Untitle 🍀
By Nancy_Henituse
80.9K 3.1K 812
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ... More
After Our Divorce, I Still Wore Your Jacket
Number One Zombie Wife
Mr. Dior
백작가의 망나니가 되었다
Global University Entrance Examination
Kaleidoscope of Death
Thinking of Deer Fei Fei
Hot Retribution
Accidental Mark
외사랑 | 片思い〜報われない恋をした〜
Telling Ghost Stories At My Ex-boyfriend's Wedding
An Accident in Broad Daylight
I Just Want to Be in a Relationship
헤어짐의 방법
A President's Out-of-Body Experience
Cases of Judge Zhang
Very Happy
Outside the Law
Everyone Loves Pei JiYu
Mist
I Can Do It
My Husband is Suffering from a Terminal Illness
Your Memes Are Better Looking Than You
Sha Qing (The Last Killer)
Worship Me, I Can Make You Rich
When a Fanfic Protagonist Transmigrated into the Original Novel
The General's Vampire Omega
Mania | 열광
100 Silent Ways
I Just Crave for Your Pheromones
Sunset Boulevard
Thrive in Catastrophe
Desharow Merman
Flying Ash
Hope You've Been Well
Applaud for Happiness
이런 환생은 원치 않아
누구란 질문에 답은 없다
Yandai Xie Jie No. 10
I Rely on Kisses to Clear Survival Games
First Love Choose Me, I'm Super Sweet
배타적 연애금지구역
운우지정 | Love of Cloud and Rain
Debut or Die | 데뷔 못 하면 죽는 병 걸림
No Money to Divorce
자두사탕러브 | Plum Candy Love
이방인
Cherry Blossoms Upon a Wintry Sword
Devil Venerable Also Wants to Know
No Moral | 노 모럴
페이백 | Payback
After Marrying the Evil God
Reborn into A Slash Game
Have You Ever Met Such a Cold Author
12월
99.99%의 연인
The Missing Piece
Witch, Open Your Eyes
Four O'Clock Flower
Fantasy Farm
The Mechanic
Blank Charge
南柯一梦
遥か遠き家
New York Memoirs
모두에게 친절한 너는 왜
I Just Want to Divorce
Could You Not Tease Me?
Married Thrice to Salted Fish
I'm Really Just an Ordinary Person
In the Dark
C Language Cultivation
The Eye Of The Mind
I Ship My Adversary X Me
Murderous Lewellyn's Candlelit Dinner
Top Tier Seduction Formula
Cherish
I Became the Older Brother of the Heroine in an Abusive Nove
Falling Together
Replacing the Evil Way
349 14 0
By Nancy_Henituse
"တွေ့ဆုံမှုသာ မရှိခဲ့ရင်.. အစပြုဖို့ရာလည်း ရှိလာမှာမဟုတ်ဘူး။ အဲဒီတော့ တွေ့ဆုံနိုင်ဖို့ကို ဖန်တီးယူရမှာ။"
◯ ❍ ⬤
Title : Replacing the Evil Way | 置换凶途
Author : Cat Tea Beaver | 猫茶海狸
Chapter : 99 + 5 Extras (Completed)
𝐇𝐞 𝐖𝐞𝐢 က မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တယ်။ ဆိုတော့ သေမှုသေခင်းတွေကိုစုံစမ်းစစ်ဆေးရပြီး သူ့လက်ထဲမဖြေရှင်းနိုင်တဲ့ အမှုဆိုတာမရှိဘူး။ 𝐇𝐞 𝐖𝐞𝐢 နောက်ဆုံးလက်ရှိကိုင်တဲ့အမှုက စွန့်ပစ်ထားတဲ့စံအိမ်ကြီးတစ်ခုမှာ ဖြစ်ပွားခဲ့တာ။ သေဆုံးသွားသူက '𝘊𝘩𝘦𝘯𝘨 𝘡𝘦𝘴𝘩𝘦𝘯𝘨' ဆိုတဲ့ နာမည်ကျော် စန္ဒယားပညာရှင်ဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့ရတာ။ အမှုကိုလိုက်လေလေ နက်နဲပြီး ရှုပ်ထွေးပြီး အဖြေရှာမရလေလေဖြစ်နေတော့တယ်။
တစ်ချိန်‌တည်းမှာ.. အပြိုင်ကမ္ဘာတစ်ခုရဲ့တူညီတဲ့စံအိမ်ကြီးမှာပဲ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒု-ခေါင်းဆောင် 𝐂𝐡𝐞𝐧𝐠 𝐙𝐞𝐬𝐡𝐞𝐧𝐠 ဆိုတဲ့သူက သေမှုသေခင်းတစ်ခုကို စုံစမ်း‌စစ်ဆေးနေပြန်တယ်။ အဲဒီအမှုမှာ သေဆုံးသွားသူရဲ့နာမည်က '𝘏𝘦 𝘞𝘦𝘪'..။
ဒီတော့ Officer He Wei ရှိတဲ့ကမ္ဘာကို ကမ္ဘာ ၁၊ အပြိုင်ကမ္ဘာက Officer Cheng Zesheng ရှိတဲ့ကမ္ဘာကို ကမ္ဘာ ၂ လို့ဆိုကြပါစို့။ ကိုယ်တွေရဲ့ Shou က ကမ္ဘာ ၁ က He Wei ၊ Gong က ကမ္ဘာ ၂ က Cheng Zesheng ပါပဲ။
အဓိကဇာတ်လိုက်နှစ်ယောက်က သက်ဆိုင်ရာကမ္ဘာအသီးသီးမှာ Future Domain ဆိုတဲ့ဝန်ထမ်းအိမ်ရာရဲ့တိုက်ခန်းအမှတ် 404 မှာ ပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာကြတယ်။ နှစ်ဦးသား အခန်းဖော်ဖြစ်လာပြီး‌နောက်ပိုင်း ကြုံတွေ့ရတဲ့သဘာဝလွန်ဖြစ်အင်တွေကို လက်ခံလိုက်ရပြီး တဖက်ကမ္ဘာက သူတို့ရဲ့သေဆုံးမှုကို အတူတူပူးပေါင်းအဖြေရှာရတော့တယ်။
◯ ❍ ⬤
တူညီတဲ့မျက်နှာ တူညီတဲ့ DNA နဲ့ လူက တခြားကမ္ဘာမှာ မတူညီတဲ့အလုပ်အကိုင် မတူညီတဲ့အပြုအမှုနဲ့ လူအဖြစ်ရှိနေကြတယ်။ တူညီတဲ့ကားချပ်တစ်ခုပေါ်မှာ တူညီတဲ့အကြောင်းအရာတစ်ခုကို မတူညီတဲ့ပန်းချီဆရာနှစ်ဦးက မတူညီတဲ့လက်ရာနဲ့ ရေးခြယ်နေကြသလိုပေါ့။
Shou က Gong ထက် သုံးနှစ်ကြီးပါတယ်။ နှစ်ယောက်စလုံးက ထူးချွန်ထက်မြက်ပြီး ဉာဏ်လည်းရှယ်ပြေးကြတာ။ He Wei က အေးအေးငြိမ်ငြိမ် စေ့စေ့စပ်စပ်နဲ့ အသန့်တအားကြိုက်တာရယ်။ Cheng Zesheng ကဆို He Wei ကို ခရုလေးဆိုပြီး နာမည်ပေးထားခဲ့တာ။
အစပိုင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ရုပ်မမြင် အသံကြား အခြေအနေမျိုး။ အချင်းချင်း တခြားကမ္ဘာကလူမှန်းသိသွားကြတော့မှ မှတ်စုတိုတို့ Morse Code တို့သုံးပြီးဆက်သွယ်ရတာ‌။ သူတို့ကြားက Interaction လေးတွေက အတည်ရယ်ရတာပါ။
ပြောရရင် အခန်း 404 ထဲမှာပဲ ကမ္ဘာနှစ်ခုရဲ့ Time & Space က Overlap ဖြစ်နေတာမျိုး။ ဒီဖက်ကမ္ဘာက အရာဝတ္ထုနဲ့ ပစ္စည်းတွေ တစ်ဖက်ကမ္ဘာကိုရောက်သွားတာတို့၊ တံခါး, မီးခလုတ်နဲ့ ရေတွေ ပွင့်လိုက်ပိတ်လိုက်ဖြစ်တာတို့၊ ခေါက်ဆွဲပြုတ်တို့ ဖက်ထုပ်ကြော်တို့ စားခါနီး ပျောက်ချင်းမလှပျောက်သွားတာတို့။ အဲဒီခေါက်ဆွဲပြုတ်ပျောက်တာကမှ တကယ့်ပြသနာအကြီးစား 🍜 XD
မသိရင် သရဲခြောက်ခံရတာနဲ့‌တူ‌နေ‌ရော။ ဒီသရဲ ရာရာစစ ငါစားမဲ့ခေါက်ဆွဲပြုတ်ကိုမှ စားသွားရသလားဆိုပြီး ရှူးရှူးရှားရှားဖြစ်ကြသေးတာ။ Cheng Zesheng ဆိုရင် စိတ်ရောဂါဆရာဝန်ဆီ သွားလိုက်ရသေးတယ် ဟီးဟီး
◯ ❍ ⬤
အဲ.. ရိုးမန့်စ်ပိုင်းမှာကျ အတော်လေးစလိုးဘန်းတယ်ပြောရမယ်။ ဘာလို့ဆို အပိုင်းတော်တော်ရောက်တဲ့အထိ ဇာတ်လိုက်၂ယောက် အကြည့်ချင်းဆုံဖို့ လက်ကိုင်ဖို့နေနေသာသာ အသံပဲကြားရနိုင်တဲ့ ကိုယ်ပျောက်လူတွေဖြစ်နေတာကိုး။ ဖတ်နေရင်း အသည်းယားပြီး ကလိကလိ တခွိခွိဖြစ်နေရမှာ။
ပြီးရင် MC ရော ML ရောက သူတို့ကိုယ်သူတို့  ဂေးနေမှန်းမသိတဲ့ဂေးနှစ်ယောက်ဖြစ်တဲ့အပြင် Relationship ဆိုတာ ဝေးလာဝေးး အလုပ်နဲ့လက်ထပ်ထားကြတဲ့သူနှစ်ဦးရယ်။ တစ်အိမ်ထဲ တူတူ‌နေတဲ့ အခန်းဖော်ဖြစ်လာပြီးမှ ဂေးစိတ်တွေ ပွင့်အံထွက်လာကြတာ။ ဒါတောင်မှ Gong ကမတောက်တခေါက် Flirt လိုက်ရင် ရေခဲတုံးလေးက ကကျိုးကကြောင်တွေ ထဖောက်သေးတာ။
ဘယ်လိုပဲပြောပြော သူတို့နှစ်ဦးကြား ဘယ်လိုအဖြစ်အပျက်တွေရှိနေပါစေ Universe က ဘယ်လိုပဲခွဲထားနေပါစေ စမှတ်ကိုရောက်အောင်သွားကြမဲ့ Destined Partner တွေလို့ဆိုရမှာ။
◯ ❍ ⬤
ဇာတ်အိမ်ပိုင်းကျ မဟားတရား ရှုပ်‌နေရော။ Time Loop, Time Paradox, Multiple Timelines, Parallel Worlds စုံနေအောင်ထည့်ထားလို့ မနည်းလိုက်မှတ်ယူရတယ်။ အရန်ဇာတ်ကောင်တွေ အများကြီးပါတဲ့အပြင် တချို့ဆိုဟိုဘက်ကမ္ဘာမှာ တခြားသူအနေနဲ့ပြန်ပါလာတော့ ထပ်ပြီးမှတ်ရပြန်ရော။ He Wei မှာဆို အမြွှာညီတစ်ယောက် Cheng Zesheng မှာဆို အစ်ကိုတစ်ယောက်ထပ်ရှိသေးတာ။
Cheng Zesheng ရဲ့ အစ်ကို Cheng Zhenqing ရဲ့ကာရိုက်တာက တကယ်မိုက်တာ၊ Scene-stealer လို့ပြောရမယ်။ သူ့ညီလေးတို့အတွဲကြားမှာ မီးသီးလေးဖြစ်နေတဲ့ အစ်ကိုကြီးက သဘောကျချင်စရာကြီး။ နောက်ပြီး စိတ်ထဲစွဲကျန်ရစ်တဲ့ တခြားဇာတ်ကောင်တွေလည်းပါသေးတယ်။
◯ ❍ ⬤
ရှေ့မှာအခန်း ၆ ခန်းလောက် ဇာတ်လမ်းအစပျိုးထားပြီး တကယ့် Main ဇာတ်အိမ်ကိုလည်းရောက်ရော လုံးဝကို Tempo ကျမသွားဘဲ အဆုံးထိဆက်သိချင်ပြီး လက်ကမချနိုင်ဖြစ်ရမှာ။ ဇာတ်လမ်းက ကမ္ဘာ ၁ နဲ့ ကမ္ဘာ ၂ ကို တလှည့်စီရေးတဲ့စတိုင်နဲ့သွားတာရယ်။ အဲလိုရေးလို့ မျက်စိလည်ရတာမျိုးမရှိဘဲ နားလည်လွယ်တယ်လို့ ခံစားရတယ်။ အဲဒီထက်ပိုရှုပ်တာတွေက နောက်ပိုင်းမှာဆက်လာမှာကိုး။
ဒီနိုဗယ်ကို Mist နဲ့ဆင်တူတဲ့ Genre ဆိုပြီး ညွှန်းကြလို့ သွားဖတ်တာ။ တကယ်တမ်း တအားတော့မဆင်ဘူး။ Mist က သီအိုရီမျိုးစုံနဲ့မတူတဲ့ Arc တွေပေါင်းထားပြီး RTEW က Time Paradox တစ်ခုတည်းကို ပိုအခြေခံတာမျိုး။ အချိန်ကို ကစားထားတာတွေ တကယ်လှတယ်။ ပလော့တွစ်တွေ တအားမိုက်ပါတယ်။ ဟာ ဒီပလော့တွစ်ကြီး မိုက်လှချေလားလို့ တွေးနေတဲ့အချိန် နောက်ထပ်ပိုကြီးတဲ့ ပလော့တွစ်တစ်ခုရှိနေတာ၊ အလှည့်အပြောင်း‌အထပ်ထပ်နဲ့ လည်ထွက်နေအောင်ရေးထားတာ။ အဲဒီတော့ ခေါင်းလေးတော့ နည်းနည်းစားရတာပေါ့။
ဆိုပေမဲ့ တချို့နေရာတွေမှာ ဟာကွက်‌နဲ့ မေးခွန်းထုတ်စရာအခန်းတွေပါတယ်။ အဲဒီအချက်ကလွဲရင် အပိုင်းတိုင်းစိတ်လှုပ်ရှားစရာအပြည့်နဲ့ လက်ကမချရဘူးဆိုတာယုံလိုက်ပါ။
ဆိုတော့ Parallel Worlds တွေ Time Loop တွေနဲ့ ခပ်မိုက်မိုက်ပလော့မျိုးဖတ်ဖို့အာသီသရှိနေရင် ဒီနိုဗယ်လေးကိုရွေးလိုက်ပါလို့ ညွှန်းလိုက်ပါတယ်။ (o^-’)b
English Translation ကလည်း Complete ထားပြီးသားဖြစ်ပြီး အခုလိုရှုပ်‌ထွေးတဲ့ပလော့မှာ အလွန်အကျွံပညာပြထားတာ၊ MTL ဖတ်ရသလို ဆိုးရွားတာမျိုးမရှိဘဲ ဖတ်လို့အဆင်ချောပါတယ်။
နန်စီရဗျူးထားသမျှ မြန်မာဘာသာပြန်လင့်တွေကို Reading list ထဲမှာ ရှာကြည့်နိုင်ပါတယ်။
◯ ❍ ⬤
He Wei တစ်ယောက် Cheng Zesheng နဲ့ဆုံတွေ့လိုက်တဲ့အချိန်ကစပြီး ကံကြမ္မာက သူတို့နှစ်ဦးကိုချည်နှောင်ပြီးသွားပြီ ~
◯ ❍ ⬤
Zawgyi
◯ ❍ ⬤
◯ ❍ ⬤
Author : Cat Tea Beaver | 猫茶海狸
◯ ❍ ⬤
◯ ❍ ⬤
◯ ❍ ⬤
◯ ❍ ⬤
◯ ❍ ⬤
Continue Reading
You'll Also Like
500K 74.2K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
117K 9.9K 39
This is myanmar translation. Not my own story. Eng Title-Its Not Easy Being your love ravil's Big Brother (Completed) Chinese Tit...
134K 21.4K 44
Novelနှင့်သက်ဆိုင်သည့်အချက်အလက်အားလုံးကို Description တွင် ထည့်ထားပါသည်။ Start Date - 9.12.2022 End date - ~Just Fan translation ~
25.6K 2.2K 20
Name : 我家小朋友 /My Little One Author : Flightless Bo-chan (不会飞的菠酱) Chapter : 6 English Translator : Sushi Editors: Yappers I'm not own this novel. I cr...