လေထဲကအိမ်
By Spring70747519
33.2K 1.6K 274
intro
အခန်း(1)
အခန်း(2)
အခန်း(3)
အခန်း(4)
အခန်း(5)
အခန်း(6)
အခန်း(7)
အခန်း(8)
အခန်း(9)
အခန်း(10)
အခန်း(11)
အခန်း(12)
အခန်း(13)
အခန်း(14)
အခန်း(15)
အခန်း(16)
အခန်း(17)
updateမဟုတ်ပါ
အခန်း(18)
အခန်း(19)
အခန်း(20)
အခန်း(22)
အခန်း(23)
အခန်း(24)
အခန်း(25)
အခန်း(26)
အခန်း(27)
အခန်း(28)
အခန်း(29)
အခန်း(30)
End
Author note
အခန်း(21)
815 49 10
By Spring70747519
"ဟင်​"
"Ok"
ကားစပါယ်​ယာကို ပိုက်​ဆံ​ပေးပြီး ​နောက်​ဆုံးတန်းရဲ့ လွတ်​​နေတဲ့ ခုံမှာထိုင်​လိုက်​ရင်း ​ဘေးကိုကြည့့် လိုက်​​တော့
"ဟင်​"
"မင်း"
"အသက်​ထက်​ဆုံး"
"မင်းကို ငါသိတယ်​"
"ညီငယ်​​လေး"
"သခင်​​လေး"
"​ပြော မင်းရံ"
"ဘယ်​လို"
"သမီး​လေး"
"ပါးပါး​ရော မီး​လေးရဲ့"
"သမီး​လေး"
"ရှင်​"
"ဘယ်​လို သမီး​လေး"
Unicode
"ဟင်​"
ကား​ပေါ်တက်​လိုက်​တာနဲ့ ကားသမားနဲ့ ကားစပါယ်​ယာ ရဲ့ထူးဆန်းသလို အကြည့်​တွေ​ကြောင့် အသက်​ စိတ်​ထဲတမျိုး​တောင်​ဖြစ်​သွား​တော့တယ်​
"ဟို​နောက်​ဆုံးတန်းမှာ ထိုင်​လိုက်​ ညီ​လေး"
"Ok"
ကားစပါယ်​ယာကို ပိုက်​ဆံ​ပေးပြီး ​နောက်​ဆုံးတန်းရဲ့ လွတ်​​နေတဲ့ ခုံမှာထိုင်​လိုက်​ရင်း ​ဘေးကိုကြည့် လိုက်​​တော့
"ဟင်​"
"မင်း"
ကိုယ့်မျက်​နှာကိုယ်​ ပြန်​မြင်​ရသလို အသက်​နဲ့ တပုံစံတည်းတူတဲ့ ​ကောင်​​လေး ကွာခြားတာတခုက အသက်​လို ​ခေတ်​ဆန်​ဆန်​ပုံစံလိုမျိုးမဟုတ်​ပဲ ဆံပင်​အုပ်​အုပ်​​လေးနဲ့ နူးညံ့​နွေး​ထွေးတဲ့ပုံမျိုး​လေး
"အသက်​ထက်​ဆုံး"
"ဟင်​ ခင်​ဗျား ကျွန်​​တော်​ကိုသိတာလား"
အသက်​ရဲ့ပါးစပ်​က လွတ်​ကနဲထွက်​သွားတဲ့ အသံ​ကြောင့် ​ရှေ့ကအသက်​နဲ့ပုံစံတူ​ကောင်​​လေးက အသက်​ကို အံ့သြတကြီး​မေးလာ​တော့တယ်​
ကား​ပေါ်က လူ​တွေကလည်း အသက်​တို့နှစ်​​ယောက်​ရဲ့​တွေ့ဆုံခန်းကို စိတ်​ဝင်​တစားကြည့်​နေ​သေးတယ်​​လေ
"မင်းကို ငါသိတယ်​"
"ဒါဆို​ဖေ​ဖေတို့​ပြောခဲ့တဲ့ ကျွန်​​တော်​ကို တချိန်​ချိန်​လာရှာမယ့်လူဆိုတာ ခင်​ဗျားကို​ပြောခဲ့တာထင်​တယ်​"
"အဲဒါ​တော့ငါမသိဘူး ​သေချာတာတစ်​ခုက မင်းက ငါ့ရဲ့ ခိုးခံလိုက်​ရတဲ့ ညီငယ်​​လေး"
"ညီငယ်​​လေး"
ကား​ပေါ်မှာတင်​ တ​ယောက်​အ​ကြောင်း တ​ယောက်​​ပြောဖြစ်​ရင်း ညီ​လေးရဲ့ဘဝအ​ကြောင်းကြားရတဲ့အချိန်​ အသက်​အရမ်းသနားမိသွား​တော့တယ်​ ညီငယ်​​လေးဘဝက တကယ်​ကိုအရမ်း ခက်​ခဲခဲ့တာပဲ​လေ
ညီ​လေးကို​ပွေ့ဖက်​ရင်း ​စောင့်​ရှောက်​​ပေးမယ်​လို့ ​ပြောခဲ့တဲ့ အသက်​အတွက်​ အခွင့်အ​ရေးဆိုတာမရလိုက်​ခဲ့ဘူး ညဆယ့်နှစ်​နာရီ​ကျော်​​လောက်​မှာ သဲကီးမဲကီးရွာတဲ့မိုး​ကြောင့် အသက်​တို့စီးလာတဲ့ expressကားကြီး စလစ်​ဖြစ်​သွားပြီး ​မှောက်​သွားတဲ့အချိန်​မှာ အသက်​ ညီ​လေးကိုယ်​​လေးကို ဖက်​ရင်း အ​မှောင်​ကျသွား​တော့တယ်​
အသက်​သတိပြန်​ရလာတဲ့အချိန်​မှာ ​ဆေးရုံတခု​ပေါ်မှာ အသက်​ဘာမှသတိမရ​တော့ပဲ အသက်​သတိရတာ​တွေက ညီငယ်​​လေး​ပြောခဲ့တဲ့အ​ကြောင်းအရာ​တွေနဲ့ ညီငယ်​​လေး နာမည်​​တွေပဲ​လေ အဲဒါ​ကြောင့် အသက်​ကိုယ်​တိုင်​ ကိုယ့်ကိုယ်​ကို အသက်​ထက်​ဆုံး ​ကျောင်းဆရာ​လေးလို့ ထင်​ခဲ့ပီး ရှမ်းရွာ​လေးမှာ ​ဆေးရုံဆင်းတာနဲ့ စာသွားသင်​ဖြစ်​ခဲ့တာ​လေ အဲ​နေ့က ​သေဆုံးသွားတဲ့ညီငယ်​​လေးကို​တော့ အသက်​ထက်​မြတ်​နိုး ဆိုတဲ့ နာမည်​နဲ့ ​သေစာရင်းသွင်းခဲ့မိတာ​ပေါ့
(ဒီနား​လေးကို နားလည်​ရဲ့လားမသိဘူး spring​ရေးတာ ရှုပ်​သွားရင်​ sorryပါ​နော်​)
ညီ​လေးဆီက​နောက်​ဆုံး ရခဲ့တဲ့ keychain​လေးကိုကြည့်ရင်း အသက်​ သက်​ပြင်းကိုချလိုက်​မိ​တော့တယ်​ ​မောင့်ကိုမျက်​နှာချင်းဆိုင်​​တွေ့ရ​တော့မယ်​ အသက်​ရဲ့​နေရက်​​တွေအတွက်​ အသက်​ကြိုပြင်​ဆင်​ထားရ​တော့မှာပဲ
ညက​တော်​​တော်​နဲ့ အိပ်​မ​ပျော်​တာမလို့ မနက်​​တော်​​တော်​​နောက်​ကျပြီးမှ အသက်​နိုးလာ​တော့တယ်​ အိပ်​ရာကို စမ်းကြည့်လိုက်​​တော့ သမီးကို မ​တွေ့တာမလို့ အသက်​အလန့်တကြား မျက်​လုံးဖွင့်ကြည့်လိုက်​မိ​တော့တယ်​
"သမီး သမီး​လေး ချစ်​သက်​​လေး​ရေ"
ချစ်​သက်​​လေး မနက်​အိပ်​ရာနိုးလာ​တော့ ချစ်​သက်​ရဲ့ ပါးပါးက ​ဘေးမှာ အိပ်​​နေတယ်​​လေ ပါးပါးကအများကြီးပင်​ပန်းလို့လားမသိဘူး ချစ်​သက်​​လေးက ပါးပါး ပါးပါးလို့​ခေါ်တာကို​တောင်​ နိုးမလာဘူး
ချစ်​သက်​​လေးက ဗိုက်​အရမ်းကို ဆာ​နေပင်​မယ်​ ပါးပါးကို ​ခေါ်လို့မရလို့ ဦးဦးတို့ဆီသွားဖို့ ချစ်​သက်​​လေး ကုတင်​​ပေါ်က​နေဆင်းလိုက်​​တော့တယ်​ ကုတင်​က အမြင့်ကြီးမလို့ ချစ်​သက်​​လေး မနည်း ကို ဖင်​​လေးကုန်းပြီး ဆင်းရတာ ပက်​လက်​လန်​​လေး ​အောက်​ကိုပြုတ်​ကျ​တော့ ချစ်​သက်​​လေး လန့်သွားတာပဲ ဒါပင်​မယ့်ပါးပါး နိုးသွားမှာစိုးလို့ ချစ်​သက်​​လေးက ငိုပါဘူး​နော်​
ဦးဦးတို့က ​ဘေးနားကအခန်းမှာ ​နေတယ်​လို့ မ​နေ့ကပါးပါးက​ပြောတာပဲ  အခန်းတံခါးဖွင့်မလို့ပင်​မယ့် တံခါးကြီးက အမြင့်ကြီးပဲ ချစ်​သက်​​လေး မမှီတာမလို့ နှုတ်​ခမ်းဆူလိုက်​မိ​တော့တယ်​ မ​နေ့က ပါးပါးက remoteနဲ့ ဖွင့်တာ​တော့​တွေ့လိုက်​တယ်​ ချစ်​သက်​​လေး remote​လေးယူပြီး ​လျှောက်​နှိပ်​ကြည့်လိုက်​မယ်​ အနီခလုတ်​​လေး နှိပ်​လိုက်​​တော့ တံခါးပွင့်သွားတာမလို့ ချစ်​သက်​​လေးပြုံးပြီး တံခါးအပြင်​ဖက်​ကို ထွက်​လိုက်​မိ​တော့တယ်​
"ဟင်​ အခန်းထဲအများကြီးပဲ"
"သခင်​​လေး"
လွန်း အခန်းထဲမှာ computerတလုံးနဲ့အလုပ်​ရှုပ်​​နေတုန်း မင်းရံရဲ့ အင်​တာကွန်​က​နေထွက်​လာတဲ့အ​လောတကြီးအသံ​ကြောင့် မျက်​​မှောင်​ကြုတ်​လိုက်​မိ​တော့တယ်​
"​ပြော မင်းရံ"
"သခင်​မငယ်​​လေး တစ်​​ယောက်​တည်း ​လျှောက်​လမ်းမှာ"
"ဘယ်​လို"
မင်းရံ စကား​ကြောင့် cctvကို အမြန်​ဖွင့်ကြည့်လိုက်​​တော့ hotel ​လျှောက်​လမ်းရဲ့အလယ်​​လေးမှာ နှုတ်​ခမ်း​သေး​သေး​လေးက ဆူ​ထော်​ပြီး ​ခေါင်း​လေးက ဟိုဖက်​ကြည့်လိုက်​ ဒီဖက်​ကြည့်လိုက်​လုပ်​​နေတဲ့ သမီးငယ်​​လေးကို ​တွေ့လိုက်​ရ​တော့တယ်​ လွန်း laptopကို ကုတင်​​ပေါ်ပစ်​တင်​လိုက်​ပြီး သမီး​လေးဆီ အ​လောတကြီး ​ပြေးသွားလိုက်​မိ​တော့တယ်​
"သမီး​လေး"
လွန်း​ခေါ်လိုက်​တဲ့အချိန်​ မျက်​လုံးဝိုင်းဝိုင်း​လေးက လှည့်ကြည့်လာပြီး လွန်းကို အထူးအဆန်း​လေးကြည့်​နေတဲ့က​လေး​လေးက တကယ်​ကို အသက်​ရဲ့ ကိုယ်​ပွား​လေး
"သမီး​လေး ဒီမှာဘာလုပ်​​နေတာလဲ"
"ချစ်​သက်​​လေး ဗိုက်​ဆာလို့ ဦးဦးကိုရှာ​နေတာ"
နှစ်​နှစ်​​ကျော်​သမီး​လေးက စကားကိုပီပီသသမ​ပြောတတ်​ပင်​မယ့် လွန်းနားလည်​​အောင်​​တော့ ​ပြောတတ်​ရှာတယ်​ ပြီး​တော့သမီး​လေးက လူ​တော့လုံးဝမ​ကြောက်​တဲ့ပုံပဲ ကြည့်ရတာ gangမှာ ကြီးပြင်းလာတဲ့ က​လေး​လေးမလို့ထင်​တယ်​
"ပါးပါး​ရော မီး​လေးရဲ့"
"ပါးပါးကအိပ်​​နေတယ်​ ပါးပါးနိုးသွားမှာစိုးလို့ ချစ်​သက်​​လေးဘာသာထွက်​လာတာ"
သူ့ကိုယ်​သူ ချစ်​သက်​​လေးလို့ ​ပြော​နေတဲ့ သမီး​လေးက အရမ်းရမ်းကိုချစ်​ဖို့​ကောင်း​နေ​တော့တာ လွန်းကိုလည်း မျက်​လုံး​လေးဝိုင်းပြီး ကြည့်​နေတာ ဘိုမရုပ်​​လေးလိုပဲ
"Daddyနဲ့ လိုက်​မလား သမီး​လေးဗိုက်​ဆာ​နေရင်​ daddyက မုန့်​ကြွေးမယ်​​လေ"
"ချစ်​သက်​​လေးစားချင်​တာကို​ကြွေးမှာလား"
"ချစ်​သက်​​လေး စားချင်​တာမှန်​သမျှ daddyက အကုန်​​ကြွေးမှာ​ပေါ့ daddyနဲ့လိုက်​မလား"
​ခေါင်း​သေး​သေး​လေးက ညိမ့်ပြပြီး လွန်းရဲ့လက်​ကိုလာဆုပ်​ကိုင်​တဲ့ လက်​​သေး​သေး​လေး​တွေ​ကြောင့် လွန်းတကိုယ်​လုံးက ​နွေး​ထွေးသွားသလို ခံစားလိုက်​ရ​တော့တယ်​ တစ်​ချိန်​တည်းမှာလိုပဲ လွန်း ရဲ့စိုးရိမ်​စိတ်​​တွေ တက်​လာ​တော့တယ်​ သမီး​လေးက အဲလို​ခေါ်တဲ့လူတိုင်း​နောက်​လိုက်​ရင်​ မဖြစ်​​သေးပါဘူး ​သေ​သေချာချာ​လေးမှာထားရမယ်​ သမီး​လေးကို
လွန်း သမီး​လေးကို ချီလိုက်​​တော့ သမီး​လေးကရီလိုက်​ပြီး လွန်းလည်​ပင်းကို ဖက်​လာ​တော့တယ်​
"သမီး​လေး"
"ရှင်​"
"​နောက်​ခါ တခြားတစိမ်း​တွေ​ခေါ်ရင်​ အဲလိုမလိုက်​ရဘူး​နော်​ က​လေး​လေး တစိမ်း​တွေက သမီးငယ်​​လေးကိုဖမ်းသွားလိမ့်မယ်​​နော်​"
"တခြားလူ​ခေါ်ရင်​ ချစ်​သက်​​လေးက မလိုက်​ပါဘူး daddy ​ခေါ်လို့လိုက်​တာပါ"
"ဘယ်​လို သမီး​လေး"
"Daddy​ခေါ်လို့လိုက်​တာ​လေ daddyကချစ်​သက်​​လေး daddy​လေ တစိမ်းမှမဟုတ်​တာ ပါးပါးဆီမှာ daddyပုံရှိတယ်​ ချစ်​သက်​​လေးမှတ်​မိတယ်​ ပါးပါးကလည်း daddyလို့ ချစ်​သက်​​လေးကို​ပြောပြတာ​လေ daddyမှန်းသိလို့ ချစ်​သက်​​လေး လိုက်​လာတာ"
ချစ်​သက်​​လေးစကား​ကြောင့် လွန်းမှာအံ​အော်​တကြီးနဲ့ သမီး​လေးမျက်​နှာကို​ငေးကြည့်​နေမိ​တော့တယ်​
Continue Reading
You'll Also Like
381K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
227K 37.3K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
15.5K 987 44
ပိုင်သက်ရှိုင်းမာန်လို့ခေါ်တဲ့ အသက်သုံးဆယ်ကျော်လူပျိုကြီးတစ်ယောက်က တစ်နေ့မှာ သူငယ်ချင်းတစ်ယောက်ကိုကူညီဖို့ "ဝလုံး စလုံး မုန့်လုံး"ခေါ်တဲ့ညီအကိုသုံးယေ...