I Cherish You

By 99_paradise_834

9K 1.1K 204

Cherish means treating with affection, caring with tenderness and protecting with care for someone you treasu... More

| 1 |
| 2 |
| 3 |
| 4 |
| 5 |
| 6 |
| 7 |
| 8 |
| 9 |
| 11 |
| 12 |

| 10 |

628 81 35
By 99_paradise_834

ယူဂျင်း ကိုကို့အိမ်ထဲမှတဆင့် အပြင်ဘက်ခြံထဲသို့‌ပြေးထွက်လိုက်သည့်အချိန်တွင် အနောက်ကနေ လက်ကိုလှမ်းဆွဲလိုက်တဲ့ကိုကို့ကြောင့် နေရာမှာတင်ရပ်တန့်သွားရသည်။

"" ယူဂျင်းနီး ကိုယ့်ကိုစိတ်ဆိုးသွားတာလား
ကိုယ်အမှားတစ်ခုခုလုပ်မိလိုက်လို့လားဟင်?
ကိုယ့်ကိုပြောပြပါလား တစ်ခုခုအထင်လွဲတာဆိုလည်းမင်းစိတ်ရှင်းသွားတဲ့အထိကိုယ်ရှင်းပြပါ့မယ် ကိုယ့်ဘက်ကမှားတာဆိုရင်တော့ မင်းကျေနပ်တဲ့အထိကိုယ်တောင်းပန်မယ်လေ နော် ယူဂျင်းနီး ""

သူနှင့်အရပ်တူသွားစေရန် ကိုယ်ကိုကိုင်းလျက်ဖြင့် ငုံ့ထားသောသူ့မျက်နှာလေးအား ဂရုတစိုက်ကြည့်ကာပြောလာသည့်ကိုကို့ကြောင့် လှမ်းဆွဲထားသည့်ကိုကို့လက်တွေကိုရုန်းချဖို့အတွက် ယူဂျင်းတွန့်ဆုတ်သွားသည်။

ကိုကိုကအမြဲ ဒီလိုပဲဖြစ်သည်။ ဘယ်လိုအ‌ခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူ့စိတ်အခြေအနေဘယ်လိုဆိုတာကို တန်းသိတတ်ပြီး  သူမှားနေရင်တောင် ကိုကိုကပဲတောင်းပန်လိမ့်မည်။

"" အရင်ဆုံးအိမ်ထဲပြန်ဝင်ရအောင်
အပြင်မှာအရမ်းအေးတယ် အခုတောင်ယူဂျင်းနီးလက်ဖျားလေးတွေတော်တော်အေးနေပြီ ""

ကိုကိုကပြောပြောဆိုဆိုနှင့် အေးစက်နေသည့်သူ့လက်ကလေးအားဆုပ်ကိုင်ထားလျက်ဖြင့် အိမ်ထဲဝင်ရန်ပြင်လေသည်။

"" ကျွန်တော်အိမ်ပြန်မလို့ပါဆို ""

ပေရပ်နေရင်း ဂျစ်တစ်တစ်ပြောလိုက်တော့ အိမ်ထဲဝင်ဖို့လှမ်းနေတဲ့ကိုကို့ခြေလှမ်းတွေလည်း ရပ်တန့်သွားခဲ့ပြီး သူ့ဘက်တစ်ဖန်လှည့်လာလေသည်။

သို့ရာတွင် ကိုကို့မျက်နှာအမူအရာမှာတော့ စိတ်ရှုပ်ခြင်းအလျဉ်းမရှိဘဲ ပကတိကြည်လင်လို့နေပါသည်။

"" အင်း ကိုယ်သိတယ် ဒါပေမဲ့ကိုယ်တို့အခုစကားပြောဖို့လိုတယ် အိမ်ထဲဝင်ရအောင်နော် လိမ္မာတယ် ""

သူ့မေးစေ့လေးအား ခပ်ဖွဖွပွတ်ရင်း ကိုကိုချော့ပြောလာလေတော့ တင်းခံထားတဲ့ယူဂျင်းစိတ်တွေလည်း အရည်ပျော်ကျသွားရကာ ကိုကို့ကိုထပ်ပြီးအထွန့်မတက်နိုင်တော့ပေ။

အိမ်ထဲရောက်‌တော့ ကိုကို သူ့ကို ဆိုဖာပေါ်တွင်ထိုင်စေပြီး‌နောက် ပေါင်ပေါ်မှတဆင့် ခြေဖျားလေးတွေဖုံးသွားတဲ့အထိ ဂွမ်းစောင်တစ်ခုကိုခြုံပေးလာပါသည်။

"" ခဏလောက်ထိုင်နေဦးနော်
ကိုယ်ပြန်လာခဲ့မယ် ""

သူ့ကိုပြောပြီး ကိုကိုအိမ်ခန်းထဲဝင်သွားရာ ခဏဆိုပြီးတော်တော်နှင့်ပြန်ထွက်မလာတာကြောင့် ယူဂျင်းလည်တဆန့်ဆန့်ဖြစ်နေစဥ် လက်ထဲတွင်ခွက်လေးတစ်ခွက်နှင့်အတူမာဖလာလေးတစ်ထည်ကိုကိုင်ပြီးထွက်လာသည့်ကိုကို့အား မြင်လိုက်ရတော့သည်။

အကြည့်ချင်းဆုံသွားသည်ဖြစ်ရာ ကိုကိုသူ့ကိုပြုံးပြလာပြီး ခွက်ကလေးကိုစားပွဲပေါ်အရင်ချပြီးသည်နှင့် သူ့ရှေ့ဒူးထောက်ထိုင်ချလို့ မာဖလာလေးကိုပတ်ပေးလာပါသည်။

"" ထင်ထားတဲ့အတိုင်း ယူဂျင်းနီးကအနီရောင်လေးနဲ့တအားလိုက်တယ်.. ""

ပြုံးလျက်ပြောလာသည့်ကိုကို့စကားသံ။ ထိန်းမရအောင်ခုန်ပေါက်လာသည်က ယူဂျင်းရင်ခုန်သံ။

‌‌ထိုရင်ခုန်သံတို့အား မသိကျိုးကျွန်ပြုလျက်ဖြင့်... ကိုကို့မျက်နှာလေးကိုပဲမျက်တောင်မခတ်စတမ်းငေးကြည့်မိစဉ် ...  ကိုကို့ဘက်က သူ့လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်လာခဲ့ကာ သူ့မျက်နှာလေးကိုပါမော့ကြည့်လာလေသည်။

"" ကိုယ်ဒါလေးကို Christmasနေ့ညကတည်းကပေးချင်ခဲ့တာ...အကြောင်းအမျိုးမျိုးကြောင့်အခုမှပဲပေးဖြစ်တော့တယ် .. သဘောကျရဲ့လား? ""

ခေါင်းအသာညိမ့်ပြလိုက်တော့.. ကိုကိုက သူ့ပါးလေးတစ်ဖက်ကို ခပ်ဖွဖွဆွဲဖျစ်ရင်း ဆက်ပြောလာပါသည်။

"" တစ်ကမ္ဘာလုံးမှာတစ်ထည်ပဲရှိတာလေးကိုသဘောကျပေးတဲ့အတွက်ကျေးဇူးပါပဲကလေးလေး ""

ပထမတော့ ယူဂျင်း ကိုကိုဘာကိုဆိုလိုချင်မှန်းမသိဘဲဇဝေဇဝါဖြစ်သွားခဲ့သည်။

တစ်ကမ္ဘာလုံးမှာတစ်ထည်ပဲရှိတာဆိုတော့
limited editionတွေဘာတွေများလား?

သို့ရာတွင် ရိုးရှင်းလှသည့် သိုးမွေးချည်လေးကိုသာသုံးထားပြီး ဘာဒီဇိုင်းဆန်းဆန်းမှကွန့်ထားခြင်းမရှိတဲ့ မာဖလာလေးကိုငုံကြည့်ရင်း ယူဂျင်းခေါင်းထဲ အတွေးတစ်ခုဝင်လာခဲ့တော့သည်။

ကိုကိုကိုယ်တိုင်ထိုးပေးထားတာများလား??

သူအဲ့လိုအတွေးများနေချိန်တွင် ကိုကိုက စားပွဲပေါ်မှာတင်ထားသည့်ခွက်ကလေးအားလှမ်းယူလို့ သူ့လက်ထဲထည့်ပေးလာပါသည်။

"" ပူတုန်းလေးသောက်လောက် နွေးသွားအောင် ""

marshmallow လေးတွေပါဝင်တဲ့ hot chocolate ခွက်လေးကိုကြည့်ရင်း ရုတ်တရက်ဆိုသလို ယူဂျင်းရင်ထဲ ခံစားချက်ပေါင်းစုံတို့ဖြင့် ပြည့်ကြပ်လာတော့သည်။

  ' ဆောင်းတွင်းမနက်တွေနဲ့အလိုက်ဖက်ဆုံးက marshmallowလေးတွေပါတဲ့ hot chocolate 'လို့ ဟိုးအရင် သူတို့စပြီးရင်းနှီးခါစအချိန်တုန်းက သူ ကိုကို့ကို ပြောပြဖူးထားသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင်.... ကိုကိုကမှတ်မိနေခဲ့သည်။

"" သောက်လေယူဂျင်းနီး.. မင်းကြိုက်မှန်းသိလို့ ကိုယ်သေချာဖျော်ပေးထားတာ ""

တစ်ကျိုက်ပြီးတစ်ကျိုက်သူမော့သောက်လိုက်တော့ ကိုကို့နှုတ်ခမ်းတွေပြုံးလာခဲ့သည်မှာ သူတစ်ခွက်လုံးကုန်အောင်သောက်ပြီးတဲ့အထိဖြစ်သည်။

"" အရသာရှိရဲ့လား ""

"" အွန်း ""

"" ခန္ဓာကိုယ်ရောဘယ်လိုနေလဲ
နွေးသွားပြီလား ""

"" အင်း နွေးသွားပြီ ""

"" တော်သေးတာပေါ့ ""

သူ့နှုတ်ခမ်းထက်ပေလို့နေသည့် ချောကလက်အနှစ်တွေကိုသုတ်ပေးရင်း ကိုကိုပြောဆက်လာခဲ့သည်။

"" ဒါဆိုကိုယ်တို့ဆွေးနွေးလို့ရပြီပေါ့နော်
ခုနကဘာလို့နိုးနိုးချင်းအိမ်ပြန်ချင်တယ်လို့ပြောရတာလဲ ကိုယ်အမှားလုပ်မိထားတာရှိလား ဒါမှမဟုတ် ကိုယ့်အိမ်မှာနေရတာအဆင်မပြေလို့လား ""

လေပြည်လေးဖြင့်တစ်ခွန်းချင်းပြောနေပုံမှာ မနက်ကစိတ်လိုက်မာန်ပါလုပ်ခဲ့မိသည့် သူ့လုပ်ရပ်အတွက် နည်းနည်းလေးတောင်အပြစ်မမြင်ကြောင်းပြလို့နေပါသည်။

အဲ့ဒါကပဲ ယူဂျင်းကို ဝမ်းနည်းစေကာ မျက်စိတစ်မှိတ်စာအချိန်ခဏလေးအတွင်းမှာတင် သူ့မျက်လုံးအိမ်တစ်ခုလုံး မျက်ရည်ကြည်တို့ဖြင့် ပြည့်လျှံလာခဲ့တော့သည်။

"" ဟာ ယူဂျင်းနီး...
ငိုနေတာလား ဘာလို့ငိုတာလဲ ""

သူ့မျက်ရည်တွေကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပျာယာခတ်သွားသည့် ကိုကို့မျက်နှာအနေအထား၊ အမူအရာ၊ အသံနေအသံထား တစ်ခုချင်းစီကို ယူဂျင်းအကဲခတ်လိုက်သည်။

ရပြီ ဒီလောက်ဆို။

ကိုကိုသူ့ကိုဘယ်လောက်ထိချစ်လဲဆိုတာကို ဒီလောက်နဲ့တင် သူအပြည့်အဝခံစားလို့ရသည်။

မှန်သောစကားပြောရရင် ဟိုးငယ်ငယ်လေးကတည်းကစလို့ အခုချိန်အထိ သူမျက်ရည်ကျရင် ကမ္ဘာပျက်သလိုပျာယာခတ်တဲ့သူဆိုလို့ ကိုကိုတစ်ယောက်သာရှိပါသည်။

အဲ့လောက်ထိချစ်ပေးတာကိုတောင်
သူ့ဘက်ကဘာတွေလျှောက်တွေးခဲ့မိတာလဲ....

"" ကျွန်တော်ကတော်တော်ဆိုးတာပဲကိုကိုရယ် ""

ထိန်းမထားနိုင်တော့တဲ့အဆုံး မျက်ရည်တွေကိုလွှတ်ချပေးမိရာ.. သိပ်မကြာခင်မှာပဲ သူ့ကိုယ်လေးမှာ ကိုကို့ရဲ့ထွေးပွေ့မှုကိုခံလိုက်ရတော့သည်။

နွေးထွေးလှသည့်ကိုကို့ရင်ခွင်ထဲတိုးဝင်လို့
တင်းကြပ်စွာပွေ့ဖက်ထားသည့်ကိုကို့လက်တွေအောက်အလိုက်တသင့်ခိုဝင်မိစဉ်... နဖူးထက် ရောက်ရှိလို့လာသည့် ကိုကို့အနမ်းလေး၏ အထိအတွေ့အားနူးညံ့စွာခံစားလိုက်ရသည်။

အရှက်သည်းစွာဖြင့် မျက်ရည်တွေကြားမှ မဝံ့မရဲမော့ကြည့်မိတော့.. နောက်တစ်ချက်ထပ်နမ်းလိုက်ပြန်တဲ့ ကိုကို့ကြောင့် အစကငိုမဲ့မဲ့လေးဖြစ်နေတဲ့
သူ့နှုတ်ခမ်းလေးမှာလည်း ကိုကိုနမ်းတာခံရပြီးစက္ကန့်ပိုင်းအတွင်းမှာတင် ပြုံးယောင်သန်းလာခဲ့တော့သည်။

"" ကလေးလေးဘယ်လောက်ဆိုးဆိုး ကိုယ်ကချစ်တယ်လေ ဘာငိုစရာပါလို့လဲ ""

"" ဝမ်းနည်းသွားလို့ ""

"" ဘာကိုဝမ်းနည်းသွားတာလဲ ကိုယ့်ကိုပြောပါဦး ""

"" ကိုကိုကျွန်တော့်ကိုဒီလောက်ချစ်တာကို ပေါက်ကရတွေတွေးနေမိလို့လေ.. တကယ်တော့မနက်က ကိုကိုကျွန်တော်နဲ့တစ်ခန်းတည်းတူတူမအိပ်တာကိုသတိထားမိသွားပြီး ကိုကိုကျွန်တော့်ကိုစိတ်ကုန်နေပြီလို့ထင်သွားတာ ""

သူ့နောက်ဆုံးစကားကြောင့်လားတော့မသိ၊ ကိုကို့မျက်နှာလေး ပြုံးနေရာမှတည်သွားပြီး ... ခဏကြာတော့မှ ပြန်ပြုံးလာခဲ့ကာ သူ့ဆံပင်လေးတွေကိုဆွဲဖွလို့... လေးလေးနက်နက် ပြောလာလေသည်။

"" စိတ်ကုန်တယ်တဲ့လား ... ကိုယ့်အတွက်အဲ့လိုအခြေအနေလုံးဝရှိလာမှာမဟုတ်လို့ အဲ့အတွေးကိုဘယ်တော့မှထပ်မတွေးပါနဲ့လားယူဂျင်း ကိုယ်သိပ်သဘောမကျဘူး ""

"" ကိုကို‌သဘောမကျရင်
ကျွန်တော်ထပ်မတွေးတော့ဘူး ""

"" အင်း လိမ္မာတယ် မနေ့ညကအတူတူမအိပ်ခဲ့တာက တခြားကြောင့်မဟုတ်ပါဘူး ကိုယ့်ကုတင်ကကိုယ်တစ်ယောက်နဲ့တင်ပြည့်နေပြီမလို့လေ အတူတူအိပ်တဲ့အခါ ယူဂျင်းနီးလွတ်လွတ်လပ်လပ်အိပ်လို့မရမှာစိုးလို့ တစ်ခန်းစီအိပ်ခဲ့တာပါ.. အထင်လွဲစေခဲ့မိတဲ့အတွက်ကိုယ့်ကိုခွင့်လွှတ်နော် ""

"" မဟုတ်တာ သေချာမေးမကြည့်ဘဲနဲ့အထင်လွဲပြီးကိုယ့်စိတ်ကိုပဲရှေ့တန်းတင်ခဲ့တဲ့ကျွန်တော့်ကိုသာကိုကိုကခွင့်လွှတ်ရမှာ တောင်းပန်ပါတယ်ကိုကို ""

"" ဒါကဘယ်သူမဆိုအထင်လွဲနိုင်တာပဲလေ ကိုယ်နားလည်ပါတယ် ခွင့်လည်းခွင့်လွှတ်တာမလို့ စိတ်မကောင်းမဖြစ်နဲ့တော့နော်ကလေးလေး ""

"" ကျွန်တော်ဘယ်လိုလုပ်ရမလဲ ""

"" ဟင် ဘာကိုပြောတာလဲ ""

"" ကျွန်တော်အခု ကိုကို့ကိုချစ်လွန်းလို့ ရူးတော့မယ်ထင်တယ် ""

"" ဟား ဒါဆို ကိုယ်အဲ့ဒီအရူးလေးကိုတစ်ဘဝလုံးစာတာဝန်ယူပါ့မယ် ""

____________________________________

' တစ်ဘဝလုံးစာ ' တဲ့။

ကိုကို့ဘက်က သူနဲ့ပတ်သက်ရင်အဲ့လောက်ထိသေချာနေခဲ့သလို သူ့ဘက်ကလည်း ကိုကိုနဲ့သာဆိုအရာအားလုံးကိုရင်ဆိုင်ရဲတဲ့သတ္တိတွေရှိနေခဲ့တဲ့အချိန်ပေါ့။

သိပ်ကို ကြည်နူးခဲ့ရပါတယ်။

____________________________________

- @김규빈 မနက်ဖြန် staff party ကိုလာဖြစ်အောင်လာနော် Chef -

- ခွင့်လည်းယူထားတာကို မလာဘဲမနေနဲ့နော် ကျွန်တော်တို့စောင့်နေမှာ အစ်မဆူအာရောပဲ -

- @수아 အစ်မရေ ခေါ်ပေးပါဦး ကျွန်တော်တို့လူပျိုကြီးကို -

- လာခဲ့နော် ဂယူဗင်း ငါတို့စောင့်နေမယ် -

group chat ထဲက message တွေကိုဖတ်ရင်း ယူဂျင်းမျက်နှာလေးမှုန်ကုပ်လာသလို စိတ်ထဲလည်းမကျေမနပ်ဖြစ်လာသည်။

ဘာလို့လူတိုင်းက ကိုကိုနဲ့ Chefဆူအာကိုအမြဲလိုက်စ,နေရတာလဲ! Chefဆူအာကရော ဘာလို့အသာတကြည်လက်ခံနိုင်ရတာလဲ! တကယ်ဆိုသူမဘက်ကဟန့်သင့်တာမဟုတ်ဘူးလား!!

ဖုန်းကြည့်‌နေရာမှ ရုတ်တရက် ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်သည့်ယူဂျင်းကြောင့် ဗီရိုရှေ့မှဂယူဗင်း အင်္ကျီဝတ်နေရာကနေ ဖြတ်ခနဲလှည့်ကြည့်လိုက်မိသည်။

နှုတ်ခမ်းလေးစူပြီး မျက်မှောင်လေးကျုံ့ထားပုံအရ ယူဂျင်း တစ်ခုခုကိုအလိုမကျဖြစ်နေမှန်း သူတန်းသိလိုက်သည်။

ထို့ကြောင့် ဂယူဗင်း ဝတ်လက်စအင်္ကျီကိုခပ်သွက်သွက်ဝတ်ပြီးသည်နှင့် ယူဂျင်းဘေးဝင်ထိုင်ကာ ချော့မေးလိုက်တော့သည်။

"" ဘာဖြစ်လို့လဲ ယူဂျင်းနီး ""

"" ဘာမှမဖြစ်ပါဘူး .. ကိုကိုရေချိုးတာကလည်းမြန်လိုက်တာ ဆပ်ပြာရောတိုက်ခဲ့ရဲ့လား မှန်းစမ်း ""

ခုနကမှုန်ကုပ်နေတာ သူမဟုတ်သည့်အတိုင်း ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ရင်ခွင်ထဲတိုးဝင်လာသည့်အကောင်ပေါက်လေးအား ဂယူဗင်းအလိုက်တသင့်ပြန်ဖက်ထားလိုက်ပေမဲ့ သူ့အတွေးတွေကတော့ဗျာများနေရသည်။

"" မွှေးသားပဲ
ဒါဆိုဆပ်ပြာတိုက်ခဲ့တာပေါ့ ""

ပုံစံအရတော့ တမင်စကားလမ်းကြောင်းလွှဲပစ်လိုက်တာ အသိသာကြီးမလို့ ဂယူဗင်းခမျာ စိတ်မအေးနိုင်ပေ။

ထို့ကြောင့် ဂယူဗင်း အများကြီးဆက်တွေးမနေတော့ဘဲ သူ့ရင်ခွင်ထက်ပါးလေးအပ်ထားသည့် ကောင်လေး၏မျက်နှာလေးအားဆွဲမော့လို့ တဖန်ထပ်၍ မေးလိုက်သည်။

"" ဘာမှမဖြစ်တာသေချာလား ယူဂျင်းနီး
ကိုယ့်ကိုအမှန်အတိုင်းဖြေပေး ""

ထိုအခါမှ ပြုံးနေသည့် ယူဂျင်းမျက်နှာလေးမှာ တဖြည်းဖြည်းတည်သွားခဲ့ပြီး မျက်လွှာလေးအသာချလို့ ဖြေလာလေသည်။

"" group chat ထဲမှာ ကိုကို့ကို staff party လာဖို့ခေါ်နေကြတာ Chefဆူအာ‌ကို mentionပြီးလည်းခေါ်ခိုင်းထားသေးတယ် Chefဆူအာကလည်းသူတို့ပြောတာနဲ့ကိုကို့ကိုလာခဲ့ဆိုပြီးခေါ်နေတယ် ""

"" ဟုတ်လား... ဒါဆို ခဏစောင့် ""

‌စကားဆုံးသည်နှင့်ဂယူဗင်း ယူဂျင်းနဖူးလေးကိုငုံ့နမ်းလိုက်ကာ စားပွဲပေါ်ကသူ့ဖုန်းကိုလှမ်းယူလိုက်သည်။ ထို့နောက် group chat သို့ဝင်ကာ စာများအားဖတ်ပြီးသည်နှင့် ခပ်သွက်သွက်စာပြန်လိုက်တော့သည်။

- ငါမနက်ဖြန်မအားလို့မလာတော့ဘူး မင်းတို့ဘာသာပဲပျော်ခဲ့ကြ -

- ဆူအာနဲ့ငါ့ကိုလည်းတော်ရုံပဲစ,ကြရင်ကောင်းမယ် ငါတို့နှစ်ယောက်ကရင်းနှီးလာတာကြာပြီဆို‌ပေမဲ့လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးထက်ဘာမှမပိုဘူး အဲ့ဒါကြောင့် မိန်းကလေးဖြစ်တဲ့ဆူအာ့ဘက်ကိုငဲ့ပြီးတော့ပဲဖြစ်ဖြစ် ရပ်ပေးကြဖို့မျှော်လင့်တယ် -

"" ကိုကို ဘာလုပ်နေတာလဲ ""

"" ကိုယ်စာပြန်နေတာ ""

"" မဟုတ်မှ... group chatကစာတွေကိုလား? ""

"" အင့်.. ကြည့်ကြည့်လိုက် ""

လက်ထဲထည့်ပေးလိုက်သည့် ဖုန်းကိုယူကာ စောစောကမှ group chatထဲသူပို့လိုက်တဲ့စာတွေကိုဖတ်ရင်း တဖြည်းဖြည်းဝိုင်းစက်လာသည့်မျက်လုံးလေးတွေကို ဂယူဗင်း တစိမ့်စိမ့်ထိုင်ငေးနေလိုက်ရာ... ခဏအကြာတွင် ထိုမျက်လုံးဝိုင်းလေးတွေ၏ ဦးတည်ရာမှာ သူဖြစ်လာခဲ့သည်။

"" ကိုကိုအဲ့လိုကြီးပြောပစ်လိုက်လို့ကောင်းပါ့မလား ""

"" ကိုယ်ကအဲ့ဒါတွေအထိလိုက်တွေးနိုင်ပါ့မလား... မင်းအတွက်စိတ်မချမ်းသာစရာတစ်ခုလိုဖြစ်နေတာကိုသိလျက်နဲ့လေ? ""

"" ကိုကို့ကိုသူများတွေတစ်မျိုးထင်ကုန်ကြရင်ဘယ်လိုလုပ်မလဲ? မိန်းကလေးဘက်ကမဟုတ်ဘဲယောက်ျားလေးဘက်ကဒီလိုပြောတာဆိုတော့လေ.. နောက်ပြီး.. Chefဆူအာလိုလူကိုတောင်ခါးခါးသီးသီးဖြစ်ပြနေတယ်ဘာညာ.. အဲ့လိုမျိုးတွေပြောကြရင်ရော? ""

"" ကိစ္စမရှိဘူး
ကိုယ့်အတွက်ကမင်းအဆင်ပြေရင်ရပြီ
မင်းမျက်နှာလေးမညှိုးရင်ရပြီယူဂျင်း
ကျန်တာဘာမှမလိုအပ်ဘူး ""

သူ့စကားဆုံးသည်နှင့် သူ့ရင်ခွင်ထဲတဖန်ပြန်လည်တိုးဝင်လာသည့်ယူဂျင်းအား ဂယူဗင်းပထမတစ်ကြိမ်ကထက်ပို၍တင်းကြပ်စွာဖက်ထားဖြစ်သည်။

"" ဒါဆို ကိုကိုမနက်ဖြန် staff partyကိုတကယ်မသွားတော့ဘူးလား? ဘာလို့မသွားတာလဲ ကျွန်တော့်ကြောင့်လား? ကိုကိုသွားချင်ရင်သွားနော် ကျွန်တော်ကအဲ့ဒါတွေအထိလိုက်ကန့်သတ်ချုပ်ချယ်နေမှာမဟုတ်ဘူး ""

"" အင်း ကိုယ်တကယ်မသွားတာ မသွားချင်လို့.. ဒီ၃ရက်မှာ ကိုယ့်အချိန်အားလုံးကိုမင်းအတွက်ပဲသုံးချင်လို့ ""

"" ဘယ်သူက၃ရက်လုံးနေမယ်ပြောလို့လဲ
ကျွန်တော်သန်ဘက်ခါအိမ်ပြန်မှာပါနော် ""

"" ဟင် တကယ်? ""

"" အင်း ဒါပေမဲ့ ညနေမှပြန်မှာ ""

"" ဒီနေ့လို နိုးတာနဲ့အိမ်ပြန်မယ်မလုပ်ရင်ရပြီ ""

"" အာ... အဲ့ဒါက ဒီအတိုင်း အမှားလုပ်မိတာကို ""

"" အင်းပါ အင်းပါ ကိုယ်ကစ,တာ ""

"" ကျွန်တော်တို့ဒီညရောသက်သက်စီအိပ်ကြဦးမှာလား? ""

"" ကိုယ်လည်းအဲ့ဒါမေးမလို့ ယူဂျင်းနီးဘယ်လိုလုပ်ချင်လဲ ကိုယ့်ကုတင်ကတော့မြင်တဲ့အတိုင်း... ကျဉ်းတယ် ""

သူ့လက်ညွှန်ပြရာဖြစ်သည့် ကုတင်ဘက်ကို လှမ်းကြည့်ရင်း ယူဂျင်းမျက်နှာလေးတစ်ချက်ရှုံ့သွားသည်။ တကယ့်ကို အသည်းယားစရာလေးမလို့
ဂယူဗင်းမှာဖက်နမ်းပစ်ချင်စိတ်ကိုထိန်းလိုက်ရသည်။

"" ဘယ်နှစ်နှစ် ဘယ်နှစ်မိုးသုံးလာတဲ့ကုတင်ကြီးမလို့ အဲ့လောက်ကျဉ်းမြောင်းနေရတာလဲကိုကိုရာ ""

ယူဂျင်းရဲ့ မကျေမနပ်မေးခွန်းအဆုံး ဂယူဗင်း သဘောတကျထရယ်မိကာ ပြန်ဖြေလိုက်သည်။

"" ဟားး အဲ့လောက်ကြာနေပြီမှန်းဘယ်လိုသိတာလဲ အဲ့ကုတင်ကကိုယ်အထက်တန်းကတည်းကသုံးလာတာလေ ""

"" ထင်သားပဲ ""

"" ဘာလို့လဲမသိပေမဲ့ အဲ့ကုတင်ပေါ်မှာအိပ်ရတဲ့အရသာက တခြားနေရာတွေမှာအိပ်ရတာနဲ့လုံးဝကိုမတူဘူး ကိုယ့်အတွက်အရမ်းသက်တောင့်သက်သာဖြစ်တယ်လို့ခံစားရလို့ဆက်တိုက်သုံးလာခဲ့တာ ဒါပေမဲ့အခုတော့အသစ်လဲရတော့မယ်ထင်ပါတယ် ""

"" လဲမယ်ဆိုမြန်မြန်လဲ မဟုတ်ရင်ကျွန်တော်ကိုကို့အိမ်ထပ်မလာတော့ဘဲနေလိုက်မှာ ""

"" ဒါဆိုမနက်ဖြန်မနက်စောစောကုန်တိုက်သွားရင်းလဲလိုက်မယ် ""

"" ကျွန်တော့်ပါခေါ် ""

"" ဖြစ်ပါ့မလား ယူဂျင်းနီးရဲ့အခုအခြေအနေကပြည့်ပြည့်ဝဝအနားယူရမှာလေ အိမ်မှာပဲနားနေပါ ""

"" ကျွန်တော်ဘာမှမဖြစ်ပါဘူး မနက်ကကိုကိုချက်ကျွေးတာတွေစားပြီးတော်တော်လေးအားပြည့်နေပြီ မစိုးရိမ်နဲ့ ကျွန်တော်ပါလိုက်ခဲ့မယ် ""

"" ဒါဆိုလည်းသဘောပါဗျာ ဒီညတော့ကိုယ်တို့ကြမ်းပြင်ပေါ်မှာပဲမွေ့ရာခင်းပြီးအတူတူအိပ်ကြမလား ""

"" အကြံကောင်းပဲ! အဲ့လိုလုပ်ရအောင် ""

____________________🍪

ကျောဘက်ဆီမှနွေးထွေးမှုပျောက်ဆုံးသွားသည်အားခံစားမိလိုက်သည်နှင့်တပြိုင်နက် ယူဂျင်းမျက်လုံးတွေလည်းအလိုလိုပွင့်လာခဲ့သည်။

အိပ်ချင်မူးတူးဖြင့် အနောက်ဘက်ကိုစမ်းကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ကိုကို နေရာမှာရှိမနေတော့ပေ။

အစောကြီးရှိသေးတာကို
ဘယ်ရောက်သွားတာပါလိမ့်?
မဟုတ်မှ ငါ့ကိုထားခဲ့ပြီးကုန်တိုက်သွားတာလား??

ထိုသို့တွေးလိုက်မိသည်နှင့် ယူဂျင်းမျက်လုံးတွေကျယ်လာခဲ့ကာ ချက်ချင်းဆိုသလို နိုးနိုးကြားကြားရှိလာလေသည်။

"" ကိုကို! ""

အခန်းအပြင်ထွက်ပြီးအကျယ်ကြီးအော်ခေါ်လိုက်တော့ အနောက်ဘက် kitchen room မှ apron ဝတ်လျက်ဖြင့်ကိုကိုပြေးထွက်လာသည်အား မြင်လိုက်ရတော့သည်။

"" ယူဂျင်းနီး ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော ""

သူ့ပခုံးလေးနှစ်ဖက်အားခပ်ဖွဖွဆုပ်ကိုင်လို့တယုတယမေးလာသည့်ကိုကို။

စိုးရိမ်မှုတွေအထင်းသားပေါ်လွင်လို့နေတဲ့ကိုကို့မျက်နှာ‌အမူအရာကြောင့် ယူဂျင်းစိတ်ထဲကြည်နူးနွေးထွေးသွားရသလို တဆက်တည်းမှာပဲ အပြစ်ရှိသလိုပါခံစားမိလာသည်။

အမှန်ဆို သူခုနက အကျယ်ကြီးအော်မခေါ်လိုက်သင့်ဘူး။

"" ဘာမှမဖြစ်ပါဘူး ကျွန်တော်နိုးလာတော့ကိုကို့ကိုမတွေ့တာနဲ့ကိုကိုကျွန်တော့်ကိုအိမ်မှာတစ်ယောက်တည်းထားခဲ့ပြီထင်သွားလို့ ""

သူ့စကားဆုံးတော့မှ ကိုကို စိတ်အေးသွားသလို သက်ပြင်းတစ်ချက်ချကာ ပြုံးလာပါရင်း သူ့ဆံပင်လေးတွေကိုချစ်စနိုးလေးဆွဲဖွလို့ ပြောလာခဲ့သည်။

"" ဘာမှမဖြစ်လို့တော်သေးတာပေါ့..ကိုယ်ကမင်းကိုထားခဲ့ပြီးဘယ်ကိုသွားရမှာလဲအရူးလေးရဲ့ ""

"" မသိဘူးလေ ကိုကိုပဲမနေ့ကမနက်စောစောကုန်တိုက်သွားမယ်လို့ပြောခဲ့တာ‌မလား ""

"" ဒါပေမဲ့နောက်ဆုံးကျအတူတူသွားဖို့လုပ်ခဲ့တယ်မဟုတ်ဘူးလား ""

"" မသိဘူး သွား မမှတ်မိတော့ဘူး ဒါနဲ့ကိုကိုအခုဘာလုပ်နေတာလဲ မနက်စာပြင်နေတာလား ""

"" ဟုတ်တယ် မင်းကြိုက်တာတွေချည်းပြင်ထားတာ ""

"" ဒါဆိုကျွန်တော်ဆေးကြောပြီးလာခဲ့မယ် ခဏစောင့် ""

"" ကောင်းပါပြီဗျာ ""

____________________🥞

"" အသားများများစား ""

ဂယူဗင်း အသားဖက်သုံးခုလောက်ကိုညှပ်ပြီး ပန်းကန်ထဲထည့်ပေးလိုက်တော့ငုံ့စားနေတဲ့ကလေးလေးက ပလုတ်ပလောင်းဖြင့်ပြောလာလေသည်။

"" ကိုကိုလည်းစားဦးလေဗျာ
ကျွန်တော့်ပန်းကန်ထဲအသားတွေနဲ့ပြည့်နေပြီ ""

"" ကိုယ်လည်းစားပါတယ် များများစားနော် ယူဂျင်းနီး ဗိုက်ဝအောင်စား အဲ့ဒါမှကုန်တိုက်ရောက်တဲ့အခါထပ်ဝယ်ကျွေးစရာမလိုတော့မှာ ""

"" အွန်း ""

ပုံမှန်ဆိုသူဒီလိုစ,လိုက်ရင် နှုတ်ခမ်းလေးချွန်ပြီး ရန်ပြန်တွေ့တတ်တဲ့ကောင်လေးက အခုတော့ ဘာမှပြန်မပြောဘဲအသာတကြည်ခေါင်းညိမ့်လက်ခံလိုက်တာကြောင့် ဂယူဗင်းစိတ်ထဲတစ်ခုခုကမူမမှန်သလိုခံစားလိုက်ရသည်။

"" ကိုယ်ကဒီအတိုင်းစ,လိုက်တာနော် ယူဂျင်းနီး ဟိုရောက်လို့ မင်းစားချင်တာတွေ့ရင်ပြော ကိုယ်အားလုံးဝယ်ကျွေးမယ် ""

"" သိပါပြီ ""

ဒီလေထုကဘာပါလိမ့်?
ယူဂျင်း တစ်ခုခုဖြစ်နေတာများလား??
အခုမှ သေချာသတိထားကြည့်လိုက်တော့ ယူဂျင်းမျက်နှာလေးမနက်ကလောက်မလန်းတော့သလိုပဲ...

ထိုကဲ့သို့ ဂယူဗင်းအတွေးများနေစဉ်မှာပဲ
ယူဂျင်းဘက်ကစကားပြန်စ,လာခဲ့သည်။

"" ကိုကိုကျွန်တော့်ကိုဒီညအိမ်ပြန်ပို့ပေးလို့ရမလား ""

"" ဒီည? ပို့ပေးလို့ကရပါတယ် ဒါနဲ့ ဘာဖြစ်လို့ ဒီညလဲယူဂျင်း မနက်ဖြန်ညနေမှပြန်ဖို့လုပ်ထားတာမဟုတ်ဘူးလား ""

"" အင်း အဲ့လိုပဲဖြစ်သွားတယ် ""

"" အကြောင်းအရင်းကို ကိုယ်မေးခွင့်ရှိမလား? ""

"" အာ အကြောင်းအရင်းက တခြားတော့မဟုတ်ပါဘူး မနက်ဖြန်ကျွန်တော့်အစ်မ Canada ကနေပြန်လာမှာလေ အဲ့ဒါဖေဖေကမိသားစုလူစုံစေချင်တယ်ဆိုလို့ ပြန်သွားပေးရမယ် ""

အသားပြားကြော်လေးအားတစ်ကိုက်ကိုက်ရင်းပြောပြလာတဲ့ ယူဂျင်းပုံစံလေးမှာပေါ့ပါးလို့နေတာကြောင့် ဂယူဗင်းလည်းရှည်ရှည်ဝေးဝေးဆက်မတွေးဖြစ်တော့ပေ။

သို့ရာတွင် သူ့စိတ်ထဲကလေးလံမှုမှာတော့ နည်းနည်းလေးမှတောင်လျော့ပါးမသွားပါချေ။

"" အဲ့ဒါကြောင့်ကိုး
ဒါဆိုပြန်ရမှာပေါ့ ကိုယ်လိုက်ပို့ပေးပါ့မယ် ""

"" ကျေးဇူး ကိုကို ""

______________________🍰

ကုန်တိုက်ရောက်တဲ့အခါ‌မှာတော့ ယူဂျင်းမျက်နှာလေးတဖန်ပြန်လည်လန်းဆန်းလာတာကြောင့် ဂယူဗင်းလည်း ထိုအခါမှသာ  ရင်ထဲလေးလံနေသမျှပေါ့ပါးသွားရပြီး စိတ်အေးသွားရသည်။

ဒါဟာ တဖြည်းဖြည်းနှင့်သိလာရသည့် သူ့စိတ်အခြေအနေအ‌ဆင်ပြေခြင်း၊မပြေခြင်းမှာ ယူဂျင်းမျက်နှာလေး ညှိုးခြင်း၊မညှိုးခြင်းနှင့်တိုက်ရိုက်သက်ဆိုင်နေကြောင်းပြလို့နေသည့်အမှန်တရားတစ်ခုသာဖြစ်လေသည်။

"" ဒီကလူကြီးမင်းတို့ ဘာအလိုရှိပါသလဲခင်ဗျ ""

"" ကုတင်ကြည့်ချင်လို့ပါ ""

"" တစ်ယောက်အိပ်လား နှစ်ယောက်အိပ်လားသိပါရစေဗျ ""

"" နှစ်ယောက်အိပ်ပါ
ကြီးပြီးကျယ်တာမျိုးထဲကပြပေးနော် ""

"" ဟုတ်ကဲ့ပါဗျ ကြည့်ရတာ မင်္ဂလာဦးဇနီးမောင်နှံအတွက်လက်ဖွဲ့မလို့ထင်တယ်နော် ""

"" အဲ့..အဲ့လိုမဟုတ်ပါဘူး ""

အရောင်းဝန်ထမ်းလေးစကားကြောင့် ရဲတက်လာသည့်နားရွက်လေးနှစ်ဖက်နှင့်အတူခေါင်းတခါခါဖြင့်ငြင်းချက်ထုတ်နေသည့်ယုန်ပေါက်လေးအား ဂယူဗင်း အနောက်ကနေအသည်းယာစွာဖြင့် ရပ်ကြည့်ရင်းသဘောတကျရယ်လိုက်မိသည်။

"" ဒါဆို... ဒီကအစ်ကိုလက်ထပ်တော့မှာပေါ့လေ သတို့သမီးလောင်းလေးရောပါမလာဘူးလားဗျ ""

"" ဗျာ.. ""

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် အူတိအူကြောင်လေးဖြစ်နေသည့်ယူဂျင်းပုံစံလေးမှာ ရူးလောက်အောင်ချစ်ဖို့ကောင်းနေသော်ငြား တကယ်အခက်တွေ့နေမှန်း ဂယူဗင်းသိလိုက်ပါသည်။

ထို့ကြောင့် သူ ချက်ချင်း မျက်နှာပိုးသတ်ပစ်လိုက်ကာ ရှေ့တိုးသွားလိုက်ပါရင်း.... ယူဂျင်းပခုံးကိုဆွဲဖက်လို့ တည်ငြိမ်စွာပြောလိုက်တော့သည်။

"" သတို့သမီးလောင်းတော့မပါဘူးဗျ
သတို့သားလောင်းဆိုရင်တော့ ကျွန်တော်ပါပါတယ် ကျွန်တော်တို့နှစ်ယောက်အတူအိပ်ဖို့အတွက်ပါ ""

သူ့စကားဆုံးသည်နှင့် အံ့ဩစွာမော့ကြည့်လို့လာသည့်ယူဂျင်းအား ဂယူဗင်း winkလေးတစ်ခုနှင့်အတူလှစ်ခနဲပြုံးပြလိုက်သည်။

အရောင်းဝန်ထမ်းလေးမှာတော့ စစချင်းကြောင်အ,သွားရာမှ တစ်ခုခုကိုသဘောပေါက်သွားဟန်ဖြင့် ဘာမေးခွန်းမှဆက်မမေးတော့ဘဲ နှစ်ယောက်အိပ်ကုတင်တွေရှိရာဆီသို့သာ လမ်းပြပေးလေသည်။

"" ကိုကို ဘယ်ဟာပိုသဘောကျလဲ ကျွန်တော်ကတော့ဈေးလည်းသင့်တဲ့ဒီဘက်ကတစ်ခု ""

အမှန်တော့ ယူဂျင်း ညာဘက်ကဟာကိုပိုသဘောကျမှန်းဂယူဗင်းသိပါသည်။ ဈေးကိုမြင်ပြီး ရှုံ့မဲ့သွားတဲ့မျက်နှာလေးကိုပါ သူမြင်ဖြစ်အောင်မြင်လိုက်ရသေးသည်လေ။

ထို့ကြောင့် ဂယူဗင်း၏ရွေးချယ်မှုမှာ....

"" ကျွန်တော်ဟိုဟာယူမယ်နော် ""

"" !!! ""

"" သေချာဆုံးဖြတ်လိုက်တာပဲလူကြီးမင်း ""

"" နေ..နေပါဦး .. ကိုကို တကယ်ကြီးလား?
ကျွန်တော်ကတော့ဒီဘက်ကဟာကအများကြီးပိုအဆင်ပြေတယ်ထင်တာပဲ ပြန်စဉ်းစားပါဦး ""

"" ဟင့်အင်း ကိုယ်ကတော့ဟိုတစ်ခုပဲသဘောကျတယ် ကျွန်တော်အဲ့ဒါပဲယူမယ်နော် ""

"" ကောင်းပါပြီဗျ ""

ငွေချေပြီးလို့ဆိုင်ထဲကထွက်လာတဲ့အခါမှာတော့ ထင်ထားတဲ့အတိုင်း ယူဂျင်းသူ့ကိုပွစိပွစိစပြောတော့သည်။

"" ဘာလို့အဲ့ဒါကြီးဝယ်လိုက်ရတာလဲ
ကျွန်တော့်အထင်ဈေးအရမ်းများလွန်းတယ်
ဟိုတစ်ခုဝယ်လည်းရရဲ့သားနဲ့ကိုကိုရာ..ကိုကို့ပိုက်ဆံလေးတွေကိုနည်းနည်းလေးတောင်မနှမြောမိဘူးလား ""

"" မင်းနဲ့အတူတူသက်တောင့်သက်သာအိပ်ရမှာကိုတွေးလိုက်မိရုံနဲ့ကိုယ်ဘာကိုမှမနှမြောတော့ဘူး ""

"" အာ... တကယ်ပါပဲ
ကိုကိုအဲ့လိုပြောလာတော့ ကျွန်တော်ကဘယ်လိုစိတ်နဲ့ဆက်ကန့်ကွက်နိုင်တော့မှာလဲ ""

"" ဒါဆိုမကန့်ကွက်တော့ဘဲတော်တယ်လို့ချီးကျူးပေးလေ ""

"" အိုက်ဂူး တော်လိုက်တာ အရမ်းကိုတော်တယ် ကောင်းကောင်းဝယ်ခဲ့တာပဲ တော်လိုက်တဲ့ငါတို့ဂယူဗင်းနီး ""

"" ရွဲ့နေတာလား ""

"" မရွဲ့ပါဘူး အတည်ချီးကျူးပေးလိုက်တာပါစိတ်ရင်းနဲ့ ""

"" မဟုတ်ပါဘူး ရွဲ့နေသလိုကြီးပါ ""

"" မရွဲ့ပါ‌ဘူး ဂယူဗင်းနီးရယ် ""

"" ဂယူဗင်းနီး? ""

"" ဘာလို့လဲ ဂယူဗင်းနီး
ဂယူဗင်းနီးက ဂယူဗင်းနီးမဟုတ်လို့လား ""

"" ထပ်ခေါ်ရင်ကိုယ်မင်းကိုဖက်နမ်းပစ်လိုက်တော့မှာနော် ""

ရုပ်တည်ဖြင့်ပြောလိုက်သည့်သူ့စကားအဆုံး ပြောင်စပ်စပ်ယူဂျင်းမျက်နှာလေးမှာလည်း ချက်ချင်းလက်ငင်းတည်သွားခဲ့ပြီး ခဏအကြာမှာတော့ သူ့ရင်ဘတ်တည့်တည့်ကျရောက်လို့လာသည့် လက်သီးဆုပ်လေး၏ထိုးနှက်ချက်ကြောင့်
ဂယူဗင်းမှာအင့်ခနဲပင်။

"" နေခဲ့လိုက်တော့ အဘိုးအိုကြီး ""

ရဲတွတ်နေတဲ့နားရွက်လေးတွေအရ ယူဂျင်းသူ့ကိုစိတ်ဆိုးသွားတာမဟုတ်ဘဲ ရှက်ပြီးထွက်ပြေးသွားမှန်းသိလိုက်ရတာကြောင့် ဂယူဗင်းခပ်ဟဟရယ်လျက်ဖြင့် အနောက်ကလိုက်ရတော့သည်။

"" ဟိတ် ဟိုရှေ့ကနားရွက်နီနဲ့ယုန်ပေါက်လေး
ကိုယ့်ကိုစောင့်ပါဦး အတူတူသွားမယ်လေ ""

____________________ 🧀

ဒီနေ့ကျမှ ပြောရဲဆိုရဲ၊လက်ရဲဇက်ရဲဖြစ်နေသည့် ကိုကို့ကြောင့် ယူဂျင်းမှာခဏခဏအရှက်သည်းနေရသည်။

အခုလည်းကြည့်! ကုတင်ဝယ်ပြီးတာနဲ့တင် ရပ်မသွားဘဲ သွားပွတ်တံဆင်တူ၊ညအိပ်ဝတ်စုံဆင်တူ၊အိမ်တွင်းစီးဖိနပ်ဆင်တူတွေပါထပ်ရွေးနေပြန်သည်။

"" ဒီယုန်ပုံစံလေးကြိုက်လား ""

ယုန်ခေါင်းလေးနှင့်ဖိနပ်လေးကိုထောင်ပြရင်း မေးလာတဲ့ကိုကို့ကို ယူဂျင်းမျက်မှောင်ကျုံ့ကြည့်ပစ်လိုက်သည်။

"" ကိုကိုဘာတွေလုပ်နေတာလဲ ""

"" ဘာလုပ်ရမှာလဲ ဝယ်မလို့ရွေးနေတာပေါ့ ""

"" ဘာလုပ်ဖို့ဝယ်မှာလဲ ""

"" ကိုယ်တို့သုံးဖို့လေ ""

"" ဒါပေမဲ့ သွားပွတ်တံကအစဝယ်တာကြီးကျ မသိရင်ကျွန်တော်တို့ကမကြာခင်လက်ထပ်တော့မယ့်သူတွေလိုပဲ ""

"" ယူဂျင်းနီးက လက်ထပ်ချင်လို့လား ""

ထောက်မေးလိုက်သည့်ကိုကို့မေးခွန်းကြောင့် ယူဂျင်းမှာ အကြပ်ရိုက်သွားရပြီး စက္ကန့်ပိုင်းလောက် တုံ့ပြန်မှုမဲ့သွားရသည်။

"" ..... ""

"" ကိုယ်ကတော့ လုပ်ချင်တယ်
လက်ထပ်တာကို.. မင်းနဲ့ပဲ ""

ဆက်ပြောလာသည့်ကိုကို့စကားအဆုံး ယူဂျင်းပါးလေးနှစ်ဖက်ရဲတက်လာခဲ့ပြီး ရင်ထဲကလာသည့်စိတ်ရင်းအမှန်ဖြစ်ကြောင်းပြလို့နေပါတဲ့ ကိုကို့မျက်လုံးတွေကိုပါစေ့စေ့မကြည့်ရဲတော့ဘဲ အကြည့်လွှဲလိုက်မိသည်။

"" ကိုကိုဒီနေ့ဘယ်လိုဖြစ်နေတာလဲ မပြောရဲတာကိုမရှိဘူး ဆေးစားများမှားလာတာလား ""

"" မမှားပါဘူးနော်
ကိုယ်တကယ်ပြောနေတာပါ စိတ်ရင်းနဲ့ ""

သူ့ဘက်က ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်ရာ ခဏကြာတော့ ကိုကိုတစ်ချက်ပြုံးပြီး စကားလမ်းကြောင်းလွှဲသွားတော့သည်။

"" ဒါဆို ဒီယုန်လေးဝယ်လိုက်တော့မယ်နော်
ကိုယ်ကတော့ခွေးလေးယူလိုက်မယ် ""

"" သဘော သဘော ""

အစကတော့ ယူဂျင်း ကိုကို့နောက်လိုက်ရင်း ကိုကိုဝယ်တာမှန်သမျှ ' ကိုကို့သဘော ' ဆိုပြီးခေါင်းညိမ့်ခဲ့ပေမဲ့ နောက်ပိုင်းတော့ သူပါ ဈာန်ဝင်လာခဲ့ပြီး ကိုကိုနှင့်အတူတူအတွဲညီညီလိုက်ဝယ်မိတော့သည်။ 

"" အပြာလေးပဲယူပါကိုကိုရယ် အဲ့ဒါလေးကပိုလှတယ် ""

"" အိုခေပါဗျာ ""

.

.

.

"" ဒါလေးကစုံတွဲsetလိုက်ပဲရောင်းတာတဲ့
ယူဂျင်းနီးပန်းရောင်သုံးလို့အဆင်ပြေလား ""

"" ပြေတယ်ကိုကို ကိစ္စမရှိဘူး ""

"" ဒါဆိုယူဂျင်းနီးကပန်းရောင်ကိုယ်ကအပြာရောင် ""

.

.

.

"" ကိုကို ဒါလေးကိုကြည့်ဦး
ချစ်စရာမကောင်းဘူးလား ""

"" ဟုတ်ပါ့ ချစ်စရာလေး
ကိုယ်တို့တစ်ယောက်တစ်ခွက်စီယူရအောင် ""

"" အွန်း ယူမယ် ""

အဲ့လိုနှင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဆင်တူလေးတွေလိုက်ဝယ်ခဲ့ကြသည်မှာ မသိရင် မကြာခင်လက်ထပ်တော့မည့်စုံတွဲတွေအလား။

ခံစားချက်ကတော့ဖြင့်
ပျော်ရွှင်မှုအတိုင်းထက်အလွန်ပါပင်။

_____________________🍬

ဝယ်လာခဲ့သမျှပစ္စည်းတွေကိုနေရာချပြီး၊ ကုတင်ကိုပါစိတ်ကြိုက်နေရာချပြင်ဆင်ပြီးသည်နှင့် နှစ်ယောက်သားခြေကုန်လက်ပန်းကျကာအသစ်စက်စက်မွေ့ရာပေါ်ပြိုင်တူပစ်လှဲဖြစ်ကြသည်။

"" ပင်ပန်းသွားပြီလား ကလေးလေး ""

ယူဂျင်းကိုယ်လေးအားအနောက်ဘက်ကနေဆွဲဖက်ကာသူ့ရင်ခွင်ထဲဆွဲထည့်လို့ ဆံပင်လေးတွေကိုငုံ့နမ်းရင်းဂယူဗင်းမေးလိုက်တာဖြစ်သည်။

"" ခြေထောက်နည်းနည်းညောင်းရုံပါ
ပင်ပန်းတဲ့အထိတော့မဟုတ်ပါဘူး ""

"" ဒါဆိုတော်သေးတာပေါ့ ...
အခုဆိုရင်ကိုယ့်အိမ်မှာ အသုံးအဆောင်တိုင်းနီးပါးကနှစ်ခုနှစ်ခုစီရှိနေပြီမလို့ ယူဂျင်းနီးကခဏခဏလာလည်ပေးရင်ကောင်းမှာပဲ ""

"" လာလည်မှာပေါ့ကိုကိုရဲ့ ""

ခေတ္တခဏတိတ်ဆိတ်သွားပြီးနောက်....
ယူဂျင်းဘက်ကစကားပြန်စ,လာလေသည်။

"" ကျွန်တော်ဒီညကုတင်အသစ်မွေ့ရာအသစ်နဲ့အိပ်သွားချင်တာကို.. တခြားပစ္စည်းအသစ်လေးတွေကိုလည်းသုံးသွားချင်တာကို... အခုပြန်ရတော့မယ်ဆိုတော့စိတ်မကောင်းစရာပဲ ""

ယူဂျင်းစကားကြောင့် ဂယူဗင်း နာရီကိုလှမ်းကြည့်လိုက်ရာ ၆နာရီ၄၅မိနစ်ကိုညွှန်ပြလို့နေပါသည်။

"" နည်းနည်းစောပါသေးတယ်
၈နာရီလောက်မှပြန်လေ ""

"" အဲ့လိုလုပ်လိုက်ရမလား ""

"" လုပ်လိုက် ""

"" ဒါဆိုကျွန်တော်အခုခဏလောက်အိပ်လိုက်ဦးမယ် ""

ပြောပြောဆိုဆိုနှင့် ခါးပေါ်ကသူ့လက်တွေကိုဆုပ်ကိုင်လာသည့်ယူဂျင်းအား ဂယူဗင်းမူလကထက်ပို၍တင်းကြပ်စွာဖက်ထားလိုက်တော့သည်။

"" ကောင်းကောင်းအိပ် ကလေးလေး ""

____________________ 🍩

' ကျွန်တော်တို့လမ်းဆင်းလျှောက်ရအောင် ' ဆိုသည့် ယူဂျင်းစကားကြောင့် ဂယူဗင်း ကားကိုလမ်းထိပ်မှာသာရပ်ထားခဲ့ပြီး ယူဂျင်းအိမ်အထိ လမ်းဆင်းလျှောက်ဖြစ်ကြသည်။

ဆောင်းတွင်း၏အေးစက်စက်ရာသီဥတုဒဏ်ကိုအံတုရန်အလို့ငှာ ဂယူဗင်းဝတ်ဆင်ထားသည်မှာ ယူဂျင်းဝယ်ပေးထားသည့်ကုတ်အင်္ကျီအညိုရောင်လေးဖြစ်ပြီး ယူဂျင်းကလည်း သူကိုယ်တိုင်ထိုးပေးထားသည့်သိုးမွေးမာဖလာအနီရောင်လေးအားဝတ်ဆင်လို့ထားကာ ၊ တစ်ယောက်လက်ကိုတစ်ယောက် မြဲမြဲမြံမြံဆုပ်ကိုင်ထားကြသည့် သူတို့နှစ်ယောက်။ 

လူချမ်းသာရပ်ကွက်မှန်း သိသာလှစွာ မှိန်ပျပျလမ်းမီးတိုင်အောက်ရှိပတ်ဝန်းကျင်အခြေအနေမှာလည်း သူတို့နှစ်‌ယောက်၏ ခြေသံမှလွဲ၍ ဘာအသံမှမကြားရသည်အထိ တိတ်ဆိတ်လို့နေကာ.... အရာရာဟာ လှလှပပ။

"" ကိုယ်တို့ဒီထက်ပိုပြီးနှေးအောင်လျှောက်ကြမလား ""

"" အွန်း အဲ့လိုလုပ်ရအောင် ""

ခပ်နှေးနှေးလျှောက်နေကြသော်လည်း ရှေ့ဆက်တိုးနေခြင်းဖြစ်သည့်အတွက် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ယူဂျင်းအိမ်ရောက်ဖို့ ခြေတစ်လှမ်းနီးသွားသည်သာ။

"" ဟိုထောင့်ဆုံးကအိမ်ကိုတွေ့လားကိုကို ""

"" သုံးထပ်တိုက်ကြီးကိုပြောတာလား ""

"" အင်း ဟုတ်တယ် အဲ့ဒါကျွန်တော်တို့အိမ်ပဲ ""

"" ဒါဆိုရောက်ဖို့ဘယ်လောက်မှမလိုတော့ဘူးပဲ ""

"" အဲ့ဒါပြောတာပေါ့... ""

ရုတ်တရက်ဆိုသလို အခုရောက်နေသည့်နေရာမှာတင် ခြေလှမ်းတွေကိုရပ်ပစ်လိုက်သည့်ယူဂျင်းကြောင့် ဂယူဗင်းလည်းရှေ့ဆက်မလှမ်းဖြစ်တော့ဘဲ တုံ့ခနဲရပ်တန့်လိုက်မိသည်။

"" ကိုကို့ ""  (    횽    )

သူ့ကိုခေါ်ရင်း မျက်နှာချင်းဆိုင်တွင် ရပ်လာသည့်ယူဂျင်း။ ဟိုးအစကတည်းကတွဲထားတဲ့လက်ကလေးကိုတော့ လွှတ်လိုက်ခြင်းမရှိသည့်အပြင် နောက်ထပ်လက်တစ်ဖက်ကိုပါ ထပ်မံဆုပ်ကိုင်လာတာကြောင့် ဂယူဗင်းတင်းတင်းကြပ်ကြပ်ပြန်လည်ဆုပ်ကိုင်လိုက်မိကာ ခေါ်သံလေးအား ချိုသာစွာထူးရင်းတုံ့ပြန်လိုက်ပါ၏။

"" ဗျာ့ ""   (   넹   )

"" ရှိတယ်မလား... မနက်ကပြောခဲ့တဲ့စကားလေ ကိုကို့ဘက်ကစိတ်ရင်းဆိုတဲ့စကား ""

"" အင်း ဟုတ်တယ်
ကိုယ်တကယ်စိတ်ရင်းနဲ့ပြောခဲ့တာ
ဒါနဲ့ အဲ့ဒါကဘာဖြစ်လို့လဲ? ""

"" ဘာဖြစ်လို့လဲဆိုတော့....
အဲ့ဒီတော့.... ကျွန်တော်ပြောချင်တာက...ကျွန်တော်လည်းကိုကို့စိတ်နဲ့တစ်ထပ်တည်းပါလို့!! ""

ပြောပြောဆိုဆိုနှင့် ခြေဖျားလေးထောက်ကာ သူ့နှုတ်ခမ်းပေါ်ထိကပ်လို့လာသည့်ယူဂျင်းနှုတ်ခမ်းလေး၏နူးညံ့နွေးထွေးလှသည့်အထိအတွေ့အား ခံစားမိလိုက်သည်နှင့်တပြိုင်နက် တဒိတ်ဒိတ်ခုန်ပေါက်လို့လာသည့်ရင်ခုန်သံတို့နှင့်အတူ
ဂယူဗင်းကမ္ဘာကြီးတစ်လုံးရပ်တန့်သွားခဲ့ရသည်။

ကမ္ဘာပေါ်မှာ
သူရယ်ယူဂျင်းရယ်
နှစ်ယောက်တည်းသာရှိသလိုမျိုး။

____________________________________

အေးစက်စက်ရာသီဥတုရဲ့
မှိန်ပျပျလမ်းမီးတိုင်လေးအောက်က
နွေးထွေးမှုလေးတစ်ခု။

ထပ်တူကျနေတဲ့ရင်ခုန်သံတွေရယ်၊ တစ်ထပ်တည်းကျနေတဲ့ခံစားချက်တွေရယ်ကို အလှပဆုံးဖြစ်ပေါ်လာစေတဲ့ တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့မင်းနဲ့ကိုယ်။

ကံကြမ္မာကိုစိန်ခေါ်တယ်။

ဘယ်လိုအရာတွေကများ
ကိုယ်တို့နှစ်‌ယောက်ကိုခွဲနိုင်မှာတဲ့လဲ။

____________________________________

🐶To be continued🐰

A.N :: ချစ်တို့ကြည့်ရတာ အချိုများလို့ပျင်းနေကြပုံပဲနော်   အဲ့ဒါကြောင့်စိတ်လှုပ်ရှားစရာလေးတစ်ခုပြင်ဆင်ပေးတော့မယ် ခဏစောင့်✋




Continue Reading

You'll Also Like

1.4M 54K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
368K 9.7K 37
Our faces are just inches away, his breath fanning my face. And after that, he says something, says a simple sentence that makes everything in my ins...
5.8K 704 5
Kim Gyuvin once said: "" I looked at Yujinnie 58000 times ""