ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

93.2K 3.2K 150

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)
Extra (1)

Part 18

2.4K 102 6
By Pen_99

Unicode

မျက်စိရှေ့တွင်မြင်နေရသည့် အမှောင်ထု။ပိန်းပိတ်အောင်မှောင်မနေသော်လည်း ရှေ့မှမြင်ကွင်းတွေသည် ဝေဝေဝါးဝါး ။သူနှစ်လရှည်များ ခရီးရှည်ကြီးတစ်ခုကိုဖြတ်သန်းခဲ့ရသူလို အလွန်ပင်မောဟိုက်ပင်ပန်းလျက်ရှိနေသည်။ဘာမျှမရှိ၊ဘာအရောင်အဆင်းမှမရှိသည့် အဆုံးမဲ့မှောင်မိုက်နေသည့် ကွင်းပြင်ကျယ်ကြီးထဲမှာ ဖိနပ်မပါရေမပါဖြင့် ဆက်သွားနေသည်။ ‌ဆက်သွားနေရင်း သူ့အာခေါင်တွေခြောက်ကပ်လာသည်၊ခြေလှမ်းတွေက ယိုင်နဲ့နဲ့ပျော့ခွေချင်လာသည်။ထို့နောက် အကြားအာရုံထဲသို့ တစစတိုးဝင်လာသည့် ရေကျသံလော သို့တည်းမဟုတ် အခြားတစ်ခုခု၏အသံလော၊ သီချင်းငြီးသံလော ဝေခွဲမရစွာ သူခံစားနေရတယ်။ထို့နောက် နှစ်လရှည်များအိပ်မက်ဆိုးထဲမှ သူလှုပ်နှိုးခံလိုက်ရသကဲ့သို့ သူနိုးထလာခဲ့တော့သည်။

သူ့လက်ဖျားကလေးများကို အသာလေးလှုပ်ကြည့်သည် သို့သော်သိပ်ပြီးလှုပ်မရ အနည်းငယ်လေးလံနေသကဲ့သို့။ထို့နောက် လေးလံနေသည့် မျက်ခွံများအား ဖြည်းဖြည်းချင်းဖွင့်မိပြန်တော့ အလင်းရောင်နှင့်ကျင့်သားမရ၍ထင် ချက်ချင်းပင်ပြန်မှိတ်ကျသွားကြသည်။ဦးခေါင်းတစ်ခုလုံးဗလာဖြစ်နေပြီး ခေါင်းကလည်းထိုးကိုက်နေသေးသည်။တဆစ်ဆစ်ဝေဒနာကြောင့် သူအသံထွက်ညည်းညူမိသွားသည်ထင် ဘေးဘက်နားဆီမှ ကြည်လင်နေသည့်အသံဝဲဝဲအားကြားလိုက်ရသည်။

"နန်းဖြား ရေ ဒီမှာ ကမ်းစပ် နိုးလာပြီထင်တယ် လာကြည့်ပါဦးဝေ့"

သူမျက်လုံးကိုနောက်တစ်ကြိမ်အားယူကာပြန်ဖွင့်လိုက်သည်။ပထမဦးဆုံးဘာကိုမျှရှင်းရှင်းလင်းလင်းမမြင်ရ။အလင်းတွေလျော့ကျသွားတော့မှ တဖြည်းဖြည်းကြည်လင်လာသည့် မြင်ကွင်း။သူ့ဘေးတွင်ရှိနေသည်က ဖြူဖြူသေးသေးဖြင့် ကောင်ငယ်လေးတစ်ယောက် ပိတ်သားဖြူဖြူကလေးကိုရေညှစ်နေသည်။ထိုတော့မှ ခန္ဓာကိုယ်ကချမ်းစိမ့်စိမ့်ခံစားချက်နှင့်အတူသူ့ကိုယ်သူငုံ့ကြည့်မိတော့  ပေါ်ပိုင်းကအဝတ်ဗလာ။တစ်ချို့နေရာတွေကတော့ နွေးနေသလိုခံစားရသည်။သူအနှီကောင်ငယ်လေးအား ဇဝေဇဝါဖြင့် စူးစမ်းကြည့်မိသည်။ထိုကောင်ငယ်လေးက သူ့မျက်စိရှေ့ လက်ကိုဘယ်ညာဝှေ့ယမ်းပြနေပြီး လက်ကိုလည်းနှစ်ချောင်းထောင်ပြလိုက်ပြန်သည်။

"ကမ်း ကျွန်တော့်ကိုမြင်ရလား ဒါဘယ်နှစ်ချောင်းလဲ"

"နှစ်ချောင်း"

"ဒါဆိုဒါကရော"

လက်ကိုခြောက်ချောင်းထောင်ပြပြန်သည်။

"ခြောက်ချောင်း"

"ကမ်း အခု မှတ်မိတာတစ်ခုခုရှိလား"

"ငါက ကမ်းလား"

"မဟုတ်ပါဘူးကွယ် ကမ်းကို ကမ်းစပ်နားက တွေ့လာလို့ နာမည်လဲမသိတော့ ဒီလိုပဲခေါ်လိုက်တာ"

ပြန်ဖြေသူသည် ကောင်ငယ်ကလေးမဟုတ်။အမျိုးသမီးတစ်ဦး၏ အသံ။သူ့ကုတင်ဘေးနားတွင်လာထိုင်သောအမျိုးသမီးမှာ ကောင်ငယ်လေးနှင့်ရုပ်ချင်းအနည်းငယ်ပင်ဆင်နေသေးသည်။ထိုအမျိုးသမီးက ‌အဝါရောင်ယက်ထည်ကိုဝတ်ဆင်ထားပြီး သူ့ကိုပြူံပြလာပြန်သည်။

"နောင်ငယ်လေး မီးဖိုထဲမှာဆန်ပြုတ်ပန်းကန်လေးသွားယူပေးပါဦး "

"ဟုတ်"

ကောင်ငယ်ကလေး ထွက်ခွာသွားသည်။ထိုအမျိုးသမီး၏ အသံမှာအလွန်ပင်ချိုသာကာ ငြိမ့်ညောင်းနေသည်။

"ကျွန်တော်ဘာဖြစ်သွားတာလဲ"

"ရေနစ်လာတာထင်ပါတယ် နောင်ငယ်လေးတို့ငါးမျှားနေရင်း တွေ့လာတာ"

"ကျွန်တော့မေ့နေတာ ဘယ်လောက်ကြာသွားပြီလဲ"

"လေးနှစ်လောက်ရှိပြီ "

"ဗျာ"

"ကိုယ့်ကိုယ်ကိုယ်မှတ်မိရဲ့လား သတိရောရှိသေးလား လှုပ်ရှားလို့ရောရလား"

"မှတ်မိပါတယ် နိုးကာစခဏလောက်ဝေသွားပေမယ့် ကျွန်တော်မှတ်ဉာဏ်မပျောက်ပါဘူး လှုပ်ရတာတော့သိပ်အဆင်မပြေသလိုပဲဗျ"

"အို ဒါဆို ကမ်းရဲ့နာမည်က"

"နွေးသက်ပိုင်ပါ ရန်ကုန်ကပါ"

"ဟင် ရန်ကုန်ကနေဒီကိုဘယ်လိုမျှောလာ"

"ကျွန်တော် ခရီးထွက်နေရင်းထင်ပါတယ်"

"ဒါဆို ဆွေမျိုးတွေရောရှိသေးရဲ့လား"

"ရှိပါတယ်"

"ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပေးပါဦးကွယ် လေးနှစ်လောက်ပျောက်သွားတော့စိတ်ပူနေကြမှာပဲ နန်းတို့လည်းဘယ်ကိုဘယ်လိုဆက်သွယ်မှန်းမသိတာနဲ့"

"အသက်ကယ်ပေးလို့ ကျေးဇူးအရမ်းတင်ပါတယ် ကျွန်တော်တကယ်သေပြီလို့ထင်ထားခဲ့တာ ကျွန်တော်နန်းတို့ကို သေချာပေါက်ကျေးဇူးပြန်ဆပ်ပါ့မယ်"

"နေကောင်းအောင်သာနေပါကွယ် မှတ်ထားဦးနော် နန်းနာမည်က နန်းဖြားခမ်းနောင် ခုနကမောင်လေးက နေစိုင်းနောင်"

"ခုကကျွန်တော်ဘယ်ရောက်နေတာလဲ"

"နမ့်ပန်မှာလေ"

သူတို့စကားတွေအတန်ကြာပြောပြီးနောက် နန်းဆိုသောအမျိုးသမီးမှာထွက်ခွာသွားတော့သည်။ခုဆိုမြတ်လေးဘယ်ရောက်နေလောက်မလဲ။ဖေဖေမေမေတို့ရော သူ့ကိုရှာနေကြလောက်မလား။ဒါမှမဟုတ် ဆုံးသွားပြီဆိုပြီး ငိုကြွေးနေကြလောက်မလား။ကင်းစင်တို့ရော၊နေလတ်တို့ရော ဘွဲ့တွေရကုန်ကြတော့မလား။ဟုတ်သား သူဘွဲ့တောင်မယူခင်လိုက်ရပါလား။ခဏနေတော့ နေစိုင်းနောင် ဆိုသည့်ကောင်ငယ်လေး ယူလာပေးသော ဆန်ပြုတ်နွေးနွေးကိုစားပြီးနောက် ဆေးကိုသောက်ကာပြန်လှဲနေရတော့သည်။

*************©®©*************

နေလတ်တစ်ယောက် အမြန်ပင်ကားကိုမောင်းလာနေမိသည်။မနေ့က ဝင်လာသည့် အမည်မသိဖုန်းကောလ်တစ်ခု ။ကိုင်လိုက်တော့ နွေးသက်ပိုင်ရဲ့အသိပါလားရှင် ဆိုတဲ့မေးသံကိုအကြားမှာ နောက်တဖန်ပြန်ကြေကွဲရသေးသည်။လွန်ခဲ့တဲ့လေးနှစ်က သူ့တာဝန်ကျခဲ့သည့်ရွာကို အလည်သွားမည်ဟုဆိုကာ ထွက်သွားခဲ့သည်။သို့ပေမယ့် သုံးလကျော်ကျော်လောက်အကြာမှာ သူတို့သတင်းစကားတစ်ခုကြောင့် အရုပ်ကြိုးပြတ်ဖြစ်ခဲ့ကြရသည်။တောင်ကျရေနဲ့ ပါပြီးအလောင်းမတွေ့ရတော့ဘူးတဲ့လေ။ပုံမှန်ဆိုသေသွားကြသည်ကများသည်မို့ အသုဘလုပ်ရန်စီစဉ်ကြသော်လည်း သားကိုအချစ်ပိုသောတီတီချစ်က လုပ်ခွင့်မပေးခဲ့။သူ့သားက မသေပါဘူး ခဏလေးပျောက်သွားတာ ပြန်ရှာတွေ့တော့မှာဟုအမြဲပြောသည်။သို့သော် ရှာသာရှာနေရသည် လေထုထဲ သက်ပိုင်၏သတင်းသည် ရနံ့မရှိသည့်စက္ကူပန်းလို ဘာတစမျှမသိမကြားရ။သတင်း‌ရလာတော့လည်း အလုံးအရင်းကြီး နေရပ်လိပ်စာအတိအကျဖြင့်ပြောပြလာသည်။လမ်းကတော့ ကြွမ်းပြီးသားပင်။သူအရင်ကတာဝန်ကျခဲ့သည့် မြို့က‌လေးပင်မလား။လူကတော့ ဘယ်သူ့ကိုမျှခေါ်မလာပါ တီချစ်တို့ကိုလည်းမပြောရသေး။

သူနီးလာလေလေ တစုံတရာအားသတိထားမိလာလေလေ။ဒီလမ်းတွေကိုသူ အလွန်ပင်ရင်းနှီးနေပြီး ဒီအိမ်တွေ။လိပ်စာထဲက အိမ်အားတွေ့ရနေပြီဖြစ်၍ သူကားကိုရပ်ကာ ခြံအပြင်မှအော်ခေါ်လိုက်သည်။

"အိမ်ရှင်တို့! "

အိမ်ထဲမှ အသည်းအသည်ပြေးထွက်လာသည့် လူတစ်ယောက်။ခေါင်းကိုငုံ့ထားရင်း ပြေးလာသောကြောင့်ရုပ်ကိုတော့သေချာမမြင်ရ။ခြံရှေ့ရောက်လာမှ သူ့အားခေါင်းမော့ကာကြည့်လာသည်နှင့်အတူ နှစ်ယောက်စလုံးအာမေဋိတ်သံများ အသီးသီးထွက်မိ‌ကြတော့သည်။

"နောင်"

"ခင်ဗျား"

ထိုစဉ် ခြံရှေ့သို့ သူ့နောက်မှဝင်လာသည့် အမျိုးသမီး။

"ဒီက ‌ကိုနေလတ်မောင်မောင်ထင်တယ်"

"အာ မနန်းဖြားခမ်းနောင်လား"

"ဒါဆို နောင်နဲ့နန်းနဲ့က"

"မောင်နှမတွေလေ အရင်းတော့မဟုတ်ဘူးပေါ့ နောင်ငယ်လေးနဲ့သိတာလား"

တပြိုင်နက်ထွက်လာသည့် အသံနှစ်ခု။

"ဒါပေါ့ဗျာ"

"မသိပါဘူး".

ဒီကောင်လေး သူ့အပေါ်စိမ်းတာကိုတော့သိပါသည်။သိုပေမယ့် ဘာလို့မှန်းမသိခုကအရင်နှင့် စိမ်းပုံစိမ်းနည်းမတူပြန်တော့သလိုလို။သူဘာမှဆက်မပြောတော့ဘဲ မနန်းခေါ်ဆောင်ရာသို့သာလိုက်သွားလိုက်တော့သည်။သူပဲအကြည့်မှားသွားသည်လော နောင်ကသူ့ကိုကြည့်ကာသက်ပြင်းချလိုက်သယောင်။အိမ်ထဲဝင်ပြီး အခန်းတစ်ခုထဲရောက်တော့မှ အိပ်ရာပေါ်တွင်လှဲနေသော သက်ပိုင်အားတွေ့ရသည်။သူချက်ချင်းပင် စိတ်မကောင်းဖြစ်မှုကြောင့် မျက်ရည်တို့စို့တက်လာသည်။

"သက် သက်ပိုင်"

"နေလတ်"

သူအလျင်အမြန်ပင် သက်ပိုင်အားပြေးဖက်လိုက်ပြီး နှစ်ယောက်သား မျက်ရည်တွေကျရင်း ဗလုံးဗထွေး။

"ငါတို့ မင်းကိုရှာနေခဲ့ကြတာ တီချစ်လည်းမင်းကိုအရမ်းစိတ်ပူနေတယ် ကင်းစင်ဆိုဆေးရုံတောင်တင်လိုက်ရသေးတယ် ခုကသူ့ကိုမပြောရသေးလို့ သူခရီးလွန်နေလို့လေ"

"ရပါတယ်ကွာ ငါ့ကိုသတိတရရှိပေးကြတာနဲ့တင် ငါ ငါလေ"

"သက်ပိုင်ရာ "

"တော်တော့ မသိရင်မြန်မာကားထဲက သားအမိပြန်တွေ့တာနဲ့တူနေပြီ"

"ဟဲ မင်းကလည်း"

နေလတ်ကတော့ ဒီမှာပင်ဆက်နေမည်ဟု ခွင့်တောင်းပါသည်။သက်ပိုင်လည်းနည်းနည်းလောက် လှုပ်ရှားနိုင်သည်အထိစောင့်ရင်းဖြင့်။

"ဒီမှာ ညဘက်ပိုင်းကအေးလိုက်တာ"

သူဒီကိုရောက်နေနာ ခုနဲ့ဆိုလေူရက်လောက်ရှိသွာလေပြီ။နောင်ကတော့ သူ့ကိုစကားပင် ဆယ်ခွန်းပြည့်အောင်မပြောရသေး။ယခုလည်း ခြံနောက်တွင်မီးမွှေးကာ ဘာတွေချက်နေမှန်းမသိ။

"နောင်"

"………"

"ဘာတွေချက်နေတာလဲ"

"‌………"

"အစ်ကို ဘာကူပေးရမလဲ"

"………"

"နောင် အစ်ကိုမေးတာဖြေဦးလေ"

"ခင်ဗျား……!  နားညီးတယ်"

ထို့နောက် ထထွက်ရန်ပြင်နေသော နောင့်လက်ကိုဆွဲထားလိုက်သည်။သူ့ကိုဒီလိုရှောင်နေတာမျိုးအား သူမကြိုက်ပါ။သူအပြစ်လုပ်ထားမိတာမျိုးလည်းမရှိပါဘဲ ရှိလျှင်လည်း ဖြေရှင်းရမည်လေ။ခုလို မပွင့်တပွင့်လုပ်နေတာသူ့ပုံစံမဟုတ်။

"ကျစ်! ခင်ဗျား ဘာလိုချင်လို့လဲ"

"အစ်ကို့ကို မကျေနပ်တာတစ်ခုခုရှိလို့လား ဘာလို့သိသိသာသာရှောင်နေရတာလဲ တစ်ခုခုစိတ်ထဲအလိုမကျတာရှိရင်လည်းပြောလေ"

"ခင်ဗျားနဲ့ဘာမှပြောစရာမရှိဘူး ကျုပ်ကိုလွှတ်လိုက်ရင်ကောင်းမယ်"

"မလွှတ်ဘူး အစ်ကို့ကိုရှင်းပြရမယ်"

"ခင်ဗျား လွှတ်!! လွှတ်လို့ ကျုပ်ကိုအဲ့လိုဆုပ်မထားနဲ့"

သူအနည်းငယ်ဒေါသထွက်သွား၍လောမသိ လက်ထဲတွင်အားပါသွားပုံပင်။သူ့ကို မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်လာပုံမှာဒေါသ အငွေ့တထောင်းထောင်း။

"ကျုပ်ကိုလွှတ်!!"

ရုတ်တရက်သူ့မှတ်ဉာဏ်ထဲတွင် ပေါ်လာသည့်ပုံရိပ်များ။

"ခင်ဗျား မလုပ်နဲ့ လွှတ်"

ဒါ ဒါဆိုအဲ့နေ့က အိပ်မက်တွေမဟုတ်ခဲ့ဘူးလား။သူဒီကောင်လေးနဲ့……အံ့ဩမှုတွေအပြည့်ဖြင့်သူပြန်လည်ငုံ့ကြည့်မိတော့ သူ့ကိုဒေါသထွက်‌နေပုံဖြင့် ကြည့်နေသောသူနှင့်အကြည့်ချင်းဆုံသည်။

"အဲ့ အဲ့နေ့က"

"ခင်ဗျား ဆက်မပြောနဲ့တော့"

"ဘာလို့ ဘာလို့လဲ ဘာလို့အစ်ကို့ကိုမပြောခဲ့ရတာလဲ"

တစ်ဖက်က မဲ့ပြုံးဖြင့်သူ့ကိုပြုံးပြလိုက်ခြင်းနှင့်အတူ ပူနွေးနွေးမျက်ရည်တစ်ပေါက်က သူ့လက်ဖျံပေါ်သို့ပေါက်ခနဲကျလာသည်။

"ဘာလို့ပြောရမှာလဲ ပြောတော့ရောခင်ဗျားကဘာလုပ်မလို့လဲ"

"နေစိုင်းနောင်!!!"

"နေလတ်မောင်မောင်!! "

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၆.၁၂ ၂၀၂၃
ည၉နာရီ၂၅မိနစ်

အဟမ်း မျှော်တဲ့သူရောရှိရဲ့လား

Zawgyi

မ်က္စိေရွ႕တြင္ျမင္ေနရသည့္ အေမွာင္ထု။ပိန္းပိတ္ေအာင္ေမွာင္မေနေသာ္လည္း ေရွ႕မွျမင္ကြင္းေတြသည္ ေဝေဝဝါးဝါး ။သူႏွစ္လရွည္မ်ား ခရီးရွည္ႀကီးတစ္ခုကိုျဖတ္သန္းခဲ့ရသူလို အလြန္ပင္ေမာဟိုက္ပင္ပန္းလ်က္ရွိေနသည္။ဘာမွ်မရွိ၊ဘာအေရာင္အဆင္းမွမရွိသည့္ အဆုံးမဲ့ေမွာင္မိုက္ေနသည့္ ကြင္းျပင္က်ယ္ႀကီးထဲမွာ ဖိနပ္မပါေရမပါျဖင့္ ဆက္သြားေနသည္။ ‌ဆက္သြားေနရင္း သူ႔အာေခါင္ေတြေျခာက္ကပ္လာသည္၊ေျခလွမ္းေတြက ယိုင္နဲ႔နဲ႔ေပ်ာ့ေခြခ်င္လာသည္။ထို႔ေနာက္ အၾကားအာ႐ုံထဲသို႔ တစစတိုးဝင္လာသည့္ ေရက်သံေလာ သို႔တည္းမဟုတ္ အျခားတစ္ခုခု၏အသံေလာ၊ သီခ်င္းၿငီးသံေလာ ေဝခြဲမရစြာ သူခံစားေနရတယ္။ထို႔ေနာက္ ႏွစ္လရွည္မ်ားအိပ္မက္ဆိုးထဲမွ သူလႈပ္ႏႈိးခံလိုက္ရသကဲ့သို႔ သူႏိုးထလာခဲ့ေတာ့သည္။

သူ႔လက္ဖ်ားကေလးမ်ားကို အသာေလးလႈပ္ၾကည့္သည္ သို႔ေသာ္သိပ္ၿပီးလႈပ္မရ အနည္းငယ္ေလးလံေနသကဲ့သို႔။ထို႔ေနာက္ ေလးလံေနသည့္ မ်က္ခြံမ်ားအား ျဖည္းျဖည္းခ်င္းဖြင့္မိျပန္ေတာ့ အလင္းေရာင္ႏွင့္က်င့္သားမရ၍ထင္ ခ်က္ခ်င္းပင္ျပန္မွိတ္က်သြားၾကသည္။ဦးေခါင္းတစ္ခုလုံးဗလာျဖစ္ေနၿပီး ေခါင္းကလည္းထိုးကိုက္ေနေသးသည္။တဆစ္ဆစ္ေဝဒနာေၾကာင့္ သူအသံထြက္ညည္းညဴမိသြားသည္ထင္ ေဘးဘက္နားဆီမွ ၾကည္လင္ေနသည့္အသံဝဲဝဲအားၾကားလိုက္ရသည္။

"နန္းျဖား ေရ ဒီမွာ ကမ္းစပ္ ႏိုးလာၿပီထင္တယ္ လာၾကည့္ပါဦးေဝ့"

သူမ်က္လုံးကိုေနာက္တစ္ႀကိမ္အားယူကာျပန္ဖြင့္လိုက္သည္။ပထမဦးဆုံးဘာကိုမွ်ရွင္းရွင္းလင္းလင္းမျမင္ရ။အလင္းေတြေလ်ာ့က်သြားေတာ့မွ တျဖည္းျဖည္းၾကည္လင္လာသည့္ ျမင္ကြင္း။သူ႔ေဘးတြင္ရွိေနသည္က ျဖဴျဖဴေသးေသးျဖင့္ ေကာင္ငယ္ေလးတစ္ေယာက္ ပိတ္သားျဖဴျဖဴကေလးကိုေရညႇစ္ေနသည္။ထိုေတာ့မွ ခႏၶာကိုယ္ကခ်မ္းစိမ့္စိမ့္ခံစားခ်က္ႏွင့္အတူသူ႔ကိုယ္သူငုံ႔ၾကည့္မိေတာ့  ေပၚပိုင္းကအဝတ္ဗလာ။တစ္ခ်ိဳ႕ေနရာေတြကေတာ့ ေႏြးေနသလိုခံစားရသည္။သူအႏွီေကာင္ငယ္ေလးအား ဇေဝဇဝါျဖင့္ စူးစမ္းၾကည့္မိသည္။ထိုေကာင္ငယ္ေလးက သူ႔မ်က္စိေရွ႕ လက္ကိုဘယ္ညာေဝွ႔ယမ္းျပေနၿပီး လက္ကိုလည္းႏွစ္ေခ်ာင္းေထာင္ျပလိုက္ျပန္သည္။

"ကမ္း ကြၽန္ေတာ့္ကိုျမင္ရလား ဒါဘယ္ႏွစ္ေခ်ာင္းလဲ"

"ႏွစ္ေခ်ာင္း"

"ဒါဆိုဒါကေရာ"

လက္ကိုေျခာက္ေခ်ာင္းေထာင္ျပျပန္သည္။

"ေျခာက္ေခ်ာင္း"

"ကမ္း အခု မွတ္မိတာတစ္ခုခုရွိလား"

"ငါက ကမ္းလား"

"မဟုတ္ပါဘူးကြယ္ ကမ္းကို ကမ္းစပ္နားက ေတြ႕လာလို႔ နာမည္လဲမသိေတာ့ ဒီလိုပဲေခၚလိုက္တာ"

ျပန္ေျဖသူသည္ ေကာင္ငယ္ကေလးမဟုတ္။အမ်ိဳးသမီးတစ္ဦး၏ အသံ။သူ႔ကုတင္ေဘးနားတြင္လာထိုင္ေသာအမ်ိဳးသမီးမွာ ေကာင္ငယ္ေလးႏွင့္႐ုပ္ခ်င္းအနည္းငယ္ပင္ဆင္ေနေသးသည္။ထိုအမ်ိဳးသမီးက ‌အဝါေရာင္ယက္ထည္ကိုဝတ္ဆင္ထားၿပီး သူ႔ကိုၿပဴံျပလာျပန္သည္။

"ေနာင္ငယ္ေလး မီးဖိုထဲမွာဆန္ျပဳတ္ပန္းကန္ေလးသြားယူေပးပါဦး "

"ဟုတ္"

ေကာင္ငယ္ကေလး ထြက္ခြာသြားသည္။ထိုအမ်ိဳးသမီး၏ အသံမွာအလြန္ပင္ခ်ိဳသာကာ ၿငိမ့္ေညာင္းေနသည္။

"ကြၽန္ေတာ္ဘာျဖစ္သြားတာလဲ"

"ေရနစ္လာတာထင္ပါတယ္ ေနာင္ငယ္ေလးတို႔ငါးမွ်ားေနရင္း ေတြ႕လာတာ"

"ကြၽန္ေတာ့ေမ့ေနတာ ဘယ္ေလာက္ၾကာသြားၿပီလဲ"

"ေလးႏွစ္ေလာက္ရွိၿပီ "

"ဗ်ာ"

"ကိုယ့္ကိုယ္ကိုယ္မွတ္မိရဲ႕လား သတိေရာရွိေသးလား လႈပ္ရွားလို႔ေရာရလား"

"မွတ္မိပါတယ္ ႏိုးကာစခဏေလာက္ေဝသြားေပမယ့္ ကြၽန္ေတာ္မွတ္ဉာဏ္မေပ်ာက္ပါဘူး လႈပ္ရတာေတာ့သိပ္အဆင္မေျပသလိုပဲဗ်"

"အို ဒါဆို ကမ္းရဲ႕နာမည္က"

"ေႏြးသက္ပိုင္ပါ ရန္ကုန္ကပါ"

"ဟင္ ရန္ကုန္ကေနဒီကိုဘယ္လိုေမွ်ာလာ"

"ကြၽန္ေတာ္ ခရီးထြက္ေနရင္းထင္ပါတယ္"

"ဒါဆို ေဆြမ်ိဳးေတြေရာရွိေသးရဲ႕လား"

"ရွိပါတယ္"

"ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေပးပါဦးကြယ္ ေလးႏွစ္ေလာက္ေပ်ာက္သြားေတာ့စိတ္ပူေနၾကမွာပဲ နန္းတို႔လည္းဘယ္ကိုဘယ္လိုဆက္သြယ္မွန္းမသိတာနဲ႔"

"အသက္ကယ္ေပးလို႔ ေက်းဇူးအရမ္းတင္ပါတယ္ ကြၽန္ေတာ္တကယ္ေသၿပီလို႔ထင္ထားခဲ့တာ ကြၽန္ေတာ္နန္းတို႔ကို ေသခ်ာေပါက္ေက်းဇူးျပန္ဆပ္ပါ့မယ္"

"ေနေကာင္းေအာင္သာေနပါကြယ္ မွတ္ထားဦးေနာ္ နန္းနာမည္က နန္းျဖားခမ္းေနာင္ ခုနကေမာင္ေလးက ေနစိုင္းေနာင္"

"ခုကကြၽန္ေတာ္ဘယ္ေရာက္ေနတာလဲ"

"နမ့္ပန္မွာေလ"

သူတို႔စကားေတြအတန္ၾကာေျပာၿပီးေနာက္ နန္းဆိုေသာအမ်ိဳးသမီးမွာထြက္ခြာသြားေတာ့သည္။ခုဆိုျမတ္ေလးဘယ္ေရာက္ေနေလာက္မလဲ။ေဖေဖေမေမတို႔ေရာ သူ႔ကိုရွာေနၾကေလာက္မလား။ဒါမွမဟုတ္ ဆုံးသြားၿပီဆိုၿပီး ငိုေႂကြးေနၾကေလာက္မလား။ကင္းစင္တို႔ေရာ၊ေနလတ္တို႔ေရာ ဘြဲ႕ေတြရကုန္ၾကေတာ့မလား။ဟုတ္သား သူဘြဲ႕ေတာင္မယူခင္လိုက္ရပါလား။ခဏေနေတာ့ ေနစိုင္းေနာင္ ဆိုသည့္ေကာင္ငယ္ေလး ယူလာေပးေသာ ဆန္ျပဳတ္ေႏြးေႏြးကိုစားၿပီးေနာက္ ေဆးကိုေသာက္ကာျပန္လွဲေနရေတာ့သည္။

*************©®©*************

ေနလတ္တစ္ေယာက္ အျမန္ပင္ကားကိုေမာင္းလာေနမိသည္။မေန႔က ဝင္လာသည့္ အမည္မသိဖုန္းေကာလ္တစ္ခု ။ကိုင္လိုက္ေတာ့ ေႏြးသက္ပိုင္ရဲ႕အသိပါလားရွင္ ဆိုတဲ့ေမးသံကိုအၾကားမွာ ေနာက္တဖန္ျပန္ေၾကကြဲရေသးသည္။လြန္ခဲ့တဲ့ေလးႏွစ္က သူ႔တာဝန္က်ခဲ့သည့္႐ြာကို အလည္သြားမည္ဟုဆိုကာ ထြက္သြားခဲ့သည္။သို႔ေပမယ့္ သုံးလေက်ာ္ေက်ာ္ေလာက္အၾကာမွာ သူတို႔သတင္းစကားတစ္ခုေၾကာင့္ အ႐ုပ္ႀကိဳးျပတ္ျဖစ္ခဲ့ၾကရသည္။ေတာင္က်ေရနဲ႔ ပါၿပီးအေလာင္းမေတြ႕ရေတာ့ဘူးတဲ့ေလ။ပုံမွန္ဆိုေသသြားၾကသည္ကမ်ားသည္မို႔ အသုဘလုပ္ရန္စီစဥ္ၾကေသာ္လည္း သားကိုအခ်စ္ပိုေသာတီတီခ်စ္က လုပ္ခြင့္မေပးခဲ့။သူ႔သားက မေသပါဘူး ခဏေလးေပ်ာက္သြားတာ ျပန္ရွာေတြ႕ေတာ့မွာဟုအၿမဲေျပာသည္။သို႔ေသာ္ ရွာသာရွာေနရသည္ ေလထုထဲ သက္ပိုင္၏သတင္းသည္ ရနံ႔မရွိသည့္စကၠဴပန္းလို ဘာတစမွ်မသိမၾကားရ။သတင္း‌ရလာေတာ့လည္း အလုံးအရင္းႀကီး ေနရပ္လိပ္စာအတိအက်ျဖင့္ေျပာျပလာသည္။လမ္းကေတာ့ ႂကြမ္းၿပီးသားပင္။သူအရင္ကတာဝန္က်ခဲ့သည့္ ၿမိဳ႕က‌ေလးပင္မလား။လူကေတာ့ ဘယ္သူ႔ကိုမွ်ေခၚမလာပါ တီခ်စ္တို႔ကိုလည္းမေျပာရေသး။

သူနီးလာေလေလ တစုံတရာအားသတိထားမိလာေလေလ။ဒီလမ္းေတြကိုသူ အလြန္ပင္ရင္းႏွီးေနၿပီး ဒီအိမ္ေတြ။လိပ္စာထဲက အိမ္အားေတြ႕ရေနၿပီျဖစ္၍ သူကားကိုရပ္ကာ ၿခံအျပင္မွေအာ္ေခၚလိုက္သည္။

"အိမ္ရွင္တို႔! "

အိမ္ထဲမွ အသည္းအသည္ေျပးထြက္လာသည့္ လူတစ္ေယာက္။ေခါင္းကိုငုံ႔ထားရင္း ေျပးလာေသာေၾကာင့္႐ုပ္ကိုေတာ့ေသခ်ာမျမင္ရ။ၿခံေရွ႕ေရာက္လာမွ သူ႔အားေခါင္းေမာ့ကာၾကည့္လာသည္ႏွင့္အတူ ႏွစ္ေယာက္စလုံးအာေမဋိတ္သံမ်ား အသီးသီးထြက္မိ‌ၾကေတာ့သည္။

"ေနာင္"

"ခင္ဗ်ား"

ထိုစဥ္ ၿခံေရွ႕သို႔ သူ႔ေနာက္မွဝင္လာသည့္ အမ်ိဳးသမီး။

"ဒီက ‌ကိုေနလတ္ေမာင္ေမာင္ထင္တယ္"

"အာ မနန္းျဖားခမ္းေနာင္လား"

"ဒါဆို ေနာင္နဲ႔နန္းနဲ႔က"

"ေမာင္ႏွမေတြေလ အရင္းေတာ့မဟုတ္ဘူးေပါ့ ေနာင္ငယ္ေလးနဲ႔သိတာလား"

တၿပိဳင္နက္ထြက္လာသည့္ အသံႏွစ္ခု။

"ဒါေပါ့ဗ်ာ"

"မသိပါဘူး".

ဒီေကာင္ေလး သူ႔အေပၚစိမ္းတာကိုေတာ့သိပါသည္။သိုေပမယ့္ ဘာလို႔မွန္းမသိခုကအရင္ႏွင့္ စိမ္းပုံစိမ္းနည္းမတူျပန္ေတာ့သလိုလို။သူဘာမွဆက္မေျပာေတာ့ဘဲ မနန္းေခၚေဆာင္ရာသို႔သာလိုက္သြားလိုက္ေတာ့သည္။သူပဲအၾကည့္မွားသြားသည္ေလာ ေနာင္ကသူ႔ကိုၾကည့္ကာသက္ျပင္းခ်လိုက္သေယာင္။အိမ္ထဲဝင္ၿပီး အခန္းတစ္ခုထဲေရာက္ေတာ့မွ အိပ္ရာေပၚတြင္လွဲေနေသာ သက္ပိုင္အားေတြ႕ရသည္။သူခ်က္ခ်င္းပင္ စိတ္မေကာင္းျဖစ္မႈေၾကာင့္ မ်က္ရည္တို႔စို႔တက္လာသည္။

"သက္ သက္ပိုင္"

"ေနလတ္"

သူအလ်င္အျမန္ပင္ သက္ပိုင္အားေျပးဖက္လိုက္ၿပီး ႏွစ္ေယာက္သား မ်က္ရည္ေတြက်ရင္း ဗလုံးဗေထြး။

"ငါတို႔ မင္းကိုရွာေနခဲ့ၾကတာ တီခ်စ္လည္းမင္းကိုအရမ္းစိတ္ပူေနတယ္ ကင္းစင္ဆိုေဆး႐ုံေတာင္တင္လိုက္ရေသးတယ္ ခုကသူ႔ကိုမေျပာရေသးလို႔ သူခရီးလြန္ေနလို႔ေလ"

"ရပါတယ္ကြာ ငါ့ကိုသတိတရရွိေပးၾကတာနဲ႔တင္ ငါ ငါေလ"

"သက္ပိုင္ရာ "

"ေတာ္ေတာ့ မသိရင္ျမန္မာကားထဲက သားအမိျပန္ေတြ႕တာနဲ႔တူေနၿပီ"

"ဟဲ မင္းကလည္း"

ေနလတ္ကေတာ့ ဒီမွာပင္ဆက္ေနမည္ဟု ခြင့္ေတာင္းပါသည္။သက္ပိုင္လည္းနည္းနည္းေလာက္ လႈပ္ရွားႏိုင္သည္အထိေစာင့္ရင္းျဖင့္။

"ဒီမွာ ညဘက္ပိုင္းကေအးလိုက္တာ"

သူဒီကိုေရာက္ေနနာ ခုနဲ႔ဆိုေလူရက္ေလာက္ရွိသြာေလၿပီ။ေနာင္ကေတာ့ သူ႔ကိုစကားပင္ ဆယ္ခြန္းျပည့္ေအာင္မေျပာရေသး။ယခုလည္း ၿခံေနာက္တြင္မီးေမႊးကာ ဘာေတြခ်က္ေနမွန္းမသိ။

"ေနာင္"

"………"

"ဘာေတြခ်က္ေနတာလဲ"

"‌………"

"အစ္ကို ဘာကူေပးရမလဲ"

"………"

"ေနာင္ အစ္ကိုေမးတာေျဖဦးေလ"

"ခင္ဗ်ား……!  နားညီးတယ္"

ထို႔ေနာက္ ထထြက္ရန္ျပင္ေနေသာ ေနာင့္လက္ကိုဆြဲထားလိုက္သည္။သူ႔ကိုဒီလိုေရွာင္ေနတာမ်ိဳးအား သူမႀကိဳက္ပါ။သူအျပစ္လုပ္ထားမိတာမ်ိဳးလည္းမရွိပါဘဲ ရွိလွ်င္လည္း ေျဖရွင္းရမည္ေလ။ခုလို မပြင့္တပြင့္လုပ္ေနတာသူ႔ပုံစံမဟုတ္။

"က်စ္! ခင္ဗ်ား ဘာလိုခ်င္လို႔လဲ"

"အစ္ကို႔ကို မေက်နပ္တာတစ္ခုခုရွိလို႔လား ဘာလို႔သိသိသာသာေရွာင္ေနရတာလဲ တစ္ခုခုစိတ္ထဲအလိုမက်တာရွိရင္လည္းေျပာေလ"

"ခင္ဗ်ားနဲ႔ဘာမွေျပာစရာမရွိဘူး က်ဳပ္ကိုလႊတ္လိုက္ရင္ေကာင္းမယ္"

"မလႊတ္ဘူး အစ္ကို႔ကိုရွင္းျပရမယ္"

"ခင္ဗ်ား လႊတ္!! လႊတ္လို႔ က်ဳပ္ကိုအဲ့လိုဆုပ္မထားနဲ႔"

သူအနည္းငယ္ေဒါသထြက္သြား၍ေလာမသိ လက္ထဲတြင္အားပါသြားပုံပင္။သူ႔ကို မ်က္လုံးအဝိုင္းသားျဖင့္ ေမာ့ၾကည့္လာပုံမွာေဒါသ အေငြ႕တေထာင္းေထာင္း။

"က်ဳပ္ကိုလႊတ္!!"

႐ုတ္တရက္သူ႔မွတ္ဉာဏ္ထဲတြင္ ေပၚလာသည့္ပုံရိပ္မ်ား။

"ခင္ဗ်ား မလုပ္နဲ႔ လႊတ္"

ဒါ ဒါဆိုအဲ့ေန႔က အိပ္မက္ေတြမဟုတ္ခဲ့ဘူးလား။သူဒီေကာင္ေလးနဲ႔……အံ့ဩမႈေတြအျပည့္ျဖင့္သူျပန္လည္ငုံ႔ၾကည့္မိေတာ့ သူ႔ကိုေဒါသထြက္‌ေနပုံျဖင့္ ၾကည့္ေနေသာသူႏွင့္အၾကည့္ခ်င္းဆုံသည္။

"အဲ့ အဲ့ေန႔က"

"ခင္ဗ်ား ဆက္မေျပာနဲ႔ေတာ့"

"ဘာလို႔ ဘာလို႔လဲ ဘာလို႔အစ္ကို႔ကိုမေျပာခဲ့ရတာလဲ"

တစ္ဖက္က မဲ့ၿပဳံးျဖင့္သူ႔ကိုၿပဳံးျပလိုက္ျခင္းႏွင့္အတူ ပူေႏြးေႏြးမ်က္ရည္တစ္ေပါက္က သူ႔လက္ဖ်ံေပၚသို႔ေပါက္ခနဲက်လာသည္။

"ဘာလို႔ေျပာရမွာလဲ ေျပာေတာ့ေရာခင္ဗ်ားကဘာလုပ္မလို႔လဲ"

"ေနစိုင္းေနာင္!!!"

"ေနလတ္ေမာင္ေမာင္!! "

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၆.၁၂ ၂၀၂၃
ည၉နာရီ၂၅မိနစ္

အဟမ္း ေမွ်ာ္တဲ့သူေရာရွိရဲ႕လား












Continue Reading

You'll Also Like

233K 19.1K 19
Jeon Jungkook × Kim Taehyung Taekook Yaoi Both Zawgyi and Unicode versions are available !
38.9K 4.3K 31
မင္းကိုေစာင့္ရလို႔ တစ္ခါေလးေတာင္ မၿငီးေငြ့ခဲ့ဖူးဘူးဆ္ိုတာကို အႀကိမ္ေပါင္းမ်ားစြာေျပာခဲ့ဖူးပါရဲ႕... မင်းကိုစောင့်ရလို့ တစ်ခါလေးတောင် မငြီးငွေ့ခဲ့ဖူးဘူ...
Fate By v xxxiri v

Short Story

23K 1.7K 13
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝙰 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍, 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆...
34.7K 7.1K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...