖက်လူက သူမကို တစ်စုံတစ်ရာလာပြောသည်ဟု ထင်ခဲ့မိသေးသည်။ သို့သော် ကုနန်ချန်က သူမကို မြင်လိုက်သည်နှင့် ‌ချက်ချင်းလိုလို ခေါင်းငုံ့ကာ ထွက်သွားလေသည်။

နင်မုန့်က ထိုနေရာတွင် မင်သက်စွာ တခဏခန့် ရပ်ကြည့်နေလိုက်ရသည်။ ထို့နောက် စာသင်ခန်းထဲသို့ ဝင်သွားလိုက်သည်။

အတန်းတက်သောလူအများအပြား မရှိချေ။ အားလုံးက ကိုယ်စီဖုန်းများကိုင်ထားကြပြီး ကိုယ့်ကိစ္စကိုယ်လုပ်နေကြသည်။

သူမကလည်း ဖုန်းထုတ်ပြီး Weibo ထဲသို့ login ဝင်လိုက်သည်။

ယခုတလော ကျောင်း၏အရေးကိစ္စများက Weibo တွင် မကြာခဏ အရှာခံနေရပြီး ကျောင်း၏တရားဝင် Weibo ကလည်း Comment ပေါင်းများစွာ သီးသန့်စာပေါင်းများစွာဖြင့် ပွဲစည်နေလေ့ရှိသည်။

အကြောင်းအရာကို တစ်ချက်နှိပ်ကြည့်ပြီးနောက် ပထမဦးဆုံး ပို့စ်က ဒီနေ့လည်ကမှ တင်ထားသော ပို့စ်တစ်ခုဖြစ်ကြောင်း မြင်လိုက်ရသည်။ သို့သော် forward လုပ်သူများနှင့် Comment ပေးသူအများအပြား လက်ခံရရှိထားသည်။

"အခု လူနှစ်ယောက်က သေသွားပြီ၊ တစ်ယောက်က ရေကူးကန်မှာ၊ အခြားတစ်ယောက်က မြေကြီးထဲမှာ အရှင်မြှုပ်ခံထားရတာ၊ ရေကူးကန်က ရေနဲ့သက်ဆိုင်တယ်၊ အရှင်လတ်လတ် မြှုပ်တာကတော့ မြေကြီးနဲ့ သက်ဆိုင်တယ်၊ ဒီလိုဆိုရင် အခြေပြုရွှေ၊ သစ်သား၊ ရေ၊ မီးနဲ့ မြေတို့နဲ့ ပတ်သတ်နေတယ်လို့ပြောလို့ရမှာပဲ၊ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် မီးနဲ့ သတ္တုနဲ့ ပတ်သတ်ပြီး သေဆုံးတဲ့သူတွေလည်း ရှိလာ‌လောက်တယ်၊ လေးလံတဲ့ သတ္တုတုံးတွေကလည်း သေစေနိုင်တာပဲ၊ အခု သေဖို့နည်းလမ်းတွေက အများကြီးရှိနေပြီ၊ အခြေပြုစွမ်းအင် ငါးမျိုးလုံးနဲ့ ပတ်သတ်ပြီး သေဖို့က လွယ်ကူလွန်းနေတယ်၊ ဒီကိစ္စတွေရဲ့ နောက်ကွယ်က တရားခံက ကျွမ်းကျင်ပညာရှင်ဖြစ်လောက်တယ်၊ C တက္ကသိုလ်က ဘယ်လိုလူမျိုးကို ရန်စခဲ့သလဲဆိုတာ သိချင်မိတယ်"

လူအများစုကလည်း ထိုဖိုရမ်အောက်တွင် ပွဲဆူနေကြသည်။

ပုံမှန်အားဖြင့် သတ်သေသည့် သာမန်နည်းလမ်းပေါင်းများစွာ ရှိသည်။ သို့သော် လူနှစ်ယောက်ကမူ အချိန်သိပ်မခြားဘဲ ထိုကဲ့သို့ ဆိုးရွားသော နည်းလမ်းဖြင့် အသတ်ခံခဲ့ရသည်။ ထို့ကြောင့် လူအများစုက သေချာပေါက် သံသယဝင်ကြသည်။

နင်မုန့်ကလည်း ဆက်လက်ပြီး အောက်သို့ ဆွဲချလိုက်သည်။ သို့သော် ထိုသို့ သုံးသပ်ပြသော သူကလည်း လွန်ခဲ့သော နှစ်အနည်းငယ်ကြာက ကိစ္စကို ဆွဲထုတ်လာမည်ဟု မထင်ထားမိချေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာကလည်း အလားတူဖြစ်ရပ်မျိုးရှိခဲ့သည်။ လူသတ်သမားက ယခုအချိန်ထိ ဖမ်းမမိသေးချေ။ သေဆုံးမှုများကလည်း အလွန်ပင်ထူးဆန်းခဲ့ပြီး အနီရောင်ဝတ်စုံများကို ဝတ်ဆင်ထားရင်း ကတ္တားချိန်ခွင်တစ်ခုကို ခြေထောက်တွင် ချည်နှောင်ထားလျက်သား သေဆုံးနေခဲ့ခြင်းဖြစ်သည်။ ရဲများက ပေးသောအဖြေကမူ ထိုအချိန်က အခြေအနေတချို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

ပြောကြသည်မှာ ကွယ်လွန်သူ၏ မိခင်က မနေ့ညက သူမတို့၏ အိမ်တွင် မျက်နှာမသဲကွဲသော အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်က ရောက်လာကြောင်းကို အိပ်မက်မက်ခဲ့သည်။ သူက အိမ်တံခါးဝတွင် ရပ်လျက် သူမကို ထူးထူးဆန်းဆန်း ပြုံးကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ သို့သော် ထိုသို့သော စကားများက ယုံကြည်၍ မရသေးပြန်ချေ။

"မောင်ရှန်းဂါထာနဲ့ ပတ်သတ်ပြီး ယှဉ်ပြိုင်ရမယ်ဆိုရင် ပန်းတိုင်က အသက်ဆက်ရှင်ဖို့ပဲ၊ အခြေပြုစွမ်းအင်ငါးမျိုးကို သုံးပြီး ဝိညာဉ်ကို ပိတ်လှောင်ထားမယ်၊ ဒီလိုနဲ့ သူတို့ရဲ့ ကိုယ်စီရည်ရွယ်ချက်ကို ပြည့်မီအောင် လုပ်နိုင်လိမ့်မယ်၊ ဒါက အသက်ဆွဲဆန့်တဲ့ နည်းလမ်းတစ်ခုလို့လည်း ပြောလို့ရတယ်၊ C တက္ကသိုလ်က ကိစ္စနှစ်ခုက အရင်ကိစ္စတွေနဲ့ ခြားနားတယ်ဆိုပေမယ့်လည်း အခြေပြုပစ္စည်းငါးမျိုးနဲ့ ပတ်သတ်နေတုန်းပဲ၊ ဒါကြောင့် လုံလောက်တဲ့ စိတ်ဝိညာဉ်သာ ရရင် ရည်မှန်းချက်က သေချာပေါက် ပြည့်နိုင်မှာပဲ"

နင်မုန့်ကလည်း အစမှအဆုံးထိဖတ်ပြီးနောက် သူပြောသောစကားကလည်း ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။

တကယ်သာ အမှန်ဆိုလျှင် နောက်ထပ်လူသုံးယောက်က သေချာပေါက် သေရဦးပေလိမ့်မည်။

ထို‌နေ့က သူမနှင့် ကုနန်ချန်က တိုက်ရိုက်အသတ်မခံခဲ့ရချေ။

ဖြစ်နိုင်တာက ငါတို့က အခြေအနေနဲ့ မကိုက်ညီလို့လား။

မဟုတ်သေးပါဘူး။ ငါကသာ အခြေအနေနဲ့ မကိုက်ညီရင် ဘာလို့ သူမနဲ့ကုနန်ချန်ကို အဲ့ဒီမှာ ချည်ထားပြီး အချင်းချင်းသတ်ဖြတ်တဲ့ ကစားပွဲကိုတောင် ကစားခိုင်းဦးမှာလဲ။

မည်သို့ပင်ဆိုစေ ရှီချီက ထိုကိစ္စနှင့် ပတ်သတ်ပြီး မည်သို့ ကိုင်တွယ်နေကြောင်းကို သေချာပေါက် သိထားရပေမည်။

Weibo မှ Comment များက အမျိုးမျိုးသော သုံးသပ်ထားမှုများသာ ဖြစ်နေပြီး ထိုလူ၏ သုံးသပ်ချက်ကို သဘောတူသူက တစ်ယောက်မကရှိသည်။

နင်မုန့်က ဖုန်းကို ပိတ်လိုက်ပြီးနောက်လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ ထိုညတွင် ပြန်လည်လေ့ကျင့်ခန်းလုပ်ရန်မရှိချေ။

ကျောင်းပြင်တွင် နေသော မိန်းကလေးပေါင်းများစွာ ရှိသည်။ အများစုက အားနည်းပြီး အားအင်မဲ့ကြသည်။ ထို့ကြောင့် တက္ကသိုလ်၏ ဒါရိုက်တာများက ညပိုင်းအတန်းကို နေ့အချိန်သို့ ပြန်ပြောင်းရုံသာမက ညပိုင်းပြန်လည်လေ့ကျင့်ခန်းအတန်းကိုလည်း ပယ်ဖျက်ခဲ့သည်။

သူမက သန့်ရှင်းရေးလုပ်ပြီးနောက် အိပ်ယာစောစောဝင်လိုက်သည်။ ထို့ကြောင့် သူမက ပျော်ရွှင်နေသည်။

သူမက ပျော်ရွှင်နေသည့်အချိန်တွင် သူမ၏ဖုန်းက ရုတ်တရက် မြည်လာပြီး မြေးဟူသော စကားလုံးက ထင်ရှားစွာ ပေါ်လာလေရာ သူမက သတိလက်လွတ်ဖြင့် ဖုန်းကို လွှတ်ချလုမတတ်ဖြစ်သွားသည်။ သူမက ထိုနာမည်ကို ပြောင်းရန်မေ့နေခဲ့သည်။

နင်မုန့်က တုန်တုန်ယင်ယင်ဖြင့် ဖုန်းကို ဖြေလိုက်သည်။

"ဟယ်လို"

ရှီချီက ပြောလိုက်သည်။

"ညဆယ်နာရီ၊ ရေကူးကန်"

ရေကူးကန်။

နင်မုန့်က တုန့်ဆိုင်းစွာ မေးသည်။

"ကျွန်မ အဲ့ဒီနေရာကို သွားဖို့လိုလို့လား၊ ပြီးတော့ ညဆယ်နာရီ"

သူမက အိပ်ယာထဲရှိ စောင်အောက်တွင် နေခြင်းက ပို၍လုံခြုံသည်ဟု ခံစားရသည်။ သူမက အိပ်မောကျသွားသည်နှင့် ကျောင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ ထိုအတွေးနဲ့တင် နားထောင်ရကောင်းသည်။

နင်မုန့်ကလည်း ထပ်မေးသည်။

"ကျွန်မ တကယ်ပဲ သွားဖို့လိုတာလား"

ရှီချီက ပြန်ပြောသည်။

"မင်းက မသွားဘူးလား"

နင်မုန့်။ "သွား သွားမှာပါ ..."

တခဏခန့်ကြာပြီးနောက် ရှီချီက ဖျော့တော့စွာ ပြောသည်။

"မင်းပဲ ကိုယ့်ဆီကနေ သင်ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား"

သူက ဘာကို ပြောချင်နေတာလဲ။

သူမက ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့ လာမှာပေါ့"

"ဒါဆိုရင် ကိုယ်လာခေါ်မယ်"

သူ၏ လေသံထဲမှ ရယ်သံကိုပင် ခံစားမိလိုက်သည်။ သူမက ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် သံသယဝင်သွားးမိသည်။ သူမက အဝတ်အစားလဲပြီး အိပ်ယာထဲမှ ကုန်းထွက်လိုက်ချိန်တွင် ယွီရှောင်းလျန်က သူမ အပြင်ထွက်မည်ဖြစ်ကြောင်း မြင်သဖြင့် မေးလိုက်သည်။

"နင် အပြင်သွားမလို့လား"

နင်မုန့်က ခေါင်းညိတ်သည်။

"ဟုတ်တယ်"

ယွီရှောင်းလျန်က‌ ပြောသည်။

"ဒါဆိုလည်း ဂရုစိုက်ဦး၊ ငါ နင့်အတွက် ဆင်ခြေတစ်ခုပေးထားပေးမယ်"

ကျောင်းက နောက်ကျသည်ထိ အပြင်တွင်ရောက်နေလျှင် လေးလေးနက်နက် စုံစမ်းလေ့ရှိသည်။

ယခင်တစ်ခေါက်က သန္ဓေသားလောင်းတစ္ဆေကိစ္စနဲ့ အတွေ့အကြုံရပြီးကတည်းက ယွီရှောင်းလျန်၏ သူမအပေါ် အပြုအမူက အလွန်ကောင်းလာသည်။ သူမက အဆောင်ထဲတွင် မည်သူမှမရှိလျှင် အလိုလိုစကားလာပြောလေ့ရှိသည်။

နင်မုန့်ကလည်း ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

အမှန်တိုင်းဆိုရသော် ရှီချီက သူမအတွက် စီစဉ်မှုများ သေချာပေါက် လုပ်ထားပေးပေလိမ့်မည်။ သို့သော် သူမက ယွီရှောင်းလျန်၏ ဆန္ဒကောင်းကိုလည်း မငြင်းဆန်လိုက်ချေ။

ယွီရှောင်းလျန်က ပြုံးလိုက်သည်။ သို့သော် စကားဆက်မပြောတော့ချေ။

...

ကျောင်းအဆောင်၏ အပြင်ဘက်က မည်းမှောင်နေသည်။ တံခါးပေါက်တွင် ရပ်နေသည့်နင်မုန့်က ရှီချီ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ လမ်းမီးက ဖွင့်ထားသေးသည်။ သူက လမ်းမီးတိုင်အောက်တွင် ဒီတိုင်း ရပ်နေသည်။ သစ်ပင်၏အရိပ်ကလည်း သူ၏ကိုယ်ပေါ်ကျနေသည်။

သူမက အနားသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

"ဆရာ"

ရှီချီက လှည့်ကြည့်လာပြီး ရုတ်တရက်ပြောသည်။

"ကိုယ့်ကို ရှီချီလို့ခေါ်"

နင်မုန့်က မငြင်းချေ။ သို့ရာတွင် သူမက ဒီအတိုင်းမခေါ်ခဲ့ချေ။ သူမသာ ခေါ်လိုက်လျှင် အတိတ်က နေ့ရက်များကို ပြန်သတိရသွားပေလိမ့်မည်။ အထူးသဖြင့် သူမက ရှီချီ၏ကလေးဘဝအရွယ်အဘွား၏ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားစဉ်က ကိစ္စကို ပြန်တွေးမိသွား‌လောက်သည်။

ရှီချီက ပြောသည်။

"သွားစို့"

နင်မုန့်က သူ၏အနောက်မှ လိုက်သွားသည်။ မူလက ကျောင်းတွင်း ညအချိန်တွင် လမ်းလျှောက်တတ်သော စုံတွဲများ ရှိတတ်သည်။ သို့သော် သိပ်မကြာခင်က ယခုနောက်ပိုင်း ထိုပုံရိပ်များကို မမြင်ရတော့ချေ။ အထူးသဖြင့် ရေကူးကန်သို့ သွားရာလမ်းတွင် မည်သူမှရှိမနေခဲ့ချေ။

သူတို့က ဝင်ပေါက်သို့ ရောက်သွားသည့်အချိန်တွင် ခိုးကြောင်ခိုးဝှက်လုပ်နေသော ပုံရိပ်လေးကို မြင်လိုက်ရသည်။

နင်မုန့်က မည်သူဖြစ်ကြောင်းမမြင်ရချေ။ သို့သော် ဒါက သရဲတစ်ကောင်ဟု ခံစားရသည်။ သူမက ချက်ချင်းလိုလို ရှီချီ၏ အနောက်တွင် ဝင်ပုန်းလိုက်ပြီး သူ၏ အင်္ကျီအနားစကို လှမ်းကိုင်လိုက်ကာ တိတ်တဆိတ် ကာရိုက်တာသုံးခု ဂန္တဝင်ကျမ်းစာကို ရေရွတ်နေလိုက်သည်။

စနစ်က သတိပေးသည်။

"ဒါက လူပါ"

နင်မုန့်။ "..."

ရှက်စရာကောင်းလိုက်တာ။

တည်ငြိမ်ဟန်ဆောင်ပြီးနောက် သူမက အင်္ကျီအနားစကို ကိုင်ထားသော လက်ကို လွှတ်လိုက်ပြီး ဘေးဘက်သို့ ပြန်ရွှေ့လိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ရင်ကော့လိုက်သည်။

ရှီချီက သူမ၏ပုံစံလေးကို သတိထားမိသောအခါ ရယ်ရသည်ဟု ခံစားရသည်။ သို့သော် သူမကို ထုတ်မပြောလိုက်ချေ။

ရေကူးကန်အဝမှလူက သူတို့ရှိရာဘက်သို့ လျှောက်လာလေသည်။ ထိုလူက အကယ်ဒမီရေးရာဌာနမှ ဒါရိုက်တာဝမ်ထျန်းမင်ဖြစ်သည်။ ကျောင်းက ရှီချီကို ကူညီရန် သီးသန့်လွှတ်ပေးထားသော လူလည်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုကိစ္စကို တရားဝင်ထုတ်ဖော်ကာ စုံစမ်းစစ်ဆေး၍ မရချေ။ မဟုတ်လျှင် လူအများစုက ကျောင်း၏ ဒါရိုက်တာများက အယူသည်းလွန်းသည်ဟု ထင်သွားလောက်သည်။ သူတို့က ပညာတတ်ကျောင်းသူကျောင်းသားများကို ယုံကြည်အောင်ပြောရန် ခက်ခဲလေသည်။ ထို့ကြောင့် ပညာရေးရုံးတော်ဌာနက သူတို့အပေါ် ဖိအားပေးလာလျှင် အရာအားလုံးက ဆိုးရွားသွားပေလိမ့်မည်။

ညက ၁၁နာရီကျော်နေနှင့်လေပြီ။ ကျောင်းအုပ်က သူ့ကို ဖိအားပေးသောကြောင့်သာ မဟုတ်ဘဲ အလုပ်ပြုတ်မည့်အရေးကို စိုးရိမ်သောကြောင့်သာ မဟုတ်လျှင် ဒါရိုက်တာကလည်း ဘယ်သောအခါမှ လာလိမ့်မည်မဟုတ်ချေ။

သူတို့၏ ကျောင်းမှ ထိုကျောင်းသားက သူ၏သင်သော လက်ချာအတန်းများကိုပင် တက်ခဲ့သည်။

ဝမ်ထျန်းမင်က စိတ်ထဲမှ တွေးနေသော်လည်း အပြင်ဘက်တွင်မူ ပြုံးနေလိုက်သည်။

"ကျောင်းသားရှီ ငါ မင်းကိုပဲ ဒုက္ခပေးရတော့မယ်"

ရှီချီက ပြန်မဖြေဘဲ နင်မုန့်ကိုသာ လှည့်ကြည့်ပြီးပြောသည်။

"လျှောက်မပြေးနဲ့"

နင်မုန့်ကလည်း နာနာခံခံဖြင့် ခေါင်းညိတ်သည်။

ထိုမတော်တဆမှုကိစ္စကြောင့် ကျောင်းက အခုနောက်ပိုင်း စည်းကမ်းအလွန်တင်းကြပ်လာသည်။ သူတို့က ညဆယ်နာရီကျော်ပြီးလျှင် အဆောင်တွင် လာရောက်စစ်ဆေးလေ့ရှိပြီး အဆောင်မှ မည်သူ့ကိုမှ ထွက်ခွင့်မပြုခဲ့ချေ။ ကျောင်းဆောင်ကလည်း ညအချိန်တွင် ပြန်လည်လေ့ကျင့်ခန်းလုပ်ချိန်ကို မပေးထားလေရာ ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေခဲ့သည်။

ရေကူးကန်၏ အဓိကဝင်ပေါက်က ပိတ်ထားသည်။ မည်သူကမှ မရှိလေရာ ဝမ်ထျန်းမင်က အနောက်ဘက်ဝင်ပေါက်ကို ဖွင့်လိုက်သည်။

တိတိကျကျပြောရလျှင် သူ့ကိုသာ မိသွားခဲ့လျှင် သူက ရုံးတော်သို့ ခေါ်ပြီး စကားပြောခံရပေလိမ့်မည်။

တိတ်ဆိတ်သော ရေကူးကန်ထဲတွင် မည်သည့်ဝိညာဉ်တစ်ကောင်ကိုမှ မမြင်ရဘဲ လမ်းလျှောက်သံကိုသာ ကြားရသည်။ ထို့ပြင် ဝမ်ထျန်းမင်၏ မီးအလင်းရောင်မှ အလင်းသာလျှင်ရှိနေပြီး မြေပြင်ကို ထင်ဟပ်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကမူ အမှောင်ထုကြီးစိုးနေသည်။

သူတို့က ကိုးရိုးကားရားဆန်သော နေရာတစ်ခုကို ဝင်လာသလိုမျိုးပင် ထင်ရသည်။

နင်မုန့်က ရှီချီ၏ဘေးဘက်မှ အနီးကပ်ကပ်လိုက်လာပြီး သတိအနေအထားဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။ သူမက ကိုယ့်နှလုံးခုန်သံကိုပင် ကြားနေရလေသည်။

"အရှေ့က အဲ့ဒီမတော်တဆဖြစ်ရပ်ဖြစ်သွားတဲ့နေရာပဲ"

ဝမ်ထျန်းမင်၏ နှလုံးသားက ဗုံတစ်လုံးလို အခုန်မြန်လာပြီဖြစ်သည်။

ဘယ်သူက ညအချိန် ဒီနေရာကို လာတာကို မကြောက်ဘဲနေမှာလဲ။ အထူးသဖြင့် အဲ့ဒီကျောင်းသား သေသွားတဲ့အချိန်က ကြောက်စရာကောင်းလွန်းတဲ့ပုံစံတောင် ဖြစ်သွားခဲ့တာမဟုတ်လား။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သိပ်မဝေးသောနေရာမှ ခြေလှမ်းသံများကို ကြားလိုက်ရသည်။ မူလကတိတ်ဆိတ်နေသောကြောင့် ခြေလှမ်းသံက ထင်ရှားနေသည်။ ခြေလှမ်းသံက တစ်ယောက်၏ခြေလှမ်းသံမကပေ။ ထို့ပြင် တဖြည်းဖြည်း ဆူညံကာ ဝရုန်းသုန်းကား ဆန်လာသေးသည်။

နင်မုန့်က ရှီချီ၏ဘေးနားသို့ ကပ်သွားသည်။

ဝမ်ထျန်းမင်က မျက်ခွံကလှုပ်သွားသည်။ ဒီနေရာသို့ လာသည်မှာ သူတို့သုံးယောက်တည်းသာရှိကြောင်း သေချာသည်။ သို့သော် ထိုခြေလှမ်းသံများက မည်သူ၏ ခြေလှမ်းသံများ ဖြစ်ကြောင်း မသိတော့ချေ။

သူ၏မျက်နှာက ဖြူဖျော့သွားပြီးနောက်တွင် သူ၏ပါးစပ်က အဟောင်းသားဖြစ်သွားကာ မည်သည့်စကားမှ မဆိုနိုင်တော့ချေ။ အဆုံးတွင် သူက ခေါင်းလှည့်လိုက်သည်။

သူ၏ အကြည့်ကို အာရုံခံမိသည့်ရှီချီက ပြောလိုက်သည်။

"လူသုံးယောက်"

ဝမ်ထျန်းမင်၏ မျက်ဝန်းက တောက်ပသွားသည်။

"ဆိုတော့ လူသုံးယောက်လား"

သူ၏ နှလုံးသားက ချက်ချင်းလိုလို ငြိမ်းချမ်းသွားသည်။ သူက လူများကို မကြောက်ချေ။ မူလက သရဲများဖြစ်မည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

သူ၏ စကားသံထွက်လာသည်နှင့် အပြင်မှ စူးရှသော အော်သံနှင့်အတူ အရှေ့ဘက်ရှိ အမှောင်ထုအတွင်းတွင် ပုံရိပ်များပေါ်လာသည်။ အလင်းကလည်း အရှေ့နောက်မှ ထွက်ပေါ်လာသည်။

ဝမ်ထျန်းမင်က ဝိညာဉ်လွင့်မတတ်ဖြစ်သွားပြီးနောက် ဆုံးမလိုက်သည်။

"မင်းတို့တွေ ဒီအချိန်ဘာလာလုပ်နေတာလဲ"

ဖုန်းများကိုင်ထားသော ကောင်လေးသုံးယောက်က ကြမ်းပြင်တွင် လဲနေကြသည်။ သူတို့၏ မျက်နှာတွင် ကြောက်လန့်မှုက ရှိနေပြီး အလွန်ဆွံ့အသွားဟန်ရသည်။ သူတို့၏ ခန္ဓာကိုယ်တွင် ချွေးစေးများရွှဲနေပြီး အလွန်အမင်း ထိတ်လန့်နေခဲ့ဟန်ရသည်။

နင်မုန့်က သူတို့ကို ကြည့်လိုက်ပြီးနောက် သူတို့က တစ်နေရာရာတွင် ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို မြင်ခဲ့ရမည်ဟု သေချာသွားသည်။

ဝမ်ထျန်းမင်က သူတို့ပေါ်မီးထိုးကြည့်လိုက်ပြီးနောက် သူ၏ဒေါသမျက်လုံးက ပို၍ပြူးကျယ်သွားသည်။

"မနက်ဖြန်မနက်မှာ ငါ့ရဲ့ရုံးခန်းကိုလာခဲ့၊ မင်းတို့ ဒီလိုနောက်ကျတဲ့အချိန်မှာ ဘာလို့အဆောင်ထဲမှာ ရှိမနေတာလဲ"

ကောင်လေးများက ကြမ်းပြင်မှထရန် မနည်းရုန်းကန်လိုက်ရသည်။ တစ်ယောက်က ခပ်မြန်မြန် တုန့်ပြန်နိုင်ပြီးနောက် ဖြူဖပ်ဖြူရော် မျက်နှာထားဖြင့် ပြောသည်။

"ဒါရိုက်တာ ကျွန်တော်တို့ "

အနောက်ဘက်မှ လူများက အော်သည်။

"အထဲမှာ သရဲရှိတယ်"

ဝမ်ထျန်းမင်က ဒေါသထွက်လာသည်။

"ငါကတော့ မင်းတို့ကပဲ သရဲတွေလို့ထင်တယ်၊ ဟာသဆိုရင်တောင်မှ ဒီလောက်ထိမလွန်သင့်ဘူး၊ မြန်မြန်ထွက်သွားကြ၊ ဆယ်မိနစ်အတွင်း မင်းတို့ အဆောင်ကိုသာ မရောက်ရင် ..."

သူ၏ စကားမဆုံးလိုက်ခင် အရှေ့မှ ကောင်လေးတစ်ယောက်က ကြားဖြတ်ဝင်ပြောသည်။

"တကယ်ကို သရဲရှိနေတယ်"

သိပ်မကြာခင်က သူတို့ကျောင်း၏ Weibo ပေါ်တွင် အကြောင်းအရာမျိုးစုံက ဝရုန်းသုန်းကား ဖြစ်နေခဲ့လေရာ အလွန်နာမည်ကြီးနေခဲ့ပြီး သတင်းထူးဖြစ်နေခဲ့သည်။

စိတ်လှုပ်ရှားမှုနှင့် ကျော်ကြားမှုတို့ကြောင့် သူတို့ကလည်း ဖုန်းများကို ယူလာပြီး ခြောက်ခြားဖွယ် ရေကူးကန်ည ဗီဒီယိုကို တိုက်ရိုက် ထုတ်လွှင့်မည်ဟု စီစဉ်ခဲ့သည်။ ထိုနည်းအားဖြင့် လူပေါင်းများစွာ၏ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံရပြီး ဒီညတွင်လည်း သွားရောက်မည်ဟု အကြောင်းကြားစာတင်ခဲ့သည်။

ရေကူးကန်က ချိတ်ပိတ်ထားသောကြောင့် သူတို့က လမ်းကြိုလမ်းကြားမှ ကွေးကွေးကောက်ကောက် ဝင်လာရပြီး စောင့်ကြည့်ကင်မရာများအားလုံးကို ကျော်ဖြတ်ကာ ကုန်းတက်လာရပြီးနောက် သူတို့၏ မိုဘိုင်းဖုန်းများမှ အလင်းရောင်ဖြင့်သာ ပတ်ဝန်းကျင်ကို မြင်နိုင်ကြလေသည်။

သူတို့၏ ပန်းတိုင်က မတော်တဆမှု ဖြစ်ပွားခဲ့သော ရေကူးကန်နေရာဖြစ်သည်။

သို့သော် သူတို့က မမျှော်လင့်ထားသည်မှာ သူတို့က ညအချိန်သွားမည်ဟု ဆုံးဖြတ်ပြီး သိပ်မကြာခင်အချိန်တွင် အဝတ်လဲခန်းထဲမှ ချောက်ချားဖွယ်ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

အနောက်မှ ကောင်လေးက အရှေ့သို့ အပြေးလာပြီး ဒါရိုက်တာကိုပင် ခြေတစ်လှမ်းနောက်ဆုတ်မိသွားစေသည်။

"တကယ်ပါ တကယ်ပါ၊ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှ လွင့်မျောနေတဲ့ အနီရောင်ပုံရိပ်ကြီးကို မြင်ခဲ့ရပါတယ်"

ရေကူးကန်ထဲတွင် သေသွားခဲ့သော ကောင်မလေးက အဖြူရောင်ဝတ်စုံကို ဝတ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် သွေးများက သူမ၏ ဝတ်စုံကို အနီရောင်ပြောင်းသွားခဲ့သည်။

ဝမ်ထျန်းမင်က ကြောက်လန့်သွားရသည်။ သူက ပုံမှန်မျက်နှာထားဖြင့် အနားတွင် ရပ်နေသော ရှီချီကို ကြည့်လိုက်ပြီးနောက် သူက ရှုပ်ရှုပ်ထွေးထွေးလုပ်လျှင်မကောင်းကြောင်း သိနိုင်သည်။ သူက ချက်ချင်း ခပ်မာမာ ပြောလိုက်သည်။

"မင်းတို့က တစ်ချိန်လုံး ပေါက်ကရတွေ ပြောဖို့ပဲသိနေတာ၊ အဆောင်ကို ခပ်မြန်မြန် ပြန်ကြတော့၊ မင်းတို့က ဘယ်အတန်းဘယ်ဌာနကလဲ၊ ငါ မင်းတို့ရဲ့ ဆရာမကို ဆင့်ခေါ်ရမယ်"

ထိုသို့သော ခြိမ်းခြောက်ခြင်းနည်းလမ်းက အကောင်းဆုံးဖြစ်သည်။

နင်မုန့်ကလည်း ထိုကောင်လေးသုံးယောက်က လက်များကို ခါရမ်းပြီးနောက် လေးကြိုးမှ လွှတ်ပစ်လိုက်သော မြှားများကဲ့သို့ ထွက်ပြေးသွားပြီး ရေကူးကန်ထံမှ စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားကြောင်းကို မြင်လိုက်ရသည်။

ဝမ်ထျန်းမင်က နဖူးကို ပွတ်ပြီးနောက် နောက်လှည့်ကြည့်ကာ ပြောသည်။

"ဝင်ကြရအောင်"

"ကောင်းပြီ"

ရှီချီက ပေါ့ပါးစွာ ပြောသည်။

နင်မုန့်က စကားတစ်ခွန်းမဆိုဘဲ အနောက်မှလိုက်သည်။ သို့သော် သူမ၏ အတွေးများက ထိုကောင်လေးများ ပြောသွားသောစကားများထံတွင်သာ ရှိနေသည်။ ထိုအနီရောင်ပုံရိပ်က အစစ်လားအတုလား သူမက မသိသေးချေ။ သို့သော် သူတို့၏ ကြောက်လန့်နေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် လိမ်နေသည်နှင့် မတူချေ။ ထိုနေရာတွင် သရဲတစ်ကောင်ရှိနေလောက်ကြောင်း‌ သေချာသွားသည့်အခါ သူမက ထိတ်လန့်လာရသည်။

သရဲ၏ဝတ်စုံ၏ အနီရောင်ဖြစ်နေကတည်းက ရန်ငြှိုးကြီးဝိညာဉ်ဖြစ်လောက်သည်။ ထိုသို့ တွေးမိသည့်အခါ သူမ၏နှလုံးသားက အခုန်နှုန်းမြန်လာပြီး ခိုးကြောင်ခိုးဝှက် ရှီချီ၏အနားသို့ တဖန်တိုးကပ်သွားလိုက်ပြီး သူ၏ဘေးနားတွင် အနီးကပ်ရပ်လိုက်သည်။ ထိုအခါမှသာ သူမက လုံခြုံသလို ခံစားရသည်။

ရှီချီက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။

နင်မုန့်ကလည်း သူက တစ်စုံတစ်ရာကို ရှာတွေ့လိုက်ပြီဟု ထင်လိုက်ပြီး သူ၏လက်မောင်းကို ခပ်မြန်မြန် ဆွဲကိုင်လိုက်ပြီးနောက် ဘေးဘက်သို့ အထိတ်တလန့်ကြည့်ကာ မေးလိုက်သည်။

"ဘယ်နေရာလဲ၊ ဘယ်နေရာလဲ၊ ဘယ်နေရာမှာလဲ"

သူမ၏ စကားကို ကြားသောအခါ သူက ပြောလိုက်သည်။

"မင်းက နီးကပ်လာချင်တာလား"

နင်မုန့်။ "..."

သူမက ရိုးသားဖြောင့်မတ်မှုကို ထိန်းသိမ်းထားတဲ့လူပါနော်။

...

ဒီတစ်ကြိမ် ...

မင်းက ကိုယ့်ရဲ့ အရှင်ပါပဲ။

ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

စာရေးသူမှာ ပြောစရာရှိပါတယ်။

နင်မုန့်။ မြေးလေး နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါ ဒေါသထွက်လာရတော့မယ်။ ငါက ဒေါသထွက်လာရင် တအားကြောက်လာတတ်တယ်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue lendo

Você também vai gostar

159K 12.2K 50
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
74.7K 10.5K 200
အင်မော်တယ် ဇူအန် (မိတ်ဆက်) Keyboard Immortal ဘာသာပြန် Action Sharp မိုးကြိုးပစ်ခံရကာ ဘဝပြောင်းသွားသော ဇူအန်...။ လပြည့်မြို့တော်၏ လူ့အန္ဓ တစ်ယောက်အဖြစ...
8.1K 696 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်
31.3K 2.8K 168
The Sovereign's Ascension. On Going. ကြီးမြတ်သော သခင်။ (လင်းယွန်) ဉာဏ်လင်းထက် ?#MC က ရှယ်ကြမ်းရင် ကြိုက်တယ် ဆိုတဲ့သူတွေ အတွက် ... ?#MC က အနိမ်ခံ ဘဝကိ...