အခန်း ၄

79 5 0
                                    

"ပင် ပင်လယ်…. "

"ဒုန်း!! "

"ငါ့ကို အဲ့ဒိလို ထပ် မခေါ်နဲ့‼! "

"ပင်လယ်..... "
"
ငါကိုက မှားတာ!!! ငါကိုက မှားတာ!!! မင်းလို မိန်းမ မျိုးဆီက နေ ငါ့အပေါ် စာနာမှုလေး များရနိုင်မလားလို့တွေးမိတဲ့ငါကိုက မှားနေတာ!!! "

"ဖြောင်း!!! "

"ပင်လယ်!!!"

ပြောလဲပြော ၊သူ့ပါးသူလဲ  ဖြောင်းခနဲမြည်အောင်ရိုက်ကာ၊အခန်း တံခါးကိုပါဒေါသ တကြီး ထိုးချလိုက်သော ပင်လယ်ကြောင့် ကျွန်မ အလွန်အမင်း ထိတ်လန့်သွားရရင်း သူ့လက်တွေကို ဆုပ်ကိုင် တားရန် ကြိုးစားလိုက်သည်။

သို့သော် ကျွန်မသည် သူ့ရဲ့ ပြန်လည် ရုန်းကန်အားကို မလွန်ဆန်နိုင်ပါပဲ အနောက်ကို ယိုင်သွားရလေသည်။
အားသန်လွန်းသော ပင်လယ်ပါပဲ။
ဒါပေမဲ့ ကျွန်မလဲ အရှုံးတော့မပေးပါ။ နောက်တစ်ကြိမ် အတင်းဝင်ဆွဲတော့ ကိုယ့်ကိုယ်ကိုယ် ထပ်ရိုက်ရန် ပြင်နေသည့်ပင်လယ့်၏ လက်ကိုမိမိရရ ဆုပ်ကိုင်သွားနိုင်ခဲ့၏။
သူက ကျွန်မကို ရွံရှာစွာကြည့် ရင်း အံကိုတင်းတင်းကြိတ်ထားလေသည်။
သူ့ရဲ့မျက်လုံးအိမ်တွေက နီရဲ စိုတောက်လို့။ အသက်ရှူသံကပြင်းနေပုံမှာ ကျွန်မ ရဲ့ဆံပင်တွေတောင် လှုပ်ရှားသွားရသလိုပင်။

သူကျွန်မ ကိုကြည့်ရင်း မျက်ရည် တွေစီးကျလာ သည်။
မချိတင်ကဲခံစားချက်မျိူး ဖြင့် သူ့မျက်လုံးတွေအရောင်ပြောင်းသွားကြသည်။
ခုနကထက်ပိုသောထိတ်လန့် မှုမျိုးဖြင့်ကျွန်မ သူ့လက်ကို နှစ်ဆပိုဆုပ်လိုက်မိရင်း….

"ပင် ပင်လယ်.... ငို ငိုနေတယ်….. တို့ တို့ မှားသွားပါတယ် ပင်လယ်ရယ်…. တစ်ကယ်ပြောတာပါ…. တို့ တစ်ကယ် ကို တစ်ကယ်ကို သတိ သတိတောင် မထားလိုက်မိခင်မှာပဲ…."

"တော်တော့ !!!! မင်းငါ့ကိုထပ်ပြီးဒုက္ခ မပေးနဲ့တော့!!! မင်းငါ့အပေါ် ကျွန်လိုပဲဆက်ဆံလက်စနဲ့ ကျွန်လိုပဲဆက်ဆံလိုက်ပါတော့!!! ငါ့အပေါ်မှာကောင်းပေးပြီးငါ့ကို အရူးဖြစ်အောင် မလုပ်ပါနဲ့တော့!!! အနာပေးလိုက် ဆေးပေးလိုက် မလုပ်ပါနဲ့တော့!!!"

From The Blues- အချစ်သည် ဘဝ တွင် တစ်ကြိမ် တစ်ခါသာ သင့်ထံ လာတတ်၏။ Where stories live. Discover now