Toward Softly Of Love(နူးညံ့သ...

By Bellie_Kim

4.8K 67 31

ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာပြီး အချစ်ကိုအယုံအကြည်မရှိဘဲ မိန်းကလေးများနှင့်အရှုပ်အရှင်းကင်းတဲ့ နေရဲဈာန် နဲ့... More

Intro
Part 1(Uni+Zawgyi)
Part 2(Uni+Zawgyi)
Part 3(Uni+Zawgyi)

Part 4(Uni+Zawgyi)

806 17 7
By Bellie_Kim

(Uni)

ဈာန်သည် ဒီနဒီနေ့ရှယ်ယာရှင်တွေနှင့်အရေးကြီးMeetingရှိသည့်အတွက် အိမ်ကနေ ကုမ္ပဏီကိုအစောကြီးသွားခဲ့သည်။ဒီနေ့တစ်နေ့လုံး ရှယ်ယာရှင်တွေနှင့်အစည်းအဝေးလုပ်ပြီးနောက် ထိုရှယ်ယာနှင့်အတူ စားသောက်ဆိုင်တစ်ဆိုင်မှာဧည့်ခံပြီးအလုပ်ကိစ္စဘာညာဆက်ပြောနေကြပြီးနောက် သူ့ကုမ္ပဏီပိုင်သည့်ရေမွှေးစက်ရုံကိုသွားရောက်စစ်ဆေးခဲ့သည်။"Dream"
ဆိုသည့် သူပိုင်သည့်ရေမွှေးစက်ရုံကိုသွားပြီး၀န်ထမ်းတွေ၏လုပ်ပုံကိုင်ပုံတွေ၊ပစ္စည်းတွေ၏အနံ့တွေ၊Quility တွေကိုသေသေချာချာစစ်ဆေးပြီးမှ ည၇နာရီတွင် အိမ်ကိုပြန်လာခဲ့သည်။သူအိမ်သို့ရောက်သော် အခန်းတံခါးကိုဖွင့်လိုက်ပြီးနောက် မီးဖိုချောင်ရှိရေခဲသေတ္တာဆီသို့သွား၍ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုဖောက်သောက်လိုက်ပြီး သူ့အိပ်ခန်းထဲသို့၀င်လာလိုက်သည်။မှောင်နေသည့်သူ့အိပ်ခန်းကို မီးမဖွင့်တော့ဘဲ မောပန်းနွမ်းနယ်စွာ အိပ်ရာပေါ်သို့ သူ့ကိုယ်ကိုအရှိန်နှင့်အိပ်ချလိုက်သည့်အခါမှာတော့ အိပ်ရာပေါ်မှာရှိသည့် သူအိပ်ချလိုက်သည့်မာတောင်တောင်လိုအရာကြောင့် သူလန့်သွားပြီးအော်လိုက်မိသည်။

"အားးးး"

ဒီပါချမ်းသည် ထိုအိပ်ရာပေါ်မှာနှစ်ခြိုက်စွာအိပ်နေရင်း သူမအပေါ်ကိုရုတ်တရတ်တက်ဖိလိုက်သည့်လေးလံသည့်အရာကြောင့် အိပ်ရာကနေလန့်နိုးလာသောအခါ..

"ဟင် ဘာကြီးလဲ

ဈာန်မှာ လန့်သွားသည်နှင့်တစ်ပြိုင်နက် သူ့အခန်းမီးကို လင်းထိန်နေအောင်ဖွင့်လိုက်သည်။

"အားးး"

သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးထိတ်လန့်စွာနှစ်ယောက်သားအော်လိုက်ကြသည်။

"ရှင် ရှင်ဘယ်သူလဲ ဘာလို့ကျွန်မအခန်းထဲရောက်နေတာလဲ"

"မင်း မင်းကိုသာ ငါကမေးရမှာ မင်းကရောဘယ်သူလဲ ဘာလို့ငါ့အိပ်ခန်းထဲရောက်နေတာလဲ ပြောစမ်း"

"ဘာရယ် ဘာလို့ရှင့်အိပ်ခန်းဖြစ်ရမှာလဲ ဒါကျွန်မအခန်းရှင့်"

"ဟာ မဟုတ်သေးပါဘူး မင်း မင်းလာစမ်း"

"ဟာ့ ရှင် ရှင်ဘာလုပ်တာလဲ"

"လာစမ်း မင်း ငါ့အိပ်ရာပေါ်ကနေအခုဆင်း"

" ရှင် ဘာ ဘာလုပ်တာလဲ ကျွန်မကိုလွှတ်စမ်း"

ဈာန်မှာ သူမကို အိပ်ရာပေါ်ကနေဆွဲချပြီး ဧည့်ခန့်ဆီသို့ဆွဲခေါ်သွားလိုက်သည်။
ဧည့်ခန်းသို့ရောက်သည်နှင့် ဧည့်ခန်းကဆိုဖာခုံရှည်ဆီသို့ သူမကိုပေးထိုင်ခိုင်းလိုက်သည်။

"ထိုင် မင်း"

သူမကလည်း သူပေးထိုင်ခိုင်းလိုက်‌တော့ကြောင့် သူမယောင်လည်လည်နှင့်ထိုင်ချလိုက်သည်။

"‌ဖြေစမ်း မင်းဘယ်သူလဲ ဘယ်ကလဲ ဘာလို့ငါ့အိမ်ထဲရောက်နေတာလဲ မှန်မှန်ဖြေစမ်း"

"အံမာ ရှင့်ကိုသာမေးရမှာ ရှင်ကမှဘယ်သူလဲ ဘာလို့ကျွန်မနေတဲ့အိမ်ထဲကိုရောက်နေတာလဲ"

"ဟာ့ ဒါငါ့အိမ်မို့လို့ငါရောက်နေတာပေါ့ကွ ဒါငါ့အိမ်ကွ ဒါငါ့အိမ်"

"ဟားဟားဟားဟား လို့တောင်ရယ်လိုက်ချင်တယ်ရှင် မသိရင်မှတ်ထား ဒီအိမ်က ကျွန်မဒီနေ့ဘဲစာချုပ်အတိအကျချုပ်ပြီး၀ယ်လိုက်တဲ့အိမ်ရှင့် သိပြီးလား"

"ဘာ!"

သူ့မှာ သူမပြောတာကိုမယုံနိုင်အောင်ဖြစ်ပြီးအော်၍မေးလိုက်သည်။

"အမယ်လေး လန့်လိုက်တာရှင် တိုးတိုးအော်စမ်းပါ ဒီနားနဲ့ဒီနားဘဲဟာ"

"တော် ကဲ့ မင်းဖြေစမ်း မင်းဒီအိမ်ကိုဘယ်လိုလုပ်ပြီး၀ယ်လိုက်တာလဲ မှန်မှန်ဖြေစမ်း လိမ်ဖို့မကြိုးစားနဲ့"

"အံမာ ဘာလို့လိမ်ရမှာလဲ ဒီမှာ ဒီအိမ်ကဒီနေ့ဘဲကျွန်မဒီအဆောက်အဦးပိုင်ရှင်အန်တီကြီးနဲ့စာချုပ်ချုပ်ပြီး ၀ယ်ထားတာပါလို့ပြောပြီးပြီးလေ ရှင့်ကို"

မဟုတ်သေးပါဘူး။တစ်ခုခုတော့မှားနေပါပြီး။ဒီအိမ်ကို သူ့အတွက်သူ့အဖိုးက ပေးထားတာလေ။ဘယ်လိုလုပ်ပြီး နေ့ချင်းညချင်း သူမသိတဲ့မိန်းကလေးတစ်ယောက်က ထူးထူးဆန်းဆန်းသူ့အိမ်ထဲကိုရောက်နေပြီး သူ့အိမ်ကိုဒီနေ့ဘဲအဆောက်အဦးပိုင်ရှင်ကြီးနဲ့စာချုပ်ချုပ်ပြီး၀ယ်ထားသည်တဲ့။သူ့အဖိုးက သူ့အဆောက်အဦး၀ယ်တဲ့သူမှန်သမျှနှင့် ကိုယ်တိုင်စာချုပ်ချုပ်သည့်လူမဟုတ်ဘဲ သူ့အတွင်းရေးမှူးကိုသာတာ၀န်ပေးထားသည့်ကိစ္စဖြစ်သည်။

"ဟိတ် မင်းကိုငါတစ်ခုမေးပါရစေ မင်းနဲ့စာချုပ်ချုပ်လိုက်တဲ့လူက မိန်းမလား ယောကျာ်လား"

"အော် အန်တီကြီးဆိုမှတော့ မိန်းမပေါ့ရှင့် ဘာတွေမေးနေမှန်းလည်းမသိဘူး ကဲ့ ရှင်ထွက်သွားတော့ ရှင်အခုချက်ချင်းထွက်မသွားရင် ရှင့်ကိုကျွန်မပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲပစ်မယ် ဘာမှတ်နေလဲ"

"ဟာ့ အဲဒီစကားမင်းကိုငါက ပြောရမှာပါမအဝှာရဲ့ မင်းကိုငါပြောမယ် ဒါငါ့အိမ် ငါဒီမှာနေနေတာ၂နှစ်ရှိပြီး မင်းပြောနေတဲ့ အန်တီကြီးဆိုတဲ့မိန်းမက ဒီအဆောက်အအုံပိုင်ရှင်မဟုတ်ဘူး ဖြစ်ချင်းဖြစ် လူလိမ်ဘဲဖြစ်ရမယ်"

"ဘာ!"

"ဟုတ်တယ် မအဝှာ ဒီအဆောက်အအုံပိုင်ရှင်က မင်းပြောတဲ့အန်တီကြီးမဟုတ်ဘူး မင်းအလိမ်ခံရပြီး အဲဒီမိန်းမက လူလိမ်ထင်တယ်"

"ဘယ်လို ရှင် ရှင်ဘာတွေပြောနေတာလဲ ရှင်မဟုတ်တာတွေမပြောနဲ့နော် အဆောက်အဦးပိုင်ရှင်အန်တီက ဘာလို့လူလိမ်ဖြစ်ရမှာလဲ ပြီးတော့ သူက ဒီအဆောက်အဦးပိုင်ရှင်မဟုတ်ဘူးဆိုတာ ရှင်ဘယ်လိုလုပ်ပြီးအသတ်ပြောနိုင်ရတာလဲ"

"အေး ဘာလို့လဲဆိုတော့ ဒီအဆောက်အဦးကို ပိုင်တဲ့ပိုင်ရှင်က ငါ့အဖိုးမို့လို့ဘဲ"

"ဘာ!"

"ဟုတ်တယ် ဒီအဆောက်အဦးကို ငါ့အဖိုးအုပ်ချုပ်လာတာ နှစ်နဲ့ချီနေပြီး ဒီအိမ်ကိုလည်းလွန်ခဲ့တဲ့ ၂နှစ်က ငါ့အဖိုးငါ့ကိုပေးခဲ့တာ ပြီးတော့ မင်းဒီကို ဘယ်လိုအလိမ်ခံပြီးရောက်လာလဲမသိပေမယ့် ဒါကငါနေတဲ့ငါ့အိမ်ဘဲ အဲဒါကြောင့် မအဝှာ ဒီအိမ်ကနေအခုချက်ချင်းမင်းထွက်သွားပေးပါ"

"မဟုတ်ဘူး မဖြစ်နိုင်ဘူး ရှင်လိမ်နေတာ အဲဒီအန်တီကြီးက လူလိမ်လုံး၀မဖြစ်နိုင်ဘူး အဲဒီအန်တီက ဘယ်လောက်သဘောကောင်းလဲဆိုရင်လေ ဒီ‌လောက်ကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့အိမ်ကြီး သိန်း၈၀တည်းနဲ့ကျွန်မကိုရောင်းလိုက်တာ"

"ဘာ ဒီ ဒီအိမ်ကို သိန်း သိန်း၈ဝရောင်းလိုက်တယ် ဟုတ်လား"

"ဟုတ်တယ်"

"ဟာကွာ  ငါ့တိုက်ခန်းကိုများရာရာစစ မင်း မင်းခနလေးဒီမှာထိုင်နေဦး ငါပြန်လာခဲ့မယ် ဘယ်မှမသွားနဲ့ဦး အဲဒီမှာဘဲထိုင်နေနော်"

ဈာန်သည် သုမလက်ညှိုးတစ်ထိုးထိုးနှင့်မှာပြောလိုက်ပြီး ထိုအခန်းဆီသို့လျှောက်၀င်သွားသည်။

"ဘာလဲဟ ဒီလူက!"

ခနနေကြာတော့ ဈာန်တစ်ယောက် အခန်းထဲကနေ စာရွက်တစ်စောင်နှင့်ထွက်လာခဲ့သည်။

"ရော့ ဒီမှာကြည့်"

"ဘာလုပ်ဖို့လဲ ဒီစာရွက်က"

"ဘာစာရွက်လဲ သေသေချာချာကြည့် စာချုပ်ကွ စာချုပ်"

"အေးလေ စာချုပ်တော့ဟုတ်တယ် ဒီဟာကိုကျွန်မကိုဘာလို့ပြတာလဲ ကျွန်မကအဲဒါနဲ့ဘာလုပ်ရမှာလဲ"

"ဟာကွာ ဒီမှာအမိ ငါပြောတာသေချာနားထောင် ဒီအဆောက်အဦးက အိမ်ကို၀ယ်တဲ့သူတွေဆီတိုင်းမှာ ဒီလိုစာချုပ်တစ်စောင် ရှိရမယ် ကဲ့ မင်းမှာ ဒီလိုစာချုပ်မျိုးရှိလား မင်းမှာရှိတယ်ဆိုရင် ပြ မရှိဘူးဆိုရင် ငါ့အိမ်ထဲကနေမြန်မြန်ထွက်သွားတော့ ငါအလုပ်ကပင်ပန်းလာတယ် ငါနားချင်ပြီး"

ဈာန်သည် သူရှေ့မှာရှိနေသည့် ထိုမိန်းကလေးကို ခပ်ပြတ်ပြတ်ပြောပြီး လက်ပိုက်လိုက်သည်။သူအခု အလုပ်ကပြန်လာတာ ညနေစာစား ရေချိုးပြီး နားရမလားမှတ်တယ် သူ့အိမ်ကို ဘယ်ကမှန်းမသိသည့်မိန်းကလေးတစ်ယောက်နဲ့ပြသနာကိုဖြေရှင်းနေရသည်။

ထိုလူမေးလိုက်သည့်မေးခွန်းကြောင့် ဒီပါချမ်းတစ်ယောက် အကြပ်ရိုက်လိုက်ရလေပြီး။ထိုလူပြသည့်စာချုပ်သူမဆီမှာမရှိပေ။အခုသူမဆီမှာစာချုပ်နှင့် ထိုလူပြသည့်သာချုပ်က ပုံစံချင်းမတူဘဲတခြားစီပင်။ထိုအဆောက်အဦးက အိမ်ကို၀ယ်သည့်သူတိုင်းမှာ ဒီလိုစာချုပ်တစ်စောင် ရှိရမည်တဲ့။ထိုလူပြောသလို သူမအလိမ်ခံလိုက်ရပြီးလား။နေ့လည်က တွေ့ခဲ့သည့် ပွဲစားအမနှင့် အန်တီက အပြုံးချိုချို အပြောချိုချိုနှင့် သူမကိုဆွဲဆောင်ပြီး သူမကို ဘတ်လိုက်ပြီးလား။ထိုလူပြောတာသာအမှန်ဆိုရင် သူမတကယ်ဘဲအလိမ်ခံလိုက်ရပြီးပေါ့။သူမသည် အခုမှရန်ကုန်ကိုပထမဆုံးရောက်ဖူးခြင်းဖြစ်၏။ရန်ကုန်မှာ သူမအသိဆိုလို့ ဇွဲတစ်ယောက်ဘဲရှိတော့သည်။အခုဇွဲကလည်း သူမကိုသစ္စာဖောက်သွားပြီး။အခု ကွန်ဒိုတိုက်ခန်းအိမ်ကြီး၀ယ်ပြီး ကောင်းကောင်းနေရတော့မယ်မှတ်လိုက်ပါတယ် သူမအလိမ်ခံလိုက်ရပြီးတဲ့။သူမရန်ကုန်ကိုလာတာ ဘာမှကိုကောင်းတာမရှိပါလား။ရည်းစားကလည်းသစ္စာဖောက် အလိမ်ကလည်းခံရပြန် သူမအဖေဆီကနေယူလာသည့်သိန်း၁၀၀မှာ သိန်း၈၀ကလည်း အလိမ်ခံလိုက်ရပြီး။ဒီကမ္ဘာပေါ်မှာ သူမထက် ကံဆိုးသည့်သူရှိပါဦးမလား။အခုဆို သူမမှာနေစရာမရှိတော့ဘူးပေါ့။သူမရင်ထဲမှာ ရုတ်တရတ်၀မ်းနည်းလာပြီးငိုချင်လာမိသည်။

"ဒီ ဒီမှာ ရှင်ပြောတာ တကယ်ဘဲလား ကျွန်မအလိမ်ခံလိုက်ရတယ်ဆိုတာ"

"ဒီမှာ အမိ ငါအကုန်ပြောမယ် ဒီအဆောက်အဦးက ဒီမြန်မာနိုင်ငံမှာ အကြီးဆုံးဘဲ မင်းဒီအဆောက်အဦးက အိမ်ကို၀ယ်ရင်လည်း ဘယ်သူကမှ မင်းကိုသိန်း၈၀နဲ့မရောင်းပေးမှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ဒီအဆောက်အဦးမှာရှိတဲ့အိမ်တွေရဲ့ဈေးနှုန်းက ထောင်ဂဏန်းတွေမို့လို့ဘဲ အဲဒီမင်းပြောတဲ့သိန်း၈၀က ဒီအဆောက်အဦးရဲ့ဆိုဖာခုံတစ်လုံးလောက်တောင်တန်ဖိုးမရှိဘူး"

"ရှင်!"

"ကဲ့ ငါပြောတာကို မင်းရှင်းပြီးထင်ပါတယ် အခုမင်းငါ့အိမ်ကနေထွက်သွားလိုက်ပါတော့"

"မဟုတ်ဘူး ကျွန်မကလေ..."

သူမတစ်ခုခုပြောဖို့ကြိုးစားနေတုန်း ဈာန်က သူမလက်မောင်းကိုအိမ်အခန်းပြင်ရှေ့ရောက်အောင်ဆွဲခေါ်ထုတ်သွားသည်။

"ကဲ့ မင်းအပြင်မှာ ခနစောင့်နေ ငါမင်းအိတ်ကို ယူလာပေးမယ်"

"မဟုတ်ဘူး ရှင်မသွားပါနဲ့ဦး "

သူမသည် ဈာန်မထွက်အောင် သူလက်ကိုအမိအရလှမ်းဆွဲလိုက်သည်။အခုချိန်မှာသာ သူမဒီအိမ်ကနေ ထွက်သွားလိုက်လျှင် သူမမှာ အိပ်စရာလည်းမရှိ နေစရာလည်းမရှိသေးပေ။အခုတညတော့ အိပ်စက်အနားဖို့ ထိုလူကိုအကူအညီတောင်းရတော့မည်။မနက်ဖြန်မှ ဒီကနေထွက်သွားပြီး ကြံဖန်ပြီးနေစရာရှာရတော့မှာပေါ့။

"ဘာလဲ အမိ "

"ဟို ဟိုလေ ရှင်ကျွန်မကိုအခုချိန်မှာဒီကနေ နှင်ထုတ်လိုက်ရင်လေ ကျွန်မမှာအိပ်စရာလည်းမရှိဘူး နေစရာလည်းမရှိသေးပါဘူး။သွားနေစရာ ခိုနားစရာလည်းမရှိသေးပါဘူးအဲဒါ ရှင် ကျွန်မကို ဒီအိမ်မှာ တစ်ညလောက်တည်းခွင့်ပေးပါလား"

"ဘာ!"

ထိုလူက သူမပြောပြီးပြီးချင်းအော်ပြောလိုက်သည်ကြောင့် သူမလန့်သွားသည်။

"တစ်ညတည်းပါရှင် ကျွန်မကလေ ရန်ကုန်ကိုအခုမှပထမဆုံးစရောက်ဖူးတာပါ ဘာအသိမိတ်ဆွေမှလည်းမရှိဘူး အခုအလိမ်ခံလိုက်ရပြီးဆိုတော့ နေစရာလည်းမရှိတော့ပါဘူး "

"ရန်ကုန်မှာ အသိအကျွမ်းလည်းမရှိဘဲနဲ့ ဘာလို့ရန်ကုန်ကိုလာလဲ မင်းကိုယ်မင်းစူပါမန်းလို့များထင်နေလား ကဲ့ ငါ့အိမ်ကို ဘယ်သူစိမ်းမှအ၀င်မခံဘူး မင်းအိတ်ကို ယူပြီးငါလာထွက်ပေးမယ်"

ထိုလူက သူမပြောတာကို လွယ်လွယ်နှင့် လက်ခံမည့်ပုံပေ။

"တော်တော်အကြောတင်းတဲ့လူဘဲ လူကတော့ကြည့်ကောင်းပါတယ် လူတွေကိုလွယ်လွယ်နဲ့ယုံမယ့်ပုံမပေါ်ဘူး စိတ်ချပါ ကျွန်မကဒီအိမ်မှာတစ်ညဘဲခိုနားမှာပါ ကျွန်မအခုဒုက္ခရောက်နေလို့ပေါ့ မဟုတ်ရင် ကျွန်မလည်းမခေဘူး‌ဆိုတာရှင်သိသွားစေရမယ်"

အခုချိန်မှာ သူမဒီအိမ်မှာ တစ်ညအိပ်ဖို့အတွက် ဘာအကြံဘဲဖြစ်ဖြစ်ထုတ်သုံးရတော့မည်။

"အီး အီး ဟီး ဟီး အောင်မလေးအဖေရဲ့"

"ဟာ့!"

ဈာန်သည် သူ့ရှေ့မှာရှိနေသည့် မိန်းကလေးက ရုတ်တရတ်ကြီး အော်ငိုလိုက်သည်ကြောင့် သူ့ခေါင်းနပန်းကျင်းသွားမိသည်။

"အီး ဟီး ဟီး သမီးကို ကယ်ပါဦး အဖေရဲ့ သမီးအခုဒုက္ခရောက်နေပြီး အီး ဟီး"

"ဟိတ် မင်းဘာလို့အော်ငိုနေတာလဲ တိတ်စမ်း မဟုတ်ရင် မင်းကိုငါမတရားနှိပ်စက်တာ ကျနေတာဘဲ"

"ငိုမှာဘဲ ဘာလို့ရှင်ကျွန်မကို ဒီညပေးမအိပ်ရတာလဲ တစ်ညတည်းဘဲကို ရှင့်အိမ်မှာ ကျွန်မတစ်ည၀င်အိပ်လိုက်တော့ရော ရှင့်အိမ်ကပြိုသွားမှာ မို့လို့လား တော်တော်ကိုယ်ချင်းစားတရားမရှိတဲ့လူ အီး ဟီး"

ပြောရင်းပြောရင်းမှ ပိုပြီးအော်ငိုလိုက်သည့် ထိုမိန်းကလေးကြောင့် သူအတော်လေးပင်သေချင်စိတ်ပေါက်သွားရသည်။ထိုကောင်မလေးအော်ငိုတာအကြောင်းမဟုတ် ပတ်၀န်းကျင်လူတွေလည်း ရှိနေသေးတယ် မဟုတ်လား။

"အီး ဟီး အဖေရေ သမီးမှားမှန်းသိပါပြီး သမီးနောင်တရနေပါပြီး သမီးအခုအလိမ်ခံလိုက်ရပြီး နေစရာလည်းမရှိ စားစရာလည်းမရှိ အခု ဒီလူက သမီးအကူအညီတောင်းကို မကူညီပေးနိုင်ဘူးတဲ့ အောင်မလေး အဖေရဲ့သမီးအဖြစ်ကိုလာကြည့်ပါဦး"

သူ့ကိုလက်ညှိုးထိုးပြီး ‌ဆက်အော်ငိုနေသည့်ထ်ုမိန်းကလေး၏ပါးစပ်ကိုသူအမြန်ပိတ်လိုက်ရသည်။

"ဟိတ် တိတ်စမ်း"

ဒီပါချမ်းသည် သူမအော်ငိုနေတုန်း သူမပါးစပ်ကြိရုတ်တရတ်ကြီးလာပိတ်လိုက်သည့် ထိုလူ၏လက်ကို အမိအရ ကိုက်ပစ်လိုက်သည်။

"အာ့ မင်း"

"အီး ဟီး ဟီး"

သူဘယ်လောက်တားတား ဆက်၍ အော်ငိုနေသည့် ထိုမိန်းကလေးကို သူပင်လက်လန်သွားရသည်။သူထင်တာ‌တော့ ထိုကောင်မလေးက သူအိမ်ထဲပေး၀င်အောင် ဟန်ဆောင်ပြီးငိုပြနေတာဘဲဖြစ်ရမည်။  ထိုအချိန် သူမတားတော့ဘဲ ထိုမိန်းကလေးအော်ငိုနေတာကို သူဒီအတိုင်းရပ်ကြည့်နေလိုက်သည်။

"ငို ငို ကြိုက်သလောက်ငို မင်းဘဲဆက်ငိုနေနိုင်မလားဆိုတာ ငါရပ်ပြီးစောင့်ကြည့်နေမယ်"

"အီး ဟီး ငိုမှာ ငိုမှာ အီးးး"

"ငိုပေါ့ သေအောင်ငို"

သူဒီစကားပြောနေစဉ် သူတို့ရှေ့မှာ ဖြတ်လျှောက်သွားသည့် လူရွယ်တစ်ယောက်က သူတို့နှစ်ယောက် ကို မျက်မှောင်ကြုံ့၍ ကြည့်နေရင်း..

"ဒီမှာ ဟေ့လူ ခင်ဗျားတော်တော် ကိုယ်ချင်းစာတရားမရှိတာဘဲ  ကိုယ့်ကောင်မလေးအော်ငိုနေတာကို ချော့ရမယ့်အစား ရပ်ပြီးတောင်ကြည့်နေသေးတယ် တော်တော်သွေးအေးတဲ့လူဘဲ"

"ဟာ့ ခင်ဗျား အထင်မှားနေပြီး သူကကျွန်တော့်ကောင်မလေးမဟုတ်.."

"အမယ်လေး ကိုကိုရယ် ချစ်မှားသွားပါတယ် ချစ်နောက်ဆို ကိုကိုမကြိုက်တာ မလုပ်တော့ပါဘူးနော် ချစ်ကိုစိတ်မဆိုးပါနဲ့နော်ကိုကို အီး ဟီး ချစ်ကိုတော့ ဒီအိမ်ထဲကနေ နှင်မထုတ်ပါနဲ့ ကိုကိုရယ် အီး ဟီး"

ထိုလူပြောပြီးတာနှင့် ပေါက်ကရေပြောပြီး သူ့ခြေသလုံးကိုဖက်ပြီးထငိုလိုက်သည့် ထိုကောင်မလေးကြောင့် သူ့ခေါင်းတွေပင်ချာချာလည်နေပြီးဖြစ်သည်။

"ဟာဗျာ ကြည့်စမ်း ခင်ဗျားကောင်မလေးက ခြေသလုံးဖက်ပြီးတောင် ခင်ဗျားကိုတောင်းပန်နေပြီးဘဲ ခွင့်လွှတ်လိုက်ပါဗျာ သူခင်ဗျားအပေါ်မှားမှန်းလည်း သိ‌နေပါပြီးလို့ကျွန်တော်ထင်တယ် ကဲ့ပါ သူ့ကိုအထဲပေး၀င်လိုက်ပါဗျာ သူဆက်အော်ငိုနေရင် ပတ်၀န်းကျင်ကပြောစရာတွေဖြစ်ဦးမယ် ခင်ဗျာကလည်းစိတ်လျှော့လိုက်ပါတော့ဗျာ ကောင်မလေးခများသနားပါတယ် အထဲပေး၀င်လိုက်ပါဗျာ အပြင်မှာအေးတယ်"

ထိုလူပြောလိုက်မှ ထိုကောင်မလေးကို သူကြည့်မိသွားသည်။အနွေးထည်မပါဘဲနှင့် သူ့ခြေသလုံးကိုဖက်ပြီး ငိုနေရှာသည်။၊ထိုကောင်မလေးကလည်း သူဒီအိမ်ထဲပေးမ၀င်မချင်း လက်လျှော့မည့်ပုံမပေါ်။သူ့အခန်းရှေ့မှာ ဒီကောင်မလေးဆက်အော်ငိုနေသေးရင် ပတ်၀န်းကျင်ကလူတွေက သူ့ကို ပြောကြလိမ့်မည်။သူသက်ပြင်းတစ်ချက်ချလိုက်ပြီး...

"ကဲ့ မင်းထတော့ အထဲ၀င် ဒီတစ်ညဘဲရမယ်"

"တစ်ကယ်နော် ကိုကို"

သူဘာမှမပြောဘဲ အံကိုကြိတ်၍ ထိုကောင်မလေးကိုခေါင်းညိတ်ပြလိုက်သည်။
ထိုကောင်မလေးကလည်း သူပေး၀င်လိုက်သည်နှင့် ခနကလိုမျက်နှာမျိုးနဲ့မဟုတ်တော့ဘဲ ပြုံးရွှင်စွာ သူ့အိမ်ထဲပြေး၀င်သွားသည်။

"ကဲ့ ကျုပ်ပေး၀င်လိုက်ပြီးနော် ခင်ဗျားလည်း ကိုယ့်အိမ်ကိုယ်ပြန်လို့ရပြီး "

"အင်းပါ အဲ့ကောင်မလေးတော့ ခင်ဗျားလိုကောင်လေးမျိုးရတာ တော်တော်ကိုကံဆိုးတာဘဲ"

"ဘာ ခင်ဗျာ..."

ထိုလူက သူ့ကိုပြောပြီးပြီးချင်း ခေါင်းခါပြီး ထိုနေရာကနေထွက်သွားလိုက်သည်။

"ကျစ် ဘာတွေမှန်းလည်းမသိဘူးကွာ ချီးဘဲ"

သူစိတ်ညစ်စွာ ရေရွတ်နေရင်း သူ့အိမ်ထဲကိုလျှောက်၀င်လာခဲ့သည်။သူအိမ်ထဲ၀င်လာတော့ ဆိုဖာခုံရှည်ပေါ်မှာ ထိုကောင်မလေးက အိပ်ရန် ပြင်ဆင်နေပြီးဖြစ်သည်။

"ဟိတ် "

"ဘာလဲ"

"မင်းကိုငါဒီတစ်ညဘဲ တည်းခွင့်ပြုမှာနော် မနက်ဖြန်မိုးလင်းတာနဲ့ ဒိုးတော့"

"ဒိုးမှာပါ စိတ်ချ "

"မင်းတော်တော်တတ်နိုင်တယ်နော် ဒီအိမ်မှာတစ်ညအိပ်ခွင့်ရဖို့အတွက်  ဟန်ဆောင်ပြီးအားပြဲလျှာပြဲနဲ့အော်ငိုရတယ်လို့ ပြီးတော့ ငါကောင်မလေးလို့လည်းဟန်ဆောင်လိုက်သေးတယ်"

"ရှင်ကမှ အိမ်ထဲပေးမ၀င်တာကိုး ကျွန်မလည်းလုပ်သင့်သလောက်လုပ်ရမှာပေါ့ ဒီမှာတစ်ညလေးတည်းဖို့ တောင်းဆိုမိတာကို ဖြစ်ပျက်နေလိုက်တာ"

"ဟာ မင်းကိုမှငါမသိတာ ဘယ်ကလာမှန်းမသိတဲ့မိန်းကလေးတစ်ယောက်ကို ငါ့အိမ်ထဲမှာပေး၀င်အိပ်‌ရလောက်အထိ ငါသဘောမကောင်းနိုင်ဘူး"

" ဒီမှာ ကျွန်မကရှင့်အိမ်မှာတစ်ညဘဲ အိပ်မှာပါ မနက်ဖြန်ကျရင် ကျွန်မမျက်နှာကို ရှင်မမြင်စေရဘူး စိတ်ချ ကျွန်မလည်းရှင့်လိုကတ်သီးကတ်သတ်နိုင်တဲ့လူမျိူနဲ့နောက်တစ်ခါလည်းမဆုံချင်တော့ပါဘူး"

"မင်းကဘဲပြောရတယ်ရှိသေး ဟာကွာ ငါ.."

သူဘာမှဆက်မပြောတော့ဘဲ အံကြိတ်ပြီး သူ့အခန်းထဲသို့ရေချိုးရန်သွားရန်ပြင်လိုက်သည်။သူအလုပ်ကပြန်လာတာနှင့် ထိုမိန်းကလေးနဲ့ပြသနာရှင်းလိုက်တာ  ဇောချွေးတွေတောင်ပြန်နေပြီးဖြစ်သည့်အတွက်ကြောင့်ရေမြန်မြန်ချိုးပြီး အနားယူရတော့မည်ဖြစ်သည်။

"ဒီမှာ"

"ဘာလဲ"

"ဟို ကျွန်မဗိုက်ဆာလာလို့ ရှင့်အိမ်မှာတစ်ခုခုများစားဖို့ရှိ.."

"ရေခဲသေတ္တာထဲမှာအစုံရှိတယ် ကြိုက်တာယူစား မ၀သေးရင် ရေခဲသေတ္တာတစ်ခုလုံးကိုပါတစ်ခါတည်းမြိုချလိုက်"

"ဘာ ရှင်..."

သူက ထိုမိန်းကလေးကို ရွဲ့၍ ပြောပြီးပြီးချင်းသူအခန်းထဲက ရေချိုးခန်းထဲ၀င်ပြီးရေတ၀ကြီးချိုးပစ်လိုက်သည်။

အပြင်မှာရှိသည့် ဒီပါချမ်းမှာတော့..

"တော်တော်ဇီဇာကြောင်တဲ့လူ ကပ်စေးကလည်းနဲသေး အပြောကလည်းဆိုးသေး ရုပ်နဲ့အကျင့်စရိုက်ကလတခြားဆီဘဲ ငါလည်းဒီညဒီမှာအိပ်ပြီးရင် မနက်စောစောထပြီးနေစရာရှာရဦးမှာဘဲ ဝါးး အိပ်ငိုက်လိုက်တာ ခုနဟန်ဆောင်ပြီးအော်ငိုလိုက်တာ အသံတွေတောင်အက်လို့ ဟင့် ဘာတတ်နိုင်သေးလဲ နောက်ဆုံးတော့ ရှင်ပေး၀င်အိပ်လိုက်ရတာဘဲမဟုတ်လား ဒီပါချမ်းနဲ့တွေ့ရင် ရှင်ဘာမှမတတ်နိုင်တော့ဘူးမဟုတ်လား အဟာ့"

သူမသဘောကျစွာ ရယ်လိုက်ပြီး ရေခဲသေတ္ထာထဲမှာရှိသည့် ပန်းသီးတစ်လုံးယူလိုက်ပြီး ကိုက်စားပစ်လိုက်သည်။ထို့နောက် ဆိုဖာခုံဆီပြန်လာပြီး စိတ်ချစွာအိပ်စက်အနားယူပစ်လိုက်သည်။

အမှားပါရက်ခွင့်လွှတ်ပါ။
အပိုင်း၅ဆက်ရန်❤️❤️❤️
စာဖတ်ပြီးရင် Voteလေးတွေမစသွားကြပါနော်

(Zawgyi)








































































"အီး ဟီး ဟီး သမီးကို ကယျပါဦး အဖရေဲ့ သမီးအခုဒုက်ခရောကျနပွေီး အီး ဟီး"











































"ရခေဲသတေ်တာထဲမှာအစုံရှိတယျ ကွိုကျတာယူစား မဝသေးရငျ ရခေဲသတေ်တာတဈခုလုံးကိုပါတဈခါတညျးမွိုခလြိုကျ"







Continue Reading

You'll Also Like

460K 26.1K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.2M 65.7K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...