Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-49

407 66 9
By ANyein_26



ဤနေ့လယ်စာသည် ရှန့်ချန်ခုန်း၏အိမ်တွင် ရွှီလျန်စားဖူးသမျှထဲ၌ အသက်ဝင်ဆုံးသောအစားအစာဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန့်နွမ်က ခါတိုင်းထက် စကားပိုပြောရုံသာမက ယခင်က စကားတစ်ခွန်းမှမပြောဖူးသော ဝမ်းရှုလီပင်လျှင် စကားအနည်းငယ်ပြောလာခဲ့သည်။

အစားအသောက်က လူတိုင်းကိုကျေနပ်စေတယ် ၊ ညစာစားပြီးနောက် ရှန့်နွမ်က ပန်းကန်ဆေးရန်အတွက် မီးဖိုချောင်ထဲသို့ ဦးစွာပြေးသွားခဲ့သည်။ ဝမ်းရှုလီကမူ သူမ၏ပုံမှန်အချိန်ဇယားအတိုင်း အိပ်စက်အနားယူရန် သူမအခန်းသို့ ပြန်သွား၏။ နောက်ဆုံးတွင် ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့နှစ်ယောက်သာ ဧည့်ခန်းထဲတွင် အတူတူကျန်ရစ်ခဲ့သည်။

ရှန့်ချန်ခုန်းက လိမ္မော်သီးတစ်လုံးကိုကောက်ယူလိုက်ပြီး ရွှီလျန်အား ထပ်မံမေးလိုက်ပါ၏။

"မင်း တစ်လုံးလောက်စားချင်လား"

ရွှီလျန် သူကိုင်ထားတဲ့လိမ္မော်သီးကို ကြည့်လိုက်၏။ အဝါရောင်ရှိပြီး အတော်လေးချိုမည့်ပုံ.. ရွှီလျန်က သူ့အမေးကိုတုံ့ပြန်ရန် ရိုးရှင်းစွာ ပြုံးပြလိုက်သည်။ ရှန့်ချန်ခုန်းသည်လည်း ပြန်ပြုံးပြပြီး သူမအတွက် လိမ္မော်သီးကိုအခွံနွှာပေး၏။

ရှန့်ချန်ခုန်းက ဓားကိုင်ရာတွင် အတွေ့အကြုံများစွာရှိသောကြောင့် လိမ္မော်သီးခွံနွှာရခြင်းက သူ့အတွက် လွယ်ကူလှသည်။ လိမ္မော်ခွံက ဖြည်းဖြည်းချင်း ရှည်မျောမျောဖြစ်လာရာ တစ်ချက်တည်းဖြင့် အခွံခွါသွားခဲ့၏။ မကြာမီမှာပင် လိမ္မော်သီး၏မွှေးရနံ့က လေထဲသို့ စိမ့်ဝင်ပျံ့နှံ့လာပါသည်။

ရှန့်ချန်ခုန်း လိမ္မော်သီးနှစ်လုံးကို အခွံခွာပြီး သစ်သီးပန်းကန်တစ်ချပ်ပေါ်တွင် တင်ပြီးနောက် ပန်းကန်ပြားကို ရွှီလျန်ဆီသို့ တွန်းပေးလိုက်သည်။ ရွှီလျန် ပန်းကန်ပြားကို ကြည့်လိုက်ပြီးနောက် တစ်စိတ်ကောက်ယူလိုက်သည်။ သူမ စိတ်ကူးထားသည့်အတိုင်း ချိုမြိန်၏။ လိမ္မော်သီးစားပြီးနောက် ရွှီလျန်က သူမလက်ကို တစ်ရှူးဖြင့်သုတ်ပြီးနောက်

"ကျွန်မ ဆိုင်ကိုပြန်သွားရမယ် အရင်သွားနှင့်တော့မယ်နော်"

ရှန့်ချန်ခုန်းသည် သူမ ဒီလောက်စောစောကြီး ပြန်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အံ့အားသင့်သွားပြီး သူက

"ခဏလောက်ထိုင်ပြီး အနားမယူချင်တော့ဘူးလား"

"မဟုတ်ပါဘူး ကျွန်မ မကြာသေးခင်က နိုင်ငံခြားကိုသွားထားတာဆိုတော့ ကျွန်မမှာ အလျင်မီအောင်လုပ်ရမဲ့အော်ဒါတွေ အများကြီးရှိနေတယ်"

ရွှီလျန် မတ်တပ်ထရပ်ပြီး သူမအိတ်ကို ပခုံးပေါ်လွယ်လိုက်သည်။ ရှန့်ချန်ခုန်းလည်း သူမအနောက်မှလိုက်၍ မတ်တပ်ထရပ်၏။ ခဏကြာပြီးနောက် ထိုသူက

"ဒါဆို ကိုယ် မင်းကို အောက်ထပ်လိုက်ပို့ပေးမယ်"

"အင်း"

သူတို့နှစ်ယောက် အတူတူထွက်သွားကြသည်။ သူတို့နှစ်ယောက် မီးဖိုချောင်တံခါးမှ ထွက်လာသောအခါ ရှန့်နွမ်က မြင်သွားပြီး လှမ်းမေးလာခဲ့၏။

"အစ်ကို ရွှီလျန်ကျဲနဲ့ အပြင်သွားမလို့လား"

ရှန့်ချန်ခုန်း ဖိနပ်တစ်ရံပြောင်းစီးလိုက်ပြီး

"အင်း ငါ သူ့ကို အောက်ထပ်ကိုလိုက်ပို့မလို့"

"အိုး ကောင်းပါပြီ"

ရှန့်နွမ်အနေဖြင့် သူမအစ်ကိုကြီးက ရွှီလျန်ကို နောက်ဆုံးအကြိမ် ပြန်လိုက်ပို့တဲ့အချိန်တုန်းက နောက်နေ့အထိ အိမ်ပြန်မလာခဲ့ကြောင်းကို မမေ့သေးပေ။

ရှန့်ချန်ခုန်း သူမတွေးနေသည့်အရာကိုသိသော်လည်း ကိုးရိုးကားရားဖြင့်သာ ပြန်လှည့်လာပြီး ရွှီလျန်ကို အိမ်ရှေ့တံခါးဖွင့်ပေးလိုက်၏။

"သွားရအောင်"

သူတို့နှစ်ယောက် ဤကျဉ်းမြောင်းသောစင်္ကြံကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ခဲ့ကြသော်လည်း ရှန့်ချန်ခုန်းအတွက် ဤမျှအဆင်မပြေခံစားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ရွှီလျန်က စကားမပြောဘဲ ရှန့်ချန်ခုန်းသည်လည်း ဤအငွေ့အသက်ကိုချိုးဖျက်ရန် စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခုကို ရှာဖွေရန် အလုပ်များနေပါသည်။

သို့သော် သူ ဘာမှမစဉ်းစားမိခင်မှာ သူ့ဘေးနားတွင်လျှောက်နေသော ရွှီလျန်က ရုတ်တရက် ကိုယ်ယိမ်းသွားပြီး သူ့ပေါ်သို့လဲကျလာခဲ့သည်။ ထိတ်လန့်သွားပြီး ရှန့်ချန်ခုန်း သူမကို ထိန်းထားပေးလျက် မေးလိုက်၏။

"အဆင်ပြေရဲ့လား?"

ရှန့်ချန်ခုန်း သူမခါးပေါ် လက်တင်ထားပြီး အောက်ကိုငုံ့ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်နေတာကြောင့် ရှန့်ချန်ခုန်း သူမရဲ့အသက်ရှုသံကို ခံစားနေရ၏။

ရွှီလျန် သူမခါးပေါ်ကလက်တွေကြောင့် ပူလောင်လာရသည်။ သူမ မြန်မြန်ဆန်ဆန် ရိုးရိုးတန်းတန်း ပြောလိုက်၏။

"ဘာမှမဟုတ်ပါဘူး ကျွန်မခြေထောက် နည်းနည်းလေး လိမ်သွားရုံပါပဲ"

ရှန့်ချန်ခုန်းက သူမကိုထိန်းပေးထားသည့်လက်ကို ဖြေလျော့ပေးလိုက်သော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲ။

"အာ... မင်းဖိနပ်ဒေါက်ကမြင့်နေတယ် လမ်းလျှောက်ရင်သတိထားနော်"

"အင်း"

ဤတိုတောင်းလှသောဖြစ်ရပ်အပြီးမှာတော့ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် အောက်ထပ်ကိုဆက်လျှောက်သွားကြလေသည်။ သို့သော်လည်း ရွှီလျန်မှာ သူမကားဆီသို့ သွားနေစဉ်တစ်လျှောက်လုံး မိုးခြိမ်းသံအလား နှလုံးခုန်သံကိုကြားနေရကြောင်း ခံစားနေရ၏။ ၎င်းက ဘယ်သူ့ရဲ့နှလုံးခုန်သံမှန်း သူမ မသိဘူး။

ရွှီလျန် သူမကားထဲဝင်သွားပြီး ရှန့်ချန်ခုန်းက အပြင်တွင်ရပ်ကာ သူမ ထိုင်ခုံခါးပတ် ပတ်လိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။ သူ့လက်ကိုမြှောက်ပြီး ပြတင်းပေါက်ကို ပုတ်လိုက်၏။ ရွှီလျန်က ပြတင်းပေါက်မှန်ချလာပြီး

"တစ်ခုခုရှိသေးလို့လား"

ရှန့်ချန်ခုန်း ပြုံးပြီး

"ကိုယ် မနက်ဖြန် မင်းဆီ အစားအသောက် ယူလာပေးမယ်"

"ကောင်းပါပြီ"

"ဂရုတစိုက်မောင်းပြီး အလုပ်နားချိန်မှာ အနားယူပါ"

"ကျွန်မ သိပါတယ်"

ရွှီလျန် ရှန့်ချန်ခုန်း၏အကြည့်ကို တမင်ရှောင်ပြီး သူမ၏ထိုင်ခုံခါးပတ်ကို ချိန်ညှိလိုက်သည်။

"စာကောင်းကောင်းလုပ်"

ရှန့်ချန်ခုန်း၏အပြုံးက နက်ရှိုင်းလာပြီး ခေါင်းညိတ်လိုက်သည်။

"အင်းပါ ကိုယ် နေ့တိုင်း စာလုပ်ပါတယ်"

"ကောင်းပြီ ကျွန်မ သွားတော့မယ်နော်"

ရွှီလျန် ကားပြတင်းပေါက်ကိုပိတ်ကာ မောင်းထွက်သွားတော့သည်။

သူမ သူ့အိမ်ရာဂိတ်မှထွက်လာရင်း ရွှီလျန် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ အချိန်ခဏလောက် ရှန့်ချန်ခုန်းနဲ့ သိပ်မနီးကပ်ဖူးတာကြောင့်လားမသိ ၊ ဒါပေမဲ့... သူမခါးတစ်ဝိုက်က ရိုးရိုးရှင်းရှင်း လက်လေးတစ်ဖက်ကပင် သူမကို ပျော့ပျောင်းသွားစေခဲ့သည်။ ရှန့်ချန်ခုန်းက သူမနှင့်စကားပြောရန် ပြတင်းပေါက်ဘက်သို့ မှီလိုက်သောအခါ သူ့အနီးအပါးတွင် သူမနှလုံးခုန်သံများ ကျယ်လောင်လာခဲ့သည်။

သူမ အထက်တန်းကျောင်းတက်တုန်းကတော့ သူမရဲ့အတန်းဖော်တွေက သူမကို အေးတိအေးစက်မိန်းကလေးလို့ ပြောကြတယ်။ ဝေ့ရိချန်သည်ပင် တစ်ချိန်က သူမအား အေးစက်သော ကိုယ်ရည်ကိုယ်သွေးရှိသူဟု ပြောခဲ့ဖူးသည်... ယခု သူမတစ်ယောက်ချင်းစီတိုင်းကို ပြောပြလိုက်ချင်တယ် — နင်တို့မှားနေပြီ!

ရှန့်ချန်ခုန်း ရွှီလျန်ရဲ့ကားကို သူ့မြင်ကွင်းထဲက မပျောက်မချင်း ဘတ်စကတ်ဘောကွင်းတွင် ရပ်နေခဲ့သည်။ သူအိမ်ပြန်ရောက်သောအခါ ရှန့်နွမ် အလွန်အံ့ဩသွား၏။

"အစ်ကို တစ်ခုခုမေ့ခဲ့လို့လား"

"......."

ရှန့်ချန်ခုန်း အိမ်တွင်းစီးဖိနပ်တစ်ရံကို ပြန်ပြောင်းစီးလိုက်ပြီး

"ငါ သူမကို အောက်ထပ်လိုက်ပို့ပေးမယ်လို့ပဲ ပြောခဲ့တာပါ"

"အဲဒါဆို?"

"အင်း သူမ ပြန်သွားပြီလေ အဲဒါကြောင့် ငါပြန်လာတာ"

"......."

ရှန့်နွမ် ဘာစကားမှမပြောနိုင်တော့ဘူး။

"အစ်ကို အစ်ကိုရဲ့ခန္ဓာကိုယ် အဆင်ပြေရဲ့လား"

ရှန့်ချန်ခုန်း : ".........."

ရှန့်နွမ်က  သူ့အမူအရာကိုမြင်ပြီး သူ့ကို အားပေးရန်ကြိုးပမ်းလိုက်၏။

"ကိစ္စမရှိပါဘူး၊ အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိလိမ့်မယ်!"

ရှန့်ချန်ခုန်း : ".........."

ရှန့်နွမ်က သူနဲ့ရွှီလျန် နမ်းနေတာကို ယခင်က မြင်ဖူးသော်လည်း ရှန့်ချန်ခုန်းအနေနှင့် ယခင်က သူမအား ဤအရာများကို မသင်ပေးခဲ့ဖူးကြောင်း သေချာပါသည်။

"ပန်းကန်တွေဆေးပြီးရင် စာမေးပွဲစာရွက်တွေကို ငါ့အခန်းထဲယူလာခဲ့"

ရှန့်ချန်ခုန်း ဤစကားတစ်ခွန်းသာပြောပြီး သူ့အခန်းထဲကို လျှောက်သွား၏။

ရှန့်နွမ် : ".........."

*****

နောက်တစ်ပတ်မှာတော့ ရှန့်ချန်ခုန်းက ရွှီလျန်ဆီကို နေ့တိုင်း နေ့လယ်စာ ယူလာပေးခဲ့သည်။ သောကြာနေ့တွင် ရွှီလျန်အား သူတို့အိမ်၌ ညစာစားရန် တောင်းဆိုချင်ခဲ့သော်လည်း ရုတ်တရက် အိမ်ပိုင်ရှင်ထံမှ ဖုန်းဝင်လာခဲ့သည်။

အိမ်ပိုင်ရှင်က သူတို့ရဲ့အဆောက်အဦဟောင်းကို မြို့က ဖြိုဖျက်ဖို့စီစဉ်နေပြီး အဲဒီနေရာကို ရှန့်ချန်ခုန်းအား မဌားနိုင်တော့ကြောင်း ပြောလာသည်။ နောက်ဆုံးတွင် အိမ်ပိုင်ရှင်က ဖြစ်နိုင်သမျှမြန်မြန် နေဖို့ နောက်တစ်နေရာ ရှာခိုင်း၏။

ရှန့်ချန်ခုန်း ချုပ်ဆိုထားသောအငှါးစာချုပ်ဟာ သက်တမ်းမကုန်သေးသောကြောင့် ကျန်ရှိသောငှားရမ်းခအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း အိမ်ရှင်က ပြောသည်။ ဒီလိုဖြိုဖျက်မှုမျိုးက ဘာမှမဆန်းသလို ရှန့်ချန်ခုန်းသည်လည်း သူတို့ရဲ့အိမ်ရှင်ကို အဆင်မပြေတဲ့အနေအထားမှာ မထားချင်ဘူး။ ဒါကြောင့် နောက်ဆုံး သူသဘောတူလိုက်၏။

ထိုနေ့ ရှန့်ချန်ခုန်း အိမ်ပြန်သောအခါတွင် ဖြိုဖျက်မည့်အကြောင်း အိမ်နီးချင်းအချို့က ပြောနေသည်ကို ကြားလိုက်ရသည်။ အန်တီလျိုက သူ့ကိုတားပြီး ဒီအကြောင်းသိလားလို့ မေးလာ၏။

ရှန့်ချန်ခုန်း ခေါင်းညိတ်ပြန်ဖြေပြီး အိမ်ရှင်နှင့်စကားပြောခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။ အန်တီလျိုက ရှန့်ချန်ခုန်းနှင့်ရှန့်နွမ်တို့ကို အထင်ကောင်းအမြင်ကောင်းရှိသဖြင့် သူတို့အား နေရာအသစ် ကူရှာပေးရန် ကမ်းလှမ်းလာခဲ့သည်။ ရှန့်ချန်ခုန်း ကျေးဇူးတင်ကြောင်းပြောပြီးနောက် အိမ်ပြန်လာခဲ့သည်။

အိမ်ထဲတွင် ဝမ်းရှုလီသည်လည်း ဒုက္ခသံများကြားနေရသည်။ ထို့ကြောင့် ရှန့်ချန်ခုန်း ပြန်ရောက်လာသည်နှင့် အခြေအနေကို ချက်ချင်းမေးလာခဲ့၏။

"အမေ စိတ်ပူစရာမလိုပါဘူး ကျွန်တော် နောက်ထပ်ငှားစရာ နေရာ ရှာပေးပါ့မယ်"

ရှန့်ချန်ခုန်းက ထိုသို့ပြောလာပြီဆိုမှတော့ ဝမ်းရှုလီ ထပ်မမေးတော့ပါ။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာ တခြားအငှားအိမ်တွေ အများကြီး ရှိသင့်တာပဲ။

အိမ်များစွာရှိသော်လည်း မတူညီသောတိုက်ခန်းများစွာကို ရက်အတော်ကြာကြည့်ရှုပြီးနောက် ရှန့်ချန်ခုန်း မကျေမနပ်ဖြစ်ခဲ့ရသည်။ အိမ်ဌားခက အရမ်းဈေးကြီးရင်ကြီး မဟုတ်ရင် အိမ်ကအရမ်းဝေးနေတာပဲ ၊ သူ ကြည့်နေတုန်း ရွှီလျန်က သူ့ကို မက်ဆေ့ချ်ပို့လာ၏။

ရွှီလျန် : [ ရှင် အခု စာလုပ်နေတာလား? ]

ဒါက လမ်းခွဲပြီးကတည်းက ရွှီလျန် သူ့ကို ပထမဆုံးအကြိမ် စာပို့ခြင်း။ ဒီစကားလုံးငါးလုံးက ရှန့်ချန်ခုန်းရဲ့နှလုံးသားထဲက မြူခိုးတွေကို ချက်ချင်းရှင်းပစ်လိုက်သည်။

ရှန့်ချန်ခုန်း : [ ကိုယ် အိမ်ရှာနေတာ.. ကိုယ်တို့လက်ရှိနေတဲ့နေရာကို ဖြိုဖျက်တော့မှာမလို့ ကိုယ်တို့ပြောင်းပေးရမယ် ]

ရွှီလျန် : [ သူတို့ ဘယ်တော့ဖျက်မှာတဲ့လဲ? ရှင် နေရာရှာပြီးပြီလား ]

ရှန့်ချန်ခုန်း : [ မရှာရသေးပါဘူး ကိုယ်တို့က တကယ်အလျင်လိုနေတာတော့မဟုတ်ဘူး.. လမကုန်ခင် အချိန်မရွေး ရွှေ့လို့ရတယ်လို့ အိမ်ပိုင်ရှင်က ပြောတယ် ]

ရွှီလျန် သူမဖုန်းကို ငုံ့ကြည့်နေစဉ်တွင် သူမ၏မျက်နှာပေါ်တွင် တွေးတောစရာ အမူအရာ ရှိနေခဲ့သည်။ ထို့နောက် သူမ စာပို့လိုက်၏။

ရွှီလျန် : [ အင်းပါ ရှင့်ရဲ့စာလုပ်တာကိုပဲအာရုံစိုက်ထား ကျွန်မ ရှင့်ကို နေရာကူရှာပေးမယ် ]

ရှန့်ချန်ခုန်း ရယ်မောလိုက်သည်။ ကြည့်ရတာ သူမက သူ့ရဲ့စာလုပ်တာကို စိုးရိမ်နေတဲ့ပုံပဲ ၊ အမှန်အတိုင်းပြောရရင် ဘွဲ့လွန်စာမေးပွဲမေးခွန်းတွေက ရိုးရိုးရှင်းရှင်းဖြစ်မယ်လို့ သူ ရွှီလျန်ကို အရင်ကပြောခဲ့ပေမဲ့ စာမေးပွဲက သိပ်မလွယ်ပါဘူး။

ရှန့်ချန်ခုန်း : [ အင်း ကိုယ် မင်းကို နှောင့်ယှက်မိပြီ ^_^ ]

ရွှီလျန် မျက်ခုံးပင့်လိုက်သည်။ ဒီတော့ ရှန့်ချန်ခုန်းက အခု အီမိုဂျီတွေကို သုံးတတ်နေပြီပေါ့....

ရွှီလျန် message app ကိုပိတ်ပြီး သူမ၏ကွန်ပြူတာကိုဖွင့်ပြီးနောက် အိမ်အငှားဝဘ်ဆိုက်သို့ ဝင်လိုက်သည်။

သူမ ယခင်က အိမ်မငှားဖူးသောကြောင့် ဤဝဘ်ဆိုဒ်အမျိုးအစားကို သူမ ၀င်ရောက်ကြည့်ရှုဖူးသည်မှာ ဒါက ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။ အဆုံးမရှိသောအိမ်များ မရောက်ခင် မကြာမီပင် စကားလုံးများက သူမကို ခေါင်းကိုက်လာစေခဲ့သည်။ အဆုံးတွင် သူမသည် ၎င်းအကြောင်းကို စဉ်းစားပြီးနောက် သူမအိမ်အနီးနားတွင် ရှာဖွေမှုကို လျှော့ပစ်လိုက်၏။

သူမ တကယ်ကြီး အိမ်တစ်လုံးရှာတွေ့ခဲ့တာ ၊ ထိုမျှသာမကသေး ၎င်းက သူမနဲ့ရပ်ကွက်အတူတူပဲ။ ရွှီလျန် ဝဘ်ဆိုဒ်ပေါ်ရှိဖုန်းနံပါတ်ကို ခေါ်ဆိုပြီး အိမ်ရှင်နှင့် ခေတ္တမျှ စကားပြောဆိုခဲ့သည်။

ရှန့်ချန်ခုန်း အိပ်ပျော်ခါနီးတွင် ရွှီလျန်ထံမှ နောက်ထပ်မက်ဆေ့ချ်တစ်စောင် ရခဲ့သည်။

ရွှီလျန် : [ ကျွန်မ အချက်အချာကျတဲ့နေရာမှာ အိမ်တစ်လုံးရှာတွေ့ခဲ့တယ် ]

ရှန့်ချန်ခုန်းက Starlight ပန်းခြံတွင် အော်ဒါများစွာ ပေးပို့ခဲ့ပြီး ထို့ထက်ပို၍ ရွှီလျန်ကလည်း ထိုရပ်ကွက်တွင် နေထိုင်သည်။ ဒါကြောင့် သူက အဲဒီကအိမ်ခြံမြေနဲ့ အလွန်ရင်းနှီး၏။

ရှန့်ချန်ခုန်း: [ မင်းနေတဲ့နေရာမှာလား? ]

ရွှီလျန် : [ ဟုတ်တယ် အဆောက်အဦး ၆၊ ၂၁၀၂ ]
 
အဆောက်အဦး ၆၊ ၂၁၀၂။ ဤနံပါတ်များကိုကြည့်လိုက်သောအခါ ရှန့်ချန်ခုန်းခေါင်းထဲတွင် အဆောက်အဦး၏ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာသည်။ အဆောက်အဦး ၆ မှ တိုက်ခန်းများသည် အိပ်ခန်းနှစ်ခန်း၊ တစ်ခန်းအိမ်များဖြစ်သည်။

အဆောက်အဦး ၈ တွင် ရွှီလျန်ရှိသည့် အထပ်မြင့်ဗီလာတိုက်ခန်းနှင့် အလွန်ကွာခြားပါသည်။ အဆောက်အဦး ၈ သည် ဓာတ်လှေကားနှစ်စင်းနှင့် တိုက်ခန်းပေါင်း ၃၁၁ ခန်းပါသော အထပ်မြင့်အဆောက်အဦးဖြစ်၏။ ဒါပေမဲ့ အဆောက်အဦး ၆ ကိုတော့ မယှဉ်နိုင် ၊ အဆောက်အဦး ၆ က လမ်းမကြီးဘေးတွင် မဟုတ်ဘဲ အရှေ့ဘက်တွင် ပန်းခြံနှင့်မဏ္ဍပ်များရှိသည်။

ရှန့်ချန်ခုန်း : [ မင်းတို့ရပ်ကွက်က တော်တော်ဈေးကြီးတယ်မဟုတ်လား ]

ရွှီလျန် : [ ကျွန်မ အိမ်ရှင်နဲ့ စကားပြောပြီးပြီ ဈေးကတော့အိုကေတယ်.. နေရာကို ကောင်းကောင်းအလှဆင်ထားပြီး အိမ်အသုံးအဆောင်အမျိုးမျိုးလဲ ရှိပြီးသား ]

ရွှီလျန် : [ နောက်ပြီး ကျွန်မအိမ်နားမှာလေ.. အနာဂတ်မှာ တစ်ခုခုဖြစ်ရင် ရှင့်အမေကို ကျွန်မ ဂရုစိုက်ပေးလို့ရတယ် ]

ရွှီလျန်က ထိုကိစ္စကို လေးလေးနက်နက် တွေးနေမိသည်။ ရှန့်ချန်ခုန်းက အနာဂတ်မှာ အိမ်ပြောင်းသွားတဲ့အခါ အန်တီဝမ်း တစ်ယောက်တည်းနေဖို့က စိုးရိမ်စရာပဲ။ အန်တီဝမ်းက အနီးနားရှိ ဘေးကင်းသောအသိုက်အဝန်းတွင် နေထိုင်ပါက သူတို့က သူမကို စောင့်ကြည့်ပြီး သူမထံ သွားရောက်လည်ပတ်နိုင်မည်ဖြစ်သည်။

ရှန့်ချန်ခုန်း : [ မင်းက ကိုယ့်ကို စိတ်လိုလက်ရ ချည်နှောင်နေတာလား? ကိုယ်တို့ရဲ့အနာဂတ်ပေါင်းသင်းနေထိုင်ရေး အစီအစဉ်ကိုတောင် မင်းက စီစဉ်ထားပြီးနေပြီလား ]

ရွှီလျန် : ".........."

သူ IQ မြင့်တယ်လို့ သူမက ထင်ထားခဲ့တာ? 'သူတို့ရဲ့ရည်ရွယ်ချက်တွေကိုမြင်ရင်တောင် မဖွင့်ချလိုက်နဲ့' ဆိုတဲ့ စကားစုကို သူ မကြားခဲ့ဖူးဘူးလား?

ရှန့်ချန်ခုန်း သူမကို ခေါ်လိုက်ချိန်တွင် ရွှီလျန်မှာ ရှက်ရွံ့နေခဲ့ပါ၏။ ရွှီလျန် သူမဖုန်းမြည်သံကို အချိန်အတော်ကြာ နားထောင်ပြီးနောက် ကောက်ကိုင်လိုက်ပြီး

"ဘာလဲ?"

ရှန့်ချန်ခုန်းရယ်မောလိုက်သဖြင့် သူ၏နူးညံ့သိမ်မွေ့သောအသံက ဖုန်းစပီကာမှတစ်ဆင့် ပျံ့လွင့်လာခဲ့သည်။ မထင်မှတ်ဘဲ ၎င်းက ရွှီလျန်းအတွက် အလွန်ချိုမြိန်နေခဲ့၏။

"ဘာမှမဟုတ်ပါဘူး မင်းရဲ့အသံကို ကိုယ်ကြားချင်လို့ပါ"

ရွှီလျန် သူမ၏နားများ ပူလောင်လာသည်ကို ခံစားလိုက်ရသည်။ သူမ သူ့စကားကို မကြားချင်ယောင်ဆောင်ပြီး

"အိမ်ရှင်က ရှင် အိမ်ကို အချိန်မရွေး သွားကြည့်လို့ရတယ် ပြောတယ်.. ရှင်ကြိုက်တယ်ဆိုရင် အိမ်ငှားခအတွက် စိတ်ပူစရာမလိုဘူး၊ ကျွန်မ တစ်စိတ်တစ်ပိုင်း ပေးလို့ရတယ်"

ဖုန်းရဲ့အခြားတစ်ဖက်က ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ အဆုံးတွင် ရှန့်ချန်ခုန်း သက်ပြင်းချလိုက်ပြီး

"ရွှီလျန် မင်း တကယ်ပဲ ကိုယ့်ကို စောင့်ရှောက်ဖို့ ရည်ရွယ်ထားတာလား?"

ရွှီလျန် ချက်ချင်းပြန်ဖြေ၏။

"ဒါက ကျွန်မနိုင်ငံရဲ့လေကြောင်းလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံနေတာ.. အနာဂတ်မှာ ရှင် ကျွန်မကို ပြန်ဆပ်ရမှာပဲ"

သူမဖုန်းထဲမှ ရယ်သံလေး ထွက်လာသည်။ ရှန့်ချန်ခုန်းက တခြားဘာမှ မပြောတော့ဘဲ ရွှီလျန်ကပဲ ဆက်ပြော၏။

"ရှင် နေရာကို သွားကြည့်မှာလား"

"အင်း ကိုယ် မနက်ဖြန်နေ့လည်သွားလိုက်မယ်"

"ကောင်းပြီ ကျွန်မ အိမ်ရှင်ကို ပြောထားလိုက်မယ်"

ကိစ္စပြီးသွားတော့ စကားဝိုင်းက တိတ်ဆိတ်သွားသည်။ ရွှီလျန်က ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ဖို့ နည်းလမ်းကို တွေးနေချိန်တွင် ရှန့်ချန်ခုန်းက နူးညံ့ညင်သာစွာ တိုးတိုးလေးပြောလာ၏။

"ရွှီလျန် ကိုယ် မင်းကို အခု တကယ်နမ်းချင်နေတယ်"

ရွှီလျန် မသိစိတ်က သူမဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသွားသည်။

"ရှင် ဖုန်းထဲကနေ လူဆိုးတစ်ယောက်လို ပြုမူနိုင်မယ် မထင်နဲ့.. ကျွန်မ ရှင့်ကို ခွင့်မလွှတ်သေးဘူး"

ထို့နောက် သူမ အမြန်ဖုန်းချလိုက်သည်။

ရှန့်ချန်ခုန်းပြောလိုက်သည့်စကားတိုင်းဟာ သူမခန္ဓာကိုယ်ပေါ်တွင် နမ်းလိုက်သလိုပင် သူမနှလုံးခုန်သံများ မြန်ဆန်လာလေသည်။

__________________

စာရေးသူမှာပြောစရာရှိပါတယ် ;

နောက်အခန်းမှာတော့ အရေးကြီးတဲ့ ဇာတ်ပို့ဇာတ်ကောင်တစ်ယောက်က စင်မြင့်ပေါ်ကို နောက်တစ်ကြိမ် ထပ်တက်တော့မှာပါ။ သူတို့ မစောင့်နိုင်တော့ဘူး...

နောက်ဆုံးတော့ ငါတို့တွေ သူ့ကိုတွေ့ဖူးတာ သက်တမ်းကြာလာပါပြီ....

နောက်ပြီး-

ငါ့ရဲ့အရင်စာအုပ်တွေကို ဖတ်ဖူးတဲ့စာဖတ်သူတွေက ဒီဝတ္ထုက ငါ့ရဲ့အရင်လက်ရာတွေလိုမျိုး ခံစားရမှာမဟုတ်ဘူးလို့ ထင်ကြလိမ့်မယ်။ ဒီဝတ္ထုက ငါ့ရဲ့ကြိုးစားမှုတစ်ခုပါပဲ၊ ဒီတခေါက် စာဖတ်သူနည်းတဲ့အတွက် ကြိုးစားမှု မအောင်မြင်ပေမဲ့လို့ပေါ့....

ငါ ဒီဝတ္ထုကိုရေးတုန်းက ငါ့ရဲ့ဝင်ငွေက ကောင်းမနေခဲ့လို့ စိတ်အခြေအနေကောင်းကောင်း ရှိမနေခဲ့ဘူး။ ထောက်ပံ့ကြေးတွေအပေါ်မှီဝဲနေရတဲ့ အချိန်ပြည့်စာရေးဆရာတစ်ယောက်အနေနဲ့  ငါက ငတ်ပြတ်မှာစိုးတဲ့စိတ်နဲ့ အမြဲနေထိုင်ခဲ့တယ်....

အထူးသဖြင့် အမေဇာတ်ကြောင်းကို စစချင်းတုန်းကပေါ့။ စာဖတ်သူတွေက 'ငါ ဒီအမေကိုအရမ်းမုန်းတယ် ငါ ဒီဇာတ်လမ်းကို စွန့်လွှတ်လိုက်တော့မယ်' ဒါမှမဟုတ် 'ဒီအမေကို ငါတကယ် သည်းမခံနိုင်ဘူး နောက်ဇာတ်လမ်းမှာတွေ့ကြမယ်' ဆိုပြီး စာတွေ ချန်ထားခဲ့ကြလိမ့်မယ်။

နောက်ဆုံးတော့ ငါ အမေရဲ့ဇာတ်ကြောင်းကို အသေးစိတ်မရေးနိုင်ဘဲ အဲဒီအကြောင်းကို စွန့်လွှတ်ခဲ့ရတယ်။ ငါသာ အဲဒီအကြောင်းကို ဖြည်းဖြည်းချင်း ရေးနေရင် နောက်ဆုံးကျရင် စာဖတ်သူနည်းနည်းပဲ ကျန်တော့မယ်လို့ ထင်တယ်။

နောက်ပိုင်း ငါ့ရဲ့အနေအထားကို ပြန်စဉ်းစားနေခဲ့တာ.. ငါ့သူငယ်ချင်းတွေကပြောတယ် ဝတ္ထုတိုတွေက လက်ရှိအွန်လိုင်းလမ်းကြောင်းပေါ်ကနေ တစ်စနဲ့တစ်စ စတင်စွန့်ခွါလာကြပြီတဲ့.. အခုခေတ် ဇာတ်လမ်းတွေက ပိုရှည်လာတာတော့ အမှန်ပါပဲ။ ငါ စာလုံးအရေအတွက် (၂)သိန်းလောက်ပါတဲ့ စာအုပ်တွေကို ရေးနေပေမဲ့ jjwxc ထဲက စာရင်းအများစုမှာတောင် မထည့်နိုင်ဘူး။

ငါ့ရဲ့အခြေအနေကို ငါ ချိန်ညှိချင်တယ်၊ ဒါကြောင့်မလို့ ငါ နောက်ထပ် ဝိညာဉ်ကူးပြောင်းတဲ့ဝတ္ထုကို ဖွင့်ထားတယ် မင်းတို့တွေ တစ်ချက်လောက်ကြည့်ချင်ရင်ပေါ့...

နိဂုံးချုပ်အနေနဲ့ ဒီဇာတ်လမ်းကို ဖတ်ရှုအားပေးကြတဲ့ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဝတ္ထုကို မင်းတို့တွေ စာရင်းသွင်းထားသေးတာကြောင့်သာ ငါ ဆက်ပြီးတင်ပေးနေတာ ၊ ကျေးဇူးအများကြီးတင်ပါတယ်။

ဘာသာပြန်သူမှာပြောစရာရှိပါတယ် ; Chestnut ရဲ့တခြားဝတ္ထုတွေဖတ်ဖူးတဲ့သူဆိုသိကြမှာပါ ဒီဝတ္ထုနဲ့လုံးဝတခြားစီတွေလိုပဲ၊ ဒီထဲက ရှန့်ချန်ခုန်းက ဘာနောက်ခံမှမရှိတဲ့ သာမာန်ကောင်လေးတစ်ယောက်ပဲ.. အပြင်လောကမှာတောင် တွေ့နိုင်တဲ့လူစားမျိုး၊ မှောင်မိုက်နေတဲ့သူ့ဘဝထဲ ရွှီလျန်ဝင်လာပေးခဲ့လို့သာ အလင်းရောင်ကိုတွေ့ခဲ့ရတာ ရွှီလျန်က သူ့ဘဝရဲ့ပိုးစုန်းကြူးလေးလိုပဲ..

ကိုယ် ဒီဝတ္ထုကို ဘာသာစပြန်တုန်းက ဖတ်မဲ့သူနည်းမယ်ဆိုတာသိတယ် လူတိုင်းကြိုက်လောက်တဲ့ဝတ္ထုမျိုးမဟုတ်ဘူး ဒါပေမဲ့ ဒီလောက်လူအများကြီးထဲမှာ ငါနဲ့အကြိုက်တူတဲ့သူ တစ်ယောက်လောက်တော့ ရှိမှာပါဆိုတဲ့စိတ်နဲ့ ဘာသာပြန်ဖြစ်ခဲ့တာ၊ သာမာန်ဇာတ်လမ်းပဲဆိုပေမဲ့ ကိုယ်က ကြိုက်လို့လားမသိ အတော်လေးသဘောကျမိတယ်။ စာဖတ်သူတွေလဲ ဒီဝတ္ထုအပေါ် ဘယ်လိုမြင်ကြလဲ ?

*****



ဤေန႕လယ္စာသည္ ရွန့္ခ်န္ခုန္း၏အိမ္တြင္ ႐ႊီလ်န္စားဖူးသမွ်ထဲ၌ အသက္ဝင္ဆုံးေသာအစားအစာျဖစ္ေကာင္းျဖစ္နိုင္သည္။ ရွန့္ႏြမ္က ခါတိုင္းထက္ စကားပိုေျပာ႐ုံသာမက ယခင္က စကားတစ္ခြန္းမွမေျပာဖူးေသာ ဝမ္းရႈလီပင္လွ်င္ စကားအနည္းငယ္ေျပာလာခဲ့သည္။

အစားအေသာက္က လူတိုင္းကိုေက်နပ္ေစတယ္ ၊ ညစာစားၿပီးေနာက္ ရွန့္ႏြမ္က ပန္းကန္ေဆးရန္အတြက္ မီးဖိုေခ်ာင္ထဲသို႔ ဦးစြာေျပးသြားခဲ့သည္။ ဝမ္းရႈလီကမူ သူမ၏ပုံမွန္အခ်ိန္ဇယားအတိုင္း အိပ္စက္အနားယူရန္ သူမအခန္းသို႔ ျပန္သြား၏။ ေနာက္ဆုံးတြင္ ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔ႏွစ္ေယာက္သာ ဧည့္ခန္းထဲတြင္ အတူတူက်န္ရစ္ခဲ့သည္။

ရွန့္ခ်န္ခုန္းက လိေမၼာ္သီးတစ္လုံးကိုေကာက္ယူလိုက္ၿပီး ႐ႊီလ်န္အား ထပ္မံေမးလိုက္ပါ၏။

"မင္း တစ္လုံးေလာက္စားခ်င္လား"

႐ႊီလ်န္ သူကိုင္ထားတဲ့လိေမၼာ္သီးကို ၾကည့္လိုက္၏။ အဝါေရာင္ရွိၿပီး အေတာ္ေလးခ်ိဳမည့္ပုံ.. ႐ႊီလ်န္က သူ႕အေမးကိုတုံ႕ျပန္ရန္ ရိုးရွင္းစြာ ၿပဳံးျပလိုက္သည္။ ရွန့္ခ်န္ခုန္းသည္လည္း ျပန္ၿပဳံးျပၿပီး သူမအတြက္ လိေမၼာ္သီးကိုအခြံႏႊာေပး၏။

ရွန့္ခ်န္ခုန္းက ဓားကိုင္ရာတြင္ အေတြ႕အႀကဳံမ်ားစြာရွိေသာေၾကာင့္ လိေမၼာ္သီးခြံႏႊာရျခင္းက သူ႕အတြက္ လြယ္ကူလွသည္။ လိေမၼာ္ခြံက ျဖည္းျဖည္းခ်င္း ရွည္ေမ်ာေမ်ာျဖစ္လာရာ တစ္ခ်က္တည္းျဖင့္ အခြံခြါသြားခဲ့၏။ မၾကာမီမွာပင္ လိေမၼာ္သီး၏ေမႊးရနံ႕က ေလထဲသို႔ စိမ့္ဝင္ပ်ံ့ႏွံ႕လာပါသည္။

ရွန့္ခ်န္ခုန္း လိေမၼာ္သီးႏွစ္လုံးကို အခြံခြာၿပီး သစ္သီးပန္းကန္တစ္ခ်ပ္ေပၚတြင္ တင္ၿပီးေနာက္ ပန္းကန္ျပားကို ႐ႊီလ်န္ဆီသို႔ တြန္းေပးလိုက္သည္။ ႐ႊီလ်န္ ပန္းကန္ျပားကို ၾကည့္လိုက္ၿပီးေနာက္ တစ္စိတ္ေကာက္ယူလိုက္သည္။ သူမ စိတ္ကူးထားသည့္အတိုင္း ခ်ိဳၿမိန္၏။ လိေမၼာ္သီးစားၿပီးေနာက္ ႐ႊီလ်န္က သူမလက္ကို တစ္ရႉးျဖင့္သုတ္ၿပီးေနာက္

"ကြၽန္မ ဆိုင္ကိုျပန္သြားရမယ္ အရင္သြားႏွင့္ေတာ့မယ္ေနာ္"

ရွန့္ခ်န္ခုန္းသည္ သူမ ဒီေလာက္ေစာေစာႀကီး ျပန္သြားလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားခဲ့ေပ။ အံ့အားသင့္သြားၿပီး သူက

"ခဏေလာက္ထိုင္ၿပီး အနားမယူခ်င္ေတာ့ဘူးလား"

"မဟုတ္ပါဘူး ကြၽန္မ မၾကာေသးခင္က နိုင္ငံျခားကိုသြားထားတာဆိုေတာ့ ကြၽန္မမွာ အလ်င္မီေအာင္လုပ္ရမဲ့ေအာ္ဒါေတြ အမ်ားႀကီးရွိေနတယ္"

႐ႊီလ်န္ မတ္တပ္ထရပ္ၿပီး သူမအိတ္ကို ပခုံးေပၚလြယ္လိုက္သည္။ ရွန့္ခ်န္ခုန္းလည္း သူမအေနာက္မွလိုက္၍ မတ္တပ္ထရပ္၏။ ခဏၾကာၿပီးေနာက္ ထိုသူက

"ဒါဆို ကိုယ္ မင္းကို ေအာက္ထပ္လိုက္ပို႔ေပးမယ္"

"အင္း"

သူတို႔ႏွစ္ေယာက္ အတူတူထြက္သြားၾကသည္။ သူတို႔ႏွစ္ေယာက္ မီးဖိုေခ်ာင္တံခါးမွ ထြက္လာေသာအခါ ရွန့္ႏြမ္က ျမင္သြားၿပီး လွမ္းေမးလာခဲ့၏။

"အစ္ကို ႐ႊီလ်န္က်ဲနဲ႕ အျပင္သြားမလို႔လား"

ရွန့္ခ်န္ခုန္း ဖိနပ္တစ္ရံေျပာင္းစီးလိုက္ၿပီး

"အင္း ငါ သူ႕ကို ေအာက္ထပ္ကိုလိုက္ပို႔မလို႔"

"အိုး ေကာင္းပါၿပီ"

ရွန့္ႏြမ္အေနျဖင့္ သူမအစ္ကိုႀကီးက ႐ႊီလ်န္ကို ေနာက္ဆုံးအႀကိမ္ ျပန္လိုက္ပို႔တဲ့အခ်ိန္တုန္းက ေနာက္ေန႕အထိ အိမ္ျပန္မလာခဲ့ေၾကာင္းကို မေမ့ေသးေပ။

ရွန့္ခ်န္ခုန္း သူမေတြးေနသည့္အရာကိုသိေသာ္လည္း ကိုးရိုးကားရားျဖင့္သာ ျပန္လွည့္လာၿပီး ႐ႊီလ်န္ကို အိမ္ေရွ႕တံခါးဖြင့္ေပးလိုက္၏။

"သြားရေအာင္"

သူတို႔ႏွစ္ေယာက္ ဤက်ဥ္းေျမာင္းေသာစၾကၤံကို အႀကိမ္ေပါင္းမ်ားစြာ ျဖတ္ေက်ာ္ခဲ့ၾကေသာ္လည္း ရွန့္ခ်န္ခုန္းအတြက္ ဤမွ်အဆင္မေျပခံစားရသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည္။ ႐ႊီလ်န္က စကားမေျပာဘဲ ရွန့္ခ်န္ခုန္းသည္လည္း ဤအေငြ႕အသက္ကိုခ်ိဳးဖ်က္ရန္ စိတ္ဝင္စားဖြယ္အေၾကာင္းအရာတစ္ခုကို ရွာေဖြရန္ အလုပ္မ်ားေနပါသည္။

သို႔ေသာ္ သူ ဘာမွမစဥ္းစားမိခင္မွာ သူ႕ေဘးနားတြင္ေလွ်ာက္ေနေသာ ႐ႊီလ်န္က ႐ုတ္တရက္ ကိုယ္ယိမ္းသြားၿပီး သူ႕ေပၚသို႔လဲက်လာခဲ့သည္။ ထိတ္လန့္သြားၿပီး ရွန့္ခ်န္ခုန္း သူမကို ထိန္းထားေပးလ်က္ ေမးလိုက္၏။

"အဆင္ေျပရဲ႕လား?"

ရွန့္ခ်န္ခုန္း သူမခါးေပၚ လက္တင္ထားၿပီး ေအာက္ကိုငုံ႕ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္က အလြန္နီးကပ္ေနတာေၾကာင့္ ရွန့္ခ်န္ခုန္း သူမရဲ႕အသက္ရႈသံကို ခံစားေနရ၏။

႐ႊီလ်န္ သူမခါးေပၚကလက္ေတြေၾကာင့္ ပူေလာင္လာရသည္။ သူမ ျမန္ျမန္ဆန္ဆန္ ရိုးရိုးတန္းတန္း ေျပာလိုက္၏။

"ဘာမွမဟုတ္ပါဘူး ကြၽန္မေျခေထာက္ နည္းနည္းေလး လိမ္သြား႐ုံပါပဲ"

ရွန့္ခ်န္ခုန္းက သူမကိုထိန္းေပးထားသည့္လက္ကို ေျဖေလ်ာ့ေပးလိုက္ေသာ္လည္း အနည္းငယ္ စိတ္မသက္မသာျဖစ္ေနဆဲ။

"အာ... မင္းဖိနပ္ေဒါက္ကျမင့္ေနတယ္ လမ္းေလွ်ာက္ရင္သတိထားေနာ္"

"အင္း"

ဤတိုေတာင္းလွေသာျဖစ္ရပ္အၿပီးမွာေတာ့ ႏွစ္ေယာက္သား တိတ္တိတ္ဆိတ္ဆိတ္ ေအာက္ထပ္ကိုဆက္ေလွ်ာက္သြားၾကေလသည္။ သို႔ေသာ္လည္း ႐ႊီလ်န္မွာ သူမကားဆီသို႔ သြားေနစဥ္တစ္ေလွ်ာက္လုံး မိုးၿခိမ္းသံအလား ႏွလုံးခုန္သံကိုၾကားေနရေၾကာင္း ခံစားေနရ၏။ ၎က ဘယ္သူ႕ရဲ႕ႏွလုံးခုန္သံမွန္း သူမ မသိဘူး။

႐ႊီလ်န္ သူမကားထဲဝင္သြားၿပီး ရွန့္ခ်န္ခုန္းက အျပင္တြင္ရပ္ကာ သူမ ထိုင္ခုံခါးပတ္ ပတ္လိုက္သည္ကို ေစာင့္ၾကည့္ေနခဲ့သည္။ သူ႕လက္ကိုျမႇောက္ၿပီး ျပတင္းေပါက္ကို ပုတ္လိုက္၏။ ႐ႊီလ်န္က ျပတင္းေပါက္မွန္ခ်လာၿပီး

"တစ္ခုခုရွိေသးလို႔လား"

ရွန့္ခ်န္ခုန္း ၿပဳံးၿပီး

"ကိုယ္ မနက္ျဖန္ မင္းဆီ အစားအေသာက္ ယူလာေပးမယ္"

"ေကာင္းပါၿပီ"

"ဂ႐ုတစိုက္ေမာင္းၿပီး အလုပ္နားခ်ိန္မွာ အနားယူပါ"

"ကြၽန္မ သိပါတယ္"

႐ႊီလ်န္ ရွန့္ခ်န္ခုန္း၏အၾကည့္ကို တမင္ေရွာင္ၿပီး သူမ၏ထိုင္ခုံခါးပတ္ကို ခ်ိန္ညွိလိုက္သည္။

"စာေကာင္းေကာင္းလုပ္"

ရွန့္ခ်န္ခုန္း၏အၿပဳံးက နက္ရွိုင္းလာၿပီး ေခါင္းညိတ္လိုက္သည္။

"အင္းပါ ကိုယ္ ေန႕တိုင္း စာလုပ္ပါတယ္"

"ေကာင္းၿပီ ကြၽန္မ သြားေတာ့မယ္ေနာ္"

႐ႊီလ်န္ ကားျပတင္းေပါက္ကိုပိတ္ကာ ေမာင္းထြက္သြားေတာ့သည္။

သူမ သူ႕အိမ္ရာဂိတ္မွထြက္လာရင္း ႐ႊီလ်န္ သက္ျပင္းတစ္ခ်က္ ရွိုက္လိုက္သည္။ အခ်ိန္ခဏေလာက္ ရွန့္ခ်န္ခုန္းနဲ႕ သိပ္မနီးကပ္ဖူးတာေၾကာင့္လားမသိ ၊ ဒါေပမဲ့... သူမခါးတစ္ဝိုက္က ရိုးရိုးရွင္းရွင္း လက္ေလးတစ္ဖက္ကပင္ သူမကို ေပ်ာ့ေပ်ာင္းသြားေစခဲ့သည္။ ရွန့္ခ်န္ခုန္းက သူမႏွင့္စကားေျပာရန္ ျပတင္းေပါက္ဘက္သို႔ မွီလိုက္ေသာအခါ သူ႕အနီးအပါးတြင္ သူမႏွလုံးခုန္သံမ်ား က်ယ္ေလာင္လာခဲ့သည္။

သူမ အထက္တန္းေက်ာင္းတက္တုန္းကေတာ့ သူမရဲ႕အတန္းေဖာ္ေတြက သူမကို ေအးတိေအးစက္မိန္းကေလးလို႔ ေျပာၾကတယ္။ ေဝ့ရိခ်န္သည္ပင္ တစ္ခ်ိန္က သူမအား ေအးစက္ေသာ ကိုယ္ရည္ကိုယ္ေသြးရွိသူဟု ေျပာခဲ့ဖူးသည္... ယခု သူမတစ္ေယာက္ခ်င္းစီတိုင္းကို ေျပာျပလိုက္ခ်င္တယ္ — နင္တို႔မွားေနၿပီ!

ရွန့္ခ်န္ခုန္း ႐ႊီလ်န္ရဲ႕ကားကို သူ႕ျမင္ကြင္းထဲက မေပ်ာက္မခ်င္း ဘတ္စကတ္ေဘာကြင္းတြင္ ရပ္ေနခဲ့သည္။ သူအိမ္ျပန္ေရာက္ေသာအခါ ရွန့္ႏြမ္ အလြန္အံ့ဩသြား၏။

"အစ္ကို တစ္ခုခုေမ့ခဲ့လို႔လား"

"......."

ရွန့္ခ်န္ခုန္း အိမ္တြင္းစီးဖိနပ္တစ္ရံကို ျပန္ေျပာင္းစီးလိုက္ၿပီး

"ငါ သူမကို ေအာက္ထပ္လိုက္ပို႔ေပးမယ္လို႔ပဲ ေျပာခဲ့တာပါ"

"အဲဒါဆို?"

"အင္း သူမ ျပန္သြားၿပီေလ အဲဒါေၾကာင့္ ငါျပန္လာတာ"

"......."

ရွန့္ႏြမ္ ဘာစကားမွမေျပာနိုင္ေတာ့ဘူး။

"အစ္ကို အစ္ကိုရဲ႕ခႏၶာကိုယ္ အဆင္ေျပရဲ႕လား"

ရွန့္ခ်န္ခုန္း : ".........."

ရွန့္ႏြမ္က  သူ႕အမူအရာကိုျမင္ၿပီး သူ႕ကို အားေပးရန္ႀကိဳးပမ္းလိုက္၏။

"ကိစၥမရွိပါဘူး၊ အနာဂတ္မွာ အခြင့္အလမ္းေတြ အမ်ားႀကီးရွိလိမ့္မယ္!"

ရွန့္ခ်န္ခုန္း : ".........."

ရွန့္ႏြမ္က သူနဲ႕႐ႊီလ်န္ နမ္းေနတာကို ယခင္က ျမင္ဖူးေသာ္လည္း ရွန့္ခ်န္ခုန္းအေနႏွင့္ ယခင္က သူမအား ဤအရာမ်ားကို မသင္ေပးခဲ့ဖူးေၾကာင္း ေသခ်ာပါသည္။

"ပန္းကန္ေတြေဆးၿပီးရင္ စာေမးပြဲစာ႐ြက္ေတြကို ငါ့အခန္းထဲယူလာခဲ့"

ရွန့္ခ်န္ခုန္း ဤစကားတစ္ခြန္းသာေျပာၿပီး သူ႕အခန္းထဲကို ေလွ်ာက္သြား၏။

ရွန့္ႏြမ္ : ".........."

*****

ေနာက္တစ္ပတ္မွာေတာ့ ရွန့္ခ်န္ခုန္းက ႐ႊီလ်န္ဆီကို ေန႕တိုင္း ေန႕လယ္စာ ယူလာေပးခဲ့သည္။ ေသာၾကာေန႕တြင္ ႐ႊီလ်န္အား သူတို႔အိမ္၌ ညစာစားရန္ ေတာင္းဆိုခ်င္ခဲ့ေသာ္လည္း ႐ုတ္တရက္ အိမ္ပိုင္ရွင္ထံမွ ဖုန္းဝင္လာခဲ့သည္။

အိမ္ပိုင္ရွင္က သူတို႔ရဲ႕အေဆာက္အဦေဟာင္းကို ၿမိဳ႕က ၿဖိဳဖ်က္ဖို႔စီစဥ္ေနၿပီး အဲဒီေနရာကို ရွန့္ခ်န္ခုန္းအား မဌားနိုင္ေတာ့ေၾကာင္း ေျပာလာသည္။ ေနာက္ဆုံးတြင္ အိမ္ပိုင္ရွင္က ျဖစ္နိုင္သမွ်ျမန္ျမန္ ေနဖို႔ ေနာက္တစ္ေနရာ ရွာခိုင္း၏။

ရွန့္ခ်န္ခုန္း ခ်ဳပ္ဆိုထားေသာအငွါးစာခ်ဳပ္ဟာ သက္တမ္းမကုန္ေသးေသာေၾကာင့္ က်န္ရွိေသာငွားရမ္းခအတြက္ ေလ်ာ္ေၾကးေပးမည္ျဖစ္ေၾကာင္း အိမ္ရွင္က ေျပာသည္။ ဒီလိုၿဖိဳဖ်က္မႈမ်ိဳးက ဘာမွမဆန္းသလို ရွန့္ခ်န္ခုန္းသည္လည္း သူတို႔ရဲ႕အိမ္ရွင္ကို အဆင္မေျပတဲ့အေနအထားမွာ မထားခ်င္ဘူး။ ဒါေၾကာင့္ ေနာက္ဆုံး သူသေဘာတူလိုက္၏။

ထိုေန႕ ရွန့္ခ်န္ခုန္း အိမ္ျပန္ေသာအခါတြင္ ၿဖိဳဖ်က္မည့္အေၾကာင္း အိမ္နီးခ်င္းအခ်ိဳ႕က ေျပာေနသည္ကို ၾကားလိုက္ရသည္။ အန္တီလ်ိဳက သူ႕ကိုတားၿပီး ဒီအေၾကာင္းသိလားလို႔ ေမးလာ၏။

ရွန့္ခ်န္ခုန္း ေခါင္းညိတ္ျပန္ေျဖၿပီး အိမ္ရွင္ႏွင့္စကားေျပာခဲ့သည့္အေၾကာင္းကို ေျပာျပလိုက္သည္။ အန္တီလ်ိဳက ရွန့္ခ်န္ခုန္းႏွင့္ရွန့္ႏြမ္တို႔ကို အထင္ေကာင္းအျမင္ေကာင္းရွိသျဖင့္ သူတို႔အား ေနရာအသစ္ ကူရွာေပးရန္ ကမ္းလွမ္းလာခဲ့သည္။ ရွန့္ခ်န္ခုန္း ေက်းဇူးတင္ေၾကာင္းေျပာၿပီးေနာက္ အိမ္ျပန္လာခဲ့သည္။

အိမ္ထဲတြင္ ဝမ္းရႈလီသည္လည္း ဒုကၡသံမ်ားၾကားေနရသည္။ ထို႔ေၾကာင့္ ရွန့္ခ်န္ခုန္း ျပန္ေရာက္လာသည္ႏွင့္ အေျခအေနကို ခ်က္ခ်င္းေမးလာခဲ့၏။

"အေမ စိတ္ပူစရာမလိုပါဘူး ကြၽန္ေတာ္ ေနာက္ထပ္ငွားစရာ ေနရာ ရွာေပးပါ့မယ္"

ရွန့္ခ်န္ခုန္းက ထိုသို႔ေျပာလာၿပီဆိုမွေတာ့ ဝမ္းရႈလီ ထပ္မေမးေတာ့ပါ။ ဘာပဲျဖစ္ျဖစ္ ေစ်းကြက္ထဲမွာ တျခားအငွားအိမ္ေတြ အမ်ားႀကီး ရွိသင့္တာပဲ။

အိမ္မ်ားစြာရွိေသာ္လည္း မတူညီေသာတိုက္ခန္းမ်ားစြာကို ရက္အေတာ္ၾကာၾကည့္ရႈၿပီးေနာက္ ရွန့္ခ်န္ခုန္း မေက်မနပ္ျဖစ္ခဲ့ရသည္။ အိမ္ဌားခက အရမ္းေဈးႀကီးရင္ႀကီး မဟုတ္ရင္ အိမ္ကအရမ္းေဝးေနတာပဲ ၊ သူ ၾကည့္ေနတုန္း ႐ႊီလ်န္က သူ႕ကို မက္ေဆ့ခ်္ပို႔လာ၏။

႐ႊီလ်န္ : [ ရွင္ အခု စာလုပ္ေနတာလား? ]

ဒါက လမ္းခြဲၿပီးကတည္းက ႐ႊီလ်န္ သူ႕ကို ပထမဆုံးအႀကိမ္ စာပို႔ျခင္း။ ဒီစကားလုံးငါးလုံးက ရွန့္ခ်န္ခုန္းရဲ႕ႏွလုံးသားထဲက ျမဴခိုးေတြကို ခ်က္ခ်င္းရွင္းပစ္လိုက္သည္။

ရွန့္ခ်န္ခုန္း : [ ကိုယ္ အိမ္ရွာေနတာ.. ကိုယ္တို႔လက္ရွိေနတဲ့ေနရာကို ၿဖိဳဖ်က္ေတာ့မွာမလို႔ ကိုယ္တို႔ေျပာင္းေပးရမယ္ ]

႐ႊီလ်န္ : [ သူတို႔ ဘယ္ေတာ့ဖ်က္မွာတဲ့လဲ? ရွင္ ေနရာရွာၿပီးၿပီလား ]

ရွန့္ခ်န္ခုန္း : [ မရွာရေသးပါဘူး ကိုယ္တို႔က တကယ္အလ်င္လိုေနတာေတာ့မဟုတ္ဘူး.. လမကုန္ခင္ အခ်ိန္မေ႐ြး ေ႐ႊ႕လို႔ရတယ္လို႔ အိမ္ပိုင္ရွင္က ေျပာတယ္ ]

႐ႊီလ်န္ သူမဖုန္းကို ငုံ႕ၾကည့္ေနစဥ္တြင္ သူမ၏မ်က္ႏွာေပၚတြင္ ေတြးေတာစရာ အမူအရာ ရွိေနခဲ့သည္။ ထို႔ေနာက္ သူမ စာပို႔လိုက္၏။

႐ႊီလ်န္ : [ အင္းပါ ရွင့္ရဲ႕စာလုပ္တာကိုပဲအာ႐ုံစိုက္ထား ကြၽန္မ ရွင့္ကို ေနရာကူရွာေပးမယ္ ]

ရွန့္ခ်န္ခုန္း ရယ္ေမာလိုက္သည္။ ၾကည့္ရတာ သူမက သူ႕ရဲ႕စာလုပ္တာကို စိုးရိမ္ေနတဲ့ပုံပဲ ၊ အမွန္အတိုင္းေျပာရရင္ ဘြဲ႕လြန္စာေမးပြဲေမးခြန္းေတြက ရိုးရိုးရွင္းရွင္းျဖစ္မယ္လို႔ သူ ႐ႊီလ်န္ကို အရင္ကေျပာခဲ့ေပမဲ့ စာေမးပြဲက သိပ္မလြယ္ပါဘူး။

ရွန့္ခ်န္ခုန္း : [ အင္း ကိုယ္ မင္းကို ေႏွာင့္ယွက္မိၿပီ ^_^ ]

႐ႊီလ်န္ မ်က္ခုံးပင့္လိုက္သည္။ ဒီေတာ့ ရွန့္ခ်န္ခုန္းက အခု အီမိုဂ်ီေတြကို သုံးတတ္ေနၿပီေပါ့....

႐ႊီလ်န္ message app ကိုပိတ္ၿပီး သူမ၏ကြန္ျပဴတာကိုဖြင့္ၿပီးေနာက္ အိမ္အငွားဝဘ္ဆိုက္သို႔ ဝင္လိုက္သည္။

သူမ ယခင္က အိမ္မငွားဖူးေသာေၾကာင့္ ဤဝဘ္ဆိုဒ္အမ်ိဳးအစားကို သူမ ၀င္ေရာက္ၾကည့္ရႈဖူးသည္မွာ ဒါက ပထမဆုံးအႀကိမ္ျဖစ္လိမ့္မည္။ အဆုံးမရွိေသာအိမ္မ်ား မေရာက္ခင္ မၾကာမီပင္ စကားလုံးမ်ားက သူမကို ေခါင္းကိုက္လာေစခဲ့သည္။ အဆုံးတြင္ သူမသည္ ၎အေၾကာင္းကို စဥ္းစားၿပီးေနာက္ သူမအိမ္အနီးနားတြင္ ရွာေဖြမႈကို ေလွ်ာ့ပစ္လိုက္၏။

သူမ တကယ္ႀကီး အိမ္တစ္လုံးရွာေတြ႕ခဲ့တာ ၊ ထိုမွ်သာမကေသး ၎က သူမနဲ႕ရပ္ကြက္အတူတူပဲ။ ႐ႊီလ်န္ ဝဘ္ဆိုဒ္ေပၚရွိဖုန္းနံပါတ္ကို ေခၚဆိုၿပီး အိမ္ရွင္ႏွင့္ ေခတၱမွ် စကားေျပာဆိုခဲ့သည္။

ရွန့္ခ်န္ခုန္း အိပ္ေပ်ာ္ခါနီးတြင္ ႐ႊီလ်န္ထံမွ ေနာက္ထပ္မက္ေဆ့ခ်္တစ္ေစာင္ ရခဲ့သည္။

႐ႊီလ်န္ : [ ကြၽန္မ အခ်က္အခ်ာက်တဲ့ေနရာမွာ အိမ္တစ္လုံးရွာေတြ႕ခဲ့တယ္ ]

ရွန့္ခ်န္ခုန္းက Starlight ပန္းၿခံတြင္ ေအာ္ဒါမ်ားစြာ ေပးပို႔ခဲ့ၿပီး ထို႔ထက္ပို၍ ႐ႊီလ်န္ကလည္း ထိုရပ္ကြက္တြင္ ေနထိုင္သည္။ ဒါေၾကာင့္ သူက အဲဒီကအိမ္ၿခံေျမနဲ႕ အလြန္ရင္းႏွီး၏။

ရွန့္ခ်န္ခုန္း: [ မင္းေနတဲ့ေနရာမွာလား? ]

႐ႊီလ်န္ : [ ဟုတ္တယ္ အေဆာက္အဦး ၆၊ ၂၁၀၂ ]
 
အေဆာက္အဦး ၆၊ ၂၁၀၂။ ဤနံပါတ္မ်ားကိုၾကည့္လိုက္ေသာအခါ ရွန့္ခ်န္ခုန္းေခါင္းထဲတြင္ အေဆာက္အဦး၏ပုံရိပ္တစ္ခု ခ်က္ခ်င္းေပၚလာသည္။ အေဆာက္အဦး ၆ မွ တိုက္ခန္းမ်ားသည္ အိပ္ခန္းႏွစ္ခန္း၊ တစ္ခန္းအိမ္မ်ားျဖစ္သည္။

အေဆာက္အဦး ၈ တြင္ ႐ႊီလ်န္ရွိသည့္ အထပ္ျမင့္ဗီလာတိုက္ခန္းႏွင့္ အလြန္ကြာျခားပါသည္။ အေဆာက္အဦး ၈ သည္ ဓာတ္ေလွကားႏွစ္စင္းႏွင့္ တိုက္ခန္းေပါင္း ၃၁၁ ခန္းပါေသာ အထပ္ျမင့္အေဆာက္အဦးျဖစ္၏။ ဒါေပမဲ့ အေဆာက္အဦး ၆ ကိုေတာ့ မယွဥ္နိုင္ ၊ အေဆာက္အဦး ၆ က လမ္းမႀကီးေဘးတြင္ မဟုတ္ဘဲ အေရွ႕ဘက္တြင္ ပန္းၿခံႏွင့္မ႑ပ္မ်ားရွိသည္။

ရွန့္ခ်န္ခုန္း : [ မင္းတို႔ရပ္ကြက္က ေတာ္ေတာ္ေဈးႀကီးတယ္မဟုတ္လား ]

႐ႊီလ်န္ : [ ကြၽန္မ အိမ္ရွင္နဲ႕ စကားေျပာၿပီးၿပီ ေဈးကေတာ့အိုေကတယ္.. ေနရာကို ေကာင္းေကာင္းအလွဆင္ထားၿပီး အိမ္အသုံးအေဆာင္အမ်ိဳးမ်ိဳးလဲ ရွိၿပီးသား ]

႐ႊီလ်န္ : [ ေနာက္ၿပီး ကြၽန္မအိမ္နားမွာေလ.. အနာဂတ္မွာ တစ္ခုခုျဖစ္ရင္ ရွင့္အေမကို ကြၽန္မ ဂ႐ုစိုက္ေပးလို႔ရတယ္ ]

႐ႊီလ်န္က ထိုကိစၥကို ေလးေလးနက္နက္ ေတြးေနမိသည္။ ရွန့္ခ်န္ခုန္းက အနာဂတ္မွာ အိမ္ေျပာင္းသြားတဲ့အခါ အန္တီဝမ္း တစ္ေယာက္တည္းေနဖို႔က စိုးရိမ္စရာပဲ။ အန္တီဝမ္းက အနီးနားရွိ ေဘးကင္းေသာအသိုက္အဝန္းတြင္ ေနထိုင္ပါက သူတို႔က သူမကို ေစာင့္ၾကည့္ၿပီး သူမထံ သြားေရာက္လည္ပတ္နိုင္မည္ျဖစ္သည္။

ရွန့္ခ်န္ခုန္း : [ မင္းက ကိုယ့္ကို စိတ္လိုလက္ရ ခ်ည္ေႏွာင္ေနတာလား? ကိုယ္တို႔ရဲ႕အနာဂတ္ေပါင္းသင္းေနထိုင္ေရး အစီအစဥ္ကိုေတာင္ မင္းက စီစဥ္ထားၿပီးေနၿပီလား ]

႐ႊီလ်န္ : ".........."

သူ IQ ျမင့္တယ္လို႔ သူမက ထင္ထားခဲ့တာ? 'သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြကိုျမင္ရင္ေတာင္ မဖြင့္ခ်လိဳက္နဲ႕' ဆိုတဲ့ စကားစုကို သူ မၾကားခဲ့ဖူးဘူးလား?

ရွန့္ခ်န္ခုန္း သူမကို ေခၚလိုက္ခ်ိန္တြင္ ႐ႊီလ်န္မွာ ရွက္႐ြံ႕ေနခဲ့ပါ၏။ ႐ႊီလ်န္ သူမဖုန္းျမည္သံကို အခ်ိန္အေတာ္ၾကာ နားေထာင္ၿပီးေနာက္ ေကာက္ကိုင္လိုက္ၿပီး

"ဘာလဲ?"

ရွန့္ခ်န္ခုန္းရယ္ေမာလိုက္သျဖင့္ သူ၏ႏူးညံ့သိမ္ေမြ႕ေသာအသံက ဖုန္းစပီကာမွတစ္ဆင့္ ပ်ံ့လြင့္လာခဲ့သည္။ မထင္မွတ္ဘဲ ၎က ႐ႊီလ်န္းအတြက္ အလြန္ခ်ိဳၿမိန္ေနခဲ့၏။

"ဘာမွမဟုတ္ပါဘူး မင္းရဲ႕အသံကို ကိုယ္ၾကားခ်င္လို႔ပါ"

႐ႊီလ်န္ သူမ၏နားမ်ား ပူေလာင္လာသည္ကို ခံစားလိုက္ရသည္။ သူမ သူ႕စကားကို မၾကားခ်င္ေယာင္ေဆာင္ၿပီး

"အိမ္ရွင္က ရွင္ အိမ္ကို အခ်ိန္မေ႐ြး သြားၾကည့္လို႔ရတယ္ ေျပာတယ္.. ရွင္ႀကိဳက္တယ္ဆိုရင္ အိမ္ငွားခအတြက္ စိတ္ပူစရာမလိုဘူး၊ ကြၽန္မ တစ္စိတ္တစ္ပိုင္း ေပးလို႔ရတယ္"

ဖုန္းရဲ႕အျခားတစ္ဖက္က ခဏတာ တိတ္ဆိတ္သြားခဲ့သည္။ အဆုံးတြင္ ရွန့္ခ်န္ခုန္း သက္ျပင္းခ်လိဳက္ၿပီး

"႐ႊီလ်န္ မင္း တကယ္ပဲ ကိုယ့္ကို ေစာင့္ေရွာက္ဖို႔ ရည္႐ြယ္ထားတာလား?"

႐ႊီလ်န္ ခ်က္ခ်င္းျပန္ေျဖ၏။

"ဒါက ကြၽန္မနိုင္ငံရဲ႕ေလေၾကာင္းလုပ္ငန္းမွာ ရင္းႏွီးျမဳပ္ႏွံေနတာ.. အနာဂတ္မွာ ရွင္ ကြၽန္မကို ျပန္ဆပ္ရမွာပဲ"

သူမဖုန္းထဲမွ ရယ္သံေလး ထြက္လာသည္။ ရွန့္ခ်န္ခုန္းက တျခားဘာမွ မေျပာေတာ့ဘဲ ႐ႊီလ်န္ကပဲ ဆက္ေျပာ၏။

"ရွင္ ေနရာကို သြားၾကည့္မွာလား"

"အင္း ကိုယ္ မနက္ျဖန္ေန႕လည္သြားလိုက္မယ္"

"ေကာင္းၿပီ ကြၽန္မ အိမ္ရွင္ကို ေျပာထားလိုက္မယ္"

ကိစၥၿပီးသြားေတာ့ စကားဝိုင္းက တိတ္ဆိတ္သြားသည္။ ႐ႊီလ်န္က ဖုန္းေခၚဆိုမႈကို အဆုံးသတ္ဖို႔ နည္းလမ္းကို ေတြးေနခ်ိန္တြင္ ရွန့္ခ်န္ခုန္းက ႏူးညံ့ညင္သာစြာ တိုးတိုးေလးေျပာလာ၏။

"႐ႊီလ်န္ ကိုယ္ မင္းကို အခု တကယ္နမ္းခ်င္ေနတယ္"

႐ႊီလ်န္ မသိစိတ္က သူမဖုန္းကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားမိသြားသည္။

"ရွင္ ဖုန္းထဲကေန လူဆိုးတစ္ေယာက္လို ျပဳမူနိုင္မယ္ မထင္နဲ႕.. ကြၽန္မ ရွင့္ကို ခြင့္မလႊတ္ေသးဘူး"

ထို႔ေနာက္ သူမ အျမန္ဖုန္းခ်လိဳက္သည္။

ရွန့္ခ်န္ခုန္းေျပာလိုက္သည့္စကားတိုင္းဟာ သူမခႏၶာကိုယ္ေပၚတြင္ နမ္းလိုက္သလိုပင္ သူမႏွလုံးခုန္သံမ်ား ျမန္ဆန္လာေလသည္။

__________________

စာေရးသူမွာေျပာစရာရွိပါတယ္ ;

ေနာက္အခန္းမွာေတာ့ အေရးႀကီးတဲ့ ဇာတ္ပို႔ဇာတ္ေကာင္တစ္ေယာက္က စင္ျမင့္ေပၚကို ေနာက္တစ္ႀကိမ္ ထပ္တက္ေတာ့မွာပါ။ သူတို႔ မေစာင့္နိုင္ေတာ့ဘူး...

ေနာက္ဆုံးေတာ့ ငါတို႔ေတြ သူ႕ကိုေတြ႕ဖူးတာ သက္တမ္းၾကာလာပါၿပီ....

ေနာက္ၿပီး-

ငါ့ရဲ႕အရင္စာအုပ္ေတြကို ဖတ္ဖူးတဲ့စာဖတ္သူေတြက ဒီဝတၳဳက ငါ့ရဲ႕အရင္လက္ရာေတြလိုမ်ိဳး ခံစားရမွာမဟုတ္ဘူးလို႔ ထင္ၾကလိမ့္မယ္။ ဒီဝတၳဳက ငါ့ရဲ႕ႀကိဳးစားမႈတစ္ခုပါပဲ၊ ဒီတေခါက္ စာဖတ္သူနည္းတဲ့အတြက္ ႀကိဳးစားမႈ မေအာင္ျမင္ေပမဲ့လို႔ေပါ့....

ငါ ဒီဝတၳဳကိုေရးတုန္းက ငါ့ရဲ႕ဝင္ေငြက ေကာင္းမေနခဲ့လို႔ စိတ္အေျခအေနေကာင္းေကာင္း ရွိမေနခဲ့ဘူး။ ေထာက္ပံ့ေၾကးေတြအေပၚမွီဝဲေနရတဲ့ အခ်ိန္ျပည့္စာေရးဆရာတစ္ေယာက္အေနနဲ႕  ငါက ငတ္ျပတ္မွာစိုးတဲ့စိတ္နဲ႕ အၿမဲေနထိုင္ခဲ့တယ္....

အထူးသျဖင့္ အေမဇာတ္ေၾကာင္းကို စစခ်င္းတုန္းကေပါ့။ စာဖတ္သူေတြက 'ငါ ဒီအေမကိုအရမ္းမုန္းတယ္ ငါ ဒီဇာတ္လမ္းကို စြန႔္လႊတ္လိုက္ေတာ့မယ္' ဒါမွမဟုတ္ 'ဒီအေမကို ငါတကယ္ သည္းမခံနိုင္ဘူး ေနာက္ဇာတ္လမ္းမွာေတြ႕ၾကမယ္' ဆိုၿပီး စာေတြ ခ်န္ထားခဲ့ၾကလိမ့္မယ္။

ေနာက္ဆုံးေတာ့ ငါ အေမရဲ႕ဇာတ္ေၾကာင္းကို အေသးစိတ္မေရးနိုင္ဘဲ အဲဒီအေၾကာင္းကို စြန႔္လႊတ္ခဲ့ရတယ္။ ငါသာ အဲဒီအေၾကာင္းကို ျဖည္းျဖည္းခ်င္း ေရးေနရင္ ေနာက္ဆုံးက်ရင္ စာဖတ္သူနည္းနည္းပဲ က်န္ေတာ့မယ္လို႔ ထင္တယ္။

ေနာက္ပိုင္း ငါ့ရဲ႕အေနအထားကို ျပန္စဥ္းစားေနခဲ့တာ.. ငါ့သူငယ္ခ်င္းေတြကေျပာတယ္ ဝတၳဳတိုေတြက လက္ရွိအြန္လိုင္းလမ္းေၾကာင္းေပၚကေန တစ္စနဲ႕တစ္စ စတင္စြန့္ခြါလာၾကၿပီတဲ့.. အခုေခတ္ ဇာတ္လမ္းေတြက ပိုရွည္လာတာေတာ့ အမွန္ပါပဲ။ ငါ စာလုံးအေရအတြက္ (၂)သိန္းေလာက္ပါတဲ့ စာအုပ္ေတြကို ေရးေနေပမဲ့ jjwxc ထဲက စာရင္းအမ်ားစုမွာေတာင္ မထည့္နိုင္ဘူး။

ငါ့ရဲ႕အေျခအေနကို ငါ ခ်ိန္ညွိခ်င္တယ္၊ ဒါေၾကာင့္မလို႔ ငါ ေနာက္ထပ္ ဝိညာဥ္ကူးေျပာင္းတဲ့ဝတၳဳကို ဖြင့္ထားတယ္ မင္းတို႔ေတြ တစ္ခ်က္ေလာက္ၾကည့္ခ်င္ရင္ေပါ့...

နိဂုံးခ်ဳပ္အေနနဲ႕ ဒီဇာတ္လမ္းကို ဖတ္ရႈအားေပးၾကတဲ့ စာဖတ္ပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္။ ဒီဝတၳဳကို မင္းတို႔ေတြ စာရင္းသြင္းထားေသးတာေၾကာင့္သာ ငါ ဆက္ၿပီးတင္ေပးေနတာ ၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ဘာသာျပန္သူမွာေျပာစရာရွိပါတယ္ ; Chestnut ရဲ႕တျခားဝတၳဳေတြဖတ္ဖူးတဲ့သူဆိုသိၾကမွာပါ ဒီဝတၳဳနဲ႕လုံးဝတျခားစီေတြလိုပဲ၊ ဒီထဲက ရွန့္ခ်န္ခုန္းက ဘာေနာက္ခံမွမရွိတဲ့ သာမာန္ေကာင္ေလးတစ္ေယာက္ပဲ.. အျပင္ေလာကမွာေတာင္ ေတြ႕နိုင္တဲ့လူစားမ်ိဳး၊ ေမွာင္မိုက္ေနတဲ့သူ႕ဘဝထဲ ႐ႊီလ်န္ဝင္လာေပးခဲ့လို႔သာ အလင္းေရာင္ကိုေတြ႕ခဲ့ရတာ ႐ႊီလ်န္က သူ႕ဘဝရဲ႕ပိုးစုန္းၾကဴးေလးလိုပဲ..

ကိုယ္ ဒီဝတၳဳကို ဘာသာစျပန္တုန္းက ဖတ္မဲ့သူနည္းမယ္ဆိုတာသိတယ္ လူတိုင္းႀကိဳက္ေလာက္တဲ့ဝတၳဳမ်ိဳးမဟုတ္ဘူး ဒါေပမဲ့ ဒီေလာက္လူအမ်ားႀကီးထဲမွာ ငါနဲ႕အႀကိဳက္တူတဲ့သူ တစ္ေယာက္ေလာက္ေတာ့ ရွိမွာပါဆိုတဲ့စိတ္နဲ႕ ဘာသာျပန္ျဖစ္ခဲ့တာ၊ သာမာန္ဇာတ္လမ္းပဲဆိုေပမဲ့ ကိုယ္က ႀကိဳက္လို႔လားမသိ အေတာ္ေလးသေဘာက်မိတယ္။ စာဖတ္သူေတြလဲ ဒီဝတၳဳအေပၚ ဘယ္လိုျမင္ၾကလဲ ?

*****

Continue Reading

You'll Also Like

2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
26.1K 3.4K 37
ကျင့်ယိခန် × လုံချီ "ကျွန်​တော် သူ့အတွက် ​သေ​ပေးလိုက်ဖို့ ဆန္ဒရှိသလို သူ့အတွက်နဲ့ပဲ အသက် ၉၈ နှစ်ထိ အသက်ရှင်သွား​ပေးဖို့လည်း ဆန္ဒရှိတယ်"