ရင်ခုန်စရာတွေရော

258 38 0
                                    

၂၀၁၈ နိုဝင်ဘာ ။

ဂျယ်မင်းက ပြန်ငြိမ်သွားတော့တာကို ဟယ်ချန်းက သတိထားမိလောက်ပေမဲ့ ဘာမှ မေးမလာဘူး ။ မေးစရာလည်း မရှိတော့တဲ့ပုံ ။

အခုပဲ ချက်ချင်း ထပြီး တအားဖြစ်လိုက် ၊ ငြိမ်ကျသွားလိုက်နဲ့ ဂျယ်မင်းကိုကြည့်ပြီး ဟယ်ချန်းက ဆရာဂျဲနိုကို ဆရာလို့ပင် မမြင်တော့ချင် ။

" ဒီနေ့ အရေးကြီးတဲ့ အတန်းရှိတာတဲ့ ။ သွားတက်မယ်မလား "

" အရေးကြီးတဲ့ အတန်းဆိုပြီး ပြောနေပြီး နေ့တိုင်း အရေးမကြီးနေဘဲနဲ့ ။ တစ်ရက်လောက် အတန်းပျက်ချင်တယ် "

ဂျယ်မင်းက ဟယ်ချန်းကို အဲ့ဒီလို လှည့်ပြောလာတော့ ဟယ်ချန်းက ခေါင်းညိတ်ပြတယ် ။ တကယ်လည်း အဟုတ် ။
မနက်ဖြန် အရေးကြီးလို့ကျောင်းတက် ဆိုပြီး ပြောပေမဲ့ ပုံမှန်စာတွေပဲကို .. ဘာမှထူးမလာဘဲနဲ့ ကျောင်းတက်ခိုင်းနေတာလေ ။ ပြီးတော့ အဲ့ဒီလို အဓိကပြောတဲ့သူက ဆရာဂျဲနို ။

ဂျယ်မင်းက ကျောင်းသာတက်တာ ။ အတန်းချိန်ကို တမင်နောက်ကျသွားပြီး စောပြန်နေခဲ့တာ ဒီတစ်ပတ်လုံး ။
တနင်္လာနေ့က စိတ်တိုစရာတွေဖြစ်ပြီးတော့ ညနေစောပြန်ခဲ့ပြီး ကြားထဲက နှစ်ရက်လုံးလည်း အဲ့ဒီအတိုင်းနေခဲ့တာလေ ။
ကြာသပတေးကိုတော့ အတန်းကလည်း သိပ်ပြီး ထူးထူးထွေထွေမရှိတဲ့အပြင် ဆရာဂျဲနို အတန်းကပဲ နှစ်ချိန်ပါနေတော့ တက်ချင်စိတ်က လုံးလုံးကို ပျောက်ဆုံးနေတော့တာ ။

" ဒါပေမဲ့ ငါတော့ ကျောင်းသွားရမယ် ။ music clubက အစည်းအဝေးရှိလို့ "

ဂျယ်မင်းက ဟယ်ချန်းကို "သွား"ဆိုပြီး လက်ဟန်နဲ့ပဲ ပြလိုက်တော့တယ် ။ စကားတွေလည်း မပြောချင်တော့ဘဲ ညနက်အထိ ရုပ်ရှင်ကြည့်ထားတဲ့ ခေါင်းတွေပဲ အုံခဲလို့ရယ် ။

" အိုကေ အဲ့တာဆို roll call ခိုးဖြည့်ပေးထားမယ် လစ်လိုက် "

ဟယ်ချန်းက အဲ့ဒီတစ်နေရာမှာတော့ စိတ်ချရတယ် ။
စိတ်မချရတာက ဆရာဂျဲနိုပဲ ။ roll callစာရွက်ကိုသာ ယောင်ယမ်းပြီး စစ်ရင် ဂျယ်မင်း လွတ်မှာ မဟုတ်ဘူး ဆိုတာ ကျိန်းသေ ။

ဒါပေမဲ့လည်း အဲ့တာကို ပြောချိန်တောင် မရလိုက်ဘူး ။
ဟယ်ချန်းက အစည်းအဝေးဇောနဲ့ လောပြီး ထွက်သွားတော့ ဂျယ်မင်းလည်း ပျင်းပျင်းရှိတာနဲ့ လျှောက်သွားဖို့ပဲ ပြင်လိုက်တော့တယ် ။ ရေချိုး အဝတ်အစားလဲလို့ အကုန်ပြီးတဲ့အချိန်က ၁၁နာရီခွဲ ။ ဒီအချိန်ပင်လယ်ဘက်ကို လမ်းလျှောက်သွားရင် ၂နာရီတော့ ဒီပြန်ရောက်လာနိုင်တယ် ။

Nights of December || NoMin Where stories live. Discover now