ကိုယ့်ရဲ့ထာဝရနေမင်ကြီး ( Com...
By TtTt04419
49.5K 2.2K 114
Yizhan More
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
Ep_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_22
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Ep_30
Ep_31
Ep_32 Final
Ep_1
5.6K 145 8
By TtTt04419
" ဒီနေ့အပြင်သွားပြီး မြေးလေးကိုခေါ်သွားမယ်ဆို "
အပြင်သွားရင်ဘာလေးဝယ်ခဲ့ပေး၊ညာလေးဝယ်ခဲ့ပေးဆိုပြီးချွေးမဖြစ်သူစုယွဲ့ယွဲ့ကခိုင်းအုံးမှာဆိုတာသိလို့ ဉီးဝမ်ကျိုလင်ကရေနွေးကြမ်းတစ်ငုံမော့သောက်ရင်း စကားပြန်ပြောလိုက်တယ်။
" အင်း ဟုတ်တယ်။ငါ့ကိုဘာဝယ်ခဲ့ပေး၊ညာဝယ်ခဲ့ပေးလို့ဖုန်းဆက်မမှာနဲ့၊ငါကငါ့ငယ်သူငယ်ချင်းအိမ်မှာကြာကြာနေမှာမို့ နင်လိုချင်တဲ့ဟာတွေကို ငါဝယ်မပေးနိုင်ဘူး။ စကားမဆပ်ငါ့မြေးကိုပါခေါ်သွားမှာ ကြားတယ်နော် "
ဉီးဝမ်ကျိုးလင်ကပြောပြီးလို့အပေါ်ထပ်ကိုတန်းတက်သွားတော့ စုယွဲ့ယွဲ့သက်ပြင်းချမိသား။
မြေးနှစ်ယောက်ရှိတာကို၊အကြီးကောင်လေးကိုပဲချစ်နေတာ။မြေးအငယ်အတွက်တမရားဘူးလို့တော့ထင်တာပဲ။ပြောသာပြောရတာ၊တကယ်ကျလည်း စုယွဲ့ယွဲ့ရဲ့သားအငယ်ကောင်ကလည်းလိမ္မာပါတယ်၊ဘာလို့များအငယ်ကောင်ကိုသိပ်မချစ်ရတာလဲ။
_________________________
" ငါ့မြေး ပျင်းနေလား။ "
အဘိုးဖြစ်သူစကားကြောင့် မြေးဖြစ်သူဝမ်ရိပေါ်ကခေါင်းခါပြလိုက်တော့ အဘိုးဖြစ်သူကကောင်းတယ်ကောင်းတယ်ဆိုပြီးပြောကာ ခေါင်းညိမ့်ပြလာတယ်။
တကယ်ကျပျင်းတာပေါ့၊သူလည်းလူငယ်ပဲ၊ပျော်ချင်ကဲချင်တာပေါ့။မိဘတွေမသိအောင်သူငယ်ချင်းတွေနဲ့သွားသောက်မယ်ကြံတုန်း ဘိုးဘိုးကခဏအပြင်လိုက်ခဲ့ပါဆိုလို့ လိုက်သွားရတာ။
ဘိုးဘိုးကရဲတိုက်ကြီးလောက်ရှိတဲ့အိမ်ကြီးတစ်အိမ်ကိုခေါ်လာတာ၊အိမ်ထဲဝင်ပြီးဆိုတည်းကြမ်းပြင်မှာဖုန်တောင်မရှိဘူး၊လုံးဝသန့်ပြန့်ချောမွေ့နေတာပဲ။
ဆိုဖာကလည်းအကြီးကြီးပဲ၊လူလေးယောက်၊ငါးယောက်စာထိုင်ရတာ။စားပွဲခုံဆိုအကြီးကြီး၊သောက်စရာတွေအဆင်သင့်ချထားသည်။
" သူငယ်ချင်းဝမ်ကျိုးလင် "
" ဟာ ငါ့ကောင်ရှောင်းဖုန်း "
သူငယ်ချင်းနှစ်ယောက်တွေ့တာနဲ့နှုတ်ဆက်ကာဖက်ကြတော့တာပဲ။ဘိုးဘိုးရှောင်းဖုန်းကို ရိပေါ်ကြားဖူးပြီသား၊ဘိုးဘိုးရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတဲ့။
ငယ်ပေါင်းတွေတဲ့။
" ငါ့မြေးနဲ့မိတ်ဆက်ပေးမယ်ဆို "
ဘိုးဘိုးဝမ်ကျိုးလင်ကပြောတော့ ရိပေါ်ကဘိုးဘိုးဘက်ကိုလှည့်ကြည့်လိုက်သည်။ဘိုးဘိုးကတော့အရေးတောင်မစိုက်ပဲ၊သူ့သူငယ်ချင်းဘိုးဘိုးရှောင်းဖုန်းနဲ့ အားရပါရစကားပြောနေကြတော့ ရိပေါ်ဘာမှဝင်မပြောတော့ဘူး။
" မြေးမလေး ဆင်းလာခဲ့ "
လှေကားပေါ်ကဖြေးညင်းစွာဆင်းလာသောမိန်းကလေးကို ဝမ်ရိပေါ်မော့ကြည့်လိုက်မိတယ်။
တကယ်လှတယ်၊နက်မှောင်နေတဲ့ဆံပင်ရှည်လေးတွေကဖြောင့်တန်းနေတာပဲ။မျက်နှာလေးကသွယ်သွယ်လေး၊မိတ်ကပ်ကိုမသိသာပါးပါးလေးလိမ်းထားပြီး ရိုးရှင်းတဲ့ဂါဝန်ရှည်လေးကိုဝတ်ဆင်းထားလာသည်။
အဘိုးရှောင်းဖုန်းရဲ့ဘေးနားကိုထိုမိန်းမလှလေးကဝင်ထိုင်တော့ ဝမ်ရိပေါ်အကြိမ်ကြိမ်ငေးမိသား။ရိပေါ်ကအကြိမ်ကြိမ်ငေးကြည့်မိပေမယ့် မိန်းမသားပီသတဲ့ချူးမိန့်ကတော့တစ်ချက်မှတောင်မကြည့်ပဲခေါင်းလေးငုပ်ထားဆဲ။
" ငါ့မြေးနဲ့မင်းမြေးမလေးကို လက်ထပ်ပေးရမယ်ကွာ "
" ဒါပေါ့ "
" အားးး ကျန့်ကျန့် မသွားနိုင်ဘူးလို့ ပြောနေတယ်လေ ခုလွှတ် ခုလွှတ် "
ဘယ်ကအသံလဲ!ဆူညံနေတာပဲ၊အပေါ်ထပ်ကအသံကအောက်ထိတောင်ကြားရတာပဲလား။
အပေါ်ထပ်ကနေ ကျောင်းဝတ်စုံကိုပစ်ချလာတာကြောင့် ရိပေါ်အပါဝင်အကုန်လုံးကမော့ကြည့်လိုက်တော့ အပေါ်ထပ်မှာရပ်နေတဲ့ ပိန်ပိန်သေးသေးဖြူဖြူအုအုကောင်လေးတစ်ယောက်က ကျောင်းဝတ်စုံကိုပစ်ချနေတယ်။
" ကျန့်ကျန့်က ကျောင်းကိုဘယ်တော့မှသွားမှာမဟုတ်ဘူး! နောက်ဆိုကျန့်ကျန့်အိပ်နေရင် ကျောင်းသွားဖို့လာမနှိုးပါနဲ့ လာနိုးရင်ကျန့်ကျန့်အဆိုးမဆိုးနဲ့ အကုန်လုံးကိုအလုပ်ထုတ်ပစ်မယ် !!! "
ဟ ဘာလားပဲ၊လူကြည့်တော့သေးသေးကွေးလေး။
ကိုယ့်ထက်အဒေါ်အရွယ်လောက်ရှိတဲ့သူတွေပတ်ခနဲစွာနေလိုက်ပုံများက ရိုက်ချင်စရာလေး။
" ရှောင်းကျန့်မလား "
ဘိုးဘိုးဝမ်ကျိုးလင်ကပြောတော့ ဘိုးဘိုးရှောင်းဖုန်းကသက်ပြင်းအရှည်ကြီးချပြီး ခေါင်းညိမ့်ပြလာသည်။
" မင်းမြေးအငယ်လေးက ရိုင်းလိုက်တာနော် " လို့ဆိုပြီးဘိုးဘိုးဝမ်ကျိုးလင်ကပြောတော့ဘိုးဘိုးရှောင်းဖုန်းကအသည်းသန်ရှင်းပြလာတယ်။
" မဟုတ်ပါဘူးကွာ၊ကောင်လေးကသနားဖို့ကောင်းတယ်၊သူ့အသက်ဆယ်နှစ်အရွယ်မှာ မိဘနှစ်ယောက်ကွာရှင်းပြီး အမေလုပ်သူကကောင်လေးကိုပစ်ထားခဲ့တာလေ၊ကျန့်ကျန့်ကသူ့အမေကိုအရမ်းချစ်တာကွ၊အမေထွက်သွားပြီဆိုတည်းက ငါ့မြေးလေးကစားမဝင်အိပ်မပျော်နဲ့ငိုနေတာ၊ ကျန့်ကျန့်အသက်၁၂နှစ်အရွယ်မှာ သူ့အဖေကနောက်ထပ်မိန်းမယူတာ၊ "
ချူးမိန့်ကထိုနောက်မိန်းမရဲ့သမီးတဲ့လေ၊အဘိုးရှောင်းဖုန်းစကားကြောင့် ဝမ်ရိပေါ်ရော၊အဘိုးဖြစ်သူဝမ်ကျိုးလင်ပါအံ့ဩသွားရသည်။ရိပေါ်ထင်ထားတာက၊ကျန့်ကျန့်ဆိုတဲ့ကောင်လေးနဲ့ချူးမိန့်ကမောင်နှမအရင်းတွေဆိုတာကို။
တကယ်ကျမိထွေးဖြစ်သူရဲ့သမီးကချူးမိန့်ဆိုတာပဲ။
အစကတကယ်မထင်ထားဘူး၊တွေ့တွေ့ချင်းမောင်နှမအရင်းတွေလိုပဲထင်ထားခဲ့တာ။
" ငါထမင်းစားမယ် ခူပေး ချူးမိန့် "
ကိုယ့်ထက်အသက်ကြီးတဲ့အမတစ်ယောက်ကို
ချုးမိန့်လို့နာမည်တပ်ခေါ်ရဲတာကတော်တော်တော့ရိုင်းတာပါပဲ။
ဝမ်ရိပေါ်စိတ်ထဲမှာဤကောင်လေးကိုစိတ်ပျက်သွားမိတယ်။
ရုတ်တစ်ရက်ဆိုသလိုကျန့်ကျန့်ဆိုတဲ့ပိစိကွေးလေးကိုယ့်ဆီအကြည့်ရောက်လာတော့ ရိပေါ်လည်းအ
ကြည့်လွှဲလိုက်ရင် အအေးကိုသာဆက်သောက်ရသည်။
ကျန့်ကျန့်က ဆူပုတ်ပုတ်နဲ့ခြေဆောင့်ကာထမင်းစားခန်းထဲဝင်သွားတဲ့အထိရိပေါ်ငေးကြည့်လိုက်တယ်။အမဖြစ်သူချူးမိန့်ကထမင်းလေးခူးပေးပြီး၊
ကျန့်ကျန့်ကအဆင်သင့်စားပွဲဝိုင်းမှာဆူပုတ်ပုတ်ထိုင်နေသည်။
" ကျန့်ကျန့် ကြိုက်ရဲ့လားဟင် "
" ဟာ ဒီဟင်းကြီးကကျန့်ကျန့်မှမကြိုက်တာ၊ဘာလဲ ချူးမိန့်ကကျန့်ကျန့်ဘာမှစားချင်စိတ်မရှိအောင် တမင်သက်သက်ကျန့်ကျန့်မကြိုက်တဲ့ဟင်းတွေချက်ထားတာမလား။ "
" မဟုတ်ရပါဘူး မမက "
" ဆက်ရှင်းပြမနေနဲ့တော့ ကျန့်ကျန့်လည်းတစ်ယောက်တည်းမုန့်ဆိုင်မှာမုန့်ပဲစားတော့မယ် bye "
တားချိန်တောင်မရပဲကျန့်ကျန့်ကအိမ်ထဲကနေထွက်သွားတော့ ချူးမိန့်သက်ပြင်းချမိသား၊
ဘယ်ချိန်မှမမကိုစိတ်ကောက်ပြေမှာလဲ ရှောင်းကျန့်ရယ်။
" ဒါဆို ငါတို့​မြေးဖိုးနှစ်ယောက် အိမ်မှာကိစ္စလေးတွေရှိသေးလို့အိမ်ပြန်တော့မယ်ကွာ "
" အေးအေး "
နှုတ်လည်းဆက်ပြီးရောကားပေါ်တက်ခါနီး နေပါအုံးဆိုသည့်အသံကိုကြားလို့ရိပေါ်လှည့်ကြည့်လိုက်တော့ ချူးမိန့်ကပြေးလာနေသည်ကိုတွေ့လိုက်ရသည်။
ချူးမိန့်ကချွေးတွေထွက်ထွက်နဲ့ အခုလိုသူမကိုယ်တိုင်ချက်ပြုတ်ထားတဲ့အစားစားကို အပြေးလွှားလာပေးတာဆိုတော့ ရိပေါ်ပြုံးမိတယ်။
" ကျေးဇူးပါ ချူးမိန့် "
" ဟုတ်ကဲ့ "
ချူးမိန့်လက်ထဲကမုန့်ကိုလည်းယူပြီးရော ကားတံခါးပိတ်လိုက်သည်။ထို့နောက်ဘိုးဘိုးကပြုံးပြုံးကြီးကြည့်တော့ ရိပေါ်လည်းခပ်ပေါ့ပေါ့ပြုံးရယ်မိသည်။
ထီးလေးနဲ့အိမ်ထဲအမြန်ဝင်ပြေးသွားတဲ့ကျန့်ကျန့်ဆိုသူကောင်လေးကို ကားထဲကနေထိုင်ရင်းမြင်ဖြစ်အောင်မြင်လိုက်ရသည်။
______________________
စီးပွားရေးမေဂျာမှာမိန်းကလေးအသစ်ယောက်ပြောင်းလာတယ်ဆိုတည်းကသူငယ်ချင်းတွေကအလှလေးများဖြစ်မလားဆိုပြီး စတိုင်တွေဘာတွေအပြီပြင်ထုတ်ကာ ရောက်လာကြတော့ ဝမ်ရိပေါ်အလွန်ရယ်ချင်မိသား။
အပေါင်းသင်းက၄ယောက်ရှိတာ၊တစ်ယောက်ကလူရိုး၊တစ်ယောက်ကနှာဘူး၊နောက်တစ်ယောက်ကအနေအေး။
ကျိုးယိကလူအေးဆိုပေမယ့်မိန်းကလေးမြင်ရင်စတိုင်တွေအပြီပြင်ထုတ်တာ၊နှာဘူးသူငယ်ချင်းရှန်ချိုးနဲ့ကျိုးယိကတူတူပါပဲ၊ဘာမှမကွာဘူး။အနေအေးတဲ့သူငယ်ချင်းဖေးမင်စစ်ကတော့ သူဘာသာပန်းချီဆွဲ၊တည်ငြိမ်သူပေါ့။
စကားလည်းအရမ်းနည်းတယ်ရယ်။
" ငါသတင်းသိရပြီ စီးပွားရေးမေဂျာကိုပြောင်းလာမယ့်မိန်းကလေးနာမည်ကချူမိန့်တဲ့ ရှောင်းလုပ်ငန်းစစုသူဌေးကြီးရဲ့သမီး "
ရှန်းချိုစကားကြောင့် ရိပေါ်အံ့ဩသွားရတယ်။
နေပါအုံး ချူးမိန်ကစီးပွားရေးမေဂျာကိုပြောင်းမယ်တစ်ယောက်ဆိုတာထင်တောင်မထင်ထားဘူး။
တိုက်ဆိုင်လိုက်တာကွာ~~~~~
ကိုယ်အတွေးနဲ့ကိုယ်ပြုံးနေရင်း အနှောက်ယှက်ကောင်ခေါ်နှာဘူးကောင်ရှန်းချိုက စတင်ပြီးမေးခွန်းတွေမေးမြန်းနေပါပြီ။
" နေပါအုံး မင်းကဘာတွေပြုံးနေတာ "
" ဘာမှမဟုတ်ဘူး "
လိမ်သာပြောပြီး ချူးမိန့်အလာကိုမသိသာမျှော်လိုက်ရတယ်။
ဟော မကြာပါဘူး၊ချူးမိန့်ကသူ့တို့အခန်းထဲရောက်လာပြီး ကိုယ့်ကိုကိုယ်စတင်မိတ်ဆက်လာတယ်။ချူးမိန့်ကသူ့ဘေးနားထိုင်လာသည်။ချူးမိန့်ကတော့ သူ့ကိုသတိထားပုံမရဘူးထင်တယ်။
သတိထားမိအောင်လို့ဆိုကာ ရိပေါ်ကဘေးကနေချောင်းဟန့်လိုက်မှ ချူးမိန့်ကလှည့်ကြည့်လာသည်။
ကိုယ့်ကိုလည်းမြင်ရော " အယ် " ဆိုပြီးပြုံးကာကြည့်သည်။
" မနေ့ကအိမ်လာတဲ့တစ်ယောက်မလား "
" အင်း ဟုတ်တယ် နောက်ဆိုမှတ်ထား ငါနာမည်ကဝမ်ရိပေါ် "
" ငါနာမည်ကိုတော့မိတ်ဆက်စရာမလိုဘူးထင်
တယ်နော် "
ချူးမိန့်စကားကြောင့်ရိပေါ်ခေါင်းဆက်ဆက်ညိမ့်ပြလိုက်တယ်။
______________________
အတန်းပိုင်ဆရာမကအိမ်သာသွားဆေးရမယ်ဆိုတော့ အထက်တန်းကျောင်းသား၊ကျောင်းသူတွေအကုန် အိမ်သာဆေးဖို့ထွက်လာခဲ့ရတယ်။ထိုထဲမှာမှ အထက်တန်းကျောင်းသားရှောင်းကျန့်လေးရောပါတာပေါ့။
" နင်တို့တွေအိမ်သာသေချာဆေးနော် "
" ဆရာမ ကျန့်ကျန့်ကတော့မဆေးနိုင်ဘူး ကျန့်ကျန့်လိုသူဌေးသားလေးကအိမ်သာဆေးဖို့အဆင်ပြေမယ်မထင်ဘူးခင်ဗျ "
ကျောင်းသားရှောင်းကျန့်ကရဲတင်းလိုက်တာ!
အဖေကဘယ်လောက်ပဲချမ်းသာ၊အဘိုးကပဲဘယ်လောက်ချမ်းသာသာ၊အိမ်သာကမဖြစ်မနေဆေးကိုဆေးရမှာ။
ဒါပေမယ့်ကောင်လေးအဖေကသူ့သားလေးရှောင်းကျန့်သဘောအတိုင်းခွင့်ပြုလိုက်ပါဆရာမကိုအကြိမ်ကြမ်တောင်းဆိုနေလို့ ဆရာမလည်းလက်ခံရတာ။
အဖေမျက်နှာကြောင့်၊မဟုတ်ရင်ဒီကောင်လေးရှောင်းကျန့်သေပြီပဲ!
" ဟုတ်ပြီ ကဲ ကျန်တဲ့သူတွေကတော့ဆက်လုပ်ပေါ့နော် ကျောင်းသားရှောင်းကျန့်က နေသိပ်မကောင်းလို့မဆေးနိုင်ရှာဘူး "
" အဲ့ကောင်ရှောင်းကျန့်က သူဌေးသားဆိုပြီးမာန်တက်နေတာ အမလေး "
" ဟုတ်ပ "
" နင်တို့ဘာစောက်စကားပြောတာ မိန်းကလေးတွေဆိုပြီးငါကညှာမယ်ထင်နေတာလား ! "
ကျောင်းသားရှောင်းကျန့်ကလက်ညိုးထိုးပြီးအော်ပြောလာတော့၊ကျောင်းသူနှစ်ယောက်က ဝိုင်းရယ်ကြလာသည်။
ကိုယ့်ကိုဝိုင်းလှောင်ရီနေတော့ရှောင်းကျန့်လုံးဝသည်းမခံနိုင်တော့ဘူး။
ရှောင်းကျန့်ကအိမ်သာရေပုံးယူပြီးထိုကျောင်းသူနှစ်ယောက်ကိုစိုရွဲနေအောင်လှမ်းပတ်လိုက်တော့ထိုကျောင်းသူနှစ်ယောက်စလုံးကအာဗြဲနေအောင် အော်လာကြသည်။
" အားး "
" အားး နင်ဒါဘာလုပ်တာလဲ "
" ဟားဟား ငါပြောပြီးပြီလေ မိန်းကလေးတွေဆိုပြီးငါကညှာမယ်ထင်တာလား ဟမ် ! ငါကြိုပြောထားလိုက်မယ် ငါ့စောက်တင်းတုပ်တဲ့ကောင်တွေရော၊ကောင်မတွေရော ငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာမှတ်ထားလိုက် နောက်တစ်ခါဆိုအိမ်သာရေပုံးနဲ့ပဲပတ်မှာမဟုတ်ဘူး အိမ်သာတုတ်နဲ့ဆေးပေးလိုက်မယ် မှတ်သွားအောင် "
သေးသေးကွေးကွေးကျောင်းသားရှောင်းကျန့်ကို ကျန်တဲ့ကျောင်းသား၊ကျောင်းသူတွေ ဘာမှပြန်မပြောရဲကြပေ။ကျောင်းသားရှောင်းကျန့်ကိုသာ ပြန်လုပ်ရင် အကုန်လုံးတရားရုံးရောက်သွားကြမှာ၊သူ့အဘိုးကသူ့မြေးလုပ်ရင်တရားစွဲမယ်ဆိုကာခြိမ်းခြောက်ထားတော့ ကျောင်းသား၊ကျောင်းသူတွေငြိမ်ခံနေကြရသည်။
____________________
Zawgyi
သွားမယ်ဆို "
_________________________
" ငါ့မြေး ပျင်းနေလား။ "
ငယ်ပေါင်းတွေတဲ့။
" မြေးမလေး ဆင်းလာခဲ့ "
" ဒါပေါ့ "
ဟ ဘာလားပဲ၊လူကြည့်တော့သေးသေးကွေးေ လး။
" ရှောင်းကျန့်မလား "
" မဟုတ်ရပါဘူး မမက "
" အေးအေး "
" ကျေးဇူးပါ ချူးမိန့် "
" ဟုတ်ကဲ့ "
______________________
" ဘာမှမဟုတ်ဘူး "
______________________
" ဟုတ်ပ "
" အားး "
" အားး နင်ဒါဘာလုပ်တာလဲ "
____________________
Continue Reading
You'll Also Like
96.2K 3.2K 52
"𝐓𝐫𝐮𝐭𝐡, 𝐝𝐚𝐫𝐞, 𝐬𝐩𝐢𝐧 𝐛𝐨𝐭𝐭𝐥𝐞𝐬 𝐘𝐨𝐮 𝐤𝐧𝐨𝐰 𝐡𝐨𝐰 𝐭𝐨 𝐛𝐚𝐥𝐥, 𝐈 𝐤𝐧𝐨𝐰 𝐀𝐫𝐢𝐬𝐭𝐨𝐭𝐥𝐞" 𝐈𝐍 𝐖𝐇𝐈𝐂𝐇 Caitlin Clark fa...
214K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
313K 9.4K 101
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
599K 12.8K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...