Circles
By warmilk_sua
7.2K 789 67
ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးပေါ်တစ်ဦးချစ်နေရုံနဲ့ မလုံလောက်တဲ့အခါ.... ချစ်ခြင်းမေတ္တာအပေါ်ခံယူထားတဲ့ ခံယူချက်တွ... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
16
323 36 7
By warmilk_sua
မနေ့ညက ဘယ်လိုစိတ်နဲ့အတင်းအိပ်ပျော်သွားတယ်ရယ် မသိ ဂျောင်ဟန် နိုးလာတော့ ဘေးနားမှာ ရှုအာ မရှိတော့။ ရေချိူးခန်းထဲကရေသံလည်း မကြားရတာကြောင့် အိပ်ယာထအရမ်းနောက်ကျနေပြီလားဆိုတဲ့စိုးရိမ်စိတ်နဲ့ ဖုန်းဖွင့်ကြည့်တော့ ခုမှ မနက် ၈ နာရီထိုးလုလုပင်ရှိသေး၏။ရှုအာကကော?
ဂျောင်ဟန် အိပ်မှုန်စုံဝါးနဲ့ မျက်နှာတောင်မသစ်တော့ဘဲရှုအာ့ကိုရှာဖို့အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။ ထမင်းစားခန်းက ဇွန်းသံ ပန်းကန်သံတစ်ချို့ကြောင့် ဂျောင်ဟန် ထမင်းစားခန်းဘက်ကိုဘဲ တစ်ခါတည်းဦးတည်သွားလိုက်တယ်။
"ဟာနီ နိုးလာပြီလား ကိုယ်ခုလေးတင်လာနှိုးတော့မလို့"
"အွန်း"
ဂျောင်ဟန် စားပွဲနားကိုတိုးကပ်သွားပြီး ရှုအာ ဘာတွေလုပ်ထားတာလဲဆိုတာသိချင်စိတ်လေးနဲ့ အပြင်အဆင်ကိုကြည့်လိုက်မိတယ်။
"ကိုယ်မနက်စာပြင်ပေးထားတာ မနေ့ညက ဟာနီဘာမှမစားဘဲအိပ်သွားလို့ စိတ်ပူလို့"
ဂျောင်ဟန်ကို ထိုင်ခုံလေးမှာထိုင်စေပြီး ခုလေးတင် ပူပူနွေးနွေးလုပ်ထားဟန်ရှိတဲ့ Carbonara ပါစတာထည့်ထားတဲ့ ပန်းကန်ပြား လှလှလေးကို သူ့ရှေ့ချပေးလာတယ်။
"စားကြည့်ကြည့် ဟာနီ ကိုယ်သေချာလုပ်ပေးထားတာ"
ဂျောင်ဟန်  ဘေးနားက ခရင်းလေးနဲ့ ပါစတာအချို့ကို လိပ်ယူလိုက်ပြီး အနည်းငယ်မြည်းစမ်းစားကြည့်လိုက်တယ်။
"ဘယ်လိုနေလဲ အရသာရှိတယ်မလား"
"အွန်း.."
ဂျောင်ဟန် မနေ့ကကိစ္စတွေကြောင့်နဲ့ စိတ်ဆိုးနေမှန်း ရှုအာ သိပါသည်။ ဒီတစ်ခေါက်စိတ်ဆိုးတာက အရင်လို ခပ်စွာစွာ ရန်ပြန်တွေ့တဲ့ပုံစံမဟုတ်တော့ဘဲ အေးတိအေးစက်လေးဖြစ်သွားတာကြောင့် ရှုအာ နည်းနည်းတော့ သတိထားနေသည်ပြောရမလား? မနေ့က အပြင်ရောက်ပြီး သူဖုန်းပြောနေတာကြောင့် မလည်လိုက်ရဘဲ တန်းပြန်ခဲ့လိုက်ရသည်မဟုတ်လား။
"ဒီနေ့ကိုယ် company သွားဖို့မရှိဘူးဟာနီ ဘယ်သွားချင်လဲ ကိုယ်လိုက်ပို့မယ်လေ"
"ဟင့်အင်း ပင်ပန်းတယ် အပြင်မထွက်ချင်ဘူး"
မနက်စာကိုဘဲအာရုံစိုက်စားပြီး ပြန်ဖြေလိုက်တဲ့ ဂျောင်ဟန်စကားကြောင့် ရှုအာ ဘာဆက်ပြောရမလဲ အနည်းငယ်စဉ်းစားလိုက်ရ၏။ ဂျောင်ဟန်အနေနဲ့တော့ အပြင်မသွားချင်တော့တာအမှန်။ အပြင်သွားလည်း အလုပ်ကိစ္စဖုန်းဆက်ရင် သူတစ်ယောက်တည်းထိုင်နေရဦးမယ်မဟုတ်လား?
"အဲ့တာဆို ကိုယ်တို့ အိမ်မှာဘဲအေးဆေးစကားပြောကြတာပေါ့"
"အင်း"
"ရုပ်ရှင်ကြည့်ကြမလား"
"အွန်း"
အင်း အွန်းကလွဲပြီး သိပ်မဖြေဘဲ စိတ်ဆိုးနေတဲ့ဂျောင်ဟန်ကြောင့် ရှုအာကဘဲ စကားတွေအများကြီးတောက်လျှောက်ပြောနေရှာတယ်။ ရှုအာကိုယ်တိုင်ကလည်း မနေ့ကကိစ္စကြောင့်နဲ့ သူ့အပြစ်မကင်းဘူးလို့ ခံယူမိထားတာကြောင့်ကောပါမယ်ထင်တယ်။ ဂျောင်ဟန် စားသောက်ပြီးစီးသွားတော့ အပေါ်ထပ်ကို ရေမိုးချိုးမျက်နှာသစ်ဖို့ပြန်တတ်လာခဲ့လိုက်တယ်။ ဂျောင်ဟန်ရေချိုးနေရင်း ပြန်တွေးကြည့်တော့ ရှုအာကိုစိတ်မကောင်းဖြစ်သွားပြန်သည်။ သူများလွန်သွားပြီလား? မနက်ကတည်းက ရှုအာ တောက်လျှောက် စကားတွေအများကြီးပြောပြီး သူ့ကိုအလိုလိုက်နေတာတွေတွေးကြည့်မိတော့ ဂျောင်ဟန် ရှုအာ့အပေါ်စိတ်မကောင်းဖြစ်မိသွားတယ်။ ဟူး...ကိစ္စတွေကရိုးရှင်းနေပေမယ့် ဂျောင်ဟန်အတွက်တော့ ဘာကြောင့်ရယ်မသိ စိတ်လေးနေရပြန်သည်။
ဂျောင်ဟန် ဒီနေ့ဘယ်မှမသွားဘူးမလို့ ပေါ့ပေါ့းပါးပါး အိမ်နေရင်း အင်္ကျီခပ်ပွပွဝတ်ကာအောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။ ရှုအာနဲ့ရုပ်ရှင်တူတူကြည့်မယ်ပြောထားတာကြောင့်ရယ် ရှုအာ့အပေါ်လွန်သွားလားဆိုပြီးစိတ်မကောင်းဖြစ်တာကြောင့်ရောပါမည်။ မနေ့ညကစိတ်နဲ့ဆို ဒီနေ့လည်းရှုအာနဲ့စကားမပြောချင်ပါ။ အမြဲတမ်းမအားနေသည့်ရှုအာကို ဂျောင်ဟန် တကယ်စိတ်တိုပါ၏။သို့သော်လည်း ထားလိုက်ပါတော့လေ သူကဘဲ မအားတဲ့ရှုအာ့ကိုနားလည်ပေးသင့်ရင် နားလည်ပေးရမှာဘဲမဟုတ်လား
"Hani ဘာကားကြည့်ချင်လဲ"
"ရတယ် ဘာနေနေ"
"ANNABELLE COMES HOME ကြည့်မလား ခုတလောနာမည်ကြီးနေတာ"
"ဟိုအရုပ်သရဲကားလား"
"အင်းဟုတ်တယ် Hani ကြောက်ရင် ကိုယ်တစ်ခြားကားရှာလိုက်မယ်လေ"
"ရတယ်ရှုအာ အဲ့တာဘဲဖွင့်လိုက်"
ဂျောင်ဟန်ဘာမှသိပ်ပြီးများများစားစားမပြောတော့ဘဲ ဆိုဖာတစ်ဖက်ကို ဝင်ထိုင်ကာ ခေါင်းအုံးကိုပိုက်လိုက်တယ်။ စိတ်ဆိုးထားတဲ့အခြေအနေလေးကရှိနေတော့ ထိုင်နေတာက တောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းလို ထောင့်ဆုံးထိတိုးကပ်ပြီးတော့ကိုထိုင်နေတာရယ်။ ကဲ စိတ်ဆိုးနေတဲ့ ယွန်းဂျောင်ဟန် ဘယ်လောက်တွက်ကပ်လဲသာကြည့်တော့။ ရှုအာ ဒုံပေကပ်ပေနဲ့တွက်ကပ်ပြီး ထောင့်စွန်းမှာထိုင်နေတဲ့ ဂျောင်ဟန်ကိုကြည့်ကာ ရယ်ချင်ချင်ဖြစ်နေပေမယ့် မရယ်ရဲ။ သူသာ ခုချိန်ထရယ်လိုက်ရင် တစ်ညအိပ်နှစ်ရက် ကြိုးစားချော့ယူနေရတာတွေ အကုန်သဲထဲရေသွန်ဖြစ်သွားမှာကြောင့်။ ရည်းစားလေးကိုသေချာပေါက်စိတ်ဆိုးပြေအောင်ချော့ရမှာမို့ သူကဘဲထောင့်စွန်းမှာပေကပ်ထိုင်နေတဲ့ ဂျောင်ဟန်ဆီဘက်ကိုဘဲတိုးထိုင်လိုက်ရတော့တယ်။
ပြင်ပအလင်းရောင်မဝင်စေရန် ခန်းစီးလိုက်ကာဆွဲပိတ်ကာ အမှောင်ချထားတာကြောင့် Tv ဖန်သားရဲ့အလင်းရောင်ကလွဲပြီး တစ်ခန်းလုံးမှောင်မဲလျက်။ ဖန်ပန်းကန်လုံးကိုပေါင်ပေါ်တင်ကာ ပန်းကန်လုံးထဲက အာလူးကြော်ကိုစိမ်ပြေနပြေစားရင်း ဇာတ်ကားကို အာရုံစူးစိုက်ကြည့်နေတဲ့ဂျောင်ဟန်။ ဘေးက ဂျိုရှုအာဟုန်းလား? သူကတော့ ခုမှ ရည်းစားစထားဖူးလို့ ရုပ်ရှင်ဒိတ် သလိုခံစားချက်တွေဖြစ်ပြီး ရင်တွေတဒိုင်းဒိုင်းခုန်နေတာလေ။ လက်ဘဲကိုင်ရတော့မလိုလို ပုခုံးဘဲလှမ်းဖက်ပြီးရင်ခွင်ထဲထည့်ရတော့မလိုလို ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးချင်တာလိုလို။ ပုံမှန်အခြေအနေဆို ကိစ္စမရှိပေမယ့် ခုကစိတ်ဆိုးနေတဲ့အခြေအနေကြီးဆိုတော့ ဂျိုရှုအာဟုန်း ဘယ်လိုချော့ယူရင်ကောင်းမလဲဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်နေတာ။
"ဇာတ်ကားမကြည့်ဘူးလား"
ဘေးကနေ ဇာတ်ကားမကြည့်ဘဲအာရုံများနေတဲ့ ရှုအာကို ဂျောင်ဟန်က မျက်စောင်းထိုးလိုက်ခြင်းပင်။ ရှုအာလည်း သူ့ဆီ မျက်စောင်းကြီးရောက်လာပြီမို့ အနေအထိုင်ဆင်ခြင်ရမှာကြောင့် ချောင်းဟန့်ပြီး ဂျောင်ဟန်တစ်ဖက်ပုခုံးပေါ် လက်လှမ်းတင်ကာရင်ခွင်ထဲမသိမသာဆွဲဖက်ထည့်လိုက်တယ်။ မသိရင် အံမယ် သူလည်းဇာတ်ကားကို အာရုံစိုက်ကြည့်နေပါတယ်ပေါ့။ ဂျောင်ဟန်လည်း ရှုအာရင်ခွင်ထဲမှာနေရတာပိုသက်သောင့်သက်သာရှိတာမို့ မသိမသာလေး ဖြည်းဖြည်းချင်းမှီလာတယ်။ ရည်းစားသက်တမ်းလည်းကြာပြီဆိုတော့ သူတို့နှစ်ယောက်ပြန်အဆင်ပြေဖို့နည်းလမ်းက တကူးတကကြီးတော့မဟုတ်။ ရှုအာ ခုမှဘဲအလုံးကြီးကျပြီး အာရုံရသည်မို့ ဂျောင်ဟန်ကိုဖက်ကာ ဇာတ်ကားကိုအာရုံစိုက်လိုက်တယ်။ ခုမှဘဲ တကယ့်ဇာတ်လမ်းက စတော့သည်။ သရဲရုတ်တရက်ထွက်လာတဲ့အခန်းတိုင်း ရှုအာက ဂျောင်ဟန်ကိုဖက်ကာ ကွယ်ကြည့်နေသောကြောင့်ပင်။ သရဲကားကြည့်မယ်အရင်အစဖော်ပြီး သရဲကားကြည့်ရင်း ကြောက်နေတဲ့ ရှုအာကြောင့် မသိချင်ယောင်ဆောင်ထားပေမယ့် ဂျောင်ဟန်ရယ်ချင်နေလေပြီ။ Tv က ဝုန်းခနဲထွက်လာတဲ့အသံကြောင့် ရှုအာလန့်ပြီးဂျောင်ဟန် ပုခုံးပေါ်မျက်နှာအပ်ကာ တုန်သွားသည်။ ယွန်းဂျောင်ဟန်နောက်ဆုံး ရယ်ချင်စိတ်တွေ မအောင့်နိုင်တော့ဘဲ တဟိဟိနဲ့ အူခွေ့နေ၏။
"သူဘဲသရဲကားကြည့်မယ်အရင်ပြောပြီး သူအရင်ကြောက်နေတယ် တကယ်ရယ်ရလွန်းလို့ဆက်မကြည့်နိုင်တော့ဘူးထင်တယ် ခစ်ခစ်ခစ် ခုဏက ရှုအာ ဒီလိုမျိုးဒီလိုမျိုး တုန်သွားတာ အဟစ်ဟစ်ဟစ် "
တခစ်ခစ် တဟစ်ဟစ်ဟစ် နဲ့ဗိုက်နိုပ်ရယ်ရင်း ရှုအာလန့်သွားတဲ့ပုံကိုပြန်လုပ်ပြနေ၏။ ဂျိုရှုအာ သူ့ကို ရယ်နေတဲ့ ဂျောင်ဟန်ရဲ့ကိုယ်လုံးလေးကိုသိမ်းကျုံးဆွဲဖက်ပြီး ကလိထိုးလိုက်တော့ အသဲယားဖို့ကောင်းတဲ့ ရင်ခွင်ထဲကဟာလေးက ရယ်ကြောမပြတ်တော့
"ရှုအာ ရှုအာ ဟီဟီ ယားတယ် ရှုအာလို့..."
"ကဲ ပြော စိတ်ဆိုးချင်သေးလား ကောက်ဦးမှာလား ကြောက်ပြီလားပိစိပေါက်စ"
"ဟိဟိဟိဟိ ရှုအာ တော်တော့လို့ ယားတယ် ခစ်ခစ်ခစ်"
"ချစ်လား ကြောက်ပြီလား"
"ချစ်တယ် ချစ်တယ် ခစ်ခစ်ခစ် ကြောက်ပြီ ယားတယ် ရှုအာ ရပ်တော့ ခစ်ခစ်ခစ်ခစ် ရှုအာလို့.."
ဂျိုရှုအာ ရင်ခွင်ထဲက ပေါက်စလေးကိုသိမ်းကျုံးဖက်လိုက်ပြီး ပါးလေးထဲနှာဖျားလေးနစ်ဝင်တဲ့အထိနမ်းရှုံ့လိုက်တော့သည်။
"စိတ်မဆိုးနဲ့တော့ နော် အဲ့လိုအကြာကြီးစိတ်ဆိုးရင် ကိုယ်မနေတတ်တာသိရက်နဲ့"
"သူကကျဖြင့်လူကိုစိတ်ဆိုးအောင်လုပ်ပြီးတော့ ဟွန်း..."
"နောက်အဲ့လိုမဖြစ်စေရဘူး ကတိ"
"တကယ်နော် ဟုန်းဂျီဆူး"
နာမည်အရင်းကြီးခေါ်ပြီးမျက်လုံးလေးမှေးကာ မယုံသင်္ကာဟန်မေးနေတဲ့ပုံစံက ဂျောင်ဟန်ဘယ်လောက်စိတ်ဆိုးနေလဲဆိုတာ သိသာပါတယ်။ ရှုအာ လက်မ နဲ့ လက်သန်းထောင်လိုက်ပြီး ကတိဆိုတဲ့ လက်သ​င်္ကေတလေးလုပ်ပြလိုက်မှ ဂျောင်ဟန်က ရင်ခွင်ထဲတိုးဝင်ကာ ပြန်ဖက်လာတယ်။
"ငါလည်းအကြာကြီးစိတ်မဆိုးရက်တာသိရဲ့သားနဲ့"
"ကိုယ်က ဟာနီ့ကိုဘယ်လောက်တောင်ချစ်လဲဆိုတာ သိတယ်ဟုတ်"
"သိတာပေါ့ ငါလည်းရှုအာ့ကိုအများကြီးချစ်တာ"
ဂျိုရှုအာ ဂျောင်ဟန်ရဲ့ နဖူးဝဲဝဲပေါ်က ဆံပင်စလေးတွေကို ဖယ်ရှားလိုက်ပြီး ဖွဖွလေးငုံ့နမ်းလိုက်တော့ ဂျောင်ဟန်က မျက်လုံးလေးမှိတ်ကာပြုံးနေတယ်။
"နဖူးပြောင်လေး"
ဂျိုရှုအာက ရယ်ကျဲကျဲနဲ့ သူ့ပိစိကို စလိုက်တော့ ခုမှစိတ်ဆိုးပြေတဲ့ ရင်ခွင်ထဲက အကြောတင်းလေးက သူ့ရင်ဘတ်ကြီး တဘုန်းဘုန်းထုရိုက်ပြီး စိတ်ပြန်ဆိုးပြီလေ
"အ့ အ့ ကိုယ်က ချစ်လို့စတာ"
"ဟုန်းဂျီဆူး မင်းနော် မင်းနော်"
"ဟားဟားဟား"
ဂျိုရှုအာရဲ့ ရယ်သံလွင်လွင်အချို့နဲ့အတူ ယွန်းဂျောင်ဟန်ရဲ့ချစ်ဖို့ကောင်းတဲ့ ပွစိပွစိသံလေးက အခန်းအတွင်းပျံ့လွင့်လျက်။
————————-
"ရှုအာ"
"အွန်း ဟာနီ"
"ဘာမှမဟုတ်တော့ပါဘူး"
"ဘာလို့လဲ စိတ်လှုပ်ရှားနေတာလား"
"အင်း.."
ဂျိုရှုအာ  lover seat မှာထိုင်နေတဲ့ ဂျောင်ဟန်ရဲ့လက်လေးတစ်ဖက်ကို လှမ်းဆုပ်ကိုင်ပြီး စိတ်လှုပ်ရှားနေတဲ့ သူ့ရဲ့ချစ်ရသူလေးမျက်ဝန်းတို့ကို လေးလေးနက်နက်စိုက်ကြည့်လိုက်တယ်။
"မေမေကငါ့ကိုသဘောကျပါ့မလား"
"စိတ်မပူပါနဲ့ ဟာနီရဲ့မေမေက သဘောကျမှာပါ ကိုယ်အာမခံတယ် ကိုယ့်ကိုယုံ"
လက်လေးကိုနွေးနွေးထွေးထွေးဆုပ်ကိုင်ရင်းပြုံးပြတာကြောင့် ဂျောင်ဟန်လည်းအတတ်နိုင်ဆုံးအားယူပြုံးပြလိုက်တယ်။ တကယ်ကြီးစိတ်လှုပ်ရှားနေတာက ဖုံးမရဖိမရ။ ရှုအာက မေမေ့ဆီ ဆေးရုံလူနာမေးရင်း သွားတွေ့မယ် မိတ်ဆက်ပေးမယ်ဆိုလို့ ရုတ်တရက်စီစဉ်ဖြစ်လိုက်သည့်ကိစ္စ။ ဂျောင်ဟန်အမှန်တော့ ရှုအာက သူ့မိသားစုနဲ့မိတ်ဆက်ပေးမယ်ပြောတာ ပျော်ပေမယ့် စိတ်လှုပ်ရှားတာကပိုများနေတယ်လေ။ ရွှေဇွန်းကိုက် တစ်ဦးတည်းသောသားလေး ဆိုတော့ ရှုအာ့မေမေက သူ့ကိုသဘောကျပါ့မလား ဆိုတာ ဂျောင်ဟန် စိတ်ပူနေမိတာတော့အမှန်။
"လာ ကိုယ်တစ်ယောက်လုံးရှိတယ် ဘာမှမဖြစ်ဘူး မကြောက်နဲ့"
ကားတံခါးဖွင့်ထားရင်း ရှုအာက အချိုသာဆုံးပြုံးပြပြီး လက်ကမ်းလာပေးတာကြောင့် ဂျောင်ဟန် အနည်းငယ်တော့ အားရှိသွားသယောင်။ ဂျောင်ဟန် ရှုအာရဲ့လက်ကိုရဲရဲတွဲပြီး ထွက်လာခဲ့လိုက်တယ်။
———————
*ဒေါက် ဒေါက်*
"Mom...."
တံခါးခေါက်ပြီးဆွဲဖွင့်ကာ ကုတင်ပေါ်ထိုင်နေတဲ့အမေဖြစ်သူဆီ တစ်ဦးတည်းသောသားလေး ပီပီ ချိုချိုသာသာလေးချွဲကာ ဂျိုရှုအာ ဝင်လာလိုက်တယ်။ မေမေဟုန်းကလည်း လက်လေးနှစ်ဖက်ဆန့်တန်းကာ ဝင်လာတဲ့သားလေးကိုဖက်ပြီးကြိုဆိုလိုက်တယ်။
"အခုတလော ဘာလို့ဆေးရုံမလာတာလဲ ဒီအမေကလွမ်းနေတာကို"
"အလုပ်တွေရှုပ်နေတာနဲ့မို့ပါ မေမေရဲ့ အာ ဒါနဲ့ မေမေ့ကို မိတ်ဆက်ပေးရဦးမယ်"
သားအမိနှစ်ယောက်အလွမ်းသယ်ရင်းဖက်ထားရာမှခွါပြီး အနောက်မှာကုပ်ကုပ်လေးရပ်နေတဲ့ ဂျောင်ဟန်ဆီကို လှည့်ကြည့်လာ၏။ မေမေဟုန်းရဲ့ တည်ကြည်တဲ့အရှိန်အဝါကြောင့်လည်းပါမည် ဂျောင်ဟန်အတွက်တော့ နည်းနည်းကြောက်ပြီး နေရခက်သည်။
"မေမေ သူက ဂျောင်ဟာနီ"
"တွေ့ရတာဝမ်းသာပါတယ် ယွန်းဂျောင်ဟန်လို့ခေါ်ပါတယ် ခင်ဗျ"
ဂျောင်ဟန်အရိုအသေပေးပြီး လက်ထဲကပန်းစည်းကို မေမေဟုန်းဆီပေးတော့ မေမေဟုန်းက ကြည်ကြည်လင်လင်လေးပြန်ပြုံးပြသည်။
"အန်တီလည်းတွေ့ရတာဝမ်းသာပါတယ်ကွယ် ယွန်းဂျောင်ဟန်တဲ့လား နာမည်လေးကော လူလေးကော အလှလေးဘဲ သား Korea မှာရှိနေတုန်းက သားရဲ့သူငယ်ချင်းထင်တယ် အန်တီ နာမည်တော့ နည်းနည်းရင်းနှီးနေတာကြာပြီ "
"ဟိုလေ မေမေ"
"အင်း ပြော သား"
"ဂျောင်ဟာနီ နဲ့ ကျွန်တော် အထက်တန်းတုန်းကတည်းကနေ တွဲလာတာ ငါးနှစ်ကျော်ပြီ ဒီကြားထဲ အခြေအနေအမျိုးမျိုးကြောင့် အခွင့်မသာဘဲ နောက်ကျမှ မိတ်ဆက်ပေးမိလို့ တောင်းပန်ပါတယ်"
ရှုအာရုတ်တရက် ထုတ်ပြောလိုက်တဲ့ စကားကြောင့် မေမေဟုန်းကော ဂျောင်ဟန်ကော တိတ်ဆိတ်ငြိမ်သက်သွားတယ်။ မေမေဟုန်းကတော့ အံ့ဩမှင်သက်ကာ ကြောင်အမ်းအမ်းဖြစ်သွားပြီးစကားလုံးရှာမတွေ့တဲ့ပုံစံဖြစ်နေသော်ငြား သူကတော့ စိတ်လှုပ်ရှားကြောက်ရွံ့နေလို့ စကားလုံးမဟရဲတာ။ရှုအာက သူ့လက်လေးကို ကျစ်နေအောင်ဆုပ်ကိုင်ထားပြီး အရှေ့ကနေ မားမားမတ်မတ်ရှိနေပေးလို့သူစိတ်လုံခြုံမှုရနေပေမယ့်လို့ မေမေဟုန်းက သူ့ကိုသဘောမကျလျှင် ဘယ်လိုလုပ်မလဲ။
"အန်တီ...."
ထိုအချိန် ရုတ်တရက်ပွင့်ဟလာတဲ့တံခါးနဲ့အတူ အသံကြောင့် သူတို့သုံးယောက်စလုံးရဲ့ အာရုံက အသံလာရာဆီကိုရောက်သွားတယ်။ ဂျောင်ဟန်လှည့်ကြည့်တော့ တစ်ခြားသူမဟုတ် ဂျီအာ။
"အယ် ဂျီအာယား တစ်ယောက်တည်းလား"
"ဟုတ်တယ် အန်တီ မတွေ့ရတာကြာတော့လွမ်းနေတာ အဲ့တာကြောင့် ဒီနေ့အလုပ်စောဆင်းတာနဲ့ သတိရလို့ ဝင်လာလိုက်တာ အန်တီကြိုက်တဲ့ ဂျင်ဆင်းကြက်ပေါင်းပါဝယ်လာပေးတယ် ဟီး"
ဂျီအာရဲ့ သကာရည်လောင်းထားသလိုမျက်နှာနဲ့ ချိုအီနေတဲ့အသံကြောင့် ဂျောင်ဟန် နည်းနည်းတော့ စိတ်ထဲခုချင်သွားတယ်။
"ပြီးမှ မေမေတို့ ဒီကိစ္စဆက်ပြောမယ်"
ဂျီအာအနားမရောက်လာခင် အသံခပ်အုပ်အုပ်နဲ့ မျက်နှာရိပ်မျက်နှာကဲပြပြီး ပြောလာတဲ့ မေမေဟုန်းအသံအနေအထားကြောင့် ဂျောင်ဟန် နှလုံးခုန်နှုန်းကနားစည်အထိပဲ့တင်ရိုက်ခတ်လာသလိုတောင် ခံစားလာရတယ်။ မေမေဟုန်းက သူ့ကိုသဘောမကျတာများလား?သူရှုအာ့ကို လှည့်ကြည့်တော့ ရှုအာက ဖျော့ဖျော့လေးပြန်ပြုံးပြရင်း လက်ကလေးကိုကျစ်ကျစ်လေးဆုပ်ကိုင်ထား၏။
"ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်"
ရှုအာက နားနားလေးကပ်ကာပြောတော့ ဂျောင်ဟန်ခေါင်းလေးငြိမ့်ကာ လှလှလေးပြန်ပြုံးပြရင်း ရှုအာ့လက်ချောင်းတွေကိုပြန်လည်ဆုပ်ကိုင်ထားလိုက်တယ်။
"သားနဲ့အတူတူ အလုပ်မပြန်ဘူးလား တစ်ယောက်တည်းလာတာလား"
"ကျွန်တော် ဒီနေ့ company မသွားဖြစ်ဘူး မေမေ"
"သားပြောတော့ ကိုယ့်အမေကိုယ်တောင်အချိန်မပေးနိုင်တဲ့အထိ အလုပ်တွေရှုပ်နေတာဆို?"
ရှုအာ့မေမေက ဂျောင်ဟန်ကို လှမ်းကြည့်ပြီး ရှုအာ့ဘက်ပြန်လှည့်ကာပြောတာကြောင့် ဂျောင်ဟန် ရှုအာ့မေမေက သူ့ကိုမကြိုက်မှန်း အကင်းအညှာပါးစွာရိပ်မိလိုက်တယ်ပြောရမည်။
"ဂျီအာ သမီးတစ်ယောက်တည်းလာတာလား"
"ဟုတ်တယ် အန်တီ"
"အပြန်ကျ သားနဲ့အတူတူပြန်လိုက်လေ မိန်းကလေးတစ်ယောက်တည်းမပြန်နဲ့ အန္တရာယ်များတယ်"
"အာ မဟုတ်တာ အန်တီ ရတယ် CEO က အားမှာမဟုတ်ဘူးရယ်"
"ကျွန်တော် ဟာနီနဲ့ညစာအတူတူသွားစားဖို့ ကတိပေးထားတယ်မေမေ သူ့ကိုလိုက်ပို့ရအောင်အထိ ကျွန်တော်မအားဘူး"
"ဟုန်းဂျီဆူး မေမေ ဂျီအာ့မိဘတွေနဲ့ စကားပြောထားတဲ့ကိစ္စတွေအကုန်မင်းသိတယ်နော် မျက်နှာပျက်ရအောင်တွေမလုပ်စမ်းနဲ့"
ရှုအာ့မေမေရဲ့ လေသံတင်းတင်းကြောင့် အခန်းတစ်ခန်းလုံးအပ်ကျသံပင်ကြားရလောက်အောင်ထိ တိတ်ဆိတ်ငြိမ်သက်နေလျက်။ ဂျောင်ဟန်အတွက်တော့ ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလို ထိုးနှက်ချက်တစ်ခုအလား အဓိပ္ပာယ်သက်ရောက်နေတဲ့ စကား။
"ပြီးတော့ မေမေထပ်မပြောချင်ဘူး မင်းအချိုးတွေကြိုက်မနေဘူးနော် မင်းကိစ္စတွေမင်းအရင်ရှင်း ဂျီအာနဲ့မင်းနဲ့ကို ကြောင်းလမ်းထားတဲ့အကြောင်း မမေ့နဲ့"
ဂျောင်ဟန် ပြတ်ပြတ်သားသားကြားလိုက်ရတဲ့ စကားကြောင့် သူ့ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားရ၏။ ရှုအာက သူမနဲ့စေ့စပ်ကြောင်းလမ်းထားသည်တဲ့လား။ မဟုတ်တာ။ ရှုအာနဲ့သူအတူရှိလာတာ ငါးနှစ်ကျော် သံယောဇဉ်ကြီးမဟုတ်လား ရှုအာ့မေမေက လိမ်နေတာ ဟုတ်တယ်မလား ရှုအာနဲ့ငါနဲ့ကို သဘောမတူချင်လို့ ညာနေတာ။ ဂျောင်ဟန် မဟုတ်လောက်ပါဘူးဆိုတဲ့ မျှော်လင့်ချက် ယဲ့ယဲ့လေးနဲ့ ရှုအာကိုလှည့်ကြည့်တော့ ရှုအာက မျက်နှာပျက်နေသည်။
"မဟုတ်ဘူး ဟာနီ ကိုယ်ရှင်းပြမယ် ဒီကိစ္စတွေအကုန်လုံးက ကိုယ့်သဘောမပါဘဲစီစဉ်ထားကြတာတွေ.."
ဂျောင်ဟန်အခုမှဘဲအချိတ်အဆက်မိစွာ စဉ်းစားမိတော့သည်။ ရှုအာ့ အိမ်ကိုဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်တဲ့သူမက အတွင်းရေးမှူးသာသာကောင်မလေး မဟုတ်ဘဲ။
"ရှုအာ မင်းငါ့ကိုတောက်လျှောက်လိမ်ခဲ့တာလား"
"ကိုယ်ရှင်းပြမယ် ဟာနီ အပြင်ခဏသွားရအောင်"
လက်ကိုဆွဲကာ အခန်းထဲကနေ ရုတ်တရက်ဆွဲခေါ်ထုတ်သွားတဲ့ ရှုအာ့အားကို ဂျောင်ဟန်မရုန်းနိုင်။ ဆေးရုံ ကော်ရိတ်တာရဲ့ထောင့်တစ်နေရာအရောက်မှာ လက်အတင်းရုန်းပြီးဖယ်လိုက်တော့မှ ရှုအာကအနောက်ကဂျောင်ဟန်ကိုလှည့်ကြည့်သည်။
"ဟာနီ ကိုယ်ရှင်းပြတာ အရင်နားထောင်"
"မဟုတ်ဘူး ငါမေးတာအရင်ဖြေစမ်းပါ မင်း ငါ့ကိုဘယ်အချိန်ကတည်းက ဖုံးကွယ်ထားတာလဲ ဒီကိစ္စတွေကို"
ဂျောင်ဟန် ပြိုတော့မယ့်မိုးလို ဝေ့ဝဲတက်လာတဲ့ မျက်ရည်စတို့ကိုထိန်းထားတာကြောင့် အမြင်တို့ကဝေဝါးနေသည်။ စို့တက်လာတဲ့ မြိုသိပ်ထားတဲ့လည်ချောင်းအသံကြောင့် ဂျောင်ဟန် ဝမ်းနည်းစိတ် ဒေါသစိတ် မယုံကြည်နိုင်မှုတို့က တစ်ပြိုင်နက် ခံစားရခက်နေသည်။ ရှုအာက မျက်နှာပျက်စွာနဲ့ သက်ပြင်းချလိုက်ပြီး ဂျောင်ဟန်လက်ကလေးကို ဆွဲကိုင်လိုက်တော့ ဂျောင်ဟန်က သူ့လက်ကိုခါပြီးပြန်ဖြုတ်ချသည်။
"ကိုယ်ရှင်းပြတာလေး အရင်နားထောင်.."
"ငါမေးတာအရင်ဖြေ ငါ့ကိုလိမ်ထားတာ ဘယ်ကတည်းကလဲလို့!"
"လွန်ခဲ့တဲ့ နှစ်နှစ်!"
"...."
"ကဲ ကျေနပ်ပြီလား အခုသိလိုက်ရတော့"
"ဘာရယ် ဟုန်းဂျီဆူး?"
လွန်ခဲ့တဲ့ နှစ်နှစ်ဆိုရင်? သူ ကယ်လီဖိုးနီးယားကို ပြန်သွားကတည်းက ငါ့ကိုပိပိရိရိလိမ်ခဲ့တာ။ ဂျောင်ဟန်အမြင်အာရုံတွေက မျက်ရည်စတွေကြောင့် တဖြည်းဖြည်းဝေဝါးလာပြီး နှလုံးသားရဲ့ကိုက်ခဲနာကျင်မှုကလည်းတဆစ်ဆစ်မြင့်တတ်လာ၏။ စိတ်ရှုပ်စွာနဲ့ မျက်မှောင်ကြုတ်ရင်း ဆံပင်တွေကိုထိုးဖွကာ စုတ်သပ်နေတဲ့ ရှုအာကိုကြည့်ရင်း နာကျင်မှုကပိုတိုးဝင်လာသည်။ မင်းပိပိရိရိလိမ်နိုင်ခဲ့တာဘဲ ရှုအာ။
"အခုသိလိုက်ရတော့ကျေနပ်ပြီလား ပြောပြလည်း ဒီလိုကိစ္စတွေဖြစ်မှာစိုးလို့ မပြောပြခဲ့တာ ဟာနီ မင်းနားလည်သင့်တယ်ကွာ.."
"ငါကဘာကိုထပ်ပြီး နားလည်ရဦးမှာလဲ ရှုအာ မင်းပြောပါဦး ငါကဘာကိုထပ်ပြီးနားလည်ပေးရဦးမလဲဆိုတာ!"
"ငါအရင်ဒီကိစ္စတွေဖြေရှင်းပြီးတဲ့အထိ မပြောဖို့လုပ်ခဲ့တာ မေမေနဲ့မိတ်ဆက်ပေးတယ်ဆိုတာကလည်း ဒီကိစ္စကြီးကိုရပ်စေချင်လို့ မင်းလည်းငါ့ဘက်နည်းနည်းနားလည်ပါဦး"
"လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက လိမ်လာခဲ့တဲ့မင်းကိုယ်မင်းကောမှန်တယ်ထင်နေတာလား ရှုအာ"
"ကျစ်စ်..ငါပြောနေတာ ရှင်းရှင်းလေး ဟာနီ မင်းဒီလိုတွေပြဿနာဖြစ်မှာစိုးလို့ မင်းဘက်ကိုငါတောက်လျှောက်တွေးလာခဲ့တာ မင်းသဘောပေါက်ဖို့ကောင်းတယ် ဟာနီ"
"ရှုအာ! မင်းကိုယ်မင်းဘဲမှန်လှပြီထင်နေတာလား ငါ့ဘက်ကိုမင်းကြည့်တယ်ဟုတ်လား?"
ရုတ်တရက်ထမြည်တဲ့ ဂျိုရှုအာ့ အိတ်ကပ်ထဲကဖုန်းသံက တင်းမာနေတဲ့သူတို့နှစ်ယောက်ကြားကို ဖြိုခွဲလိုက်တယ်။ ရှုအာက အိတ်ကပ်ထဲကဖုန်းကို ဆွဲထုတ်ပြီး ဖုန်း contact ကိုကြည့်ပြီးဖုန်းဖြေလိုက်တော့ "ဂျီအာ" ဆိုတဲ့နာမည်နဲ့အဝင်ဖုန်းခေါ်ဆိုမှုကို ဂျောင်ဟန်မြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။ ပါးပြင်ပေါ်တလိမ့်လိမ့်ကျဆင်းလာတဲ့ မျက်ရည်ပူပူတစ်ချို့ကို ဂျောင်ဟန် လက်ဖမိုးပြင်နဲ့ ပွတ်ဆွဲကာ ဖယ်ရှားနေပါသော်လည်း မျက်ရည်စပူပူတို့ကမရပ်တန့်နိုင်။ ရင်ဘတ်ထဲကစို့တတ်လာတဲ့နာကျင်မှုကြောင့် ဝမ်းနည်းရိပ်နဲ့အတူ ကျဆင်းလာတဲ့ မျက်ရည်တွေ။ ရှုအာ ဖုန်းကနေ ဘာတွေပြောနေလဲပင် ဂျောင်ဟန် နားထဲကြားတစ်ချက် မကြားတစ်ချက်။ သူ့စိတ်တွေက မျက်ရည်စတွေနဲ့ ဆောက်တည်ရာမရ လွင့်ပျံနေ၏။ ရှုအာ ဘယ်အချိန်ကတည်းက ဖုန်းပြောပြီးသွားမှန်းပင် သတိမထားမိ။ သူ့အတွက် မျက်ဝန်းကစီးကျလာတဲ့ မျက်ရည်ပူတို့က စိတ်ထိန်းကာ လက်ဖမိုးနဲ့ ပွတ်ဆွဲကာသုတ်လေ စိတ်တွေပိုပြိုလဲရလေ။
"ဟာနီ.."
ခေါ်သံကြောင့် မျက်ရည်စတွေကြားကနေ တစ်ဖက်သူကိုမော့ကြည့်မိ၏။
"ကိုယ်ပြီးမှ ဆက်ရှင်းပြမယ်နော် လောလောဆယ် company မှာ ကိစ္စရှိလို့ ကိုယ် ဂျီအာနဲ့အတူ company ကိုခဏသွားမှဖြစ်မယ် အိမ်ပြန်နှင့်နော် နောက်နေ့ကျမှ ကိုယ်တို့အတူတူ ညစာထပ်ထွက်စားကြမယ် တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်မဆိုးပါနဲ့ ဒါမှမဟုတ် စိတ်ဆိုးချင်လည်းဆိုးပါ ကိုယ်ဟာနီစိတ်ဆိုးပြေတဲ့အထိချော့ပါမယ် ကိုယ်သွားလိုက်ဦးမယ်နော် အိမ်ရောက်ရင်စာပို့လိုက်နော်ဟာနီ"
သူပြောချင်ရာတွေပြောပြီး အမြန်ထွက်သွားတဲ့ရှုအာ ကျောပြင်ကိုကြည့်ပြီး ဂျောင်ဟန် တဖြည်းဖြည်းပိုစိတ်နာလာသည်။ သူ ရှုအာ့ကို မုန်းမိတော့မည်..
———————
// နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီနော် 🥺❤️
Continue Reading
You'll Also Like
4.3K 435 5
1.1K 50 6
Remnant is recovering from another great war. Survivors are doing whatever they can to get by and always need help. At first, being a Huntsman would...
73.7K 2.9K 26
in which he's forced to live with the richest family in all of oregon [ dorbyn ]
1.7K 256 12
(Unicode) အမှားတခုသာရှိခဲ့မယ်ဆိုရင် ဘဝခြင်းမတူတဲ့အမှားပဲဖြစ်ပါလိမ့်မယ် (Zawgyi) အမှားတခုသာရှိခဲ့မယ်ဆိုရင် ဘဝွခင်းမတူတဲ့အမှားပွဲဖစ်ပါလိမ့်မယ်