Unicode
"သက်ပိုင်ရေ မေမေတို့လာတယ်"
အိမ်ရှေ့မှ ကင်းစင်၏ အသံကြောင့် မီးဖိုထဲတွင် ဟင်းချက်နေရင်းမှ ဟင်းအိုးကို ခဏချကာ ဧည့်ခန်းထဲအမြန်သွားလိုက်သည်။ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူကိုယ်တိုင်မီးဖိုချောင်ဝင်ဖြစ်သည်။ပုံမှန်ဆို ကင်းစင်ကသာ ချက်လေ့ရှိသော်လည်း ယခုက မီးဖွားပြီးခါစမို့ အစစအရာရာ သာ၍ ဂရုစိုက်ရသည်။ကလေးကိုလည်း လမစေ့ပဲမွေးထားရသည်ကိုး။
"သား"
"ကင်းစင် မေမေတို့ကို တံခါးဝမှာ ရပ်ခိုင်းမထားနဲ့လေ"
"ဖေဖေ ထိုင်ပါဦး"
"အေးအေး သမီး"
သူတို့ အသီးသီး ဆိုဖာများပေါ်တွင်ထိုင် လိုက်ကြသည်။သူနှင့် ကင်းစင်အား ထိမ်းမြားပေးပြီးပြီးချင်းပင် သူတို့နှစ်ဦးသီးသန့်နေထိုင်ရန် နှစ်ဖက်မိဘများမှ အိမ်နှင့်ခြံအား လက်ဖွဲ့ခဲ့ကြသည်။သူကင်းစင်ကို အားနာသည်။သူကင်းစင်နှင့်လက်ထပ်ပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ နှီးနှောခြင်းမပြုရသေးပေ။သူ၏ မြတ်လေးအပေါ်လိပ်ပြာမလုံမှုကြောင့် ထိုသို့လုပ်နေမိခြင်းဖြစ်သော်ငြား မိမိကိုယ်ကိုယ် ရွံစရာဟုခံစားရသည်။သူတော်ကောင်းယောင်ဆောင်နေသည့် နိမ့်ကျသည့်သူကဲ့သို့ပင်။ ထို့ကြောင့် အတတ်နိုင်ဆုံးခင်ပွန်းကောင်းဖြစ်ရန်ကြိုးစားသည်။လင်ယောက်ျားကဲ့သို့ မကြင်နာနိုင်ခဲ့လျှင်တောင်မှ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ် ရော၊သားလေးအတွက်ရောပါ အဖေကောင်းတစ်ယောက်ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချထားသည်။
"သက်ညိုလေးကို ဒီကိုပေးပါဦး…အမလေး ဘွားမြေးလေး…ဘွားချစ်တုံးလေး…ဘွားရဲ့အသည်းအသက်အမြစ်ကလေး"
သူတို့သားလေးအား မွေးပြီးတစ်လပြည့်တွင် နာမည်ပေးခဲ့ကြသည်။သူ့နာမည်၏ နွေးသက်ကို ယူ၍ "နွေးသက်ညို" ဟုကင်းစင်
ကပင် ဦးဆောင်၍ ကင်ပွန်းတပ်ပေးခဲ့သည်။ကွယ်လွန်သားသူ သူမ၏ချစ်သူဇေလွန်းညို၏ နာမည်တစ်လုံးအား ထည့်မှည့်ခဲ့ခြင်းအပေါ်တွင်တော့ သူအနေနှင့် တစ်ခွန်းမျှ စောဒကမတက်ဖြစ်ခဲ့။သူက အပြစ်ရှိသူမဟုတ်လော။
"သက်ညိုလေး ဘိုးဘိုး ကိုကြည့်ပါဦး…"
မိုးသက်ပိုင် တစ်ယောက် ခပ်တည်တည်ဖြင့် ကလေးအား ချော့မြူတော့ ကလေးမှာ လန့်၍ထင် ငိုဟန်စတင်ဟန်ပြင်တော့သည်။
"အို့ အို့ သက်ညိုလေး မငိုရဘူးလေ…ဘိုးဘိုးက ရုပ်ဆိုးလို့ ဟုတ်သလား"
"ဒေါ်ချစ်သက်လယ်!"
နီရဲရဲမျက်နှာဖြင့် ဟန့်တားလာသည့် မိုးသက်ပိုင်အားကြည့်ကာ အားလုံးဝိုင်းရယ်လိုက်ကြသည်။သိပ်ကိုပျော်စရာကောင်းသည့် မိသားစုကလေးပင်။ဘိုးဘိုးရယ်၊ဘွားဘွားရယ်၊ဖေဖေရယ်၊မေမေရယ် ပြီးတော့ အိမ့်ဆည်းလည်းလေးရယ် သို့ပေမယ့် သူ့ရင်ထဲတစ်စုံတစ်ခုက အမြဲတမ်းလစ်ဟာလို့နေသည်။သူဘယ်တော့မှ ပျော်ရွှင်မှုအစစ်အမှန်အား မခံစားရတော့သလို၊ သူရယ်မောနေသော်လည်း အော်ဟစ်ငိုယိုပစ်ချင်နေသည်။
**************©®©*************
"Hey! Lay you're so smart"
"Thanks you Lily"
မေးသည်က လေးရုံကိုမေးခြင်းဖြစ်သော်ငြား ပြန်လည်ဖြေကြားသူက ရီးယပ်စ်ဖြစ်နေသောကြောင့် ကျောင်း၏အချစ်တော်မလေး Lily တစ်ယောက် နှုတ်ခမ်းဆူကာ အလိုမကျဖြစ်သွားဟန်အား ဘေးမှဖြတ်သွားသည့် ဟယ်လင်တို့ အဖွဲ့က တဟားဟားလှောင်ရယ်သွားကြလေသည်။
"နင့်ကိုမပြောဘူး ပန်းရောင်ခေါင်း"
"ငါလဲ နင့်ကိုဖြေမိလို့လား ကြာပန်းဖြူမလေးရဲ့"
"ဂျိုန်နသန် နင် နင်"
လေးရုံ မကြားသလို လှည့်ထွက်ရန်ပြင်တော့ ရန်ဖြစ်နေရာမှ သူ့ကို အလောတကြီး လာဆွဲရှာသည်။
"ဟေး Lay ခဏနေပါဦး ပြောစရာရှိသေးတယ်"
သူ စိတ်ပျက်လက်ပျက်ဖြင့် မေးဆတ်ပြလိုက်သည်။သူတကယ် ကောင်မလေးတွေကို နားမလည်န်ိုင်တော့ပါ။ အားလုံးနှင့် ကင်းကင်းရှင်းရှင်းနေပါရက် မကြိုက်ဘူးဟူသည့် အရိပ်အယောင်အား ဤလောက်ထိ ကွက်ကွက်ကွင်းကွင်းပြနေပါလျက်နှင့် အရေးမပါသည်များအား လာလာပေး၊လာလာပြောနေကြသေးသည်။
"ဟီး နင် ကျောင်းပိတ်ပြီးသွားရင် ဘာလုပ်မှာလဲ"
ဪ ဒီနေ့က စီနီယာတန်းနှုတ်ဆက်ပွဲနေ့။စီနီယာတန်း နောက်ဆုံးနှစ်က သူတွေကတော့ ကျောင်းကိုခွဲခွာရတော့မည်လေ။စာသင်နှစ်က ပြီးဆုံးရန်မှာ ကြာလိုက်လေခြင်း။လေးရုံ ချမျာ နှစ်တစ်နှစ်အား နှစ်တစ်ရာအလား ထင်မှတ်မိပါသည်။သို့ပေမယ့် နောက်ဆုံးတော့ သူမြန်မာပြည်ကိုပြန်၍ သူချစ်ရသောသူအား ဖက်ပွေ့ကာ မည်မျှအထိလွမ်းနေခဲ့ရကြောင်းများကို စီကာပတ်ကုံးပြောပြခွင့် ရတော့မည်။တကယ်ဆို သူတို့တန်းတွေ ပြီးသည်နှင့်ပြန်ရန်ပင် သို့သော် အကြောင်းကြောင်းကြောင့် ပါရီတွင်တစ်လခန့် အောင့်အီးကာနေနေရသေးသည်။သို့သော် ဒီညထွက်မည့် လေယာဉ်ဖြင့် လိုက်ပါရန် သူကြိုတင်လက်မှတ်ဖြတ်ပြီးသားပင်။
"လေး ငါမေးတာဖြေဦးလေ"
သူမက နားသယ်စပ်မှဝဲဖြာကျနေသည့် ရွှေအိုရောင်တောက်တောက် ဆံစံကလေးများအား သပ်တင်ရင်း မေးလာသည်။
"မင်းကိုဘာလို့ပြောပြရမှာလဲ"
"အယ် မဟုတ် ငါပြောချင်တာက ကျောင်းပိတ်ရက်မှာ ငါတို့ပိုပြီးတော့ရင်းရင်းနှီးနှီးလည်း ဖြစ်အောင် အဲ အဟို အဲလေ …ငါနဲ့ဒိတ်နိုင်မလား"
"ဟင့်အင်း…ဆောရီးပဲ"
ထိုတစ်ခွန်းသာ ပြောပြသူလှည့်ထွက်လာခဲ့လိုက်တော့သည်။အနောက်မှ နေပါဦးဘာလို့လဲ ငါ့ကိုမကြိုက်လို့လားဆိုသည့် စကားသံကိုလည်း သူအရေးယူပြီး အဖြေပေးမနေတော့။
"မင်း ဒီညစထွက်တော့မှာမလား"
ရီးယပ်စ်၏ အမေးအားခေါင်းသာညိတ်ပြလိုက်တော့သည်။ဘယ်လိုသိလဲတွေ မေးမနေတော့။မေးလည်း ဘာမျှထူးမည်မဟုတ်။ထူးသည်က သူနောက်ဆက်တွဲပြောလာသည့် စကားပင်။
"ငါလည်း လိုက်မယ်"
"မလိုက်နဲ့"
"လိုက်မယ်"
"လိုက်ချင်လိုက် မလိုက်ချင်နေ"
"လိုက်ချင်တယ်လေ"
"လိုက်ချင်လဲ လက်မှတ်ကုန်သွားပြီ"
"ဟား…ဒါများ မင်းအရင်သွား ငါနောက်တစ်စီးနဲ့ လိုက်မှာပေါ့…မင်းငါ့ကိုလိပ်စာပဲပေးထားလိုက်"
"အေး"
လေယာဉ်၏ အထူးတန်းတွင် လိုက်ပါလာရင်း အတွေးများနေသော ကောင်လေးတစ်ယောက်နှင့် အခန်းထဲတွင်ကလေးငယ်အားပိုက်ချီထားရင်း သောကများနေသော အမျိုးသားတစ်ယောက်။သက်ပိုင် ဆက်ဖူံကွယ်မထားနိုင်တော့။သူလေးရုံအား မင်္ဂလာကိစ္စကိုရော၊ကလေးကိစ္စကိုရော မည်သည့်မျက်နှာပြောင်တိုက်မှုမျိုးဖြင့်ပြောရမည်နည်း။သူအလွန်ကိုစိတ်ဆင်းရဲနေချေပြီ။
"ဟယ်လို ဆရာနွေး"
"ဟမ်…အဟမ်း မြတ်လေးပြောလေ"
"ဆရာနွေး နေမကောင်းဘူးလား"
"အာ…မဟုတ်ပါဘူး ငါအရမ်းနေကောင်းပါတယ်"
"ငါ? "
"အာ…မဟုတ်ဘူး ကိုယ်နေကောင်းပါတယ်လို့ မြတ်လေး ပြောလေ"
"အဟမ်း ကျွန်တော် ဆရာနွေးကိုစပရိုက်တိုက်မလို့…"
"ဟင်…ဟုတ်လား"
"အား အ"
လေးရုံနှင့် ဖုန်းပြောနေရသောကြောင့် သက်ပိုင်လက်ထဲမှ သက်ညိုလေးက ငိုရန်ပြင်တော့ သူအလျင်အမြန်ပင် ဖုန်းကိုချလိုက်ရတော့သည်။
"ဒါပဲနော် မြတ်လေး…ကိုယ်အရမ်းအိပ်ငိုက်နေလို့"
"ဆရာနွေး…ခဏ.……တီ"
"အော သားလေးက ဗိုက်ဆာလို့လား…ခဏလေး မေမေ့ကိုခေါ်ပေးမယ်…"
သူကလေးကိုချော့မြူနေရင်း သက်ပြင်းချလိုက်ရသည်။
မနက် ၈နာရီ
လေယာဉ်ဆိုက်ကပ်ပြီ ဖြစ်စောကြောင့် လေးရုံသူ့လက်ထဲမှ လက်ဂေ့စ်အား ချကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာလိုက်သည်။သူ့ကို လာကြိုနေသည့် သူတော့မရှိပါချေ။သို့သော် သူဂရုမစိုက်။
"ဟဲ့ ကြည့်ပါဦး အရှည်ကြီးပဲ"
"ဟယ်…အဆင်လေး ချောလိုက်တာ"
"ကောင်မ ရွကိုရွတယ်"
ဘေးနားမှ ဖြတ်သွားသည့် ကောင်မလေးများ၏ တီးတိုးပြောသံတို့ကိုကြားသော်လည်း သူဒါတွေကိုစိတ်ပါမနေပါ။သူအရင်ဆုံး ကြို၍စာရင်းပေးထားသည့် ဟိုတယ်တွင် ဝင်ကာ ရေမိုးချိုးကာ အဝတ်များနေရာချလိုက်သည်။ထို့နောက် ဆရာနွေးအကြိုက် တရုတ်စံကားပန်းစည်းအား ကိုင်ကာ ကိုမောင်ပေးထားသည့်အိမ်လိပ်စာအတိုင်း ပျော်ရွှင်တက်ကြွစွာ ထွက်လာခဲ့လိုက်တော့သည်။
ဆရာနွေးက မိဘတွေနှင့်အတူမနေတော့ဟုသိရသည်။သူလမ်းထဲဝင်လာတော့ အိမ်ခြံဝန်းကလေးက ချစ်စဖွယ်ပင်။သူပျော်ရွှင်မှုအပြည့်ဖြင့် ခြံထဲဝင်သွားလိုက်တော့ ကြားလိုက်ရသည့် ရယ်သံသဲ့သဲ့။ရင်ခုန်စွာ သူ့လက်ထဲမှ ပန်းစည်းကလေးအား ဖျစ်ညှစ်ပစ်လိုက်မိသည်။ခြံထဲရှိ နှင်းဆီပင်တန်းများနောက်တွင် တွေ့လိုက်ရသည့် ကျောပြင်ငယ်။တစ်စုံတစ်ေယာက်နှင့် စကားပြောနေဟန်ပေါ်သော်လည်း မျက်နှာချင်းဆိုင်မို့ထင် တစ်ဖက်လူ၏မျက်နှာကို သေချာမမြင်ရ။သူအသံကို မြှင့်ကာအော်ခေါ်လိုက်သည်။
"ဆရာနွေး!!"
"ဟင်"
သည် တစ်ကြိမ်တွင်တော့ ထိတ်လန့်သွားရသူက သူဆိုသည့် မြတ်လေးရုံပါပင်။သူ့ခေါ်သံကြားကြားချင်းလှည့်ကြည့် လာသောဆရာနွေး နှင့်အတူ ကွယ်နေရာ မှ ရုပ်လုံးပေါ်လာသည့် အမျိုးသမီး။ထို့နောက် ထို့နောက် ဆရာနွေး၏ ရင်ခွင်ထဲမှ လသားကလေးငယ်။သူအမြန်ပင် သူတို့အနားသို့ပြေးသွားလိုက်သည်။
"ဆရာနွေး"
"မြတ်…မြတ်လေး"
ကျေးဇူးပြုပြီး အဲ့လိုပုံမျိုး ၊ထိတ်လန့်နေတဲ့ပုံမျိုး လုပ်မပြပါနဲ့လား ဆရာနွေးရယ်။ဒီလူ တကယ်ကြီး အရမ်းစိုးရိမ်ကြောက်ရွံ့နေပြီမို့လို့။သူပြုံးကာ မေးလိုက်သည်။
"အာ…အစ်မ ကင်းစင်က အိမ်ထောင်ကျသွားပြီး ကလေးတောင်ရနေပြီကိုး…ရုံးပိတ်ရက်လေး ဆရာနွေးဆီခဏ လာလည်တာ ဟုတ်တယ်မလား…ဘယ်မှာလဲ အစ်မ အမျိုးသားပါမလာဘူးထင်တယ်…"
"မြတ် မြတ်လေး…ကိုယ်"
သူမယုံကြည်နိုင်မှုကြောင့် မျက်ဝန်းထဲမှ မျက်ရည်များ တစ်လိမ့်ပြီး တစ်လိမ့် ယိုစီးကျလာကြသည်။သို့သော် သူအပြုံးမပျက်သေး။
"ပြောလေ!!…အဲ့ကလေးက …အဲ့ကလေးက အစ်မကင်းစင်ရဲ့သားပဲ…ဟုတ်တယ်မလား အစ်မကင်းစင်နဲ့ သူ့အမျိုးသားရဲ့သား…ဟုတ်တယ် သူတို့ရဲ့သား…ဆရာနွေး!!!"
"အင့် ဝါးးး ဝါးးး"
သူအသံက ကြမ်းတမ်းခက်ထန်သွား၍ ထင် ကလေးငယ်မှာ ကြောက်လန့်တကြား ထငိုတော့သည်။ဆရာနွေးမှာ သူပြောသည်ကို အဖြေမပေးအား။လက်ထဲမှ ကလေးအား နိမ့်ခြည်မြှောက်လျီလုပ်ကာ ချော့မြူနေပြန်သည်။
"ကင်းစင် သားလေးကို အထဲခေါ်သွား"
ကလေးအား အစ်မကင်းစင်ထံသို့ လွှဲပေးကာ သူ့ဘက်သို့ပြန်လှည့်လာသည်။
"ဟင်? ဆရာနွေး…အဲ့ကလေးက"
"မြတ်လေး အဲ့တာ ကိုယ်နဲ့ကင်းစင်ရဲ့သားလေး နွေးသက်ညိုလေ…"
"ဆရာနွေး!!…ဘာတွေပြောနေတာလဲ…ကျွန်တော်နားမလည်"
"အဟင့် ဟင့် ကိုယ်မှားသွားတာပါ အားလူံက ကိုယ့်အမှားတွေပါ…ကိုယ်ကအခု လူပျိုလူလွတ်မဟုတ်တော့ဘူး အဲ့တော့ မင်းကိုလည်းဘာအဖြေမှ ပြန်မပေးနိုင်တော့ဘူး…မင်းသွားပါတော့"
လေးရုံ ရင်ထဲမှ နာကျင်မှုကြောင့် အသက်ရှုပင် မဝချင်တော့။မျက်လုံးအိမ်ထဲတွင် ရေပေါက်များဖြင့်သာ ပြည့်နှက်နေကာ ရှေ့မှ မြင်ကွင်းသည် မှုန်ဝါးခြင်းအတိ။ဝမ်းနည်းမှုလော၊ခံပြင်းမှုလော။ဆရာနွေးသည် သူ့ရှေ့တွင် မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာ တရှုံ့ရှုံ့ငိုရှိုက်လျက်ရှိသည်။
"ခင်ဗျား ဗျာ…ခင်ဗျား ကျုပ် ဒီနှစ်တွေ အတွင်း မှာ ဘယ်လိုတောင်နေခဲ့ရလဲ…ကျုပ်ခင်ဗျားမရှိတဲ့ ညတွေကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ…ခင်ဗျားမသိဘူး ခင်ဗျားဘယ်တော့မှ သိဖို့လည်းမကြိုးစားဘူး…ကျုပ်နဲ့ပေးထားတဲ့ကတိတွေကရော တည်ဖို့မလိုအပ်ဘူးလို့ထင်လို့လား ဟမ်…ဆိုတော့ ဒီကိုပြန်မလာဖို့ပြောခဲ့တာကလည်း ဒီလိုကိစ္စတွေလုပ်တော့မှာကို ကျုပ်မသိအောင်ဖုံးကွယ်ချင်ခဲ့တာလား…ကောင်းပါပေ့ စာသင်နှစ်တစ်ခုလုံး လွန်ခဲ့တဲ့ငါးနှစ်လုံးလုံး ကျုပ်ရဲ့ မျှော်လင့်ချက်တွေ၊အိပ်မက်တွေအားလုံး အားလုံး…ခင်ဗျားကတော့ မင်္ဂလာလေးဆောင်ပြီး ကလေးတစ်ယောက်တောင်မွေး လိုက်သေးတယ်…ခင်ဗျား ကျုပ်ကိုချစ်ရောချစ်ခဲ့ဖူးရဲ့လား ဖြေစမ်း…ခင်ဗျားကျုပ်ကို နည်းနည်းလေးတောင် မချစ်ခဲ့ဘူးမလား"
"မြတ်…မြတ်လေး ကိုယ်တောင်းပန်ပါတယ်…ကိုယ်တောင်းပန်ပါတယ်…ကိုယ်မတတ်သာခဲ့လို့ပါ"
သူ့ရှေ့မှ ဆရာနွေးသည် မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ အော်ဟစ်ငိုယိုရင်း သူ့အားတောင်းပန်နေချေသည်။သူ့ကိုယ်သူ ဘာဖြစ်သွားမှန်းပင် မသိလိုက်တော့။သူ့ ဆရာနွေးနည်းတူ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ကာ ချစ်ရသူ၏ ပါးပြင်နုနုအား နူးညံ့စွာ အုပ်ကိုင်လိုက်သည်။ထို့နောက် ကျဆင်းနေသည့် မျက်ရည်များအား လက်ခုံဖြင့် အသားလေးဖိသုတ်ပေးလိုက်သည်။
"မငိုပါနဲ့…ဆရာနွေးရယ်…ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က မအော်သင့်တာကို…"
တစ်ဖက်သူ၏ မျက်ရည်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများ ပြူးကျယ်သွားကြသည်။
"မငိုပါနဲ့တော့ တိတ် တိတ်နော်…ကျွန်တော်နားလည်တာပေါ့…ဆရာနွေးကိုကျွန်တော်က သိပ်ချစ်တာလေ မငိုနဲ့တော့နော်"
သူ ဆရာနွေးအား ရင်ခွင်ထဲထည့် ဖက်ကာ ထိုစကားလုံးကိုသာ အထပ်ထပ်အခါခါ ပြောနေမိတော့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၅.၁၂.၂၀၂၃
ည၁၀နာရီ၄၀မိနစ်
Zawgyi
"သက္ပိုင္ေရ ေမေမတို႔လာတယ္"
အိမ္ေရွ႕မွ ကင္းစင္၏ အသံေၾကာင့္ မီးဖိုထဲတြင္ ဟင္းခ်က္ေနရင္းမွ ဟင္းအိုးကို ခဏခ်ကာ ဧည့္ခန္းထဲအျမန္သြားလိုက္သည္။ဒီေန႔က ေက်ာင္းပိတ္ရက္ျဖစ္ေသာေၾကာင့္ သူကိုယ္တိုင္မီးဖိုေခ်ာင္ဝင္ျဖစ္သည္။ပုံမွန္ဆို ကင္းစင္ကသာ ခ်က္ေလ့ရွိေသာ္လည္း ယခုက မီးဖြားၿပီးခါစမို႔ အစစအရာရာ သာ၍ ဂ႐ုစိုက္ရသည္။ကေလးကိုလည္း လမေစ့ပဲေမြးထားရသည္ကိုး။
"သား"
"ကင္းစင္ ေမေမတို႔ကို တံခါးဝမွာ ရပ္ခိုင္းမထားနဲ႔ေလ"
"ေဖေဖ ထိုင္ပါဦး"
"ေအးေအး သမီး"
သူတို႔ အသီးသီး ဆိုဖာမ်ားေပၚတြင္ထိုင္ လိုက္ၾကသည္။သူႏွင့္ ကင္းစင္အား ထိမ္းျမားေပးၿပီးၿပီးခ်င္းပင္ သူတို႔ႏွစ္ဦးသီးသန႔္ေနထိုင္ရန္ ႏွစ္ဖက္မိဘမ်ားမွ အိမ္ႏွင့္ၿခံအား လက္ဖြဲ႕ခဲ့ၾကသည္။သူကင္းစင္ကို အားနာသည္။သူကင္းစင္ႏွင့္လက္ထပ္ၿပီးကတည္းက တစ္ႀကိမ္တစ္ခါမွ် ႏွီးေႏွာျခင္းမျပဳရေသးေပ။သူ၏ ျမတ္ေလးအေပၚလိပ္ျပာမလုံမႈေၾကာင့္ ထိုသို႔လုပ္ေနမိျခင္းျဖစ္ေသာ္ျငား မိမိကိုယ္ကိုယ္ ႐ြံစရာဟုခံစားရသည္။သူေတာ္ေကာင္းေယာင္ေဆာင္ေနသည့္ နိမ့္က်သည့္သူကဲ့သို႔ပင္။ ထို႔ေၾကာင့္ အတတ္ႏိုင္ဆုံးခင္ပြန္းေကာင္းျဖစ္ရန္ႀကိဳးစားသည္။လင္ေယာက္်ားကဲ့သို႔ မၾကင္နာႏိုင္ခဲ့လွ်င္ေတာင္မွ ဘဝလက္တြဲေဖာ္တစ္ေယာက္အျဖစ္ ေရာ၊သားေလးအတြက္ေရာပါ အေဖေကာင္းတစ္ေယာက္ျဖစ္ရမည္ဟု ဆုံးျဖတ္ခ်က္ခ်ထားသည္။
"သက္ညိဳေလးကို ဒီကိုေပးပါဦး…အမေလး ဘြားေျမးေလး…ဘြားခ်စ္တုံးေလး…ဘြားရဲ႕အသည္းအသက္အျမစ္ကေလး"
သူတို႔သားေလးအား ေမြးၿပီးတစ္လျပည့္တြင္ နာမည္ေပးခဲ့ၾကသည္။သူ႔နာမည္၏ ေႏြးသက္ကို ယူ၍ "ေႏြးသက္ညိဳ" ဟုကင္းစင္
ကပင္ ဦးေဆာင္၍ ကင္ပြန္းတပ္ေပးခဲ့သည္။ကြယ္လြန္သားသူ သူမ၏ခ်စ္သူေဇလြန္းညိဳ၏ နာမည္တစ္လုံးအား ထည့္မွည့္ခဲ့ျခင္းအေပၚတြင္ေတာ့ သူအေနႏွင့္ တစ္ခြန္းမွ် ေစာဒကမတက္ျဖစ္ခဲ့။သူက အျပစ္ရွိသုမဟုတ္ေလာ။
"သက္ညိဳေလး ဘိုးဘိုး ကိုၾကည့္ပါဦး…"
မိုးသက္ပိုင္ တစ္ေယာက္ ခပ္တည္တည္ျဖင့္ ကေလးအား ေခ်ာ့ျမဴေတာ့ ကေလးမွာ လန႔္၍ထင္ ငိုဟန္စတင္ဟန္ျပင္ေတာ့သည္။
"အို႔ အို႔ သက္ညိဳေလး မငိုရဘူးေလ…ဘိုးဘိုးက ႐ုပ္ဆိုးလို႔ ဟုတ္သလား"
"ေဒၚခ်စ္သက္လယ္!"
နီရဲရဲမ်က္ႏွာျဖင့္ ဟန႔္တားလာသည့္ မိုးက္ပိုင္အားၾကည့္ကာ အားလုံးဝိုင္းရယ္လိုက္ၾကသည္။သိပ္ကိုေပ်ာ္စရာေကာင္းသည့္ မိသားစုကေလးပင္။ဘိုးဘိုးရယ္၊ဘြားဘြားရယ္၊ေဖေဖရယ္၊ေမေမရယ္ ၿပီးေတာ့ အိမ့္ဆည္းလည္းေလးရယ္ သို႔ေပမယ့္ သူ႔ရင္ထဲတစ္စုံတစ္ခုက အၿမဲတမ္းလစ္ဟာလို႔ေနသည္။သူဘယ္ေတာ့မွ ေပ်ာ္႐ႊင္မႈအစစ္အမွန္အား မခံစားရေတာ့သလို၊ သူရယ္ေမာေနေသာ္လည္း ေအာ္ဟစ္ငိုယိုပစ္ခ်င္ေနသည္။
**************©®©*************
"Hey! Lay you're so smart"
"Thanks you Lily"
ေမးသည္က ေလး႐ုံကိုေမးျခင္းျဖစ္ေသာ္ျငား ျပန္လည္ေျဖၾကားသူက ရီးယပ္စ္ျဖစ္ေနေသာေၾကာင့္ ေက်ာင္း၏အခ်စ္ေတာ္မေလး Lily တစ္ေယာက္ ႏႈတ္ခမ္းဆူကာ အလိုမက်ျဖစ္သြားဟန္အား ေဘးမွျဖတ္သြားသည့္ ဟယ္လင္တို႔ အဖြဲ႕က တဟားဟားေလွာင္ရယ္သြားၾကေလသည္။
"နင့္ကိုမေျပာဘူး ဆံနီေကာင္"
"ငါလဲ နင့္ကိုေျဖမိလို႔လား ၾကာပန္းျဖဴမေလးရဲ႕"
"ဂ်ိဳန္နသန္ နင္ နင္"
ေလး႐ုံ မၾကားဟလို လွည့္ထြက္ရန္ျပင္ေတာ့ ရန္ျဖစ္ေနရာမွ သူ႔ကို အေလာတႀကီး လာဆြဲရွာသည္။
"ေဟး Lay ခဏေနပါဦး ေျပာစရာရွိေသးတယ္"
သူ စိတ္ပ်က္လက္ပ်က္ျဖင့္ ေမးဆတ္ျပလိုက္သည္။သူတကယ္ ေကာင္မေလးေတြကို နားမလည္န္ိုင္ေတာ့ပါ။ အားလုံးႏွင့္ ကင္းကင္းရွင္းရွင္းေနပါရက္ မႀကိဳက္ဘူးဟူသည့္ အရိပ္အေယာင္အား ဤေလာက္ထိ ကြက္ကြက္ကြင္းကြင္းျပေနပါလ်က္ႏွင့္ အေရးမပါသည္မ်ားအား လာလာေပး၊လာလာေျပာေနၾကေသးသည္။
"ဟီး နင္ ေက်ာင္းပိတ္ၿပီးသြားရင္ ဘာလုပ္မွာလဲ"
ဪ ဒီေန႔က စီနီယာတန္းႏႈတ္ဆက္ပြဲေန႔။စီနီယာတန္း ေနာက္ဆုံးႏွစ္က သူေတြကေတာ့ ေက်ာင္းကိုခြဲခြာရေတာ့မည္ေလ။စာသင္ႏွစ္က ၿပီးဆုံးရန္မွာ ၾကာလိုက္ေလျခင္း။ေလး႐ုံ ခ်မ်ာ ႏွစ္တစ္ႏွစ္အား ႏွစ္တစ္ရာအလား ထင္မွတ္မိပါသည္။သို႔ေပမယ့္ ေနာက္ဆုံးေတာ့ သူျမန္မာျပည္ကိုျပန္၍ သူခ်စ္ရေသာသူအား ဖက္ေပြ႕ကာ မည္မွ်အထိလြမ္းေနခဲ့ရေၾကာင္းမ်ားကို စီကာပတ္ကုံးေျပာျပခြင့္ ရေတာ့မည္။တကယ္ဆို သူတို႔တန္းေတြ ၿပီးသည္ႏွင့္ျပန္ရန္ပင္ သို႔ေသာ္ အေၾကာင္းေၾကာင္းေၾကာင့္ ပါရီတြင္တစ္လခန႔္ ေအာင့္အီးကာေနေနရေသးသည္။သို႔ေသာ္ ဒီညထြက္မည့္ ေလယာဥ္ျဖင့္ လိုက္ပါရန္ သူႀကိဳတင္လက္မွတ္ျဖတ္ၿပီးသားပင္။
"ေလး ငါေမးတာေျဖဦးေလ"
သူမက နားသယ္စပ္မွဝဲျဖာက်ေနသည့္ ေ႐ႊအိုေရာင္ေတာက္ေတာက္ ဆံစံကေလးမ်ားအား သပ္တင္ရင္း ေမးလာသည္။
"မင္းကိုဘာလို႔ေျပာျပရမွာလဲ"
"အယ္ မဟုတ္ ငါေျပာခ်င္တာက ေက်ာင္းပိတ္ရက္မွာ ငါတို႔ပိုၿပီးေတာ့ရင္းရင္းႏွီးႏွီးလည္း ျဖစ္ေအာင္ အဲ အဟို အဲေလ …ငါနဲ႔ဒိတ္ႏိုင္မလား"
"ဟင့္အင္း…ေဆာရီးပဲ"
ထိုတစ္ခြန္းသာ ေျပာျပသူလွည့္ထြက္လာခဲ့လိုက္ေတာ့သည္။အေနာက္မွ ေနပါဦးဘာလို႔လဲ ငါ့ကိုမႀကိဳက္လို႔လားဆိုသည့္ စကားသံကိုလည္း သူအေရးယူၿပီး အေျဖေပးမေနေတာ့။
"မင္း ဒီညစထြက္ေတာ့မွာမလား"
ရီးယပ္စ္၏ အေမးအားေခါင္းသာညိတ္ျပလိုက္ေတာ့သည္။ဘယ္လိုသိလဲေတြ ေမးမေနေတာ့။ေမးလည္း ဘာမွ်ထူးမည္မဟုတ္။ထူးသည္က သူေနာက္ဆက္တြဲေျပာလာသည့္ စကားပင္။
"ငါလည္း လိုက္မယ္"
"မလိုက္နဲ႔"
"လိုက္မယ္"
"လိုက္ခ်င္လိုက္ မလိုက္ခ်င္ေန"
"လိုက္ခ်င္တယ္ေလ"
"လိုက္ခ်င္လဲ လက္မွတ္ကုန္သြားၿပီ"
"ဟား…ဒါမ်ား မင္းအရင္သြား ငါေနာက္တစ္စီးနဲ႔ လိုက္မွာေပါ့…မင္းငါ့ကိုလိပ္စာပဲေပးထားလိုက္"
"ေအး"
ေလယာဥ္၏ အထူးတန္းတြင္ လိုက္ပါလာရင္း အေတြးမ်ားေနေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ အခန္းထဲတြင္ကေလးငယ္အားပိုက္ခ်ီထားရင္း ေသာကမ်ားေနေသာ အမ်ိဳးသားတစ္ေယာက္။သက္ပိုင္ ဆက္ဖူံကြယ္မထားႏိုင္ေတာ့။သူေလး႐ုံအား မဂၤလာကိစၥကိုေရာ၊ကေလးကိစၥကိုေရာ မည္သည့္မ်က္ႏွာေျပာင္တိုက္မႈမ်ိဳးျဖင့္ေျပာရမည္နည္း။သူအလြန္ကိုစိတ္ဆင္းရဲေနေခ်ၿပီ။
"ဟယ္လို ဆရာေႏြး"
"ဟမ္…အဟမ္း ျမတ္ေလးေျပာေလ"
"ဆရာေႏြး ေနမေကာင္းဘူးလား"
"အာ…မဟုတ္ပါဘူး ငါအရမ္းေနေကာင္းပါတယ္"
"ငါ? "
"အာ…မဟုတ္ဘူး ကိုယ္ေနေကာင္းပါတယ္လို႔ ျမတ္ေလး ေျပာေလ"
"အဟမ္း ကြၽန္ေတာ္ ဆရာေႏြးကိုစပ႐ိုက္တိုက္မလို႔…"
"ဟင္…ဟုတ္လား"
"အား အ"
ေလး႐ုံႏွင့္ ဖုန္းေျပာေနရေသာေၾကာင့္ သက္ပိုင္လက္ထဲမွ သက္ညိဳေလးက ငိုရန္ျပင္ေတာ့ သူအလ်င္အျမန္ပင္ ဖုန္းကိုခ်လိုက္ရေတာ့သည္။
"ဒါပဲေနာ္ ျမန္ေလး…ကိုယ္အရမ္းအိပ္ငိုက္ေနလို႔"
"ဆရာေႏြး…ခဏ.……တီ"
"ေအာ သားေလးက ဗိုက္ဆာလို႔လား…ခဏေလး ေမေမ့ကိုေခၚေပးမယ္…"
သူကေလးကိုေခ်ာ့ျမဴေနရင္း သက္ျပင္းခ်လိုက္ရသည္။
မနက္ ၈နာရီ
ေလယာဥ္ဆိုက္ကပ္ၿပီ ျဖစ္ေစာေၾကာင့္ ေလး႐ုံသူ႔လက္ထဲမွ လက္ေဂ့စ္အား ခ်ကာ ေျဖးေျဖးခ်င္း လမ္းေလွ်ာက္လာလိုက္သည္။သူ႔ကို လာႀကိဳေနသည့္ သူေတာ့မရွိပါေခ်။သို႔ေသာ္ သူဂ႐ုမစိုက္။
"ဟဲ့ ၾကည့္ပါဦး အရွည္ႀကီးပဲ"
"ဟယ္…အဆင္ေလး ေခ်ာလိုက္တာ"
"ေကာင္မ ႐ြကို႐ြတယ္"
ေဘးနားမွ ျဖတ္သြားသည့္ ေကာင္မေလးမ်ား၏ တီးတိုးေျပာသံတို႔ကိုၾကားေသာ္လည္း သူဒါေတြကိုစိတ္ပါမေနပါ။သူအရင္ဆုံး ႀကိဳ၍စာရင္းေပးထားသည့္ ဟိုတယ္တြင္ ဝင္ကာ ေရမိုးခ်ိဳးကာ အဝတ္မ်ားေနရာခ်လိုက္သည္။ထို႔ေနာက္ ဆရာေႏြးအႀကိဳက္ တ႐ုတ္စံကားပန္းစည္းအား ကိုင္ကာ ကိုေမာင္ေပးထားသည့္အိမ္လိပ္စာအတိုင္း ေပ်ာ္႐ႊင္တက္ႂကြစြာ ထြက္လာခဲ့လိုက္ေတာ့သည္။
ဆရာေႏြးက မိဘေတြႏွင့္အတူမေနေတာ့ဟုသိရသည္။သူလမ္းထဲဝင္လာေတာ့ အိမ္ၿခံဝန္းကေလးက ခ်စ္စဖြယ္ပင္။သူေပ်ာ္႐ႊင္မႈအျပည့္ျဖင့္ ၿခံထဲဝင္သြားလိုက္ေတာ့ ၾကားလိုက္ရသည့္ ရယ္သံသဲ့သဲ့။ရင္ခုန္စြာ သူ႔လက္ထဲမွ ပန္းစည္းကေလးအား ဖ်စ္ညႇစ္ပစ္လိုက္မိသည္။ၿခံထဲရွိ ႏွင္းဆီပင္တန္းမ်ားေနာက္တြင္ ေတြ႕လိုက္ရသည့္ ေက်ာျပင္ငယ္။တစ္စုံတစ္ေယာက္ႏွင့္ စကားေျပာေနဟန္ေပၚေသာ္လည္း မ်က္ႏွာခ်င္းဆိုင္မို႔ထင္ တစ္ဖက္လူ၏မ်က္ႏွာကို ေသခ်ာမျမင္ရ။သူအသံကို ျမႇင့္ကာေအာ္ေခၚလိုက္သည္။
"ဆရာေႏြး!!"
"ဟင္"
သည္ တစ္ႀကိမ္တြင္ေတာ့ ထိတ္လန႔္သြားရသူက သူဆိုသည့္ ျမတ္ေလး႐ုံပါပင္။သူ႔ေခၚသံၾကားၾကားခ်င္းလွည့္ၾကည့္ လာေသာဆရာေႏြး ႏွင့္အတူ ကြယ္ေနရာ မွ ႐ုပ္လုံးေပၚလာသည့္ အမ်ိဳးသမီး။ထို႔ေနာက္ ထို႔ေနာက္ ဆရာေႏြး၏ ရင္ခြင္ထဲမွ လသားကေလးငယ္။သူအျမန္ပင္ သူတို႔အနားသို႔ေျပးသြားလိုက္သည္။
"ဆရာေႏြး"
"ျမတ္…ျမတ္ေလး"
ေက်းဇူးျပဳၿပီး အဲ့လိုပုံမ်ိဳး ၊ထိတ္လန႔္ေနတဲ့ပုံမ်ိဳး လုပ္မျပအါနဲ႔လား ဆရာေႏြးရယ္။ဒီလူ တကယ္ႀကီး အရမ္းစိုးရိမ္ေၾကာက္႐ြံ႕ေနၿပီမို႔လို႔။သူၿပဳံးကာ ေမးလိုက္သည္။
"အာ…အစ္မ စင္စင္က အိမ္ေထာင္က်သြားၿပီး ကေလးေတာင္ရေနၿပီကိုး…႐ုံးပိတ္ရက္ေလး ဆရာေႏြးဆီခဏ လာလည္တာ ဟုတ္တယ္မလား…ဘယ္မွာလဲ အစ္မ အမ်ိဳးသားပါမလာဘူးထင္တယ္…"
"ျမတ္ ျမတ္ေလး…ကိုယ္"
သူမယုံၾကည္ႏိုင္မႈေၾကာင့္ မ်က္ဝန္းထဲမွ မ်က္ရည္မ်ား တစ္လိမ့္ၿပီး တစ္လိမ့္ ယိုစီးက်လာၾကသည္။သို႔ေသာ္ သူအၿပဳံးမပ်က္ေသး။
"ေျပာေလ!!…အဲ့ကေလးက …အဲ့ကေလးက အစ္မကင္းစင္ရဲ႕သားပဲ…ဟုတ္တယ္မလား အစ္မကင္းစင္နဲ႔ သူ႔အမ်ိဳးသားရဲ႕သား…ဟုတ္တယ္ သူတို႔ရဲ႕သား…ဆရာေႏြး!!!"
"အင့္ ဝါးးး ဝါးးး"
သူအသံက ၾကမ္းတမ္းခက္ထန္သြား၍ ထင္ ကေလးငယ္မွာ ေၾကာက္လန႔္တၾကား ထငိုေတာ့သည္။ဆရာေႏြးမွာ သူေျပာသည္ကို အေျဖမေပးအား။လက္ထဲမွ ကေလးအား နိမ့္ျခည္ေျမႇာက္လ်ီလုပ္ကာ ေခ်ာ့ျမဴေနျပန္သည္။
"ကင္းစင္ သားေလးကို အထဲေခၚသြား"
ကေလးအား အစ္မကင္းစင္ထံသို႔ လႊဲေပးကာ သူ႔ဘက္သို႔ျပန္လွည့္လာသည္။
"ဟင္? ဆရာေႏြး…အဲ့ကေလးက"
"ျမတ္ေလး အဲ့တာ ကိုယ္နဲ႔ကင္းစင္ရဲ႕သားေလး ေႏြးသက္ညိဳေလ…"
"ဆရာေႏြး!!…ဘာေတြေျပာေနတာလဲ…ကြၽန္ေတာ္နားမလည္"
"အဟင့္ ဟင့္ ကိုယ္မွားသြားတာပါ အားလူံက ကိုယ့္အမွားေတြပါ…ကိုယ္ကအခု လူပ်ိဳလူလြတ္မဟုတ္ေတာ့ဘူး အဲ့ေတာ့ မင္းကိုလည္းဘာအေျဖမွ ျပန္မေပးႏိုင္ေတာ့ဘူး…မင္းသြားပါေတာ့"
ေလး႐ုံ ရင္ထဲမွ နာက်င္မႈေၾကာင့္ အသက္ရႈပင္ မဝခ်င္ေတာ့။မ်က္လုံးအိမ္ထဲတြင္ ေရေပါက္မ်ားျဖင့္သာ ျပည့္ႏွက္ေနကာ ေရွ႕မွ ျမင္ကြင္းသည္ မႈန္ဝါးျခင္းအတိ။ဝမ္းနည္းမႈေလာ၊ခံျပင္းမႈေလာ။ဆရာေႏြးသည္ သူ႔ေရွ႕တြင္ မ်က္ႏွာကိုလက္ဝါးျဖင့္အုပ္ကာ တရႈံ႕ရႈံ႕ငိုရႈိက္လ်က္ရွိသည္။
"ခင္ဗ်ား ဗ်ာ…ခင္ဗ်ား က်ဳပ္ ဒီႏွစ္ေတြ အတြင္း မွာ ဘယ္လိုေတၱာင္ေနခဲ့ရလဲ…က်ဳပ္ခင္ဗ်ားမရွိတဲ့ ညေတြကိုဘယ္လိုျဖတ္သန္းခဲ့ရလဲ…ခင္ဗ်ားမသိဘူး ခင္ဗ်ားဘယ္ေတာ့မွ သိဖို႔လည္းမႀကိဳးစားဘူး…က်ဳပ္နဲ႔ေပးထားတဲ့ကတိေတြကေရာ တည္ဖို႔မလိုအပ္ဘူးလို႔ထင္လို႔လား ဟမ္…ဆိုေတာ့ ဒီကိုျပန္မလာဖို႔ေျပာခဲ့တာကလည္း ဒီလိုကိစၥေတြလုပ္ေတာါမွာကို က်ဳပ္မသိေအာင္ဖုံးကြယ္ခ်င္ခဲ့တာလား…ေကာင္းပါေပ့ စာသင္ႏွစ္တစ္ခုလုံး လြန္ခဲ့တဲ့ငါးႏွစ္လုံးလုံး က်ဳပ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ၊အိပ္မက္ေတြအားလုံး အားလုံး…ခင္ဗ်ားကေတာ့ မဂၤလာေလးေဆာင္ၿပီး ကေလးတစ္ေယာက္ေတာင္ေမႊးလိုက္ေသးတယ္…ခင္ဗ်ား က်ဳပ္ကိုခ်စ္ေရာခ်စ္ခဲ့ဖူးရဲ႕လား ေျဖစမ္း…ခင္ဗ်ားက်ဳပ္ကို နည္းနည္းေလးေတာင္ မခ်စ္ခဲ့ဘူးမလား"
"ျမတ္…ျမတ္ေလး ကိုယ္ေတာင္းပန္ပါတယ္…ကိုယ္ေတာင္းပန္ပါတယ္"…ကိုယ္မတတ္သာခဲ့လို႔ပါ"
သူ႔ေရွ႕မွ ဆရာေႏြးသည္ ေျမပာင္ေပၚတြင္ ဒူးေထာက္ခ်လိုက္ကာ ေအာ္ဟစ္ငိုယိုရင္း သူ႔အားေတာင္းပန္ေနေခ်သည္။သူ႔ကိုယ္သူ ဘာျဖစ္သြားမွန္းပင္ မသိလိုက္ေတာ့။သူ႔ ဆရာေႏြးနည္းတူ ေျမျပင္ေပၚသို႔ ထိုင္ခ်လိုက္ကာ ခ်စ္ရသူ၏ ပါးျပင္ႏုႏုအား ႏူးညံ့စြာ အုပ္ကိုင္လိုက္သည္။ထို႔ေနာက္ က်ဆက္းေနသည့္ မ်က္ရည္မ်ားအား လက္ခုံျဖင့္ အသားေလးဖိသုတ္ေပးလိုက္သည္။
"မငိုပါနဲ႔…ဆရာေႏြးရယ္…ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ္က မေအာ္သင့္တာကို…"
တစ္ဖက္သူ၏ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္ေနသည့္ မ်က္ဝန္းမ်ား ျပဴးက်ယ္သြားၾကသည္။
"မငိုပါနဲ႔ေတာ့ တိတ္ တိတ္ေနာ္…ကြၽန္ေတာ္နားလည္တာေပါ့…ဆရာေႏြးကိုကြၽန္ေတာ္က သိပ္ခ်စ္တာေလ မငိုနဲ႔ေတာ့ေနာ္"
သူ ဆရာေႏြးအား ရင္ခြင္ထဲထည့္ ဖက္ကာ ထိုစကားလုံးကိုသာ အထပ္ထပ္အခါခါ ေျပာေနမိေတာ့သည္။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁၅.၁၂.၂၀၂၃
ည၁၀နာရီ၄၀မိနစ္