Feasibility Analysis Of Nurtu...

By NTNO1823

117K 12.7K 919

⚠️ Childhood sweetheart, Nurturing, သကြားဖေဖေ, BJYX, Yizhan. - အဖြူရောင်လေရဟတ်တွေက သိမ်သိမ်မွေ့မွေ့ လည်တယ်... More

Intro
1
2
3
4
5
6
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31(end)

7

3.4K 386 31
By NTNO1823

အပိုင်း ၇။ အားနည်းချက်ရှိတာကို အပြစ်တစ်ခု ဆိုပြီး သတ်မှတ်လိုက်ရင်၊ ပြီးပြည့်စုံမှု ဆိုတာက အင်အားရှိတဲ့ လူတွေပဲ ပြောခွင့်ရှိတဲ့အရာ ဖြစ်သွားလိမ့်မယ်

ဒီနေ့ခေတ်ရဲ့ ကြင်ဖက်တွေ့ဆုံပွဲတွေကို စကားတစ်လုံးတည်းနဲ့ ဖော်ပြပါ ဆိုရင်တော့ 'ကြောင်တောင်တောင်' ဆိုတဲ့ စကားလုံးကို သုံးရလိမ့်မယ်။

မသိကြ မမြင်ဖူးကြတဲ့ လူနှစ်ယောက်ကို မျက်နှာချင်းဆိုင် ထိုင်၊ ထမင်းအတူစားခိုင်းပြီး ထွေရာလေးပါး ပြောခိုင်းထားတာက တော်တော် မျက်နှာပူစရာကောင်းတဲ့ အလုပ်တစ်ခုပဲ၊ တစ်ဖက်လူက စကား ကောင်းကောင်း မပြောဘဲ အေးတိအေးစက်ဆိုရင်တော့ ပိုတောင် ကြောင်သေးတယ်။

ဒီနေ့အတွက် မျက်နှာပူစရာတွေ လုပ်ပြီး ခပ်တည်တည်နဲ့ ထိုင်နေတဲ့သူကတော့ တခြားမဟုတ်ဘူး၊ ပေါင်ဘုရင်ကြီးလို့ သူ့လက်ထောက် နာမည်ပြောင် ပေးထားတဲ့ ဝမ်ရိပေါ်ပဲ။

01

ချမ်းသာတဲ့လူတွေ ဒင်နာထွက်စားရင်း မှန်အပြည့်တပ်ထားတဲ့ ပြတင်းပေါက်လို နေရာမျိုးကို ရွေးပြီး ထိုင်တတ်ကြတယ်၊ ဒီလိုမှပဲ သူများထက် တစ်ဆင့်လောက် ပိုမြင့်တယ်လို့ ခံစားရမယ်လေ။

ရှောင်းကျန့်ကတော့ ရယ်ချင်နေတာကို အတင်းထိန်းထားရင်း Salad တစ်ပန်းကန်လုံး ကုန်အောင်စားလိုက်မိပြီ၊ မျက်လုံးထောင့်ကနေတော့ ဝမ်ရိပေါ်နဲ့ Ms ကျန်းတို့ ပြတင်းပေါက်နားမှာ နေရာယူလိုက်ကြတာကို လှမ်းမြင်လိုက်တယ်၊ သူတို့ဝိုင်းက ရှောင်းကျန့်နဲ့ သိပ်မဝေးဘူး၊ သေချာ အာရုံစိုက် နားထောင်ရင် ဘာပြောနေတယ်ဆိုတာ တစွန်းတစ ကြားရတယ်။

ကံကောင်းချင်တော့ ဝမ်ရိပေါ်က သူ့ဘက်ကို ကျောပေးပြီး ထိုင်လိုက်တာမို့ ရှောင်းကျန့်မှာ ခါးကို ဆန့်ဆန့်ယန့်ယန့် ပြန်ထိုင်လို့ ရသွားတယ်၊ ပန်းကန်ထဲမှာလဲ ပြောင်ရှင်း နေပြီမို့ ဝိတ်တာက Salad ထပ်ယူချင်သေးလား ဆိုပြီး မေးလာတယ်၊ ရှောင်းကျန့်က လက်ကာပြလိုက်ပြီး။

"မယူတော့ဘူး.. ကျန်တာပဲ ဆက်ချတော့"

ရှောင်းကျန့်ဆီ Creamy Soup ရောက်လာတော့ ကိုးယိုးကားယားဖြစ်နေတဲ့ ဟိုဘက်ဝိုင်းရဲ့လေထုက နည်းနည်းတော့ အခြေကျ လာတယ်၊ သူများ စကားပြောနေတာကို ခိုးကြောင်ခိုးဝှက် နားထောင်တာက မသင့်တော်မှန်း သိပေမဲ့၊ သိချင်စိတ်လေးကလဲ ထိန်းမရဘူး၊ ဟိုဘက်က တစ်ခုခု ပြောလိုက်တိုင် ရှောင်းကျန့်ရဲ့ ဖွက်ထားတဲ့ ယုန်နားရွက်လေးတွေက သူ့အလိုလို ထောင်သွားတတ်တယ်။

Ms ကျန်း က နာမည်ကြီး စလွန်းကနေ ဆက်တင်လိပ်လာတဲ့ဆံပင်ကို လက်နဲ့သပ်လိုက်ပြီး စကားစတယ်။

"အန်ကယ်ဝမ့်ဆီက ကြားတာတော့ ရိပေါ်မှာ ဝါသနာတွေ တော်တော်များတယ်တဲ့"

ဝမ်ရိပေါ်က လက်ခံသလို ခေါင်းငြိမ့်ရင်း ပြန်ဖြေတယ်။

"အဟင်း.. အများကြီး မဟုတ်ဘဲ..သုံးမျိုးတည်းပါ ဆေးလိပ်သောက်တာ.. အရက်သောက်တာနဲ့.. ဆံပင်အရောင် ဆိုးတာ"

ချလွင်!!

ငြိမ့်ညောင်းတဲ့ တီးလုံးသံ ခပ်တိုးတိုးပဲ ဖွင့်ပေးထားတဲ့ အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင်ထဲမှာ ကြွေပန်းကန်ပေါ်  ဇွန်းပြုတ်ကျသွားလို့ ထွက်လာတဲ့ အသံကျယ်ကြီး ကြားလိုက်ရတယ်၊ ရှောင်းကျန့်က မရယ်မိအောင် ကိုယ့်ပေါင်ကို ညှစ်ထားရင်း အနည်းငယ် ဖြူရော်ရော်ဖြစ်နေတဲ့ Ms ကျန်းမျက်နှာကို ခိုးကြည့်လိုက်တယ်။

ကယ်ကြပါ၊ ဝမ်ရိပေါ် ကြင်ဖက်တွေ့ပွဲက ဘာလို့ ဒီလောက် ရယ်ရတာလဲ !!!

Relationship တစ်ခု တည်ဆောက်ဖို့အတွက် အပြန်အလှန် စိတ်ဝင်စားမှု ရှိနေဖို့ လိုတယ်၊ တစ်ဖက်သတ်ကြီး လုပ်နေရရင် ရလဒ်က ဘယ်လိုမှ မကောင်းနိုင်ဘူး၊ ဒါပေမဲ့ သဘောကျတဲ့သူနဲ့ တွေ့လာပြီဆိုရင်တော့ အများစုက ကိုယ့်အခြေအနေက ဘယ်နေရာရောက်နေလဲ ဆိုတာကို မေ့လျော့ သွားတတ်ကြတယ်၊ ဒါကလဲ ဖြစ်တတ်တဲ့ သဘောပါပဲ။

အခုပဲ ကြည့်လေ၊ Ms ကျန်းနေရာကဆိုရင် ဝမ်ရိပေါ်ရဲ့ ပြောဟန် ဆိုဟန်နဲ့ အပြုအမူတွေက မျက်နှာကို ရေသုံးခွက်လောက်နဲ့ ဆင့်ပက်ပြီး ထ,ထွက်သွားချင်စရာ ကောင်းလောက်အောင် ရိုင်းတယ်လို့ သတ်မှတ်လို့ရတယ်၊ ဒါပေမဲ့ Ms ကျန်းကတော့ သူတို့ဝိုင်းက မှာထားတာတွေ ပြည့်စုံသွားတဲ့အထိ တတ်နိုင်သမျှ သည်းညည်းခံနေတယ်၊ အပြုံးတွေကတော့ အစတုန်းကလောက် မတောက်ပတော့ဘူးပေါ့၊ ဒါဟာ သူ့ ဝမ်ရိပေါ်ကို တော်တော်လေး သဘောကျနေတာကို ပြတာပဲ။

ရှောင်းကျန့်ရဲ့ အသားကင်က သူတို့ဝိုင်းထက် စောပြီး ရလာတယ်၊ ဒါပေမဲ့ ရှောင်းကျန့်စားနှုန်းက အရင်ကတည်းက မမြန်ရတဲ့အထဲ၊ ဟိုဘက်ဝိုင်းက စကားတစ်ခွန်း ထွက်လာတိုင်း ပေါင်ကို လက်နဲ့ကုတ်ဆွဲထားပြီး အော်မရယ်မိအောင် ထိန်းနေတာမို့ စားဖို့အတွက် အာရုံကောင်းကောင်း မရဘူး ဖြစ်နေတယ်။

ဒီလိုနဲ့ ကြင်ဖက်တွေပွဲရဲ့ tempo အမြင့်ဆုံးအပိုင်း ရောက်လာခဲ့တယ်။

"လူကြီးတွေကတော့ ကျွန်မတို့နှစ်ယောက်ကို တော်တော်လေး လိုက်ဖက်တယ်တဲ့"

ဒီစကားကြားတော့ ဝမ်ရိပေါ်က ပြန်မေးတယ်။

"ဘယ်ဟာတွေကလဲ"

Ms ကျန်းဘက်က ခဏလောက် အသံတိတ်သွားပြီးမှ ပြန်ဖြေတယ်။

"မိသားစုနောက်ခံပဲ ကြည့်မလား.. နောက်ပြီး.."

ဝမ်ရိပေါ်က စကားဆုံးအောင် မစောင့်ဘဲ ကြားဖြတ်လိုက်တယ်။

"အာ.. မိသားစုနောက်ခံက လိုက်ဖက်နေတာ.. ရှင်းရှင်း ပြောရရင် ပိုက်ဆံအချင်းချင်း လိုက်ဖက်တာမျိုးပေါ့"

"ပိုက်ဆံဆိုတော့ ဥက္ကဌမော်စီတုန်းရဲ့ မျက်နှာပါနေတဲ့ စက္ကူတွေပေါ့.. ဒါပေမဲ့ တစ်ခုရှိတာက မော်စီတုန်းတွေ အများကြီး ပေါင်းသွားတိုင်းလဲ ရလဒ်က ကောင်းမယ်လို့ အာမခံချက် မရှိဘူး"

"......"

02

ဒီလောက်ဖြစ်နေတာတောင် Ms ကျန်းက လက်မလျှော့သေးဘူး၊ အချိုပွဲလာချတဲ့အထိ စောင့်ရင်း ပြောဖို့ ခေါင်းစဉ်တစ်ခု ထပ်ရှာတယ်။

"ရိပေါ် အထက်တန်းတုန်းက ကျပန်းဝယ်လိုက်တဲ့ ရှယ်ယာတွေကနေ ၃ လအတွင်း ၅၀% လောက်အမြတ် ရခဲ့တယ်လို့ အန်ကယ်ဝမ်က ကျွန်မကို ပြောပြတယ်.. အဲဒါက ရှင့်ဘဝမှာ ပထမဆုံးအကြိမ် ရှာခဲ့ဖူးတဲ့ ပိုက်ဆံ ဖြစ်မှာပေါ့နော်"

"ဟုတ်တယ်.. အဲဒါက ကံကောင်းသွားတာပါ.. ဒါပေမဲ့ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် ရှာဖူးတဲ့ ပိုက်ဆံက ဒါ မဟုတ်ဘူး"

ဝမ်ရိပေါ်က အမဲသားကင်ကို ဓားနဲ့ စမတ်ကျကျ လှီးဖြတ် နေရင်း ဆက်ပြောတယ်။

"တကယ့် ပထမဆုံးအကြိမ်က မူလတန်းတုန်းက.. အဲဒီတုန်းက ကျွန်တော့်အစ်ကိုကို ပေးချင်တဲ့ စီနီယာအစ်မ တစ်ယောက်ရဲ့ ရည်းစားစာတွေကို ကြားကနေ သယ်ပေးရတာ.. အားလုံးပေါင်း ၂၁ ယွမ် ရှာလို့ ရခဲ့တယ်"

"ရှင့်မှာ အစ်ကို ရှိသေးတာလား"

ဝမ်ရိပေါ်က ခပ်ပြုံးပြုံးနဲ့။

"အစ်ကိုအရင်း မဟုတ်ဘူး.. ငယ်ငယ်လေး ကတည်းက လမ်းထဲမှာ အတူကစားခဲ့တဲ့ အိမ်နီးချင်း အစ်ကို"

ဝမ်ရိပေါ် ဘာလို့ ဒါကိုထုတ်ပြောမှန်း ရှောင်းကျန့် ချက်ချင်း သဘောပေါက်သွားတာမို့ ကြားထဲက အမြတ်ထုတ်ခံခဲ့ရတာကိုတောင် သတိမထားမိတော့ဘဲ ပေါင်ကိုဆွဲဆိတ် ရင်း မရယ်မိအောင် ထိန်းထားရပြန်တယ်၊ အဲဒီ အချိန်မှာပဲ Ms ကျန်းက မျက်နှာ တစ်ချက်မဲ့လိုက်ပြီး မှတ်ချက် ပေးတယ်။

"ဈေးပေါလိုက်တာ"

ဒီစကားကြောင့် ရှောင်းကျန့် လန့်သွားတယ်။

ရွှေပေါင်ကြီး ဝမ်ရိပေါ်က ချက်ချင်းလက်ငင်း ဈေးကျသွားတာလား?

ရပ်ကွက်လေးထဲမှာ နေခဲ့လို့ ဈေးကျတာလား?
ဒါမှမဟုတ် ရှောင်းကျန့်လို လမ်းထဲက အစ်ကို ရှိနေလို့ ဈေးကျတာလား?

ရှောင်းကျန့် တစ်ယောက်တည်း အတွေးများနေတုန်းမှာပဲ၊ ဝမ်ရိပေါ်က လက်ထဲကိုင်ထားတဲ့ ခက်ရင်းနဲ့ဓားကို ပြန်ချထားလိုက်တယ်၊ ပြီးတာနဲ့ စားပွဲပေါ်မှာ တတောင်နှစ်ဖက် ထောက်ကာ Ms ကျန်း မျက်လုံးတွေထဲကို တည့်တည့်ကြည့်လာတယ်။

"ဈေးကျသွားပြီလား?"

ဝမ်ရိပေါ်မျက်နှာကို မမြင်ရတာမို့ သူစိတ်ဆိုးနေတာလား၊ ရည်ရွယ်ချက် ပြည့်သွားလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသလားဆိုတာတော့ ရှောင်းကျန့်မသိရဘူး။

"Ms ကျန်း ဆီကနေ ရင်းနှီးမြုပ်နှံတာနဲ့ဆိုင်တဲ့ စကားမျိုးထွက်လာပြီဆိုမှတော့ ဒီစကားဝိုင်းက ရှေ့ဆက်လို့ ရသွားပြီ.. သူများ ရည်းစားစာကနေ အမြတ်ထွက်အောင် လုပ်တဲ့ဖြစ်စဉ်ကို ဘာလို့များ ဈေးပေါတယ်လို့ သတ်မှတ်ရတာလဲ"

ဝမ်ရိပေါ်က ခေါင်းအနည်းငယ် စောင်းလိုက်ပြီး သူ့မေးခွန်းရဲ့အဖြေကို သူကိုယ်တိုင် လိုက်တွေးတောနေသလို လုပ်တယ်၊ ပြီးမှ ဆက်ပြောတယ်။

"ပရော့ဂျက်တစ်ခုကနေ အကျိုးအမြတ် ထွက်ဖို့အတွက် ဘယ်လောက်စွန့်စားဖို့လိုလဲ.. ကိုယ့်ဘက်က ကြိုတင် ထုတ်ထားရမဲ့ အရင်းအနှီး ဘယ်လောက်များများလိုလဲ ဆိုတာတွေကို ခင်ဗျား တွေးဖူးလား"

"Ms ကျန်းက ဒါတွေ မတွေးဖူးပါဘူး.. ဘာလို့လဲဆိုတော့ ခင်ဗျားက သူငယ်ချင်းတွေနဲ့ အနောက်တိုင်း စားသောက်ဆိုင်မှာ ပတ်စားမယ်.. နာမည်ကြီးပေ့ဆိုတဲ့ ဘရန်းတွေမှာ ရှော့ပင်ထွက်မယ်.. filler တွေ Botox တွေထိုးဖို့ နောက်ဆုံးပေါ် Beauty Clinic တွေကို သွားမယ်.. တစ်နေ့တနေ့ အဲလို ဈေးမပေါတဲ့အရာတွေ လုပ်ရင်းနဲ့ အချိန်ကုန်နေတာ မို့လို့လေ"

Filler ဆိုတဲ့ စကားထွက်လာတော့ Ms ကျန်း မျက်မှောင် နည်းနည်းတွန့်သွားတယ်၊ အဲဒါလုပ်ဖို့ သိပ်မကြာခင်က Beauty Clinic ကို သူသွားခဲ့သေးတာ မဟုတ်လား၊ ဝမ်ရိပေါ်လို စီးပွားရေးသမားက ဒါတွေပါသိနေမယ်လို့ သူလုံး၀ မထင်ထားဘူး။

"ကျွန်တော့်အစ်ကိုအတွက် ရည်းစားစာ ယူသွားပေးတာက အရင်းအနှီးလဲ မလိုသလို.. စွန့်စားစရာလဲ မလိုဘူး.. ကျွန်တော့် အိမ်နဲ့ကျောင်းက မီတာ ၁၅၀ ပဲဝေးတယ်.. ဒါကြောင့် ၁ မီတာကို ၁၄ ဖန် (Fen) နှုန်း ဝင်ငွေရတယ်.. အစ်ကို့ အိမ်သွားတိုင်း သူကကျွန်တော့်ကို နို့တော်ဖီ ထပ်ကျွေးသေးတာ"

ဝမ်ရိပေါ်က ပြောနေတာကို ရပ်လိုက်ပြီး ခပ်ထေ့ထေ့ ရယ်လိုက်တယ်။

"ဒီနေ့ Ms ကျန်းနဲ့ ညစာလာစားရတာက ယွမ်၂၀ မရတဲ့အပြင် အချိန်ရော အင်နာဂျီရော ပိုက်ဆံပါ ကုန်တယ်"

ဝမ်ရိပေါ်က မေးမှာ ထောက်ထားတဲ့ လက်တွေကို ပြန်ချလိုက်တယ်။

ဝမ်ရိပေါ် ဘာတွေ ဆက်ပြောမှာလဲ၊ ရှောင်းကျန့် အဲဒီဘက်ကို ငေးနေမိတာ မျက်တောင်ခတ်ဖို့တောင် မေ့နေတယ်၊ ဝမ်ရိပေါ်က သူ့အရှေ့က မိန်းကလေးကို ယဉ်ယဉ်ကျေးကျေးပဲ မေးခွန်းထုတ်လိုက်တယ်။

"ဘယ်သူက ပိုဈေးပေါနေလဲဆိုတာ Ms ကျန်းပဲ ပြောကြည့်ပါဦး"

ဒါပေမဲ့ တစ်ဖက်လူဆီက ဒေါသတကြီး ပြောလာတော့မဲ့ အဖြေကို ဝမ်ရိပေါ်က မစောင့်ပါဘူး။

"ကုမ္ပဏီမှာ လုပ်စရာလေး ကျန်နေလို့ အရင်ပြန်လိုက်ပါမယ်.. ဘေကိုတော့ ကျွန်တော် ရှင်းသွားလိုက်ပါ့မယ်"

ဝမ်ရိပေါ်ထလာတော့ ရှောင်းကျန့်က အရှေ့ မြန်မြန်ပြန်လှည့်ပြီး ခေါင်းငုံ့နေတယ်၊ စက္ကန့် အနည်းငယ်ကြာမှ ပြန်မော့ပြီး ဝမ်ရိပေါ် ထွက်သွားပြီလားဆိုတာကို ကြည့်ဖို့လုပ်တယ်။

ဒါပေမဲ့ ခေါင်းမမော့ခင်မှာဘဲ အရှေ့ကနေ လက်ဖျောက်တီးသံ ကြားလိုက်ရတယ်၊ မျက်လုံးအဝိုင်းသားနဲ့ မော့ကြည့်မိတော့ မြင်လိုက်ရတဲ့လူကြောင့် ရှောင်းကျန့် ပါးစပ်လေး ဟသွားတယ်၊ ဝမ်ရိပေါ်က သူ့ခေါင်းကို လက်နဲ့ ဖွဖွတွန်းလိုက်ပြီး။

"ပြန်မယ်.. ရယ်လို့မဝသေးရင် အိမ်ရောက်မှပဲ ဆက်ရယ်တော့"

03

လောကကြီးမှာ အမြဲတမ်း ကံကောင်းနေတဲ့လူနဲ့ အမြဲတမ်း ကံဆိုးနေတဲ့လူဆိုတာ တကယ်ရှိတယ်၊ တချို့က မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာတာ၊ တချို့ကတော့ မွေးလာကတည်းက တစ်ဘဝလုံး ဆင်းဆင်းရဲရဲနေဖို့ ကံဇာတာက ပါလာပြီးသား။

ဒါပေမဲ့ အမြဲပျော်ရွှင်နေရမဲ့လူ၊ အမြဲဝမ်းနည်းနေရမဲ့လူ ဆိုတာတော့ မရှိဘူး၊ ချမ်းသာပြီး လေယာဉ်တွေ၊ ရွက်လှေတွေ ဝယ်နိုင်ပေမဲ့ မပျော်မရွှင် ဖြစ်နေတဲ့သူတွေ အများကြီး ရှိမှာပဲ၊ ဆင်းရဲနေပေမဲ့ ပိတ်ရက်မှာ အနားရပြီး သူများဖောက်တဲ့ မီးရှူးမီးပန်းလေး ငေးကြည့်ခွင့် ရတာလေးနဲ့တင် ပျော်ရွှင်မှုကို ခံစားမိနေတာမျိုးလဲ ဖြစ်နေနိုင်တာပေါ့။

ဒီနေရာမှာ တစ်ယောက်ကို တစ်ယောက် လိုက်ယှဉ်နေတာက အဓိပ္ပါယ် မရှိဘူး။

ရှောင်းကျန့် ဟန်သျန့် စတူဒီယိုမှာ ယောင်လည်လည် ဖြစ်ပြီး စိတ်ဓာတ်ကျနေတုန်းက သူ့ရွေးချယ်ခဲ့တဲ့လမ်းက မှားနေသလား ဆိုပြီး သံသယဝင်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ့ရွေးချယ်မှု၊ သူ့ဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲမို့ ကြုံနေရတဲ့ အခက်အခဲကို သူများအရှေ့မှာ အထုပ်ဖြေပြဖို့ မတွေးခဲ့ဘူး။

ဝမ်ရိပေါ်နဲ့ ကောရှောင်ပါးက ရှောင်းကျန့်ကို ပစ်မထားခဲ့ပါဘူး၊ သူ့အိမ်မက်ကို နားလည်ကြတာမို့၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ချင်တဲ့ ဆုံးဖြတ်ချက်ကိုလဲ လေးစားပေးကြတယ်။

ဝမ်ရိပေါ်ဆီ အကူအညီ တောင်းလိုက်တော့လဲ တရားဝင် နည်းလမ်းနဲ့ ကူညီပေးခဲ့တယ်၊ အသက်ဘယ်လောက်ကြီးနေပါစေ လူတိုင်းမှာ အိပ်မက်မက်ခွင့်ရှိတယ်၊ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့် အိပ်မက်တွေ အကောင်အထည် ပေါ်လာအောင် ကူညီပေးဖို့ ဆန္ဒရှိနေတဲ့လူပဲ။

စားသောက်ဆိုင်က ထွက်လာပေမဲ့ အိုးတိုးအမ်းတမ်း ဖြစ်နေသေးတာမို့ ဒီလေထုကို ဖြိုခွဲဖို့အတွက် ရှောင်းကျန့် စကား စပြောဖို့ လုပ်တယ်၊ ဒါပေမဲ့ သုံးယောက်လုံးရှိနေတဲ့ group chat ကို ကောရှောင်ပါးဆီက မက်ဆေ့ဝင်လာတယ်။

//ဂိမ်း Character ပုံကြမ်း ပြီးသွားပြီ.. ကျန့်ကောမျက်နှာက 3D ဂိမ်း character တွေအတွက် အတော်လေး သင့်တော်တယ်.. အထက်ကလဲ ခွင့်ပြုချက်ကျပြီမို့.. မားကတ်တင်းဘက်သွားဖို့ပဲ ကျန်လိမ့်မယ်//

စာနဲ့အတူ ပုံပါတွဲလျက် ပါလာတယ်၊ ဖွင့်ကြည့်လိုက်တော့ ရှောင်းကျန့်နဲ့ မျက်နှာခပ်ဆင်ဆင် လူပုံ character တစ်ခုဖြစ်နေတယ်၊ သူက အမည်းရောင်ဆံနွယ်ကို အနောက်မှာ အကုန်စုချည်ထားပြီး အနီရောင် နဖူးစည်း စည်းထားတယ်၊ ခမ်းနားတဲ့ ဝတ်ရုံကလဲ လေနဲ့အတူ ကျက်သရေရှိစွာ လှုပ်ရှားနေတယ်၊ လက်တစ်ဖက်မှာ ပလွေတစ်ချောင်း ကိုင်ထားသေးတယ်။

ရှောင်းကျန့်က ဖုန်းထဲကို မယုံကြည်နိုင်သလို အချိန်အတော်ကြာအောင် ငုံ့ကြည့်နေပြီးမှ ဝမ်ရိပေါ်ကို မေးလိုက်တယ်။

"မင်းနဲ့ ထမင်းချိုး ဘာတွေပူးပေါင်းထားတာလဲ"

ကောရှောင်ပါးနဲ့ ပြောခဲ့တာ တစ်ပတ်လောက်ပဲ ရှိလိမ့်ဦးမယ် ထင်တယ်၊ ဒီလောက်မြန်မြန် ပုံကြမ်းထွက်လာတာမို့ ဝမ်ရိပေါ် တောင် ထမင်းချိုးအစွမ်းကို မျက်ခုံးပင့်ချင်သွားတယ်၊ ကြည့်ရတာ ထမင်းချိုးကို ဈာန်ဝင်သွားအောင် လုပ်ပေးလိုက်နိုင်တာ တစ်ခုခုရှိလို့ နေမယ်။

ဝမ်ရိပေါ်က ခေါင်းငြိမ့်ပြလိုက်ပြီး။

"ထမင်းချိုးတို့ ကုမ္ပဏီက ဒီနိုင်ငံမှာ နာမည်အကြီးဆုံး အွန်လိုင်းဂိမ်းကုမ္ပဏီ.. အခုလောလောဆယ် မင်းကို လူတွေ သိပ်ပြီး သတိမထားမိသေးဘူး.. ဒါကြောင့် သူ့ဆီက အကူအညီယူဖို့ တွေးလိုက်တာ.. နောက်ပိုင်း ပေါ်ပြူလာဖြစ်လာရင် ဒီလိုမျိုး ဒီဇိုင်းဆွဲဖို့ လွယ်လွယ်နဲ့ ခွင့်ပြုချက်ပေးမှာ မဟုတ်ဘူး"

ရှောင်းကျန့်အံ့သြသွားတာမို့။

"မင်းကငါ့ကို ပေါ်ပြူလာ ဖြစ်လာမယ်လို့ ထင်နေတာလား"

"ဒါပေါ့"

အထက်တန်းမှာ စတော့ရှယ်ယာ စ, ဝယ်တုန်းကတောင် ဝမ်ရိပေါ်က တစ်ရက်လောက် စဉ်းစားခဲ့ရသေးတယ်၊ အခုကျတော့ နည်းနည်းလေးမှ တွေဝေမနေဘဲ အဖြေတန်းပေးလိုက်တယ်၊ စာပေး,ပေးမယ်ဆိုပြီး စီနီယာအစ်မကြီးကို မလှိမ့်တပတ် လုပ်ခဲ့တုန်းက အတိုင်းပဲ။

ဝမ်ရိပေါ်က ကြယ်လေးတွေ ဖြန့်ခင်းထားသလို တလက်လက် ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ရှောင်းကျန့်ကို ကြည့်နေရင်း။

"ကောက ကျိန်းသေပေါက် စတားဖြစ်လာမှာ.. သိပ်မကြာတော့ဘူး.. ငါ့ကိုယုံ.."

04

အပြင်ရောက်တော့ အတော်လေးမှောင်နေပြီ၊ ရှောင်းကျန့်က သူဒီကို စက်ဘီးငှားပြီးလာခဲ့တာကို သတိရသွားတယ်။

"မင်း ငါနဲ့ ပြန်လိုက်ချင်လား"

လျှပ်စစ်စက်ဘီးက တဗျင်းဗျင်းအော်တဲ့ မော်တော်ဆိုင်ကယ်တွေလောက် မမိုက်ဘူး၊ ဒါကြောင့် ဝမ်ရိပေါ် ခဏလောက် တွန့်ဆုတ် နေသေးတယ်၊ ပြီးမှ အနောက်ကနေ ထိုင်လိုက်ဖို့ သဘောတူလိုက်တယ်။

အိမ်ပြန်လမ်းမှာ ရှောင်းကျန့်က သူသိချင်တာကို မေးဖို့လုပ် တယ်။

"ဒါနဲ့ မင်းငါ့ကို ဘယ်လိုလုပ် တွေ့သွားတာလဲ.. ငါတစ်ချိန်လုံး ကွယ်ပြီး နေတဲ့ဟာ"

နောက်ခုံမှာ ထိုင်လိုက်လာတဲ့ ဝမ်ရိပေါ်က လေတိုးတာကြောင့် မျက်လုံးတွေကို မှေးကျဉ်းထားလိုက်ရင်း ပြန်ဖြေတယ်။

"မပြောဘူး ကိုယ့်ဟာကိုယ် စဉ်းစား"

ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ?

ရှောင်းကျန့်က လက်မခံဘူး၊ အတင်းဂျီကျတယ်။

"အာ.. ဝမ်ရိပေါ်.. ပြောပြ.. ပြောပြ.. အိမ်ရောက်တာနဲ့ ညနေစာ ကောင်းကောင်းလေး ချက်ကျွေးမယ်လေနော်.. ပြောပြလို့.. ဝမ်ရိပေါ်.. ဝမ်ရိပေါ်.. ငါ့ကို အရိပ်အမြွက်လေးတော့ ပြလေ..နော်"

အနောက်က ဝမ်ရိပေါ်ကတော့ နည်းနည်းလေးတောင် မလှုပ်ဘူး။

မဟူရာညရဲ့ကောင်းကင်မှာ တိမ်မည်းတွေ ကင်းစင်သွားပြီး လ ထွက်လာတဲ့အခါ ဝမ်ရိပေါ်အပြုံးက ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာတယ်၊ သူ့လက်နှစ်ဖက်က ရှောင်းကျန့်ရဲ့အင်္ကျီ အစွန်းလေးတွေကို ကိုင်ထားတယ်၊ သူ့ပုံစံက ဆိုင်ထဲမှာ ထက်စာရင် အများကြီး သက်တောင့်သက်သာ ရှိနေတယ်။

အခုမှ တကယ့် Moonlight အစစ်အမှန်ကို ရှာတွေ့တာ၊ ဒါနဲ့ ယှဉ်လိုက်ရင်တော့ အဆင့်မြင့်အနောက်တိုင်း စားသောက်ဆိုင်က ဈေးကျသွားပြီ။

နောက်ဆက်တွဲ

"ဘယ်ဟာတွေက လိုက်ဖက်နေတာလဲ"

"မိသားစုနောက်ခံပဲ ကြည့်မလား.. နောက်ပြီး.."

"အာ.. မိသားစုနောက်ခံက လိုက်ဖက်တာဆိုတော့.. ရှင်းရှင်း ပြောရရင် ပိုက်ဆံအချင်းချင်း လိုက်ဖက်တာမျိုးပေါ့"

"ပိုက်ဆံဆိုတော့ ဥက္ကဌမော်စီတုံးရဲ့ မျက်နှာပါနေတဲ့ စက္ကူတွေပေါ့.. ဒါပေမဲ့ မော်စီတုန်းတွေ အများကြီး ပေါင်းသွားတိုင်းလဲ ရလဒ်က ကောင်းမယ်လို့ အာမခံချက် မရှိဘူး"

ရှောင်းကျန့်က မထိန်းနိုင်ဘဲ အူလှိုက်သည်းလှိုက် ရယ်မိသွားတာမို့ ပေါင်ပေါ် တင်ထားတဲ့ဖုန်းက လျှောခနဲ ပြုတ်ကျသွားတယ်၊ အဲဒါကို ငုံ့ပြီးကောက်နေရတဲ့အခါ သူတို့ဘက်က ဆက်ပြောနေတဲ့ စကားတချို့ကို မကြားလိုက်ရဘူး။

"ယွမ် ၁၀၀ အောက်က ငွေစက္ကူတိုင်းမှာ ဥက္ကဌမော်စီတုန်း ပုံတွေပါတယ်.. သူတို့ထဲက အမြင့်ဆုံး ယွမ် ၁၀၀ အချင်းချင်းထပ်တာကို မကောင်းသေးဘူး ထင်တယ်ပေါ့.. ရှင်ဆိုရင်ရော ရလဒ်ကောင်းရဖို့အတွက် ယွမ်၁၀၀ကို ဘာနဲ့ပေါင်းမှာလဲ "

"တစ်ယွမ် အကြွေစေ့"

တကယ်တော့ ဝမ်ရိပေါ်ရဲ့အိုင်ဒီယာက Ms ကျန်းနဲ့ ဆန့်ကျင်ဘက်ပဲ၊ ဝမ်ရိပေါ်က သူ့သဘောထားကို ခပ်အေးအေးပဲ ရှင်းပြလိုက်တယ်။

"အချစ်ဆိုတာက တန်းတူရည်တူရှာပြီး အလဲအလှယ်လုပ်တာ မဟုတ်ဘူး.. အချစ်က ယွမ် ၁၀၀ ပြည့်အောင် ဖြည့်ဖို့လိုနေတဲ့ အကြွေစေ့ ၁ယွမ်လဲ ဖြစ်ချင်ဖြစ်နေနိုင်တာပဲ"

231203

[* 1 yuan = 10 jiao
1 jiao = 10 fen ]


⇝⇝⇝⇝✥⇜⇜⇜⇜

အပိုင္း ၇။ အားနည္းခ်က္ရွိတာကို အျပစ္တစ္ခု ဆိုၿပီး သတ္မွတ္လိုက္ရင္၊ ၿပီးျပည့္စုံမႈ ဆိုတာက အင္အားရွိတဲ့ လူေတြပဲ ေျပာခြင့္ရွိတဲ့အရာ ျဖစ္သြားလိမ့္မယ္

ဒီေန႔ေခတ္ရဲ႕ ၾကင္ဖက္ေတြ႕ဆုံပြဲေတြကို စကားတစ္လုံးတည္းနဲ႔ ေဖာ္ျပပါ ဆိုရင္ေတာ့ 'ေၾကာင္ေတာင္ေတာင္' ဆိုတဲ့ စကားလုံးကို သုံးရလိမ့္မယ္။

မသိၾက မျမင္ဖူးၾကတဲ့ လူႏွစ္ေယာက္ကို မ်က္ႏွာခ်င္းဆိုင္ ထိုင္၊ ထမင္းအတူစားခိုင္းၿပီး ေထြရာေလးပါး ေျပာခိုင္းထားတာက ေတာ္ေတာ္ မ်က္ႏွာပူစရာေကာင္းတဲ့ အလုပ္တစ္ခုပဲ၊ တစ္ဖက္လူက စကား ေကာင္းေကာင္း မေျပာဘဲ ေအးတိေအးစက္ဆိုရင္ေတာ့ ပိုေတာင္ ေၾကာင္ေသးတယ္။

ဒီေန႔အတြက္ မ်က္ႏွာပူစရာေတြ လုပ္ၿပီး ခပ္တည္တည္နဲ႔ ထိုင္ေနတဲ့သူကေတာ့ တျခားမဟုတ္ဘူး၊ ေပါင္ဘုရင္ႀကီးလို႔ သူ႔လက္ေထာက္ နာမည္ေျပာင္ ေပးထားတဲ့ ဝမ္ရိေပၚပဲ။

01

ခ်မ္းသာတဲ့လူေတြ ဒင္နာထြက္စားရင္း မွန္အျပည့္တပ္ထားတဲ့ ျပတင္းေပါက္လို ေနရာမ်ိဳးကို ေ႐ြးၿပီး ထိုင္တတ္ၾကတယ္၊ ဒီလိုမွပဲ သူမ်ားထက္ တစ္ဆင့္ေလာက္ ပိုျမင့္တယ္လို႔ ခံစားရမယ္ေလ။

ေရွာင္းက်န႔္ကေတာ့ ရယ္ခ်င္ေနတာကို အတင္းထိန္းထားရင္း Salad တစ္ပန္းကန္လုံး ကုန္ေအာင္စားလိုက္မိၿပီ၊ မ်က္လုံးေထာင့္ကေနေတာ့ ဝမ္ရိေပၚနဲ႔ Ms က်န္းတို႔ ျပတင္းေပါက္နားမွာ ေနရာယူလိုက္ၾကတာကို လွမ္းျမင္လိုက္တယ္၊ သူတို႔ဝိုင္းက ေရွာင္းက်န႔္နဲ႔ သိပ္မေဝးဘူး၊ ေသခ်ာ အာ႐ုံစိုက္ နားေထာင္ရင္ ဘာေျပာေနတယ္ဆိုတာ တစြန္းတစ ၾကားရတယ္။

ကံေကာင္းခ်င္ေတာ့ ဝမ္ရိေပၚက သူ႔ဘက္ကို ေက်ာေပးၿပီး ထိုင္လိုက္တာမို႔ ေရွာင္းက်န႔္မွာ ခါးကို ဆန႔္ဆန႔္ယန႔္ယန႔္ ျပန္ထိုင္လို႔ ရသြားတယ္၊ ပန္းကန္ထဲမွာလဲ ေျပာင္ရွင္း ေနၿပီမို႔ ဝိတ္တာက Salad ထပ္ယူခ်င္ေသးလား ဆိုၿပီး ေမးလာတယ္၊ ေရွာင္းက်န႔္က လက္ကာျပလိုက္ၿပီး။

"မယူေတာ့ဘူး.. က်န္တာပဲ ဆက္ခ်ေတာ့"

ေရွာင္းက်န႔္ဆီ Creamy Soup ေရာက္လာေတာ့ ကိုးယိုးကားယားျဖစ္ေနတဲ့ ဟိုဘက္ဝိုင္းရဲ႕ေလထုက နည္းနည္းေတာ့ အေျခက် လာတယ္၊ သူမ်ား စကားေျပာေနတာကို ခိုးေၾကာင္ခိုးဝွက္ နားေထာင္တာက မသင့္ေတာ္မွန္း သိေပမဲ့၊ သိခ်င္စိတ္ေလးကလဲ ထိန္းမရဘူး၊ ဟိုဘက္က တစ္ခုခု ေျပာလိုက္တိုင္ ေရွာင္းက်န႔္ရဲ႕ ဖြက္ထားတဲ့ ယုန္နား႐ြက္ေလးေတြက သူ႔အလိုလို ေထာင္သြားတတ္တယ္။

Ms က်န္း က နာမည္ႀကီး စလြန္းကေန ဆက္တင္လိပ္လာတဲ့ဆံပင္ကို လက္နဲ႔သပ္လိုက္ၿပီး စကားစတယ္။

"အန္ကယ္ဝမ့္ဆီက ၾကားတာေတာ့ ရိေပၚမွာ ဝါသနာေတြ ေတာ္ေတာ္မ်ားတယ္တဲ့"

ဝမ္ရိေပၚက လက္ခံသလို ေခါင္းၿငိမ့္ရင္း ျပန္ေျဖတယ္။

"အဟင္း.. အမ်ားႀကီး မဟုတ္ဘဲ..သုံးမ်ိဳးတည္းပါ ေဆးလိပ္ေသာက္တာ.. အရက္ေသာက္တာနဲ႔.. ဆံပင္အေရာင္ ဆိုးတာ"

ခ်လြင္!!

ၿငိမ့္ေညာင္းတဲ့ တီးလုံးသံ ခပ္တိုးတိုးပဲ ဖြင့္ေပးထားတဲ့ အဆင့္ျမင့္ အေနာက္တိုင္း စားေသာက္ဆိုင္ထဲမွာ ေႂကြပန္းကန္ေပၚ  ဇြန္းျပဳတ္က်သြားလို႔ ထြက္လာတဲ့ အသံက်ယ္ႀကီး ၾကားလိုက္ရတယ္၊ ေရွာင္းက်န႔္က မရယ္မိေအာင္ ကိုယ့္ေပါင္ကို ညႇစ္ထားရင္း အနည္းငယ္ ျဖဴေရာ္ေရာ္ျဖစ္ေနတဲ့ Ms က်န္းမ်က္ႏွာကို ခိုးၾကည့္လိုက္တယ္။

ကယ္ၾကပါ၊ ဝမ္ရိေပၚ ၾကင္ဖက္ေတြ႕ပြဲက ဘာလို႔ ဒီေလာက္ ရယ္ရတာလဲ !!!

Relationship တစ္ခု တည္ေဆာက္ဖို႔အတြက္ အျပန္အလွန္ စိတ္ဝင္စားမႈ ရွိေနဖို႔ လိုတယ္၊ တစ္ဖက္သတ္ႀကီး လုပ္ေနရရင္ ရလဒ္က ဘယ္လိုမွ မေကာင္းႏိုင္ဘူး၊ ဒါေပမဲ့ သေဘာက်တဲ့သူနဲ႔ ေတြ႕လာၿပီဆိုရင္ေတာ့ အမ်ားစုက ကိုယ့္အေျခအေနက ဘယ္ေနရာေရာက္ေနလဲ ဆိုတာကို ေမ့ေလ်ာ့ သြားတတ္ၾကတယ္၊ ဒါကလဲ ျဖစ္တတ္တဲ့ သေဘာပါပဲ။

အခုပဲ ၾကည့္ေလ၊ Ms က်န္းေနရာကဆိုရင္ ဝမ္ရိေပၚရဲ႕ ေျပာဟန္ ဆိုဟန္နဲ႔ အျပဳအမူေတြက မ်က္ႏွာကို ေရသုံးခြက္ေလာက္နဲ႔ ဆင့္ပက္ၿပီး ထ,ထြက္သြားခ်င္စရာ ေကာင္းေလာက္ေအာင္ ႐ိုင္းတယ္လို႔ သတ္မွတ္လို႔ရတယ္၊ ဒါေပမဲ့ Ms က်န္းကေတာ့ သူတို႔ဝိုင္းက မွာထားတာေတြ ျပည့္စုံသြားတဲ့အထိ တတ္ႏိုင္သမွ် သည္းညည္းခံေနတယ္၊ အၿပဳံးေတြကေတာ့ အစတုန္းကေလာက္ မေတာက္ပေတာ့ဘူးေပါ့၊ ဒါဟာ သူ႔ ဝမ္ရိေပၚကို ေတာ္ေတာ္ေလး သေဘာက်ေနတာကို ျပတာပဲ။

ေရွာင္းက်န႔္ရဲ႕ အသားကင္က သူတို႔ဝိုင္းထက္ ေစာၿပီး ရလာတယ္၊ ဒါေပမဲ့ ေရွာင္းက်န႔္စားႏႈန္းက အရင္ကတည္းက မျမန္ရတဲ့အထဲ၊ ဟိုဘက္ဝိုင္းက စကားတစ္ခြန္း ထြက္လာတိုင္း ေပါင္ကို လက္နဲ႔ကုတ္ဆြဲထားၿပီး ေအာ္မရယ္မိေအာင္ ထိန္းေနတာမို႔ စားဖို႔အတြက္ အာ႐ုံေကာင္းေကာင္း မရဘူး ျဖစ္ေနတယ္။

ဒီလိုနဲ႔ ၾကင္ဖက္ေတြပြဲရဲ႕ tempo အျမင့္ဆုံးအပိုင္း ေရာက္လာခဲ့တယ္။

"လူႀကီးေတြကေတာ့ ကြၽန္မတို႔ႏွစ္ေယာက္ကို ေတာ္ေတာ္ေလး လိုက္ဖက္တယ္တဲ့"

ဒီစကားၾကားေတာ့ ဝမ္ရိေပၚက ျပန္ေမးတယ္။

"ဘယ္ဟာေတြကလဲ"

Ms က်န္းဘက္က ခဏေလာက္ အသံတိတ္သြားၿပီးမွ ျပန္ေျဖတယ္။

"မိသားစုေနာက္ခံပဲ ၾကည့္မလား.. ေနာက္ၿပီး.."

ဝမ္ရိေပၚက စကားဆုံးေအာင္ မေစာင့္ဘဲ ၾကားျဖတ္လိုက္တယ္။

"အာ.. မိသားစုေနာက္ခံက လိုက္ဖက္ေနတာ.. ရွင္းရွင္း ေျပာရရင္ ပိုက္ဆံအခ်င္းခ်င္း လိုက္ဖက္တာမ်ိဳးေပါ့"

"ပိုက္ဆံဆိုေတာ့ ဥကၠဌေမာ္စီတုန္းရဲ႕ မ်က္ႏွာပါေနတဲ့ စကၠဴေတြေပါ့.. ဒါေပမဲ့ တစ္ခုရွိတာက ေမာ္စီတုန္းေတြ အမ်ားႀကီး ေပါင္းသြားတိုင္းလဲ ရလဒ္က ေကာင္းမယ္လို႔ အာမခံခ်က္ မရွိဘူး"

"......"

02

ဒီေလာက္ျဖစ္ေနတာေတာင္ Ms က်န္းက လက္မေလွ်ာ့ေသးဘူး၊ အခ်ိဳပြဲလာခ်တဲ့အထိ ေစာင့္ရင္း ေျပာဖို႔ ေခါင္းစဥ္တစ္ခု ထပ္ရွာတယ္။

"ရိေပၚ အထက္တန္းတုန္းက က်ပန္းဝယ္လိုက္တဲ့ ရွယ္ယာေတြကေန ၃ လအတြင္း ၅၀% ေလာက္အျမတ္ ရခဲ့တယ္လို႔ အန္ကယ္ဝမ္က ကြၽန္မကို ေျပာျပတယ္.. အဲဒါက ရွင့္ဘဝမွာ ပထမဆုံးအႀကိမ္ ရွာခဲ့ဖူးတဲ့ ပိုက္ဆံ ျဖစ္မွာေပါ့ေနာ္"

"ဟုတ္တယ္.. အဲဒါက ကံေကာင္းသြားတာပါ.. ဒါေပမဲ့ ကြၽန္ေတာ့္ဘဝမွာ ပထမဆုံးအႀကိမ္ ရွာဖူးတဲ့ ပိုက္ဆံက ဒါ မဟုတ္ဘူး"

ဝမ္ရိေပၚက အမဲသားကင္ကို ဓားနဲ႔ စမတ္က်က် လွီးျဖတ္ ေနရင္း ဆက္ေျပာတယ္။

"တကယ့္ ပထမဆုံးအႀကိမ္က မူလတန္းတုန္းက.. အဲဒီတုန္းက ကြၽန္ေတာ့္အစ္ကိုကို ေပးခ်င္တဲ့ စီနီယာအစ္မ တစ္ေယာက္ရဲ႕ ရည္းစားစာေတြကို ၾကားကေန သယ္ေပးရတာ.. အားလုံးေပါင္း ၂၁ ယြမ္ ရွာလို႔ ရခဲ့တယ္"

"ရွင့္မွာ အစ္ကို ရွိေသးတာလား"

ဝမ္ရိေပၚက ခပ္ၿပဳံးၿပဳံးနဲ႔။

"အစ္ကိုအရင္း မဟုတ္ဘူး.. ငယ္ငယ္ေလး ကတည္းက လမ္းထဲမွာ အတူကစားခဲ့တဲ့ အိမ္နီးခ်င္း အစ္ကို"

ဝမ္ရိေပၚ ဘာလို႔ ဒါကိုထုတ္ေျပာမွန္း ေရွာင္းက်န႔္ ခ်က္ခ်င္း သေဘာေပါက္သြားတာမို႔ ၾကားထဲက အျမတ္ထုတ္ခံခဲ့ရတာကိုေတာင္ သတိမထားမိေတာ့ဘဲ ေပါင္ကိုဆြဲဆိတ္ ရင္း မရယ္မိေအာင္ ထိန္းထားရျပန္တယ္၊ အဲဒီ အခ်ိန္မွာပဲ Ms က်န္းက မ်က္ႏွာ တစ္ခ်က္မဲ့လိုက္ၿပီး မွတ္ခ်က္ ေပးတယ္။

"ေဈးေပါလိုက္တာ"

ဒီစကားေၾကာင့္ ေရွာင္းက်န႔္ လန႔္သြားတယ္။

ေ႐ႊေပါင္ႀကီး ဝမ္ရိေပၚက ခ်က္ခ်င္းလက္ငင္း ေဈးက်သြားတာလား?

ရပ္ကြက္ေလးထဲမွာ ေနခဲ့လို႔ ေဈးက်တာလား?
ဒါမွမဟုတ္ ေရွာင္းက်န႔္လို လမ္းထဲက အစ္ကို ရွိေနလို႔ ေဈးက်တာလား?

ေရွာင္းက်န႔္ တစ္ေယာက္တည္း အေတြးမ်ားေနတုန္းမွာပဲ၊ ဝမ္ရိေပၚက လက္ထဲကိုင္ထားတဲ့ ခက္ရင္းနဲ႔ဓားကို ျပန္ခ်ထားလိုက္တယ္၊ ၿပီးတာနဲ႔ စားပြဲေပၚမွာ တေတာင္ႏွစ္ဖက္ ေထာက္ကာ Ms က်န္း မ်က္လုံးေတြထဲကို တည့္တည့္ၾကည့္လာတယ္။

"ေဈးက်သြားၿပီလား?"

ဝမ္ရိေပၚမ်က္ႏွာကို မျမင္ရတာမို႔ သူစိတ္ဆိုးေနတာလား၊ ရည္႐ြယ္ခ်က္ ျပည့္သြားလို႔ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနသလားဆိုတာေတာ့ ေရွာင္းက်န႔္မသိရဘူး။

"Ms က်န္း ဆီကေန ရင္းႏွီးျမဳပ္ႏွံတာနဲ႔ဆိုင္တဲ့ စကားမ်ိဳးထြက္လာၿပီဆိုမွေတာ့ ဒီစကားဝိုင္းက ေရွ႕ဆက္လို႔ ရသြားၿပီ.. သူမ်ား ရည္းစားစာကေန အျမတ္ထြက္ေအာင္ လုပ္တဲ့ျဖစ္စဥ္ကို ဘာလို႔မ်ား ေဈးေပါတယ္လို႔ သတ္မွတ္ရတာလဲ"

ဝမ္ရိေပၚက ေခါင္းအနည္းငယ္ ေစာင္းလိုက္ၿပီး သူ႔ေမးခြန္းရဲ႕အေျဖကို သူကိုယ္တိုင္ လိုက္ေတြးေတာေနသလို လုပ္တယ္၊ ၿပီးမွ ဆက္ေျပာတယ္။

"ပေရာ့ဂ်က္တစ္ခုကေန အက်ိဳးအျမတ္ ထြက္ဖို႔အတြက္ ဘယ္ေလာက္စြန႔္စားဖို႔လိုလဲ.. ကိုယ့္ဘက္က ႀကိဳတင္ ထုတ္ထားရမဲ့ အရင္းအႏွီး ဘယ္ေလာက္မ်ားမ်ားလိုလဲ ဆိုတာေတြကို ခင္ဗ်ား ေတြးဖူးလား"

"Ms က်န္းက ဒါေတြ မေတြးဖူးပါဘူး.. ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက သူငယ္ခ်င္းေတြနဲ႔ အေနာက္တိုင္း စားေသာက္ဆိုင္မွာ ပတ္စားမယ္.. နာမည္ႀကီးေပ့ဆိုတဲ့ ဘရန္းေတြမွာ ေရွာ့ပင္ထြက္မယ္.. filler ေတြ Botox ေတြထိုးဖို႔ ေနာက္ဆုံးေပၚ Beauty Clinic ေတြကို သြားမယ္.. တစ္ေန႔တေန႔ အဲလို ေဈးမေပါတဲ့အရာေတြ လုပ္ရင္းနဲ႔ အခ်ိန္ကုန္ေနတာ မို႔လို႔ေလ"

Filler ဆိုတဲ့ စကားထြက္လာေတာ့ Ms က်န္း မ်က္ေမွာင္ နည္းနည္းတြန႔္သြားတယ္၊ အဲဒါလုပ္ဖို႔ သိပ္မၾကာခင္က Beauty Clinic ကို သူသြားခဲ့ေသးတာ မဟုတ္လား၊ ဝမ္ရိေပၚလို စီးပြားေရးသမားက ဒါေတြပါသိေနမယ္လို႔ သူလုံး၀ မထင္ထားဘူး။

"ကြၽန္ေတာ့္အစ္ကိုအတြက္ ရည္းစားစာ ယူသြားေပးတာက အရင္းအႏွီးလဲ မလိုသလို.. စြန႔္စားစရာလဲ မလိုဘူး.. ကြၽန္ေတာ့္ အိမ္နဲ႔ေက်ာင္းက မီတာ ၁၅၀ ပဲေဝးတယ္.. ဒါေၾကာင့္ ၁ မီတာကို ၁၄ ဖန္ (Fen) ႏႈန္း ဝင္ေငြရတယ္.. အစ္ကို႔ အိမ္သြားတိုင္း သူကကြၽန္ေတာ့္ကို ႏို႔ေတာ္ဖီ ထပ္ေကြၽးေသးတာ"

ဝမ္ရိေပၚက ေျပာေနတာကို ရပ္လိုက္ၿပီး ခပ္ေထ့ေထ့ ရယ္လိုက္တယ္။

"ဒီေန႔ Ms က်န္းနဲ႔ ညစာလာစားရတာက ယြမ္၂၀ မရတဲ့အျပင္ အခ်ိန္ေရာ အင္နာဂ်ီေရာ ပိုက္ဆံပါ ကုန္တယ္"

ဝမ္ရိေပၚက ေမးမွာ ေထာက္ထားတဲ့ လက္ေတြကို ျပန္ခ်လိုက္တယ္။

ဝမ္ရိေပၚ ဘာေတြ ဆက္ေျပာမွာလဲ၊ ေရွာင္းက်န႔္ အဲဒီဘက္ကို ေငးေနမိတာ မ်က္ေတာင္ခတ္ဖို႔ေတာင္ ေမ့ေနတယ္၊ ဝမ္ရိေပၚက သူ႔အေရွ႕က မိန္းကေလးကို ယဥ္ယဥ္ေက်းေက်းပဲ ေမးခြန္းထုတ္လိုက္တယ္။

"ဘယ္သူက ပိုေဈးေပါေနလဲဆိုတာ Ms က်န္းပဲ ေျပာၾကည့္ပါဦး"

ဒါေပမဲ့ တစ္ဖက္လူဆီက ေဒါသတႀကီး ေျပာလာေတာ့မဲ့ အေျဖကို ဝမ္ရိေပၚက မေစာင့္ပါဘူး။

"ကုမၸဏီမွာ လုပ္စရာေလး က်န္ေနလို႔ အရင္ျပန္လိုက္ပါမယ္.. ေဘကိုေတာ့ ကြၽန္ေတာ္ ရွင္းသြားလိုက္ပါ့မယ္"

ဝမ္ရိေပၚထလာေတာ့ ေရွာင္းက်န႔္က အေရွ႕ ျမန္ျမန္ျပန္လွည့္ၿပီး ေခါင္းငုံ႔ေနတယ္၊ စကၠန႔္ အနည္းငယ္ၾကာမွ ျပန္ေမာ့ၿပီး ဝမ္ရိေပၚ ထြက္သြားၿပီလားဆိုတာကို ၾကည့္ဖို႔လုပ္တယ္။

ဒါေပမဲ့ ေခါင္းမေမာ့ခင္မွာဘဲ အေရွ႕ကေန လက္ေဖ်ာက္တီးသံ ၾကားလိုက္ရတယ္၊ မ်က္လုံးအဝိုင္းသားနဲ႔ ေမာ့ၾကည့္မိေတာ့ ျမင္လိုက္ရတဲ့လူေၾကာင့္ ေရွာင္းက်န္႔ ပါးစပ္ေလး ဟသြားတယ္၊ ဝမ္ရိေပၚက သူ႔ေခါင္းကို လက္နဲ႔ ဖြဖြတြန္းလိုက္ၿပီး။

"ျပန္မယ္.. ရယ္လို႔မဝေသးရင္ အိမ္ေရာက္မွပဲ ဆက္ရယ္ေတာ့"

03

ေလာကႀကီးမွာ အၿမဲတမ္း ကံေကာင္းေနတဲ့လူနဲ႔ အၿမဲတမ္း ကံဆိုးေနတဲ့လူဆိုတာ တကယ္ရွိတယ္၊ တခ်ိဳ႕က ေမြးကတည္းက ေ႐ႊဇြန္းကိုက္ၿပီး ေမြးလာတာ၊ တခ်ိဳ႕ကေတာ့ ေမြးလာကတည္းက တစ္ဘဝလုံး ဆင္းဆင္းရဲရဲေနဖို႔ ကံဇာတာက ပါလာၿပီးသား။

ဒါေပမဲ့ အၿမဲေပ်ာ္႐ႊင္ေနရမဲ့လူ၊ အၿမဲဝမ္းနည္းေနရမဲ့လူ ဆိုတာေတာ့ မရွိဘူး၊ ခ်မ္းသာၿပီး ေလယာဥ္ေတြ၊ ႐ြက္ေလွေတြ ဝယ္ႏိုင္ေပမဲ့ မေပ်ာ္မ႐ႊင္ ျဖစ္ေနတဲ့သူေတြ အမ်ားႀကီး ရွိမွာပဲ၊ ဆင္းရဲေနေပမဲ့ ပိတ္ရက္မွာ အနားရၿပီး သူမ်ားေဖာက္တဲ့ မီးရွဴးမီးပန္းေလး ေငးၾကည့္ခြင့္ ရတာေလးနဲ႔တင္ ေပ်ာ္႐ႊင္မႈကို ခံစားမိေနတာမ်ိဳးလဲ ျဖစ္ေနႏိုင္တာေပါ့။

ဒီေနရာမွာ တစ္ေယာက္ကို တစ္ေယာက္ လိုက္ယွဥ္ေနတာက အဓိပၸါယ္ မရွိဘူး။

ေရွာင္းက်န႔္ ဟန္သ်န႔္ စတူဒီယိုမွာ ေယာင္လည္လည္ ျဖစ္ၿပီး စိတ္ဓာတ္က်ေနတုန္းက သူ႔ေ႐ြးခ်ယ္ခဲ့တဲ့လမ္းက မွားေနသလား ဆိုၿပီး သံသယဝင္ခဲ့ဖူးတယ္၊ ဒါေပမဲ့ သူ႔ေ႐ြးခ်ယ္မႈ၊ သူ႔ဆုံးျဖတ္ခ်က္ရဲ႕ေနာက္ဆက္တြဲမို႔ ႀကဳံေနရတဲ့ အခက္အခဲကို သူမ်ားအေရွ႕မွာ အထုပ္ေျဖျပဖို႔ မေတြးခဲ့ဘူး။

ဝမ္ရိေပၚနဲ႔ ေကာေရွာင္ပါးက ေရွာင္းက်န႔္ကို ပစ္မထားခဲ့ပါဘူး၊ သူ႔အိမ္မက္ကို နားလည္ၾကတာမို႔၊ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္ခ်င္တဲ့ ဆုံးျဖတ္ခ်က္ကိုလဲ ေလးစားေပးၾကတယ္။

ဝမ္ရိေပၚဆီ အကူအညီ ေတာင္းလိုက္ေတာ့လဲ တရားဝင္ နည္းလမ္းနဲ႔ ကူညီေပးခဲ့တယ္၊ အသက္ဘယ္ေလာက္ႀကီးေနပါေစ လူတိုင္းမွာ အိပ္မက္မက္ခြင့္ရွိတယ္၊ ဝမ္ရိေပၚကေတာ့ ေရွာင္းက်န႔္ အိပ္မက္ေတြ အေကာင္အထည္ ေပၚလာေအာင္ ကူညီေပးဖို႔ ဆႏၵရွိေနတဲ့လူပဲ။

စားေသာက္ဆိုင္က ထြက္လာေပမဲ့ အိုးတိုးအမ္းတမ္း ျဖစ္ေနေသးတာမို႔ ဒီေလထုကို ၿဖိဳခြဲဖို႔အတြက္ ေရွာင္းက်န႔္ စကား စေျပာဖို႔ လုပ္တယ္၊ ဒါေပမဲ့ သုံးေယာက္လုံးရွိေနတဲ့ group chat ကို ေကာေရွာင္ပါးဆီက မက္ေဆ့ဝင္လာတယ္။

//ဂိမ္း Character ပုံၾကမ္း ၿပီးသြားၿပီ.. က်န႔္ေကာမ်က္ႏွာက 3D ဂိမ္း character ေတြအတြက္ အေတာ္ေလး သင့္ေတာ္တယ္.. အထက္ကလဲ ခြင့္ျပဳခ်က္က်ၿပီမို႔.. မားကတ္တင္းဘက္သြားဖို႔ပဲ က်န္လိမ့္မယ္//

စာနဲ႔အတူ ပုံပါတြဲလ်က္ ပါလာတယ္၊ ဖြင့္ၾကည့္လိုက္ေတာ့ ေရွာင္းက်န႔္နဲ႔ မ်က္ႏွာခပ္ဆင္ဆင္ လူပုံ character တစ္ခုျဖစ္ေနတယ္၊ သူက အမည္းေရာင္ဆံႏြယ္ကို အေနာက္မွာ အကုန္စုခ်ည္ထားၿပီး အနီေရာင္ နဖူးစည္း စည္းထားတယ္၊ ခမ္းနားတဲ့ ဝတ္႐ုံကလဲ ေလနဲ႔အတူ က်က္သေရရွိစြာ လႈပ္ရွားေနတယ္၊ လက္တစ္ဖက္မွာ ပေလြတစ္ေခ်ာင္း ကိုင္ထားေသးတယ္။

ေရွာင္းက်န႔္က ဖုန္းထဲကို မယုံၾကည္ႏိုင္သလို အခ်ိန္အေတာ္ၾကာေအာင္ ငုံ႔ၾကည့္ေနၿပီးမွ ဝမ္ရိေပၚကို ေမးလိုက္တယ္။

"မင္းနဲ႔ ထမင္းခ်ိဳး ဘာေတြပူးေပါင္းထားတာလဲ"

ေကာေရွာင္ပါးနဲ႔ ေျပာခဲ့တာ တစ္ပတ္ေလာက္ပဲ ရွိလိမ့္ဦးမယ္ ထင္တယ္၊ ဒီေလာက္ျမန္ျမန္ ပုံၾကမ္းထြက္လာတာမို႔ ဝမ္ရိေပၚ ေတာင္ ထမင္းခ်ိဳးအစြမ္းကို မ်က္ခုံးပင့္ခ်င္သြားတယ္၊ ၾကည့္ရတာ ထမင္းခ်ိဳးကို ဈာန္ဝင္သြားေအာင္ လုပ္ေပးလိုက္ႏိုင္တာ တစ္ခုခုရွိလို႔ ေနမယ္။

ဝမ္ရိေပၚက ေခါင္းၿငိမ့္ျပလိုက္ၿပီး။

"ထမင္းခ်ိဳးတို႔ ကုမၸဏီက ဒီႏိုင္ငံမွာ နာမည္အႀကီးဆုံး အြန္လိုင္းဂိမ္းကုမၸဏီ.. အခုေလာေလာဆယ္ မင္းကို လူေတြ သိပ္ၿပီး သတိမထားမိေသးဘူး.. ဒါေၾကာင့္ သူ႔ဆီက အကူအညီယူဖို႔ ေတြးလိုက္တာ.. ေနာက္ပိုင္း ေပၚျပဴလာျဖစ္လာရင္ ဒီလိုမ်ိဳး ဒီဇိုင္းဆြဲဖို႔ လြယ္လြယ္နဲ႔ ခြင့္ျပဳခ်က္ေပးမွာ မဟုတ္ဘူး"

ေရွာင္းက်န႔္အံ့ၾသသြားတာမို႔။

"မင္းကငါ့ကို ေပၚျပဴလာ ျဖစ္လာမယ္လို႔ ထင္ေနတာလား"

"ဒါေပါ့"

အထက္တန္းမွာ စေတာ့ရွယ္ယာ စ, ဝယ္တုန္းကေတာင္ ဝမ္ရိေပၚက တစ္ရက္ေလာက္ စဥ္းစားခဲ့ရေသးတယ္၊ အခုက်ေတာ့ နည္းနည္းေလးမွ ေတြေဝမေနဘဲ အေျဖတန္းေပးလိုက္တယ္၊ စာေပး,ေပးမယ္ဆိုၿပီး စီနီယာအစ္မႀကီးကို မလွိမ့္တပတ္ လုပ္ခဲ့တုန္းက အတိုင္းပဲ။

ဝမ္ရိေပၚက ၾကယ္ေလးေတြ ျဖန႔္ခင္းထားသလို တလက္လက္ ျဖစ္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေရွာင္းက်န႔္ကို ၾကည့္ေနရင္း။

"ေကာက က်ိန္းေသေပါက္ စတားျဖစ္လာမွာ.. သိပ္မၾကာေတာ့ဘူး.. ငါ့ကိုယုံ.."

04

အျပင္ေရာက္ေတာ့ အေတာ္ေလးေမွာင္ေနၿပီ၊ ေရွာင္းက်န႔္က သူဒီကို စက္ဘီးငွားၿပီးလာခဲ့တာကို သတိရသြားတယ္။

"မင္း ငါနဲ႔ ျပန္လိုက္ခ်င္လား"

လွ်ပ္စစ္စက္ဘီးက တဗ်င္းဗ်င္းေအာ္တဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြေလာက္ မမိုက္ဘူး၊ ဒါေၾကာင့္ ဝမ္ရိေပၚ ခဏေလာက္ တြန႔္ဆုတ္ ေနေသးတယ္၊ ၿပီးမွ အေနာက္ကေန ထိုင္လိုက္ဖို႔ သေဘာတူလိုက္တယ္။

အိမ္ျပန္လမ္းမွာ ေရွာင္းက်န႔္က သူသိခ်င္တာကို ေမးဖို႔လုပ္ တယ္။

"ဒါနဲ႔ မင္းငါ့ကို ဘယ္လိုလုပ္ ေတြ႕သြားတာလဲ.. ငါတစ္ခ်ိန္လုံး ကြယ္ၿပီး ေနတဲ့ဟာ"

ေနာက္ခုံမွာ ထိုင္လိုက္လာတဲ့ ဝမ္ရိေပၚက ေလတိုးတာေၾကာင့္ မ်က္လုံးေတြကို ေမွးက်ဥ္းထားလိုက္ရင္း ျပန္ေျဖတယ္။

"မေျပာဘူး ကိုယ့္ဟာကိုယ္ စဥ္းစား"

ငါက ဘယ္လိုလုပ္ၿပီး သိမွာလဲ?

ေရွာင္းက်န႔္က လက္မခံဘူး၊ အတင္းဂ်ီက်တယ္။

"အာ.. ဝမ္ရိေပၚ.. ေျပာျပ.. ေျပာျပ.. အိမ္ေရာက္တာနဲ႔ ညေနစာ ေကာင္းေကာင္းေလး ခ်က္ေကြၽးမယ္ေလေနာ္.. ေျပာျပလို႔.. ဝမ္ရိေပၚ.. ဝမ္ရိေပၚ.. ငါ့ကို အရိပ္အႁမြက္ေလးေတာ့ ျပေလ..ေနာ္"

အေနာက္က ဝမ္ရိေပၚကေတာ့ နည္းနည္းေလးေတာင္ မလႈပ္ဘူး။

မဟူရာညရဲ႕ေကာင္းကင္မွာ တိမ္မည္းေတြ ကင္းစင္သြားၿပီး လ ထြက္လာတဲ့အခါ ဝမ္ရိေပၚအၿပဳံးက ပိုၿပီး ထင္ထင္ရွားရွား ျဖစ္လာတယ္၊ သူ႔လက္ႏွစ္ဖက္က ေရွာင္းက်န႔္ရဲ႕အက်ႌ အစြန္းေလးေတြကို ကိုင္ထားတယ္၊ သူ႔ပုံစံက ဆိုင္ထဲမွာ ထက္စာရင္ အမ်ားႀကီး သက္ေတာင့္သက္သာ ရွိေနတယ္။

အခုမွ တကယ့္ Moonlight အစစ္အမွန္ကို ရွာေတြ႕တာ၊ ဒါနဲ႔ ယွဥ္လိုက္ရင္ေတာ့ အဆင့္ျမင့္အေနာက္တိုင္း စားေသာက္ဆိုင္က ေဈးက်သြားၿပီ။

ေနာက္ဆက္တြဲ

"ဘယ္ဟာေတြက လိုက္ဖက္ေနတာလဲ"

"မိသားစုေနာက္ခံပဲ ၾကည့္မလား.. ေနာက္ၿပီး.."

"အာ.. မိသားစုေနာက္ခံက လိုက္ဖက္တာဆိုေတာ့.. ရွင္းရွင္း ေျပာရရင္ ပိုက္ဆံအခ်င္းခ်င္း လိုက္ဖက္တာမ်ိဳးေပါ့"

"ပိုက္ဆံဆိုေတာ့ ဥကၠဌေမာ္စီတုံးရဲ႕ မ်က္ႏွာပါေနတဲ့ စကၠဴေတြေပါ့.. ဒါေပမဲ့ ေမာ္စီတုန္းေတြ အမ်ားႀကီး ေပါင္းသြားတိုင္းလဲ ရလဒ္က ေကာင္းမယ္လို႔ အာမခံခ်က္ မရွိဘူး"

ေရွာင္းက်န႔္က မထိန္းႏိုင္ဘဲ အူလႈိက္သည္းလႈိက္ ရယ္မိသြားတာမို႔ ေပါင္ေပၚ တင္ထားတဲ့ဖုန္းက ေလွ်ာခနဲ ျပဳတ္က်သြားတယ္၊ အဲဒါကို ငုံ႔ၿပီးေကာက္ေနရတဲ့အခါ သူတို႔ဘက္က ဆက္ေျပာေနတဲ့ စကားတခ်ိဳ႕ကို မၾကားလိုက္ရဘူး။

"ယြမ္ ၁၀၀ ေအာက္က ေငြစကၠဴတိုင္းမွာ ဥကၠဌေမာ္စီတုန္း ပုံေတြပါတယ္.. သူတို႔ထဲက အျမင့္ဆုံး ယြမ္ ၁၀၀ အခ်င္းခ်င္းထပ္တာကို မေကာင္းေသးဘူး ထင္တယ္ေပါ့.. ရွင္ဆိုရင္ေရာ ရလဒ္ေကာင္းရဖို႔အတြက္ ယြမ္၁၀၀ကို ဘာနဲ႔ေပါင္းမွာလဲ "

"တစ္ယြမ္ အေႂကြေစ့"

တကယ္ေတာ့ ဝမ္ရိေပၚရဲ႕အိုင္ဒီယာက Ms က်န္းနဲ႔ ဆန႔္က်င္ဘက္ပဲ၊ ဝမ္ရိေပၚက သူ႔သေဘာထားကို ခပ္ေအးေအးပဲ ရွင္းျပလိုက္တယ္။

"အခ်စ္ဆိုတာက တန္းတူရည္တူရွာၿပီး အလဲအလွယ္လုပ္တာ မဟုတ္ဘူး.. အခ်စ္က ယြမ္ ၁၀၀ ျပည့္ေအာင္ ျဖည့္ဖို႔လိုေနတဲ့ အေႂကြေစ့ ၁ယြမ္လဲ ျဖစ္ခ်င္ျဖစ္ေနႏိုင္တာပဲ"

[* 1 yuan = 10 jiao
1 jiao = 10 fen ]

Continue Reading

You'll Also Like

1M 39.6K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.3M 53.7K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 19.4K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
469K 7.2K 82
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...