Nights of December || NoMin

By Dayeon_Park

8K 1K 360

ဟိုအရင်က အပြာရောင်အိပ်မက်လေးကို ငါလေတမ်းတရင်း ကြေကွဲ ..။ More

ဇာတ်လမ်းကလေး တစ်ခုရှိတယ်
မရေမရာနေ့တွေ ရှိခဲ့ပြီး
လွယ်မယောင်နဲ့ ခက်ခဲ့တယ်
ရင်ခုန်စရာတွေရော
ပျော်ရွှင်ခဲ့တာတွေရော
အတူတူရှိခဲ့ကြတဲ့ နေ့တွေ
အကုန် လှလှပပ ဖြစ်ခဲ့တာ
ချစ်ခဲ့တယ်ဆိုတာ
မသေမချာ မဟုတ်ခဲ့ပါဘူး
ပျော်စရာမဟုတ်တဲ့ ခရစ္စမတ်
နှင်းတွေကြားမှာ ချစ်ခဲ့ကြပြီး
နွေဦးမှာ အက်ကွဲကြောင်းတွေနဲ့
ဆောင်းဦးမှာ ပြတ်စဲခဲ့ကြတယ်
မမျှော်လင့်ခဲ့ပါဘူးဆိုတဲ့
သူ့ရဲ့ အလိမ်အညာတွေထက်ကို
တကယ်တမ်းကျတော့
ကိုကိုက ဘယ်တုန်းကမှ
စောင့်နေတာကို မရပ်တန့်ခဲ့ဘူး
အချစ်ဆိုတာကို
ပြန်ပြီးခံစားလာနိုင်မယ်လို့
မထင်ခဲ့လည်း ဖြစ်လာခဲ့တာ
ကိုကိုနဲ့ ဂျယ်မင်းဖြစ်နေခဲ့တာကြောင့်မို့
အမြဲတမ်းလို့ပြောရင် ထာဝရပေါ့
What day is today
မင်းနဲ့အတူတူရှိမဲ့ ထာဝရ ❤️

အိပ်မက်ဖြစ်ခဲ့ရင် ကောင်းမယ်

279 45 8
By Dayeon_Park

၂၀၂၃ ဒီဇင်ဘာ ။

" Mark မင်းတို့ ကနေဒါ ပြန်မလို့ဆို "

အဆောင်ကလူတွေ အကုန်လုံး စုပြီး တစ်လကို တစ်ရက် အရက်သောက်တဲ့ည လုပ်လေ့ရှိတာ ။ ဂျယ်မင်းက မသောက်ပေမဲ့ အမြဲတမ်း အတူတူလာထိုင်တတ်တယ် ။ ဒီနေ့တော့ ငြိမ်ဆိတ်နေတဲ့ကြား ရုတ်တရက် Wille မေးလာတဲ့ အမေးက ဂျယ်မင်းနဲ့ ဟယ်ချန်းကို မထင်ထားဘဲ အံ့ဩသွားစေတယ် ။

Markတို့ မိသားစုက ဒီမှာပဲ နေတာမှန်ပေမဲ့ ကနေဒါဇာတိဖြစ်ပြီး စသိသိချင်းကတည်းက ကနေဒါကို ပြန်တယ်လို့ တစ်ခါမှရယ် မရှိခဲ့ ။ Markက ကျောင်းနဲ့အိမ် အသွားအပြန် နှစ်နာရီလောက် ကားစီးရအောင် ဝေးလို့ ကျောင်းအဆောင်နေတဲ့ လူဖြစ်လာတာ ။ မိဘကလည်း ထားနိုင်တာမို့ အိမ်ရှိရက်နဲ့ ဒီအဆောင်မှာနေဖြစ်ရင်းကနေ ကိုယ်ပိုင်ကားရှိလာတာတောင် မခွဲချင်ဘူးဆိုပြီး ဒီမှာပဲ ဆက်နေဖြစ်ခဲ့တဲ့လူ ။

" ဒီ semesterကို အကျခံလိုက်ရမလား ဖြစ်နေတာ ။
အမေကလည်း သူ့မိဘတွေ နေမကောင်းတာကို သွားပြီး ပြုစုချင်နေတာလေ ။ အဖွားက cancerဆိုလို့ "

ဘီယာတစ်ခွက်က လည်ချောင်းထဲ ပူပူလောင်လောင် စီးဝင်သွားတယ် ။ တော်ရုံ alcoholဆို ရှောင်တတ်တဲ့ နာဂျယ်မင်းလည်း ရောရောယောင်ယောင်နဲ့ သောက်မိနေတော့တာလေ ။

" ဘယ်နှစ်လလောက်တောင် နေမှာမို့လဲ "

ငြိမ်နေတဲ့ ဟယ်ချန်းဆီက အသံထွက်လာတော့ Markက လှည့်ကြည့်တယ် ။ ဂျယ်မင်းက အနေအနီးဆုံးလူပဲ ။ ဟယ်ချန်းနဲ့ Markက သူငယ်ချင်းတွေပေမဲ့ အဲ့တာထက် ပိုတဲ့ ဆက်ဆံရေးဆိုတာကို ရိပ်မိရပါတယ် ။ နှစ်ယောက်အတူနေတဲ့ အခန်းထဲကနေ ရုတ်တရက် ဟယ်ချန်းပျောက်သွားတဲ့ အခါမျိုးတွေက တစ်ခါနှစ်ခါမှ မကဘဲ ။

ဒါပေမဲ့ ရုတ်တရက် ဖြစ်လာတဲ့ ကိစ္စကို ဟယ်ချန်းက စောပြီး သိထားပုံတောင်မရဘူး ။ Willeက Markနဲ့ အတန်းတူတဲ့ သူငယ်ချင်းမို့ ကြိုသိနေတာ ဖြစ်ပုံကျပြီး Markကတော့ နောက်မှ ပြောဖို့ ပြင်နေသလိုမျိုးလေ ။

" အနည်းဆုံး သုံးလလောက်တော့ ဖြစ်မှာ ။ အများဆုံးဆိုရင် ခြောက်လအတွင်း ပြန်ရောက်လာနိုင်တယ် ။ အဖွားအပေါ်ပဲ မူတည်တာ ငါလည်း မပြောတတ်ဘူး ။ ကင်ဆာက ဘယ်အဆင့်လဲ ဘယ်လောက်နေရဦးမလဲ ပြန်ကောင်းသွားမှာလား အဲ့တာတွေကို ငါအခုထိ မသိရသေးဘူး "

ဟယ်ချန်းကတော့ မခံမရပ်နိုင်နေပုံပါပဲ ။
သူတို့ရဲ့ မတိမကျဆက်ဆံရေးကို အကြောင်းစုံ မသိပေမဲ့ ဒါက ဟယ်ချန်းကို ဘယ်လောက်ထိခိုက်သွားသလဲဆိုတာ ဂျယ်မင်းက အဲ့ဒီမျက်နှာကို ကြည့်ရုံနဲ့ သိနိုင်တယ် ။

ဟယ်ချန်းက နေရောင်ခြည်လေးလိုလူ ဖြစ်ပြီး တိတ်ဆိတ်သွားတိုင်းမှာ ကြောက်စရာ ကောင်းရပါတယ် ။ ဝမ်းနည်းမှု အတိမ်အနက်ဟာ ဘယ်လောက်ထိလဲ မှန်းဆနိုင်ဖို့ မရဲ ။

နောက်ထပ် အပြည့်ထည့်လာတဲ့ ဘီယာတွေကို တစ်ခွက်လုံးကုန်အောင် မော့ချတော့ စူးနေအောင် ပူသွားမှုနဲ့ အော်ဂလီဆန်လာတဲ့ အာရုံခံကြောတွေက အတိတ်ကို မြင်သွားအောင် လုပ်လိုက်သလိုပဲ ။

မေ့ထားလျက်က မြင်ယောင်လာတဲ့ အတိတ်တွေ ။
မေ့ထားရင်းနဲ့ ပြန်ရောက်သွားတဲ့ အချိန်တွေ ။
ခေါင်းကိုခါလိုက်တော့ ဝေဝါးမနေတော့ပေမဲ့ ဒီတစ်ခါ စူးအောင့်လာရတာ ရင်ဘတ်တွေပါပဲ ။

အရက်မသောက်တတ်တဲ့လူမို့လို့ ဒီလောက်တောင် sensitiveဖြစ်တာလားလို့ ထင်ပေမဲ့ မဟုတ်ဘူး ။
ဂျယ်မင်းက တစ်ခါတစ်လေ သောက်တတ်ပါတယ် ။ alcohol tolerance အရမ်းကြီး မနိမ့်ပါဘူး ။ တစ်စုံတစ်ယောက်ရဲ့ ဘဝထဲကနေ ထွက်ခါလာခဲ့တဲ့ အချိန်တွေတုန်းက အရာအားလုံးကို မေ့သွားအောင် နေ့မသိ ညမသိ သောက်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ ။ သေချာတာက alcoholကို sensitiveဖြစ်တာမဟုတ်ဘဲ အတိတ်တွေကို sensitiveဖြစ်တာ နေပါလိမ့်မယ် ။ အတိတ်တွေကို ဓာတ်မတည့်ဘဲ အတိတ်တွေကို ကြောက်ရွံ့နေတဲ့ အဲ့ဒီလို လူ ဖြစ်လာတာ ဖြစ်ပါလိမ့်မယ် ။

တူညီနေတဲ့ အခြေအနေတွေက ဘယ်လောက်တောင် ကြောက်ရွံ့ဖို့ကောင်းသလဲ ။
ဒါပေမဲ့ မတူညီနေဘူးမလား .. ဒါတောင်မှဆင်သယောင်ယောင်နဲ့ ကွာကျလာတဲ့ အတိတ်တွေ ။

ဂျယ်မင်းက ပြောခဲ့တယ် ။ သူထွက်သွားပါရစေလို့ ။
ထားခဲ့ပါရစေလို့ ။ ဘာမှ မသေချာလို့ ထပ်ပြီး မဆွဲထားပါနဲ့တော့လို့ ။ အခုလိုမျိုး ရုတ်တရက်တောင် မဟုတ်ဘဲ တဖြည်းဖြည်း ပြောနေခဲ့ပါတယ် ... စိတ်ကုန်လာပြီလို့ ။

ဆွဲထားခဲ့တာက အဲ့ဒီလူပါ ။ လွှတ်သမျှလက်တိုင်းကို ပြန်ဖမ်းဆွဲပြီး ၊ လမ်းခွဲစကားပြောခဲ့တာတောင် အချိန်တွေပေးပြီး ၊ သူစောင့်တဲ့အချိန်အတွင်း ပြန်လာဖို့ အမိန့်စကားတွေ ပြောခဲ့တာလေ ။

ဂျယ်မင်းက အမိန့်တွေ နာခံတတ်တဲ့ ကလေးမျိုး မဟုတ်ဘူး ။
ခြေစုံကန်ပစ်ခဲ့တဲ့ ရင်ခွင်ထဲကို ပြန်ဝင်ဖို့ ကြိုးစားမဲ့ အရူးလည်း မဟုတ်ပါဘူး ။

ယိုင်နဲ့နေတဲ့ အိမ်လို ဆက်ဆံရေးမှာ တစ်ယောက်က ဖြိုလှဲခဲ့သမျှကို တစ်ယောက်ကပြန်ဆောက် ။ အဲ့ဒီအတိုင်း နောက်တစ်ယောက်က ဖြိုလှဲပစ်ရင် နောက်တစ်ယောက်က ပြန်ဆောက်နဲ့ အရူးတွေလို ပတ်ချာရိုက်နေတာကို စိတ်မကုန်ဘဲ ဒီဆက်ဆံရေးကို မဆက်နိုင်တော့ပါဘူးဆိုတာက စိတ်ရင်းတွေ ဖြစ်ခဲ့တာ ။

နှစ်နဲ့ချီ ဆက်ဆံရေးကို လူတွေမသိဘဲ ဖုံးကွယ်ထားရင်းကနေ အဲ့ဒီလူ တွေ့သမျှ မိန်းကလေးတွေနဲ့ ပျော်ရွှင်နေတာကို ဘာစကားမှ ထုတ်မပြောနိုင်ခဲ့တဲ့ပါးစပ်နဲ့လည်း ရှေ့ဆက်မသွားနိုင်ခဲ့တော့တာဟာ လိမ်ညာတာတွေ မဟုတ်ခဲ့ဘူး ။

ထွက်သွားတော့မယ်လို့ အထပ်ထပ်ပြောခဲ့ရင်းက တကယ်ထွက်သွားပြီးမှ နာကျင်ခဲ့တာကိုလည်း အဲ့ဒီလူ သိစရာ မလိုအပ်ခဲ့ပါဘူး ။

ဂျယ်မင်းက အရူးလေ ။ တကယ်ကို မာနတွေ စည်းတားပြီး ရူးနေတဲ့အရူး ။ နှစ်နှစ်မပြည့်ခင် ပြန်လာလို့ ရနိုင်ခဲ့တာကို ရှေ့ဆက်နိုင်နေပြီဆိုတဲ့ အတ္တတွေနဲ့ ဟယ်ချန်းက စကော့တလန် ပြန်ဖို့ စကားမပြောအောင် အတုအယောင် ရောဂါတွေနဲ့ ဆေးရုံ တက်ရအောင်အထိ လုပ်ခဲ့တာ ကိုယ့်ဘာသာ ။

မျှော်နေမဲ့စကား ပြောခဲ့တဲ့လူက နှစ်နှစ်ပြည့်အောင် စောင့်နေခဲ့သလား မသိချင် ။ မသိရအောင် နေခဲ့ပြီးမှ .. ကိုယ့်နိုင်ငံကိုယ် ပြန်တော့မယ်ဆိုတဲ့ အခြေအနေတစ်ခုမှာ အတိတ်တွေအကုန် ပြန်ပြီး တူးဆွလို့လာလိုက်တာ .. အဝေးကြီး ။

နောက်ထပ် ဘီယာတစ်ခွက် မော့ချလိုက်ပြီးတဲ့ အချိန်မှာ ဘယ်လိုမှကို ဆက်မနေနိုင်တော့လို့ ။ ပိုပြီး ပူလောင်လာတဲ့ ပတ်ဝန်းကျင်မှာ ဘာကိုမှ ဆက်ပြီး ကြားယောင်မနေချင်တော့ ။ အဲ့ဒီလူရဲ့ တုံ့ပြန်ခဲ့မှုတွေနဲ့တူတဲ့ ဟယ်ချန်းရဲ့ မျက်နှာကိုလည်း ဘယ်လိုမှ ဆက်ပြီး ကြည့်မနေနိုင်တော့ ။

" ချန်း .. မင်းနေခဲ့မလား အပေါ်တက်ကြမလား "

ဟယ်ချန်းကတော့ သူ့အတွက် စဉ်းစားပေးတယ်ထင်သွားလောက်ပေမဲ့ မဟုတ်ဘူး ။ ဂျယ်မင်းက တင်းကျပ်နေတဲ့စိတ်တွေ ဒီနေရာမှာတော့ ပေါက်ထွက်မသွားအောင်လို့ ထွက်ပြေးချင်နေတာ ။

'မင်းကို သတိရနေတော့မှာ Mark' ဆိုတဲ့ အဆောင်က ကောင်တွေရဲ့ ချွဲပစ်ပစ်စကားတွေကိုလည်း အီအီလည်လည် မကြားနိုင်တော့အောင် အခြေအနေက ဆိုးရွားလာ ။

ဟယ်ချန်းက သူ့လက်တွေကို ဆွဲလာတော့ ဂျယ်မင်း တုံ့ဆိုင်းမနေတော့ဘူး ။ ထပ်ပြီး ထွက်ပြေးပြန်တဲ့ သူရဲဘောကြောင်တဲ့ကောင် ဖြစ်ပြန်ရင်တောင်မှ .. ထပ်ပြီး .. ထပ်ပြီးတော့ ဒီတူညီတဲ့ အတိတ်တွေဆီ နောက်တစ်ခါ ပြန်မသွားချင်တော့ဘူး ။

" ငါခေါင်းတွေမူးလာလို့ တက်နားတော့မယ် ။ ဟယ်ချန်းကိုပါ ခေါ်သွားလိုက်မယ် ။ မင်းကိုက မနက်ဖြန်မှတွေ့ပြီး စကားသက်သက် ပြောတော့မယ် Mark. Goodnight guys"

ပူပူနွေးနွေးအချိန်ကလေးကို ဖျက်လိုဖျက်စီးရိုင်းသွားမလားတောင် မတွေးနိုင်တော့အောင် အုံခဲနေတဲ့ ခေါင်းတွေ ။
ရပ်တန့်လိုက်ချင်ပါပြီ တကယ်ကိုလေ ။

-

ဟယ်ချန်းက အခန်းထဲရောက်လာတာနဲ့ အိပ်ရာပေါ် တန်းရောက်သွားတော့တာ ။ ဂျယ်မင်းက ဘာမှ မသိဘူးလို့ ထင်နေပြီး ဘာမှ မပြောဘဲနဲ့ နေဖို့ပဲ ဆုံးဖြတ်ထားသလိုမျိုး ။

ဒီအချိန်မှာတော့ ဂျယ်မင်းကလည်း ဘာမှ အပိုစဉ်းစားမနေချင်ဘူး ။ အချိန်ကိုက်ပေါက်ကွဲတော့မဲ့ ဗုံးလိုမျိုး သူ့စိတ်တွေကို ဖြေလျှော့ဖို့က ခက်ခဲလွန်းနေလို့ ။ တစ်ယောက်တည်း နေပြီး ငြိမ်နေဖို့ ရေချိုးခန်းထဲ ဝင်လာပြီး မျက်စိစုံမှိတ် ခဏတိတ်ဆိတ် ပစ်လိုက်ရတယ် ။

အမှောင်ထုထဲမှာ မြင်နေရတဲ့ ပုံရိပ်တွေ ။
သူ့အတန်းဖော် တရုတ်အစ်ကိုကြီး သင်သွားပေးတာဆိုပြီး "ရှောင်ပေါင်ပေါင်း"(ကလေးလေး)လို့ စစနောက်နောက် ခေါ်တတ်ခဲ့တဲ့ အသံတွေ ။ တွဲယှက်ထားတဲ့လက်တွေ ၊ ဖက်တွယ်ထားတဲ့ ကျောပြင်ကျယ်တွေရော ၊ ထိစပ်ထားခဲ့ကြတဲ့ နူးနူးညံ့ညံ့နှုတ်ခမ်းပါးတွေအထိ တောင်စဉ်ရေမရ အစီအစဉ်မကျ ပေါ်လာတဲ့ ပုံရိပ်တွေက အသက်ရှူရတာ အဆင်မပြေဖြစ်စေလာတယ် ။ မြေကြီးပေါ်ကျကွဲသွားတဲ့ ဖန်ခွက်တွေ ၊ အော်ဟစ်သံတွေ ၊ မျက်ရည်တွေ ၊ တောင်းပန်တိုးလျှိုးမှုတွေအထိ အကုန် .. ပေါက်ထွက်မတတ် ကိုက်လာတဲ့ ခေါင်းထဲမှာ ရုပ်ရှင်တစ်ခုလို ။

" တော်ပါတော့ ..."

" တောင်းပန်ပါတယ် .. တော်ပါတော့ "

လက်နှစ်ဖက်နဲ့ ခေါင်းကို ထုရိုက်နေပြီး မျက်ရည်တွေဆက်တိုက်ကျနေဆာတောင်မှ မလုံလောက်သလိုမျိုး ။ တိတ်တိတ်ကလေး ပြောနေရင်းကနေ အသံထွက်ပြီး ရပ်တန့်ဖို့ တောင်းပန်ရတဲ့အထိကို ခက်ခဲနေခဲ့တာ ။ မျက်ရည်ပူတွေက ဆက်တိုက်ကျနေတာဟာ တစ်ချိန်တုန်းက ဆုံးဖြတ်ချက်တွေကြောင့် ၊ တစ်ချိန်တုန်းက သူ့ကြောင့် .. ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လမ်းကြောင့် ။

ဒါပေမဲ့ ဒီလမ်းကိုသာ မရွေးခဲ့ရင် သူက အခု ဘယ်လိုမျိုး ရှင်သန်နေမှာပါလိမ့် မတွေးတတ်ဘူး ။ မှန်ပါတယ်လို့ ငါမှန်တယ်လို့ နှစ်သိမ့်ရင်းကနေ ခေါင်းတခါခါ အော်ငိုနေရမဲ့ဘဝကို ရောက်လာဖို့ကိုတော့ မမျှော်လင့်ခဲ့ဘူး ။

" ဂျယ်မင်း "

ရေချိုးခန်းတံခါးကို လော့ခ်ချထားတာတောင် ဟယ်ချန်းက သူ့ဆီ ဘယ်လိုရောက်လာလဲမသိဘူး ။ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာတဲ့ လူတစ်ယောက်ရှိတဲ့နောက်မှာ ကလေးလို အော်ဟစ်ငိုယိုပစ်လိုက်တာက အကောင်းဆုံး ထွက်ပေါက်လိုမျိုး ။ မစာမနာ ဖြစ်နေမလား တွေးမိတော့ သူငိုရင် လိုက်ငိုတတ်တဲ့ သူငယ်ချင်းလေးကလည်း မျက်ရည်တွေ စီးကျပြီး ငိုနေတော့တာကိုမြင်မှ တောင်းတောင်းပန်ပန် ပြန်ထွေးဖက်ထားရတယ် ။ နာဂျယ်မင်းရဲ့ ရူးလိုက်ပုံများ ...။

" တောင်းပန်ပါတယ် .. ငါ သတိလွတ်သွားတာ "

" အဲ့ဒီလို ပြန်မဖြစ်လို့ မရဘူးလား ။ ငါ မင်းကို မဆုံးရှုံးချင်တော့ဘူး ။ ဘယ်သူ့ကိုမှ မဆုံးရှုံးချင်တော့တာ "

ဟယ်ချန်းက သူ့အကြောင်းတွေကို ထုတ်မပြလာသေးရင် ဂျယ်မင်းက ထုတ်မမေးရက်ပါဘူး ။ ခေါင်းတဆတ်ဆတ်ညိတ်လို့ ကတိအထပ်ထပ်ပေးတာကလွဲရင် အပိုတွေ မပြောနိုင်ခဲ့ဘူး ။

" နောက်တစ်ခါ အရက်တွေကို ဒီလောက် မသောက်တော့ဘူး "

-

၂၀၁၈ နိုဝင်ဘာ ။

အဲ့ဒီ သောကြာညမှာ ဘယ်လိုမှကို အိပ်မပျော်ခဲ့တာက ဂျယ်မင်းပဲ ။ တုန်ယင်မနေတဲ့ အသံတွေကို သံသယတွေကဲသလောက် မျက်ရည်တချို့ ရစ်သိုင်းနေတဲ့ မျက်ဝန်းတွေအပေါ် ကရုဏာ ပိုခဲ့ရတယ် ။

ရှောင်နေခဲ့တာကို သတိထားနေမိခဲ့တာပဲဆိုတဲ့စိတ်မှာ တောင်းပန်ချင်စိတ်တွေ ကြီးစိုးလာလို့ မျက်ရည်တွေလည်း လည်ရတယ် ။ ငါ ဘာဖြစ်လို့ အဲ့ဒီလောက်တောင် မသေချာတာကို သူ့အပေါ် စိတ်ကွက်ခဲ့ရသလဲ ဆိုပြီးတော့ ။

အိပ်မရတဲ့ တစ်ညလုံး အတွေးနယ်ချဲ့ပြီး ကြံစည်ဖြစ်ခဲ့သမျှက တောင်းပန်ဖို့ ။ ပန်းသီး(사과)တစ်လုံးဝယ်ပေးဖို့ ၊ တောင်းပန်ပါတယ်လို့ ပြောဖို့ အထပ်ထပ်တွေးနေမိရင်းက အိပ်ပျော်သွားခဲ့ရတဲ့ အဲ့ဒီညမှာ အိပ်မက်ထဲလာပြီး ရယ်ပြတဲ့ မှဲ့နက်ကလေးက move onတော့မဲ့ သူ့ဆုံးဖြတ်ချက်ကို ဓားမလိုဘဲ တိတိပပ ပိုင်းဖြတ်ခဲ့တော့တာ ။

စနေနေ့မှာ ဟယ်ချန်းကိုခေါ်ပြီး သွားဖြစ်ပြန်တဲ့ ကိုရီးယားစားသောက်ဆိုင်မှာ မျက်လုံးတွေအငြိမ်မနေဘဲ အဲ့ဒီလူ ပေါ်လာဖို့ မျှော်လိုက်ရတာလည်း အရူးနဲ့မခြား ။ အရိပ်ကလေးတောင် မတွေ့တော့မဲ့ တနင်္လာနေ့အထိ ဆွဲသွားရတဲ့ သူ့စိတ်ကူးအိပ်မက်ကလေးတွေက ဟယ်ချန်းအတွက်တော့ ခေါင်းတခါခါနဲ့ ဟာသတွေလို ဖြစ်နေတာ ။

" အဲ့တာကြောင့်ပြောတယ်လေ မင်းလိုလူလား
ဒီလောက်မြန်မြန်ကြိုက် မြန်မြန်စိတ်ဖြတ်နိုင်မှာလို့ "

ဂျယ်မင်းကတော့ မသိသလိုပါပဲ ။
တနင်္လာမနက်မှာ ပန်းသီးပိုင်မုန့် ဝင်ဝယ်ပြီး အဲ့ဒီလူဆီ သွားတဲ့ ခြေလှမ်းတွေမှာ အချစ်တချို့ ကပ်ညှိလို့ ။

အပြုံးချိုချိုတွေ ပတ်ပတ်လည်ကို ဖြန့်ကျဲပြီး ဆရာတွေ နားနေဆောင်ရှေ့အရောက်မှာ အတန်းချိန်လည်း မရှိတဲ့သူက ဆရာတွေအခန်းမှာမရှိလို့ အားကိုတင်းပြီး "ဆရာ အခုဘယ်မှာလဲ"လို့ စာပို့တော့ "movie clubက ဒီနေ့ရုပ်ရှင်ပြတဲ့ဆီမှာ ဂျယ်မင်း ။ ကိုယ်ရုပ်ရှင်ကြည့်နေတာ" တဲ့လေ ။ ဘာမှမဖြစ်ခဲ့သလို အဲ့အတိုင်း ပြန်ပြောလာတာ ။ သူစာပို့တာကို seen ပြဖို့ ငါးမိနစ်ကျော် ကြာပေမဲ့ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလာတာက ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့သလိုစကား ။ သောကြာနေ့ကလို ကသိကအောက်ဖြစ်နေတဲ့လူနှစ်ယောက် မဟုတ်သလိုမျိုး ။

ပထမဆုံးအတန်းချိန်က ဒီနေ့တော့ သူ့အချိန်မို့ အတန်းရှေ့မှာပဲ ငြိမ်ငြိမ်စောင့်နေတော့ အဲ့ဒီလူက ဘေးမှာ ထပ်ပြီး မိန်းကလေးတစ်ယောက်နဲ့အတူ ရောက်လာတာ ။ ဂျယ်မင်းကို မြင်တော့ မလုံမလဲ မျက်ဝန်းတွေက ဘယ်လိုများလဲ မသိတော့ပါ ။

ရုတ်တရက် ဂျယ်မင်းဘေးကို ရောက်လာပြီး ပြုံးရယ်ရင်းနဲ့ အတူလိုက်လာတဲ့ မိန်းကလေးကို နှုတ်ဆက် ၊ အခန်းထဲကို ပခုံးဖက်ဝင်လိုက်တဲ့ အဲ့ဒီလူက တကယ်ကို .. တကယ်ကို ဂျယ်မင်းရဲ့ စိတ်တွေကို ရှုပ်ထွေးစေလို့ ။

" ကိုယ့်အတွက် ယူလာတာလား " ဆိုပြီး တခြားစကားမပြောဘဲ လက်ထဲက မုန့်ဘူးကို ဆွဲယူလို့ လူနှစ်ယောက်ထက် ပိုမရှိသေးတဲ့ အတန်းထဲမှာ သူ့ကို ထပ်ပြီး ပြုံးပြပြန်တော့ ဂျယ်မင်းက နေသားမကျ ။ ဘာမှစကားမပြောတော့ဘဲ နေရာမှာ ထိုင်လိုက်ခြင်းကပဲ အကောင်းဆုံး နည်းလမ်း ဖြစ်သွားတော့တာလေ ။

အနည်းဆုံးတော့ .. တကယ်ကို အနည်းဆုံး " ကိုယ့်ကို စောင့်နေခဲ့တာလား " ဆိုတာလောက်တော့ လူတစ်ယောက်အနေနဲ့ မေးခဲ့သင့်တယ် မဟုတ်ဘူးလား ။

_______________

အိပ်မက်တွေ ဖြစ်နေခဲ့ရင် ကောင်းမယ် ကိုကို
အရာအားလုံး ပြီးသွားပြီးတဲ့ နောက်မှာ ကျွန်တော် ဒီလို တွေးခဲ့မိတယ် သိလား
ကျွန်တော့်ဘဝတစ်ခုလုံး နောင်တနှစ်ခုပဲ ရှိခဲ့တဲ့ထဲက တစ်ခုက ခင်ဗျား ကျွန်တော့်ဘဝထဲ တစ်ခါမှ ရှိမလာခဲ့ရင် ကောင်းမယ်ဆိုတာပဲလို့လေ

-

A/N - အောက်က ပုံက ချစ်တို့နဲ့ တို့ပေါ့ 😚🫶🏻
ဒီတစ်ပိုင်းမှ ဖိဘတ်မရရင် ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီး သွားအော်ငိုတော့မှာ 🫵🏻🫵🏻🫵🏻

Continue Reading

You'll Also Like

3.8K 266 14
​နောက်တစ်ကြိမ်အသစ်ပြန်စရရင် ကိုယ့်ဘက်က​နေ​​ အရင်စ​ပြီးချစ်ခွင့်ပန်ပါရစေ~
2.5K 249 17
Jaemin - ချော့ကလက်နဲ့ပျားရည် ဘာလို့အရှုံးပေးသွားရလဲသိလား jisungie .... Jisung - ဘာဖြစ်လို့လဲ hyung Jaemin - hyung သက်သေပြမယ်
19.3K 1.4K 32
အမှတ်တရတွေဆိုတာ ပန်းကလေးတွေနဲ့တူတယ်တဲ့ သိမ်းထားတဲ့လူကတန်ဖိုးထားရင်ထားသလောက် သူတို့ကတာရှည်ခံနေမှာ နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ အကြာကြီးဆေးရည်စိမ...
3.6K 170 6
Уншигч та бүхний хүсэлтээр "Багш бид хоёр" Анхаар: Уг зохиол нь 100% уран сэтгэмжээс гарсан зохиомол бүтээл болно. 🔞+18 агуулсан🔞