၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမ...

By NyeinHlaingZin123

45.7K 5K 51

Name - Adored Koi in the 70s Type - Web novel (CN) Genre - Comedy Fantasy Slice of Life Tags - Age Progressio... More

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
New year promotion
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅ / ၃၆
အပိုင္း ၃၅ / ၃၆
အပိုင်း ၃၇ / ၃၈
အပိုင္း ၃၇ / ၃၈
အပိုင်း ၃၉ / ၄၀
အပိုင္း ၃၉ / ၄၀

အပိုင်း ၇

1K 143 0
By NyeinHlaingZin123

Unicode

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

အပိုင်း ၇



စုန့်ကျင်းလိုင်၏ ဇနီးသည် အိမ်ထဲတွင် ပုန်းနေသည်။  သူမ၏ ခြေထောက်များက အားနည်းနေသည်။

ထိုမိန်းမပျက် လင်ဟွေ့က တကယ် တိုင်ကြားမည်ဟု သူမ မမျှော်လင့်ထားပေ။

တွင်းတူးပြီး သူမကိုယ်သူမ သင်္ဂြိုဟ်ချင်နေပြီ။

အဖွားအိုစုန့်သည် အသံကိုကြားသောအခါ မုန့်လိမ့်တံကို ကိုင်ပြီး နောက်ခန်းမှ ပြေးထွက်လာသည်။ "နင် ဖြုန်းတီးတဲ့ မိန်းမ။ အပြင်မှာ ထပ်ပြီး မိုက်မဲတဲ့ စကားတွေ ပြောပြန်ပြီလား?"

သူမ၏ ချွေးမအကြီးဆုံးက ဆိုးသွမ်းသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အဘွားအိုစုန့်က အရင်တုန်းကလည်း သင်ခန်းစာ ပေးဖူးသည်။  သူမပါးစပ်ကြောင့် မည်မျှကောင်းသည့် စကားလုံးများကို လျော်ကြေးပေးရသည်ကို သူမမသိပေ။

သူမကို ရိုက်နှက်ငေါက်ခဲ့ဖူးသော်လည်း ဤအမျိုးသမီးသည် ရိုက်နှက်ခံရခြင်းကို မမှတ်မိဘဲ စားသောက်ခြင်းကိုသာ မှတ်မိသည်။ ထိုအချိန်တွင် သူမက မည်မျှကတိပေးထားသည်ဖြစ်စေ ဆက်ပြီး မိုက်မဲသော စကားများကို ပြောနေသည်။

စုန့်ကျင်းလိုင်၏ဇနီးသည် သူမ၏ ခြေသလုံးပေါ်၌ ရိုက်နှက်ခံရသည်။  နာကျင်မှုကြောင့် သူမ မျက်ရည်တွေ စီးကျလာခဲ့သည်။ "အမေ၊ ရိုက်တာ ရပ်လိုက်ပါတော့။ အဒေါ်ရှို့ကျီက ဘာလို့ ကျွန်မဆီလာတာလဲ မသိဘူး!"

"နင်မသိဘူးလား။ ဒါ​ပေမယ့်​ ဘာလို့​ သူမက တခြားသူကို မရှာဘဲ နင့်ကိုမှ လာရှာရတာလဲ။ နင် အပြင်​မှာ​​ ပေါက်ကရတွေ ပြောတာဖြစ်​ရမယ်​။ မင်းအခုချက်​ချင်းထွက်​သွား​ပြီး တောင်းပန်​လိုက်!"

"မလုပ်နဲ့ အမေ။ ကျွန်မကို ရိုက်လိုက်တာ ပိုကောင်းတယ်၊ ကျွန်မ လုံးဝအပြင်မထွက်ဘူး!"  အဒေါ် ရှို့ကျီက တောဝက်တစ်ကောင်ကို မည်ကဲ့သို့ သတ်ခဲ့သည်ကို တွေးမိသောအခါ စုန့်ကျင်းလိုင်၏ ဇနီးသည် အားနည်းလာသည်။

အဒေါ် ရှို့ကျီကို ရင်ဆိုင်ရန် အပြင်ထွက်သည်ထက် ယောက္ခမရဲ့ ရိုက်နှက်တာကို ခံလိုက်မည်။

ကြောက်စရာကောင်းလွန်းသည်!

"ဘန်း"!

စုန့်မိသားစု၏ သနားစရာကောင်းသော သစ်သားတံခါးသည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ဘန်းခနဲ ပြုတ်ကျသွားသည်။

ရွာသားများကမီးစာထပ်ထည့်ရန် စိတ်ဝင်စားကြသည်။  "တံခါးပြုတ်ကျသွားပြီ၊ တံခါးပြုတ်ကျသွားပြီ" ဟု ကြွေးကြော်ကြ၏။

ချောင်ရှို့ကျီက သူမရဲ့ တံခါးကို ဖျက်ပစ်လိုက်သည်ကို မြင်သောအခါ အဘွားအိုစုန့်ရဲ့ မျက်နှာဟာ အိုးအောက်ခြေလောက် မည်းနက်သွားခဲ့သည်။ စကားတစ်ခွန်းမှမဆိုဘဲ သူမ လက်ထဲရှိ မုန့်လိမ့်တံဖြင့် ရိုက်နှက်တော့သည်။

နာကျင်လွန်းသဖြင့် စုန့်ကျင်းလိုင်၏ဇနီးက ပုန်းရန်အတွက် အော်ဟစ်ပြီးခြံထဲသို့ ခုန်ဆင်းသွားသည်။
စုန့်ကျင်းလိုင်၏ ဇနီးသည် ဝသည်။  ရေအေးသောက်လျှင်ပင် ဝသည့် အမျိုးအစားထဲတွင် ပါဝင်သည်။ ယခု အချိန်တွင် သူမသည် ထွားကြိုင်းတဲ့လူရှိသင့်သလောက် မရှိပေ။  သူမသည် အဆီပျော့များကဲ့သို့ ခုန်ပေါက်နေ၏။

ယောက္ခမနဲ့ ချွေးမ အချင်းချင်း လိုက်နေကြတာကို အားလုံးက ကြည့်ပြီး ဗိုက်နာသည်အထိ ရယ်မောနေကြသည်။

နောက်ဆုံးတွက် အဘွားအိုစုန့်က အိုနေပြီ ဖြစ်သည်။  ထိုသို့ ခဏအကြာ လိုက်ဖမ်းပြီးနောက် သူမက မောပန်းလာသည်။ " ဖြုန်းတီးနေတဲ့ မိန်းမ။ ဒီည နင့်ကို အကြီးဆုံးနဲ့ ဂရုစိုက်ခိုင်းမယ်!"

စုန့်ကျင်းလိုင်၏ ဇနီးက နောက်တစ်ဖန် ကြောက်လန့်လာပြန်သည်။

သူမ၏ချွေးမကို ဆူပူကြိမ်းမောင်းပြီးနောက် ဖြေရှင်းပေးရမည့် ကိစ္စ ပြေလည်အောင် ဖြေရှင်းပေးရမည်။  ချောင်ရှို့ကျီက အိမ်တံခါးကို တံခါးစောင့်နတ်ဘုရားကဲ့သို့ ပိတ်ဆို့နေသည် မဟုတ်လား?

ယနေ့ သူမကို သေသေချာချာ မပို့နိုင်လျှင် သစ်သားတံခါးလောက်နှင့် မပြီးဘဲ စုန့်မိသားစုတစ်ခုလုံးက သူမကြောင့် ပြိုကျပျက်စီးသွားနိုင်သည်။

သူမသည် တံခါးဆီသို့ လျှောက်သွားကာ အားတင်းပြုံးကာ ပြောလိုက်သည်။ "ရှို့ကျီ၊ ဘာကိစ္စရှိလို့လဲ"

ချောင်ရှို့ကျီက ပြောလိုက်သည်။ "နင့်ရဲ့ အကြီးဆုံးချွေးမက ငါ့သားလေး ကွာရှင်းတော့မယ်လို့ ​ နေရာတကာ လိုက်ပြောနေတယ်။ ဒါကြောင့် ငါ မေးချင်တာက သူတို့ကွာရှင်းတော့မယ်ဆိုတာ သူ့ရဲ့အမေဖြစ်တဲ့ ငါတောင် မသိသေးဘူး။ သူက ဘယ်လိုသိတာလဲ"

အဘွားအိုစုန့်သည် ဒေါသကြောင့် အံကို တင်းတင်းကြိတ်လိုက်သည်။  ခေါင်းကို လှည့်ကာ ချွေးမအကြီးကို လက်ညိုးထိုးပြီး ပြောလိုက်သည်။ "ဖြုန်းတီးသော မိန်းမ။ အားလုံးက နင်ပြောထားတာတွေပဲ။ နင်က အရမ်းတော်နေတာ ဘာလို့ ကောင်းကင်ကို မတက်တာလဲ!"

သူမ၏ ခေါင်းကို ပြန်လှည့်ပြီး ချောင်ရှို့ကျီကို တောင်းပန်ပါသည်။ "ရှို့ကျီ၊ ငါ့အကြီးဆုံးချွေးမရဲ့ ပါးစပ်က ဘယ်လောက်တောင် အမှိုက်ဆန်လဲဆိုတာကို နင်လည်း သိပါတယ်။ နောက်တော့ ကြမ်းပြင်ပေါ်သွားတွေ ကျွတ်ထွက်တဲ့အထိ သူ့ကို ရိုက်ပေးမယ်!"

ချောင်ရှို့ကျီက အေးစက်သောမျက်နှာဖြင့်ပြောလိုက်သည်။ "ငါ့မြေးအကြီးဆုံး သာ့ချောင်ကိုလည်း ​ခြောက်လိုက်သေးတယ်။ ငါ့ဒုတိယသားက လေဖြတ်နေပြီး သူက စကားထစ်တယ်လို့ပြောတယ်။ ကြီးလာတဲ့အခါ ဘယ်သူမှ သူမကိုလက်ထပ်မှာ မဟုတ်ဘူးလို့လည်း ပြောလိုက်တယ်။  သူ့မှာ အသိတရားရှိသေးရဲ့လား။ သူ့အသိဉာဏ်က တိရစ္ဆာန်ထက်တောင် ပိုဆိုးနေသေးတယ်"

"ငါပြောမယ်။ စုန့်ကျင်းလိုင်ရဲ့မိန်းမ၊ မင်းအရမ်းလွန်လွန်းတယ်။ သာ့ချောင်က အသက်ဘယ်လောက်ပဲရှိသေးလို့လဲ၊ နင်က သူ့ကို ဒီလိုပြောလိုက်တယ်။ နောင်မှာ မင်းရဲ့ကလေးကို ဝဋ်လည်မှာ မကြောက်ဘူးလား"

"အမှန်ပဲ။ တစ်ယောက်ယောက်က ငါ့ကလေးကို ဒီလိုပြောရဲရင် ငါ့ရဲ့ အိုနေတဲ့အသက်နဲ့ ရင်းပြီး ရန်ဖြစ်မှာ။ တစ်ဖက်လူကို လုံးဝ ခွင့်မပြုဘူး"

အားလုံးက စုန့်ကျင်းလိုင်၏ ဇနီးကို လက်ညှိုးထိုးကြပြီး  ဤတစ်ကြိမ်တွင် သူမက စည်းလွန်နေပြီဟု ပြောကြသည်။  အကယ်၍ သူမက အမှန်အတိုင်းပြောလျှင်တောင်မှ ခြောက်နှစ်အရွယ်ကလေးကို ထိုသို့ မပြောသင့်ပေ။

စုန့်ကျင်းလိုင်၏ ဇနီးသည် လူအုပ်ကြီး၏ မှတ်ချက်ကြောင့် လန့်သွားသည်။  ရံဖန်ရံခါ ယောက္ခမထံမှ ပစ်သတ်ခံရသော ဓားမြှောင်အကြည့်များကို သူမ ခံနိုင်ရည်မရှိပေ။။

ရုတ်တရက် သူမက အကြံရသွားသည်။  "ကော်တန်ရဲ့ အမေလည်း ဒီလိုပဲပြောတယ်။ နင်တို့က ငါ့ကိုပဲ ဘာလို့ ငေါက်နေတာလဲ"

ကော်တန်၏ အမေသည် ပြတင်းပေါက်တွင် လဲလျောင်းနေပြီး ခိုးနားထောင်နေသည်။ ရုတ်တရက် သူမကို စုန့်ကျင်းလိုင်၏ဇနီးဖြစ်သူက သစ္စာဖောက်ခဲ့သည်။

သူမသည် အပြေးအလွှားထွက်လာပြီး ပြောလိုက်သည်။ "နင်က မဟုတ်တာတွေပြောနေတာပဲ။ မဟုတ်တာတွပြောနေတယ်။ ကောင်းကင်က နင့်ကို မိုးကြိုးပစ်ပြီး အပြစ်ပေးလိမ့်မယ်!"

စုန့်ကျင်းလိုင်၏ ဇနီးသည် သူမ၏ပေါင်ပေါ်တွင် လက်ထောက်ပြီး ရှေ့တိုးကာ ပြောလိုက်သည်။ "ငါက မဟုတ်တာတွေ ပြောနေတာလား။ နင်က ငြင်းလိုက်လို့ လင်းဟွေ့က မေ့သွားမယ်လို့ ထင်နေတာလား။ အိပ်မက်မက်နေလိုက်။ တကယ်လို့ မိုးကြိုးပစ်ချရင် ငါနဲ့တူတူ နင်ပါ ပါမယ်!"

ကော်တန်၏ မိခင်သည် ရင်ဘတ်အောင့်သည်အထိ ဒေါသထွက်သွားသည်။ "ငါက တစ်ခွန်းပဲပြောတယ်။ နင်နဲ့မတူဘူး။ အခုပဲ ဖန်းရှောင်ကျွမ်းက ဒုတိယချောင်နဲ့ကွာရှင်းတော့မယ်လို့ပြောတယ်။ နောက်တော့ သာ့ချောင်က အိမ်ထောင်မပြုနိုင်ဘူးဆိုပြီး ပြောတယ်။ နောက်တော့ လင်းဟွေ့က ခိုးတာ ...."

"နင်တို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထား!"

ချောင်ရှို့ကျီသည် အဘွားအိုစုန့်၏ လက်မှ မုန့်လိမ့်တံကို ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
အက်ကွဲသံ နှင့်အတူ လိပ်တံသည် နှစ်ပိုင်းဖြစ်သွားသည်။

နေရာက တိတ်ဆိတ်သွားသည်။

ချောင်ရှို့ကျီက တောဝက်ကို လက်သီးတစ်ချက်ဖြင့်သာ သတ်သည်ကို လူအများစုက ကိုယ်တိုင် မမြင်ဖူးသေးပေ။  ဤအခိုက်အတန့်တွင် သူမသည် လက်မောင်းလောက်နီးပါး ထူသော မုန့်လိမ့်တံကို ချိုးပစ်လိုက်သည်ကို မြင်သောအခါ မည်သူမှပြင်းပြင်းထန်ထန် အသက်ရှူမဝံ့ပေ။

ချောင်ရှို့ကျီက မုန့်လိမ့်တံကို အဘွားအိုစုန့်အား ပြန်ပေးလိုက်သည်။ "ဘယ်သူက နည်းနည်းပြောလဲ၊ များများပြောလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါနင်တို့ကို မေးနေတယ်၊ ​​ဒါကို ဘယ်လိုဖြေရှင်းပေးမလဲ"

အဘွားအိုစုန့်က တစ်ဝက်ကျိုးသွားသော လိပ်တံကို ကြည့်ပြီး သွားများ ကိုက်နေသည်။

သူမ၏ အကြီးဆုံးချွေးမကို စူးစူးဝါးဝါး စိုက်ကြညွလိုက်သည်။ အိမ်ထဲသို့ပြန်သွားကာ ဥသုံးလုံးထုတ်ကာ ချောင်ရှို့ကျီ၏ လက်ထဲ ထည့်လိုက်သည်။

"ဒီအသုံးမကျတဲ့မိန်းမက နင့်ရဲ့ ချောင်မိသားစုကိစ္စမှာ ဝင်ပါတာ မှားသွားပါတယ်။ ငါ့မျက်နှာကို ထောက်ပြီး ဒီတစ်ခေါက် သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ"

ချောင်ရှို့ကျီသည် ကြက်ဥကို အိတ်ကပ်ထဲသို့ထည့်ကာ ကော်တန်၏ မိခင်ထံသို့ လာခဲ့သည်။

ကော်တန်၏ မိခင်သည် ခဏတာ နာကျင်သွားသည်။
သို့သော်လည်း သူမက မည်မျှပင် နာကျင်နေသည် ဖြစ်စေ ပေးသင့်သည်ကို ပေးရပေမည်။  နောက်ဆုံးတွင် သူမအခန်းထဲသွားပြီး ကြက်ဥနှစ်လုံးကို ထုတ်လိုက်သည်။

ဥနှစ်လုံးသာရှိရခြင်း အကြောင်းအရင်းမှာ သူမသည်အနည်းငယ်သာ ပြောသည်ဟု ခံစားမိသောကြောင့် တစ်လုံးကို လျှော့ပေးလိုက်သည်။

ချောင်ရှို့ကျီက စိတ်မဆိုးဘဲ ကြက်ဥငါးလုံးနှင့် ထွက်ခွာသွားသည်။

အတိအကျပြောရလျှင် သာ့ချောင်ကို အနိုင်ကျင့်သည့် ဖန်းမိသားစုသည် ကလေးပါရမီရှင်ဖြစ်သည့် ရှောင်ချောင်ကို မည်မျှနှစ်သက်ကြောင်း သူမကြားသိခဲ့ရသည်။

ဖန်းရုံလျန်က သူ၏မျက်နှာတစ်ခုလုံး နီရဲသွားသည်အထိ ရုန်းကန်နေသည်။ "သားမဟုတ်ဘူး! သာ့ချောင်က သားနဲ့ လောင်းချင်တယ်လို့ ပြောတယ်၊ ဒီငါးကို မစင်တွင်းထဲကို ပစ်ရဲရင် ဆင်းပြီး ကောက်ရဲတယ်လို့ ပြောတယ်!"

ချောက်ရှို့ကျီ -  "..."

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ!

"သားကိုမယုံရင် သာ့ချောင်ကိုမေးလို့ရတယ်!"

"အဖွား?" ချောင်ရှို့ကျီကိုတွေ့သောအခါ သာ့ချောင်လည်း အံ့သြသွားသည်။  သူမ မျက်နှာငယ်လေးသည် ပြေးလာသဖြင့် နီမြန်းနေသည်။ သူမ၏အရင်က ပိန်ချုံးနေသည့် ပုံသဏ္ဍာန်ထက် ပိုပြီး ကြည့်ကောင်းလာသည်။
ချောင်ရှို့ကျီက စကားမပြောမီ ဖန်ရုံလျန်က ပြောလိုက်သည်။ "ငထစ်မလေး၊ နင်က ငါနဲ့ အလောင်းအစားလုပ်ထားတာကို နင့်အဖွားကို ပြောပြလိုက်"

ချောင်ရှို့ကျီက ဖန်ရုံလျန်၏ နဖူးပေါ်သို့  လက်ညှိုးဖြင့် တောက်ပြီး ပြောလိုက်သည်။ "နောက်တစ်ခါ ငထစ်မလေးလို့ ခေါ်ရဲရင် ခေါ်ကြည့်။ နင့်ကို ငါဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်နေ!"

ဖန်ရုံလျန်က နာကျင်စွာ အော်ဟစ်လိုက်သည်။  တခြားကလေးတွေသာရှိမနေလျှင် သူငိုမှာသေချာသည်။
သာ့ချောင်၏ မျက်လုံးများ တောက်ပလာပြီး သူမ အဖွားကို လေးလေးနက်နက် ကြည့်နေသည်။

သူမသည် အရာများကို နားလည်ပြီးကတည်းက သူမအား ငထစ်မလေးဟု ခေါ်ကြသည်။ သူမ၏အမေက လည်း ခေါ်သည်။ သူမ၏အဖေက တည်ကြည်သောသူဖြစ်ပြီး တခြားသူတွေနဲ့ လုံးဝရန်ဖြစ်လေ့မရှိပေ။

ယခုကဲ့သို့ တစ်စုံတစ်ယောက်က သူမကို အကာအကွယ်ပေးသည်မှာ ပထမဆုံးအကြိမ်ပင်။

ရှောင်ချောင်က ခေါင်းစောင်းပြီး ချိုမြိန်သော အပြုံးဖြင့် ပြောလိုက်သည်။ "အဖွား၊ ဝမ်းကွဲအစ်ကိုက မမနဲ့ နောက်ပြောင်နေကြတာပါ။ အစ်ကိုဝမ်းကွဲရဲ့ လက်ထဲမှာ ငါးကို မမက သဘောကျလို့ လောင်းကြတာ"

သာ့ချောင်သည် သူမ၏ညီမကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမက ဖန်ရုံလျန်နှင့် လောင်းကြေးမထပ်ခဲ့ပေ။

ချောင်ရှို့ကျီသည် သာ့ချောင်၏ တုံ့ပြန်မှုကို ကြည့်ပြီး နားလည်သွားခဲ့သည်။

ရှောင်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နင့်အစ်မကို ဒီလိုအနိုင်ကျင့်ဖို့ အပြင်လူတွေကို ကူညီခဲ့တာလား?"

ရှောင်ချောင်က ခေတ္တမျှ ထိတ်လန့်သွားသည်။  ထို့နောက် သူမသည် မုန်းတီးမှုဖြင့် အံကြိတ်ခဲ့သည်။
ဤဘဝတွင် သူမသည် အစကတည်းကပင် အောင်နိုင်ခဲ့သည်။ 

သူမသည် ခုနစ်လသားအရွယ်တွင် စကားပြောနိုင်သည်၊ အသက်တစ်နှစ်တွင် လမ်းလျှောက်နိုင်သည်၊ နှစ်နှစ်သားအရွယ်တွင် နာမည်ရေးနိုင်ပြီး လေးနှစ်သားအရွယ်တွင် လူသိများသော ပါရမီရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။

ရွာခုနစ်ရွာရှိ ရွာသားများသည် အဖွားမှလွဲ၍ သူမကို အလွန်နှစ်သက်ကြသည်။

ချောင်မိသားစု၏ အကြီးအကဲဖြစ်သည့် သူမ၏ အဖွားသည် သူမနှစ်သက်လိုသော သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း တစ်ဖက်လူက လက်မခံပေ။

•••••••••••••

Zawgyi

၇၀ ခုႏွစ္က အလိုလိုက္ခံင္းမီးေလး

အပိုင္း



စုန္႔က်င္းလိုင္၏ ဇနီးသည္ အိမ္ထဲတြင္ ပုန္းေနသည္။  သူမ၏ ေျခေထာက္မ်ားက အားနည္းေနသည္။

ထိုမိန္းမပ်က္ လင္ေဟြ႕က တကယ္ တိုင္ၾကားမည္ဟု သူမ မေမွ်ာ္လင့္ထားေပ။

တြင္းတူးၿပီး သူမကိုယ္သူမ သၿဂႋဳဟ္ခ်င္ေနၿပီ။

အဖြားအိုစုန္႔သည္ အသံကိုၾကားေသာအခါ မုန္႔လိမ့္တံကို ကိုင္ၿပီး ေနာက္ခန္းမွ ေျပးထြက္လာသည္။ "နင္ ျဖဳန္းတီးတဲ့ မိန္းမ။ အျပင္မွာ ထပ္ၿပီး မိုက္မဲတဲ့ စကားေတြ ေျပာျပန္ၿပီလား?"

သူမ၏ ေခြၽးမအႀကီးဆုံးက ဆိုးသြမ္းသည္။ ထိုကိစၥႏွင့္ ပတ္သက္ၿပီး အဘြားအိုစုန္႔က အရင္တုန္းကလည္း သင္ခန္းစာ ေပးဖူးသည္။  သူမပါးစပ္ေၾကာင့္ မည္မွ်ေကာင္းသည့္ စကားလုံးမ်ားကို ေလ်ာ္ေၾကးေပးရသည္ကို သူမမသိေပ။

သူမကို ႐ိုက္ႏွက္ေငါက္ခဲ့ဖူးေသာ္လည္း ဤအမ်ိဳးသမီးသည္ ႐ိုက္ႏွက္ခံရျခင္းကို မမွတ္မိဘဲ စားေသာက္ျခင္းကိုသာ မွတ္မိသည္။ ထိုအခ်ိန္တြင္ သူမက မည္မွ်ကတိေပးထားသည္ျဖစ္ေစ ဆက္ၿပီး မိုက္မဲေသာ စကားမ်ားကို ေျပာေနသည္။

စုန္႔က်င္းလိုင္၏ဇနီးသည္ သူမ၏ ေျခသလုံးေပၚ၌ ႐ိုက္ႏွက္ခံရသည္။  နာက်င္မႈေၾကာင့္ သူမ မ်က္ရည္ေတြ စီးက်လာခဲ့သည္။ "အေမ၊ ႐ိုက္တာ ရပ္လိုက္ပါေတာ့။ အေဒၚ႐ိႈ႕က်ီက ဘာလို႔ ကြၽန္မဆီလာတာလဲ မသိဘူး!"

"နင္မသိဘူးလား။ ဒါ​ေပမယ့္​ ဘာလို႔​ သူမက တျခားသူကို မ႐ွာဘဲ နင့္ကိုမွ လာ႐ွာရတာလဲ။ နင္ အျပင္​မွာ​​ ေပါက္ကရေတြ ေျပာတာျဖစ္​ရမယ္​။ မင္းအခုခ်က္​ခ်င္းထြက္​သြား​ၿပီး ေတာင္းပန္​လိုက္!"

"မလုပ္နဲ႔ အေမ။ ကြၽန္မကို ႐ိုက္လိုက္တာ ပိုေကာင္းတယ္၊ ကြၽန္မ လုံးဝအျပင္မထြက္ဘူး!"  အေဒၚ ႐ိႈ႕က်ီက ေတာဝက္တစ္ေကာင္ကို မည္ကဲ့သို႔ သတ္ခဲ့သည္ကို ေတြးမိေသာအခါ စုန္႔က်င္းလိုင္၏ ဇနီးသည္ အားနည္းလာသည္။

အေဒၚ ႐ိႈ႕က်ီကို ရင္ဆိုင္ရန္ အျပင္ထြက္သည္ထက္ ေယာကၡမရဲ႕ ႐ိုက္ႏွက္တာကို ခံလိုက္မည္။

ေၾကာက္စရာေကာင္းလြန္းသည္!

"ဘန္း"!

စုန္႔မိသားစု၏ သနားစရာေကာင္းေသာ သစ္သားတံခါးသည္ ေနာက္ဆုံးတြင္ မထိန္းႏိုင္ေတာ့ဘဲ ဘန္းခနဲ ျပဳတ္က်သြားသည္။

႐ြာသားမ်ားကမီးစာထပ္ထည့္ရန္ စိတ္ဝင္စားၾကသည္။  "တံခါးျပဳတ္က်သြားၿပီ၊ တံခါးျပဳတ္က်သြားၿပီ" ဟု ေႂကြးေၾကာ္ၾက၏။

ေခ်ာင္႐ိႈ႕က်ီက သူမရဲ႕ တံခါးကို ဖ်က္ပစ္လိုက္သည္ကို ျမင္ေသာအခါ အဘြားအိုစုန္႔ရဲ႕ မ်က္ႏွာဟာ အိုးေအာက္ေျခေလာက္ မည္းနက္သြားခဲ့သည္။ စကားတစ္ခြန္းမွမဆိုဘဲ သူမ လက္ထဲ႐ွိ မုန္႔လိမ့္တံျဖင့္ ႐ိုက္ႏွက္ေတာ့သည္။

နာက်င္လြန္းသျဖင့္ စုန္႔က်င္းလိုင္၏ဇနီးက ပုန္းရန္အတြက္ ေအာ္ဟစ္ၿပီးျခံထဲသို႔ ခုန္ဆင္းသြားသည္။
စုန္႔က်င္းလိုင္၏ ဇနီးသည္ ဝသည္။  ေရေအးေသာက္လွ်င္ပင္ ဝသည့္ အမ်ိဳးအစားထဲတြင္ ပါဝင္သည္။ ယခု အခ်ိန္တြင္ သူမသည္ ထြားႀကိဳင္းတဲ့လူ႐ွိသင့္သေလာက္ မ႐ွိေပ။  သူမသည္ အဆီေပ်ာ့မ်ားကဲ့သို႔ ခုန္ေပါက္ေန၏။

ေယာကၡမနဲ႔ ေခြၽးမ အခ်င္းခ်င္း လိုက္ေနၾကတာကို အားလုံးက ၾကည့္ၿပီး ဗိုက္နာသည္အထိ ရယ္ေမာေနၾကသည္။

ေနာက္ဆုံးတြက္ အဘြားအိုစုန္႔က အိုေနၿပီ ျဖစ္သည္။  ထိုသို႔ ခဏအၾကာ လိုက္ဖမ္းၿပီးေနာက္ သူမက ေမာပန္းလာသည္။ " ျဖဳန္းတီးေနတဲ့ မိန္းမ။ ဒီည နင့္ကို အႀကီးဆုံးနဲ႔ ဂ႐ုစိုက္ခိုင္းမယ္!"

စုန္႔က်င္းလိုင္၏ ဇနီးက ေနာက္တစ္ဖန္ ေၾကာက္လန္႔လာျပန္သည္။

သူမ၏ေခြၽးမကို ဆူပူႀကိမ္းေမာင္းၿပီးေနာက္ ေျဖ႐ွင္းေပးရမည့္ ကိစၥ ေျပလည္ေအာင္ ေျဖ႐ွင္းေပးရမည္။  ေခ်ာင္႐ိႈ႕က်ီက အိမ္တံခါးကို တံခါးေစာင့္နတ္ဘုရားကဲ့သို႔ ပိတ္ဆို႔ေနသည္ မဟုတ္လား?

ယေန႔ သူမကို ေသေသခ်ာခ်ာ မပို႔ႏိုင္လွ်င္ သစ္သားတံခါးေလာက္ႏွင့္ မၿပီးဘဲ စုန္႔မိသားစုတစ္ခုလုံးက သူမေၾကာင့္ ၿပိဳက်ပ်က္စီးသြားႏိုင္သည္။

သူမသည္ တံခါးဆီသို႔ ေလွ်ာက္သြားကာ အားတင္းျပဳံးကာ ေျပာလိုက္သည္။ "႐ိႈ႕က်ီ၊ ဘာကိစၥ႐ွိလို႔လဲ"

ေခ်ာင္႐ိႈ႕က်ီက ေျပာလိုက္သည္။ "နင့္ရဲ႕ အႀကီးဆုံးေခြၽးမက ငါ့သားေလး ကြာ႐ွင္းေတာ့မယ္လို႔ ​ ေနရာတကာ လိုက္ေျပာေနတယ္။ ဒါေၾကာင့္ ငါ ေမးခ်င္တာက သူတို႔ကြာ႐ွင္းေတာ့မယ္ဆိုတာ သူ႕ရဲ႕အေမျဖစ္တဲ့ ငါေတာင္ မသိေသးဘူး။ သူက ဘယ္လိုသိတာလဲ"

အဘြားအိုစုန္႔သည္ ေဒါသေၾကာင့္ အံကို တင္းတင္းႀကိတ္လိုက္သည္။  ေခါင္းကို လွည့္ကာ ေခြၽးမအႀကီးကို လက္ညိဳးထိုးၿပီး ေျပာလိုက္သည္။ "ျဖဳန္းတီးေသာ မိန္းမ။ အားလုံးက နင္ေျပာထားတာေတြပဲ။ နင္က အရမ္းေတာ္ေနတာ ဘာလို႔ ေကာင္းကင္ကို မတက္တာလဲ!"

သူမ၏ ေခါင္းကို ျပန္လွည့္ၿပီး ေခ်ာင္႐ိႈ႕က်ီကို ေတာင္းပန္ပါသည္။ "႐ိႈ႕က်ီ၊ ငါ့အႀကီးဆုံးေခြၽးမရဲ႕ ပါးစပ္က ဘယ္ေလာက္ေတာင္ အမိႈက္ဆန္လဲဆိုတာကို နင္လည္း သိပါတယ္။ ေနာက္ေတာ့ ၾကမ္းျပင္ေပၚသြားေတြ ကြၽတ္ထြက္တဲ့အထိ သူ႕ကို ႐ိုက္ေပးမယ္!"

ေခ်ာင္႐ိႈ႕က်ီက ေအးစက္ေသာမ်က္ႏွာျဖင့္ေျပာလိုက္သည္။ "ငါ့ေျမးအႀကီးဆုံး သာ့ေခ်ာင္ကိုလည္း ​ေျခာက္လိုက္ေသးတယ္။ ငါ့ဒုတိယသားက ေလျဖတ္ေနၿပီး သူက စကားထစ္တယ္လို႔ေျပာတယ္။ ႀကီးလာတဲ့အခါ ဘယ္သူမွ သူမကိုလက္ထပ္မွာ မဟုတ္ဘူးလို႔လည္း ေျပာလိုက္တယ္။  သူ႕မွာ အသိတရား႐ွိေသးရဲ႕လား။ သူ႕အသိဉာဏ္က တိရစၧာန္ထက္ေတာင္ ပိုဆိုးေနေသးတယ္"

"ငါေျပာမယ္။ စုန္႔က်င္းလိုင္ရဲ႕မိန္းမ၊ မင္းအရမ္းလြန္လြန္းတယ္။ သာ့ေခ်ာင္က အသက္ဘယ္ေလာက္ပဲ႐ွိေသးလို႔လဲ၊ နင္က သူ႕ကို ဒီလိုေျပာလိုက္တယ္။ ေနာင္မွာ မင္းရဲ႕ကေလးကို ဝဋ္လည္မွာ မေၾကာက္ဘူးလား"

"အမွန္ပဲ။ တစ္ေယာက္ေယာက္က ငါ့ကေလးကို ဒီလိုေျပာရဲရင္ ငါ့ရဲ႕ အိုေနတဲ့အသက္နဲ႔ ရင္းၿပီး ရန္ျဖစ္မွာ။ တစ္ဖက္လူကို လုံးဝ ခြင့္မျပဳဘူး"

အားလုံးက စုန္႔က်င္းလိုင္၏ ဇနီးကို လက္ညိႇဳးထိုးၾကၿပီး  ဤတစ္ႀကိမ္တြင္ သူမက စည္းလြန္ေနၿပီဟု ေျပာၾကသည္။  အကယ္၍ သူမက အမွန္အတိုင္းေျပာလွ်င္ေတာင္မွ ေျခာက္ႏွစ္အ႐ြယ္ကေလးကို ထိုသို႔ မေျပာသင့္ေပ။

စုန္႔က်င္းလိုင္၏ ဇနီးသည္ လူအုပ္ႀကီး၏ မွတ္ခ်က္ေၾကာင့္ လန္႔သြားသည္။  ရံဖန္ရံခါ ေယာကၡမထံမွ ပစ္သတ္ခံရေသာ ဓားေျမႇာင္အၾကည့္မ်ားကို သူမ ခံႏိုင္ရည္မ႐ွိေပ။။

႐ုတ္တရက္ သူမက အၾကံရသြားသည္။  "ေကာ္တန္ရဲ႕ အေမလည္း ဒီလိုပဲေျပာတယ္။ နင္တို႔က ငါ့ကိုပဲ ဘာလို႔ ေငါက္ေနတာလဲ"

ေကာ္တန္၏ အေမသည္ ျပတင္းေပါက္တြင္ လဲေလ်ာင္းေနၿပီး ခိုးနားေထာင္ေနသည္။ ႐ုတ္တရက္ သူမကို စုန္႔က်င္းလိုင္၏ဇနီးျဖစ္သူက သစၥာေဖာက္ခဲ့သည္။

သူမသည္ အေျပးအလႊားထြက္လာၿပီး ေျပာလိုက္သည္။ "နင္က မဟုတ္တာေတြေျပာေနတာပဲ။ မဟုတ္တာတြေျပာေနတယ္။ ေကာင္းကင္က နင့္ကို မိုးႀကိဳးပစ္ၿပီး အျပစ္ေပးလိမ့္မယ္!"

စုန္႔က်င္းလိုင္၏ ဇနီးသည္ သူမ၏ေပါင္ေပၚတြင္ လက္ေထာက္ၿပီး ေ႐ွ႕တိုးကာ ေျပာလိုက္သည္။ "ငါက မဟုတ္တာေတြ ေျပာေနတာလား။ နင္က ျငင္းလိုက္လို႔ လင္းေဟြ႕က ေမ့သြားမယ္လို႔ ထင္ေနတာလား။ အိပ္မက္မက္ေနလိုက္။ တကယ္လို႔ မိုးႀကိဳးပစ္ခ်ရင္ ငါနဲ႔တူတူ နင္ပါ ပါမယ္!"

ေကာ္တန္၏ မိခင္သည္ ရင္ဘတ္ေအာင့္သည္အထိ ေဒါသထြက္သြားသည္။ "ငါက တစ္ခြန္းပဲေျပာတယ္။ နင္နဲ႔မတူဘူး။ အခုပဲ ဖန္းေ႐ွာင္ကြၽမ္းက ဒုတိယေခ်ာင္နဲ႔ကြာ႐ွင္းေတာ့မယ္လို႔ေျပာတယ္။ ေနာက္ေတာ့ သာ့ေခ်ာင္က အိမ္ေထာင္မျပဳႏိုင္ဘူးဆိုၿပီး ေျပာတယ္။ ေနာက္ေတာ့ လင္းေဟြ႕က ခိုးတာ ...."

"နင္တို႔ႏွစ္ေယာက္လုံး ပါးစပ္ပိတ္ထား!"

ေခ်ာင္႐ိႈ႕က်ီသည္ အဘြားအိုစုန္႔၏ လက္မွ မုန္႔လိမ့္တံကို ကိုင္လိုက္ၿပီး ေပါ့ေပါ့ပါးပါး ဆုပ္ကိုင္လိုက္သည္။
အက္ကြဲသံ ႏွင့္အတူ လိပ္တံသည္ ႏွစ္ပိုင္းျဖစ္သြားသည္။

ေနရာက တိတ္ဆိတ္သြားသည္။

ေခ်ာင္႐ိႈ႕က်ီက ေတာဝက္ကို လက္သီးတစ္ခ်က္ျဖင့္သာ သတ္သည္ကို လူအမ်ားစုက ကိုယ္တိုင္ မျမင္ဖူးေသးေပ။  ဤအခိုက္အတန္႔တြင္ သူမသည္ လက္ေမာင္းေလာက္နီးပါး ထူေသာ မုန္႔လိမ့္တံကို ခ်ိဳးပစ္လိုက္သည္ကို ျမင္ေသာအခါ မည္သူမွျပင္းျပင္းထန္ထန္ အသက္႐ွဴမဝံ့ေပ။

ေခ်ာင္႐ိႈ႕က်ီက မုန္႔လိမ့္တံကို အဘြားအိုစုန္႔အား ျပန္ေပးလိုက္သည္။ "ဘယ္သူက နည္းနည္းေျပာလဲ၊ မ်ားမ်ားေျပာလဲဆိုတာ ငါဂ႐ုမစိုက္ဘူး။ ငါနင္တို႔ကို ေမးေနတယ္၊ ​​ဒါကို ဘယ္လိုေျဖ႐ွင္းေပးမလဲ"

အဘြားအိုစုန္႔က တစ္ဝက္က်ိဳးသြားေသာ လိပ္တံကို ၾကည့္ၿပီး သြားမ်ား ကိုက္ေနသည္။

သူမ၏ အႀကီးဆုံးေခြၽးမကို စူးစူးဝါးဝါး စိုက္ၾကၫြလိုက္သည္။ အိမ္ထဲသို႔ျပန္သြားကာ ဥသုံးလုံးထုတ္ကာ ေခ်ာင္႐ိႈ႕က်ီ၏ လက္ထဲ ထည့္လိုက္သည္။

"ဒီအသုံးမက်တဲ့မိန္းမက နင့္ရဲ႕ ေခ်ာင္မိသားစုကိစၥမွာ ဝင္ပါတာ မွားသြားပါတယ္။ ငါ့မ်က္ႏွာကို ေထာက္ၿပီး ဒီတစ္ေခါက္ သူ႕ကို ခြင့္လႊတ္ေပးလိုက္ပါ"

ေခ်ာင္႐ိႈ႕က်ီသည္ ၾကက္ဥကို အိတ္ကပ္ထဲသို႔ထည့္ကာ ေကာ္တန္၏ မိခင္ထံသို႔ လာခဲ့သည္။

ေကာ္တန္၏ မိခင္သည္ ခဏတာ နာက်င္သြားသည္။
သို႔ေသာ္လည္း သူမက မည္မွ်ပင္ နာက်င္ေနသည္ ျဖစ္ေစ ေပးသင့္သည္ကို ေပးရေပမည္။  ေနာက္ဆုံးတြင္ သူမအခန္းထဲသြားၿပီး ၾကက္ဥႏွစ္လုံးကို ထုတ္လိုက္သည္။

ဥႏွစ္လုံးသာ႐ွိရျခင္း အေၾကာင္းအရင္းမွာ သူမသည္အနည္းငယ္သာ ေျပာသည္ဟု ခံစားမိေသာေၾကာင့္ တစ္လုံးကို ေလွ်ာ့ေပးလိုက္သည္။

ေခ်ာင္႐ိႈ႕က်ီက စိတ္မဆိုးဘဲ ၾကက္ဥငါးလုံးႏွင့္ ထြက္ခြာသြားသည္။

အတိအက်ေျပာရလွ်င္ သာ့ေခ်ာင္ကို အႏိုင္က်င့္သည့္ ဖန္းမိသားစုသည္ ကေလးပါရမီ႐ွင္ျဖစ္သည့္ ေ႐ွာင္ေခ်ာင္ကို မည္မွ်ႏွစ္သက္ေၾကာင္း သူမၾကားသိခဲ့ရသည္။

ဖန္း႐ုံလ်န္က သူ၏မ်က္ႏွာတစ္ခုလုံး နီရဲသြားသည္အထိ ႐ုန္းကန္ေနသည္။ "သားမဟုတ္ဘူး! သာ့ေခ်ာင္က သားနဲ႔ ေလာင္းခ်င္တယ္လို႔ ေျပာတယ္၊ ဒီငါးကို မစင္တြင္းထဲကို ပစ္ရဲရင္ ဆင္းၿပီး ေကာက္ရဲတယ္လို႔ ေျပာတယ္!"

ေခ်ာက္႐ိႈ႕က်ီ -  "..."

ဘယ္ေလာက္ေတာင္ ေၾကာက္ဖို႔ေကာင္းလိုက္လဲ!

"သားကိုမယုံရင္ သာ့ေခ်ာင္ကိုေမးလို႔ရတယ္!"

"အဖြား?" ေခ်ာင္႐ိႈ႕က်ီကိုေတြ႕ေသာအခါ သာ့ေခ်ာင္လည္း အံ့ၾသသြားသည္။  သူမ မ်က္ႏွာငယ္ေလးသည္ ေျပးလာသျဖင့္ နီျမန္းေနသည္။ သူမ၏အရင္က ပိန္ခ်ံဳးေနသည့္ ပုံသ႑ာန္ထက္ ပိုၿပီး ၾကည့္ေကာင္းလာသည္။
ေခ်ာင္႐ိႈ႕က်ီက စကားမေျပာမီ ဖန္႐ုံလ်န္က ေျပာလိုက္သည္။ "ငထစ္မေလး၊ နင္က ငါနဲ႔ အေလာင္းအစားလုပ္ထားတာကို နင့္အဖြားကို ေျပာျပလိုက္"

ေခ်ာင္႐ိႈ႕က်ီက ဖန္႐ုံလ်န္၏ နဖူးေပၚသို႔  လက္ညိႇဳးျဖင့္ ေတာက္ၿပီး ေျပာလိုက္သည္။ "ေနာက္တစ္ခါ ငထစ္မေလးလို႔ ေခၚရဲရင္ ေခၚၾကည့္။ နင့္ကို ငါဘယ္လိုေျဖ႐ွင္းမလဲဆိုတာ ၾကည့္ေန!"

ဖန္႐ုံလ်န္က နာက်င္စြာ ေအာ္ဟစ္လိုက္သည္။  တျခားကေလးေတြသာ႐ွိမေနလွ်င္ သူငိုမွာေသခ်ာသည္။
သာ့ေခ်ာင္၏ မ်က္လုံးမ်ား ေတာက္ပလာၿပီး သူမ အဖြားကို ေလးေလးနက္နက္ ၾကည့္ေနသည္။

သူမသည္ အရာမ်ားကို နားလည္ၿပီးကတည္းက သူမအား ငထစ္မေလးဟု ေခၚၾကသည္။ သူမ၏အေမက လည္း ေခၚသည္။ သူမ၏အေဖက တည္ၾကည္ေသာသူျဖစ္ၿပီး တျခားသူေတြနဲ႔ လုံးဝရန္ျဖစ္ေလ့မ႐ွိေပ။

ယခုကဲ့သို႔ တစ္စုံတစ္ေယာက္က သူမကို အကာအကြယ္ေပးသည္မွာ ပထမဆုံးအႀကိမ္ပင္။

ေ႐ွာင္ေခ်ာင္က ေခါင္းေစာင္းၿပီး ခ်ိဳၿမိန္ေသာ အျပဳံးျဖင့္ ေျပာလိုက္သည္။ "အဖြား၊ ဝမ္းကြဲအစ္ကိုက မမနဲ႔ ေနာက္ေျပာင္ေနၾကတာပါ။ အစ္ကိုဝမ္းကြဲရဲ႕ လက္ထဲမွာ ငါးကို မမက သေဘာက်လို႔ ေလာင္းၾကတာ"

သာ့ေခ်ာင္သည္ သူမ၏ညီမကို စိတ္႐ႈပ္ေထြးစြာ ၾကည့္လိုက္သည္။ သူမက ဖန္႐ုံလ်န္ႏွင့္ ေလာင္းေၾကးမထပ္ခဲ့ေပ။

ေခ်ာင္႐ိႈ႕က်ီသည္ သာ့ေခ်ာင္၏ တုံ႔ျပန္မႈကို ၾကည့္ၿပီး နားလည္သြားခဲ့သည္။

ေ႐ွာင္ေခ်ာင္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။ "နင့္အစ္မကို ဒီလိုအႏိုင္က်င့္ဖို႔ အျပင္လူေတြကို ကူညီခဲ့တာလား?"

ေ႐ွာင္ေခ်ာင္က ေခတၱမွ် ထိတ္လန္႔သြားသည္။  ထို႔ေနာက္ သူမသည္ မုန္းတီးမႈျဖင့္ အံႀကိတ္ခဲ့သည္။
ဤဘဝတြင္ သူမသည္ အစကတည္းကပင္ ေအာင္ႏိုင္ခဲ့သည္။ 

သူမသည္ ခုနစ္လသားအ႐ြယ္တြင္ စကားေျပာႏိုင္သည္၊ အသက္တစ္ႏွစ္တြင္ လမ္းေလွ်ာက္ႏိုင္သည္၊ ႏွစ္ႏွစ္သားအ႐ြယ္တြင္ နာမည္ေရးႏိုင္ၿပီး ေလးႏွစ္သားအ႐ြယ္တြင္ လူသိမ်ားေသာ ပါရမီ႐ွင္တစ္ဦးျဖစ္ေနၿပီျဖစ္သည္။

႐ြာခုနစ္႐ြာ႐ွိ ႐ြာသားမ်ားသည္ အဖြားမွလြဲ၍ သူမကို အလြန္ႏွစ္သက္ၾကသည္။

ေခ်ာင္မိသားစု၏ အႀကီးအကဲျဖစ္သည့္ သူမ၏ အဖြားသည္ သူမႏွစ္သက္လိုေသာ သူတစ္ေယာက္ျဖစ္သည္။ သို႔ေသာ္လည္း တစ္ဖက္လူက လက္မခံေပ။



#17.12.2023

Continue Reading

You'll Also Like

61.5K 6.8K 12
Dragonwall's queen no longer remembers who she is. Her magic is locked away at the hands of an evil sorcerer. Kane hoped to deal the drengr monarchy...
46K 1.1K 172
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. ◆◇◆◇◆◇◆◇ The entire Yunzhou knew that the Ye Family h...
2M 98.9K 37
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
96.1K 2.8K 21
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။