Feasibility Analysis Of Nurtu...

By NTNO1823

117K 12.7K 919

⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ်... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
20
21
22
23
24
25
26
27
28
29
30
31(end)

18

2.5K 346 26
By NTNO1823

အပိုင်း ၁၈။ ကောင်းကင်ကြီး ပြိုကျရင်တောင် အချစ်ရှိသေးတယ်

အလုပ်တွေပြီးတော့ အပြင်မှာ မှောင်မဲနေပြီ၊ ဝမ်ရိပေါ်က ရုံးအောက် ဆင်းလာပြီး အညောင်းအညာ ဆန့်ရင်း အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တယ်၊ အခုမှသာ ဝမ်ရိပေါ်မှာ ဖုန်းကိုင်ဖို့အချိန် ရတော့တာ။

အစီအရီဝင်နေတဲ့ Wechat က စာတွေကို ဝင်မကြည့်သေးဘဲ ရှောင်းကျန့်အကောင့်က လာတဲ့ noti ကို အရင် ကြည့်လိုက်မိတယ်၊ နှစ်ယောက်တွဲ ဆယ်ဖီပုံ တင်ထားတာ တွေ့လိုက်ရတော့ အမောနည်းနည်းတောင် ပြေသွားသလိုပဲ။

"ကျောင်းနှစ်ပတ်လည် ပွဲသွားတာက ဖန်ဆားဗစ်ပေးတာလား"

ဝမ်ရိပေါ်က ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး ပွစိပွစိလုပ်ရင်း အရှေ့ကို ဆက်ထွက်လာတယ်။

"ဟိုတလောက အိမ်မှာ ရိုက်ထားခဲ့တဲ့ပုံထဲက တင်မယ် ထင်နေတာ"

ပင်ပန်းလွန်းလို့ အပြင်ကို ထွက်လာပေမဲ့ ကားမောင်း ပြန်ရမလား၊ တက်စီပဲ ငှားရမလားဆိုတာ ဝမ်ရိပေါ် မစဉ်းစားရသေးဘူး၊ ဒါပေမဲ့ တံခါးအပြင်ရောက်တာနဲ့ ကားမီးဖွင့်ပြီး အချက်ပြတာ ခံလိုက်ရတယ်၊ ကားပေါ်ထိုင်နေတဲ့လူက ဟွန်းပါ နှစ်ချက်လောက် ပုတ်လိုက်သေးတာ။

လှမ်းကြည့်လိုက်တော့ ဘန်တလေရဲ့ဒါရိုက်ဘာခုံမှာ ထိုင်နေတဲ့ ကျိုးမုကျင်က သူ့ကို လက်လှမ်းပြလာတယ်။

01

သရုပ်ဆောင်တစ်ယောက်အဖြစ် အသက်မွေးမယ်လို့ ဆုံးဖြတ်ထားလိုက်ကတည်းက ရှောင်းကျန့် အိမ်ကနေ ထွက်လာတာ၊ ကြားမှာ သားအဖတွေ အကြိမ်ကြိမ် စကားများတယ်၊ အကြိမ်ကြိမ် ပြန်တည့်ကြတယ်၊ ဒါပေမဲ့ ရှောင်းကျန့်ကတော့ အိမ်ပြန်လာပြီး မနေဖြစ်တော့ဘူး။

ရှောင်းကျန့်အခန်းကိုတော့ မားက အမြဲရှင်းလင်းထားတယ်၊ နောက်ပိုင်း အလုပ်အားတဲ့ အချိန်ကျ တစ်ရက်နှစ်ရက်လောက် ရှောင်းကျန့် ပြန်အိပ်တတ်လာတယ်။

ဝမ်ပါးက သူတို့သားအဖနဲ့ စကားပြောပြီး ပြန်သွားတယ်၊ မားက ရှောင်းကျန့်ကို ညစာအတူစားဖို့ ပြောနေတော့ ရှောင်းကျန့်လဲ ပြန်မလာတာကြာပြီမို့ ခေါင်းငြိမ့်လိုက်တယ်။

ဘယ်လိုနေရာပဲ ရောက်ရောက်၊ ကိုယ့်အိပ်ခန်း သေးသေးလေးလောက်တော့ မနွေးထွေးတာတော့ အမှန်ပါ၊ အခန်းလေးက ကျဉ်းပေမဲ့၊ အခန်းတစ်ခုရဲ့အင်္ဂါရပ်တွေတော့ အပြည့်အစုံ ရှိတယ်။

ရေချိုးပြီးတဲ့ ရှောင်းကျန့်က သူ့အိပ်ရာလေးပေါ်မှာ ကျောခင်းနေရင်း ဖုန်းပွတ်နေတယ်၊ ပြတင်းပေါက်မှာ တွဲလောင်းချည်ထားတဲ့ လက်ဖက်ခြောက်အိတ်လေးတွေဆီကနေ သန့်စင်တဲ့ လက်ဖက်နံ့ သင်းသင်းက သူ့နှာခေါင်းဝမှာ လာပြီး ကျီစယ်နေတယ်၊ ရှောင်းကျန့်အကြိုက်ဆုံးသီချင်းကို ရေဒီယိုကနေ လွှင့်နေတာမို့ လက်ရှိမှာ သူ့ဘဝက ပြည့်စုံကုံလုံနေသလို ခံစားနေရတယ်။

Weibo ပိုစ့် ကို share လုပ်ပြီးသွားတော့ တံခါးခေါက်သံ ကြားလိုက်ရတယ်၊ ရှောင်းကျန့် မော့ကြည့်လိုက်တော့ အသီးပန်းကန်ကိုင်ပြီး ဝင်လာတဲ့ပါးကို တွေ့ရတယ်၊ ရှောင်းပါးကတော့ လာချင်လို့လာတာ မဟုတ်ဘူးဆိုတဲ့ ပုံစံနဲ့။

"မင်းမားက မင်းစားဖို့ ပို့ခိုင်းလိုက်တာ.. ငြင်းလို့ရတယ်.. မင်းအစား ငါစားပေးမယ်"

"......"

အသီးပန်းကန်ကို ထားမသွားချင်တာ သိပ်ကို သိသာနေတယ်၊ ရှောင်းကျန့်က ခပ်ပြုံးပြုံးနဲ့ လက်ဆန့်ထုတ်လိုက်ပြီး။

"အသီးလား.. စားမှာပေါ့"

အသီးပန်းကန်က ကုတင်ဘေး ကစားပွဲပေါ်မှာ နေရာယူတယ်၊ ရှောင်းပါးက စားပွဲအောက်ကခုံကို ဆွဲထုတ်ပြီး အနားမှာ ဝင်ထိုင်တယ်။

"ဒါဆိုလဲ အတူတူ စားတာပေါ့"

ရှောင်းကျန့်က ကုတင်ခေါင်းရင်းမှာ မှီနေရင် ခေါင်းငြိမ့်ပြလိုက်တယ်၊ ရှောင်းပါးက ယုန်ရုပ်ထွင်ထားတဲ့ ပန်းသီးတစ်စိတ်ကို သွားကြားထိုးတံနဲ့ ထိုးယူပြီး အေးအေးဆေးဆေး ဝါးနေတယ်၊ ရှောင်းကျန့်က ကွေ့ဝိုက်မနေဘဲ တဲ့တိုး မေးချလိုက်တယ်။

"ကျွန်တော် ဝမ်ရိပေါ်ကို ကြိုက်နေမှန်စ ပါး ဘယ်တုန်းက တည်းက သိနေတာလဲ"

ဖွီး! !

စကားဆုံးတာနဲ့ ရှောင်းပါးရဲ့ပါးစပ်ထဲက ဝါးလက်စ ပန်းသီးတွေ အပြင်လောကကို ပျံထွက်ကုန်တယ်၊ ရှောင်းပါးက ပါးစပ်ထဲ ကျန်ခဲ့တာတချို့ကို ခက်ခက်ခဲခဲ မြိုချရင်း ပြောတယ်။

"မင်းအဖေက စာပေအနုပညာကို ချစ်မြတ်နိုးပြီး တစ်ဘဝလုံး စာအုပ်ဆိုင် ဖွင့်စားလာတဲ့ဟာ.. အနည်းဆုံးတော့ စကားတစ်ခွန်း မပြောခင် ခေါင်းထဲမှာ နည်းနည်းလောက် အရင်စဉ်းစားလို့ မရဘူးလား"

ရှောင်းကျန့်က လိမ္မော်သီးတစ်စိတ် ကောက်ဝါးလိုက်တယ်၊ သူ့အဖေရဲ့အလိုအတိုင်း အစာအိမ်ထဲ လိမ္မော်သီးရောက်ဖို့ အချိန်ခဏ စောင့်ပြီးတော့မှ ထပ်မေးတယ်။

"ကျွန်တော့်ပုံက အဲလောက်တောင် သိသာနေလို့လား.. ခေါင်းထဲမှာပဲ တွေးမိတာပါ"

"တော်ပြီ တော်ပြီ.. ကွေ့ပတ်နေလဲ မထူးဘူး.. မင်းခေါင်းက ဗလာပဲဟာ"

02

"လျှောက်မရှာပါနဲ့တော့.. ဆက်သွားလဲ တွေ့မှာမှ မဟုတ်တာ"

ကားက ကျိုးမုကျင် ကြိုက်တယ်ဆိုတဲ့ ဘာဘီကျူးဆိုင်နားမှာ ပါကင်ထိုးဖို့ လိုက်ရှာနေတဲ့အချိန် ဝမ်ရိပေါ်က ထ,ပြောလိုက်တာ၊ တကယ်တော့ အဲဒီဆိုင်က သူတို့ နှစ်ယောက် ပထမအကြိမ် ဆုံတုန်းက သွားခဲ့တဲ့ဆိုင်၊ ဒါပေမဲ့ အကြိမ်ကြိမ်လှည့် ရှာနေတာတောင် ကားထားဖို့နေရာက မရဘူး။

Wechat က စာတွေပို့ထားပေမဲ့ ဝမ်ရိပေါ်က စာမပြန်တဲ့အချိန်၊ ဝမ်မားက ကျိုးမုကျင်ဆီ ဖုန်းဆက်လာတယ်၊ အဲဒီမှာ စာမပြန်တာက သားဖြစ်သူ အလုပ်များနေတာ ဖြစ်နိုင်တယ်လို့ ပြောလိုက်တော့တာ၊ ဒါကြောင့် ကုမ္ပဏီအောက်မှာပဲ လာစောင့်ဖြစ်သွားတာ ဆိုပြီး ကျိုးမုကျင်က စပြောတယ်။

ဝမ်ရိပေါ်က ဘာမှမပြောဘူး၊ ပါကင်လွယ်တဲ့ဆိုင် ရှာဖို့ပဲ အကြံပေးတယ်၊ ကျိုးမုကျင် ကားရပ်လိုက်တဲ့အချိန်မှာတော့ ဝမ်ရိပေါ် က ဆိုင်နာမည်ကို မော့ကြည့်လိုက်တယ်။

Moonlight

"...."

ဆိုင်ကို ဝမ်ရိပေါ်ဘက်က စိတ်ဝင်စားဟန် မပြတာကြောင့် ကျိုးမုကျင်က သက်ပြင်းချတယ်။

"ဒီလို ပျင်းစရာကောင်းတဲ့ဆိုင်မှာ ဘယ်သူ လာစားမှာလဲ... ကျွန်မခေါ်သွားမဲ့နေရာက ဟိုဘက်က ကန်နားမှာ ဖွင့်တဲ့ဆိုင်.. အဲဒီမှာ လေညင်းခံပြီး ဘီယာနဲ့ကြက်ကြော် သွားစားရအောင်"

ဒီတော့မှ ဝမ်ရိပေါ်က လက်မထောင်ပြလိုက်ပြီး။

"ကျိုးကျဲက ရွေးတာ တော်တာပဲ"

ကြက်ကြော်ဆိုင်က ကန်ဘေးမှာ ဖွင့်ထားတာ၊ ဆိုင်ရှင် လင်မယားက ကိုရီးယားလူမျိုးတွေ၊ ကျိုးမုကျင်က တော်ဝင်သခင်မလေးတွေ ပုံမှန် မတွေးမိလောက်တဲ့ နေရာတွေကို သွားဖို့ စိတ်အားထက်သန်တယ်၊ အရှာအဖွေလဲ တော်တယ်၊ ဟိုတယ် B လို နေရာမျိုးကို သွားခဲ့တယ်ဆိုတာတောင် ယုံရခက်ခက်ပဲ။

ကြက်ကြော်မှာနေရင်း အဲဒီအကြောင်း ပြန်ပြောတော့ ကျိုးမုကျင်က ရယ်တယ်။

"ကျွန်မအသိုင်းအဝိုင်းမှာက အဲဒီလို နေရာမျိုးတွေ သွားပြီး အချိန်ဖြုန်းတဲ့သူ ပေါတယ်.. သူတို့သွားတော့လဲ လိုက်သွားရတာပေါ့ ရှင့်လိုမျိုး လူကသာ ရှားပါးတာ"

ဝမ်ရိပေါ်က ရပ်ဆိုတဲ့ လက်ဟန်လုပ်ပြီး တားလိုက်တယ်။

"ကျွန်တော်ကလဲ နာမည်ကြီးဆိုင်တွေ သွားရတာ ကြိုက်ပါတယ်.. ရှောင်းကျန့်နဲ့တွေ့တုန်းက ရွေးတာတောင် နာမည်ကြီး နေရာပဲလေ.. ကျွန်တော့်ကိုတော့ သူများထက် ထူးတယ်လို့ မထင်ပါနဲ့"

"သြော်.. ရှင့်လို လူမျိုးကတော့ တကယ်နည်းတာပါဆို.. မယုံလဲ မတတ်နိုင်ဘူး"

ဒီနေ့တော့ ကျိုးမုကျင်က ခါတိုင်းလို အားကစားဘောင်းဘီနဲ့ မဟုတ်ဘူး၊ မြင်နေကျမဟုတ်တဲ့ စကတ်ကို ဝတ်ထားတယ်၊ ဝမ်ရိပေါ်နဲ့ ညစာအတူစားမှာမို့ မော်စကော်တွေလဲ အွန်ထားသေးတယ်၊ သတိထားတဲ့လူ ဆိုရင်တော့ သူ့ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်မှာပါ။

ဒါပေမဲ့ ဒီလိုနေရာမှာတော့ ဝမ်ရိပေါ်က သစ်သားတုံးလိုလူ မဟုတ်လား၊ သစ်သားတုံး ဆိုမှတော့ ဘာမှ မမြင်ဘူးပေါ့၊ သစ်သားတုံးက ရေဘူး ကောက်ကိုင်လိုက်ပြီး သူ့အတွက်သူ အရင်ငှဲ့လိုက်တယ်၊ နောက်တော့ ကျိုးမုကျင်ကို မေးတယ်။

"ဒီဆိုင်ကရေက အေးတယ်.. ခင်ဗျား သောက်နိုင်ရဲ့လား"

ကျိုးမုကျင်က ပြုံးတုံ့တုံ့ ဖြစ်သွားပြီး ခေါင်းငြိမ့်ပြလာတယ်၊ ဝမ်ရိပေါ်က ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး လိုရင်းကိုပဲ တန်းသွားတော့တယ်။

"ခင်ဗျားကျွန်တော့်ကို လာရှာတာ ကိစ္စရှိလို့လား"

"မေးမှမေးပါ့မလားလို့..တွေးနေတာ.. တကယ်တော့ အန်တီဝမ်ကျွန်မကို ဆက်သွယ်လာတယ်"

"ကျွန်တော့်အမေလား.. ဘာလဲ ကြင်ဖက်တွေ့တဲ့ အကြောင်း feedback ပြန်ပေးခိုင်းတာလား"

ဝမ်ရိပေါ်က စက်ရုပ်တစ်ရုပ်လိုပဲ ကြင်ဖက်တွေ့တာတွေကို အစမ်းလို့ သဘောထားပြီး သွားတွေ့တာ၊ ပြီးရင် စက်ရုပ်ကို တီထွင်တဲ့လူက အနောက်ကလိုက်ပြီး အစမ်းအသုံးပြုသူတွေဆီက feedback လိုက်ပြီး တောင်းလိမ့်မယ်ပေါ့၊ ဒါပေမဲ့ အသက် ၂၀ ကျော် အရွယ်ကို မားက အတည်ကြီး အိမ်ထောင်ပြုခိုင်းနေတာလား၊ အံ့သြစရာတော့ ကောင်းနေပြီ။

နှစ်ယောက်သားရဲ့အခြေအနေက အတူတူပဲမို့ ကျိုးမုကျင်လဲ သူ့ဘက်ပိုဆိုးတယ်၊ ငါ့ဘက်က ပိုသာတယ် ဆိုပြီး တစ်မူး ပိုမရှူချင်တော့ဘူး၊ ဒါကြောင့် ဒီအကြောင်းကို ရှေ့မဆက်ဘဲ လိုရင်းကိစ္စကိုပဲ ပြောတော့တယ်။

"ကျွန်မရှင့်ကို လာရှာတာက ကိစ္စနှစ်ခုကြောင့်.. ရှင့်အစ်ကိုနဲ့ ပူးပေါင်းထားတဲ့ ပစ္စည်းအသစ်တွေကို မနက်ဖြန် စ, ဖြန့်တော့မှာ.. ကျွန်မတို့ ကုမ္ပဏီနဲ့ လက်တွဲထားတဲ့ တရုတ်အနုပညာရှင်က ရှင့်အစ်ကိုတစ်ယောက်ပဲ ရှိတာ.. ဒါကြောင့် ကြော်ငြာထွက်လာရင် သူ့ Weibo မှာ share ပေးဖို့ ပြောမလို့"

ဝမ်ရိပေါ်က ပြသနာမရှိဘူး ဆိုတဲ့ပုံနဲ့ ခေါင်းငြိမ့်ပြပြီး၊ ထပ်ပြောမဲ့ ဒုတိယတစ်ခုကို စောင့်နေတယ်၊ အဲဒီအချိန်မှာပဲ ဆိုင်ရှင် အမျိုးသမီး ရောက်လာပြီး ကိုရီးယားလို နှုတ်ဆက်ရင်း ဘီယာ လာချပေးတယ်။

ကျိုးမုကျင် မျက်လုံးတွေက အမြုပ်တစီစီထနေတဲ့ ဘီယာခွက်ဆီ ရောက်သွားတယ်၊ သူ့ရင်ထဲမှာလဲ ခွက်မှာ မြင်နေရတဲ့ အမြုပ်ဖြူဖြူတွေလိုပဲ စက္ကန့်နဲ့အမျှ လှုပ်ရှားနေတာ၊ ကျိုးမုကျင်က အကြည့်ကို မလွှဲဖယ်နိုင်သေးဘူး၊ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး စိတ်လှုပ်ရှားနေတာကို တည်ငြိမ်အောင် ထိန်းလိုက်တယ်။

"ဒီမေးခွန်းက.. နည်းနည်းတော့ ဂွကျမယ်... ဝမ်ရိပေါ်.. ရှင်.. ရှင့်အစ်ကိုကို ကြိုက်နေတာလား"

03

အသီးပန်းကန်က ပြောင်သလောက် ရှိနေပြီ၊ ရှောင်းကျန့် မှာတော့ သူ့အဖေ သူ့စိတ်ကို ဘယ်လိုများ ခန့်မှန်းမိသွားသလဲဆိုတဲ့ အဖြေကို မသိရသေးဘူး၊ ဝမ်ရိပေါ်နာမည်ရေးထားတဲ့ နို့တော်ဖီအခွံ တွေ့ရုံနဲ့ မှန်းလို့ရသွားတယ် ဆိုတာချည်းက ယုတ္တိမှ မရှိတာ၊ မဟုတ်မှလွဲရော သူ့အဖေက လူ့စိတ်ကိုပါ ဖတ်နိုင်နေတာလား။

"ကျွန်တော် မေးတာအရင်ဖြေ ပါး.. ဝမ်ရိပေါ်ကို ဘာလို့ အဲဒီစာအုပ် ပေးလိုက်တာလဲ.."

ရှောင်းပါးကိုင်ထားတဲ့ သွားကြားထိုးတံက ယုန်ရုပ် ပန်းသီးစိတ်ပေါ်မှာ စိုက်ဝင်သွားတယ်။

"ဒီတိုင်း ကြုံလို့ပေးလိုက်တာ.. ဒီရက်ပိုင်း စာအုပ်တွေ ပြန်စီတော့ အထဲမှာ သူ့နာမည်ပါတဲ့ တော်ဖီအခွံလေး ထွက်လာတာ တွေ့တယ်.. ဒါပေမဲ့ စာအုပ်ကတော့ ထွေထွေထူးထူး မရှိဘူး.. ဒါကြောင့် ဘာမှ မစဉ်းစားဘဲ ပေးလိုက်တာ"

ဒီစကားကြားတော့ ရှောင်းကျန့်ပိုပြီး ဇဝေဇဝါ ဖြစ်သွားတယ်။

"ထူးဆန်းလိုက်တာ.. ဒါဖြင့်ရင် ကျွန်တော် သူ့ကိုကြိုက်နေတာ ပါးကဘယ်လိုသိ.."

"မင်းသူကို ကြိုက်နေမှန်း သိတယ်လို့ ငါပြောဖူးလို့လား"

ရှောင်းပါးက ပန်းသီးစိတ်ကို ဇိမ်နဲ့ဝါးနေရင်း ဆက်ပြောတယ်။

"ငါသိတာ တစ်ခုပဲရှိတယ်.. အဲဒီ ရှောင်ဝမ်လေးကတော့ ဟိုးအရင်ကတည်က မင်းကို ကြိုက်နေတယ်ဆိုတာပဲ"

ပါးစကားကြောင့် ရှောင်းကျန့်ရင်ထဲမှာ ပရမ်းပတာ ဖြစ်ကုန်တယ်။

လေတိုးတာကြောင့် ပြတင်းပေါက်မှာ ချိတ်ထားတဲ့ လက်ဖက်ခြောက် အိတ်လေးတွေ လှုပ်ရှားသွားပြီး အခန်းထဲမှာ လက်ဖက်နံ့ သင်းသင်း ရလာပြန်တယ်။

ဒါပေမဲ့ ရှောင်းကျန့် မင်သေသေနဲ့ ပြန်ငြင်းမိတယ်။

"မဖြစ်နိုင်တာ"

"မဖြစ်နိုင်ဘူးလား.. လောင်ဝမ်နဲ့ငါက ဟိုးအရင်ကတည်းက ဒီကိစ္စကို သံသယဝင်နေတာ.. နောက်ပိုင်းကျ လောင်ဝမ်က သူ့ကိုယ်သူ အတွေးလွန်နေတယ်ဆိုပြီး လက်ခံလိုက်တယ်.. ဒါပေမဲ့ ငါကတော့ အတွေးမလွန်ဘူးဆိုတာ သေချာတယ်"

ရှောင်းပါးက ကျန်တဲ့အသီးတွေကို ဆက်စားရင်း  သူများကိစ္စ ပြောနေရတဲ့အတိုင်း ဆက်ပြောတယ်။

"ငါက ဒီကလေးကို ငယ်ငယ်ကတည်းက ကြည့်လာတဲ့သူပါ.. ရှောင်ဝမ်က သူ့ဟာနဲ့သူဆို ခေါင်းကြော တအားမာတယ်.. ဆိုးတယ်.. ဒါပေမဲ့ မင်းကိုတော့ တော်တော် အလိုလိုက်ပေးတာ"

ရှောင်းကျန့် ခဏ လိုက်စဉ်းစားတယ်၊ ပြီးတာနဲ့ ပါးစပ်ဖွင့်ပြီး ထပ်ငြင်းတယ်။

"နို့တော်ဖီကြောင့်လို့တော့ မပြောနဲ့နော် ပါး.. ဒီဟာလေး လောက်နဲ့တော့ သူ ကျွန်တော့်ကို ကြိုက်နေတယ်လို့ ယူဆ လိုက်လို့ မဖြစ်ဘူး"

နောက်ဆုံးတော့ ရှောင်းပါးက အသီးပန်းကန်ကနေ အာရုံ ပြောင်းပြီး ရှောင်းကျန့် မျက်နှာကို ကြည့်လာတယ်။

"ဒီကလေးက မင်းကို ဘာမှမပြောဘူးထင်တယ်.. သူက မင်းကို တော်တော်စိုးရိမ်ခဲ့တာ.. မိဘတစ်ယောက် နေရာက ကြည့်ရင် သူ့ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိဘူး"

ရှောင်းကျန့်လန့်သွားတယ်။

"ပါး.. ကျွန်တော် မသိအောင် ဘာတွေ လျှိုထားကြတာလဲ.. ပြောရင်လဲ သေချာပြောပြလေ.. ကျွန်တော့်မှာ နတ်မျက်စိမှ မပါတာ.. ပါးမပြောရင် ကျွန်တော် ဘယ်လိုလုပ်သိမလဲ"

ရှောင်းပါးက လက်ထဲက သွားကြားထိုးတံကိုပါ ချထားလိုက်ပြီး။

"ငါတို့နှစ်ယောက် ပြန်အဆင်ပြေသွားတာ.. အသီးတစ်ပန်းကန်တည်း အတူထိုင်စားနိုင်တာ.. မင်းဒီမှာလာပြီး ကျောဆန့် နေနိုင်တာ.. ဒါတွေအားလုံးက ဘာကြောင့်လို့ မင်းထင်လဲ"

ရှောင်းကျန့်က ခပ်တိုးတိုးအသံနဲ့။

"အဲဒါက.. ပါး အသက်ကြီးလာတာကြောင့်လေ"

"ခွေးကောင်လေး"

တစ်ဘဝလုံး စာအုပ်တွေကြားမှာ ပျော်မွေ့ခဲ့တဲ့လူ ဖြစ်နေလဲ ရှောင်းကျန့်နဲ့ တွေ့ရင်တော့ ဆဲရတာပဲ။

"အဲဒါ ရိပေါ်အိမ်ကို ချောင်းပေါက်မတတ်လာပြီး မင်းအတွက် ပြောပေးလို့..မင်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ ဗီဒီယိုတွေ.. ရိုက်ကွင်းမှာ ပျော်နေတဲ့ပုံတွေ ယူလာပြီး.. မင်းက လုပ်ချင်တာ လုပ်နေရတာမို့ ပျော်နေတယ်ဆိုတဲ့အကြောင်း.. ငါတို့ကို ယူလာပြလို့.. ရိပေါ်သာ မရှိရင် မင်းဘယ်ရောက်ပြီး ဘာလုပ်နေလဲဆိုတာ ငါတို့လင်မယား အိုသေသွားရင်တောင် သိလိုက်ရမှာ မဟုတ်ဘူး"

"မင်းရွေးတဲ့လမ်းက သိပ်ခက်ခဲတယ်လို့ ရိပေါ်က ပြောသေးတယ်.. မင်းက သူ့ထက်ရော.. လမ်းထဲက ကလေးတွေထက်ရော သတ္တိရှိတယ်တဲ့.. ဒီလိုလူမျိုးက မိသားစုဆီက အချစ်ခံရဖို့.. ပံ့ပိုးပေးခံရဖို့ လိုတယ်ဆိုပြီး ငါတို့ဆီလာတိုင်း အမြဲနားချတယ်.."

"အဲဒီ အချိန်တွေတုန်းက ရိပေါ်အိမ်ကို မကြာမကြာလာတာ.. အဲဒါကြောင့် သူ့အဖေနဲ့ငါက ရိပေါ်မင်းကို စိတ်ဝင်စားနေတယ်လို့ တွေးမိသွားတာ "

ရှောင်းပါးက ဒီစကားတွေကို အေးအေးမှန်မှန်နဲ့ ပြောသွားတာ၊ စကားဆုံးတော့ တစ်ရှူးတစ်ရွက်ထုတ်ပြီး ရှောင်းကျန့်ဆီ ကမ်းပေးလိုက်တယ်။

"အခု မင်းက အချစ်ကြောင့်ငိုတာလား.. သူငယ်ချင်းကြောင့် ငိုတာလား.. ကိုယ့်ဟာကိုယ်ရော ကွဲကွဲပြားပြား သိရဲ့လား.. မသိရင်တော့ လာငိုမနေနဲ့.. မျက်ရည်တွေ အလကား နှမျောဖို့ ကောင်းတယ်"

ရှောင်းကျန့်က တစ်ရှူးကို လှမ်းယူလိုက်ပြီး ဘယ်တုန်းတည်းက ကျနေမှန်းမသိတဲ့ မျက်ရည်ကို သုတ်တယ်၊ နှပ်တွေလဲ ညှစ်ပစ် လိုက်တယ်၊ ပါးကသူ့ဆို ဒီလိုအမြဲတမ်း တိုက်ခိုက်နေကျ။

"ကျွန်တော့်ကို အတင်းတွန်း မနေနဲ့"

ရှောင်းကျန့် မျက်လုံးလေးတွေက ယုန်မျက်လုံးတွေလို နီရဲနေတယ်၊ သူက မျက်မှောင်ကြီးကြုတ်ထားရင်း စကားဆက်တာ။

"သရုပ်ဆောင်လုပ်မယ်ဆိုတုန်းကကျ တရားလွန် ကန့်ကွက်ခဲ့ပြီး.. လိင်တူ ကြိုက်တာကျ မတားဘဲ အားပေးနေလား"

"ဟ.. တူမလား..ငတုံးရ.. မင်းကို သရုပ်ဆောင် မလုပ်စေချင်တာက ..မင်း ပင်ပင်ပန်းပန်း ရှင်သန်ရမှာ စိုးလို့လေ"

ရှောင်းကျန့် ပိုနားမလည်နိုင် ဖြစ်သွားတယ်။

"လိင်တူကြိုက်တာကျ မခက်ခဲတော့ဘူးလား"

ရှောင်းပါးက သက်ပြင်းချလိုက်ပြီး။

"ကိုယ့်အနားမှာနေပြီး ချစ်ပေးတဲ့သူ ရှိနေတဲ့ဟာ ဘယ်လို လုပ်ပြီး ခက်ခဲမှာလဲ"

နောက်ဆက်တွဲ

"ဒီမေးခွန်းက..နည်းနည်းတော့ ဂွကျမယ်... ရှင်.. ရှင့်အစ်ကိုကို ကြိုက်နေတာလား"

ပတ်ဝန်းကျင် လေထုက ခေတ္တခဏ ရပ်တန့်သွားတယ်၊ ဝမ်ရိပေါ်ဆီက ရယ်သံထွက်လာတော့ ကျိုးမုကျင် အံ့သြ သွားတယ်။

"ရှင် ဘာလို့ ရယ်တာလဲ"

"အမှန်တိုင်းပြောရရင် .. ကျွန်တော့်အဖေလဲ ဒီလိုမျိုး တစ်ပုံစံတည်း မေးဖူးတယ်"

အရင်တုန်းက အကြောင်းတွေ ပြန်တွေးမိတော့ ဝမ်ရိပေါ် အပြုံးတွေက ပိုပြီး နက်ရှိုင်းလာတယ်။

"ရှောင်းကျန့်ကိုလား.. သိပ်သဘောကျတာပေါ့... ကျွန်တော်က သူငယ်ချင်းတိုင်းကို သဘောကျတာလို့ ပြန်ဖြေခဲ့တယ်.. ဒါပေမဲ့ အဲဒီအဖြေက သိပ်မရှင်းလင်းသေးဘူးလို့ ထင်တာမို့ ထပ်ပြောလိုက်တယ်"

ဝမ်ရိပေါ်ဆီက အဖြေကို စောင့်နေရင်း ကျိုးမုကျင် လက်တွေက စကတ်အစကို တင်းတင်း ဆုပ်မိသွားတယ်။

"သူငယ်ချင်းတွေ အားလုံးကို သဘောကျတယ်.. အဲဒီအထဲမှာ ရှောင်းကျန့်ကတော့ most favorite ပဲ"

ဝမ်ရိပေါ်က ဘီယာခွက်ကို ကောက်ကိုင်ရင်း စကားဆက် တယ်။

"ဒါပေမဲ့ အခု သူသွားနေရတဲ့ လမ်းကြောင်းက ခက်ခဲလွန်း တယ်.. နှစ်ယောက်ကြားမှာ သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေရှိလာရင်..သူ့အတွက်ရော.. ကျွန်တော့်အတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ် ထင်တယ်"

ကျိုးမုကျင် ပင့်သက်တစ်ချက် ရှိုက်တယ်၊ ဝမ်ရိပေါ်ဆီက သူ မကြားချင်တဲ့စကားတွေ ထပ်ထွက်လာမှာ စိုးရိမ်နေတာကြောင့် သန့်စင်ခန်းသွားမယ်လို့ပြောပြီး ခုံကနေ မြန်မြန်ထလာ လိုက်တယ်။

ဝမ်ရိပေါ် အိမ်ပြန်ရောက်တော့ သူ့အိတ်ထဲမှာ အကြွေစေ့ထည့်တဲ့အိတ်တစ်ခု အပိုပါလာတာကို သတိထားမိသွားတယ်၊ ဒါကြောင့် ကျိုးမုကျင်ကို ဖုန်းခေါ်ပြီး ပြန်ယူဖို့ ပြောတယ်။

"ခင်ဗျားရဲ့အကြွေစေ့အိတ် ကျွန်တော့်ဆီ မှားပါလာတယ်.. မနက်ဖြန် လာပေးရမလား"

"မလိုဘူး.. ရှင်ပဲ သိမ်းထားပေး"

ဝမ်ရိပေါ်က လည်စည်းကို လက်တစ်ဖက်တည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆွဲချွတ်နေရင်း ထပ်ပြောတယ်။

"ခင်ဗျားပြောတော့ ကိုယ်နဲ့မကွာ ဆောင်ထားရတာဆို"

"အာ.. အင်း.. အခုတော့ ရှင့်ဆီထားလိုက်မယ်.. ဒါပဲ.. ဖုန်းချပြီနော်.. ဂွတ်နိုက်"

ဖုန်းကို ဂွက်ခနဲ ချသွားတာမို့ ဝမ်ရိပေါ်မှာ ကြောင်တောင် တောင်လေး ဖြစ်ကျန်ခဲ့တယ်။

"ပြောတော့ အချစ်ရေး ကံကောင်းစေတဲ့ အဆာင်ဆို.. အခုကျ မလိုတော့ပြန်ဘူးလား??"

⇝⇝⇝⇝✥⇜⇜⇜⇜

အပိုင္း ၁၈။ ေကာင္းကင္ႀကီး ၿပိဳက်ရင္ေတာင္ အခ်စ္ရွိေသးတယ္

အလုပ္ေတြၿပီးေတာ့ အျပင္မွာ ေမွာင္မဲေနၿပီ၊ ဝမ္ရိေပၚက ႐ုံးေအာက္ ဆင္းလာၿပီး အေညာင္းအညာ ဆန႔္ရင္း အိတ္ထဲကဖုန္းကို ထုတ္ၾကည့္လိုက္တယ္၊ အခုမွသာ ဝမ္ရိေပၚမွာ ဖုန္းကိုင္ဖို႔အခ်ိန္ ရေတာ့တာ။

အစီအရီဝင္ေနတဲ့ Wechat က စာေတြကို ဝင္မၾကည့္ေသးဘဲ ေရွာင္းက်န႔္အေကာင့္က လာတဲ့ noti ကို အရင္ ၾကည့္လိုက္မိတယ္၊ ႏွစ္ေယာက္တြဲ ဆယ္ဖီပုံ တင္ထားတာ ေတြ႕လိုက္ရေတာ့ အေမာနည္းနည္းေတာင္ ေျပသြားသလိုပဲ။

"ေက်ာင္းႏွစ္ပတ္လည္ ပြဲသြားတာက ဖန္ဆားဗစ္ေပးတာလား"

ဝမ္ရိေပၚက ဖုန္းကို အိတ္ထဲ ျပန္ထည့္လိုက္ၿပီး ပြစိပြစိလုပ္ရင္း အေရွ႕ကို ဆက္ထြက္လာတယ္။

"ဟိုတေလာက အိမ္မွာ ႐ိုက္ထားခဲ့တဲ့ပုံထဲက တင္မယ္ ထင္ေနတာ"

ပင္ပန္းလြန္းလို႔ အျပင္ကို ထြက္လာေပမဲ့ ကားေမာင္း ျပန္ရမလား၊ တက္စီပဲ ငွားရမလားဆိုတာ ဝမ္ရိေပၚ မစဥ္းစားရေသးဘူး၊ ဒါေပမဲ့ တံခါးအျပင္ေရာက္တာနဲ႔ ကားမီးဖြင့္ၿပီး အခ်က္ျပတာ ခံလိုက္ရတယ္၊ ကားေပၚထိုင္ေနတဲ့လူက ဟြန္းပါ ႏွစ္ခ်က္ေလာက္ ပုတ္လိုက္ေသးတာ။

လွမ္းၾကည့္လိုက္ေတာ့ ဘန္တေလရဲ႕ဒါ႐ိုက္ဘာခုံမွာ ထိုင္ေနတဲ့ က်ိဳးမုက်င္က သူ႔ကို လက္လွမ္းျပလာတယ္။

01

သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အသက္ေမြးမယ္လို႔ ဆုံးျဖတ္ထားလိုက္ကတည္းက ေရွာင္းက်န႔္ အိမ္ကေန ထြက္လာတာ၊ ၾကားမွာ သားအဖေတြ အႀကိမ္ႀကိမ္ စကားမ်ားတယ္၊ အႀကိမ္ႀကိမ္ ျပန္တည့္ၾကတယ္၊ ဒါေပမဲ့ ေရွာင္းက်န႔္ကေတာ့ အိမ္ျပန္လာၿပီး မေနျဖစ္ေတာ့ဘူး။

ေရွာင္းက်န႔္အခန္းကိုေတာ့ မားက အၿမဲရွင္းလင္းထားတယ္၊ ေနာက္ပိုင္း အလုပ္အားတဲ့ အခ်ိန္က် တစ္ရက္ႏွစ္ရက္ေလာက္ ေရွာင္းက်န႔္ ျပန္အိပ္တတ္လာတယ္။

ဝမ္ပါးက သူတို႔သားအဖနဲ႔ စကားေျပာၿပီး ျပန္သြားတယ္၊ မားက ေရွာင္းက်န႔္ကို ညစာအတူစားဖို႔ ေျပာေနေတာ့ ေရွာင္းက်န႔္လဲ ျပန္မလာတာၾကာၿပီမို႔ ေခါင္းၿငိမ့္လိုက္တယ္။

ဘယ္လိုေနရာပဲ ေရာက္ေရာက္၊ ကိုယ့္အိပ္ခန္း ေသးေသးေလးေလာက္ေတာ့ မေႏြးေထြးတာေတာ့ အမွန္ပါ၊ အခန္းေလးက က်ဥ္းေပမဲ့၊ အခန္းတစ္ခုရဲ႕အဂၤါရပ္ေတြေတာ့ အျပည့္အစုံ ရွိတယ္။

ေရခ်ိဳးၿပီးတဲ့ ေရွာင္းက်န႔္က သူ႔အိပ္ရာေလးေပၚမွာ ေက်ာခင္းေနရင္း ဖုန္းပြတ္ေနတယ္၊ ျပတင္းေပါက္မွာ တြဲေလာင္းခ်ည္ထားတဲ့ လက္ဖက္ေျခာက္အိတ္ေလးေတြဆီကေန သန႔္စင္တဲ့ လက္ဖက္နံ႔ သင္းသင္းက သူ႔ႏွာေခါင္းဝမွာ လာၿပီး က်ီစယ္ေနတယ္၊ ေရွာင္းက်န႔္အႀကိဳက္ဆုံးသီခ်င္းကို ေရဒီယိုကေန လႊင့္ေနတာမို႔ လက္ရွိမွာ သူ႔ဘဝက ျပည့္စုံကုံလုံေနသလို ခံစားေနရတယ္။

Weibo ပိုစ့္ ကို share လုပ္ၿပီးသြားေတာ့ တံခါးေခါက္သံ ၾကားလိုက္ရတယ္၊ ေရွာင္းက်န႔္ ေမာ့ၾကည့္လိုက္ေတာ့ အသီးပန္းကန္ကိုင္ၿပီး ဝင္လာတဲ့ပါးကို ေတြ႕ရတယ္၊ ေရွာင္းပါးကေတာ့ လာခ်င္လို႔လာတာ မဟုတ္ဘူးဆိုတဲ့ ပုံစံနဲ႔။

"မင္းမားက မင္းစားဖို႔ ပို႔ခိုင္းလိုက္တာ.. ျငင္းလို႔ရတယ္.. မင္းအစား ငါစားေပးမယ္"

"......"

အသီးပန္းကန္ကို ထားမသြားခ်င္တာ သိပ္ကို သိသာေနတယ္၊ ေရွာင္းက်န႔္က ခပ္ၿပဳံးၿပဳံးနဲ႔ လက္ဆန႔္ထုတ္လိုက္ၿပီး။

"အသီးလား.. စားမွာေပါ့"

အသီးပန္းကန္က ကုတင္ေဘး ကစားပြဲေပၚမွာ ေနရာယူတယ္၊ ေရွာင္းပါးက စားပြဲေအာက္ကခုံကို ဆြဲထုတ္ၿပီး အနားမွာ ဝင္ထိုင္တယ္။

"ဒါဆိုလဲ အတူတူ စားတာေပါ့"

ေရွာင္းက်န႔္က ကုတင္ေခါင္းရင္းမွာ မွီေနရင္ ေခါင္းၿငိမ့္ျပလိုက္တယ္၊ ေရွာင္းပါးက ယုန္႐ုပ္ထြင္ထားတဲ့ ပန္းသီးတစ္စိတ္ကို သြားၾကားထိုးတံနဲ႔ ထိုးယူၿပီး ေအးေအးေဆးေဆး ဝါးေနတယ္၊ ေရွာင္းက်န႔္က ေကြ႕ဝိုက္မေနဘဲ တဲ့တိုး ေမးခ်လိုက္တယ္။

"ကြၽန္ေတာ္ ဝမ္ရိေပၚကို ႀကိဳက္ေနမွန္စ ပါး ဘယ္တုန္းက တည္းက သိေနတာလဲ"

ဖြီး! !

စကားဆုံးတာနဲ႔ ေရွာင္းပါးရဲ႕ပါးစပ္ထဲက ဝါးလက္စ ပန္းသီးေတြ အျပင္ေလာကကို ပ်ံထြက္ကုန္တယ္၊ ေရွာင္းပါးက ပါးစပ္ထဲ က်န္ခဲ့တာတခ်ိဳ႕ကို ခက္ခက္ခဲခဲ ၿမိဳခ်ရင္း ေျပာတယ္။

"မင္းအေဖက စာေပအႏုပညာကို ခ်စ္ျမတ္ႏိုးၿပီး တစ္ဘဝလုံး စာအုပ္ဆိုင္ ဖြင့္စားလာတဲ့ဟာ.. အနည္းဆုံးေတာ့ စကားတစ္ခြန္း မေျပာခင္ ေခါင္းထဲမွာ နည္းနည္းေလာက္ အရင္စဥ္းစားလို႔ မရဘူးလား"

ေရွာင္းက်န႔္က လိေမၼာ္သီးတစ္စိတ္ ေကာက္ဝါးလိုက္တယ္၊ သူ႔အေဖရဲ႕အလိုအတိုင္း အစာအိမ္ထဲ လိေမၼာ္သီးေရာက္ဖို႔ အခ်ိန္ခဏ ေစာင့္ၿပီးေတာ့မွ ထပ္ေမးတယ္။

"ကြၽန္ေတာ့္ပုံက အဲေလာက္ေတာင္ သိသာေနလို႔လား.. ေခါင္းထဲမွာပဲ ေတြးမိတာပါ"

"ေတာ္ၿပီ ေတာ္ၿပီ.. ေကြ႕ပတ္ေနလဲ မထူးဘူး.. မင္းေခါင္းက ဗလာပဲဟာ"

02

"ေလွ်ာက္မရွာပါနဲ႔ေတာ့.. ဆက္သြားလဲ ေတြ႕မွာမွ မဟုတ္တာ"

ကားက က်ိဳးမုက်င္ ႀကိဳက္တယ္ဆိုတဲ့ ဘာဘီက်ဴးဆိုင္နားမွာ ပါကင္ထိုးဖို႔ လိုက္ရွာေနတဲ့အခ်ိန္ ဝမ္ရိေပၚက ထ,ေျပာလိုက္တာ၊ တကယ္ေတာ့ အဲဒီဆိုင္က သူတို႔ ႏွစ္ေယာက္ ပထမအႀကိမ္ ဆုံတုန္းက သြားခဲ့တဲ့ဆိုင္၊ ဒါေပမဲ့ အႀကိမ္ႀကိမ္လွည့္ ရွာေနတာေတာင္ ကားထားဖို႔ေနရာက မရဘူး။

Wechat က စာေတြပို႔ထားေပမဲ့ ဝမ္ရိေပၚက စာမျပန္တဲ့အခ်ိန္၊ ဝမ္မားက က်ိဳးမုက်င္ဆီ ဖုန္းဆက္လာတယ္၊ အဲဒီမွာ စာမျပန္တာက သားျဖစ္သူ အလုပ္မ်ားေနတာ ျဖစ္ႏိုင္တယ္လို႔ ေျပာလိုက္ေတာ့တာ၊ ဒါေၾကာင့္ ကုမၸဏီေအာက္မွာပဲ လာေစာင့္ျဖစ္သြားတာ ဆိုၿပီး က်ိဳးမုက်င္က စေျပာတယ္။

ဝမ္ရိေပၚက ဘာမွမေျပာဘူး၊ ပါကင္လြယ္တဲ့ဆိုင္ ရွာဖို႔ပဲ အႀကံေပးတယ္၊ က်ိဳးမုက်င္ ကားရပ္လိုက္တဲ့အခ်ိန္မွာေတာ့ ဝမ္ရိေပၚ က ဆိုင္နာမည္ကို ေမာ့ၾကည့္လိုက္တယ္။

Moonlight

"...."

ဆိုင္ကို ဝမ္ရိေပၚဘက္က စိတ္ဝင္စားဟန္ မျပတာေၾကာင့္ က်ိဳးမုက်င္က သက္ျပင္းခ်တယ္။

"ဒီလို ပ်င္းစရာေကာင္းတဲ့ဆိုင္မွာ ဘယ္သူ လာစားမွာလဲ... ကြၽန္မေခၚသြားမဲ့ေနရာက ဟိုဘက္က ကန္နားမွာ ဖြင့္တဲ့ဆိုင္.. အဲဒီမွာ ေလညင္းခံၿပီး ဘီယာနဲ႔ၾကက္ေၾကာ္ သြားစားရေအာင္"

ဒီေတာ့မွ ဝမ္ရိေပၚက လက္မေထာင္ျပလိုက္ၿပီး။

"က်ိဳးက်ဲက ေ႐ြးတာ ေတာ္တာပဲ"

ၾကက္ေၾကာ္ဆိုင္က ကန္ေဘးမွာ ဖြင့္ထားတာ၊ ဆိုင္ရွင္ လင္မယားက ကိုရီးယားလူမ်ိဳးေတြ၊ က်ိဳးမုက်င္က ေတာ္ဝင္သခင္မေလးေတြ ပုံမွန္ မေတြးမိေလာက္တဲ့ ေနရာေတြကို သြားဖို႔ စိတ္အားထက္သန္တယ္၊ အရွာအေဖြလဲ ေတာ္တယ္၊ ဟိုတယ္ B လို ေနရာမ်ိဳးကို သြားခဲ့တယ္ဆိုတာေတာင္ ယုံရခက္ခက္ပဲ။

ၾကက္ေၾကာ္မွာေနရင္း အဲဒီအေၾကာင္း ျပန္ေျပာေတာ့ က်ိဳးမုက်င္က ရယ္တယ္။

"ကြၽန္မအသိုင္းအဝိုင္းမွာက အဲဒီလို ေနရာမ်ိဳးေတြ သြားၿပီး အခ်ိန္ျဖဳန္းတဲ့သူ ေပါတယ္.. သူတို႔သြားေတာ့လဲ လိုက္သြားရတာေပါ့ ရွင့္လိုမ်ိဳး လူကသာ ရွားပါးတာ"

ဝမ္ရိေပၚက ရပ္ဆိုတဲ့ လက္ဟန္လုပ္ၿပီး တားလိုက္တယ္။

"ကြၽန္ေတာ္ကလဲ နာမည္ႀကီးဆိုင္ေတြ သြားရတာ ႀကိဳက္ပါတယ္.. ေရွာင္းက်န႔္နဲ႔ေတြ႕တုန္းက ေ႐ြးတာေတာင္ နာမည္ႀကီး ေနရာပဲေလ.. ကြၽန္ေတာ့္ကိုေတာ့ သူမ်ားထက္ ထူးတယ္လို႔ မထင္ပါနဲ႔"

"ေၾသာ္.. ရွင့္လို လူမ်ိဳးကေတာ့ တကယ္နည္းတာပါဆို.. မယုံလဲ မတတ္ႏိုင္ဘူး"

ဒီေန႔ေတာ့ က်ိဳးမုက်င္က ခါတိုင္းလို အားကစားေဘာင္းဘီနဲ႔ မဟုတ္ဘူး၊ ျမင္ေနက်မဟုတ္တဲ့ စကတ္ကို ဝတ္ထားတယ္၊ ဝမ္ရိေပၚနဲ႔ ညစာအတူစားမွာမို႔ ေမာ္စေကာ္ေတြလဲ အြန္ထားေသးတယ္၊ သတိထားတဲ့လူ ဆိုရင္ေတာ့ သူ႔ရည္႐ြယ္ခ်က္ကို ထင္ထင္ရွားရွား ျမင္မွာပါ။

ဒါေပမဲ့ ဒီလိုေနရာမွာေတာ့ ဝမ္ရိေပၚက သစ္သားတုံးလိုလူ မဟုတ္လား၊ သစ္သားတုံး ဆိုမွေတာ့ ဘာမွ မျမင္ဘူးေပါ့၊ သစ္သားတုံးက ေရဘူး ေကာက္ကိုင္လိုက္ၿပီး သူ႔အတြက္သူ အရင္ငွဲ႔လိုက္တယ္၊ ေနာက္ေတာ့ က်ိဳးမုက်င္ကို ေမးတယ္။

"ဒီဆိုင္ကေရက ေအးတယ္.. ခင္ဗ်ား ေသာက္ႏိုင္ရဲ႕လား"

က်ိဳးမုက်င္က ၿပဳံးတုံ႔တုံ႔ ျဖစ္သြားၿပီး ေခါင္းၿငိမ့္ျပလာတယ္၊ ဝမ္ရိေပၚက ေရတစ္ခြက္ ငွဲ႔ေပးလိုက္ၿပီး လိုရင္းကိုပဲ တန္းသြားေတာ့တယ္။

"ခင္ဗ်ားကြၽန္ေတာ့္ကို လာရွာတာ ကိစၥရွိလို႔လား"

"ေမးမွေမးပါ့မလားလို႔..ေတြးေနတာ.. တကယ္ေတာ့ အန္တီဝမ္ကြၽန္မကို ဆက္သြယ္လာတယ္"

"ကြၽန္ေတာ့္အေမလား.. ဘာလဲ ၾကင္ဖက္ေတြ႕တဲ့ အေၾကာင္း feedback ျပန္ေပးခိုင္းတာလား"

ဝမ္ရိေပၚက စက္႐ုပ္တစ္႐ုပ္လိုပဲ ၾကင္ဖက္ေတြ႕တာေတြကို အစမ္းလို႔ သေဘာထားၿပီး သြားေတြ႕တာ၊ ၿပီးရင္ စက္႐ုပ္ကို တီထြင္တဲ့လူက အေနာက္ကလိုက္ၿပီး အစမ္းအသုံးျပဳသူေတြဆီက feedback လိုက္ၿပီး ေတာင္းလိမ့္မယ္ေပါ့၊ ဒါေပမဲ့ အသက္ ၂၀ ေက်ာ္ အ႐ြယ္ကို မားက အတည္ႀကီး အိမ္ေထာင္ျပဳခိုင္းေနတာလား၊ အံ့ၾသစရာေတာ့ ေကာင္းေနၿပီ။

ႏွစ္ေယာက္သားရဲ႕အေျခအေနက အတူတူပဲမို႔ က်ိဳးမုက်င္လဲ သူ႔ဘက္ပိုဆိုးတယ္၊ ငါ့ဘက္က ပိုသာတယ္ ဆိုၿပီး တစ္မူး ပိုမရွဴခ်င္ေတာ့ဘူး၊ ဒါေၾကာင့္ ဒီအေၾကာင္းကို ေရွ႕မဆက္ဘဲ လိုရင္းကိစၥကိုပဲ ေျပာေတာ့တယ္။

"ကြၽန္မရွင့္ကို လာရွာတာက ကိစၥႏွစ္ခုေၾကာင့္.. ရွင့္အစ္ကိုနဲ႔ ပူးေပါင္းထားတဲ့ ပစၥည္းအသစ္ေတြကို မနက္ျဖန္ စ, ျဖန႔္ေတာ့မွာ.. ကြၽန္မတို႔ ကုမၸဏီနဲ႔ လက္တြဲထားတဲ့ တ႐ုတ္အႏုပညာရွင္က ရွင့္အစ္ကိုတစ္ေယာက္ပဲ ရွိတာ.. ဒါေၾကာင့္ ေၾကာ္ျငာထြက္လာရင္ သူ႔ Weibo မွာ share ေပးဖို႔ ေျပာမလို႔"

ဝမ္ရိေပၚက ျပသနာမရွိဘူး ဆိုတဲ့ပုံနဲ႔ ေခါင္းၿငိမ့္ျပၿပီး၊ ထပ္ေျပာမဲ့ ဒုတိယတစ္ခုကို ေစာင့္ေနတယ္၊ အဲဒီအခ်ိန္မွာပဲ ဆိုင္ရွင္ အမ်ိဳးသမီး ေရာက္လာၿပီး ကိုရီးယားလို ႏႈတ္ဆက္ရင္း ဘီယာ လာခ်ေပးတယ္။

က်ိဳးမုက်င္ မ်က္လုံးေတြက အျမဳပ္တစီစီထေနတဲ့ ဘီယာခြက္ဆီ ေရာက္သြားတယ္၊ သူ႔ရင္ထဲမွာလဲ ခြက္မွာ ျမင္ေနရတဲ့ အျမဳပ္ျဖဴျဖဴေတြလိုပဲ စကၠန႔္နဲ႔အမွ် လႈပ္ရွားေနတာ၊ က်ိဳးမုက်င္က အၾကည့္ကို မလႊဲဖယ္ႏိုင္ေသးဘူး၊ မ်က္ေတာင္ တဖ်တ္ဖ်တ္ ခတ္လိုက္ၿပီး စိတ္လႈပ္ရွားေနတာကို တည္ၿငိမ္ေအာင္ ထိန္းလိုက္တယ္။

"ဒီေမးခြန္းက.. နည္းနည္းေတာ့ ဂြက်မယ္... ဝမ္ရိေပၚ.. ရွင္.. ရွင့္အစ္ကိုကို ႀကိဳက္ေနတာလား"

03

အသီးပန္းကန္က ေျပာင္သေလာက္ ရွိေနၿပီ၊ ေရွာင္းက်န႔္ မွာေတာ့ သူ႔အေဖ သူ႔စိတ္ကို ဘယ္လိုမ်ား ခန႔္မွန္းမိသြားသလဲဆိုတဲ့ အေျဖကို မသိရေသးဘူး၊ ဝမ္ရိေပၚနာမည္ေရးထားတဲ့ ႏို႔ေတာ္ဖီအခြံ ေတြ႕႐ုံနဲ႔ မွန္းလို႔ရသြားတယ္ ဆိုတာခ်ည္းက ယုတၱိမွ မရွိတာ၊ မဟုတ္မွလြဲေရာ သူ႔အေဖက လူ႔စိတ္ကိုပါ ဖတ္ႏိုင္ေနတာလား။

"ကြၽန္ေတာ္ ေမးတာအရင္ေျဖ ပါး.. ဝမ္ရိေပၚကို ဘာလို႔ အဲဒီစာအုပ္ ေပးလိုက္တာလဲ.."

ေရွာင္းပါးကိုင္ထားတဲ့ သြားၾကားထိုးတံက ယုန္႐ုပ္ ပန္းသီးစိတ္ေပၚမွာ စိုက္ဝင္သြားတယ္။

"ဒီတိုင္း ႀကဳံလို႔ေပးလိုက္တာ.. ဒီရက္ပိုင္း စာအုပ္ေတြ ျပန္စီေတာ့ အထဲမွာ သူ႔နာမည္ပါတဲ့ ေတာ္ဖီအခြံေလး ထြက္လာတာ ေတြ႕တယ္.. ဒါေပမဲ့ စာအုပ္ကေတာ့ ေထြေထြထူးထူး မရွိဘူး.. ဒါေၾကာင့္ ဘာမွ မစဥ္းစားဘဲ ေပးလိုက္တာ"

ဒီစကားၾကားေတာ့ ေရွာင္းက်န႔္ပိုၿပီး ဇေဝဇဝါ ျဖစ္သြားတယ္။

"ထူးဆန္းလိုက္တာ.. ဒါျဖင့္ရင္ ကြၽန္ေတာ္ သူ႔ကိုႀကိဳက္ေနတာ ပါးကဘယ္လိုသိ.."

"မင္းသူကို ႀကိဳက္ေနမွန္း သိတယ္လို႔ ငါေျပာဖူးလို႔လား"

ေရွာင္းပါးက ပန္းသီးစိတ္ကို ဇိမ္နဲ႔ဝါးေနရင္း ဆက္ေျပာတယ္။

"ငါသိတာ တစ္ခုပဲရွိတယ္.. အဲဒီ ေရွာင္ဝမ္ေလးကေတာ့ ဟိုးအရင္ကတည္က မင္းကို ႀကိဳက္ေနတယ္ဆိုတာပဲ"

ပါးစကားေၾကာင့္ ေရွာင္းက်န႔္ရင္ထဲမွာ ပရမ္းပတာ ျဖစ္ကုန္တယ္။

ေလတိုးတာေၾကာင့္ ျပတင္းေပါက္မွာ ခ်ိတ္ထားတဲ့ လက္ဖက္ေျခာက္ အိတ္ေလးေတြ လႈပ္ရွားသြားၿပီး အခန္းထဲမွာ လက္ဖက္နံ႔ သင္းသင္း ရလာျပန္တယ္။

ဒါေပမဲ့ ေရွာင္းက်န႔္ မင္ေသေသနဲ႔ ျပန္ျငင္းမိတယ္။

"မျဖစ္ႏိုင္တာ"

"မျဖစ္ႏိုင္ဘူးလား.. ေလာင္ဝမ္နဲ႔ငါက ဟိုးအရင္ကတည္းက ဒီကိစၥကို သံသယဝင္ေနတာ.. ေနာက္ပိုင္းက် ေလာင္ဝမ္က သူ႔ကိုယ္သူ အေတြးလြန္ေနတယ္ဆိုၿပီး လက္ခံလိုက္တယ္.. ဒါေပမဲ့ ငါကေတာ့ အေတြးမလြန္ဘူးဆိုတာ ေသခ်ာတယ္"

ေရွာင္းပါးက က်န္တဲ့အသီးေတြကို ဆက္စားရင္း  သူမ်ားကိစၥ ေျပာေနရတဲ့အတိုင္း ဆက္ေျပာတယ္။

"ငါက ဒီကေလးကို ငယ္ငယ္ကတည္းက ၾကည့္လာတဲ့သူပါ.. ေရွာင္ဝမ္က သူ႔ဟာနဲ႔သူဆို ေခါင္းေၾကာ တအားမာတယ္.. ဆိုးတယ္.. ဒါေပမဲ့ မင္းကိုေတာ့ ေတာ္ေတာ္ အလိုလိုက္ေပးတာ"

ေရွာင္းက်န႔္ ခဏ လိုက္စဥ္းစားတယ္၊ ၿပီးတာနဲ႔ ပါးစပ္ဖြင့္ၿပီး ထပ္ျငင္းတယ္။

"ႏို႔ေတာ္ဖီေၾကာင့္လို႔ေတာ့ မေျပာနဲ႔ေနာ္ ပါး.. ဒီဟာေလး ေလာက္နဲ႔ေတာ့ သူ ကြၽန္ေတာ့္ကို ႀကိဳက္ေနတယ္လို႔ ယူဆ လိုက္လို႔ မျဖစ္ဘူး"

ေနာက္ဆုံးေတာ့ ေရွာင္းပါးက အသီးပန္းကန္ကေန အာ႐ုံ ေျပာင္းၿပီး ေရွာင္းက်န႔္ မ်က္ႏွာကို ၾကည့္လာတယ္။

"ဒီကေလးက မင္းကို ဘာမွမေျပာဘူးထင္တယ္.. သူက မင္းကို ေတာ္ေတာ္စိုးရိမ္ခဲ့တာ.. မိဘတစ္ေယာက္ ေနရာက ၾကည့္ရင္ သူ႔ကို ဘယ္လိုေက်းဇူးတင္ရမွန္းေတာင္ မသိဘူး"

ေရွာင္းက်န႔္လန႔္သြားတယ္။

"ပါး.. ကြၽန္ေတာ္ မသိေအာင္ ဘာေတြ လွ်ိဳထားၾကတာလဲ.. ေျပာရင္လဲ ေသခ်ာေျပာျပေလ.. ကြၽန္ေတာ့္မွာ နတ္မ်က္စိမွ မပါတာ.. ပါးမေျပာရင္ ကြၽန္ေတာ္ ဘယ္လိုလုပ္သိမလဲ"

ေရွာင္းပါးက လက္ထဲက သြားၾကားထိုးတံကိုပါ ခ်ထားလိုက္ၿပီး။

"ငါတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားတာ.. အသီးတစ္ပန္းကန္တည္း အတူထိုင္စားႏိုင္တာ.. မင္းဒီမွာလာၿပီး ေက်ာဆန႔္ ေနႏိုင္တာ.. ဒါေတြအားလုံးက ဘာေၾကာင့္လို႔ မင္းထင္လဲ"

ေရွာင္းက်န႔္က ခပ္တိုးတိုးအသံနဲ႔။

"အဲဒါက.. ပါး အသက္ႀကီးလာတာေၾကာင့္ေလ"

"ေခြးေကာင္ေလး"

တစ္ဘဝလုံး စာအုပ္ေတြၾကားမွာ ေပ်ာ္ေမြ႕ခဲ့တဲ့လူ ျဖစ္ေနလဲ ေရွာင္းက်န႔္နဲ႔ ေတြ႕ရင္ေတာ့ ဆဲရတာပဲ။

"အဲဒါ ရိေပၚအိမ္ကို ေခ်ာင္းေပါက္မတတ္လာၿပီး မင္းအတြက္ ေျပာေပးလို႔..မင္း ပင္ပင္ပန္းပန္း အလုပ္လုပ္ေနတဲ့ ဗီဒီယိုေတြ.. ႐ိုက္ကြင္းမွာ ေပ်ာ္ေနတဲ့ပုံေတြ ယူလာၿပီး.. မင္းက လုပ္ခ်င္တာ လုပ္ေနရတာမို႔ ေပ်ာ္ေနတယ္ဆိုတဲ့အေၾကာင္း.. ငါတို႔ကို ယူလာျပလို႔.. ရိေပၚသာ မရွိရင္ မင္းဘယ္ေရာက္ၿပီး ဘာလုပ္ေနလဲဆိုတာ ငါတို႔လင္မယား အိုေသသြားရင္ေတာင္ သိလိုက္ရမွာ မဟုတ္ဘူး"

"မင္းေ႐ြးတဲ့လမ္းက သိပ္ခက္ခဲတယ္လို႔ ရိေပၚက ေျပာေသးတယ္.. မင္းက သူ႔ထက္ေရာ.. လမ္းထဲက ကေလးေတြထက္ေရာ သတၱိရွိတယ္တဲ့.. ဒီလိုလူမ်ိဳးက မိသားစုဆီက အခ်စ္ခံရဖို႔.. ပံ့ပိုးေပးခံရဖို႔ လိုတယ္ဆိုၿပီး ငါတို႔ဆီလာတိုင္း အၿမဲနားခ်တယ္.."

"အဲဒီ အခ်ိန္ေတြတုန္းက ရိေပၚအိမ္ကို မၾကာမၾကာလာတာ.. အဲဒါေၾကာင့္ သူ႔အေဖနဲ႔ငါက ရိေပၚမင္းကို စိတ္ဝင္စားေနတယ္လို႔ ေတြးမိသြားတာ "

ေရွာင္းပါးက ဒီစကားေတြကို ေအးေအးမွန္မွန္နဲ႔ ေျပာသြားတာ၊ စကားဆုံးေတာ့ တစ္ရွဴးတစ္႐ြက္ထုတ္ၿပီး ေရွာင္းက်န႔္ဆီ ကမ္းေပးလိုက္တယ္။

"အခု မင္းက အခ်စ္ေၾကာင့္ငိုတာလား.. သူငယ္ခ်င္းေၾကာင့္ ငိုတာလား.. ကိုယ့္ဟာကိုယ္ေရာ ကြဲကြဲျပားျပား သိရဲ႕လား.. မသိရင္ေတာ့ လာငိုမေနနဲ႔.. မ်က္ရည္ေတြ အလကား ႏွေမ်ာဖို႔ ေကာင္းတယ္"

ေရွာင္းက်န႔္က တစ္ရွဴးကို လွမ္းယူလိုက္ၿပီး ဘယ္တုန္းတည္းက က်ေနမွန္းမသိတဲ့ မ်က္ရည္ကို သုတ္တယ္၊ ႏွပ္ေတြလဲ ညႇစ္ပစ္ လိုက္တယ္၊ ပါးကသူ႔ဆို ဒီလိုအၿမဲတမ္း တိုက္ခိုက္ေနက်။

"ကြၽန္ေတာ့္ကို အတင္းတြန္း မေနနဲ႔"

ေရွာင္းက်န႔္ မ်က္လုံးေလးေတြက ယုန္မ်က္လုံးေတြလို နီရဲေနတယ္၊ သူက မ်က္ေမွာင္ႀကီးၾကဳတ္ထားရင္း စကားဆက္တာ။

"သ႐ုပ္ေဆာင္လုပ္မယ္ဆိုတုန္းကက် တရားလြန္ ကန႔္ကြက္ခဲ့ၿပီး.. လိင္တူ ႀကိဳက္တာက် မတားဘဲ အားေပးေနလား"

"ဟ.. တူမလား..ငတုံးရ.. မင္းကို သ႐ုပ္ေဆာင္ မလုပ္ေစခ်င္တာက ..မင္း ပင္ပင္ပန္းပန္း ရွင္သန္ရမွာ စိုးလို႔ေလ"

ေရွာင္းက်န႔္ ပိုနားမလည္ႏိုင္ ျဖစ္သြားတယ္။

"လိင္တူႀကိဳက္တာက် မခက္ခဲေတာ့ဘူးလား"

ေရွာင္းပါးက သက္ျပင္းခ်လိုက္ၿပီး။

"ကိုယ့္အနားမွာေနၿပီး ခ်စ္ေပးတဲ့သူ ရွိေနတဲ့ဟာ ဘယ္လို လုပ္ၿပီး ခက္ခဲမွာလဲ"

ေနာက္ဆက္တြဲ

"ဒီေမးခြန္းက..နည္းနည္းေတာ့ ဂြက်မယ္... ရွင္.. ရွင့္အစ္ကိုကို ႀကိဳက္ေနတာလား"

ပတ္ဝန္းက်င္ ေလထုက ေခတၱခဏ ရပ္တန႔္သြားတယ္၊ ဝမ္ရိေပၚဆီက ရယ္သံထြက္လာေတာ့ က်ိဳးမုက်င္ အံ့ၾသ သြားတယ္။

"ရွင္ ဘာလို႔ ရယ္တာလဲ"

"အမွန္တိုင္းေျပာရရင္ .. ကြၽန္ေတာ့္အေဖလဲ ဒီလိုမ်ိဳး တစ္ပုံစံတည္း ေမးဖူးတယ္"

အရင္တုန္းက အေၾကာင္းေတြ ျပန္ေတြးမိေတာ့ ဝမ္ရိေပၚ အၿပဳံးေတြက ပိုၿပီး နက္ရႈိင္းလာတယ္။

"ေရွာင္းက်န႔္ကိုလား.. သိပ္သေဘာက်တာေပါ့... ကြၽန္ေတာ္က သူငယ္ခ်င္းတိုင္းကို သေဘာက်တာလို႔ ျပန္ေျဖခဲ့တယ္.. ဒါေပမဲ့ အဲဒီအေျဖက သိပ္မရွင္းလင္းေသးဘူးလို႔ ထင္တာမို႔ ထပ္ေျပာလိုက္တယ္"

ဝမ္ရိေပၚဆီက အေျဖကို ေစာင့္ေနရင္း က်ိဳးမုက်င္ လက္ေတြက စကတ္အစကို တင္းတင္း ဆုပ္မိသြားတယ္။

"သူငယ္ခ်င္းေတြ အားလုံးကို သေဘာက်တယ္.. အဲဒီအထဲမွာ ေရွာင္းက်န႔္ကေတာ့ most favorite ပဲ"

ဝမ္ရိေပၚက ဘီယာခြက္ကို ေကာက္ကိုင္ရင္း စကားဆက္ တယ္။

"ဒါေပမဲ့ အခု သူသြားေနရတဲ့ လမ္းေၾကာင္းက ခက္ခဲလြန္း တယ္.. ႏွစ္ေယာက္ၾကားမွာ သူငယ္ခ်င္းထက္ပိုတဲ့ ခံစားခ်က္ေတြရွိလာရင္..သူ႔အတြက္ေရာ.. ကြၽန္ေတာ့္အတြက္ပါ ဝန္ထုပ္ဝန္ပိုး ျဖစ္လာလိမ့္မယ္ ထင္တယ္"

က်ိဳးမုက်င္ ပင့္သက္တစ္ခ်က္ ရႈိက္တယ္၊ ဝမ္ရိေပၚဆီက သူ မၾကားခ်င္တဲ့စကားေတြ ထပ္ထြက္လာမွာ စိုးရိမ္ေနတာေၾကာင့္ သန႔္စင္ခန္းသြားမယ္လို႔ေျပာၿပီး ခုံကေန ျမန္ျမန္ထလာ လိုက္တယ္။

ဝမ္ရိေပၚ အိမ္ျပန္ေရာက္ေတာ့ သူ႔အိတ္ထဲမွာ အေႂကြေစ့ထည့္တဲ့အိတ္တစ္ခု အပိုပါလာတာကို သတိထားမိသြားတယ္၊ ဒါေၾကာင့္ က်ိဳးမုက်င္ကို ဖုန္းေခၚၿပီး ျပန္ယူဖို႔ ေျပာတယ္။

"ခင္ဗ်ားရဲ႕အေႂကြေစ့အိတ္ ကြၽန္ေတာ့္ဆီ မွားပါလာတယ္.. မနက္ျဖန္ လာေပးရမလား"

"မလိုဘူး.. ရွင္ပဲ သိမ္းထားေပး"

ဝမ္ရိေပၚက လည္စည္းကို လက္တစ္ဖက္တည္းနဲ႔ ကြၽမ္းကြၽမ္းက်င္က်င္ ဆြဲခြၽတ္ေနရင္း ထပ္ေျပာတယ္။

"ခင္ဗ်ားေျပာေတာ့ ကိုယ္နဲ႔မကြာ ေဆာင္ထားရတာဆို"

"အာ.. အင္း.. အခုေတာ့ ရွင့္ဆီထားလိုက္မယ္.. ဒါပဲ.. ဖုန္းခ်ၿပီေနာ္.. ဂြတ္ႏိုက္"

ဖုန္းကို ဂြက္ခနဲ ခ်သြားတာမို႔ ဝမ္ရိေပၚမွာ ေၾကာင္ေတာင္ ေတာင္ေလး ျဖစ္က်န္ခဲ့တယ္။

"ေျပာေတာ့ အခ်စ္ေရး ကံေကာင္းေစတဲ့ အဆာင္ဆို.. အခုက် မလိုေတာ့ျပန္ဘူးလား??"

Continue Reading

You'll Also Like

1.1M 19.5K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
837K 19K 47
In wich a one night stand turns out to be a lot more than that.
447K 13.4K 96
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
99.5K 5K 44
☾ - MOON KNIGHT S1 - ?? ┍━━━━━━━━━━━━━☽【❖】☾━━━━━━━━━━━━━┑ ❝Are you insane?!❞ ❝Does that really have to be answered?❞ ┕━━━━━━━━━━━━━☽【❖】☾━━━━━...