💭နေ့ညအိပ်မက်ငယ်

By GuuWon

970 55 0

"အိပ်မက်တွေ တကယ်ပဲ အသက်၀င်တတ်ခဲ့လေသလား....." More

~Intro~
~Intro~ (zawgyi)
1
1 (zawgyi)
2
2 (zawgyi)
3
3 (zawgyi)
4
4 (zawgyi)
5
5 (zawgyi)
6 (zawgyi)
7
7 (zawgyi)
8
8 (zawgyi)
9
9 (zawgyi)

6

55 4 0
By GuuWon

"ထယ်ယောင်း....သတိရလာပြီပဲ
သက်သာလား နေရတာ?"

"ရင်ဘက်အပြင် တခြား
ဘယ်နေရာတွေနာသေးလဲ"

"သက်သာပါတယ် sam ဂျင်နဲ့ sam ဂျွန်း
နည်းနည်းလေး လေအောင့်သွားရုံပါ ဟီးး"

"လေအောင့်တတ်ရင်ဆေးတွေဘာတွေ
ဆောင်လာခဲ့ရောပေါ့ကွာ"

"အင်းလေ....မင်းတို့ sam ဂျွန်းရှိလို့သာပဲ
နမို့ဆို နီးနီးနားနား ဆေးခန်းကမရှိ
ငါကလည်းမကုတတ်နဲ့ ခက်ပြီ....၊
နောက်ပြီး ဝေးဝေးလံလံ‌တွေလျှောက်မသွားကြဖို့
သေချာမှာထားရဲ့သားနဲ့ ငါ့စကားဆို
နားမထောင်ကြဘူး နောက်ဆိုဘယ်သွားသွား
သတိထား....ရော့ ဒီဆေးဆောင်ထား...တဲ့
ဘုန်းတော်ကြီး ပေးခိုင်းလိုက်တာ"

စကားကို rapရွတ်သလို
မနားတမ်းပြောချသွားပုံက‌‌တော့
rapperတွေတောင် သူ့လောက်မြန်မယ်မထင်

တကယ်ပါ....sam ဂျွန်း
ဘာကြည့်ကြိုက်လဲစဉ်းစားလို့ကိုမရဘူး

"sam ရေယူအုံးမလား"

"အေး...ကျေးဇူး"

ဘာတစ်ခွန်းမှ၀င်မပြောရသေးတဲ့
ဂျောင်ဂုက တစ်ချိန်လုံးငြိမ်‌နား‌ထောင်နေရာမှ
အလိုက်တသိ ရေဘူးကမ်းပေးလာသည်။

ထိုစဉ်....

ကျောင်းသားတစ်ယောက်
ကသော,ကမြော၀င်လာကာ

"Sam!!! ကျ....ကျွန်တော့ သူ...ငယ်ချင်း
အိပ်နေရင်း ဘာတွေ‌‌ထပြောနေမှန်းမသိလို့
လုပ်...လုပ်ပါအုံး"

"ကလေး...နေခဲ့ ဘာဖြစ်မှန်းမသေချာဘူး
ကိုယ်သွားကြည့်လိုက်အုံးမယ်"

"ရတယ်ဂျွန်း ငါပါလိုက်မယ်...စိတ်မချဘူး"

ဂျွန်းက ဆေးပညာဝါသနာပါသူမို့
သူ့အဖေ ဆရာ၀န်ကြီးဆီကနေ
ရသမျှသင်ယူကာ ယခုလည်း
တက္ကသိုလ်ကြက်ခြေနီအသင်းကို
ဦးဆောင်လျက်ရှိသည်။

၀င်ခွင့်စာမေးပွဲအောင်သော်လည်း
သူ့အားမခွဲနိုင်ဘူးဟုဆိုကာ
ဆရာ၀န်မလုပ်ဘဲ အတူတူစာလာသင်ပေးရင်း
အလကားသက်သက်ဒုက္ခခံနေခြင်းသာ.....‌‌.

အန်တီက သဘောမ‌နောကောင်းပေမယ့်
မ,တော်,ရသေးတဲ့ယောက္ခထီးကြီးကတော့
ကောင်းတယ်လည်းမဆို
ဆိုးတယ်လည်းမပြောဘဲ
အခြေ‌အ‌နေအား အကဲခတ်နေပုံ....

samနှစ်ယောက်လုံး ၀ရုန်းသုန်းကား
ပြေးထွက်သွားပြီးနောက်

‌ဂျောင်ဂုနှင့်ထယ်ယောင်းနှစ်ယောက်သားလည်း
အထွေအထူး ဘာမှမပြောဖြစ်ဘဲ
အခန်းတွင်းတိတ်ဆိတ်နေလျက်

တအောင့်လောက်ကြာမှ
ထယ့်ဆီက စကား စ,လာ၏...

"တကယ်တော့ ငါအဲ့လိုမအောင့်တာ
တော်တော်ကြာပြီသိလား ဂျောင်ဂု၊
အလယ်တန်းနှစ်လောက်ကပဲရပ်သွားတာ
အဲ့တော့ ငါလဲ ဆေးမယူလာခဲ့မိဘူး"

"....."

"နောက်ပြီး မနေ့ နေ့လည်လောက်ထိ
ငါအကောင်းကြီးရှိသေးတာကို
ဘယ်လိုကနေဘယ်လို...."

"နေအုံး! မင်းမနေ့က ဝါးတောထဲ တစ်ခုခုလုပ်မိသေးလား"

ထယ်ယောင်း ရုတ်တရက်
လက်ကဖဲကြိုးနီအား သတိရသွားကာ
ကြည့်လိုက်တော့ အစ,လေး ထွက်နေ၍
အင်္ကျီလက်အောက်မသိမသာပြန်ဖုံးထားရင်း

"တစ်ခုခု?....မလုပ်ပါဘူး"

"သေချာတာတော့ ငါတို့ တစ်နေရာရာမှားနေပြီ"

~~~~~~~~~~~~~~

"စီးတော်မြင်း အသင့်ရောက်ရှိကြောင်းပါ
မင်းသားလေး"

"ကောင်းပြီ ခရီးနှင်ကြစေ"

ထုံးစံအတိုင်းဆို မင်းသား
မင်းသမီး‌ဆိုတာ ဝေါယာဉ်ပေါ်
လူမမြင်သူမမြင် ဇိမ်နှင့် အခန့်သား
ခရီးနှင်ရမည်ဆိုပေမယ့်

မင်းသားလေးဂျီမင်ကတော့ဖြင့်
မြင်းတပ် လူအင်အား
တစ်စီတစ်တန်းကြီးနှင့် စစ်ချီလာသ‌ယောင်ယောင်....။
နယ်စပ်အ၀င် ခရီးဦးကြိုလေးပြုဖို့အရေး
မင်းသားလေးကိုယ်တိုင်လည်း အလျင်စလို....

စီးတော်မြင်းနှင့် အမြင်လင်းချင်ခဲ့ပုံပင်။

"ငါ့၀တ်ရုံဘယ်လိုနေသလဲ ယောင်း...."

"အမြင်တင့်ပါပေတယ်...."

ပိုးဖဲပန်းနုရောင်နန်း၀တ်နန်းစားဖြင့်
မင်းသားလေးဟာ အစီအတန်းကြီး၏
ထိပ်ဆုံးကနေ ထင်းနေလျက်၊

"ကျစ်...ဒီဖဲကြိုးကြီးကို မနှစ်မြို့လိုက်တာ....."

"ဖြုတ်ထားပြီး ဒီမှာချည်လှည့်"

ကိုယ်ရံတော်ကင်မ်တစ်ယောက်
လက်ကောက်၀တ်ကို မဆိုင်းမတွကမ်းလာ၍
မြင်းဇတ်ကြိုးအား ယောင်ယမ်းလွှတ်ကာ
ဖဲကြိုးချည်‌ပေးရန်ပြင်လိုက်ချိန်....

ရုတ်တရက်ဆိုသလို
ခြုံအကွယ်နားက မြားတစ်စင်းနှင့်
အရိပ်မည်းအချို့ကြောင့်
သတ္တိကြီးလှ‌သော စီးတော်မြင်း

ဟီးကာပြေးလေတော့
မင်းသားလည်း သတိကြီးကြီးထားကာ
မြင်းပေါ်မှ ပြုတ်မကျရုံတမယ်
နယ်စပ်တောထဲပါသွား၏....

အစောင့်အကြပ်ပေါင်းများစွာနှင့်
ညီညာနေသော အတန်းကြီးမှာ

မျက်တောင်တစ်ချက်ခပ်မျှအချိန်အတွင်း
လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ
မြင်းနင်းခံရသူက ခံရနှင့်
ရုတ်ရုတ်သဲသဲ.....၊

"ခုချက်ချင်း မင်းသားလေးကိုရှာကြစမ်း!!!"

ကိုယ်တိုင်၌လည်း
မြင်းအား ဟန်ချက်မပျက်အောင်
ချော့မြူလိုက်ရင်း မြားလာရာ
ခြုံနားသို့ စစ်ဆေးမိသည်၊
အကယ်၍ လုပ်ကြံသူဆိုလျှင်
ဝေးဝေးရောက်နိုင်အုံးမည်မဟုတ်.....၊

မြား ဦးတည်ရာမှာ
မင်းသားဖြစ်နေတာကြောင့်
ပိုလို့ပင် လက်မလွှတ်ပေးသင့်တာမို့
သူကိုယ်တိုင် ရှာဖွေစစ်‌ဆေးနေရခြင်း။

~~~~~~~~~~~~~

"အာ့းး!"

မနီးမဝေးလောက်က
မြင်းဟီးသံသဲ့သဲ့ကြားလိုက်ရပြီး‌နောက်
ခွာသံနှင့် လူအလန့်တကြားအော်သံကပါ
တဖြည်းဖြည်းနီးလာသလိုရှိတာမို့

ဝါးကျည်တောက်ထဲ ရေထည့်နေရင်း
လှည့်ကြည့်မိတော့...၊
လူတစ်ယောက် မြင်းပေါ်မှ
ဇတ်ကြိုးကို အားကိုးတကြီး ကိုင်ဆွဲထားလျက်
ပြုတ်ကျလုနီးပါးအခြေအနေနှင့်
သူ့ဆီ ဦးတည်လာနေရာ.....

ရုတ်တရက်မို့ ရှောင်ရမည်မှန်းလည်း သတိမရဘဲ
မျက်လုံးအပြူးသားနှင့် ကြောင်ကြည့်နေမိ၏။

သို့ပေမယ့်....

စီးတော်မြင်းပဲပါးနပ်လွန်းလေသလား
ကံကြမ္မာကပဲ အရောက်ပို့လိုက်လေသလား
မပြောတတ်
ထင်ထားသလို ၀င်မတိုက်ဘဲ
အနီးနားရောက်မှ တုံ့ခနဲရပ်လိုက်ရာ....
မင်းသားလေးလည်း
အားလွန်၍ ပြုတ်ကျပြီအထင်နှင့်
မျက်စိစုံမှိတ်ထားမိတော့သည်....၊

ကြည့်နေစဉ် မျက်စိတစ်မှိတ်အတွင်းမှာတင်
အရှိန်ပြင်းပြင်းနှင့် ခုန်အုပ်ခံလိုက်ရသလို
တစ်ကိုယ်လုံး နောက်သို့လန်သွားရကာ
ကျောပင်အတော်အောင့်သွား၏

"အာ့!!"

နောက်တွင် ကျောက်တုံးကျောက်စိုင်
ရှိမနေ၍သာ တော်သေးသည်၊

"ဟောဒီ့ကသခင်လေး အဆင်ပြေရဲ့လား?"

ပိုင်စိုးပိုင်နင်းနှင့် ရင်ခွင်ထဲရောက်နေပေမယ့်
အပြစ်မဆိုဘဲ ၀ဋ်ကြေတန်းကြေ
မေးလိုက်သော်လည်း ပြန်မဖြေလာသည့်အပြင်
ထ,ထိုင်ရန်ပြင်နေသည်မို့ ဆွဲ‌ထူပေးမိတော့

လက်နှစ်ဖက်လုံး သွေးရဲရဲတောက်နေလျက်....

ဇတ်ကြိုးကို အားနှင့်ဆုပ်ကိုင်ရာမှပွန်းပဲ့ကုန်သည်ထင်၏။

အလိုက်တသိ.....
အနီးနားက စမ်းချောင်းရေဖြင့်သာ
ဆေးပေး‌နေမိစဉ်

"သခင်လေးမဟုတ်ဘူး"

မာတယ်လည်းမဆို
ပျော့တယ်လည်းမဟုတ်တဲ့
အသံအနေအထားနှင့် ပြန်ချေပ,ပုံက
ကူညီချင်စရာ ကောင်းလွန်းလှ၍
တစ်ချက်ပြုံးမိသွားရာ

"ရယ်စရာပါသလား?"

မင်းသားလေးသည်
ကျေးဇူးတင်စကားပြောဖို့ပင်မေ့နေကာ
ကျေးဇူးကန်းခြင်းအမှုကို
သူ,မတူ ချစ်စဖွယ်ပြု၏.....၊

"မောင်မင်း ဘယ်ကလဲ"

အနှီသခင်လေး မြင်းစီးသင်ရင်းကနေ
တစ်စုံတစ်ရာလွဲလာခြင်းဖြစ်မည်၊
သူစိမ်းရှေ့ အရှက်ရထားပြီမို့
ရှက်ရမ်းရမ်းပြီး သမုတ်ချင်တိုင်း
သမုတ်နေ‌လေသလားမသိ....

"မြင်းစီသင်ရတာ ခက်တယ်မလား?"

"မခက်ဘူး....သို့ပေမယ့် ကျေးဇူး"

"ဘာအတွက်များလဲ?"

"မကြာသေးမီက ဖမ်းပေးတဲ့အတွက်"

မထိန်းနိုင်၊ ဟက်ဟက်ပက်ပက်
ရယ်မိတော့သည်...၊ ပြောပုံဆိုပုံက
အလွန့်အလွန် ပြတ်သားလွန်း‌နေတယ်မလား
မသိရင် တော်၀င်မျိုးနွယ်ဖွားလိုပဲ....

"ရယ်စရာ ထပ် ပါသလား...?"

"မေးပြန်ပြီ၊ မပါ,ပါဘူး
မရယ်ရတာ အတော်ကြာပြီမို့"

"....."

"ငါက ဒီတိုင်းပြည်ကိုလာတဲ့
ပညာ‌တော်သင် ဂျွန်ဂျောင်ဂု၊
သခင်လေးကရော?"

မင်းသားရှေ့မှာများ ရိုင်းပျ‌နေလိုက်တာ ငါ တဲ့!

"ငါက မင်းသားလေးဂျီမင်"

"ကြားဖူးတာကတော့
မင်းသားလေးဂျီမင်က အလွန်လှတယ်တဲ့
သခင်လေးလို ရွှံ့ပေမနေဘူးထင်......"

"မင်းသားလေး...မင်းသား!!
အောင်မလေး လက်တော်နုနုတွေ
ပွန်းပဲ့လို့ပါလား!"

အထိန်းတော်ကြီးနှင့် အခြား
မရှိ,မကောင်း ရှိ,မကောင်းအပေါင်းအပါများ
ရောက်လာကာ ဝိုင်း၀န်းထူပေးရင်း

မင်းသားလေးနှင့် သူ့စီးတော်မြင်းပါ တစ်ပါတည်း ခေါ်ဆောင်သွားလေတော့၏၊

Jeon လည်း ‌ဖိနပ်အောက်တွင်
အဖြူစ,လေးထွက်နေသည်ကို နင်းမိထား၍
ထိတွေ့ ကောက်ယူလိုက်ရင်း
တစ်နေရာကိုသာ ငေးကြည့်မိနေလျက်......

မှတ်မှတ်ရရ
ထိုပြည့်‌နေ့က

ပြန်ပေးဖြစ်ခဲ့မိသော
ဖဲကြိုးဖြူလေးလိုသာ

ဒီသံယောဇဉ်တွေ ဖြူစင်ခဲ့ကြမည်ဆိုလျှင်.....၊

>>>>>>>•<<<<<<<

#Guu

Jeonကို ရှေးခေတ်ကြီးမှာပဲဖြစ်ဖြစ်
engလိုပဲ သုံးထားပါတယ်
ဂျွန် လို့ရေးရင် ရုတ်တရက်
နမ်ဂျွန်းနဲ့ရောသွားမှာစိုးလို့ပါ နော်

နောက်ပြီး ရှေးခေတ်နဲ့ခုခေတ်
အရင်ဘ၀နဲ့ခုဘ၀ နာမည်တူတာကတော့
အပြင်လက်တွေ့မှာမဖြစ်နိုင်တာသိပေမယ့်
သည်းခံပေးပါအုံး >.<

Reading listထည့်ပေးသူလေးတွေ
voterလေးတွေနဲ့
silent လေးတွေလဲ ကျေးဇူးများကြီးပါလို့💜

ဇာတ်လမ်းလေးကတော့ ရှည်ပါအုံးမယ်...

Continue Reading

You'll Also Like

322K 9.6K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
191K 19K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
19.5K 719 18
ဦးရယ်... jinကို နဲနဲ လောက်လေးဘဲ ချစ်ပေးကြည့်လို့မရဘူးလားဟင်....?? မင်းကို ဘယ်တော့မှချစ်လာမှာမဟုတ်ဘူးjin....မဖြစ်နိုင်တဲ့အရာတွေကိုမှ မင်းကဘာလို့တောင...
31.4K 578 17
"Your all invited to a dinner party Friday night at my castle house." An invite gets mailed to Y/n and Sapnap. But some others also got one. Will the...