From The Blues- အချစ်သည် ဘဝ တ...

By NAYLA-24

272 34 0

"ကျွန်မ ရဲ့ ရင် တွေ ဘာကြောင့်ပူနေရတာလဲ ပင်လယ်ပြာ။ ရှင့်ကြောင့်လားဟင်။ အို မဟုတ်နိုင်ပါဘူးပင်လယ်ပြာ။ ကျွန်မ က... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅ [18+🔴]

Prologue(Unicode)

127 11 0
By NAYLA-24

"မိန်း ကလေး မိန်းကလေး သတိ သတိရလာပြီလား...."

မိုင်ထောင်ပေါင်း မြောက်မြားစွာ မှ ဝေ ဝါး စွာ လာခဲ့သော အသံ တို့ တစ်ဖြည်းဖြည်း နှင့် ခန္တာကိုယ်၏ အနားနားကို ရောက်လာသလို ခံစားရသည်။
အကြားအာရုံ တို့ ၏ အဓိက နေရာ သို့ သူတို့အဝေးကြီးတစ်နေရာ မှ လာနေကြသလို ခံစားနေရသည်။

"မိန်းကလေး.... မင်း ဘယ်လို ခံစားရလဲ..... အဆင်ပြေရဲ့လား.... သတိ ကောင်းကောင်းရလား....."

အသံ တို့သည် ရေလှိုင်း တွေ ကမ်းစပ် ဆီကို ပြေးပြေးဆောင့် နေသလို တိုးဝင်လာကြ၏။
"အို ကျွန်မ အိမ်မက် မက် နေသလား။'

ကျိန်းစပ် နာကျင် နေသော မျက်လုံး အစုံကို မရဲတစ်ရဲ ဖွင့်ကြည့် လိုက်မိသည်။
ရုတ်တရပ် အဝါရောင် အဝိုင်းကြီးတစ်ခု တိုးဝင် လာမှုကြောင့် ပြန်လှည် မှိတ်ချပြစ်လိုက်ရ၏။

တစ်စတစ်စ ရရှိလာသော အသိဥာဏ် တို့ အကြား တွင် နှာခေါင်း တွေ ဆီမှ ငါးညှီနံ့ကို ရနေသည်။
နေရောင် နှင့် အခြောက်လှန်းထားတတ်သော ငါးစိမ်းတို့ မခြောက်ခင် လာတတ်သော အနံ့။
ပုပ်အဲ့အဲ့ ထို အနံ့ အား  ရင်းနှီး နေ၍ သာ တော်ပေတော့သည်။

ရေလှိုင်းသံတွေလည်း ကြားနေရပါသည်။ ခတ်ဆတ်သောရေလှိုင်းသံ။ သာယာသောရေလှိုင်းသံ။
'အို ကျွန်မ ဘယ်ရောက်နေတာလဲ'

"မိန်းကလေး.... ဟေ့ ..."

ဒီတစ်ခေါက် ခေါ်သံ တွေသံ အရမ်းကိုနီးကပ်လွန်းလှသည်။
မျက်လုံးကို နောက်တစ်ကြိမ် ပြန်ပြီး မဲတင်းကာ ဖွင့်လိုက်တော့ မထည်ဝါလှသော ညိုညစ်ညစ် ထရံ မျက်နှာကျက် တစ်ခုကိုတွေ့ရ၏။
ထိုမျက်နှာကျက်အပေါ် ဆီမှ တွဲကျ နေသော အဝါရောင် မီးသီး တွဲလေးတစ်ခုက မျက်နှာတည့်တည့် ပေါ်သို့ ပြုတ်ကျတော့ မယောင်။

"အ... ကျွတ် ကျွတ်ကျွတ်"

ခန္တာကိုယ် အနှံ့အပြားမှ ထွက်ပေါ်လာသည့် နာကျင်မှုကြောင့် ကျွန်မ မျက်နှာ ကို ရှုံ့မဲ့ရင်း မျက်လုံးကိုပြန်လည် မှေးမှိတ်ချလိုက်မိပြန်သည်။
သို့သော် တွဲထူ လာသည့် သန်မာ သော လက်မောင်းတစ်စုံကြောင့် မျက်လုံးတွေပြန်ပွင့်လာရ၏။

"ရေ .... ရေဆာလိုက်တာ...."

"ဟော! ရေဆာတယ် တဲ့ ဖိုးထူး သွားခပ်ပေးလိုက်စမ်း!"

"ဖိုးထူး"

ကျွန်မ နားထဲ တွင် ကြားလိုက်ရသော အသံကို ပြန်လည် ၍ ပဲ့တင်ထပ် ရေရွတ်လိုက်မိပါသည်။
ယခုတော့ မျက်လုံးလဲ ကောင်းစွာဖွင့်လို့ရပြီဖြစ်သောကြောင့် ဘေးပတ်ပတ်လည်အား လိုက်၍ ကြည့်နေမိသည်။
မကြာခင် မှာပင် ဖိုးထူးဆိုသူ ယူလာပေးသည့် ရေတစ်ခွက်အား အငမ်းမရ မော့သောက် ချလိုက်တော့ အတော် အတန်အားအင်ပြည့်ဖြိုးသွားသလိုခံစားလိုက်ရသည်။
ခါးနေသော ပါးစပ် တွေ ပြန်လည်၍ ချိုမြသွား၏။
ခြောက်နေသော အာခေါင် တွေ ပြန်လည်၍ စိုစွတ်သွားခဲ့သည်။

"အ အဟွတ်!!"

"ဖြေးဖြေး သောက်မှပေါ့ မိန်းကလေးရယ်..... မင်းဘယ်လို နေသေးလဲ သက်သာရဲ့လား....."

ကျွန်မ ကို ပွေ့ထားသည့် သူရဲ့ မျက်နှာ ကို ကျေးဇူးတင်စွာ မော့ကြည့်လိုက်မိပါသည်။
အသားအရည်ညိုမောင်းလှသော်လည်း စိုပြည် လှသည့် မျက်နှာပိုင်ရှင်။
လခြမ်းသဏ္ဍာန် ကော့ညွှတ် နေကြသည့် မျက်ဝန်း တွေက ညှိုးမှိန် နေသယောင် ဖြစ်သော်လည်း စူးရှတောက်ပ လှသော စေတနာ မျက်ဝန်းများ။
လျော့ရဲ နေသော်လည်း ကျန်းမာနေသေးသေည့် အရည် ပြားများ။

ကျွန်မ ထင်တာ မှန်ပါလျှင် ဖေဖေ့ နီးပါး အသက်အရွယ်လောက် ရှိမည် မှန်သော်လည်း ဖေဖေ့လို တော့ ရောဂါ တွေ ရှိနေပုံမရသည့် ဦးလေးကြီးတစ်ဦးပါပင်။
ကျန်းမာသန်စွမ်းသည့် ဦးလေးကြီးတစ်ယောက်ပါပင်။

"ဖေဖေ"

'ဟင်!! သူ!!'

"သူ သူ ဘယ်မှာလဲ...."
ကျွန်မ နာကျင် မှု တွေကို ဂရု မစိုက် နိုင်ပဲ ထို ဂရုဏာရှင်ဦးလေးကြီး၏ လက်ထဲ မှ ရုန်းထွက်လိုက်မိပါသည်။
ဖေဖေလို့ စဥ်းစား မိကာ မှ ကျွန်မ အနား မှာ သူမရှိသည့် အဖြစ်ကို သတိ ရသွား မိရသည်။

အိုကျွန်မ ညံ့လိုက်တာ။ ဘာဖြစ်လို့ ကျွန်မ
ကိုယ့်နာကျင် မှုကိုယ် ဒီလောက် အချိန်ပုတ်ခံပြီး ခံစားနေမိပါလိမ့်။

အရေးကြီးတာက သူ။ ကျွန်မဘေးမှာ အရိပ်လို ရှိခဲ့သည့် သူ။

ကျွန်မ ရင် တွေပူ လာပါပြီ။ ခုနကထက် အစပေါင်းမြောင်မြားစွာအောင် ပိုပြီးနာကျင်လာရင်း ကျွန်မ ရဲ့ ရင် တွေဟာ ပူလောင်လာရပါပြီ။

ကျွန်မ အတင်း ကုန်းရုန်းကာထလိုက်သည်။

"မိန်းကလေး... ဘာ ဘာဖြစ်တာလဲ...."

"ရှန် ထမှ ဖြစ် မယ်..... ရှန် ထကို ထရမယ်..သူ သူ ဘယ်မှာလဲ....."

" ဘယ်သူလဲ...."

ဂရုဏာရှင်ဦးလေးကြီးက သူမ ၏ အားအင် ချိနွဲ့နေသော ခန္တာ ကိုယ်ကို ပြန်လည် ထိန်းထားရင်း မေးပါသည်။
ကျွန်မ ရအောင် ထထိုင်ရင်း ထရံ ပြတင်းပေါက်လေးမှ မြင်ရသည့် ပင်လယ်ပြင်ဘက်ကို လက်ညှိုးထိုးပြလိုက်မိသည်။

" သူ သူ ပင်လယ် ပြာ....."

" ဟင် .... ပင် လယ်ပြာဆိုတာက...."

" ဦး ဦးလေး .... ရှန့်ကိုပြောပါနော်..... ရှန့်ကိုပြောပြပါနော်..... ရှန့်ကို ရှန့်ကိုဘယ် မှာတွေ့တာလဲဟင်.... ပြီးတော့ ရှန် တစ်ယောက်ထည်းလား..."

ဦးလေး ကြီး မျက်မှောင်ကျုံ့ရင်း ခေါင်းကိုတစ်ဆတ်ဆတ် ညိမ့်ရှာပါသည်။
ကျွန်မ ကြောင့် အာရုံ နောက်သွားပြီထင်၏။
သို့သော် ဦးလေးကြီး၏ တစ်ယောက်ထည်း တွေ့တယ် ဟု အတည်ပြုပေးလိုက်ခြင်းကြောင့် ကျွန်မ ရဲ့ ရင် တွေက နှစ်ဆပို၍ ပူလောင်သွားရပြန်သည်။

" အို ရှန်  တစ်ယောက်ထည်း....ဒါ ဒါဆို ပင်လယ်ပြာရော..... ပင် ပင်လယ်ပြာရော ဟင်....ဟင် ဦးလေး"

" မင်းမေးနေတဲ့ ပင်လယ်ပြာဆိုတာက လူ
နာမည်လား ဒါမှ မဟုတ် အရှေ့ မှာရှိတဲ့ ပင်လယ်လား..... လူမဟုတ်ရင် တော့ ဟို မင်းအရှေ့ တည့်တည့်မယ် ပင််လယ်ကြီးက ရှိနေသားပဲ...."

" မ မဟုတ်ဘူး ဦးလေး .... လူ လူပါ.... သူ သူ့နာမည် က ပင်လယ်ပြာပါ..... "

ဦးလေးကြီးက ကျွန်မ ရဲ့ မျက်နှာကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားပုံ ပေါ်လေသည်။
ကျွန်မ ပါးပြင်ပေါ်သို့ မျက်ရည် တွေအလိုလိုစီးကျလာရသည်။
စိတ်ပူသည့်ဇော ။ လတ်တလော ဘာကိုမှစဥ်းစား၍ မရပဲ ပင်လယ်ပြာ ကိုစိတ်ပူသည့် ဇောကြောင့်ပင်။

" အေး မိန်းကလေး.... ဦးလေး ကမ်းစပ်မှာမြင်တာတော့.... မင်းတစ်ယောက်ထည်းပဲ.....
ဘယ်သူမှ ထပ်မပါ လာဘူး.... ဒါပေမဲ့.... တစ်ခု တော့ ရှိတယ်..."

" ဘာ ဘာ လဲဟင်...."

ဦးလေးကြီးက ကျွန်မကို တွဲထားရာမှ ခဏ လွှတ်ကာ တဲအိမ်လေး၏ တစ်နေရာသို့လျှောက်သွား၏။
နားထဲ တွင် ပင်လယ်ကြီးဆီမှ လှိုင်းပုတ်သံ သဲ့သဲ့ ကလေးကိုကြားနေရပါသည်။
အဖြူရောင် ဇင်ယော် တို့၏ တောင်ပံခတ်သံ များလည်း ပါ၏။

သို့သော်ကျွန်မ ထိုအသံများကို မခံစားနိုင်။ လှပလိုက်တာဟု မချီးကျူးနိုင်ပါ။
ကိုက်ခဲလွန်းလာသော ကိုယ့်ခေါင်းကိုသာ တစ်ဖုန်းဖုန်း ထုမိရင်း မြင်နေရသော စိမ်းပြာရောင်ပင်လယ်ရေလှိုင်းတွေအားကြည့်ကာ ဝမ်းနည်းလွန်းလာရသည်။

"ဒါလေး က မင်းရဲ့ လက် ထဲ မှာကျစ်ကျစ် ပါအောင် ဆုပ်ထားခဲ့ တဲ့ အရာလေး ပဲ မိန်းကလေး..... "

"ဟင်!"

အသံနှင့်အတူ ဦးလေးကြီးထည့်ပေးလာသော အရာလေးကိုမျက်ရည် တို့ကြားမှ ဝေဝါးစွာကြည့်မိသည်။
ကျွန်မ ရဲ့ ဖြူနုတဲ့လက်ဖဝါးပေါ်မှာ ရှိနေတာ က ဓားကလေးတစ်ချောင်း။
ဆွဲကြိုးနှင့် ချိတ် ဆတ်ဝတ်ဆင်ရသည့် ဓားသေးသေး လေး တစ်ချောင်း။
ရွှေအစစ် ဖြင့်ပြုလုပ်ထားသောအရာကလေး။
လက်မ လောက်သာရှိသော အရာကလေး။

"မှတ်ထား.... အဲ့တာ မင်း အတွက် ကာကွယ် ခြင်းပဲ ရှန် နီ....
အဲ့တာ ငါ့ရဲ့ ကိုယ်ပွားပဲ..... မင်းက အားနည်းလွန်းတယ်.... နုနယ်လွန်းတယ် ရှန် နီ..... ဒါလေးကို အခုအချိန် ကစပြီးဆုပ်ကိုင်ထား...... ဘယ်တော့ မှ မလွှတ်လိုက် နဲ့ ...... "

" အို ... အို!!"

ကျွန်မ မည်မျှပင် ကိုယ်ခန္တာ တွေနာကျင် နေသည်ဆိုစေဦး။
ထိုင်နေရာ မှဝုန်းခနဲထ၍ ပင်လယ် ဆီသို့ ပြေးသွားလိုက်မိပါသည်။
လေတို့တစ်ဖြူးဖြူး ကျွန်မဆီကို တိုးဝင်နေသည်။

ကျွန်မ ကို ကမ်းစပ် ရှိ လူတွေအကုန်ဝိုင်းကြည့် ကုန်ကြပြီ။
သဲပြင် နုနု တို့ထက် တွင် နက်ရှိုင်းစွာပြေးနေသော ကျွန်မရဲ့ခြေရာ တွေ နစ်ဝင်ကျန်ရစ်ခဲ့ပြီ။
သို့သော် ကျွန်မ ဘာကိုမှ မသိတော့ပါ။

ယုတ်စွအဆုံး ကျွန်မရဲ့ကိုယ်ပေါ်မှာ အင်္ကျီ တစ်ထည် လုံချည် တစ်ထောင်တောင် ပါရဲ့လားဆိုတာကို ပင် ကျွန်မ မသိနိုင်တော့ပါ။
ကျွန်မ သိသည်က ခြေလှမ်းတွေ။

ပင်လယ်ကြီး ကို ရင်ဆိုင်ပြီးပြေးနေတဲ့ကျွန်မ ရဲ့ခြေလှမ်း တွေ။

ထိုခြေလှမ်းများ ထဲ တွင် ကျော့မော့ ဝင်းဝါသည့် ခြေဖဝါးတစ်စုံ နှင့် မိန်းမ ဝတ် ကတ္တီပါဖိနပ်ကလေးများ လည်းပါသည်။

ခက်ထန် မာကျော နေသော မျက်နှာ တစ်စုံလည်း ပါသည်။

ဖေဖေ့ရဲ့ အသံတွေလည်း ပါသည်။
ထို့အတူ သူ့ရဲ့ အသံ တွေလည်း ။ သူ့ရဲ့ အသံများသည်လည်း။

လှိုင်းလုံးတွေက လာပါလာပါဟု ကျွန်မ ကိုဆွဲခေါ်နေကြပြီ။
ကျွန်မ သူတို့ ဆီကိုပဲသွားရမည်။

ကိုယ့်ဘဝ ကို အဆုံးသတ်ဖို့တော့ မဟုတ်။

ထိုသူကိုရှာတွေ့ဖို့။ သူမကို ရှာတွေ့ဖို့။

ပင်လယ်ပြာကို ရှာ တွေ့ဖို့။

ပင်လယ်ကိုရှာတွေ့ဖို့။

"ပင်လယ် .... ပင်လယ်.... ပင်လယ်!!!!"

************************************

SunMoon

ခင်ဗျား လေးတို့အံ့ဩ နေကြပြီလားဗျာ။
တတိယမြောက်ကျွန်တော့် ရဲ့ ဝတ္ထုက Girls love ဖြစ်ပါတယ် နော်။

ရှည်ရှည် ဝေးဝေး မပြောတော့ပါဘူးဗျာ။
ဝင်ပြီးတော့ ခံစားပေးကြပါဦး ။ ကျွန်တော် နဲ့ အတူတူ လိုက်ခဲ့ပေးကြပါဦးနော်။
နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့ကစလို့ part 1 ကိုတင်ပါမယ်ခင်ဗျာ။

သဘောကျရင် like and comments လေးနဲ့ အားပေးခဲ့ပါလို့ တောင်းဆိုချင်ပါတယ်ဗျာ နော်။


ဒါက ကျွန်တော် ကိုယ်တိုင်ဆွဲခဲ့တဲ့ Arts လေးတွေပါ ဒါလေးကို cover ထားရမလားဒါမှမဟုတ် အခုထားထားတဲ့ ရှင်းရှင်းလေးကိုပဲ ထားရမလားမသိတော့ပါဘူးဗျာ။
အပန်းမကြီးရင် အကြံဥာဏ် လေးပေးခဲ့ပါဦးနော်။





Continue Reading

You'll Also Like

110M 3.4M 115
The Bad Boy and The Tomboy is now published as a Wattpad Book! As a Wattpad reader, you can access both the Original Edition and Books Edition upon p...
4.2M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.5M 147K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
632K 22.3K 40
Emma was raised to be the perfect luna. She's caring and sweet, feisty and protective. Her pack loves her and she them. Everything changes on her se...