Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED βœ”οΈ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်ထချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်ထချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်ထချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်ထချပ်ပို - ၄ )
Chapter-61 ( α€œα€€α€Ία€‘α€•α€Ία€α€½α€„α€Ία€·α€α€±α€¬α€„α€Ία€Έα€α€Όα€„α€Ία€Έ )
Chapter-62 ( α€œα€€α€Ία€‘α€•α€Ία€‘α€­α€™α€Ία€Έα€™α€Όα€¬α€Έα€α€Όα€„α€Ία€Έ )
Chapter-63 ( α€€α€œα€±α€Έα€œα€±α€Έ )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-51

416 47 0
By ANyein_26


ရွှီလျန် မိန်းမောတွေဝေလျက် မျက်လုံးဖွင့်လိုက်သောအခါ ရေချိုးခန်းထဲတွင် ရေသံများ ရပ်တန့်သွားသည်။ မကြာမီ ရှန့်ချန်ခုန်းက သူ၏ညအိပ်ဝတ်စုံဖြင့် ထွက်လာပြီး ဆံပင်ကို ပဝါအခြောက်ဖြင့် သုတ်နေသည်။ ရွှီလျန်၏ငိုက်မျဉ်းနေသောအမူအရာကိုမြင်တော့ ရှန့်ချန်ခုန်းက ပြုံးပြီး သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

"နိုးပြီလား?"

"အင်း....."

ရွှီလျန် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီး နည်းနည်းလေး နာကျင်နေပါ၏။ သူမ မလှုပ်ချင်ဘူး ၊ ရှန့်ချန်ခုန်းက သူမဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး

"ရေချိုးလိုက်အုံးနော် ကိုယ် မင်းအတွက် ရေသွားဖြည့်ပေးထားမယ်"

"အင်း"

"ကိုယ် ထမင်းချက်​လိုက်​မယ်​ မင်းဘာစားချင်​လဲ"

ရွှီလျန် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"ရေခဲသေတ္တာထဲမှာ ဘာပစ္စည်းမှမရှိဘူးထင်တယ်"

လွန်ခဲ့သည့်ရက်အနည်းငယ်က ရှန့်ချန်ခုန်း ပေးပို့သောအစားအစာများကို အားကိုးတကြီးရှိခဲ့သည်။ သူမ ဟင်းသီးဟင်းရွက် မဝယ်တာ အတော်လေးကြာခဲ့ပြီ။

"အဆင်ပြေပါတယ် မိုးတိတ်သွားပြီဆိုတော့ ကိုယ် အောက်ထပ်ကစူပါမားကတ်ကို သွားဝယ်လို့ရတယ်"

ရွှီလျန် ပျင်းရိစွာ ပြန်ဖြေပြီးနောက် ရှန့်ချန်ခုန်းက ရေချိုးကန်ထဲကို ရေဖြည့်ပေးရန် ရေချိုးခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ ခဏအကြာတွင် အခန်းထဲသို့ပြန်ဝင်လာပြီး ရေချိုးရန် ရွှီလျန်ကို ခေါ်လိုက်သည်။ ရွှီလျန်မှာ သူမ၏သက်တောင့်သက်သာ အနေအထားမှ အလိုအလျောက်ထကာ မျက်နှာသုတ်ပုဝါနှင့်အတူ ဝင်လာခဲ့သည်။

ရှန့်ချန်ခုန်းက သူတို့၏လျှော်ဖွပ်ထားသောအဝတ်အစားများကို အပြင်ဘက်တွင် ခြောက်အောင်ထားပြီးနောက် အစားအသောက်ဝယ်ရန် အောက်ထပ်သို့ဆင်းခဲ့သည်။ အနီးတစ်ဝိုက်တွင် စူပါမားကတ်တစ်ခုသာရှိသော်လည်း မကြာသေးမီက ဖွင့်လှစ်ထားသောဈေးသည် Starlight စိုက်ပျိုးရေးခြံနှင့် ချိတ်ဆက်ထားသော ဟင်းသီးဟင်းရွက်ဆိုင်ဖြစ်သည်။ Starlight စိုက်ပျိုးရေးခြံ၏ထုတ်ကုန်များသည် အခြားစူပါမားကတ်များထက် ဈေးပိုကြီးသောကြောင့် ရှန့်ချန်ခုန်းကမူ အနည်းငယ်ဝေးသော်လည်း အခြားစူပါမားကတ်သို့သွားရန် ရွေးချယ်ခဲ့သည်။

ဤရပ်ကွက်၏ပတ်ဝန်းကျင်သည် ကောင်းမွန်သော်လည်း အနီးနားရှိ စတိုးဆိုင်အများစုက Starlight အမှတ်တံဆိပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ Starlight နှင့်မချိတ်ဆက်ဘဲ အနီးဆုံးဟင်းသီးဟင်းရွက်ဈေးသည် ကားဖြင့် ဆယ်မိနစ်ကျော်သာဝေးသည်။ ဒီကိုပြောင်းလာပြီးရင် သူ့အရင်အိမ်နဲ့စာရင် ပစ္စည်းတွေဝယ်ရတာ အဆင်ပြေမှာမဟုတ်ဘူး။

Starlight ပန်းခြံအနီးတစ်ဝိုက်ရှိ ဧရိယာသည် Starlight ပန်းခြံကို တည်ဆောက်ပြီးကတည်းက ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ တိုက်ခန်းများ၏အသိုင်းအဝိုင်းသည် အလွန်အသစ်ဖြစ်သော်လည်း ၎င်းအနီးတစ်ဝိုက်တွင် ပံ့ပိုးပေးသည့် အဆောက်အဦများ မရှိသလောက်ပင်။ စူပါမားကတ်တစ်ခုပဲရှိ၏။ သို့သော် ထိုကဲ့သို့သော ဝေးလံခေါင်သီသောနေရာများတွင် နေထိုင်သူများသည် များသောအားဖြင့် ကားများရှိသောကြောင့် ၎င်းတို့အတွက် အလွန်အမင်း အခက်အခဲမရှိပေ။

ကံကောင်းထောက်မစွာဖြင့် သူ့တွင် ဘက်ထရီစကူတာလေး ရှိနေသေးသည်။

ရှန့်ချန်ခုန်း ပစ္စည်းအချို့ဝယ်ရန် စူပါမားကတ်သို့သွားပြီးနောက် အိမ်မပြန်မီ ဟင်းသီးဟင်းရွက်ဝယ်ရန် အနီးနားရှိ အခြားဟင်းသီးဟင်းရွက်ဈေးသို့ သွားခဲ့သည်။

သူ အိတ်များကို အဆောက်အဦးပေါ်သို့ သယ်ဆောင်သွားပြီး ရွှီလျန်၏အိမ်ရှေ့တံခါးကို သူမသော့ဖြင့် ဖွင့်လိုက်သည်။ အခန်းထဲတွင် တိတ်ဆိတ်နေသောကြောင့် ရွှီလျန် ရေချိုးနေတုန်းပဲဖြစ်မယ်။ သူ အစားအသောက်ကို မီးဖိုချောင်ထဲထားလိုက်ပြီး ရေချိုးခန်းတံခါးကို ခေါက်ရန် အိပ်ခန်းထဲဝင်သွားလိုက်သည်။

"ရွှီလျန် မင်း အိပ်ပျော်သွားပြန်ပြီလား? ထတော့လေ ရေတွေအေးသွားတော့မယ်"

ရွှီလျန် ရေချိုးကန်ထဲတွင် အမှန်တကယ် အိပ်ပျော်သွားခဲ့ပြီး ရှန့်ချန်ခုန်း၏တံခါးခေါက်သံက သူမအား နှိုးသွားစေခဲ့သည်။ သူမ ထထိုင်လိုက်ပြီး ပိတ်ထားသောတံခါးဆီသို့ လှမ်းကြည့်လိုက်သည်။

"ပြန်လာပြီလား?"

"အင်း ကိုယ် အခု ဟင်းချက်တော့မယ် ရေချိုးပြီးရင်​ မင်းစားလို့ရပြီ"

"အင်း"

ရွှီလျန် လည်ပင်းကိုဆန့်လိုက်ပြီး ရေပန်းကိုဖွင့်လိုက်သည်။

ရှန့်ချန်ခုန်း၏တွက်ချက်မှုများမှာ လုံးဝမှန်ကန်ပါသည်။ သူ နောက်ဆုံးဟင်းပွဲကို စားပွဲပေါ်တင်ထားသည့်အချိန် ရွှီလျန်က ရေချိုးခန်းထဲက ထွက်လာ၏။ ပထမတော့ ရွှီလျန်က ဗိုက်ဆာလွန်းလို့ မောပန်းနွမ်းနယ်နေပေမဲ့ အရသာရှိတဲ့အစားအစာကို အနံ့ခံလိုက်ရတဲ့အခါ သူမရဲ့ဗိုက်က ရုတ်တရက် အော်မြည်လာလေသည်။

ရွှီလျန် : ".........."

သူမ တကယ် ဗိုက်ဆာနေတာလား?

ရှန့်ချန်ခုန်း သူမ၏အော်မြည်သံကိုကြားကာ ပြုံးလိုက်မိသည်။ သူ ရွှီလျန်ကို ထိုင်ခုံပေါ်သို့ ကူညီပေးပြီးနောက် သူမ၏လက်ထဲသို့ တူအချို့ကို ထည့်ပေးလိုက်သည်။

"မင်း ဗိုက်ဆာနေရင် စားသင့်တယ်.. ဟင်းရည်လိုချင်သေးလား"

"အင်း"

ရှန့်ချန်ခုန်း သူမ၏ပန်းကန်လုံးအလွတ်ကို ယူကာ ဟင်းရည်များ လောင်းထည့်ပေးလိုက်သည်။ ရွှီလျန်မှာ ဒီလိုမျိုးအလုပ်အကျွေးပြုခံနေရတာ ဘယ်လောက်တောင် အဆင်ပြေလဲလို့ တွေးလိုက်မိ၏။

အိုး... အကျင့်ပျက်ဖို့က အရမ်းလွယ်တာပဲနော်..
   
ညစာစားပြီးနောက် ရှန့်ချန်ခုန်း ပန်းကန်များကို လွယ်လွယ်ကူကူ ဆေးကြောသည်။ အရင်က ရွှီလျန်ဟာ သူမ ပန်းကန်ဆေးစက်ဝယ်တော့မယ်လို့ ပြောခဲ့ပေမဲ့ ထိုအကြောင်းကို မေ့သွားခဲ့လေသည်။

"မနက်ဖြန် ပန်းကန်ဆေးစက်တွေကြည့်ဖို့ မမေ့နဲ့နော်"

ရွှီလျန်မှာ သူမ၏နာကျင်နေသောခါးကို ထုပြီး ရှန့်ချန်ခုန်းဆီသို့ လျှောက်သွားသည်။

ရှန့်ချန်ခုန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်က အိမ်မှုကိစ္စများစွာကို လုပ်ဆောင်ခဲ့ပြီးကတည်းက ပန်းကန်ဆေးရတာကို စိတ်ထဲမထားခဲ့ပေ။

"အဲဒါကိုစိတ်မပူပါနဲ့ သွားထိုင်ပြီးအနားယူနေ ကိုယ့်ကို စိတ်ထဲမထားနဲ့"

"အိုး"

ရွှီလျန် ဧည့်ခန်းဆီသို့ နှစ်လှမ်းလှမ်းပြီး ရှန့်ချန်ခုန်းဆီသို့ ပြန်ကြည့်လိုက်သည်။

"ပန်းကန်ဆေးပြီးရင် ရှင် ပြန်တော့မှာလား"

"အင်း ကိုယ် ပြန်သွားပြီး အိမ်ပြောင်းဖို့အတွက် ကိုယ့်ပစ္စည်းတွေကို ထုပ်ပိုးရမယ်.. အာ ကိုယ် ရှန့်နွမ်ကိုလဲ ဖုန်းခေါ်ရမယ်"

ရွှီလျန် စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။ ထို့နောက် မောပန်းနွမ်းနယ်နေသဖြင့် သူမအခန်းသို့ ပြန်သွားခဲ့သည်။ နောက်လအထိ ဒီလိုဆက်ဖြစ်နေရင် သူမအသက်မရှင်နိုင်တော့ဘူးလို့ သူမထင်တယ်။

ဒါပေမဲ့ သူမ ဒီလိုတွေးနေတုန်းမှာပဲ ရွှီလျန်က သူမဖုန်းကို ကောက်ကိုင်လိုက်ပြီး အဲ့ဒီအနီရောင်ဘူးလေးတွေ ရနိုင်သေးလားလို့ မေးနေတဲ့မက်ဆေ့ခ်ျတစ်စောင် ပို့နေတုန်းပါပဲ။ ရှန့်ချန်ခုန်းက ယနေ့ နောက်ဆုံးဘူးကို အသုံးပြုခဲ့သည်။ သူမ ပြန်လည်ဖြည့်တင်းထားရတော့မှာ...

ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပြီးတဲ့နောက်မှာတော့ သူမဟာ ဘေးကင်းစွာ အိပ်ပျော်သွားခဲ့ပါသည်။

ထိုအချိန်တွင် ရှန့်ချန်ခုန်း အိမ်ပြန်ရောက်သောအခါ ဝမ်းရှုလီက ညစာချက်ပြီးသားဖြစ်သည်။ သားဖြစ်သူပြန်လာတာကို မြင်တော့ သူမ မေးလိုက်၏။

"ပြန်လာပြီလား? စားပြီးပြီလား"

"စားပြီးပါပြီ"

ထို့နောက် ဝမ်းရှုလီက ထပ်မေး၏။

"အိမ်ဘယ်လိုနေလဲ"

"တိုက်ခန်းကောင်းကောင်းပါပဲ.. ဒါပေမဲ့ အခန်းက နှစ်ခန်းပဲရှိတယ် ကျွန်တော် ရှန့်နွမ်နဲ့ နေထိုင်မဲ့အစီအစဉ်တွေကို ဆွေးနွေးရမယ်"

ဝမ်းရှုလီ ခဏလောက်စဉ်းစားပြီး

"သူက အမေနဲ့နေလို့ရပေမဲ့ အသက်ကြီးလာပြီ.. သူ အမေနဲ့မနေချင်မှာကိုတော့ စိုးရိမ်မိတယ်"

ရှန့်နွမ်က ငယ်သေးတယ်ဆိုရင်တောင် သူ့မှာ ကိုယ်ပိုင်နေရာ ရှိသင့်တယ်။

ရှန့်ချန်ခုန်းက ပြုံးရင်း ရှင်းပြလာ၏။

"ရွှီလျန်က သူ့အိမ်မှာ အခန်းလွတ်တစ်ခန်းရှိတယ်တဲ့.. ရှန့်နွမ် နေချင်ရင် အဲဒီမှာပဲ နေလို့ရတယ်၊ မနေချင်ဘူးဆိုရင်လဲ ကျွန်တော်တို့ ဧည့်ခန်းထဲမှာ အိပ်ရာတစ်ခု ထားလိုက်လို့ရတယ်"

နောက်ဆုံးမှာတော့ သူနဲ့ရွှီလျန်က လက်မထပ်ရသေးဘူး။ ရှန့်ချန်ခုန်းအနေနှင့် ဤကဲ့သို့ပြောင်းရွှေ့နေထိုင်ရခြင်းက သူ့အတွက် မသင့်လျော်ဟု ခံစားမိသည်။

ရှန့်နွမ် ကျောင်းဆင်းတဲ့အထိ သူစောင့်နေပြီး အဲဒီအကြောင်းပြောဖို့ သူမကို ဖုန်းခေါ်လိုက်သည်။ သူမှန်းဆထားတဲ့အတိုင်း ရှန့်နွမ်က ဒီအကြောင်းကို စဉ်းစားဖို့ တစ်စက္ကန့်တောင်မလိုအပ်တော့ဘဲ ပြန်ဖြေလာ၏။

"အစ်ကို အစ်ကိုနဲ့ရွှီလျန်ကျဲ နေလို့ရတယ်ဆိုမှတော့ ဧည့်ခန်းမှာ ဘာလို့အိပ်မှာလဲ"

ရှန့်ချန်ခုန်းက ရှက်ကိုးရှက်ကန်းဖြင့်

"ငါတို့လက်မထပ်ရသေးဘူး အဲဒါက သင့်တော်မှာမဟုတ်ဘူး"

"........"

ရှန့်နွမ် ဆွံ့အသွား၏။ အစ်ကိုကြီးက ဟိုဟာ သည်ဟာတောင် လုပ်ပြီးနေပြီကို.. အာ ဒီလိုအရာတွေကို အစ်ကိုစဉ်းစားဖို့ နည်းနည်းနောက်ကျနေပြီ။ သူမက သူမအစ်ကိုကြီးကို ဧည့်ခန်းမှာ မအိပ်စေချင်ဘူး။

"ဒါဆို ညီမ ရွှီလျန်ကျဲဆီကို အရင်ပြောင်းလိုက်မယ် အစ်ကို မြန်မြန်လုပ်သင့်တယ်နော် အစ်ကို ကိစ္စတွေကို စောစောဖြေရှင်းလေလေ ရွှီလျန်ကျဲအိမ်က ညီမရဲ့အခန်းကို အစ်ကို့ကို စောစောပေးနိုင်လေလေပဲ"

ရှန့်ချန်ခုန်း : ".........."

ရှန့်နွမ်က ရွှီလျန်၏အိမ်အကြောင်းကို အနည်းငယ် သိချင်နေခဲ့သည်။ ရွှီလျန်ရဲ့လှလှပပလေး အလှဆင်ထားသောဆိုင်ကို သူမမြင်ဖူးသောကြောင့် ရွှီလျန်၏အိမ်သည်လည်း ချစ်စဖွယ်ကောင်းမည်ဟု သူမထင်ထားခဲ့သည်။ လှပပြီး အမှီအခိုကင်းသော ရွှီလျန်ကျဲထံတွင် မည်သို့သောအိမ်မျိုးရှိမည်ကို ရှန့်နွမ် သိချင်နေမိသည်။

သူတို့၏နှလုံးသားထဲတွင် ဤမျှော်လင့်ချက်မျိုးဖြင့် စနေနေ့ဟာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။ ရှန့်နွမ် အိမ်ပြန်ရောက်သောအခါ နေရာက ထုပ်ပိုးထားသောသေတ္တာများနှင့် ပြည့်နှက်နေသည်။ ရှန့်ချန်ခုန်းနှင့် ဝမ်းရှုလီတို့က အချို့သောပစ္စည်းများကို ထုပ်ပိုးထားသော်လည်း ရှန့်နွမ်က သူမ၏ကိုယ်ပိုင်ပစ္စည်းများကို သန့်ရှင်းရေးလုပ်ရန် သူတို့စောင့်ဆိုင်းနေခဲ့ကြသည်။

နေ့လည်စာစားပြီးနောက် ရှန့်နွမ်က ထုပ်ပိုးပြီး ရွှီလျန်၏အိမ်သို့ ပြောင်းရွှေ့လာခဲ့သည်။ ရှန့်ချန်ခုန်းက ရှန့်နွမ်ပြောင်းရွှေ့လာမည့်အကြောင်းကို ရွှီလျန်အား ပြောထားပြီးသားဖြစ်ပြီး ရွှီလျန်သည်လည်း ဒီလိုဖြစ်လိမ့်မယ်လို့ အတန်ကြာကတည်းက ခန့်မှန်းထားပြီးသားပင်။

ရှန့်နွမ်က ကျောင်းတွင် အချိန်အများစုကို ကုန်ဆုံးစေသောကြောင့် သူမတွင် ထုပ်ပိုးရန်လိုအပ်သော အရာများစွာ မရှိပါ။ ဤပြောင်းရွှေ့ခြင်းကလည်း သူမအပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိခဲ့သည်။ ရွှီလျန်က ဧည့်သည်ခန်းကို အနည်းငယ် သပ်သပ်ရပ်ရပ်ပြင်ဆင်ထားပြီး သူမတွင်ရှိသော ကိုယ်ပိုင်ပစ္စည်းအနည်းစုကို သူမအခန်းထဲသို့ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် ရှန့်နွမ်ကို စောင့်နေရန် အောက်ထပ်ဝင်ပေါက်သို့ သွားလိုက်၏။

ပြောင်းရွှေ့ရတာ ဘယ်တော့မှမလွယ်ဘူး။ ရွှေ့စရာတွေ အများကြီးရှိနေတော့ ဒီနေ့အတွက် ပြောင်းရွှေ့ရမဲ့သူက ရှန့်နွမ်ပဲရှိတော့မယ် ၊ ရှန့်ချန်ခုန်းက ရှန့်နွမ်၏ပစ္စည်းများကို အရင်ကူရွှေ့ပေးခဲ့ပြီး ရှန့်နွမ်ကျောင်းပြန်တက်ပြီးနောက် အိမ်သစ်တွင် ကျန်ပစ္စည်းများကို ဖြည်းဖြည်းချင်းရွှေ့ရန် စီစဉ်ထားခဲ့သည်။

ရှန့်နွမ် ရပ်ကွက်ထဲကိုဝင်လိုက်တာနဲ့ သူမ စိတ်လှုပ်ရှားသွား၏။

"ဒီမှာ အရမ်းကောင်းတာပဲ! မြို့နဲ့ နည်းနည်းဝေးပေမဲ့ တိတ်ဆိတ်နေတာပဲ"

ရွှီလျန်လည်း ဒါကို အလွန်သဘောတူတယ် ၊ ၎င်းက ဤနေရာကို သူမရွေးချယ်ရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ Starlight ပန်းခြံနှင့်နီးသည့်အပြင် တိတ်ဆိတ်သောပတ်ဝန်းကျင်ကို သူမနှစ်သက်သည်။

ဆိတ်ဆိတ်နေခြင်းသည်လည်း လူဦးရေကျဲပါးသည်ဟု ဆိုလိုသည်။

လိုအပ်သည့်ပစ္စည်းပစ္စယတွေ မရှိသည့်အတွက် ရှန့်နွမ် အဆင်မပြေမှာကို စိုးရိမ်တာကြောင့် ရွှီလျန်က သူမကို အိမ်ဝယ်ချင်လာအောင် အမွှမ်းတင်ရန် ကြိုးစားခဲ့သည်။

"နည်းနည်းတော့ဘက်လိုက်ပေမဲ့ ဒီဧရိယာက အလားအလာ အများကြီးရှိတယ်လို့ ထင်တယ်.. အနီးအနားမှာ မြေအောက်ရထားဝင်ပေါက်ရှိပြီး သွားရလာရ အဆင်ပြေစေတယ်၊ ဒီဧရိယာက Starlight ပန်းခြံကို အများကြီး မှီခိုနေရပေမဲ့ အစိုးရက ဧရိယာတိုးချဲ့ဖို့ အာရုံစိုက်နေတယ်.. ဒါကြောင့် ဆောက်လုပ်ရေးအားလုံးပြီးသွားရင်တော့ လိုအပ်မှုအတွက် မြို့လယ်ခေါင်အထိ သွားဖို့မလိုအပ်တော့ပါဘူး"

ရှန့်နွမ် ရယ်လိုက်သည်။

"ရွှီလျန်ကျဲ ဒါက မမအိမ်ဝယ်ချင်လာအောင် သူတို့ မမကိုလှည့်စားခဲ့တဲ့ အမွှမ်းတင်ခြင်းတစ်မျိုးပဲလား"

ရွှီလျန် : "........"

အမှန်အတိုင်းပြောရရင် ရွှီလျန်က အဲ့ဒီအနာဂတ်ပရောဂျက်တွေက ကောင်းတယ်လို့ထင်ရပေမဲ့ အဲ့ဒီအစီအစဥ်တစ်ဝက်လောက်တောင် မပြီးသေးဘူးဆိုတာ သိလိုက်ရသည်။ ထို့အပြင် ဤကြီးမားသောပရောဂျက်ကြီးသည် ဆယ်နှစ်အကြာတွင်သာ ပြီးမြောက်နိုင်မည်ဖြစ်သည်။

ရှန့်နွမ် အရှေ့ကို လျှောက်သွားခဲ့ပြီး ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့က အနောက်ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့သည်။ ရှန့်ချန်ခုန်းက ပြော၏။

"လေကြောင်းတက္ကသိုလ်ကလဲ ဒီဧရိယာမှာရှိတယ်.. ဒါကြောင့် အနာဂတ်မှာ ကိုယ် အနီးနားမှာ အလုပ်လုပ်နိုင်မှာပါ"

လေကြောင်းတက္ကသိုလ်သည် Starlight ပန်းခြံထက်ပင် ပိုမိုဝေးကွာသော်လည်း သူတို့နှစ်ဦးစလုံးသည် ဦးတည်ချက်တူညီကြပြီး ၎င်းတို့နှစ်ဦးကြားတွင် အရပ်ဒေသမရှိသောကြောင့် အနည်းငယ်အဆင်ပြေစေသည်။

ရွှီလျန်က ပြုံးပြီး ခေါင်းညိတ်ပြသည်။

ရွှီလျန်၏အိမ်သို့ရောက်သောအခါ ရွှီလျန်က ရှန့်နွမ်အတွက် အထူးပြင်ဆင်ထားသော အိမ်တွင်းစီးဖိနပ်များကို ထုတ်ယူပေးခဲ့သည်။ ရှန့်နွမ် သူမ၏ခြေရင်းနားရှိ ဖိနပ်အပါးလေးများကို ကြည့်ပြီး မလှုပ်မယှက်နိုင်ဖြစ်နေသည်။

"ချစ်စရာကောင်းလိုက်တဲ့ဖိနပ်လေးတွေ! ကျေးဇူးတင်ပါတယ် ရွှီလျန်ကျဲ"

ရွှီလျန် ပြုံးလိုက်သည်။ ဒီကလေးမလေးက ချစ်စရာကောင်းလိုက်တာ ၊ ဖိနပ်တစ်ရံနဲ့ အရမ်းပျော်နေတာပဲ။ ရွှီလျန် မနေနိုင်တော့ဘဲ ရှန့်နွမ်ရဲ့ခေါင်းထိပ်လေးကို ပွတ်ပေးလျက်

"ကောင်းပြီ ဝင်လာပြီး တစ်ချက်ပတ်ကြည့်လိုက်အုံး"

အိမ်ထဲသို့ဝင်ပြီးနောက် ရှန့်နွမ်မှာ ရွှီလျန်၏မျက်စိပသာဒရှိသော အလှဆင်မှုများကို ဝမ်းသာအားရ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမအခန်းကို လှမ်းကြည့်လိုက်ရာ ဧည့်ခန်း၏ အလှတရားနှင့် လိုက်ဖက်လှသည်ကို သတိပြုမိသည်။ သူမအခန်းထဲမှာ ဆောင်ထုတ်ပြတင်းပေါက်သေးသေးလေးတောင် ရှိသဖြင့် သူမနှလုံးသားကို ချက်ချင်းဖမ်းစားလိုက်လေ၏။ ခဏတာလှည့်ပတ်ကြည့်ပြီးနောက် ရှန့်နွမ်က ရွှီလျန်၏အိပ်ခန်းကို သွားစစ်ဆေးခဲ့သည်။

ရွှီလျန်၏ပကာသနမှာ အမြင့်အမျိုးမျိုးရှိသောပုလင်းများ ဖန်ဘူးများနှင့် ပြည့်နေပြီး ထို့နောက် နှုတ်ခမ်းနီတစ်ချောင်း ၊ ရှန့်နွမ် ထိုမြင်ကွင်းတွင် မထိန်းနိုင်ဘဲ အာမေဍိတ်ပြုမိသွားသည်။ ရှန့်နွမ်က ရွှီလျန်၏ပစ္စည်းများကို ရှုပ်ယှက်ခတ်မည်ကို စိုးရိမ်သဖြင့် ရှန့်ချန်ခုန်းက သူမနောက်သို့ လိုက်သွားခဲ့သည်။ သူ့ညီမလေးရဲ့မျက်လုံးတွေ တောက်ပနေတာကို မြင်လိုက်ရတော့ သူမ ငေးကြည့်နေတဲ့လားရာကို မနေနိုင်ဘဲ လိုက်ကြည့်မိ၏။
 
အမှန်အတိုင်းပြောရရင် သူသည်လည်း ရွှီလျန်ရဲ့ပကာသနအကြောင်းတွေကို နည်းနည်း သိချင်နေခဲ့တယ်။

သူ ရှန့်နွမ်ကို မေးလိုက်၏။

"ဒါတွေက ဘာတွေလဲဆိုတာ နင်သိလား?"

"ဒါတွေက ယွမ်ရာနဲ့ချီတယ်"

ရှန့်ချန်ခုန်း : "........"

ရွှီလျန် လမ်းလျှောက်လာပြီး မေး၏။

"ရှင်တို့ ဘာကြည့်နေတာလဲ?"

မောင်နှမနှစ်ယောက်က တစ်ချိန်တည်းမှာ သူမကို နောက်ပြန်လှည့်ကြည့်ပြီး ပြိုင်တူပြောလာသည်။

"ဘာမှမကြည့်ပါဘူး"

ရွှီလျန် : "......."

ရှန့်နွမ် အခြေချပြီးနောက် ရှန့်ချန်ခုန်းက အိမ်ရှင်နှင့်စာချုပ်ချုပ်ပြီး တစ်နှစ်တန်ဖိုးရှိ ငှားရမ်းခကို ပေးဆောင်ခဲ့သည်။ အဲဒီနောက်မှာတော့ ရှန့်ချန်ခုန်းနှင့်ဝမ်းရှုလီတို့က သူတို့ပစ္စည်းတချို့ကို ရွှေ့ပြီး ကြီးကြီးမားမား သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

ငှားရမ်းမှုတစ်ခုသာဖြစ်သော်လည်း အဆိုပါပြောင်းရွှေ့မှုသည် သင့်လျော်သော အိမ်တက်မင်္ဂလာပွဲတစ်ခုနှင့် ထိုက်တန်ဆဲဖြစ်သည်။ ရှန့်ချန်ခုန်းက ရှန့်နွမ်ရောက်ရှိခြင်းကို အခွင့်ကောင်းယူကာ ၎င်းတို့၏အိမ်သစ်တွင် ပွဲကြီးတစ်ခုပြုလုပ်ခဲ့သည်။

ရွှီလျန်က ပျော်ရွှင်ဖွယ်ကောင်းပြီး အလွန်အရသာရှိသော အစားအစာကို စားခဲ့သည်။ ရွှီလျန်က သူတို့အတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် သူမဝယ်ပေးခဲ့သော ပန်းကန်ဆေးစက်ကိုလည်း ကန့်လန့်ကာဖွင့်ပေးခဲ့သည်။ သူမက ပန်းကန်ဆေးစက်တစ်လုံးဝယ်ရန် စီစဉ်ခဲ့ပြီး အရောင်းဝန်ထမ်းမှ စက်နှစ်လုံးအတွက် ၂၀% လျှော့စျေးကို ကမ်းလှမ်းလာသောအခါ နှစ်လုံးဝယ်လိုပ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း ရွှီလျန် ရှင်းပြလာခဲ့သည်။

ရှန့်ချန်ခုန်း သူမ၏စကားလုံးများကို အလွန်အယုံအကြည်မရှိရှာပေ။ အိမ်တစ်အိမ်အတွက် ပန်းကန်ဆေးစက်နှစ်လုံးကို ဘယ်သူက ဝယ်မှာတဲ့လဲ?

ဒါပေမဲ့ ပန်းကန်ဆေးစက်က တံဆိပ်ကောင်းတစ်ခုဖြစ်လို့ ၎င်းက အိမ်အသစ်ဖြင့် အဆုံးသတ်သွားခဲ့သည်။

အပူချိန်များ တဖြည်းဖြည်း ကျဆင်းလာကာ နှစ်တစ်နှစ်ကုန်ဆုံးရန် တဖြည်းဖြည်း နီးကပ်လာလေသည်။

___________________


႐ႊီလ်န္ မိန္းေမာေတြေဝလ်က္ မ်က္လုံးဖြင့္လိုက္ေသာအခါ ေရခ်ိဳးခန္းထဲတြင္ ေရသံမ်ား ရပ္တန႔္သြားသည္။ မၾကာမီ ရွန့္ခ်န္ခုန္းက သူ၏ညအိပ္ဝတ္စုံျဖင့္ ထြက္လာၿပီး ဆံပင္ကို ပဝါအေျခာက္ျဖင့္ သုတ္ေနသည္။ ႐ႊီလ်န္၏ငိုက္မ်ဥ္းေနေသာအမူအရာကိုျမင္ေတာ့ ရွန့္ခ်န္ခုန္းက ၿပဳံးၿပီး သူမေဘးတြင္ ဝင္ထိုင္လိုက္သည္။

"နိုးၿပီလား?"

"အင္း....."

႐ႊီလ်န္ အနည္းငယ္ ပင္ပန္းႏြမ္းနယ္ေနၿပီး နည္းနည္းေလး နာက်င္ေနပါ၏။ သူမ မလႈပ္ခ်င္ဘူး ၊ ရွန့္ခ်န္ခုန္းက သူမဆံပင္ကို ညင္သာစြာ ပြတ္သပ္လိုက္ၿပီး

"ေရခ်ိဳးလိုက္အုံးေနာ္ ကိုယ္ မင္းအတြက္ ေရသြားျဖည့္ေပးထားမယ္"

"အင္း"

"ကိုယ္ ထမင္းခ်က္​လိုက္​မယ္​ မင္းဘာစားခ်င္​လဲ"

႐ႊီလ်န္ ခဏေလာက္စဥ္းစားၿပီး ေျပာလိုက္သည္။

"ေရခဲေသတၱာထဲမွာ ဘာပစၥည္းမွမရွိဘူးထင္တယ္"

လြန္ခဲ့သည့္ရက္အနည္းငယ္က ရွန့္ခ်န္ခုန္း ေပးပို႔ေသာအစားအစာမ်ားကို အားကိုးတႀကီးရွိခဲ့သည္။ သူမ ဟင္းသီးဟင္း႐ြက္ မဝယ္တာ အေတာ္ေလးၾကာခဲ့ၿပီ။

"အဆင္ေျပပါတယ္ မိုးတိတ္သြားၿပီဆိုေတာ့ ကိုယ္ ေအာက္ထပ္ကစူပါမားကတ္ကို သြားဝယ္လို႔ရတယ္"

႐ႊီလ်န္ ပ်င္းရိစြာ ျပန္ေျဖၿပီးေနာက္ ရွန့္ခ်န္ခုန္းက ေရခ်ိဳးကန္ထဲကို ေရျဖည့္ေပးရန္ ေရခ်ိဳးခန္းထဲသို႔ ျပန္ဝင္သြားခဲ့သည္။ ခဏအၾကာတြင္ အခန္းထဲသို႔ျပန္ဝင္လာၿပီး ေရခ်ိဳးရန္ ႐ႊီလ်န္ကို ေခၚလိုက္သည္။ ႐ႊီလ်န္မွာ သူမ၏သက္ေတာင့္သက္သာ အေနအထားမွ အလိုအေလ်ာက္ထကာ မ်က္ႏွာသုတ္ပုဝါႏွင့္အတူ ဝင္လာခဲ့သည္။

ရွန့္ခ်န္ခုန္းက သူတို႔၏ေလွ်ာ္ဖြပ္ထားေသာအဝတ္အစားမ်ားကို အျပင္ဘက္တြင္ ေျခာက္ေအာင္ထားၿပီးေနာက္ အစားအေသာက္ဝယ္ရန္ ေအာက္ထပ္သို႔ဆင္းခဲ့သည္။ အနီးတစ္ဝိုက္တြင္ စူပါမားကတ္တစ္ခုသာရွိေသာ္လည္း မၾကာေသးမီက ဖြင့္လွစ္ထားေသာေဈးသည္ Starlight စိုက္ပ်ိဳးေရးၿခံႏွင့္ ခ်ိတ္ဆက္ထားေသာ ဟင္းသီးဟင္း႐ြက္ဆိုင္ျဖစ္သည္။ Starlight စိုက္ပ်ိဳးေရးၿခံ၏ထုတ္ကုန္မ်ားသည္ အျခားစူပါမားကတ္မ်ားထက္ ေဈးပိုႀကီးေသာေၾကာင့္ ရွန့္ခ်န္ခုန္းကမူ အနည္းငယ္ေဝးေသာ္လည္း အျခားစူပါမားကတ္သို႔သြားရန္ ေ႐ြးခ်ယ္ခဲ့သည္။

ဤရပ္ကြက္၏ပတ္ဝန္းက်င္သည္ ေကာင္းမြန္ေသာ္လည္း အနီးနားရွိ စတိုးဆိုင္အမ်ားစုက Starlight အမွတ္တံဆိပ္၏ တစ္စိတ္တစ္ပိုင္းျဖစ္သည္။ Starlight ႏွင့္မခ်ိတ္ဆက္ဘဲ အနီးဆုံးဟင္းသီးဟင္း႐ြက္ေဈးသည္ ကားျဖင့္ ဆယ္မိနစ္ေက်ာ္သာေဝးသည္။ ဒီကိုေျပာင္းလာၿပီးရင္ သူ႕အရင္အိမ္နဲ႕စာရင္ ပစၥည္းေတြဝယ္ရတာ အဆင္ေျပမွာမဟုတ္ဘူး။

Starlight ပန္းၿခံအနီးတစ္ဝိုက္ရွိ ဧရိယာသည္ Starlight ပန္းၿခံကို တည္ေဆာက္ၿပီးကတည္းက ဖြံ႕ၿဖိဳးတိုးတက္လာခဲ့သည္။ တိုက္ခန္းမ်ား၏အသိုင္းအဝိုင္းသည္ အလြန္အသစ္ျဖစ္ေသာ္လည္း ၎အနီးတစ္ဝိုက္တြင္ ပံ့ပိုးေပးသည့္ အေဆာက္အဦမ်ား မရွိသေလာက္ပင္။ စူပါမားကတ္တစ္ခုပဲရွိ၏။ သို႔ေသာ္ ထိုကဲ့သို႔ေသာ ေဝးလံေခါင္သီေသာေနရာမ်ားတြင္ ေနထိုင္သူမ်ားသည္ မ်ားေသာအားျဖင့္ ကားမ်ားရွိေသာေၾကာင့္ ၎တို႔အတြက္ အလြန္အမင္း အခက္အခဲမရွိေပ။

ကံေကာင္းေထာက္မစြာျဖင့္ သူ႕တြင္ ဘက္ထရီစကူတာေလး ရွိေနေသးသည္။

ရွန့္ခ်န္ခုန္း ပစၥည္းအခ်ိဳ႕ဝယ္ရန္ စူပါမားကတ္သို႔သြားၿပီးေနာက္ အိမ္မျပန္မီ ဟင္းသီးဟင္း႐ြက္ဝယ္ရန္ အနီးနားရွိ အျခားဟင္းသီးဟင္း႐ြက္ေဈးသို႔ သြားခဲ့သည္။

သူ အိတ္မ်ားကို အေဆာက္အဦးေပၚသို႔ သယ္ေဆာင္သြားၿပီး ႐ႊီလ်န္၏အိမ္ေရွ႕တံခါးကို သူမေသာ့ျဖင့္ ဖြင့္လိုက္သည္။ အခန္းထဲတြင္ တိတ္ဆိတ္ေနေသာေၾကာင့္ ႐ႊီလ်န္ ေရခ်ိဳးေနတုန္းပဲျဖစ္မယ္။ သူ အစားအေသာက္ကို မီးဖိုေခ်ာင္ထဲထားလိုက္ၿပီး ေရခ်ိဳးခန္းတံခါးကို ေခါက္ရန္ အိပ္ခန္းထဲဝင္သြားလိုက္သည္။

"႐ႊီလ်န္ မင္း အိပ္ေပ်ာ္သြားျပန္ၿပီလား? ထေတာ့ေလ ေရေတြေအးသြားေတာ့မယ္"

႐ႊီလ်န္ ေရခ်ိဳးကန္ထဲတြင္ အမွန္တကယ္ အိပ္ေပ်ာ္သြားခဲ့ၿပီး ရွန့္ခ်န္ခုန္း၏တံခါးေခါက္သံက သူမအား ႏွိုးသြားေစခဲ့သည္။ သူမ ထထိုင္လိုက္ၿပီး ပိတ္ထားေသာတံခါးဆီသို႔ လွမ္းၾကည့္လိုက္သည္။

"ျပန္လာၿပီလား?"

"အင္း ကိုယ္ အခု ဟင္းခ်က္ေတာ့မယ္ ေရခ်ိဳးၿပီးရင္​ မင္းစားလို႔ရၿပီ"

"အင္း"

႐ႊီလ်န္ လည္ပင္းကိုဆန႔္လိုက္ၿပီး ေရပန္းကိုဖြင့္လိုက္သည္။

ရွန့္ခ်န္ခုန္း၏တြက္ခ်က္မႈမ်ားမွာ လုံးဝမွန္ကန္ပါသည္။ သူ ေနာက္ဆုံးဟင္းပြဲကို စားပြဲေပၚတင္ထားသည့္အခ်ိန္ ႐ႊီလ်န္က ေရခ်ိဳးခန္းထဲက ထြက္လာ၏။ ပထမေတာ့ ႐ႊီလ်န္က ဗိုက္ဆာလြန္းလို႔ ေမာပန္းႏြမ္းနယ္ေနေပမဲ့ အရသာရွိတဲ့အစားအစာကို အနံ႕ခံလိုက္ရတဲ့အခါ သူမရဲ႕ဗိုက္က ႐ုတ္တရက္ ေအာ္ျမည္လာေလသည္။

႐ႊီလ်န္ : ".........."

သူမ တကယ္ ဗိုက္ဆာေနတာလား?

ရွန့္ခ်န္ခုန္း သူမ၏ေအာ္ျမည္သံကိုၾကားကာ ၿပဳံးလိုက္မိသည္။ သူ ႐ႊီလ်န္ကို ထိုင္ခုံေပၚသို႔ ကူညီေပးၿပီးေနာက္ သူမ၏လက္ထဲသို႔ တူအခ်ိဳ႕ကို ထည့္ေပးလိုက္သည္။

"မင္း ဗိုက္ဆာေနရင္ စားသင့္တယ္.. ဟင္းရည္လိုခ်င္ေသးလား"

"အင္း"

ရွန့္ခ်န္ခုန္း သူမ၏ပန္းကန္လုံးအလြတ္ကို ယူကာ ဟင္းရည္မ်ား ေလာင္းထည့္ေပးလိုက္သည္။ ႐ႊီလ်န္မွာ ဒီလိုမ်ိဳးအလုပ္အေကြၽးျပဳခံေနရတာ ဘယ္ေလာက္ေတာင္ အဆင္ေျပလဲလို႔ ေတြးလိုက္မိ၏။

အိုး... အက်င့္ပ်က္ဖို႔က အရမ္းလြယ္တာပဲေနာ္..
   
ညစာစားၿပီးေနာက္ ရွန့္ခ်န္ခုန္း ပန္းကန္မ်ားကို လြယ္လြယ္ကူကူ ေဆးေၾကာသည္။ အရင္က ႐ႊီလ်န္ဟာ သူမ ပန္းကန္ေဆးစက္ဝယ္ေတာ့မယ္လို႔ ေျပာခဲ့ေပမဲ့ ထိုအေၾကာင္းကို ေမ့သြားခဲ့ေလသည္။

"မနက္ျဖန္ ပန္းကန္ေဆးစက္ေတြၾကည့္ဖို႔ မေမ့နဲ႕ေနာ္"

႐ႊီလ်န္မွာ သူမ၏နာက်င္ေနေသာခါးကို ထုၿပီး ရွန့္ခ်န္ခုန္းဆီသို႔ ေလွ်ာက္သြားသည္။

ရွန့္ခ်န္ခုန္းသည္ လြန္ခဲ့သည့္ႏွစ္အနည္းငယ္က အိမ္မႈကိစၥမ်ားစြာကို လုပ္ေဆာင္ခဲ့ၿပီးကတည္းက ပန္းကန္ေဆးရတာကို စိတ္ထဲမထားခဲ့ေပ။

"အဲဒါကိုစိတ္မပူပါနဲ႕ သြားထိုင္ၿပီးအနားယူေန ကိုယ့္ကို စိတ္ထဲမထားနဲ႕"

"အိုး"

႐ႊီလ်န္ ဧည့္ခန္းဆီသို႔ ႏွစ္လွမ္းလွမ္းၿပီး ရွန့္ခ်န္ခုန္းဆီသို႔ ျပန္ၾကည့္လိုက္သည္။

"ပန္းကန္ေဆးၿပီးရင္ ရွင္ ျပန္ေတာ့မွာလား"

"အင္း ကိုယ္ ျပန္သြားၿပီး အိမ္ေျပာင္းဖို႔အတြက္ ကိုယ့္ပစၥည္းေတြကို ထုပ္ပိုးရမယ္.. အာ ကိုယ္ ရွန့္ႏြမ္ကိုလဲ ဖုန္းေခၚရမယ္"

႐ႊီလ်န္ စဥ္းစားၿပီး ေခါင္းညိတ္လိုက္၏။ ထို႔ေနာက္ ေမာပန္းႏြမ္းနယ္ေနသျဖင့္ သူမအခန္းသို႔ ျပန္သြားခဲ့သည္။ ေနာက္လအထိ ဒီလိုဆက္ျဖစ္ေနရင္ သူမအသက္မရွင္နိုင္ေတာ့ဘူးလို႔ သူမထင္တယ္။

ဒါေပမဲ့ သူမ ဒီလိုေတြးေနတုန္းမွာပဲ ႐ႊီလ်န္က သူမဖုန္းကို ေကာက္ကိုင္လိုက္ၿပီး အဲ့ဒီအနီေရာင္ဘူးေလးေတြ ရနိုင္ေသးလားလို႔ ေမးေနတဲ့မက္ေဆ့ခ္်တစ္ေစာင္ ပို႔ေနတုန္းပါပဲ။ ရွန့္ခ်န္ခုန္းက ယေန႕ ေနာက္ဆုံးဘူးကို အသုံးျပဳခဲ့သည္။ သူမ ျပန္လည္ျဖည့္တင္းထားရေတာ့မွာ...

ဒီကိစၥကို ကိုင္တြယ္ေျဖရွင္းၿပီးတဲ့ေနာက္မွာေတာ့ သူမဟာ ေဘးကင္းစြာ အိပ္ေပ်ာ္သြားခဲ့ပါသည္။

ထိုအခ်ိန္တြင္ ရွန့္ခ်န္ခုန္း အိမ္ျပန္ေရာက္ေသာအခါ ဝမ္းရႈလီက ညစာခ်က္ၿပီးသားျဖစ္သည္။ သားျဖစ္သူျပန္လာတာကို ျမင္ေတာ့ သူမ ေမးလိုက္၏။

"ျပန္လာၿပီလား? စားၿပီးၿပီလား"

"စားၿပီးပါၿပီ"

ထို႔ေနာက္ ဝမ္းရႈလီက ထပ္ေမး၏။

"အိမ္ဘယ္လိုေနလဲ"

"တိုက္ခန္းေကာင္းေကာင္းပါပဲ.. ဒါေပမဲ့ အခန္းက ႏွစ္ခန္းပဲရွိတယ္ ကြၽန္ေတာ္ ရွန့္ႏြမ္နဲ႕ ေနထိုင္မဲ့အစီအစဥ္ေတြကို ေဆြးေႏြးရမယ္"

ဝမ္းရႈလီ ခဏေလာက္စဥ္းစားၿပီး

"သူက အေမနဲ႕ေနလို႔ရေပမဲ့ အသက္ႀကီးလာၿပီ.. သူ အေမနဲ႕မေနခ်င္မွာကိုေတာ့ စိုးရိမ္မိတယ္"

ရွန့္ႏြမ္က ငယ္ေသးတယ္ဆိုရင္ေတာင္ သူ႕မွာ ကိုယ္ပိုင္ေနရာ ရွိသင့္တယ္။

ရွန့္ခ်န္ခုန္းက ၿပဳံးရင္း ရွင္းျပလာ၏။

"႐ႊီလ်န္က သူ႕အိမ္မွာ အခန္းလြတ္တစ္ခန္းရွိတယ္တဲ့.. ရွန့္ႏြမ္ ေနခ်င္ရင္ အဲဒီမွာပဲ ေနလို႔ရတယ္၊ မေနခ်င္ဘူးဆိုရင္လဲ ကြၽန္ေတာ္တို႔ ဧည့္ခန္းထဲမွာ အိပ္ရာတစ္ခု ထားလိုက္လို႔ရတယ္"

ေနာက္ဆုံးမွာေတာ့ သူနဲ႕႐ႊီလ်န္က လက္မထပ္ရေသးဘူး။ ရွန့္ခ်န္ခုန္းအေနႏွင့္ ဤကဲ့သို႔ေျပာင္းေ႐ႊ႕ေနထိုင္ရျခင္းက သူ႕အတြက္ မသင့္ေလ်ာ္ဟု ခံစားမိသည္။

ရွန့္ႏြမ္ ေက်ာင္းဆင္းတဲ့အထိ သူေစာင့္ေနၿပီး အဲဒီအေၾကာင္းေျပာဖို႔ သူမကို ဖုန္းေခၚလိုက္သည္။ သူမွန္းဆထားတဲ့အတိုင္း ရွန့္ႏြမ္က ဒီအေၾကာင္းကို စဥ္းစားဖို႔ တစ္စကၠန႔္ေတာင္မလိုအပ္ေတာ့ဘဲ ျပန္ေျဖလာ၏။

"အစ္ကို အစ္ကိုနဲ႕႐ႊီလ်န္က်ဲ ေနလို႔ရတယ္ဆိုမွေတာ့ ဧည့္ခန္းမွာ ဘာလို႔အိပ္မွာလဲ"

ရွန့္ခ်န္ခုန္းက ရွက္ကိုးရွက္ကန္းျဖင့္

"ငါတို႔လက္မထပ္ရေသးဘူး အဲဒါက သင့္ေတာ္မွာမဟုတ္ဘူး"

"........"

ရွန့္ႏြမ္ ဆြံ႕အသြား၏။ အစ္ကိုႀကီးက ဟိုဟာ သည္ဟာေတာင္ လုပ္ၿပီးေနၿပီကို.. အာ ဒီလိုအရာေတြကို အစ္ကိုစဥ္းစားဖို႔ နည္းနည္းေနာက္က်ေနၿပီ။ သူမက သူမအစ္ကိုႀကီးကို ဧည့္ခန္းမွာ မအိပ္ေစခ်င္ဘူး။

"ဒါဆို ညီမ ႐ႊီလ်န္က်ဲဆီကို အရင္ေျပာင္းလိုက္မယ္ အစ္ကို ျမန္ျမန္လုပ္သင့္တယ္ေနာ္ အစ္ကို ကိစၥေတြကို ေစာေစာေျဖရွင္းေလေလ ႐ႊီလ်န္က်ဲအိမ္က ညီမရဲ႕အခန္းကို အစ္ကို႔ကို ေစာေစာေပးနိုင္ေလေလပဲ"

ရွန့္ခ်န္ခုန္း : ".........."

ရွန့္ႏြမ္က ႐ႊီလ်န္၏အိမ္အေၾကာင္းကို အနည္းငယ္ သိခ်င္ေနခဲ့သည္။ ႐ႊီလ်န္ရဲ႕လွလွပပေလး အလွဆင္ထားေသာဆိုင္ကို သူမျမင္ဖူးေသာေၾကာင့္ ႐ႊီလ်န္၏အိမ္သည္လည္း ခ်စ္စဖြယ္ေကာင္းမည္ဟု သူမထင္ထားခဲ့သည္။ လွပၿပီး အမွီအခိုကင္းေသာ ႐ႊီလ်န္က်ဲထံတြင္ မည္သို႔ေသာအိမ္မ်ိဳးရွိမည္ကို ရွန့္ႏြမ္ သိခ်င္ေနမိသည္။

သူတို႔၏ႏွလုံးသားထဲတြင္ ဤေမွ်ာ္လင့္ခ်က္မ်ိဳးျဖင့္ စေနေန႕ဟာ ေနာက္ဆုံးတြင္ ေရာက္ရွိလာခဲ့သည္။ ရွန့္ႏြမ္ အိမ္ျပန္ေရာက္ေသာအခါ ေနရာက ထုပ္ပိုးထားေသာေသတၱာမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ ရွန့္ခ်န္ခုန္းႏွင့္ ဝမ္းရႈလီတို႔က အခ်ိဳ႕ေသာပစၥည္းမ်ားကို ထုပ္ပိုးထားေသာ္လည္း ရွန့္ႏြမ္က သူမ၏ကိုယ္ပိုင္ပစၥည္းမ်ားကို သန႔္ရွင္းေရးလုပ္ရန္ သူတို႔ေစာင့္ဆိုင္းေနခဲ့ၾကသည္။

ေန႕လည္စာစားၿပီးေနာက္ ရွန့္ႏြမ္က ထုပ္ပိုးၿပီး ႐ႊီလ်န္၏အိမ္သို႔ ေျပာင္းေ႐ႊ႕လာခဲ့သည္။ ရွန့္ခ်န္ခုန္းက ရွန့္ႏြမ္ေျပာင္းေ႐ႊ႕လာမည့္အေၾကာင္းကို ႐ႊီလ်န္အား ေျပာထားၿပီးသားျဖစ္ၿပီး ႐ႊီလ်န္သည္လည္း ဒီလိုျဖစ္လိမ့္မယ္လို႔ အတန္ၾကာကတည္းက ခန့္မွန္းထားၿပီးသားပင္။

ရွန့္ႏြမ္က ေက်ာင္းတြင္ အခ်ိန္အမ်ားစုကို ကုန္ဆုံးေစေသာေၾကာင့္ သူမတြင္ ထုပ္ပိုးရန္လိုအပ္ေသာ အရာမ်ားစြာ မရွိပါ။ ဤေျပာင္းေ႐ႊ႕ျခင္းကလည္း သူမအေပၚ သက္ေရာက္မႈအနည္းငယ္သာ ရွိခဲ့သည္။ ႐ႊီလ်န္က ဧည့္သည္ခန္းကို အနည္းငယ္ သပ္သပ္ရပ္ရပ္ျပင္ဆင္ထားၿပီး သူမတြင္ရွိေသာ ကိုယ္ပိုင္ပစၥည္းအနည္းစုကို သူမအခန္းထဲသို႔ ျပန္ထည့္ထားလိုက္သည္။ ထို႔ေနာက္ ရွန့္ႏြမ္ကို ေစာင့္ေနရန္ ေအာက္ထပ္ဝင္ေပါက္သို႔ သြားလိုက္၏။

ေျပာင္းေ႐ႊ႕ရတာ ဘယ္ေတာ့မွမလြယ္ဘူး။ ေ႐ႊ႕စရာေတြ အမ်ားႀကီးရွိေနေတာ့ ဒီေန႕အတြက္ ေျပာင္းေ႐ႊ႕ရမဲ့သူက ရွန့္ႏြမ္ပဲရွိေတာ့မယ္ ၊ ရွန့္ခ်န္ခုန္းက ရွန့္ႏြမ္၏ပစၥည္းမ်ားကို အရင္ကူေ႐ႊ႕ေပးခဲ့ၿပီး ရွန့္ႏြမ္ေက်ာင္းျပန္တက္ၿပီးေနာက္ အိမ္သစ္တြင္ က်န္ပစၥည္းမ်ားကို ျဖည္းျဖည္းခ်င္းေ႐ႊ႕ရန္ စီစဥ္ထားခဲ့သည္။

ရွန့္ႏြမ္ ရပ္ကြက္ထဲကိုဝင္လိုက္တာနဲ႕ သူမ စိတ္လႈပ္ရွားသြား၏။

"ဒီမွာ အရမ္းေကာင္းတာပဲ! ၿမိဳ႕နဲ႕ နည္းနည္းေဝးေပမဲ့ တိတ္ဆိတ္ေနတာပဲ"

႐ႊီလ်န္လည္း ဒါကို အလြန္သေဘာတူတယ္ ၊ ၎က ဤေနရာကို သူမေ႐ြးခ်ယ္ရျခင္း၏ အဓိကအေၾကာင္းအရင္းျဖစ္သည္။ Starlight ပန္းၿခံႏွင့္နီးသည့္အျပင္ တိတ္ဆိတ္ေသာပတ္ဝန္းက်င္ကို သူမႏွစ္သက္သည္။

ဆိတ္ဆိတ္ေနျခင္းသည္လည္း လူဦးေရက်ဲပါးသည္ဟု ဆိုလိုသည္။

လိုအပ္သည့္ပစၥည္းပစၥယေတြ မရွိသည့္အတြက္ ရွန့္ႏြမ္ အဆင္မေျပမွာကို စိုးရိမ္တာေၾကာင့္ ႐ႊီလ်န္က သူမကို အိမ္ဝယ္ခ်င္လာေအာင္ အမႊမ္းတင္ရန္ ႀကိဳးစားခဲ့သည္။

"နည္းနည္းေတာ့ဘက္လိုက္ေပမဲ့ ဒီဧရိယာက အလားအလာ အမ်ားႀကီးရွိတယ္လို႔ ထင္တယ္.. အနီးအနားမွာ ေျမေအာက္ရထားဝင္ေပါက္ရွိၿပီး သြားရလာရ အဆင္ေျပေစတယ္၊ ဒီဧရိယာက Starlight ပန္းၿခံကို အမ်ားႀကီး မွီခိုေနရေပမဲ့ အစိုးရက ဧရိယာတိုးခ်ဲ့ဖို႔ အာ႐ုံစိုက္ေနတယ္.. ဒါေၾကာင့္ ေဆာက္လုပ္ေရးအားလုံးၿပီးသြားရင္ေတာ့ လိုအပ္မႈအတြက္ ၿမိဳ႕လယ္ေခါင္အထိ သြားဖို႔မလိုအပ္ေတာ့ပါဘူး"

ရွန့္ႏြမ္ ရယ္လိုက္သည္။

"႐ႊီလ်န္က်ဲ ဒါက မမအိမ္ဝယ္ခ်င္လာေအာင္ သူတို႔ မမကိုလွည့္စားခဲ့တဲ့ အမႊမ္းတင္ျခင္းတစ္မ်ိဳးပဲလား"

႐ႊီလ်န္ : "........"

အမွန္အတိုင္းေျပာရရင္ ႐ႊီလ်န္က အဲ့ဒီအနာဂတ္ပေရာဂ်က္ေတြက ေကာင္းတယ္လို႔ထင္ရေပမဲ့ အဲ့ဒီအစီအစဥ္တစ္ဝက္ေလာက္ေတာင္ မၿပီးေသးဘူးဆိုတာ သိလိုက္ရသည္။ ထို႔အျပင္ ဤႀကီးမားေသာပေရာဂ်က္ႀကီးသည္ ဆယ္ႏွစ္အၾကာတြင္သာ ၿပီးေျမာက္နိုင္မည္ျဖစ္သည္။

ရွန့္ႏြမ္ အေရွ႕ကို ေလွ်ာက္သြားခဲ့ၿပီး ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔က အေနာက္ခပ္လွမ္းလွမ္းမွာ က်န္ေနခဲ့သည္။ ရွန့္ခ်န္ခုန္းက ေျပာ၏။

"ေလေၾကာင္းတကၠသိုလ္ကလဲ ဒီဧရိယာမွာရွိတယ္.. ဒါေၾကာင့္ အနာဂတ္မွာ ကိုယ္ အနီးနားမွာ အလုပ္လုပ္နိုင္မွာပါ"

ေလေၾကာင္းတကၠသိုလ္သည္ Starlight ပန္းၿခံထက္ပင္ ပိုမိုေဝးကြာေသာ္လည္း သူတို႔ႏွစ္ဦးစလုံးသည္ ဦးတည္ခ်က္တူညီၾကၿပီး ၎တို႔ႏွစ္ဦးၾကားတြင္ အရပ္ေဒသမရွိေသာေၾကာင့္ အနည္းငယ္အဆင္ေျပေစသည္။

႐ႊီလ်န္က ၿပဳံးၿပီး ေခါင္းညိတ္ျပသည္။

႐ႊီလ်န္၏အိမ္သို႔ေရာက္ေသာအခါ ႐ႊီလ်န္က ရွန့္ႏြမ္အတြက္ အထူးျပင္ဆင္ထားေသာ အိမ္တြင္းစီးဖိနပ္မ်ားကို ထုတ္ယူေပးခဲ့သည္။ ရွန့္ႏြမ္ သူမ၏ေျခရင္းနားရွိ ဖိနပ္အပါးေလးမ်ားကို ၾကည့္ၿပီး မလႈပ္မယွက္နိုင္ျဖစ္ေနသည္။

"ခ်စ္စရာေကာင္းလိုက္တဲ့ဖိနပ္ေလးေတြ! ေက်းဇူးတင္ပါတယ္ ႐ႊီလ်န္က်ဲ"

႐ႊီလ်န္ ၿပဳံးလိုက္သည္။ ဒီကေလးမေလးက ခ်စ္စရာေကာင္းလိုက္တာ ၊ ဖိနပ္တစ္ရံနဲ႕ အရမ္းေပ်ာ္ေနတာပဲ။ ႐ႊီလ်န္ မေနနိုင္ေတာ့ဘဲ ရွန့္ႏြမ္ရဲ႕ေခါင္းထိပ္ေလးကို ပြတ္ေပးလ်က္

"ေကာင္းၿပီ ဝင္လာၿပီး တစ္ခ်က္ပတ္ၾကည့္လိုက္အုံး"

အိမ္ထဲသို႔ဝင္ၿပီးေနာက္ ရွန့္ႏြမ္မွာ ႐ႊီလ်န္၏မ်က္စိပသာဒရွိေသာ အလွဆင္မႈမ်ားကို ဝမ္းသာအားရ သက္ျပင္းခ်လိဳက္သည္။ ထို႔ေနာက္ သူမအခန္းကို လွမ္းၾကည့္လိုက္ရာ ဧည့္ခန္း၏ အလွတရားႏွင့္ လိုက္ဖက္လွသည္ကို သတိျပဳမိသည္။ သူမအခန္းထဲမွာ ေဆာင္ထုတ္ျပတင္းေပါက္ေသးေသးေလးေတာင္ ရွိသျဖင့္ သူမႏွလုံးသားကို ခ်က္ခ်င္းဖမ္းစားလိုက္ေလ၏။ ခဏတာလွည့္ပတ္ၾကည့္ၿပီးေနာက္ ရွန့္ႏြမ္က ႐ႊီလ်န္၏အိပ္ခန္းကို သြားစစ္ေဆးခဲ့သည္။

႐ႊီလ်န္၏ပကာသနမွာ အျမင့္အမ်ိဳးမ်ိဳးရွိေသာပုလင္းမ်ား ဖန္ဘူးမ်ားႏွင့္ ျပည့္ေနၿပီး ထို႔ေနာက္ ႏႈတ္ခမ္းနီတစ္ေခ်ာင္း ၊ ရွန့္ႏြမ္ ထိုျမင္ကြင္းတြင္ မထိန္းနိုင္ဘဲ အာေမဍိတ္ျပဳမိသြားသည္။ ရွန့္ႏြမ္က ႐ႊီလ်န္၏ပစၥည္းမ်ားကို ရႈပ္ယွက္ခတ္မည္ကို စိုးရိမ္သျဖင့္ ရွန့္ခ်န္ခုန္းက သူမေနာက္သို႔ လိုက္သြားခဲ့သည္။ သူ႕ညီမေလးရဲ႕မ်က္လုံးေတြ ေတာက္ပေနတာကို ျမင္လိုက္ရေတာ့ သူမ ေငးၾကည့္ေနတဲ့လားရာကို မေနနိုင္ဘဲ လိုက္ၾကည့္မိ၏။
 
အမွန္အတိုင္းေျပာရရင္ သူသည္လည္း ႐ႊီလ်န္ရဲ႕ပကာသနအေၾကာင္းေတြကို နည္းနည္း သိခ်င္ေနခဲ့တယ္။

သူ ရွန့္ႏြမ္ကို ေမးလိုက္၏။

"ဒါေတြက ဘာေတြလဲဆိုတာ နင္သိလား?"

"ဒါေတြက ယြမ္ရာနဲ႕ခ်ီတယ္"

ရွန့္ခ်န္ခုန္း : "........"

႐ႊီလ်န္ လမ္းေလွ်ာက္လာၿပီး ေမး၏။

"ရွင္တို႔ ဘာၾကည့္ေနတာလဲ?"

ေမာင္ႏွမႏွစ္ေယာက္က တစ္ခ်ိန္တည္းမွာ သူမကို ေနာက္ျပန္လွည့္ၾကည့္ၿပီး ၿပိဳင္တူေျပာလာသည္။

"ဘာမွမၾကည့္ပါဘူး"

႐ႊီလ်န္ : "......."

ရွန့္ႏြမ္ အေျခခ်ၿပီးေနာက္ ရွန့္ခ်န္ခုန္းက အိမ္ရွင္ႏွင့္စာခ်ဳပ္ခ်ဳပ္ၿပီး တစ္ႏွစ္တန္ဖိုးရွိ ငွားရမ္းခကို ေပးေဆာင္ခဲ့သည္။ အဲဒီေနာက္မွာေတာ့ ရွန့္ခ်န္ခုန္းႏွင့္ဝမ္းရႈလီတို႔က သူတို႔ပစၥည္းတခ်ိဳ႕ကို ေ႐ႊ႕ၿပီး ႀကီးႀကီးမားမား သန႔္ရွင္းေရးလုပ္ခဲ့ၾကသည္။

ငွားရမ္းမႈတစ္ခုသာျဖစ္ေသာ္လည္း အဆိုပါေျပာင္းေ႐ႊ႕မႈသည္ သင့္ေလ်ာ္ေသာ အိမ္တက္မဂၤလာပြဲတစ္ခုႏွင့္ ထိုက္တန္ဆဲျဖစ္သည္။ ရွန့္ခ်န္ခုန္းက ရွန့္ႏြမ္ေရာက္ရွိျခင္းကို အခြင့္ေကာင္းယူကာ ၎တို႔၏အိမ္သစ္တြင္ ပြဲႀကီးတစ္ခုျပဳလုပ္ခဲ့သည္။

႐ႊီလ်န္က ေပ်ာ္႐ႊင္ဖြယ္ေကာင္းၿပီး အလြန္အရသာရွိေသာ အစားအစာကို စားခဲ့သည္။ ႐ႊီလ်န္က သူတို႔အတြက္ ဂုဏ္ျပဳလက္ေဆာင္အျဖစ္ သူမဝယ္ေပးခဲ့ေသာ ပန္းကန္ေဆးစက္ကိုလည္း ကန့္လန့္ကာဖြင့္ေပးခဲ့သည္။ သူမက ပန္းကန္ေဆးစက္တစ္လုံးဝယ္ရန္ စီစဥ္ခဲ့ၿပီး အေရာင္းဝန္ထမ္းမွ စက္ႏွစ္လုံးအတြက္ ၂၀% ေလွ်ာ့ေစ်းကို ကမ္းလွမ္းလာေသာအခါ ႏွစ္လုံးဝယ္လိုပ္ျခင္းျဖင့္သာ အဆုံးသတ္ခဲ့ေၾကာင္း ႐ႊီလ်န္ ရွင္းျပလာခဲ့သည္။

ရွန့္ခ်န္ခုန္း သူမ၏စကားလုံးမ်ားကို အလြန္အယုံအၾကည္မရွိရွာေပ။ အိမ္တစ္အိမ္အတြက္ ပန္းကန္ေဆးစက္ႏွစ္လုံးကို ဘယ္သူက ဝယ္မွာတဲ့လဲ?

ဒါေပမဲ့ ပန္းကန္ေဆးစက္က တံဆိပ္ေကာင္းတစ္ခုျဖစ္လို႔ ၎က အိမ္အသစ္ျဖင့္ အဆုံးသတ္သြားခဲ့သည္။

အပူခ်ိန္မ်ား တျဖည္းျဖည္း က်ဆင္းလာကာ ႏွစ္တစ္ႏွစ္ကုန္ဆုံးရန္ တျဖည္းျဖည္း နီးကပ္လာေလသည္။

___________________

Continue Reading

You'll Also Like

2.8M 163K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.6M 139K 47
✫ 𝐁𝐨𝐨𝐀 𝐎𝐧𝐞 𝐈𝐧 π‘πšπ­π‘π¨π«πž π†πžπ§'𝐬 π‹π¨π―πž π’πšπ πš π’πžπ«π’πžπ¬ ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.4M 35.6K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...