4. Bow To Eros (အချစ်နတ်ဘုရား...

By DoeymyDoe

40K 4K 628

Twin story More

Intro (uni)
Intro (Z)
P 1 (U+Z)
P 2 (U +Z)
P 3 (U+ Z)
P 4 (U+Z)
P 5 (U+Z)
Part 6 (Uni+Z)
P 7 ( U+Z)
P 8 (U+Z)
P 9 (U+Z)
P 10 (U+Z)
P 11 (U+Z)
P 12 (U+Z)
P 13 (U+Z)
P 14 (U+Z)
P 15 ( U+Z)
Part 16
Part 17
Part 18
Part 19
Part 20

Part 21

652 43 8
By DoeymyDoe

မြစ်ဆိပ်နားက စွန့်ပစ်အဆောက်အအုံသည် မူလက ကိုအင်ဂိုဏ်း၏ မူလစတည်ရာ နေရာပင်ဖြစ်ပြီး ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားသောအခါ စေသူရိန်၏ ဖခင် လက်ထပ်တွင် မြို့လယ်ခေါင်သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့ကြလေသည်။

သို့သော် ထိုအဆောက်အအုံမှာ ဦးနေမင်း လက်ထပ်တွင် ပြုပြင်ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ၎င်းကွယ်လွန်သောအခါ စွန့်ပစ် အဆောက်အအုံတစ်ခု ဖြစ်လာခဲ့ပေသည်။ မြစ်ဆိပ်ကို ကျောကပ်၍ ဆောက်ထားတာကြောင့် မြစ်ရေလျှံလျှင် အောက်ထပ်မှာ ရေနစ်မြုပ်မှု မကြာခဏ ဖြစ်လေ့ရှိသောကြောင့်  ရေကျသွားလျှင်ပင် ကြမ်းပြင်ပေါ်တွင် ရွှံ့နွံများ ကျန်ရစ်နေပြီး နံရံများတွင် ရေညှိများ ကပ်ငြိနေကာ အနည်းငယ် ညှီစို့စို့ အနံ့ကိုပင် ရနေသေးသည်။

ဆိုင်ကယ်သည် ရွှံ့မြေကြောင့် အနည်းငယ် ယိမ်းယိုင်သွားသော်လည်း ရသလင်းက အဆင်ပြေပြေ ရပ်လိုက်နိုင်လေသည်။ ဆိုင်ကယ်ပေါ်က ဆင်းသည့်အခါ ဦးသူကို သူတွဲဖို့ ကြိုးစားလိုက်သော်လည်း ဦးသူ၏ ခြေထောက်များက မြေပေါ်တွင် မြဲမြံစွာ ရပ်နေသည်ကို မြင်လိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် စေသူရိန်မှာ ထပ်မံ၍ ဟန်ဆောင်စရာ မလိုတော့တာကြောင့်ပင်။ ဦးနေမောင်ထံတွင် သူသည် မသန်စွမ်းကဲ့သို့ ပြုမူမှသာ တစ်ပါးသူက အထင်အမြင်လွဲကာ သူ့ကို အထင်သေးပြီး ဟာကွက်များကို ပြုလုပ်လာမှာပင်။

သို့သော် ယခုတွင်တော့ မလိုတော့ပေ။ ပျောက်ဆုံးနေသော အမှန်တရား၏ ဟာကွက်များကို ပြုလုပ်ခဲ့သော လူမှာ သူကိုယ်တိုင် ယုံကြည်၍ အရာအားလုံးကို ချပြခဲ့မိသော လူဖြစ်နေမည်ဟု သူနားလည်သွားခဲ့သည်။

တရားခံဟာ သူ၏ ဘေးတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး သူ၏ မသန်စွမ်းသည့် ခြေထောက်များအတွက် ဂိုဏ်းကို သူ့ကိုယ်စား ဦးစီးနေခဲ့သူပင်။ ယခုတွင်တော့ သူ၏ လျို့ဝှက်ချက်များသည် အလကားဖြစ်သွားလေပြီ။ ရန်သူဟာ သူ့ရဲ့ လူရင်းဖြစ်ခဲ့ပြီး သူ၏ ပျော့ကွက်များ အားလုံးကို သိနေခဲ့သူပင်။

ထို့ကြောင့်လည်း အဖြေမှန် ပေါ်လာတော့မည်ကို သိတော့ အဂ္ဂလင်းကို လက်ထဲရောက်အောင် အရခေါ်သွားတာပင်။ သူ၏ အားနည်းချက်မှာ ရသလင်းနှင့် အဂ္ဂလင်းဆိုသည်ကို ဦးနေရောင်က ကောင်းကောင်းကြီးကို သိရှိနေလေသည်။

"ဦးသူ ခြေထောက်က အဆင်ပြေရဲ့လား"

စေသူရိန်က သူ၏ ခြေချင်းဝတ်များကို အသာလှုပ်ရှားလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူ့ကို တဖန်ပြန်ကြည့်လာသည့် မျက်ဝန်းများတွင် အားနာခြင်းများ ပါဝင်လေသည်။ သူ၏ ခြေထောက်က အလုံးစုံတော့ မကောင်းသေးပေ။ အနည်းငယ် လှုပ်ရှား၍ ရသည်ဆိုသော်လည်း ပြင်းထန်သော လှုပ်ရှားမှုများလုပ်လျှင်တော့ ပြန်လည်၍ နာကျင်လာပေသည်။ ပြန်ကောင်းလာသည့် ခြေထောက်များက သိပ်ပြီးတော့ နေသားမကျသေး။

"ကိုယ်မင်းကို လျို့ဝှက်ထားမိတယ်၊ ကိုယ်အနည်းငယ်တော့ လှုပ်ရှားနိုင်ပါပြီ"

ရသလင်း၏ မျက်ဝန်းများက တောက်ပသွားလေသည်။ ဦးသူရဲ့ ကံကောင်းခြင်းကလည်း သူ့ရဲ့ ကံကောင်းခြင်းပါပဲ။

"သိပ်ကောင်းတယ်၊ ပြန်ကောင်းလာတာ သိပ်ကောင်းတာပဲ"

စေသူရိန်၏ အားနာသော မျက်ဝန်းများမှာ စိတ်ကျေနပ်မှုများဖြင့် အစားထိုးသွားလေတော့သည်။ သူအခုမှ ရသလင်းနှင့် အရပ်ချင်းယှဉ်ရပ်လိုက်သောအခါ သူ့ကိုပင် ကျော်တက်တော့မည့် အရပ်ကြီးနှင့် ရသလင်းက ကောင်းမွန်စွာ ကြီးပြင်းလာကြောင်း သတိထားလိုက်မိသည်။ အရင်က သေးကွေး၍ ပိန်လှီနေသော ထိုကောင်လေးက ပြင်းထန်သော လေ့ကျင့်ရေးများကြောင့် ပိုမိုတောင့်တင်းလာသည့် ခန္ဓာကိုယ်နှင့်အတူ ရှည်လာပြီဖြစ်သော ဆံနွယ်များကိုပင် တစ်ဝက်စည်းယူထားလေသည်။

စေသူရိန်၏ မျက်ဝန်းထဲတွင် ဂုဏ်ယူမှုများဖြင့် ဖုံးလွှမ်းသွားပြီးနောက် အကြည့်များကို လွှဲလိုက်ကာ အဆောက်အုံထဲသို့ ဝင်သွားလေတော့သည်။ ရသလင်းက သူ့အနောက်ဘက်မှ လိုက်လာခဲ့ပြီး စေသူရိန်၏ ခြေထောက်များကိုသာ အာရုံစိုက်နေကာ တစ်ခုခု လွဲချော်သွားတာနဲ့ ထိန်းပေးဖို့ အဆင်သင့်ရှိနေပေသည်။

အပေါ်ဆုံးထပ်တွင်တော့ လူအယောက်နှစ်ဆယ်လောက် ရှိနေပြီး အခန်းထောင့်နားတွင် အရိုက်ခံထားရသည့် ဒဏ်ရာများဖြင့် ဇွဲမင်းက လှဲနေပေသည်။ သံတိုင်ကြီးတစ်ခုက မြစ်ဘက်ကို အစွန်းထွက်ထားကာ ထိုတိုင်တွင်တော့ အဂ္ဂလင်းကို တွဲလောင်းချည်ထားလေသည်။

အချိန်မရွေး ပြုတ်ကျသွားနိုင်သော အနေထားဖြစ်သော်လည်း အဂ္ဂလင်း၏ မျက်လုံးများမှာမူ တည်ငြိမ်လျက်ပင်။ ရသလင်းနှင့် စေသူရိန်တို့ ‌ရောက်လာတာကို မြင်သည့်အခါ သူ၏ နှုတ်ခမ်းများမှာ တုန်ရီလာတော့သည်။

နောက်ကျောကနေ ဓားနဲ့အထိုးခံလိုက်ရသည့် ခံစားချက်မျိုးက သူ့နှလုံးသားထဲမှာ ထိုးဖောက်ဝင်ရောက်နေသည်။ ဦးသူက သူ့ဖခင်ကို သတ်ခဲ့သည့် တရားခံပင်။ သူကတော့ စိတ်နဲ့ ခန္ဓာနှစ်ပါးလုံးနဲ့ ထိုလူအတွက် အရိုးကြေကြေ အရည်ခမ်းခမ်း လုပ်ဆောင်ပေးခဲ့သည်။ သို့ပေမယ့် ဦးသူအတွက်တော့ သူတို့ ညီအစ်ကိုက လက်နက်တစ်ခု၊ အသုံးချစရာ ပစ္စည်းတစ်ခုကလွဲ၍ အဖိုးမထိုက်တန်ခဲ့ပေ။

"ဦးနေရောင်"

စေသူရိန်၏ အသံက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသလို အနည်းငယ်လည်း ဒေါသထွက်နေလေသည်။

"မင်းရောက်လာပြီပဲ၊ အပိုတွေ မပြောတော့ဘူး၊ ငါ့ကို ပစ္စည်းပေးလိုက်မယ်ဆိုရင် ဒီနေရာကနေ ငါထွက်သွားလိုက်ပြီး အရင် သံယောဇဉ်နဲ့ မင်းကိုငါ အသက်ရှင်လျက် လွှတ်ပေးလိုက်မယ်"

စေသူရိန်က ဦးနေရောင်လိုချင်သည့် ပစ္စည်းကို သေချာပေါက်သိလေသည်။ ကိုအင်ဂိုဏ်း၏ အထွဠ်အမြတ်ဖြစ်သလို ရတနာသိုက်နဲ့လည်း ညီမျှသည့် ထိုပစ္စည်းသည် ယခင်ဂိုဏ်းခေါင်းဆောင် သေဆုံးသွားပြီးနောက် ပျောက်ဆုံးသွားသော ပစ္စည်းဖြစ်သည်။

ထိုပစ္စည်းမှာ သော့တစ်ခုဟုသာ ဂိုဏ်းသားများက သိထားပြီး အတွင်းစည်း ဂိုဏ်းသားများကတော့ ထိုပစ္စည်းကို မြင်ဖူးကြလေသည်။ ဦးနေရောင်သည်ကား ယခင်ဂိုဏ်းခေါင်းဆောင်၏ ယုံကြည်မှုကို အပြည့်အဝမရခဲ့သည့်အတွက် အပြင်စည်းတပည့်သားများကိုသာ အုပ်ချုပ်ခဲ့ရပြီး ထိုပစ္စည်းမှာ မည်ကဲ့သို့ ပုံစံမျိုး ရှိသည်ကို မသိခဲ့ပေ။

ယခင်ဂိုဏ်းခေါင်းဆောင်သည် လူရင်းများကို သေချာစိစစ်ရွေးချယ်တတ်ပြီး လူကဲခတ်လည်း လွန်စွာ တော်ပေသည်။ ခေါင်းဆောင် လေးဦးတွင် နှစ်ဦးမှာ အတွင်းဂိုဏ်းကို အုပ်ချုပ်ရပြီး ကျန်နှစ်ဦးမှာ အပြင်ဂိုဏ်းကို အုပ်ချုပ်ရသည်။ 

အတွင်းဂိုဏ်းခေါင်းဆောင်များသည် ဂိုဏ်း၏ နက်နဲသော လျို့ဝှက်ချက်များကို သိရှိနိုင်ပြီး နောင်တွင် ဂိုဏ်းကို ဆက်ခံရမည့်သူနှင့် အတွင်းစည်းများကိုပါ သိရှိနိုင်ပြီး ထိုအရာများကို ကာကွယ်ပေးပါမည်ဟု အသက်ကိုရော ဂုဏ်သိက္ခာကိုပါ လောင်းကြေးထပ်၍ ကျိန်ဆိုခဲ့ရလေသည်။

အတွင်းဂိုဏ်းခေါင်းဆောင်များမှာ နေသူရိန်၏ ဖခင်နှင့် လျို့ဝှက်ခေါင်းဆောင်တို့ပင် ဖြစ်လေသည်။ သူတို့နှစ်ယောက်ကသာ ဂိုဏ်းအကြောင်းကို အတွင်းစည်းအထိ သိရှိနေသူများပင်။

ခေါင်းဆောင်မရှိတော့သည့်နောက် သင့်တော်သည့် ခေါင်းဆောင်ကို မရွေးချယ်နိုင်ခဲ့လျှင် ထိုလူနှစ်ဦးက ဆက်လက်၍ ဂိုဏ်းကို ထိန်းသိမ်းနိုင်ပေသည်။ 

ထို့ကြောင့်လည်း နေသူရိန်၏ ဖခင် ဦးနေမောင်သည် ခေါင်းဆောင်သေဆုံးပြီးနောက် ဂိုဏ်သားဟောင်းများ အများအပြားကို သူ့လက်အောက် ပြန်လည်ရယူထားနိုင်ကာ ဒုတိယကိုအင်ဂိုဏ်းအဖြစ် EROS ဂိုဏ်းကို တည်ထောင်နိုင်ခဲ့ခြင်းပင်။ ဤသည်ကပင် သူဘာကြောင့် စေသူရိန်ကို ထိုစဉ်က မသတ်ပစ်ခဲ့သလဲဆိုသည့် အဖြေလည်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် စေသူရိန်သည် ဂိုဏ်း၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရပြီး သူသည်လည်း စေသူရိန်ကို ကာကွယ်ရမည့် တာဝန်ရှိနေလို့ပင်။

သို့ပေမယ့် စေသူရိန်ဆီမှာ ဂိုဏ်း၏ ဆက်ခံသူမှာ ရှိရမည့် ပစ္စည်းရှိမနေတော့ကြောင်းကို သိလိုက်ပြီးနောက်မှာတော့ ဦးနေမောင်သည် ပခုံးပေါ်တွင် မည်သည့် တာဝန်ကိုမှ ထမ်းဆောင်ထားခြင်း မရှိတော့ဟု သတ်မှတ်ပြီးဖြစ်လေသည်။

"ဦးနေရောင်က ဘယ်ပစ္စည်းကို ပြောတာလဲ"

"ဘယ်ပစ္စည်းကို ပြောသလဲဆိုတာ မင်းကောင်းကောင်း သိပါတယ် စေသူရိန်"

နှစ်တွေ အများကြီး သူ့အနားမှာ ရှိနေခဲ့တာက အဲ့ဒီ ပစ္စည်းကို လိုချင်လို့ပင်။ ထိုပစ္စည်းက ကိုအင်ဂိုဏ်း၏ အသီးသီးသော မျိုးဆက်များက ထားခဲ့သော စည်းစိမ်ဥစ္စာများကို ရယူနိုင်ရုံတင်မက ကိုအင်ဂိုဏ်းကိုလည်း ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း စေသူရိန်သည် ဘယ်သောအခါမှ ထိုပစ္စည်းအကြောင်းကို မဟခဲ့သလို ထိုပစ္စည်းနဲ့ ပတ်သတ်သည့် အကြောင်းများကို ပြောလျှင်လည်း ပျောက်ဆုံးသွားသည်ဟူ၍သာ ပြောလေ့ရှိသည်။ ဦးနေရောင်သည်ကား လောဘကြီးသူ တစ်ဦးဖြစ်သည့်အလျောက် မည်မျှပင် နေရာရနေပါစေ ထိုများပြားလွန်းသော ရတနာများကို လိုချင်နေဆဲပင်။

စေသူရိန်၏ နောက်မှာနေ၍ လုပ်အားကို ဂုတ်သွေးဆုပ်ကာ ပြန်လည်ထူထောင်လာသည့် ကိုအင်ဂိုဏ်းငယ်ကို သူက ဦးစီးနေခဲ့သည်။ သို့ပေမယ့် သူကတော့ မတင်းတိမ်နိုင်သေးပေ။

"အဲ့ပစ္စည်းက ကျွန်တော့်ဆီမှာ မရှိဘူး၊ ခင်များ ဒီတစ်လျှောက်လုံး ကျွန်တော့်ဘေးမှာ ဒုက္ခခံခဲ့တာ အဲ့ဒီပစ္စည်းကြောင့်ဆိုရင် Sorry ခင်များ ကုန်ခဲ့တဲ့ အချိန်တွေအတွက် နှမြောစရာပဲ"

ဦးနေရောင်ကလည်း ထိုအကြောင်းကို မျှော်မှန်းထားပြီးသားပါ။ သူက ဘေးနားလူကို အချက်ပြလိုက်လျှင် ကြိုးကိုခွေထားသည့် ဘီးလုံးကို တစ်ဖက်လူက ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ ထိုအခါ အဂ္ဂလင်းကို ချည်ထားသည့် ကြိုးသည် တဖြည်းဖြည်းနှင့် ရှည်ထွက်လာလေသည်။ 

အကယ်၍များ ထိုကြိုးခွေပြေသွားပါက အဂ္ဂလင်းသည် မြစ်ထဲသို့ ပြုတ်ကျသွားမည် ဖြစ်ပြီး ရေစီးနှင့်အတူ မျောပါသွားမည် ဖြစ်လေသည်။

"ခင်များ လုပ်ရဲလား၊ ကျုပ်အစ်ကို တစ်ခုခု ဖြစ်လို့ကတော့ ကျုပ်သရဲဖြစ်သွားရင်တောင် ခင်များကို ဂုတ်ကို မချိုးရမချင်း သာဓုခေါ်မှာ မဟုတ်ဘူး နားလည်ထား"

ရသက အရှေ့ကို လျှောက်လာတော့ ဦးနေရောင်၏ လူများက သူ့ကို တားလေသည်။ သို့သော် ထိုလူများမှာ ရသလင်းနှင့် တောက်လျှောက်လေ့ကျင့်လာခဲ့သူများ ဖြစ်သည့်အလျောက် သူ၏ အင်အားကိုလည်း သိကြလေသည်။ ထို့ကြောင့် သူတို့ ဆောင်လာသော သေနတ်များကို ထုတ်လာခဲ့လေသည်။

စေသူရိန်၏ မျက်လုံးများက ချက်ချင်းကို အေးစက်သွားကာ ရသလင်းကို လက်ကဆွဲ၍ သူနောက်မှာ ထားကာ ကာကွယ်လိုက်လေသည်။

"ကိုအင်ဂိုဏ်းက သေနတ်သုံးခွင့်မရှိဘူးဆိုတာ ခင်များ နားမလည်ဘူးလား"

ဦးနေရောင်က တဟားဟားရယ်လေသည်။

"လောကကြီးမှာ သူ့ထက်ကိုယ် ပိုပြီး အင်အားကြီးဖို့ အမြဲအပြိုင်အဆိုင် ဖြစ်နေကြတာ၊ မင်းအဖေတုန်းကသာ ဒီလို အရေးမပါတဲ့ စည်းကမ်းကို မထုတ်ခဲ့ဘူးဆိုရင် ငါတို့ ဂိုဏ်းသားတွေ အဲ့လောက်အများကြီး စတေးလိုက်ရမှာ မဟုတ်ဘူး"

ဦးနေရောင်သည် စေသူရိန်၏ ဘက်သို့ သေနတ်ဖြင့် ချိန်လာသည့်အခိုက်တွင် နောက်ထပ် လူအုပ်စုလိုက်ကြီးက ထိုတိုက်အပေါ်ထပ်သို့ တက်လာကြပြန်သည်။ 

လက်ထဲတွင်တော့ ဓားရှည်များကို ကိုင်ဆောင်ထားပြီး ဦးဆောင်လာသူက ဦးနေမောင်ပင်။ သူ၏ နောက်တွင်တော့ နေသူရိန်ရှိနေပြီး ထိုသူများက ရဲများနှင့် တိုက်ခိုက်၍ ယခုမှသာ သူတို့ဆီ ရောက်ရှိလာခြင်းပင်။

"နေရောင်၊ မင်း ဘာတွေ ကြံစည်နေသလဲ မသိပေမယ့် မင်းလုပ်နေတာတွေက ဂိုဏ်းအတွက် မကောင်းဘူးဆိုတာကိုတော့ငါသိတယ်၊ ဂိုဏ်းဆက်ခံသူတစ်ယောက်ဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေတာ မင်းကိုယ်မင်း ကိုအင်ဂိုဏ်းသား ပြောနိုင်သေးလားကွ"

ဦးနေရောင်က ထိုစကားကို ကြားတော့ တစ်ချက်ရယ်လိုက်ပြီး ဦးနေမောင်ကို စိုက်ကြည့်လိုက်လေသည်။

"နေမောင်၊ မင်း မေ့နေတာတော့ မဟုတ်ပါဘူးနော်၊ အရင်ဂိုဏ်းခေါင်းဆောင်ကို သတ်ခဲ့တာ မင်းလေ၊ ငါက သူ့ရဲ့သားကိုတောင် ပြန်ကယ်ထားတာ ဟုတ်ပြီလား၊ ဒုက္ခိတကို ဂိုဏ်းတစ်ခုလုံး ပေးပြီး အုပ်ချုပ်ခိုင်းမယ့်အစား ငါတာဝန်ယူလိုက်တော့ ပိုကောင်းမသွားဘူးလား"

သူတို့အားလုံး တစ်ဖက်ကို စိတ်ရောက်နေသည့် အချိန်တွင် တစ်ချိန်လုံး ငြိမ်နေခဲ့သော အဂ္ဂမှာ လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ လက်နှစ်ဖက်မှာ ကြိုးဖြင့် အချည်ခံထားရတာကြောင့် ခြေထောက်နှစ်ချောင်းကသာ လှုပ်ရှားလို့ ရလေသည်။ သို့သော် သူမည်မျှပင် ကြိုးစားပါစေ ဘယ်လိုမှ သံချောင်းကို မမီနိုင်သေးပေ။

ဇွဲမင်း ထိုအချင်းအရာကို အရင်ဦးဆုံး မြင်သူဖြစ်ပြီး နာကျင်မှုကို သည်းခံ၍ ဖြည်းဖြည်းချင်း ထလိုက်ကာ ဘီးလုံးကို ထိန်းနေသည့် လူအနားကို ချဉ်းကပ်သွားလေသည်။ 

နေသူရိန်၏ မျက်ဝန်းများက တစ်ချိန်လုံး အဂ္ဂလင်း အပေါ်တွင်သာ ရှိနေခဲ့တာမို့ တစ်ဖက်လူက လွတ်မြောက်ဖို့ ကြိုးစားနေသည်ကို မြင်သည့်အခါ လူတိုင်း၏ အာရုံကို သူ့ဆီဆွဲထားဖို့ ကြံရွယ်လိုက်လေသည်။

"ကျွန်တော်ကြားခဲ့ရသလောက်တော့ အရင် ဂိုဏ်းခေါင်းဆောင် ကျွန်တော့်အမေဆီ လာတဲ့နေ့က ခင်များပါလာတယ်လို့ကြားတယ်၊ ခေါင်းဆောင် တကယ်ပဲ ကျွန်တော့်အမေအပေါ်မှာ မတော်မတရား ကျင့်ခဲ့တယ်ဆိုရင် ခင်များ ဘယ်ကို ရောက်နေခဲ့တာလဲ"

လူတိုင်း၏ မျက်ဝန်းများက ဦးနေရောင်ဆီကို ကျရောက်သွားသောအခါ ထိုလူ၏ မျက်ဝန်းများမှာ ကြင်နာမှုများကင်းမဲ့လျက် အေးစက်မှုများ အစားထိုးဝင်ရောက်လာခဲ့လေသည်။

အမှုစစ် ဆရာဝန်တစ်ယောက်၏ ဦးနှောက်က ထိုကျန်ရစ်နေသည့် ဟာကွက်ကြီးကို ဖော်ထုတ်လိုက်နိုင်ပြီး သူ့ရဲ့ ဦးတည်မှုဟာ ဦးနေရောင် ဖြစ်လာခဲ့လေသည်။

Zawgyi

ျမစ္ဆိပ္နားက စြန႔္ပစ္အေဆာက္အအုံသည္ မူလက ကိုအင္ဂိုဏ္း၏ မူလစတည္ရာ ေနရာပင္ျဖစ္ၿပီး ေခါင္းေဆာင္ေဟာင္း ကြယ္လြန္သြားေသာအခါ ေစသူရိန္၏ ဖခင္ လက္ထပ္တြင္ ၿမိဳ႕လယ္ေခါင္သို႔ ေျပာင္းေ႐ႊ႕ဖြဲ႕စည္းခဲ့ၾကေလသည္။

သို႔ေသာ္ ထိုအေဆာက္အအုံမွာ ဦးေနမင္း လက္ထပ္တြင္ ျပဳျပင္ထိန္းသိမ္းထားဆဲ ျဖစ္ေသာ္လည္း ၎ကြယ္လြန္ေသာအခါ စြန႔္ပစ္ အေဆာက္အအုံတစ္ခု ျဖစ္လာခဲ့ေပသည္။ ျမစ္ဆိပ္ကို ေက်ာကပ္၍ ေဆာက္ထားတာေၾကာင့္ ျမစ္ေရလွ်ံလွ်င္ ေအာက္ထပ္မွာ ေရနစ္ျမဳပ္မႈ မၾကာခဏ ျဖစ္ေလ့ရွိေသာေၾကာင့္  ေရက်သြားလွ်င္ပင္ ၾကမ္းျပင္ေပၚတြင္ ႐ႊံ႕ႏြံမ်ား က်န္ရစ္ေနၿပီး နံရံမ်ားတြင္ ေရညႇိမ်ား ကပ္ၿငိေနကာ အနည္းငယ္ ညႇီစို႔စို႔ အနံ႔ကိုပင္ ရေနေသးသည္။

ဆိုင္ကယ္သည္ ႐ႊံ႕ေျမေၾကာင့္ အနည္းငယ္ ယိမ္းယိုင္သြားေသာ္လည္း ရသလင္းက အဆင္ေျပေျပ ရပ္လိုက္ႏိုင္ေလသည္။ ဆိုင္ကယ္ေပၚက ဆင္းသည့္အခါ ဦးသူကို သူတြဲဖို႔ ႀကိဳးစားလိုက္ေသာ္လည္း ဦးသူ၏ ေျခေထာက္မ်ားက ေျမေပၚတြင္ ၿမဲၿမံစြာ ရပ္ေနသည္ကို ျမင္လိုက္ရေလသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ေစသူရိန္မွာ ထပ္မံ၍ ဟန္ေဆာင္စရာ မလိုေတာ့တာေၾကာင့္ပင္။ ဦးေနေမာင္ထံတြင္ သူသည္ မသန္စြမ္းကဲ့သို႔ ျပဳမူမွသာ တစ္ပါးသူက အထင္အျမင္လြဲကာ သူ႔ကို အထင္ေသးၿပီး ဟာကြက္မ်ားကို ျပဳလုပ္လာမွာပင္။

သို႔ေသာ္ ယခုတြင္ေတာ့ မလိုေတာ့ေပ။ ေပ်ာက္ဆုံးေနေသာ အမွန္တရား၏ ဟာကြက္မ်ားကို ျပဳလုပ္ခဲ့ေသာ လူမွာ သူကိုယ္တိုင္ ယုံၾကည္၍ အရာအားလုံးကို ခ်ျပခဲ့မိေသာ လူျဖစ္ေနမည္ဟု သူနားလည္သြားခဲ့သည္။

တရားခံဟာ သူ၏ ေဘးတြင္ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ၿပီး သူ၏ မသန္စြမ္းသည့္ ေျခေထာက္မ်ားအတြက္ ဂိုဏ္းကို သူ႔ကိုယ္စား ဦးစီးေနခဲ့သူပင္။ ယခုတြင္ေတာ့ သူ၏ လ်ိဳ႕ဝွက္ခ်က္မ်ားသည္ အလကားျဖစ္သြားေလၿပီ။ ရန္သူဟာ သူ႔ရဲ႕ လူရင္းျဖစ္ခဲ့ၿပီး သူ၏ ေပ်ာ့ကြက္မ်ား အားလုံးကို သိေနခဲ့သူပင္။

ထို႔ေၾကာင့္လည္း အေျဖမွန္ ေပၚလာေတာ့မည္ကို သိေတာ့ အဂၢလင္းကို လက္ထဲေရာက္ေအာင္ အရေခၚသြားတာပင္။ သူ၏ အားနည္းခ်က္မွာ ရသလင္းႏွင့္ အဂၢလင္းဆိုသည္ကို ဦးေနေရာင္က ေကာင္းေကာင္းႀကီးကို သိရွိေနေလသည္။

"ဦးသူ ေျခေထာက္က အဆင္ေျပရဲ႕လား"

ေစသူရိန္က သူ၏ ေျခခ်င္းဝတ္မ်ားကို အသာလႈပ္ရွားလိုက္ရင္း ေခါင္းညိတ္လိုက္သည္။ သူ႔ကို တဖန္ျပန္ၾကည့္လာသည့္ မ်က္ဝန္းမ်ားတြင္ အားနာျခင္းမ်ား ပါဝင္ေလသည္။ သူ၏ ေျခေထာက္က အလုံးစုံေတာ့ မေကာင္းေသးေပ။ အနည္းငယ္ လႈပ္ရွား၍ ရသည္ဆိုေသာ္လည္း ျပင္းထန္ေသာ လႈပ္ရွားမႈမ်ားလုပ္လွ်င္ေတာ့ ျပန္လည္၍ နာက်င္လာေပသည္။ ျပန္ေကာင္းလာသည့္ ေျခေထာက္မ်ားက သိပ္ၿပီးေတာ့ ေနသားမက်ေသး။

"ကိုယ္မင္းကို လ်ိဳ႕ဝွက္ထားမိတယ္၊ ကိုယ္အနည္းငယ္ေတာ့ လႈပ္ရွားႏိုင္ပါၿပီ"

ရသလင္း၏ မ်က္ဝန္းမ်ားက ေတာက္ပသြားေလသည္။ ဦးသူရဲ႕ ကံေကာင္းျခင္းကလည္း သူ႔ရဲ႕ ကံေကာင္းျခင္းပါပဲ။

"သိပ္ေကာင္းတယ္၊ ျပန္ေကာင္းလာတာ သိပ္ေကာင္းတာပဲ"

ေစသူရိန္၏ အားနာေသာ မ်က္ဝန္းမ်ားမွာ စိတ္ေက်နပ္မႈမ်ားျဖင့္ အစားထိုးသြားေလေတာ့သည္။ သူအခုမွ ရသလင္းႏွင့္ အရပ္ခ်င္းယွဥ္ရပ္လိုက္ေသာအခါ သူ႔ကိုပင္ ေက်ာ္တက္ေတာ့မည့္ အရပ္ႀကီးႏွင့္ ရသလင္းက ေကာင္းမြန္စြာ ႀကီးျပင္းလာေၾကာင္း သတိထားလိုက္မိသည္။ အရင္က ေသးေကြး၍ ပိန္လွီေနေသာ ထိုေကာင္ေလးက ျပင္းထန္ေသာ ေလ့က်င့္ေရးမ်ားေၾကာင့္ ပိုမိုေတာင့္တင္းလာသည့္ ခႏၶာကိုယ္ႏွင့္အတူ ရွည္လာၿပီျဖစ္ေသာ ဆံႏြယ္မ်ားကိုပင္ တစ္ဝက္စည္းယူထားေလသည္။

ေစသူရိန္၏ မ်က္ဝန္းထဲတြင္ ဂုဏ္ယူမႈမ်ားျဖင့္ ဖုံးလႊမ္းသြားၿပီးေနာက္ အၾကည့္မ်ားကို လႊဲလိုက္ကာ အေဆာက္အုံထဲသို႔ ဝင္သြားေလေတာ့သည္။ ရသလင္းက သူ႔အေနာက္ဘက္မွ လိုက္လာခဲ့ၿပီး ေစသူရိန္၏ ေျခေထာက္မ်ားကိုသာ အာ႐ုံစိုက္ေနကာ တစ္ခုခု လြဲေခ်ာ္သြားတာနဲ႔ ထိန္းေပးဖို႔ အဆင္သင့္ရွိေနေပသည္။

အေပၚဆုံးထပ္တြင္ေတာ့ လူအေယာက္ႏွစ္ဆယ္ေလာက္ ရွိေနၿပီး အခန္းေထာင့္နားတြင္ အ႐ိုက္ခံထားရသည့္ ဒဏ္ရာမ်ားျဖင့္ ဇြဲမင္းက လွဲေနေပသည္။ သံတိုင္ႀကီးတစ္ခုက ျမစ္ဘက္ကို အစြန္းထြက္ထားကာ ထိုတိုင္တြင္ေတာ့ အဂၢလင္းကို တြဲေလာင္းခ်ည္ထားေလသည္။

အခ်ိန္မေ႐ြး ျပဳတ္က်သြားႏိုင္ေသာ အေနထားျဖစ္ေသာ္လည္း အဂၢလင္း၏ မ်က္လုံးမ်ားမွာမူ တည္ၿငိမ္လ်က္ပင္။ ရသလင္းႏွင့္ ေစသူရိန္တို႔ ‌ေရာက္လာတာကို ျမင္သည့္အခါ သူ၏ ႏႈတ္ခမ္းမ်ားမွာ တုန္ရီလာေတာ့သည္။

ေနာက္ေက်ာကေန ဓားနဲ႔အထိုးခံလိုက္ရသည့္ ခံစားခ်က္မ်ိဳးက သူ႔ႏွလုံးသားထဲမွာ ထိုးေဖာက္ဝင္ေရာက္ေနသည္။ ဦးသူက သူ႔ဖခင္ကို သတ္ခဲ့သည့္ တရားခံပင္။ သူကေတာ့ စိတ္နဲ႔ ခႏၶာႏွစ္ပါးလုံးနဲ႔ ထိုလူအတြက္ အ႐ိုးေၾကေၾက အရည္ခမ္းခမ္း လုပ္ေဆာင္ေပးခဲ့သည္။ သို႔ေပမယ့္ ဦးသူအတြက္ေတာ့ သူတို႔ ညီအစ္ကိုက လက္နက္တစ္ခု၊ အသုံးခ်စရာ ပစၥည္းတစ္ခုကလြဲ၍ အဖိုးမထိုက္တန္ခဲ့ေပ။

"ဦးေနေရာင္"

ေစသူရိန္၏ အသံက စိုးရိမ္ပူပန္မႈမ်ားျဖင့္ ျပည့္ႏွက္ေနသလို အနည္းငယ္လည္း ေဒါသထြက္ေနေလသည္။

"မင္းေရာက္လာၿပီပဲ၊ အပိုေတြ မေျပာေတာ့ဘူး၊ ငါ့ကို ပစၥည္းေပးလိုက္မယ္ဆိုရင္ ဒီေနရာကေန ငါထြက္သြားလိုက္ၿပီး အရင္ သံေယာဇဥ္နဲ႔ မင္းကိုငါ အသက္ရွင္လ်က္ လႊတ္ေပးလိုက္မယ္"

ေစသူရိန္က ဦးေနေရာင္လိုခ်င္သည့္ ပစၥည္းကို ေသခ်ာေပါက္သိေလသည္။ ကိုအင္ဂိုဏ္း၏ အထြဠ္အျမတ္ျဖစ္သလို ရတနာသိုက္နဲ႔လည္း ညီမွ်သည့္ ထိုပစၥည္းသည္ ယခင္ဂိုဏ္းေခါင္းေဆာင္ ေသဆုံးသြားၿပီးေနာက္ ေပ်ာက္ဆုံးသြားေသာ ပစၥည္းျဖစ္သည္။

ထိုပစၥည္းမွာ ေသာ့တစ္ခုဟုသာ ဂိုဏ္းသားမ်ားက သိထားၿပီး အတြင္းစည္း ဂိုဏ္းသားမ်ားကေတာ့ ထိုပစၥည္းကို ျမင္ဖူးၾကေလသည္။ ဦးေနေရာင္သည္ကား ယခင္ဂိုဏ္းေခါင္းေဆာင္၏ ယုံၾကည္မႈကို အျပည့္အဝမရခဲ့သည့္အတြက္ အျပင္စည္းတပည့္သားမ်ားကိုသာ အုပ္ခ်ဳပ္ခဲ့ရၿပီး ထိုပစၥည္းမွာ မည္ကဲ့သို႔ ပုံစံမ်ိဳး ရွိသည္ကို မသိခဲ့ေပ။

ယခင္ဂိုဏ္းေခါင္းေဆာင္သည္ လူရင္းမ်ားကို ေသခ်ာစိစစ္ေ႐ြးခ်ယ္တတ္ၿပီး လူကဲခတ္လည္း လြန္စြာ ေတာ္ေပသည္။ ေခါင္းေဆာင္ ေလးဦးတြင္ ႏွစ္ဦးမွာ အတြင္းဂိုဏ္းကို အုပ္ခ်ဳပ္ရၿပီး က်န္ႏွစ္ဦးမွာ အျပင္ဂိုဏ္းကို အုပ္ခ်ဳပ္ရသည္။ 

အတြင္းဂိုဏ္းေခါင္းေဆာင္မ်ားသည္ ဂိုဏ္း၏ နက္နဲေသာ လ်ိဳ႕ဝွက္ခ်က္မ်ားကို သိရွိႏိုင္ၿပီး ေနာင္တြင္ ဂိုဏ္းကို ဆက္ခံရမည့္သူႏွင့္ အတြင္းစည္းမ်ားကိုပါ သိရွိႏိုင္ၿပီး ထိုအရာမ်ားကို ကာကြယ္ေပးပါမည္ဟု အသက္ကိုေရာ ဂုဏ္သိကၡာကိုပါ ေလာင္းေၾကးထပ္၍ က်ိန္ဆိုခဲ့ရေလသည္။

အတြင္းဂိုဏ္းေခါင္းေဆာင္မ်ားမွာ ေနသူရိန္၏ ဖခင္ႏွင့္ လ်ိဳ႕ဝွက္ေခါင္းေဆာင္တို႔ပင္ ျဖစ္ေလသည္။ သူတို႔ႏွစ္ေယာက္ကသာ ဂိုဏ္းအေၾကာင္းကို အတြင္းစည္းအထိ သိရွိေနသူမ်ားပင္။

ေခါင္းေဆာင္မရွိေတာ့သည့္ေနာက္ သင့္ေတာ္သည့္ ေခါင္းေဆာင္ကို မေ႐ြးခ်ယ္ႏိုင္ခဲ့လွ်င္ ထိုလူႏွစ္ဦးက ဆက္လက္၍ ဂိုဏ္းကို ထိန္းသိမ္းႏိုင္ေပသည္။ 

ထို႔ေၾကာင့္လည္း ေနသူရိန္၏ ဖခင္ ဦးေနေမာင္သည္ ေခါင္းေဆာင္ေသဆုံးၿပီးေနာက္ ဂိုဏ္သားေဟာင္းမ်ား အမ်ားအျပားကို သူ႔လက္ေအာက္ ျပန္လည္ရယူထားႏိုင္ကာ ဒုတိယကိုအင္ဂိုဏ္းအျဖစ္ EROS ဂိုဏ္းကို တည္ေထာင္ႏိုင္ခဲ့ျခင္းပင္။ ဤသည္ကပင္ သူဘာေၾကာင့္ ေစသူရိန္ကို ထိုစဥ္ မသတ္ပစ္ခဲ့သလဲဆိုသည့္ အေျဖလည္း ျဖစ္ေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ေစသူရိန္သည္ ဂိုဏ္း၏ ဆက္ခံသူအျဖစ္ ေ႐ြးခ်ယ္ခံထားရၿပီး သူသည္လည္း ေစသူရိန္ကို ကာကြယ္ရမည့္ တာဝန္ရွိေနလို႔ပင္။

သို႔ေပမယ့္ ေစသူရိန္ဆီမွာ ဂိုဏ္း၏ ဆက္ခံသူမွာ ရွိရမည့္ ပစၥည္းရွိမေနေတာ့ေၾကာင္းကို သိလိုက္ၿပီးေနာက္မွာေတာ့ ဦးေနေမာင္သည္ ပခုံးေပၚတြင္ မည္သည့္ တာဝန္ကိုမွ ထမ္းေဆာင္ထားျခင္း မရွိေတာ့ဟု သတ္မွတ္ၿပီးျဖစ္ေလသည္။

"ဦးေနေရာင္က ဘယ္ပစၥည္းကို ေျပာတာလဲ"

"ဘယ္ပစၥည္းကို ေျပာသလဲဆိုတာ မင္းေကာင္းေကာင္း သိပါတယ္ ေစသူရိန္"

ႏွစ္ေတြ အမ်ားႀကီး သူ႔အနားမွာ ရွိေနခဲ့တာက အဲ့ဒီ ပစၥည္းကို လိုခ်င္လို႔ပင္။ ထိုပစၥည္းက ကိုအင္ဂိုဏ္း၏ အသီးသီးေသာ မ်ိဳးဆက္မ်ားက ထားခဲ့ေသာ စည္းစိမ္ဥစၥာမ်ားကို ရယူႏိုင္႐ုံတင္မက ကိုအင္ဂိုဏ္းကိုလည္း ျပန္လည္ထူေထာင္ႏိုင္မည္ျဖစ္သည္။

သို႔ေသာ္လည္း ေစသူရိန္သည္ ဘယ္ေသာအခါမွ ထိုပစၥည္းအေၾကာင္းကို မဟခဲ့သလို ထိုပစၥည္းနဲ႔ ပတ္သတ္သည့္ အေၾကာင္းမ်ားကို ေျပာလွ်င္လည္း ေပ်ာက္ဆုံးသြားသည္ဟူ၍သာ ေျပာေလ့ရွိသည္။ ဦးေနေရာင္သည္ကား ေလာဘႀကီးသူ တစ္ဦးျဖစ္သည့္အေလ်ာက္ မည္မွ်ပင္ ေနရာရေနပါေစ ထိုမ်ားျပားလြန္းေသာ ရတနာမ်ားကို လိုခ်င္ေနဆဲပင္။

ေစသူရိန္၏ ေနာက္မွာေန၍ လုပ္အားကို ဂုတ္ေသြးဆုပ္ကာ ျပန္လည္ထူေထာင္လာသည့္ ကိုအင္ဂိုဏ္းငယ္ကို သူက ဦးစီးေနခဲ့သည္။ သို႔ေပမယ့္ သူကေတာ့ မတင္းတိမ္ႏိုင္ေသးေပ။

"အဲ့ပစၥည္းက ကြၽန္ေတာ့္ဆီမွာ မရွိဘူး၊ ခင္မ်ား ဒီတစ္ေလွ်ာက္လုံး ကြၽန္ေတာ့္ေဘးမွာ ဒုကၡခံခဲ့တာ အဲ့ဒီပစၥည္းေၾကာင့္ဆိုရင္ Sorry ခင္မ်ား ကုန္ခဲ့တဲ့ အခ်ိန္ေတြအတြက္ ႏွေျမာစရာပဲ"

ဦးေနေရာင္ကလည္း ထိုအေၾကာင္းကို ေမွ်ာ္မွန္းထားၿပီးသားပါ။ သူက ေဘးနားလူကို အခ်က္ျပလိုက္လွ်င္ ႀကိဳးကိုေခြထားသည့္ ဘီးလုံးကို တစ္ဖက္လူက ျဖည္းျဖည္းခ်င္း လွည့္လိုက္သည္။ ထိုအခါ အဂၢလင္းကို ခ်ည္ထားသည့္ ႀကိဳးသည္ တျဖည္းျဖည္းႏွင့္ ရွည္ထြက္လာေလသည္။ 

အကယ္၍မ်ား ထိုႀကိဳးေခြေျပသြားပါက အဂၢလင္းသည္ ျမစ္ထဲသို႔ ျပဳတ္က်သြားမည္ ျဖစ္ၿပီး ေရစီးႏွင့္အတူ ေမ်ာပါသြားမည္ ျဖစ္ေလသည္။

"ခင္မ်ား လုပ္ရဲလား၊ က်ဳပ္အစ္ကို တစ္ခုခု ျဖစ္လို႔ကေတာ့ က်ဳပ္သရဲျဖစ္သြားရင္ေတာင္ ခင္မ်ားကို ဂုတ္ကို မခ်ိဳးရမခ်င္း သာဓုေခၚမွာ မဟုတ္ဘူး နားလည္လား"

ရသက အေရွ႕ကို ေလွ်ာက္လာေတာ့ ဦးေနေရာင္၏ လူမ်ားက သူ႔ကို တားေလသည္။ သို႔ေသာ္ ထိုလူမ်ားမွာ ရသလင္းႏွင့္ ေတာက္ေလွ်ာက္ေလ့က်င့္လာခဲ့သူမ်ား ျဖစ္သည့္အေလ်ာက္ သူ၏ အင္အားကိုလည္း သိၾကေလသည္။ ထို႔ေၾကာင့္ သူတို႔ ေဆာင္လာေသာ ေသနတ္မ်ားကို ထုတ္လာခဲ့ေလသည္။

ေစသူရိန္၏ မ်က္လုံးမ်ားက ခ်က္ခ်င္းကို ေအးစက္သြားကာ ရသလင္းကို လက္ကဆြဲ၍ သူေနာက္မွာ ထားကာ ကာကြယ္လိုက္ေလသည္။

"ကိုအင္ဂိုဏ္းက ေသနတ္သုံးခြင့္မရွိဘူးဆိုတာ ခင္မ်ား နားမလည္ဘူးလား"

ဦးေနေရာင္က တဟားဟားရယ္ေလသည္။

"ေလာကႀကီးမွာ သူ႔ထက္ကိုယ္ ပိုၿပီး အင္အားႀကီးဖို႔ အၿမဲအၿပိဳင္အဆိုင္ ျဖစ္ေနၾကတာ၊ မင္းအေဖတုန္းကသာ ဒီလို အေရးမပါတဲ့ စည္းကမ္းကို မထုတ္ခဲ့ဘူးဆိုရင္ ငါတို႔ ဂိုဏ္းသားေတြ အဲ့ေလာက္အမ်ားႀကီး စေတးလိုက္ရမွာ မဟုတ္ဘူး"

ဦးေနေရာင္သည္ ေစသူရိန္၏ ဘက္သို႔ ေသနတ္ျဖင့္ ခ်ိန္လာသည့္အခိုက္တြင္ ေနာက္ထပ္ လူအုပ္စုလိုက္ႀကီးက ထိုတိုက္အေပၚထပ္သို႔ တက္လာၾကျပန္သည္။ 

လက္ထဲတြင္ေတာ့ ဓားရွည္မ်ားကို ကိုင္ေဆာင္ထားၿပီး ဦးေဆာင္လာသူက ဦးေနေမာင္ပင္။ သူ၏ ေနာက္တြင္ေတာ့ ေနသူရိန္ရွိေနၿပီး ထိုသူမ်ားက ရဲမ်ားႏွင့္ တိုက္ခိုက္၍ ယခုမွသာ သူတို႔ဆီ ေရာက္ရွိလာျခင္းပင္။

"ေနေရာင္၊ မင္း ဘာေတြ ႀကံစည္ေနသလဲ မသိေပမယ့္ မင္းလုပ္ေနတာေတြက ဂိုဏ္းအတြက္ မေကာင္းဘူးဆိုတာကိုေတာ့ငါသိတယ္၊ ဂိုဏ္းဆက္ခံသူတစ္ေယာက္ဆီက အျမတ္ထုတ္ဖို႔ ႀကိဳးစားေနတာ မင္းကိုယ္မင္း ကိုအင္ဂိုဏ္းသား ေျပာႏိုင္ေသးလားကြ"

ဦးေနေရာင္က ထိုစကားကို ၾကားေတာ့ တစ္ခ်က္ရယ္လိုက္ၿပီး ဦးေနေမာင္ကို စိုက္ၾကည့္လိုက္ေလသည္။

"ေနေမာင္၊ မင္း ေမ့ေနတာေတာ့ မဟုတ္ပါဘူးေနာ္၊ အရင္ဂိုဏ္းေခါင္းေဆာင္ကို သတ္ခဲ့တာ မင္းေလ၊ ငါက သူ႔ရဲ႕သားကိုေတာင္ ျပန္ကယ္ထားတာ ဟုတ္ၿပီလား၊ ဒုကၡိတကို ဂိုဏ္းတစ္ခုလုံး ေပးၿပီး အုပ္ခ်ဳပ္ခိုင္းမယ့္အစား ငါတာဝန္ယူလိုက္ေတာ့ ပိုေကာင္းမသြားဘူးလား"

သူတို႔အားလုံး တစ္ဖက္ကို စိတ္ေရာက္ေနသည့္ အခ်ိန္တြင္ တစ္ခ်ိန္လုံး ၿငိမ္ေနခဲ့ေသာ အဂၢမွာ လႈပ္ရွားလာခဲ့ၿပီျဖစ္သည္။ လက္ႏွစ္ဖက္မွာ ႀကိဳးျဖင့္ အခ်ည္ခံထားရတာေၾကာင့္ ေျခေထာက္ႏွစ္ေခ်ာင္းကသာ လႈပ္ရွားလို႔ ရေလသည္။ သို႔ေသာ္ သူမည္မွ်ပင္ ႀကိဳးစားပါေစ ဘယ္လိုမွ သံေခ်ာင္းကို မမီႏိုင္ေသးေပ။

ဇြဲမင္း ထိုအခ်င္းအရာကို အရင္ဦးဆုံး ျမင္သူျဖစ္ၿပီး နာက်င္မႈကို သည္းခံ၍ ျဖည္းျဖည္းခ်င္း ထလိုက္ကာ ဘီးလုံးကို ထိန္းေနသည့္ လူအနားကို ခ်ဥ္းကပ္သြားေလသည္။ 

ေနသူရိန္၏ မ်က္ဝန္းမ်ားက တစ္ခ်ိန္လုံး အဂၢလင္း အေပၚတြင္သာ ရွိေနခဲ့တာမို႔ တစ္ဖက္လူက လြတ္ေျမာက္ဖို႔ ႀကိဳးစားေနသည္ကို ျမင္သည့္အခါ လူတိုင္း၏ အာ႐ုံကို သူ႔ဆီဆြဲထားဖို႔ ႀကံ႐ြယ္လိုက္ေလသည္။

"ကြၽန္ေတာ္ၾကားခဲ့ရသေလာက္ေတာ့ အရင္ ဂိုဏ္းေခါင္းေဆာင္ ကြၽန္ေတာ့္အေမဆီ လာတဲ့ေန႔က ခင္မ်ားပါလာတယ္လို႔ၾကားတယ္၊ ေခါင္းေဆာင္ တကယ္ပဲ ကြၽန္ေတာ့္အေမအေပၚမွာ မေတာ္မတရား က်င့္ခဲ့တယ္ဆိုရင္ ခင္မ်ား ဘယ္ကို ေရာက္ေနခဲ့တာလဲ"

လူတိုင္း၏ မ်က္ဝန္းမ်ားက ဦးေနေရာင္ဆီကို က်ေရာက္သြားေသာအခါ ထိုလူ၏ မ်က္ဝန္းမ်ားမွာ ၾကင္နာမႈမ်ားကင္းမဲ့လ်က္ ေအးစက္မႈမ်ား အစားထိုးဝင္ေရာက္လာခဲ့ေလသည္။

အမႈစစ္ ဆရာဝန္တစ္ေယာက္၏ ဦးေႏွာက္က ထိုက်န္ရစ္ေနသည့္ ဟာကြက္ႀကီးကို ေဖာ္ထုတ္လိုက္ႏိုင္ၿပီး သူ႔ရဲ႕ ဦးတည္မႈဟာ ဦးေနေရာင္ ျဖစ္လာခဲ့ေလသည္။

Continue Reading

You'll Also Like

435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
396K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
771K 46.6K 30
A love contest between a boy who likes to kick football and a little doctor.