19

2.8K 380 24
                                    

အပိုင်း ၁၉။ ပန်းတွေရဲ့အလှက လေထုကို အရင်ကူးစက်တယ်၊ နောက်တော့ ခန္ဓာကိုယ်ကြီးကပါ အရောင်တွေ ကြားမှာ ငြိမ်သက် မွေ့လျော် သွားခဲ့တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း ၁၉။ ပန်းတွေရဲ့အလှက လေထုကို အရင်ကူးစက်တယ်၊ နောက်တော့ ခန္ဓာကိုယ်ကြီးကပါ အရောင်တွေ ကြားမှာ ငြိမ်သက် မွေ့လျော် သွားခဲ့တယ်

ကိုယ်စိတ်ဝင်စားနေတဲ့လူက ကိုယ့်အပေါ် ခံစားချက်ရှိနေလား သိရအောင် ဘယ်လို ပါးပါးနပ်နပ် မေးရမလဲ?

အိမ်ကနေ မပြန်ခင်မှာ ရှောင်းမားက ရှောင်းကျန့်လက်ထဲကို စားစရာ အထုပ်လိုက်ကြီး ထည့်ပေးရင်း။

"ကျန့်ကျန့်.. ကြိုက်တယ် မကြိုက်ဘူး ကိစ္စတွေ ခဏဖယ်ထားဦး.. လူက ဒီလောက်တောင် ပိန်နေပြီ.. မင်း အခုလိုမျိုး အစား သေချာမစားရင် မြန်မြန် သေလိမ့်မယ်.. အဲဒီအချိန်ကျ ကြိုက်မကြိုက် သိလာရလဲ ဘာအဓိပ္ပါယ်မှ ရှိမှာ မဟုတ်ဘူး"

"မားပြောတဲ့ အကြောင်းအရာနှစ်ခုက ဘယ်လိုများ ဆက်စပ်နေလို့လဲ"

ရိုက်ကွင်းသွားတဲ့လမ်းမှာ ရှောင်းကျန့်ပြောတာ ကြားပြီး လက်ထောက်က ခေါင်းကုတ်ဖင်ကုတ် ဖြစ်သွားတယ်။

"မင်း စိတ်ဝင်စားနေတဲ့လူကို မင်းရော ငါ့လိုပဲ ခံစားချက် ရှိနေလား ဘယ်လိုမေး.. အာ.. အဲဒါရဲ့ လိုရင်းက ဘာကို ဆိုလိုတာလဲ ကော "

ရှောင်းကျန့်က လက်ထောက်ခေါင်းကို ဇာတ်ညွှန်းစာအုပ်နဲ့ ပိတ်ထုလိုက်ပြီး။

"မင်းခေါင်းက ငါ့လောက်တောင် သုံးစားမရပါလား"

ကားပေါ်က ဆင်းတော့ ဖုန်းတစ်ဖက်ကနေ ကောရှောင်ပါးက ရှောင်းကျန့်ကို မေးလာတယ်။

"စကားလုံးလှလှလေးဆိုတော့.. သီချင်းတွေ ဘာတွေနဲ့ မေးချင်တယ်လို့ ပြောနေလား"

Feasibility Analysis Of Nurturing [包养的可行性分析] • COMPLETED •Where stories live. Discover now