Uni,
You Are My Happiness (Part 7)
နောက်နေ့မနက်တွင် နှစ်ယောက်လုံးဘယ်သူမှစစကားပြောဖြစ်ပေ။
အထူးသဖြင့် ဇိုင်းမြတ်မဟာမောင်က ထိန်ယံလင်းအားသိသိသာသာရှောင်နေပြီဖြစ်သည်။
အဖြစ်အပျက်တွေအား နှစ်ယောက်လုံးသေချာပြန်မှတ်မိနေကြ၍ မျက်နှာပူစရာဖြစ်သည်။
စက်လှေပေါ်တွင်တစ်ခြားသူများနဲ့သာ စကားပြောကြသည်။
မြို့ထဲသို့ကမ်းကပ်ခါနီးတွင် ဇိုင်းမြတ်မဟာမောင်က နာရီချွတ်ကာသူ့အားပြန်ပေးလာသည်။
" ဘာလဲ..."
" ခင်ဗျားပစ္စည်းလေ ပြန်ယူလိုက်။"
" မင်းကိုပေးထားပြီးသားလေ..."
" ကျွန်တော်မယူဘူး။ "
ထိုသို့ပြောပြီး နာရီအားပစ်ပေးလိုက်လေသည်။
ထိန်ယံလင်းမှာ ခဏမျှစဥ်းစားပြီး ခပ်တိုးတိုးပြန်ပြောသည်။
" ညကကိစ္စ မင်းစိတ်ဆိုးနေတာလား။"
"..."
" ယောက်ျားလေးတွေကြားက သာမာန်ကိစ္စလေးပဲဟာ။
မင်းသူငယ်ချင်းတွေနဲ့ တစ်ခါမှအဲ့လိုမလုပ်ဖူးဘူးလား။"
ထိန်ယံလင်းစကားကြောင့် ဇိုင်းမြတ်မဟာေမာင်တကယ်ဒေါသထွက်သွားလေသည်။ သူ့အနေနဲ့တော့ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ ထိန်ယံလင်းဆိုသည့်သူက တော်တော်အတွေ့အကြုံများနေပုံရသည်။အစက ရိုးရိုးနေရခက်တာမျိုးသာရှိပေမဲ့ ယခုတွင်တော့ဘာက ဒေါသထွက်စရာကောင်းမှန်းမသိတော့ပေ။
" ကျွန်တော်က ခင်ဗျားမဟုတ်ဘူး။"
"ဇိုင်း..."
" ခင်ဗျားgayမလား...။"
ထိန်ယံလင်းမှာတစ်ယောက်ယောက်ကြားသွားမှာစိုးသည့်နှယ် ဘေးဘီကိုတစ်ချက်ဝှေ့ကြည့်သည်။
" မနေ့ညက ကိစ္စကိုယ်တောင်းပန်တယ်။ ဒါပေမဲ့ မတရားခံနေရသလိုလာမလုပ်နဲ့လေကွာ။ မင်းလည်းကျေနပ်ခဲ့တာပဲမလား ။ကိုယ့်ကိုလူဆိုးဖြစ်အောင်မလုပ်ပါနဲ့။"
" ကျွန်တော်သာ အရက်မသောက်မိရင် ကျေနပ်စရာအကြောင်းမရှိဘူး။
ဟုတ်တယ် ကျွန်တော့်အမှားပဲ ကျွန်တော်အသုံးမကျတာ။ "
" ကိုယ်ပဲတောင်းပန်ပါတယ်။ကိုယ်ထိန်းလိုက်သင့်တာ။မင်းပြောသလိုပဲ ကိုယ်ကgay။ Gayဖြစ်တဲ့ကိုယ့်ရှေ့မှာ မင်းလိုကောင်လေးကရောက်လာတော့ ကိုယ်စိတ်လွှတ်သွားတာ။ ဒီအတောအတွင်း အဆင်ပြေခဲ့ကြတာကို ဒီကိစ္စနဲ့စိတ်မကွက်ကြရအောင် ဒီတိုင်းမေ့ပစ်လိုက်ပါ နစ်နာသွားတာမှမရှိတာ။
ဒါမှမဟုတ်မင်း ကျေနပ်အောင် ဘာပြန်လုပ်ပေးစေချင်လဲ။"
" ခင်ဗျားက Gay။အဲ့တော့ဘယ်ကောင်ပဲလာလာ မနေ့ညကကိစ္စဖြစ်မှာပဲလား။"
သူရှေ့က ဤလူငယ်လေးကတကယ်ဒေါသထွက်နေပုံရသည်။
ထိန်ယံလင်းမှာဘာပြန်ဖြေရမလဲမသိေတာ့ပေ။
" မင်းမို့လို့ပါ"ဆိုပြီးပြောလိုက်လျှင်လည်း သူကဇိုင်းအားကြိုက်နေပါသည်ဟုထင်သွားနိုင်သည်။ ထို့ကြောင့်
" အင်း" ဟုသာပြန်ဖြေလိုက်ရလေသည်။
ဇိုင်းမြတ်မဟာေမာင်က လက်သီးတင်းတင်းဆုပ်လိုက်ပြီး ဒေါသထိန်းထားရသည့်ဟန်ဖြင့် ပြောသည်။
" ကျွန်တော် လူကဲခတ်မှားသွားတာပဲ။ နောက်မဆုံကြရင်ကောင်းမယ်။"
ပြောချင်တာပြောပြီး လှည့်ထွက်သွားသည့်ကောင်ငယ်လေး၏လက်အားလှမ်းဆွဲကာ တားချင်ပေမဲ့ ထိန်ယံလင်း၏မာနတွေကခွင့်မပြုပေ။
သူ့ဆံပင်တွေကြား လက်ချောင်းရှည်တွေထိုးထည့်ကာသပ်ရင်း
မနေ့ညက စောက်ရူးလိုလုပ်မိတဲ့သူ့ဘာသာသူသာဆဲလိုက်တော့သည်။
"Fuck..."
.......
မြို့ပေါ်ကမ်းစပ် ပြန်ရောက်တော့ ထိန်ယံလင်းဖုန်းဆက်စရာပင်မလို
သူ့ကိုရှာဖို့လူတွေကနေ့တိုင်းစောင့်နေကြတာ ဖြစ်သည်။
ထိုလူများတွင် သူ့မိသားစု၀င်တစ်ယောက်မှတော့မပါပေ။ သူ့အဖေတို့ပိုက်ဆံဖြင့်ငှားထားသောလူများသာဖြစ်သည်။
ဇိုင်းမြတ်မဟာမောင်ညီမကတော့ သူ့အစ်ကိုအားတွေ့သည်နှင့်အပြေးလာဖက်သည်။
" ဘယ်လောက်တောင်စိတ်ပူနေရလဲသိရဲ့လား။ ပြန်မလာတော့မှာအရမ်းကြောက်နေခဲ့တာ။"
ဇိုင်း သူ့ညီမရဲ့မျက်ရည်စလေးတွေကိုသုပ်ပေးရင်း မေးသည်။
" ဘာလို့ဒီမှာရှိနေရတာလဲ ကျောင်းမှာရှိနေရမှာလေ..."
ထိုစကားကြောင့် သူ့ဦးလေးက၀င်ပြောသည်။
" ဒီနေ့ တနင်္ဂနွေလေ ငါ့တူရ။ မင်းညီမက ကျောင်းပိတ်ရက်တိုင်းဒီမှာလာလာမျှော်နေတာ ဦးလေးလည်းတားလို့မရ။ ဘာပဲဖြစ်ဖြစ် သူဌေးရောမင်းရော
အဆင်ပြေပြေနဲ့ပြန်ရောက်လာတာပဲ ကျေးဇူးတင်ရမယ်။"
"ကိုကြီးနောက်တစ်ခေါက် ပင်လယ်ထဲအလုပ်ထွက်မလုပ်ရတော့ဘူးနော်။
ဒီတိုင်းတစ်ခြားအလုပ်ပဲလုပ်ပါ ဒီတစ်ခါလိုထပ်ဖြစ်ရင် ညီမလေးတော့ရူးမှာ။"
ထိန်ယံလင်း ဇိုင်းမြတ်မဟာမောင်တို့မောင်နှမကိုကြည့်နေရင်း သူ့အဖေတို့ဆီဖုန်းဆက်လိုက်သည်။
သူ့အဖေဆီကနေ စိတ်ပူတယ် အဆင်ပြေရဲ့လား ဘာညာမေးမဲ့အစား
အိမ်အမြန်ပြန်လာခဲ့ အလုပ်ကိစ္စတွေပုံနေပြီဆိုသည့်စကားများသာကြားလိုက်ရသည်။
" ကျွန်တော်တို့အမြန်ပြန်ရအောင် ဥက္ကဌကပြန်ရောက်တာနဲ့အမြန်ပြန်လာဖို့ပြောထားပါတယ်။"
" အင်း..."
ဟုဖြေပြီး ဇိုင်းမြတ်မဟာမောင်တို့ကိုပြန်ကြည့်ကာပြောလိုက်သည်။
" သူတို့ကိုလည်း အိမ်ပြန်ပို့ပေးလိုက်ပါ။
ဘဏ်ကပိုက်ဆံဝင်ထုတ်ပြီး ပိုက်ဆံနဲ့လက်ဆောင်ပစ္စည်းတွေလည်းပေး
ငါ့အစားကျေးဇူးတင်ကြောင်းပြောလိုက်။
ပြီးတော့ ခဏကငါပြောထားတဲ့ ရေပူကျွန်းကပုလဲယူမဲ့ကိစ္စတွေအဆင်ပြေအောင် ဆက်လုပ်ထားပေး။"
" ဟုတ်ကဲ့ပါ..."
ပြီးနောက် ဇိုင်းမြတ်မဟာမောင်တို့ကိုကျောခိုင်း၍ ထိုဆိပ်ကမ်းမှထွက်ခွာပြီး
အိမ်သို့ပြန်လာခဲ့လေတော့သည်။
......
" မင်းအသက် ဘယ်လောက်လဲ။အဓိပ္ပါယ်မရှိဘာလို့ ဒီလိုအမှားမျိုးကိုလုပ်ရတာလဲ ဟမ်။ "
သူ့အဖေ၏အပြောကြောင့် ထိန်ယံလင်းတောင်းပန်လိုက်သည်။
" ကျွန်တော်တောင်းပန်ပါတယ် ခဏတဖြုတ်ဆိုပြီးလိုက်မိတာ ပြဿနာတက်သွားတယ်။"
" ငါဆင်ခြေတွေမကြိုက်ဘူး ထိန်ယံလင်း ။ မင်းရဲ့မဆင်မခြင်လုပ်ရပ်ကြောင့် ရပ်ဆိုင်းထားရတဲ့အလုပ်ကိစ္စတွေဘယ်လောက်များလဲသိလား။
မင်းအမေလည်း ခြံရံလင်းကြောင့်စိတ်ညစ်ရတဲ့ကြားက မင်းအတွက်ပါပြန်စိတ်ပူနေရတယ်။"
" ကျွန်တော်ချက်ချင်း ကျွန်တော့်အလုပ်တွေမြန်မြန်ကိုင်တွယ်လိုက်ပါ့မယ် ပါး။ ပြဿနာရှာမိတဲ့အတွက်လည်းတကယ်တောင်းပန်ပါတယ်။"
" အင်း အငယ်တွေနဲ့တင်စိတ်ရှုပ်ရတဲ့ကြား သားကြီးဖြစ်တဲ့မင်းကပါ ငါ့ကို၀န်ပိုတွေမပေးစမ်းနဲ့ ဟုတ်ပြီလား။ မင်းရောက်လာပြီဆိုတော့ ငါoverseaဘက်ကအလုပ်ကိစ္စတွေသွားလုပ်ရမယ်။ မင်းဒီအတောအတွင်း မြန်မာပြည်မှာပဲနေပြီး
အလုပ်တွေဆက်ကိုင်တွယ်ချည်။"
" ဟုတ်ကဲ့ပါး..."
သားအဖနှစ်ယောက် စကားပြောနေတဲ့အခန်းထဲ သူ့အမေက၀င်လာသည်။
" ရှင်ကလည်းလေ သားကအခုမှပြန်ရောက်တာကို အလုပ်ကိစ္စတွေကြီးဇွတ်ပြောနေတယ်။ လာလာ သားထမင်း၊ဟင်းတွေအကုန်ပြင်ပြီးပြီလာစားတော့။ ဒီအတောအတွင်းဒုက္ခရောက်ခဲ့မှာပဲ။ အမေ့သားလေးပိန်သွားလိုက်တာ။"
ထိန်ယံလင်း သူ့အမေဆွဲခေါ်သည့်နောက်လိုက်ရင်း ပြင်ဆင်ပေးထားသော စားကောင်းသောက်ဖွယ်များကိုစားသည်။
ထိုအစားအစာများအား အရင်ကတော်တော်တောင့်တနေသော်လည်း ယခုတွင်မူ သိပ်ပင်မြိုမကျပေ။ သူ့ပါးစပ်ထဲတွင် အရသာမရှိတော့။သာမာန်ကာလျံကာ စားပြီးနောက်တွင် သူ့အမေနဲ့ခဏစကားပြောပြီး သူ့အခန်းသူ၀င်လာတော့သည်။
ပျော့ပျောင်းနူးညံ့အိစက်သော အိပ်ယာကြီးပေါ်တွင်လှဲအိပ်လိုက်ရသော်လည်း သူ့ရင်ထဲတွင်တော့ မပျော်ပေ။လူတွေကပတ်၀န်းကျင်နဲ့လိုက်လျောညီထွေအနေတက်ဆုံးဆိုသည်မှာ မှားနိုင်စရာမရှိ။ ကျွန်းပေါ်တွင်နေခဲ့သော၁လလောက်အချိန်လေးမှာ သူတော်တော်အသားကျခဲ့ပြီဖြစ်သည်။
ယခုသူ့ရဲ့ပုံမှန်ဘ၀နဲ့လည်း ပြန်အသားကျအောင်ကြိုးစားရဦးမည်။
နဖူးပေါ်လက်တင်ရင်း မျက်နှာကျက်ကိုစိုက်ကြည့်ကာ ဇိုင်းမြတ်မဟာမောင်ဆိုသည့်ကောင်လေးအကြောင်းစဥ်းစားမိသည်။
အတွင်းရေးမှူးပြန်ပြောပြလာသည်က
သူပေးခိုင်းသော ငွေများ၊ပစ္စည်းများကို ထိုကောင်လေးက လုံး၀မယူဘူးဟုဆိုသည်။
ကားနဲ့လိုက်ပို့ပေးတာတောင် သူ့သဘောအတိုင်းဆိုမစီး သူ့ဦးလေးကအားနာပြီးပြော၍သာ ပြန်လိုက်ပို့ခွင့်ပြုသည်။
ဇိုင်း ထိန်ယံလင်းအားမာနကြီးသည်ဟုပြောခဲ့ဖူးသည်။ တကယ်တမ်း မာနပိုကြီးသူမှာ ဇိုင်းမြတ်မဟာမောင်သာဖြစ်လောက်သည်။
" ဒေါက် ..ဒေါက်"
ထိန်ယံလင်းအတွေးထဲမြောနေတုန်း သူ့အမြွှာညီမက တံခါးခေါက်ကာ၀င်လာပြီး ခြံရံလင်းစိတ်ပူနေ၍ ဖုန်းပြန်ဆက်ဖို့တိုးတိုးလာပြောသည်။
"အင်း ဆက်လိုက်မယ်။"
" ပါးလည်းမသိစေနဲ့အုံး စိတ်ဆိုးနေမယ်။"
" ဟုတ်ပြီ"
သူ့ညီမထွက်သွားသည်နှင့် ထိန်ယံလင်းဖုန်းယူကာ ခြံရံလင်းထံဆက်လိုက်သည်။
" Hello..."
" ကိုကြီး ...ဟူး တကယ်ပဲပြန်ရောက်လာလို့တော်သေးတာပေါ့ဗျာ။"
"မင်းစိတ်ထဲ ငါ့ကိုတော့ရှိသေးတယ်ပေါ့။"
" ကိုကြီးကလည်း ဘယ်လိုလုပ်မရှိပဲနေမလဲဗျာ။
ဘယ်လိုလဲ ဒီအတောအတွင်းအခြေအနေက တကယ်ပါပဲ ဘယ်လိုဖြစ်လို့ပင်လယ်ထဲရောက်သွားရတာလဲဗျာ။ရှာမရပြုမရနဲ့ စိုးရိမ်နေရတာ။
ရောက်ပြီဆိုလို့အပြေးလာတွေ့ချင်ပေမဲ့ ပါးရှိတော့လာမရလို့။
နောက်ရက်ကျွန်တော်နဲ့လာတွေ့အုံးနော်။"
" အင်း ဒီရက်ပိုင်းတော့အလုပ်တွေအရမ်းရှုပ်အုံးမှာ အဲ့ဒါတွေအရင်လုပ်ရမယ် ပါးစိတ်ဆိုးနေတယ်။အပြင်မှာတွေ့မှအေးဆေးပြောကြတာပေါ့ "
" ပါးကတော့ အဲ့အလုပ်ကြီးပဲ။ ကိုကြီးလည်း ကိုယ့်ဘာသာတော့ဂရုစိုက်အုံး။ "
" အင်း မင်းတို့ရောအဆင်ပြေကြတယ်မလား။"
" ပြေပါတယ်။ကျွန်တော်အခုအရင်ကထက်ပိုပျော်နေရတယ်။ မားကိုတော့နည်းနည်းလွမ်းပါတယ်။"
" ပါးကိုရော သူ့မင်းကိုအရင်ကအရမ်းအလိုလိုက်ပြီးချစ်တာပဲလေ။"
" ပါးက အရမ်းဆိုးတယ် ကိုကြီးရာ။ဒီအတောအတွင်း ကျွန်တော်နဲ့သူသာ ယုံကြည်မှုတွေမခိုင်မာကြရင် ပါးလက်ချက်နဲ့ဝေးရမှာ။ ဟူးတော်ပြီး အဲ့အကြောင်းတွေပြန်မပြောချင်ဘူး။ ခွန်းသန့်နောင်ဆီ ကိုကြီးအဆင်ပြေပြေနဲ့ပြန်ရောက်လာတာလှမ်းပြောပေးလိုက်အုံးမယ်။ သူလည်းစိတ်ပူနေတာ။"
ခွန်းသန့်နောင်ဟု ဆိုလိုက်တာကြောင့် ထိန်ယံလင်း ခါးကိုသေချာမတ်လိုက်သည်။
" ခွန်းနောင် သူရောအဆင်ပြေတယ်မလား။"
" ပြေတာမှ ဟိုဘက်ကမ်းကိုလွန် ကိုခွန်သာမှိုင်းနဲ့သာယာနေတာ ။ လက်ထပ်တော့မှာလေ မကြာခင်ကိုကြီးကိုဖိတ်လိမ့်မယ်။ဒီမှာက အသိတွေနည်းနည်းနဲ့ပဲပွဲလုပ်မှာ။ ပြီးရင် USမှာလည်းလုပ်ဖြစ်မယ်။"
ထိန်ယံလင်းနှုတ်ခမ်းထက် အပြုံးဖျော့ဖျော့လေး ကျရောက်လာသည်။
" အင်း သူပျော်နေမှာပဲ။ဒါပဲနော် နားချင်လို့ ချလိုက်တော့မယ်။"
ဖုန်းချပြီးသည်နှင့် ထိန်ယံလင်းကုတင်ပေါ်ပစ်လှဲလိုက်သည်။
အစထဲကသူနဲ့ဝေးကွာနေသော လမင်းကြီးက ယခုတော့ပို၍ဝေးကွာသွားလေပြီ။
......
၁လကြာပြီးနောက်
ဇိုင်းမြတ်မဟာမောင် ကား၀ပ်ရှော့မှ ည၁၁နာရီခန့်တွင်အိမ်သို့ပြန်ရောက်လာသည်။
သိပ်မခိုင်ခံ့သော ခြံတံခါးလေးအား သာသာဖွင့်ကာ အိမ်ထဲသို့၀င်လိုက်သည်။
အိပ်ပျော်နေသော သူ့ညီမနဲ့ သူ့အဖေမနိုးအောင် သတိထားရင်း
သူ့အခန်းသူ၀င်သည်။ ကား၀ပ်ရှော့ဆိုင်မှာတင်တစ်ခါထဲရေချိုးခဲ့၍ တော်သေးသည်ပြောရမည်။
တစ်နေ့တာလုံး ပင်ပန်းခဲ့တာကြောင့် စောင်ပါးတစ်ထည်ခင်းထားသော သူ့ကိုယ်ပိုင်အိပ်ယာလေးပေါ်တွင် လှဲလျောင်းအနားယူလိုက်သည်။
Chit Khoon Cho Thar or JuliiaJune
(6.12.2023)
တိုသွားတယ်sorryပါဒီနေ့တစ်နေကုန်အပြင်သွားနေရတော့ ဆက်မရေးဖြစ်တာ မနေ့ကရေးပြီးသားလေးပဲတင်လိုက်တယ်ရယ် ရက်မနောက်ကျအောင်။
အခုကတော့ လုံး၀slowလေးဖြစ်ပြီး ဇာတ်အိမ်ကအေးနေပါလိမ့်မယ် TMGလိုစိတ်၀င်စားစရာလည်းမကောင်းလောက်ဘူးအစမှာ ။
ဇာတ်အိမ်ပေါ်လာရင်တော့ လုံး၀big supriseကြီးရှိပါမယ်💙။
ခွန်းအရင်ရေးထားတဲ့fic တွေထဲတစ်ခါမှမပါဖူးတာမျိုးပေါ့။
ထိန်ယံလင်းက ခွန်းရေးခဲ့သမျှထဲ ခန့်ငြားရိပ်ပြီးရင် အကျေနပ်ရဆုံး
အချစ်ဆုံးလေးပါ။
Zaw,
You Are My Happiness (Part 7)
ေနာက္ေန႔မနက္တြင္ ႏွစ္ေယာက္လုံးဘယ္သူမွစစကားေျပာျဖစ္ေပ။
အထူးသျဖင့္ ဇိုင္းျမတ္မဟာေမာင္က ထိန္ယံလင္းအားသိသိသာသာေရွာင္ေနၿပီျဖစ္သည္။
အျဖစ္အပ်က္ေတြအား ႏွစ္ေယာက္လုံးေသခ်ာျပန္မွတ္မိေနၾက၍ မ်က္ႏွာပူစရာျဖစ္သည္။
စက္ေလွေပၚတြင္တစ္ျခားသူမ်ားနဲ႔သာ စကားေျပာၾကသည္။
ၿမိဳ႕ထဲသို႔ကမ္းကပ္ခါနီးတြင္ ဇိုင္းျမတ္မဟာေမာင္က နာရီခြၽတ္ကာသူ႔အားျပန္ေပးလာသည္။
" ဘာလဲ..."
" ခင္ဗ်ားပစၥည္းေလ ျပန္ယူလိုက္။"
" မင္းကိုေပးထားၿပီးသားေလ..."
" ကြၽန္ေတာ္မယူဘူး။ "
ထိုသို႔ေျပာၿပီး နာရီအားပစ္ေပးလိုက္ေလသည္။
ထိန္ယံလင္းမွာ ခဏမွ်စဥ္းစားၿပီး ခပ္တိုးတိုးျပန္ေျပာသည္။
" ညကကိစၥ မင္းစိတ္ဆိုးေနတာလား။"
"..."
" ေယာက္်ားေလးေတြၾကားက သာမာန္ကိစၥေလးပဲဟာ။
မင္းသူငယ္ခ်င္းေတြနဲ႔ တစ္ခါမွအဲ့လိုမလုပ္ဖူးဘူးလား။"
ထိန္ယံလင္းစကားေၾကာင့္ ဇိုင္းျမတ္မဟာေမာင္တကယ္ေဒါသထြက္သြားေလသည္။ သူ႔အေနနဲ႔ေတာ့ ပထမဆုံးအႀကိမ္ျဖစ္ေပမဲ့ ထိန္ယံလင္းဆိုသည့္သူက ေတာ္ေတာ္အေတြ႕အႀကဳံမ်ားေနပုံရသည္။အစက ႐ိုး႐ိုးေနရခက္တာမ်ိဳးသာရွိေပမဲ့ ယခုတြင္ေတာ့ဘာက ေဒါသထြက္စရာေကာင္းမွန္းမသိေတာ့ေပ။
" ကြၽန္ေတာ္က ခင္ဗ်ားမဟုတ္ဘူး။"
"ဇိုင္း..."
" ခင္ဗ်ားgayမလား...။"
ထိန္ယံလင္းမွာတစ္ေယာက္ေယာက္ၾကားသြားမွာစိုးသည့္ႏွယ္ ေဘးဘီကိုတစ္ခ်က္ေဝွ႔ၾကည့္သည္။
" မေန႔ညက ကိစၥကိုယ္ေတာင္းပန္တယ္။ ဒါေပမဲ့ မတရားခံေနရသလိုလာမလုပ္နဲ႔ေလကြာ။ မင္းလည္းေက်နပ္ခဲ့တာပဲမလား ။ကိုယ့္ကိုလူဆိုးျဖစ္ေအာင္မလုပ္ပါနဲ႔။"
" ကြၽန္ေတာ္သာ အရက္မေသာက္မိရင္ ေက်နပ္စရာအေၾကာင္းမရွိဘူး။
ဟုတ္တယ္ ကြၽန္ေတာ့္အမွားပဲ ကြၽန္ေတာ္အသုံးမက်တာ။ "
" ကိုယ္ပဲေတာင္းပန္ပါတယ္။ကိုယ္ထိန္းလိုက္သင့္တာ။မင္းေျပာသလိုပဲ ကိုယ္ကgay။ Gayျဖစ္တဲ့ကိုယ့္ေရွ႕မွာ မင္းလိုေကာင္ေလးကေရာက္လာေတာ့ ကိုယ္စိတ္လႊတ္သြားတာ။ ဒီအေတာအတြင္း အဆင္ေျပခဲ့ၾကတာကို ဒီကိစၥနဲ႔စိတ္မကြက္ၾကရေအာင္ ဒီတိုင္းေမ့ပစ္လိုက္ပါ နစ္နာသြားတာမွမရွိတာ။
ဒါမွမဟုတ္မင္း ေက်နပ္ေအာင္ ဘာျပန္လုပ္ေပးေစခ်င္လဲ။"
" ခင္ဗ်ားက Gay။အဲ့ေတာ့ဘယ္ေကာင္ပဲလာလာ မေန႔ညကကိစၥျဖစ္မွာပဲလား။"
သူေရွ႕က ဤလူငယ္ေလးကတကယ္ေဒါသထြက္ေနပုံရသည္။
ထိန္ယံလင္းမွာဘာျပန္ေျဖရမလဲမသိေတာ့ေပ။
" မင္းမို႔လို႔ပါ"ဆိုၿပီးေျပာလိုက္လွ်င္လည္း သူကဇိုင္းအားႀကိဳက္ေနပါသည္ဟုထင္သြားႏိုင္သည္။ ထို႔ေၾကာင့္
" အင္း" ဟုသာျပန္ေျဖလိုက္ရေလသည္။
ဇိုင္းျမတ္မဟာေမာင္က လက္သီးတင္းတင္းဆုပ္လိုက္ၿပီး ေဒါသထိန္းထားရသည့္ဟန္ျဖင့္ ေျပာသည္။
" ကြၽန္ေတာ္ လူကဲခတ္မွားသြားတာပဲ။ ေနာက္မဆုံၾကရင္ေကာင္းမယ္။"
ေျပာခ်င္တာေျပာၿပီး လွည့္ထြက္သြားသည့္ေကာင္ငယ္ေလး၏လက္အားလွမ္းဆြဲကာ တားခ်င္ေပမဲ့ ထိန္ယံလင္း၏မာနေတြကခြင့္မျပဳေပ။
သူ႔ဆံပင္ေတြၾကား လက္ေခ်ာင္းရွည္ေတြထိုးထည့္ကာသပ္ရင္း
မေန႔ညက ေစာက္႐ူးလိုလုပ္မိတဲ့သူ႔ဘာသာသူသာဆဲလိုက္ေတာ့သည္။
"Fuck..."
.......
ၿမိဳ႕ေပၚကမ္းစပ္ ျပန္ေရာက္ေတာ့ ထိန္ယံလင္းဖုန္းဆက္စရာပင္မလို
သူ႔ကိုရွာဖို႔လူေတြကေန႔တိုင္းေစာင့္ေနၾကတာ ျဖစ္သည္။
ထိုလူမ်ားတြင္ သူ႔မိသားစု၀င္တစ္ေယာက္မွေတာ့မပါေပ။ သူ႔အေဖတို႔ပိုက္ဆံျဖင့္ငွားထားေသာလူမ်ားသာျဖစ္သည္။
ဇိုင္းျမတ္မဟာေမာင္ညီမကေတာ့ သူ႔အစ္ကိုအားေတြ႕သည္ႏွင့္အေျပးလာဖက္သည္။
" ဘယ္ေလာက္ေတာင္စိတ္ပူေနရလဲသိရဲ႕လား။ ျပန္မလာေတာ့မွာအရမ္းေၾကာက္ေနခဲ့တာ။"
ဇိုင္း သူ႔ညီမရဲ႕မ်က္ရည္စေလးေတြကိုသုပ္ေပးရင္း ေမးသည္။
" ဘာလို႔ဒီမွာရွိေနရတာလဲ ေက်ာင္းမွာရွိေနရမွာေလ..."
ထိုစကားေၾကာင့္ သူ႔ဦးေလးက၀င္ေျပာသည္။
" ဒီေန႔ တနဂၤေႏြေလ ငါ့တူရ။ မင္းညီမက ေက်ာင္းပိတ္ရက္တိုင္းဒီမွာလာလာေမွ်ာ္ေနတာ ဦးေလးလည္းတားလို႔မရ။ ဘာပဲျဖစ္ျဖစ္ သူေဌးေရာမင္းေရာ
အဆင္ေျပေျပနဲ႔ျပန္ေရာက္လာတာပဲ ေက်းဇူးတင္ရမယ္။"
"ကိုႀကီးေနာက္တစ္ေခါက္ ပင္လယ္ထဲအလုပ္ထြက္မလုပ္ရေတာ့ဘူးေနာ္။
ဒီတိုင္းတစ္ျခားအလုပ္ပဲလုပ္ပါ ဒီတစ္ခါလိုထပ္ျဖစ္ရင္ ညီမေလးေတာ့႐ူးမွာ။"
ထိန္ယံလင္း ဇိုင္းျမတ္မဟာေမာင္တို႔ေမာင္ႏွမကိုၾကည့္ေနရင္း သူ႔အေဖတို႔ဆီဖုန္းဆက္လိုက္သည္။
သူ႔အေဖဆီကေန စိတ္ပူတယ္ အဆင္ေျပရဲ႕လား ဘာညာေမးမဲ့အစား
အိမ္အျမန္ျပန္လာခဲ့ အလုပ္ကိစၥေတြပုံေနၿပီဆိုသည့္စကားမ်ားသာၾကားလိုက္ရသည္။
" ကြၽန္ေတာ္တို႔အျမန္ျပန္ရေအာင္ ဥကၠဌကျပန္ေရာက္တာနဲ႔အျမန္ျပန္လာဖို႔ေျပာထားပါတယ္။"
" အင္း..."
ဟုေျဖၿပီး ဇိုင္းျမတ္မဟာေမာင္တို႔ကိုျပန္ၾကည့္ကာေျပာလိုက္သည္။
" သူတို႔ကိုလည္း အိမ္ျပန္ပို႔ေပးလိုက္ပါ။
ဘဏ္ကပိုက္ဆံဝင္ထုတ္ၿပီး ပိုက္ဆံနဲ႔လက္ေဆာင္ပစၥည္းေတြလည္းေပး
ငါ့အစားေက်းဇူးတင္ေၾကာင္းေျပာလိုက္။
ၿပီးေတာ့ ခဏကငါေျပာထားတဲ့ ေရပူကြၽန္းကပုလဲယူမဲ့ကိစၥေတြအဆင္ေျပေအာင္ ဆက္လုပ္ထားေပး။"
" ဟုတ္ကဲ့ပါ..."
ၿပီးေနာက္ ဇိုင္းျမတ္မဟာေမာင္တို႔ကိုေက်ာခိုင္း၍ ထိုဆိပ္ကမ္းမွထြက္ခြာၿပီး
အိမ္သို႔ျပန္လာခဲ့ေလေတာ့သည္။
......
" မင္းအသက္ ဘယ္ေလာက္လဲ။အဓိပၸါယ္မရွိဘာလို႔ ဒီလိုအမွားမ်ိဳးကိုလုပ္ရတာလဲ ဟမ္။ "
သူ႔အေဖ၏အေျပာေၾကာင့္ ထိန္ယံလင္းေတာင္းပန္လိုက္သည္။
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ခဏတျဖဳတ္ဆိုၿပီးလိုက္မိတာ ျပႆနာတက္သြားတယ္။"
" ငါဆင္ေျခေတြမႀကိဳက္ဘူး ထိန္ယံလင္း ။ မင္းရဲ႕မဆင္မျခင္လုပ္ရပ္ေၾကာင့္ ရပ္ဆိုင္းထားရတဲ့အလုပ္ကိစၥေတြဘယ္ေလာက္မ်ားလဲသိလား။
မင္းအေမလည္း ၿခံရံလင္းေၾကာင့္စိတ္ညစ္ရတဲ့ၾကားက မင္းအတြက္ပါျပန္စိတ္ပူေနရတယ္။"
" ကြၽန္ေတာ္ခ်က္ခ်င္း ကြၽန္ေတာ့္အလုပ္ေတြျမန္ျမန္ကိုင္တြယ္လိုက္ပါ့မယ္ ပါး။ ျပႆနာရွာမိတဲ့အတြက္လည္းတကယ္ေတာင္းပန္ပါတယ္။"
" အင္း အငယ္ေတြနဲ႔တင္စိတ္ရႈပ္ရတဲ့ၾကား သားႀကီးျဖစ္တဲ့မင္းကပါ ငါ့ကို၀န္ပိုေတြမေပးစမ္းနဲ႔ ဟုတ္ၿပီလား။ မင္းေရာက္လာၿပီဆိုေတာ့ ငါoverseaဘက္ကအလုပ္ကိစၥေတြသြားလုပ္ရမယ္။ မင္းဒီအေတာအတြင္း ျမန္မာျပည္မွာပဲေနၿပီး
အလုပ္ေတြဆက္ကိုင္တြယ္ခ်ည္။"
" ဟုတ္ကဲ့ပါး..."
သားအဖႏွစ္ေယာက္ စကားေျပာေနတဲ့အခန္းထဲ သူ႔အေမက၀င္လာသည္။
" ရွင္ကလည္းေလ သားကအခုမွျပန္ေရာက္တာကို အလုပ္ကိစၥေတြႀကီးဇြတ္ေျပာေနတယ္။ လာလာ သားထမင္း၊ဟင္းေတြအကုန္ျပင္ၿပီးၿပီလာစားေတာ့။ ဒီအေတာအတြင္းဒုကၡေရာက္ခဲ့မွာပဲ။ အေမ့သားေလးပိန္သြားလိုက္တာ။"
ထိန္ယံလင္း သူ႔အေမဆြဲေခၚသည့္ေနာက္လိုက္ရင္း ျပင္ဆင္ေပးထားေသာ စားေကာင္းေသာက္ဖြယ္မ်ားကိုစားသည္။
ထိုအစားအစာမ်ားအား အရင္ကေတာ္ေတာ္ေတာင့္တေနေသာ္လည္း ယခုတြင္မူ သိပ္ပင္ၿမိဳမက်ေပ။ သူ႔ပါးစပ္ထဲတြင္ အရသာမရွိေတာ့။သာမာန္ကာလ်ံကာ စားၿပီးေနာက္တြင္ သူ႔အေမနဲ႔ခဏစကားေျပာၿပီး သူ႔အခန္းသူ၀င္လာေတာ့သည္။
ေပ်ာ့ေပ်ာင္းႏူးညံ့အိစက္ေသာ အိပ္ယာႀကီးေပၚတြင္လွဲအိပ္လိုက္ရေသာ္လည္း သူ႔ရင္ထဲတြင္ေတာ့ မေပ်ာ္ေပ။လူေတြကပတ္၀န္းက်င္နဲ႔လိုက္ေလ်ာညီေထြအေနတက္ဆုံးဆိုသည္မွာ မွားႏိုင္စရာမရွိ။ ကြၽန္းေပၚတြင္ေနခဲ့ေသာ၁လေလာက္အခ်ိန္ေလးမွာ သူေတာ္ေတာ္အသားက်ခဲ့ၿပီျဖစ္သည္။
ယခုသူ႔ရဲ႕ပုံမွန္ဘ၀နဲ႔လည္း ျပန္အသားက်ေအာင္ႀကိဳးစားရဦးမည္။
နဖူးေပၚလက္တင္ရင္း မ်က္ႏွာက်က္ကိုစိုက္ၾကည့္ကာ ဇိုင္းျမတ္မဟာေမာင္ဆိုသည့္ေကာင္ေလးအေၾကာင္းစဥ္းစားမိသည္။
အတြင္းေရးမႉးျပန္ေျပာျပလာသည္က
သူေပးခိုင္းေသာ ေငြမ်ား၊ပစၥည္းမ်ားကို ထိုေကာင္ေလးက လုံး၀မယူဘူးဟုဆိုသည္။
ကားနဲ႔လိုက္ပို႔ေပးတာေတာင္ သူ႔သေဘာအတိုင္းဆိုမစီး သူ႔ဦးေလးကအားနာၿပီးေျပာ၍သာ ျပန္လိုက္ပို႔ခြင့္ျပဳသည္။
ဇိုင္း ထိန္ယံလင္းအားမာနႀကီးသည္ဟုေျပာခဲ့ဖူးသည္။ တကယ္တမ္း မာနပိုႀကီးသူမွာ ဇိုင္းျမတ္မဟာေမာင္သာျဖစ္ေလာက္သည္။
" ေဒါက္ ..ေဒါက္"
ထိန္ယံလင္းအေတြးထဲေျမာေနတုန္း သူ႔အႁမႊာညီမက တံခါးေခါက္ကာ၀င္လာၿပီး ၿခံရံလင္းစိတ္ပူေန၍ ဖုန္းျပန္ဆက္ဖို႔တိုးတိုးလာေျပာသည္။
"အင္း ဆက္လိုက္မယ္။"
" ပါးလည္းမသိေစနဲ႔အုံး စိတ္ဆိုးေနမယ္။"
" ဟုတ္ၿပီ"
သူ႔ညီမထြက္သြားသည္ႏွင့္ ထိန္ယံလင္းဖုန္းယူကာ ၿခံရံလင္းထံဆက္လိုက္သည္။
" Hello..."
" ကိုႀကီး ...ဟူး တကယ္ပဲျပန္ေရာက္လာလို႔ေတာ္ေသးတာေပါ့ဗ်ာ။"
"မင္းစိတ္ထဲ ငါ့ကိုေတာ့ရွိေသးတယ္ေပါ့။"
" ကိုႀကီးကလည္း ဘယ္လိုလုပ္မရွိပဲေနမလဲဗ်ာ။
ဘယ္လိုလဲ ဒီအေတာအတြင္းအေျခအေနက တကယ္ပါပဲ ဘယ္လိုျဖစ္လို႔ပင္လယ္ထဲေရာက္သြားရတာလဲဗ်ာ။ရွာမရျပဳမရနဲ႔ စိုးရိမ္ေနရတာ။
ေရာက္ၿပီဆိုလို႔အေျပးလာေတြ႕ခ်င္ေပမဲ့ ပါးရွိေတာ့လာမရလို႔။
ေနာက္ရက္ကြၽန္ေတာ္နဲ႔လာေတြ႕အုံးေနာ္။"
" အင္း ဒီရက္ပိုင္းေတာ့အလုပ္ေတြအရမ္းရႈပ္အုံးမွာ အဲ့ဒါေတြအရင္လုပ္ရမယ္ ပါးစိတ္ဆိုးေနတယ္။အျပင္မွာေတြ႕မွေအးေဆးေျပာၾကတာေပါ့ "
" ပါးကေတာ့ အဲ့အလုပ္ႀကီးပဲ။ ကိုႀကီးလည္း ကိုယ့္ဘာသာေတာ့ဂ႐ုစိုက္အုံး။ "
" အင္း မင္းတို႔ေရာအဆင္ေျပၾကတယ္မလား။"
" ေျပပါတယ္။ကြၽန္ေတာ္အခုအရင္ကထက္ပိုေပ်ာ္ေနရတယ္။ မားကိုေတာ့နည္းနည္းလြမ္းပါတယ္။"
" ပါးကိုေရာ သူ႔မင္းကိုအရင္ကအရမ္းအလိုလိုက္ၿပီးခ်စ္တာပဲေလ။"
" ပါးက အရမ္းဆိုးတယ္ ကိုႀကီးရာ။ဒီအေတာအတြင္း ကြၽန္ေတာ္နဲ႔သူသာ ယုံၾကည္မႈေတြမခိုင္မာၾကရင္ ပါးလက္ခ်က္နဲ႔ေဝးရမွာ။ ဟူးေတာ္ၿပီး အဲ့အေၾကာင္းေတြျပန္မေျပာခ်င္ဘူး။ ခြန္းသန္႔ေနာင္ဆီ ကိုႀကီးအဆင္ေျပေျပနဲ႔ျပန္ေရာက္လာတာလွမ္းေျပာေပးလိုက္အုံးမယ္။ သူလည္းစိတ္ပူေနတာ။"
ခြန္းသန္႔ေနာင္ဟု ဆိုလိုက္တာေၾကာင့္ ထိန္ယံလင္း ခါးကိုေသခ်ာမတ္လိုက္သည္။
" ခြန္းေနာင္ သူေရာအဆင္ေျပတယ္မလား။"
" ေျပတာမွ ဟိုဘက္ကမ္းကိုလြန္ ကိုခြန္သာမႈိင္းနဲ႔သာယာေနတာ ။ လက္ထပ္ေတာ့မွာေလ မၾကာခင္ကိုႀကီးကိုဖိတ္လိမ့္မယ္။ဒီမွာက အသိေတြနည္းနည္းနဲ႔ပဲပြဲလုပ္မွာ။ ၿပီးရင္ USမွာလည္းလုပ္ျဖစ္မယ္။"
ထိန္ယံလင္းႏႈတ္ခမ္းထက္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလး က်ေရာက္လာသည္။
" အင္း သူေပ်ာ္ေနမွာပဲ။ဒါပဲေနာ္ နားခ်င္လို႔ ခ်လိုက္ေတာ့မယ္။"
ဖုန္းခ်ၿပီးသည္ႏွင့္ ထိန္ယံလင္းကုတင္ေပၚပစ္လွဲလိုက္သည္။
အစထဲကသူနဲ႔ေဝးကြာေနေသာ လမင္းႀကီးက ယခုေတာ့ပို၍ေဝးကြာသြားေလၿပီ။
......
၁လၾကာၿပီးေနာက္
ဇိုင္းျမတ္မဟာေမာင္ ကား၀ပ္ေရွာ့မွ ည၁၁နာရီခန္႔တြင္အိမ္သို႔ျပန္ေရာက္လာသည္။
သိပ္မခိုင္ခံ့ေသာ ၿခံတံခါးေလးအား သာသာဖြင့္ကာ အိမ္ထဲသို႔၀င္လိုက္သည္။
အိပ္ေပ်ာ္ေနေသာ သူ႔ညီမနဲ႔ သူ႔အေဖမႏိုးေအာင္ သတိထားရင္း
သူ႔အခန္းသူ၀င္သည္။ ကား၀ပ္ေရွာ့ဆိုင္မွာတင္တစ္ခါထဲေရခ်ိဳးခဲ့၍ ေတာ္ေသးသည္ေျပာရမည္။
တစ္ေန႔တာလုံး ပင္ပန္းခဲ့တာေၾကာင့္ ေစာင္ပါးတစ္ထည္ခင္းထားေသာ သူ႔ကိုယ္ပိုင္အိပ္ယာေလးေပၚတြင္ လွဲေလ်ာင္းအနားယူလိုက္သည္။
Chit Khoon Cho Thar or JuliiaJune
(6.12.2023)
တိုသြားတယ္sorryပါဒီေန႔တစ္ေနကုန္အျပင္သြားေနရေတာ့ ဆက္မေရးျဖစ္တာ မေန႔ကေရးၿပီးသားေလးပဲတင္လိုက္တယ္ရယ္ ရက္မေနာက္က်ေအာင္။
အခုကေတာ့ လုံး၀slowေလးျဖစ္ၿပီး ဇာတ္အိမ္ကေအးေနပါလိမ့္မယ္ TMGလိုစိတ္၀င္စားစရာလည္းမေကာင္းေလာက္ဘူးအစမွာ ။
ဇာတ္အိမ္ေပၚလာရင္ေတာ့ လုံး၀big supriseႀကီးရွိပါမယ္💙။
ခြန္းအရင္ေရးထားတဲ့fic ေတြထဲတစ္ခါမွမပါဖူးတာမ်ိဳးေပါ့။
ထိန္ယံလင္းက ခြန္းေရးခဲ့သမွ်ထဲ ခန္႔ျငားရိပ္ၿပီးရင္ အေက်နပ္ရဆုံး
အခ်စ္ဆုံးေလးပါ။