စစ်မြေပြင်ကို ကလေးခုနှစ်ယောက်ရောက်လာခဲ့ပေမယ့် လူတိုင်းက အလုပ်ရှုပ်နေကြ၍ သတိမထားမိကြပေ။
" သွားပြီ..သွားပြီ ငါတို့နိုင်ငံကို ဟိုဧကရာဇ်ရဲ့လက်ထဲ ထည့်ပေးရတော့မယ်''
လူတစ်ယောက်ရဲ့ ညည်းညူပြောဆိုလာတဲ့စကားကြောင့် ကျန့်ကျန့်တို့တွေဟာလည်း ကလေးငယ်တွေဆိုပေမယ့် မျက်နှာတိတ်တဆိတ်ပျက်ယွင်းသွားရတယ်။
ဘာလို့လဲဆိုတာ ကျန့်ကျန့်တို့သိပြီးသားပဲ။
ကျန့်ကျန့်တို့နိုင်ငံကဘုရင်ကအသုံးမကျတဲ့သူဖြစ်နေတာမဟုတ်လား။
အနိဋ္ဌာရုံတွေပြည့်နေမယ့် စစ်တလင်းရှိရာဆီကို မတိုင်ပင်ပါဘဲ ကလေးခုနှစ်ယောက်ဟာ ပြေးထွက်သွားခဲ့ကြတယ်။
စစ်တလင်းပြင်မှာ ပုံထပ်နေတဲ့အလောင်းတွေနဲ့ဒဏ်ရာရနေတဲ့စစ်သည်တွေကိုမြင်ပြီးတဲ့အခါ
တကယ်ကိုအသုံးမကျတဲ့ဘုရင်ပဲ လို့ ကလေးခုနှစ်ယောက်ဟာ ပြိုင်တူတွေးမိလိုက်တဲ့အထိပါပဲ။ အသုံးမကျတဲ့ ဘုရင်ဟာ တစ်ဖက်ဧကရာဇ်ရဲ့မလှမ်းမကမ်းမှာ ဒူးထောက်အရှုံးပေးနေနှင့်ပြီဖြစ်တာကြောင့်လည်း ကလေးငယ်ခုနှစ်ယောက်ဟာ ဒေါသထွက်သူကထွက် ဝမ်းနည်းတဲ့သူကဝမ်းနည်းဖြစ်ကုန်ရတယ်။
ကျန့်ကျန့်ဟာ တစ်ဖက်က ဧကရာဇ်ရဲ့ပြုံးနေတဲ့မျက်နှာကိုကြည့်ကာ ဒေါသတွေဆူပွက်ပြီး မျက်ဝန်းတွေနီရဲလာခဲ့၏။
ထိုဧကရာဇ်ရှိရာဆီ တဟုန်ထိုးပြေးဝင်ပြီး ဒေါသအလျောက်စိတ်လိုလက်ရပြုမူလိုက်မိတဲ့အခါ...။
ဗုတ်ခနဲပုတ်ကျသွားတဲ့ တစ်ဖက်ဧကရာဇ်ရဲ့ဦးခေါင်း။
ကျန့်ကျန့်က အံ့သြမှုအပြည့်နဲ့ ညာဘက်လက်ကိုပြန်ငုံ့ကြည့်လိုက်မိတော့ ကျန့်ကျန့်ရဲ့ညာဘက်လက်ထဲမှာ ဓားရှည်တစ်ချောင်းဟာ သွေးတွေစွန်းငြိကာ ဝံ့ဝံ့ကြွားကြွားတည်ရှိနေခဲ့လေရဲ့။
" ဒီဓားက..ဘယ်အချိန်မှာ ငါ့လက်ထဲရောက်လာခဲ့တာလဲ''
ကျန့်ကျန့်က ရေရွတ်လိုက်ရင်း တအံ့တသြဖြစ်နေတဲ့ တစ်ဖက်စစ်သည်တွေရဲ့ရှေ့မှာ ခေါင်းတခြားကိုယ်တခြားဖြစ်နေတဲ့ဧကရာဇ်ရဲ့အလောင်း ကို ကြည့်ပြီးသက်ပြင်းချလိုက်သည်။
ထို့နောက် ဦးခေါင်းပြတ်ကို ဘယ်လက်နဲ့ ကိုင်ဆွဲကာ တစ်ဖက်မှာ ဓားရှည်ကိုဆွဲပြီး အသုံးမကျတဲ့ဘုရင်ရဲ့အနားကို လျှောက်လာခဲ့၏။
".......''
အသုံးမကျတဲ့ဘုရင်က ကျန့်ကျန့်ကို အူကြောင်ကြောင်နဲ့ ကြည့်နေပြီးမှ ဆတ်ခနဲဆွဲဖက်လာခဲ့လေတာမို့ ကျန့်ကျန့်မှာ တောင့်တောင့်လေးရပ်နေမိသည်။
" ကျေးဇူးတင်လိုက်တာ ..''
" .....''
ဆယ်နှစ်အရွယ်ကလေးငယ်လေးရှောင်းကျန့်ဟာ အဲ့ဒီအရွယ်မှာပဲ ကျူးကျော်ဘုရင်ကိုခေါင်းဖြတ်ပြီး တစ်ဖက်နိုင်ငံကို သိမ်းပေးခဲ့တဲ့ စစ်သူကြီးဖြစ်ခဲ့လေတယ်။
အင်အားချိနဲ့နေတဲ့ အသုံးမကျတဲ့ စစ်တပ်ကလည်း ညာသံပေးကာ တဆာဆာဟစ်ကြွေးနေခဲ့ကြလေသည်ကား...။
" အောင်ပြီ..အောင်ပြီ..အောင်ပြီ '' တဲ့။
................
" ကျန့်ကျန့် ..မျက်နှာလည်း မကောင်းပါလား''
မြို့တော်ကိုပြန်တဲ့လမ်းမှာ ကျန့်ကျန့်က မှိုင်တွေနေတာမို့ ကျိရန်က စကားစလာခဲ့လေတယ်။
ကျန့်ကျန့်က ကျိရန်ကို မျက်လုံးဝိုင်းလေးတွေနဲ့ ပြန်ကြည့်လာပြီး ခေါင်းရမ်းပြလိုက်မိပါတယ်။
ကျန့်ကျန့်ရဲ့လက်ထဲကဓားသည် ဖိုးဖိုးကိုင်ဆောင်ခဲ့တဲ့ဓားဖြစ်သလို ဖေဖေနောက်ဆုံးကိုင်ဆောင်ခဲ့တဲ့ ဓားဖြစ်တယ်။
ဖိုးဖိုးရဲ့အလောင်းကို ကျန့်ကျန့်မြင်ရပေမယ့် ဖေဖေနဲ့မေမေရဲ့အလောင်းကို ကျန့်ကျန့်ရှာမတွေ့ခဲ့ဘူး။
ဖေဖေနဲ့မေမေရဲ့အလောင်းက ဘယ်ရောက်သွားတာလဲ။
ကျန့်ကျန့်ဟာ တဖြည်းဖြည်းအလိုမကျဖြစ်လာပြီး မျက်ခုံးတွေတွန့်ကျိုးလာခဲ့တဲ့အထိပဲ။
" ကျန့်ကျန့် အိပ်ချင်ရင်အိပ်လေ ''
အသုံးမကျတဲ့ဘုရင်ကြီးက ကျန့်ကျန့်ကို မျက်နှာချိုသွေးကာ စကားစလာခဲ့ပြန်တာမို့ မျက်စောင်းနဲ့အားရပါးရ ထိုးပစ်လိုက်တယ်။
" အရှင်မင်းကြီးက ဘာလို့များ အသိဉာဏ်နည်းပြီး အသုံးမကျရတာလဲ ''
ပါးဖြတ်ရိုက်ခံရသလိုခံစားရပေမယ့် မိမိရဲ့အသက်နဲ့နိုင်ငံကို ကာကွယ်ပေးထားတဲ့ စစ်သူကြီးပေါက်စလေးကြောင့် ဘုရင်ကြီးလည်း ဘာပြောရမှန်းမသိအောင်ဆွံ့အငြိမ်သက်နေရပါ၏။
မြို့တော်ကို စစ်ပွဲအောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းပါးပြီးပြီဖြစ်တာမို့ မြို့အဝင်တံခါးကနေ လမ်းတစ်လျှောက်မှာ ပြည်သူတွေအများသူငါစုပေါင်းကာ အုန်းအုန်းကျွက်ကျွက်ကြိုဆိုနေကြပြီဖြစ်သည်။
" စစ်သူကြီး ရှောင်းကျန့် အသက်ရှည်ပါစေ ....''
" ကျန့်ကျန့်လေးအသက်ရှည်ပါစေ...''
အသုံးမကျတဲ့ဘုရင်ဟာ ကြားလိုက်ရတဲ့အသံတွေကြောင့် ရင်ထဲမှာ ဟာတာတာနဲ့။
ဒီစစ်သူကြီးပေါက်စလေးက တစ်မဟုတ်ချင်းအဲ့လောက်တောင်ကျော်ကြားသွားတယ်ပေါ့လေ။
အံမယ် ဒီဘုရင်ရဲ့နာမည်လေးတောင်မခေါ်ကြဘူး။
" ဘုရင်ကြီး ဝိမ်းချောင်..ငါတို့စစ်သူကြီးကို သေချာဂရုစိုက် ''
"......''
အသုံးမကျတဲ့ဘုရင်ကြီးရဲ့အဖြစ်ကနေပြီး စစ်သူကြီးရဲ့အထိန်းတော်ဘဝကို တွန်းပို့နေတဲ့ပြည်သူတစ်စုကြောင့် ခေါင်းတောင်မူးလာသလိုခံစားရပါရဲ့။
ကလေးပေါက်စကိုကြည့်လိုက်တော့ မျက်နှာတည်မျက်နှာထားနဲ့ သူ့ကိုပင် ခပ်စူးစူးပြန်ကြည့်နေတာကို မြင်လိုက်ရသည်။
" ကျန့်ကျန့်လေး..လိမ္မာတယ်နော် ၊ ကျန့်ကျန့်လေးက ဒီနေ့ကစပြီး စစ်ဦးစီးချုပ်ဖြစ်သွားပြီနော်''
"......''
" ကျန့်ကျန့်လေး ကြိုက်တာတောင်းဆိုလို့ရတယ်နော် ..ပြော ဘာလိုချင်လဲ ၊ ဘာဖြစ်ချင်လဲ''
" စာမသင်ချင်ဘူး''
" ဖြစ်စေရမယ်..ကျန့်ကျန့်လေးဖြစ်ချင်တာမှန်သမျှ ဖြစ်စေရမယ်''
ကျန့်ကျန့်က အသုံးမကျတဲ့ဘုရင်ရဲ့ လက်ခံမှုကို သဘောကျသွားခဲ့မိတယ်။
ဟုတ်တယ်။ ကျန့်ကျန့် စာမသင်ချင်ဘူး။
စာသင်ရတာထက် ယွီကျူးတောအုပ်ထဲသွားပြီး ယုန်လေးတွေနဲ့ဆော့နေရတာကိုပိုကြိုက်တယ်။
လမ်းတစ်လျှောက်ရှိပြည်သူတွေရဲ့ချီးကျူးမှုတွေကောင်းချီးအဖြာဖြာတွေခံယူပြီးတဲ့နောက် နန်းတော်ကိုရောက်လာခဲ့ပြီဖြစ်တယ်။
ဒီဘုရင်ဟာ အသုံးမကျတာမှ တော်တော့်ကိုအသုံးမကျတာ။ မိဖုရားမောင်းမရယ်လို့ တစ်ယောက်မှလည်းမရှိတဲ့ လူပျိုမင်းကြီးဆိုတော့ အဟင့်ဆိုပြီးချွဲမယ့်သူမရှိ၊ ဘာဖြစ်လာသေးလဲဆိုပြီး စိတ်ပူပြာယာခတ်နေမယ်သူမရှိနဲ့ အင်မတန်ကို သနားစရာကောင်းနေပြီ။
အသုံးမကျတဲ့ဘုရင်က အသက်ရှင်ကျန်ရစ်တဲ့စစ်သည်တွေနဲ့အတူ ပျော်ရွှင်စရာစားသောက်ပွဲ ကျင်းပမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေလည်းပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းထုတ်ပြန်လိုက်တဲ့အခါ
တစ်မြို့လုံး အုတ်အော်သောင်းနင်းဖြစ်သွားတော့တယ်။
....................
"စစ်သူကြီးရှောင်းအိမ်တော်''
တော်ဝင်ရွှေရောင်ဖောင်းကြွစာလုံးတွေနဲ့ ထွင်းထထုထားတဲ့ အိမ်အဝင်တံခါးမုခ်မှာ ဖွားဖွားက မြေးလေး ရှောင်းကျန့်ကို ရပ်စောင့်နေခဲ့တယ်။
မြေးလေးက ကောတစ်ယောက်အနေနဲ့မွေးဖွားလာခဲ့ပေမယ့် သူမတို့စစ်သူကြီးမျိုးရိုးကိုမတိမ်ကောစေခဲ့တဲ့သူဆိုတာ အသက်ဆယ်နှစ်အရွယ်မှာပဲ သက်သေပြခဲ့တယ်။
တော်လိုက်တဲ့ ငါ့မြေးလေး။
ဘမျိုးဘိုးတူဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်။
" ဖွားဖွား...''
" ကျန့်ကျန့် ..''
ဖုန်တွေပေလူးပြီး သွေးတွေညစ်ပတ်နေတဲ့ အစိမ်းဖျော့ရောင်ဝတ်စုံလေးဟာ ငါ့မြေးလေးရဲ့ အရှိန်အဝါကို လျော့မသွားစေခဲ့ဘူးလို့ ရှောင်းဖွားဖွားက ဂုဏ်ယူစွာတွေးတောလိုက်မိပါသေးတယ်။
အိမ်တော်ရဲ့ မြင့်မြတ်တဲ့သွေးသောက်ဓားဟာ သခင်အဖြစ် ကျန့်ကျန့်လေးကိုပဲရွေးချယ်ခဲ့တာဖြစ်ပြီး ကျန့်ကျန့်ကလည်း သေချာပေါက် မြင့်မြတ်တဲ့ထူးချွန်စစ်သူရဲကောင်းကြီးဖြစ်လာမှာ ဧကန်မလွဲပင်။
သူမ၏ အတွေးတွေထဲမှာ ကျန့်ကျန့်ဟာ တောက်ပထွန်းလင်းသော အရှိန်အဝါပြည့်နေမင်းတစ်စင်းဖြစ်နေချေပြီ။
#####
Zawgyi
စစ္ေျမျပင္ကို ကေလးခုႏွစ္ေယာက္ေရာက္လာခဲ့ေပမယ့္ လူတိုင္းက အလုပ္ရႈပ္ေနၾက၍ သတိမထားမိၾကေပ။
" သြားၿပီ..သြားၿပီ ငါတို႔နိုင္ငံကို ဟိုဧကရာဇ္ရဲ႕လက္ထဲ ထည့္ေပးရေတာ့မယ္''
လူတစ္ေယာက္ရဲ႕ ညည္းၫူေျပာဆိုလာတဲ့စကားေၾကာင့္ က်န့္က်န့္တို႔ေတြဟာလည္း ကေလးငယ္ေတြဆိုေပမယ့္ မ်က္ႏွာတိတ္တဆိတ္ပ်က္ယြင္းသြားရတယ္။
ဘာလို႔လဲဆိုတာ က်န့္က်န့္တို႔သိၿပီးသားပဲ။
က်န့္က်န့္တို႔နိုင္ငံကဘုရင္ကအသုံးမက်တဲ့သူျဖစ္ေနတာမဟုတ္လား။
အနိ႒ာ႐ုံေတြျပည့္ေနမယ့္ စစ္တလင္းရွိရာဆီကို မတိုင္ပင္ပါဘဲ ကေလးခုႏွစ္ေယာက္ဟာ ေျပးထြက္သြားခဲ့ၾကတယ္။
စစ္တလင္းျပင္မွာ ပုံထပ္ေနတဲ့အေလာင္းေတြနဲ႕ဒဏ္ရာရေနတဲ့စစ္သည္ေတြကိုျမင္ၿပီးတဲ့အခါ
တကယ္ကိုအသုံးမက်တဲ့ဘုရင္ပဲ လို႔ ကေလးခုႏွစ္ေယာက္ဟာ ၿပိဳင္တူေတြးမိလိုက္တဲ့အထိပါပဲ။ အသုံးမက်တဲ့ ဘုရင္ဟာ တစ္ဖက္ဧကရာဇ္ရဲ႕မလွမ္းမကမ္းမွာ ဒူးေထာက္အရႈံးေပးေနႏွင့္ၿပီျဖစ္တာေၾကာင့္လည္း ကေလးငယ္ခုႏွစ္ေယာက္ဟာ ေဒါသထြက္သူကထြက္ ဝမ္းနည္းတဲ့သူကဝမ္းနည္းျဖစ္ကုန္ရတယ္။
က်န့္က်န့္ဟာ တစ္ဖက္က ဧကရာဇ္ရဲ႕ၿပဳံးေနတဲ့မ်က္ႏွာကိုၾကည့္ကာ ေဒါသေတြဆူပြက္ၿပီး မ်က္ဝန္းေတြနီရဲလာခဲ့၏။
ထိုဧကရာဇ္ရွိရာဆီ တဟုန္ထိုးေျပးဝင္ၿပီး ေဒါသအေလ်ာက္စိတ္လိုလက္ရျပဳမူလိုက္မိတဲ့အခါ...။
ဗုတ္ခနဲပုတ္က်သြားတဲ့ တစ္ဖက္ဧကရာဇ္ရဲ႕ဦးေခါင္း။
က်န့္က်န့္က အံ့ၾသမႈအျပည့္နဲ႕ ညာဘက္လက္ကိုျပန္ငုံ႕ၾကည့္လိုက္မိေတာ့ က်န့္က်န့္ရဲ႕ညာဘက္လက္ထဲမွာ ဓားရွည္တစ္ေခ်ာင္းဟာ ေသြးေတြစြန္းၿငိကာ ဝံ့ဝံ့ႂကြားႂကြားတည္ရွိေနခဲ့ေလရဲ႕။
" ဒီဓားက..ဘယ္အခ်ိန္မွာ ငါ့လက္ထဲေရာက္လာခဲ့တာလဲ''
က်န့္က်န့္က ေရ႐ြတ္လိုက္ရင္း တအံ့တၾသျဖစ္ေနတဲ့ တစ္ဖက္စစ္သည္ေတြရဲ႕ေရွ႕မွာ ေခါင္းတျခားကိုယ္တျခားျဖစ္ေနတဲ့ဧကရာဇ္ရဲ႕အေလာင္း ကို ၾကည့္ၿပီးသက္ျပင္းခ်လိဳက္သည္။
ထို႔ေနာက္ ဦးေခါင္းျပတ္ကို ဘယ္လက္နဲ႕ ကိုင္ဆြဲကာ တစ္ဖက္မွာ ဓားရွည္ကိုဆြဲၿပီး အသုံးမက်တဲ့ဘုရင္ရဲ႕အနားကို ေလွ်ာက္လာခဲ့၏။
".......''
အသုံးမက်တဲ့ဘုရင္က က်န့္က်န့္ကို အူေၾကာင္ေၾကာင္နဲ႕ ၾကည့္ေနၿပီးမွ ဆတ္ခနဲဆြဲဖက္လာခဲ့ေလတာမို႔ က်န့္က်န့္မွာ ေတာင့္ေတာင့္ေလးရပ္ေနမိသည္။
" ေက်းဇူးတင္လိုက္တာ ..''
" .....''
ဆယ္ႏွစ္အ႐ြယ္ကေလးငယ္ေလးေရွာင္းက်န့္ဟာ အဲ့ဒီအ႐ြယ္မွာပဲ က်ဴးေက်ာ္ဘုရင္ကိုေခါင္းျဖတ္ၿပီး တစ္ဖက္နိုင္ငံကို သိမ္းေပးခဲ့တဲ့ စစ္သူႀကီးျဖစ္ခဲ့ေလတယ္။
အင္အားခ်ိနဲ႕ေနတဲ့ အသုံးမက်တဲ့ စစ္တပ္ကလည္း ညာသံေပးကာ တဆာဆာဟစ္ေႂကြးေနခဲ့ၾကေလသည္ကား...။
" ေအာင္ၿပီ..ေအာင္ၿပီ..ေအာင္ၿပီ '' တဲ့။
................
" က်န့္က်န့္ ..မ်က္ႏွာလည္း မေကာင္းပါလား''
ၿမိဳ႕ေတာ္ကိုျပန္တဲ့လမ္းမွာ က်န့္က်န့္က မွိုင္ေတြေနတာမို႔ က်ိရန္က စကားစလာခဲ့ေလတယ္။
က်န့္က်န့္က က်ိရန္ကို မ်က္လုံးဝိုင္းေလးေတြနဲ႕ ျပန္ၾကည့္လာၿပီး ေခါင္းရမ္းျပလိုက္မိပါတယ္။
က်န့္က်န့္ရဲ႕လက္ထဲကဓားသည္ ဖိုးဖိုးကိုင္ေဆာင္ခဲ့တဲ့ဓားျဖစ္သလို ေဖေဖေနာက္ဆုံးကိုင္ေဆာင္ခဲ့တဲ့ ဓားျဖစ္တယ္။
ဖိုးဖိုးရဲ႕အေလာင္းကို က်န့္က်န့္ျမင္ရေပမယ့္ ေဖေဖနဲ႕ေမေမရဲ႕အေလာင္းကို က်န့္က်န့္ရွာမေတြ႕ခဲ့ဘူး။
ေဖေဖနဲ႕ေမေမရဲ႕အေလာင္းက ဘယ္ေရာက္သြားတာလဲ။
က်န့္က်န့္ဟာ တျဖည္းျဖည္းအလိုမက်ျဖစ္လာၿပီး မ်က္ခုံးေတြတြန့္က်ိဳးလာခဲ့တဲ့အထိပဲ။
" က်န့္က်န့္ အိပ္ခ်င္ရင္အိပ္ေလ ''
အသုံးမက်တဲ့ဘုရင္ႀကီးက က်န့္က်န့္ကို မ်က္ႏွာခ်ိဳေသြးကာ စကားစလာခဲ့ျပန္တာမို႔ မ်က္ေစာင္းနဲ႕အားရပါးရ ထိုးပစ္လိုက္တယ္။
" အရွင္မင္းႀကီးက ဘာလို႔မ်ား အသိဉာဏ္နည္းၿပီး အသုံးမက်ရတာလဲ ''
ပါးျဖတ္ရိုက္ခံရသလိုခံစားရေပမယ့္ မိမိရဲ႕အသက္နဲ႕နိုင္ငံကို ကာကြယ္ေပးထားတဲ့ စစ္သူႀကီးေပါက္စေလးေၾကာင့္ ဘုရင္ႀကီးလည္း ဘာေျပာရမွန္းမသိေအာင္ဆြံ႕အၿငိမ္သက္ေနရပါ၏။
ၿမိဳ႕ေတာ္ကို စစ္ပြဲေအာင္နိုင္ခဲ့ၿပီျဖစ္ေၾကာင္း သတင္းပါးၿပီးၿပီျဖစ္တာမို႔ ၿမိဳ႕အဝင္တံခါးကေန လမ္းတစ္ေလွ်ာက္မွာ ျပည္သူေတြအမ်ားသူငါစုေပါင္းကာ အုန္းအုန္းကြၽက္ကြၽက္ႀကိဳဆိုေနၾကၿပီျဖစ္သည္။
" စစ္သူႀကီး ေရွာင္းက်န့္ အသက္ရွည္ပါေစ ....''
" က်န့္က်န့္ေလးအသက္ရွည္ပါေစ...''
အသုံးမက်တဲ့ဘုရင္ဟာ ၾကားလိုက္ရတဲ့အသံေတြေၾကာင့္ ရင္ထဲမွာ ဟာတာတာနဲ႕။
ဒီစစ္သူႀကီးေပါက္စေလးက တစ္မဟုတ္ခ်င္းအဲ့ေလာက္ေတာင္ေက်ာ္ၾကားသြားတယ္ေပါ့ေလ။
အံမယ္ ဒီဘုရင္ရဲ႕နာမည္ေလးေတာင္မေခၚၾကဘူး။
" ဘုရင္ႀကီး ဝိမ္းေခ်ာင္..ငါတို႔စစ္သူႀကီးကို ေသခ်ာဂ႐ုစိုက္ ''
"......''
အသုံးမက်တဲ့ဘုရင္ႀကီးရဲ႕အျဖစ္ကေနၿပီး စစ္သူႀကီးရဲ႕အထိန္းေတာ္ဘဝကို တြန္းပို႔ေနတဲ့ျပည္သူတစ္စုေၾကာင့္ ေခါင္းေတာင္မူးလာသလိုခံစားရပါရဲ႕။
ကေလးေပါက္စကိုၾကည့္လိုက္ေတာ့ မ်က္ႏွာတည္မ်က္ႏွာထားနဲ႕ သူ႕ကိုပင္ ခပ္စူးစူးျပန္ၾကည့္ေနတာကို ျမင္လိုက္ရသည္။
" က်န့္က်န့္ေလး..လိမၼာတယ္ေနာ္ ၊ က်န့္က်န့္ေလးက ဒီေန႕ကစၿပီး စစ္ဦးစီးခ်ဳပ္ျဖစ္သြားၿပီေနာ္''
"......''
" က်န့္က်န့္ေလး ႀကိဳက္တာေတာင္းဆိုလို႔ရတယ္ေနာ္ ..ေျပာ ဘာလိုခ်င္လဲ ၊ ဘာျဖစ္ခ်င္လဲ''
" စာမသင္ခ်င္ဘူး''
" ျဖစ္ေစရမယ္..က်န့္က်န့္ေလးျဖစ္ခ်င္တာမွန္သမွ် ျဖစ္ေစရမယ္''
က်န့္က်န့္က အသုံးမက်တဲ့ဘုရင္ရဲ႕ လက္ခံမႈကို သေဘာက်သြားခဲ့မိတယ္။
ဟုတ္တယ္။ က်န့္က်န့္ စာမသင္ခ်င္ဘူး။
စာသင္ရတာထက္ ယြီက်ဴးေတာအုပ္ထဲသြားၿပီး ယုန္ေလးေတြနဲ႕ေဆာ့ေနရတာကိုပိုႀကိဳက္တယ္။
လမ္းတစ္ေလွ်ာက္ရွိျပည္သူေတြရဲ႕ခ်ီးက်ဴးမႈေတြေကာင္းခ်ီးအျဖာျဖာေတြခံယူၿပီးတဲ့ေနာက္ နန္းေတာ္ကိုေရာက္လာခဲ့ၿပီျဖစ္တယ္။
ဒီဘုရင္ဟာ အသုံးမက်တာမွ ေတာ္ေတာ့္ကိုအသုံးမက်တာ။ မိဖုရားေမာင္းမရယ္လို႔ တစ္ေယာက္မွလည္းမရွိတဲ့ လူပ်ိဳမင္းႀကီးဆိုေတာ့ အဟင့္ဆိုၿပီးခြၽဲမယ့္သူမရွိ၊ ဘာျဖစ္လာေသးလဲဆိုၿပီး စိတ္ပူျပာယာခတ္ေနမယ္သူမရွိနဲ႕ အင္မတန္ကို သနားစရာေကာင္းေနၿပီ။
အသုံးမက်တဲ့ဘုရင္က အသက္ရွင္က်န္ရစ္တဲ့စစ္သည္ေတြနဲ႕အတူ ေပ်ာ္႐ႊင္စရာစားေသာက္ပြဲ က်င္းပမွာျဖစ္ေၾကာင္းနဲ႕ ျပည္သူေတြလည္းပါဝင္ဆင္ႏႊဲနိုင္ေၾကာင္း သတင္းထုတ္ျပန္လိုက္တဲ့အခါ
တစ္ၿမိဳ႕လုံး အုတ္ေအာ္ေသာင္းနင္းျဖစ္သြားေတာ့တယ္။
....................
"စစ္သူႀကီးေရွာင္းအိမ္ေတာ္''
ေတာ္ဝင္ေ႐ႊေရာင္ေဖာင္းႂကြစာလုံးေတြနဲ႕ ထြင္းထထုထားတဲ့ အိမ္အဝင္တံခါးမုခ္မွာ ဖြားဖြားက ေျမးေလး ေရွာင္းက်န့္ကို ရပ္ေစာင့္ေနခဲ့တယ္။
ေျမးေလးက ေကာတစ္ေယာက္အေနနဲ႕ေမြးဖြားလာခဲ့ေပမယ့္ သူမတို႔စစ္သူႀကီးမ်ိဳးရိုးကိုမတိမ္ေကာေစခဲ့တဲ့သူဆိုတာ အသက္ဆယ္ႏွစ္အ႐ြယ္မွာပဲ သက္ေသျပခဲ့တယ္။
ေတာ္လိုက္တဲ့ ငါ့ေျမးေလး။
ဘမ်ိဳးဘိုးတူဆိုတာ ဒါမ်ိဳးကိုေျပာတာျဖစ္မယ္။
" ဖြားဖြား...''
" က်န့္က်န့္ ..''
ဖုန္ေတြေပလူးၿပီး ေသြးေတြညစ္ပတ္ေနတဲ့ အစိမ္းေဖ်ာ့ေရာင္ဝတ္စုံေလးဟာ ငါ့ေျမးေလးရဲ႕ အရွိန္အဝါကို ေလ်ာ့မသြားေစခဲ့ဘူးလို႔ ေရွာင္းဖြားဖြားက ဂုဏ္ယူစြာေတြးေတာလိုက္မိပါေသးတယ္။
အိမ္ေတာ္ရဲ႕ ျမင့္ျမတ္တဲ့ေသြးေသာက္ဓားဟာ သခင္အျဖစ္ က်န့္က်န့္ေလးကိုပဲေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး က်န့္က်န့္ကလည္း ေသခ်ာေပါက္ ျမင့္ျမတ္တဲ့ထူးခြၽန္စစ္သူရဲေကာင္းႀကီးျဖစ္လာမွာ ဧကန္မလြဲပင္။
သူမ၏ အေတြးေတြထဲမွာ က်န့္က်န့္ဟာ ေတာက္ပထြန္းလင္းေသာ အရွိန္အဝါျပည့္ေနမင္းတစ္စင္းျဖစ္ေနေခ်ၿပီ။
#####