"မယ်မယ် ~ ဒီမှာ ကြည့် သားတော် လုပ်ထားတာ"
ဆယ်နှစ်အရွယ် မင်းသားလေး ဟာ သူလုပ်ပြီးတဲ့ မြေအိုးလေးကို သူ့ မယ်မယ် မြင်အောင် မြှောက်ပြ ပြီး ချိူသာတဲ့ အပြုံးတွေ ဝေနေတယ်။
"မင်းသားလေး က အရမ်းလက်ရာကောင်းပါလား မယ်မယ့်ကို သေချာပြပါအုန်း အနှစိတ်လေးတွေ လုပ်ထားတာ ကြည့်ရအောင်"
မိဖုရား ဟာ သူမ၏ သားတော်ကို ချီရင်း ပေါင် ပေါ်သို့ တင်လိုက်သည်။
မင်းသားလေး ဟာ မိဖုရားရဲ့ ရင်ခွင်ထဲ မှီ ရင်း သူ့ လုပ်ထားတဲ့ မြေအိုးလေးကို သေးငယ်တဲ့ လက်လေးနဲ့ အသေးစိတ် လေးတွေကို ထောက်ပြရင်း ရှင်းပြနေတော့တယ်။
"ဒါလေးကလေ မယ်မယ် သဘောအရမ်းကျတဲ့ ခွာဝါပန်းလေးတွေ ကို သားတော်က ထည့် ဖော်ထားတာ သိလား " မင်းသားလေးက သူလုပ်ထားတာကို ဂုဏ်ယူစွာ နဲ့ မိဖုရားကို ပြောပြနေသည်။
"သိလား မယ်မယ် ... သားတော် လေ တစ်နေ့ ကြ မယ်မယ့် အိပ်ခန်းမှာ ပန်းလေးတွေ ထိုးလို့ ရအောင် ဖန်ပန်းအိုးလေး လှလှ လေး လုပ်ပေးအုန်းမှာ .... နေရောင်လေး ကျလာတာနဲ့ သက်တန့်လေးတွေ အခန်းထဲ ဖြာထွက် လာအောင် လှတဲ့ ဖန်အိုးလေးမျိုး ~ "
ခြေလေး ယိမ်းရင်း ပြောနေတဲ့ မင်းသားလေး ကို တစိမ့်စိမ့်ကြည့် ပြီး ပြုံးနေတဲ့ မိဖုရား ဟာ သူမ ၏ သားတော် ရဲ့ အပြုံး ကို ကာကွယ် ဖို့ ဘာမဆို စွန့်လွှတ်နိုင်တယ် ဆိုတဲ့ ဆုံးဖြတ်ချက် ချရင်း ခေါင်းလေးတစ်ညိမ့်ညိမ့် နဲ့ သူမ ၏ သားတော် ပြောနေတာ ကို နားထောင်နေတော့တယ်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ညသန်းခေါင် အချိန် လူတွေ အိပ်မောကျနေချိန်မှာပဲ မင်းသားငယ်လေးဟာ တစ်ရေးနိုးလာခဲ့တယ်။
"မယ်မယ် ? " စကားတိုးတီးပြောသံတွေ ကြားလို့ ကုတင်ပေါ်မှ ဆင်းလာကာ တံခါးပေါက်စီ လျှောက်လှမ်းလာတော့သည်။
"မင်း လုပ်ရက်လှချည်လား .... ငါ့ ယုံကြည်မှုတွေကို ဒီလို .....ဒီလို အလွဲသုံးစား လုပ်ပစ်ရလောက်အောင်ထိ ..... ငါ မင်းကို ဘာတွေများ လုပ်ခဲ့မိလို့လည်း " မိဖုရားရဲ့ နာကျင်သံ ကို ကြားမိတဲ့ မင်းသားလေး ဟာ စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့တယ်။
အသံ ဘယ်ကလာတာ လည်း .... ဘယ်ကလာတာလည်း
မယ်မယ် ဘယ်မှာလည်း
သေးငယ်တဲ့ ခြေလှမ်းလေးတွေ နဲ့ တိုးတိုးတိတ်တိတ် မြန်မြန်မြန်ဆန်ဆန် နဲ့ ရှာနေရှာတဲ့ မင်းသားငယ်လေး
အသံလည်းမပြုရဲ ပြေးလည်းမပြေးနိုင်
မယ်မယ် ခိုက်မိမှာကို သာ စိုးရိမ်နေတဲ့ သူ့ စိတ်
ရုတ်တရက် မြင်မိတဲ့ အလင်းရောင်
ဖခမည်းတော် ရဲ့ စာကြည့်ခန်း
ဖြေးဖြေးချင်းလျှောက်လှမ်းလာတဲ့ သူရဲ့ ခြေလှမ်းလေးတွေ အနည်းငယ် ဟနေတဲ့ တံခါးပေါက် ရှေ့ မှာ ရပ်တန့်သွားခဲ့တယ်
ကြောက်စိတ်ကြောင့် ဘာတွေပြောနေလည်း သူ မကြားရတော့ပေ
မျက်စိရှေ့ မှာ ဒူးထောက်နေတဲ့ သူ့ မယ်မယ် ၊ ဘေးမှာ မှောက်နေတဲ့ ဖန်ခွက် တစ်ခွက် ၊ တံခါးကို ကျောပေးပြီး မတ်တပ် ရပ်နေတဲ့ လူတစ်ယောက်
နာကျင်သော အမူအရာဖြင့် ပြောဆိုနေတဲ့ မယ်မယ် ရုတ်တရက် တံခါးကြား က ကြည့်နေတဲ့ သူမ ၏ သားတော် ကိုမြင်မိပြီး စိုးရိမ်နောင်တ များ ပေါ်လာကာ
ပါးစပ် မှာ ဤစကားကို အမူအရာဖြင့် ပြောခဲ့သည်။
.
.
.
.
.
.
.
.
.
.
"မယ်မယ် သားတော် ကို အရမ်းချစ်တယ်"
.
.
.
.
.
.
.
.
ကြည့်ရင်း မျက်ရည်များကျလာကာ အရာအားလုံးအမှောင်ကျသွားတော့တယ်
.
.
.
"လိုက်ဖမ်း အခုချက်ချင်း လိုက်ဖမ်း !!!! "
"လိုက်ကျ လိုက်ကျ !!!"
"မိဖုရား!!!"
"သမားတော် သမားတော် ကို ခေါ်ကြ အုန်း!!!"
"မင်းသားငယ် !! မင်းသားငယ် "
တိတ်ဆိတ်နေတဲ့ နန်းတော်တွင်း ကလျှောက်လမ်း ဟာ အော်ဟစ်သံ ငိုသံတွေ နဲ့ ပြည့်နက် သွားခဲ့တော့တယ်။
.
.
.
.
.
.
.
.
.
.
.
.
.
ဒီနေ့ဟာ တိုင်းပြည်ရဲ့ ရင်ကွဲစရာ သတင်း နဲ့ နေ့ကို စတင်ခဲ့ရပြီး ပြည်သူပြည်သား တွေရဲ့ငိုကြွေးသံတွေ ပြည့်နက်နေပြီး
ဘုရင် ဟာလည်း သတင်းကြားပြီးပြီချင်း တိုင်းတစ်ပါးသို့ ငြိမ်းချမ်းရေး ကပွဲသို့ သွားရာ လမ်းမှ အမြန်ပြန်လှည့်ခဲ့တယ်
မိဖုရားကို လုပ်ကြံခဲ့ သူကိုလည်း ဖမ်းမိခဲ့ပြီး သေဒဏ်ချ မှတ်ခဲ့သည်။
.
.
.
.
.
.
.
.
.
.
.
မိဖုရား လူ့လောက ကို ထွက်ခွာသွားသည်မှာ ဆယ့်ငါးနှစ်ရှိခဲ့ပြီ
ဒီ ဆယ့်ငါးနှစ် အတွင်း မှာ အရာအားလုံးပြောင်းလဲသွားခဲ့တယ်
အထူးသဖြင့် မင်းသားငယ်လေးရဲ့ အပြုံးပေါ့
အေးစက်သွားတဲ့ သူ့ မျက်နှာ နဲ့ နှလုံးသား
ဘယ်သူမှ သူ့အနားကပ်မရ
ဘယ်သူ့မှ သူ မယုံတော့ပေ
ခပ်သွက်သွက် နဲ့လျှောက်လှမ်းနေတဲ့ သူ့၏ခြေလှမ်းတွေ ဘုရင့် စာကြည့်ခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်
တံခါးကို တွန်းဖွင့်မည် ကြံသော ခန္ဓာကိုယ် မှာ နားမထောင်
လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က မှတ်ဉာဏ် ကြောင့် ဒီအခန်းကို သူ လွန်စွာ မုန်းတီးသည် ။
သို့သော် ဖခမည်းတော် ဖြင့် သူ တွေ့မှ ရမည် ဖြစ်သည့်အတွက် ရှိသမျှ အားဖြင့် သူ တွန်း၀င်လာခဲ့သည်။
"ဖခမည်းတော်! ဘာသဘောလည်းဗျ ! သားတော် ဘာ ကိုယ်တော်စောင့်မှ မလိုချင်ဘူး မလိုအပ်ဘူး လို့ ပြောထားတယ်မဟုတ်လား....အခု အထိန်းတော်..."
" Joshua "
ဖခမည်းတော် တစ်ခွန်း ဖြင့် သူ အသံတိတ်သွားခဲ့သည်
"မင်း ဟာ အိမ်ရှေ့စံ မင်းသားတစ်ပါး ဖြစ်တယ် ... မင်း မယ်မယ် ကို ငါ ဆုံးရှုံးခဲ့ ရပြီးပြီ .... ငါ ကတိပေးထားခဲ့တယ် မင်းကို ဘာမှမဖြစ်စေရဘူးဆိုတာ..... "
"မယ်မယ် က သူ အယုံကြည်ရ ဆုံး ကိုယ်ရံတော်ရဲ့ လုပ်ကြံတာ ခံခဲ့ရတာကိုရော မမှတ်မိဘူးလား ဖခမည်းတော်"
Joshua ရဲ့ စကားကြောင့် အံ့အားသင့်ပြီး သက်ပြင်းချမိတယ်
"မှတ်မိလာပြီပေါ့ ကောင်းပြီ ကဲ Joshua....မင်းဘေးမှာ ကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေတဲ့ သူက အခု မင်းရဲ့ ကိုယ်ရံ့တော် ပဲ "
ဖခမည်းတော် ကြောင့် ရုတ်တရက် ဘေးကို ကြည့်လိုက်သောအခါ လူတစ်ယောက် ကို သတိထားမိတော့တယ်။
နက်မှောင်ပြီး ကောက် နေတဲ့ သူ့ဆံပင် ၊ ဖြောင့်ပြီး ချွန်နေတဲ့ သူ့ မျက်နှာ နဲ့ နှာတံ
ကိုယ်ခန္ဓာကလည်း အရင်က လူတွေ ထက်စာရင် ပို တောင့်တင်းပြီး အရပ်ရှည်
ကြောင်တောင်တောင် နဲ့ ပြူးကြည့်နေတာသာ မဟုတ်ရင် တော်တော်လှတဲ့ မျက်လုံး
ခက်မြန်မြန် ပင် အတွေးများကို ခါထုတ်ပြီး ဖခမည်းတော် ဘက်ဆီ ပြန်လှည့်လာသည်
"ကျွန်တော် မလိုအပ်....."
"မဟုတ်ရင် Woozi ဆီ မင်းကို တစ်လလောက် ပို့ထားစေချင်ရင်လည်းရတယ်"
Woozi .... Woozi ဆိုတာနဲ့ တင် ရပြီ ဟု သူတွေးကာ ခါး ပြန်မတ်လာသည်
ဖခမည်းတော် ကျေနပ်ပုံရပြီး ပြုံးကာ ကိုယ်ရံတော်ဘက်လှည့်ပြီး
"ကဲ ဒါဆို မင်းတို့ နှစ်ယောက် ဒီနေ့က စပြီး နောက်ပိုင်း ရင်းနှီး သွားဖို့ ငါ မျှော်လင့်နေမယ်နော် လုပ်စရာ ရှိတာ သွားလုပ်လို့ရပြီ ။ ဪ ပြီးတော့ Seokmin မင်းအတွက် အကျီတွေ က အိမ်တော်ထိန်းကြီး လာပေးလိမ့်မယ် "
'Seokmin ဆိုပါလား တစ်မျိုးပဲ' Joshua တွေးလိုက်ပြီး ခက်မြန်မြန်ပင် အခန်းထဲ မှ ထွက်လာခဲ့သည်
Seokmin သည် ဘုရင့် အား ဦးညွန့် မပြီးခင် မင်းသားရုတ်တရက် ထွက်သွားလို့ ဟိုကြည့်ဒီကြည့် ဖြစ်ကာ မြန်မြန် ဦးညွန့်ရင်း အပြေးလိုက်လေ၏
စကားတစ်ခွန်းမပြော ဖြေးဖြေးတိတ်တိတ် ဖြင့် နောက်မှ လိုက်လာသော Seokmin အား ဘယ်လိုခွာထုတ်ရမလည်း ဆိုပြီး အကြံ တွေး နေတဲ့ မင်းသား Joshua
'Woozi နာမည်ကို ပြောလို့ ငါ လက်လျော့လိုက်တယ်ထင်ကတည်းက ဖခမည်းတော် မှားသွားပြီ။ အရင်ကတည်းက ငါ လုပ်ခဲ့တဲ့ နည်းတွေ နဲ့ ဖယ်ထုတ်ရင်ရတာ ဟ'
Joshua ဟာ သူ့အကြံအောင်မြင်မည်ဟု ထင်ကာ ကျေနပ်နေတော့သည်။
ကိုယ်ရံ့တော် Seokmin ကရော မင်းသား Joshua ရဲ့ အကြံ အောက် ဘယ်အချိန်ထိ ခံနိုင်မလည်း.......