ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်...

By Boss_want_to_eat_you

1M 157K 3.8K

BOOK-1>Arc(1)-Arc(8) လင်ခုံးလုသည် ခွေ့ချွမ်းကမ္ဘာတွင် အမြှောက်စာဇာတ်ကောင်ဖြစ်ကာ အဓိကဇာတ်ဆောင်ထက်ပင်ပို၍ဆန်ကုန... More

Description
[၁] Arc|1| စေ့စပ်ထားသောသတို့သားလောင်း။
[၂] စေ့စပ်ထားသောသတို့သားလောင်း။
[၃] စေ့စပ်ထားသောသတို့သားလောင်း။
[၄] စေ့စပ်ထားသောသတို့သားလောင်း။
[၅] စေ့စပ်ထားသောသတို့သားလောင်း။
[၆] စေ့စပ်ထားသောသတို့သားလောင်း။
[၇] စေ့စပ်ထားသောသတို့သားလောင်း။
[၈] စေ့စပ်ထားသောသတို့သားလောင်း။
[၉] စေ့စပ်ထားသောသတို့သားလောင်း။
[၁၀] စေ့စပ်ထားသောသတို့သားလောင်း။
[၁၁] စေ့စပ်ထားသောသတို့သားလောင်း။
[၁၂] စေ့စပ်ထားသောသတို့သားလောင်း။
[၁၃] စေ့စပ်ထားသောသတို့သားလောင်း။
[၁၄] စေ့စပ်ထားသောသတို့သားလောင်း။
[၁၅] စေ့စပ်ထားသောသတို့သားလောင်း။
[၁၆] စေ့စပ်ထားသောသတို့သားလောင်း။
[၁၇] စေ့စပ်ထားသောသတို့သားလောင်း။
[၁၈] စေ့စပ်ထားသောသတို့သားလောင်း။
[၁၉] စေ့စပ်ထားသောသတို့သားလောင်း။
[၂၀] စေ့စပ်ထားသောသတို့သားလောင်း။
[၂၁] စေ့စပ်ထားသောသတို့သားလောင်း။
[၂၂] စေ့စပ်ထားသောသတို့သားလောင်း။
[၂၃] စေ့စပ်ထားသောသတို့သားလောင်း။
[၂၄] စေ့စပ်ထားသောသတို့သားလောင်း။
[၂၅+၂၆] စေ့စပ်ထားသောသတို့သားလောင်း။
[၂၇] Arc|2| ဘုရင်ခံမင်းသား။
[၂၈] ဘုရင်ခံမင်းသား။
[၂၉] ဘုရင်ခံမင်းသား။
[၃၀] ဘုရင်ခံမင်းသား။
[၃၁] ဘုရင်ခံမင်းသား။
[၃၂] ဘုရင်ခံမင်းသား။
[၃၃] ဘုရင်ခံမင်းသား။
[၃၄] ဘုရင်ခံမင်းသား။
[၃၅] ဘုရင်ခံမင်းသား။
[၃၆+၃၇] ဘုရင်ခံမင်းသား။
[၃၈] ဘုရင်ခံမင်းသား။
[၃၉] Arc|3| ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၀] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၁] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၂] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၃] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၄] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၅] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၆] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၇] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၈] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၄၉] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၅၀] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၅၁] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
[၅၂] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း|အချပ်ပို-၁|
[၅၃] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း |အချပ်ပို-၂|
[၅၄] Arc|4| မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၅၅] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၅၆] မသန်စွမ်းရေသူထီးနှင့်လက်ထပ်ခြင်း။
[၅၇] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၅၈] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၅၉] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၀] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၁] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၂] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၃] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၄] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၅] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၆] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၇] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၈] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၆၉] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၇၀] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၇၁] မသန်စွမ်းရေသူမင်းသားနှင့်လက်ထပ်ခြင်း။
[၇၂] Arc|5|သူဌေးကြီးနှင့်အစားထိုးခံ။
[၇၃] သူဌေးကြီးနှင့်အစားထိုးခံ။
[၇၄] သူဌေးကြီးနှင့်အစားထိုးခံ။
[၇၅] သူဌေးကြီးနှင့်အစားထိုးခံ။
[၇၆] သူဌေးကြီးနှင့်အစားထိုးခံ။
[၇၇] သူဌေးကြီးနှင့်အစားထိုးခံ။
[၇၈+၇၉] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၀] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၁] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၂] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၃] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၄] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၅] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၆] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၇] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၈] သူဌေးကြီးနှင့်အစားထိုးခံ။
[၈၉] သူဌေးကြီးနှင့်အစားထိုးခံ။
[၉၀] သူဌေးကြီးနှင့်အစားထိုးခံ။
[၉၁] သူဌေးကြီးနှင့်အစားထိုးခံ။
[၉၂] သူဌေးကြီးနှင့်အစားထိုးခံ။
[၉၃] သူဌေးကြီးနှင့်အစားထိုးခံ။
[၉၄] လင်ဇိုင်းဇိုင်း၏အဖေရှာပုံတော်။
[၉၅] Arc|6| ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၉၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၉၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၉၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၉၉]ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၀၉] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၁၉] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၀] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၇] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။
[၁၂၉] Arc|7| အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃ဝ] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၃၉] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၀] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၄၉] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၂] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း ။
[၁၅၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၆] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၇] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။
[၁၅၉] Arc|8| တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၆] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၇] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၈] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၆၉] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၆] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၇] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၈] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၇၉] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
[၁၈၅] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။
Announcement(Must read)

[၁၅၀] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3K 566 12
By Boss_want_to_eat_you

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၂)။

သူ့မျက်ဝန်းထဲကစိတ်ခံစားချက်မှာချောက်နက်ပမာနက်မှောင်လှပြီး အလွန်ညှို့အားပြင်းလှသဖြင့် သူတစ်အောင့်ကြာစကားပြောရန်မေ့သွားရသည်။

သို့သော်တစ်ဖက်လူကအနားတိုးသထက်တိုးကပ်လာသဖြင့် သူအန္တရာယ်အရိပ်အယောင်ကိုအလိုလိုအာရုံခံမိသွားကာ သိပ်မဝေးသောနေရာမှာရှိနေသည့်ဝမ်ရင်နှင့်အခြားသူများကသူတို့၏ရင်းနှီးသောကိုယ်နေဟန်ထားကိုမြင်သွားမှာစိုးလို့ သူအလိုလိုလက်မြှောက်ကာအရံအတားတည်လိုက်မိသည်။

သို့သော်ဒီဟာကရှဲ့ကျင်းဟုန်ကိုအလိုလိုက်သလိုဖြစ်သွားကာ သူ့ကိုအတားအဆီးအနားကပ်လာစေသည်။

"ရှစ်စွင်း။" တစ်ဖက်လူ၏ပုံရိပ်ကသူ့ကိုတဝိုးတဝါးအုပ်မိုးသွားပုံမှာ သူ့ခါးကိုအသာဆုပ်ကိုင်ရုံမျှဖြင့်သူ့ကိုရင်ခွင်ထဲဆွဲသွင်းလို့ရသည့်အလား။

ဖိနှိပ်မှုအနည်းငယ်ကိုခံစားမိတော့ လင်ခုံးလုအလိုလိုခေါင်းမော့လိုက်ပြီး သူ့မျက်နှာထားမှာတည်ငြိမ်ပုံပေါက်ပေမဲ့ သူ၏မျက်တောင်မွှေးများမှာတော့မသိမသာလှုပ်ခတ်လို့နေသည်။ သူကရှဲ့ကျင်းဟုန်ကူဝတ်ပေးထားသည့်ဝတ်ရုံနီကိုဝတ်ထားတုန်းဖြစ်ပြီး သူ၏ငွေရောင်ဆံပင်မှာမသိမသာဖရိုဖရဲဖြစ်လျက် သူဟာအေးစက်ကာကြီးမြတ်လှသည်။

ရှဲ့ကျင်းဟုန်ကသူ့ကိုအဝတ်ကူလဲပေးခဲ့စဥ်ကမြင်ကွင်းကိုပြန်မြင်ယောင်ကြည့်မိကာ သူ့မျက်လုံးနက်မှောင်သွားပြီး ကိုယ်ကိုင်းကာနားထဲမှာတီးတိုးဆိုလိုက်သည်။
"ကျွန်တော်ရှစ်စွင်းကိုစိတ်ကျေနပ်မှုရှိတယ်၊ ရှစ်စွင်းကော...ကျွန်တော့်ကိုစိတ်ကျေနပ်မှုရှိရဲ့လား။"

လင်ခုံးလုမှာသူ၏အငွေ့အသက်များထံမှလုံးဝလွှမ်းမိုးခံလိုက်ရပြီး သူ့ဦးရေပြားထုံကျင်သွားရပေမဲ့ ထို့နော​က်တစ်ခုခုမှားနေမှန်းသတိထားမိသွားသည်။

အိပ်မက်၏လွှမ်းမိုးမှုအောက်မှာ သူတို့ကမသေမျိုးလက်တွဲဖော်များဖြစ်နေပြီးဖြစ်ကာ သူတို့ကအလွန်ချစ်ကြပြီး သူတို့က....ကလေးပင်ရနေပြီဟုရှဲ့ကျင်းဟုန်ကအမြဲထင်နေခဲ့တာကို ဘာလို့ရုတ်တရက်ကြီးအချစ်ကိုဝန်ခံပြီးတော့ သူလဲသူ့ကိုသဘောကျလားလို့မေးလာရတာလဲ။

သူခုနကမျက်စိမှိတ်အနားယူနေတုန်းက တစ်ဖက်လူကသူ့သွေးခုန်နှုန်းကိုစမ်းကြည့်ခဲ့တာကိုသူရုတ်ခြည်းမှတ်မိသွားကာ ချက်ချင်းနားလည်သွားတော့သည်။

သူသူ့နားသန်သီးကိုထိတော့မည့်ရှဲ့ကျင်းဟုန်၏နှုတ်ခမ်းများကိုခေါင်းစောင်းရှောင်ကာ တစ်ဖက်လူ၏မျက်ဝန်းထဲကိုအလိုလိုစိုက်ကြည့်ပြီးမေးလိုက်သည်။
"မင်းပြန်ကောင်းလာပြီလား။"

ရှဲ့ကျင်းဟုန်မှာသိသိသာသာကိုတောင့်ခဲသွားရသည်။ သူအိပ်မက်၏သက်ရောက်ခြင်းခံရစဥ်တအားတုံးအလွန်းခဲ့တာကြောင့်ရှက်သွားတာမဟုတ်ဘဲ....သူ့အိပ်မက်ထဲတွင်သူ့မှာမိစ္ဆာအရှင်မော့ရွှမ်သရုပ်ရှိခဲ့တာကိုသူမှတ်မိသွားလို့ပင်။ နေ့ဘက်မှာတုန်းက ယွမ်ပုရှုကသူ့ကို"အရှင်"ဟုခေါ်လုမတတ်ဖြစ်သွားခဲ့သည်။ ရှစ်စွင်းသံသယဖြစ်သွားတာများလား။

သို့သော်သူတွေးကြည့်မိတော့သိပ်မသေချာပေ။

သူ့အိပ်မက်ထဲမှာ မိစ္ဆာအရှင်မော့ရွှမ်အပြင် ရှစ်ရှုန်း၊ ရှစ်စွင်း၊ စာကြည့်ဆောင်၏ကြီးကြပ်စောင့်ရှောက်သူဆိုသည့်သရုပ်သုံးခုပါရှိခဲ့သည်။ သူကရှစ်စွင်းကိုကိုယ်ဝန်လွယ်ခွင့်ပေးခြင်းကဲ့သို့သောကိစ္စမျိုးကိုပါစိတ်ကူးယဥ်ခဲ့သည်။ အဲ့ဒါကြောင့်မို့သူအတွေးလွန်သွားတာကို ရှစ်စွင်းကအတည်မယူတာလား။

ယွမ်ပုရှုကတော့ ထိုအချိန်တုန်းကသူ"အရှင်(ကျူး)"ဟုပြောထွက်ခဲ့တာက "ရပ်လိုက်(ကျူးရှို့)"ဟုဆိုလိုနိုင်သကဲ့သို့ ချန်းမျန့်က"အရှင်(ကျူးရှန်)"ဟုခေါ်တာဖြစ်နိုင်သည်။ အဆုံးမှာတော့ထိုအချိန်ကချန်းမျန့်မှာသူအဖြစ်ဟန်ဆောင်နေသဖြင့် လူတိုင်းကချန်းမျန့်ကိုမိစ္ဆာအရှင်ဟုထင်သွားကြသည်။ ခြုံပြောရရင် မျက်မှော​က်ရှိလူတစ်ယောက်ကမှသူ့ကိုခေါ်သည်ဟုမထင်ကြပေ၊ ထိုအချိန်ကရှစ်စွင်းဟာလည်းချန်းမျန့်ကိုတိုက်ခိုက်နေသဖြင့် သူသတိမထားမိခဲ့လောက်ပေ။

ရှဲ့ကျင်းဟုန်မှာနေ့ဘက်တုန်းကချန်းမျန့်ကိုသတ်ပစ်ချင်လုမတတ်ဖြစ်သွားရပေမဲ့ အခုတော့တစ်ဖက်လူအဲ့တုန်းကသူအဖြစ်ဟန်ဆောင်​​နေခဲ့တာကောင်းသောအရာဖြစ်လောက်သည်ဟုသူခံစားလိုက်ရသည်။

အမှန်တော့အရေးကြီးဆုံးအရာမှာ သူအိပ်မက်ထဲကထွက်လာပြီးနောက်မှာ ရှစ်စွင်းကသူ့ကိုစိမ်းကားသွားခြင်းမရှိဘဲ အသိစိတ်ပင်လယ်ထဲမှာသူနှင့်အတူနှစ်ကိုယ်တွဲပင်ကျင့်ကြံချင်ခဲ့သည်။ ဒီရှုထောင့်မှနေ၍ ရှစ်စွင်းသူ့ကိုသံသယဝင်ဝင်မဝင်ဝင်ကိစ္စမရှိပေ၊ ကိစ္စများမှာအဆိုးဆုံးအခြေအနေမှာမရှိ။

ရှဲ့ကျင်းဟုန်တိတ်တခိုးသက်မချလိုက်မိပြီး သူ့လက်ကျန်ဘဝမှာမဖုံးကွယ်ထားချင်ပေမဲ့ ဒီအချိန်ကဝန်ခံရမည့်အချိန်မဟုတ်ပေ။

"ရှစ်စွင်းဒေါသထွက်သွားလား။ ကျွန်တော်အိပ်မက်ထဲမှာ..." သူစမ်းကြည့်လိုက်သည်။

သူတကယ်ပုံမှန်ပြန်ဖြစ်သွားတာမြင်တော့ လင်ခုံးလု၏မျက်နှာထားမသိမသာတောင့်ခဲသွားရပြီး သူ့တပည့်၏ဇနီးဖြစ်ခဲ့ရသည့်ရှက်ရွံ့မှုကိုသတိရသွားသည့်အလား။ သူမသိမသာခေါင်းလှည့်ကာတီးတိုးဆိုလို​က်သည်။
"မင်းပြန်ကောင်းလာတာ​ကောင်းတယ်။ အရာအားလုံးကိုပင့်ကူအမကြိုးကိုင်ခဲ့တာ၊ မင်းကဒီတိုင်းအ​ဆိပ်မိသွားတာဆိုတော့ရင်ထဲမထားနဲ့ ၊ အနာဂတ်မှာအဲ့အကြောင်းထပ်ပြောဖို့မလိုဘူး။"

သူ့လေသံမှာတည်ငြိမ်အေးဆေး​နေပေမဲ့ သူ့နားရွက်ဖျားကတော့မသိမသာနီစွေးနေသဖြင့် သူဟာသူ့တည်ငြိမ်မှုကိုထိန်းသိမ်းရန်ကြိုးစားနေရမှန်းဖော်ပြလို့နေသည်။

အမှန်ပဲ၊ အိပ်မက်ထဲမှာသူ့တပည့်ဆီကနေအဲ့လိုမျိုးဆက်ဆံခံရပြီးတော့ နိုးလာပြီးနောက်မှာလည်းဇနီးအဖြစ်သတ်မှတ်ခံရတဲ့အပြင် ကလေးပါလွယ်ထားရတယ်လို့အထင်ခံရတာကိုဘယ်ဆရာကမရှက်ဘဲ​နေမှာလဲ။ ဒေါသမထွက်တာကံကောင်းနေပြီ။

ရှဲ့ကျင်းဟုန်မျက်လွှာအသာချလိုက်မိပြီး ယခင်ကပျော်ရွှင်မှုအများစုပျော​က်ကွယ်သွားရသည်။

ရှစ်စွင်းကယခင်အရံအတားဆီပြန်သွားပြီး​တော့သာမန်ဆရာတပည့်ဆက်ဖြစ်ချင်ပေမဲ့...ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ စည်းကျော်ပြီးရင်ပြန်သွားလို့ရနိုင်အုံးမယ်တဲ့လား။

ရှဲ့ကျင်းဟုန်သဘောမတူပေ၊ သိပ်မကြာသေးခင်ကအသိစိတ်ပင်လယ်၏နှစ်ကိုယ်တွဲကျင့်ကြံခြင်းကိုတွေးမိသွားသည်။ ထိုအချိန်တုန်းကရှစ်စွင်းကသူ့ရင်ခွင်ထဲမှာရှိ​နေပြီး သူ့မျက်နှာမှာရှက်သွေးဖြာလို့နေကာ သူ၏အေးစက်စက်မျက်ဝန်းများမှာမြူနှင်းဝေလျက် သူ့ကိုတိတ်တိတ်လေးတောင်းတောင်းဆိုဆိုကြည့်နေခဲ့သည်။

အိပ်မက်ကအတုလို့ပြောရင်တောင် နိုးလာပြီးနောက်မှာ ပုံမှန်မဖြစ်သေးတဲ့သူနဲ့ အသိစိတ်ပင်လယ်ထဲမှာနှစ်ကိုယ်တွဲကျင့်ကြံခဲ့တာကကော?

"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်း၁ ၁...၃၀။ လက်ရှိနှစ်သက်မှုနှုန်း၈၆။"

"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်း၅၊ လက်ရှိနှစ်သက်မှုနှုန်း၉၁။"

0687ကရုတ်တရက်တစ်ခုပြီးတစ်ခုထုတ်လွှင့်ကာ ထပ်ပေါင်းပြောလာသည်။
"စမ်းသပ်ချက်အရဆို ၂၆ကနေ၈၆ကအသိစိတ်ပင်လယ်ထဲမှာနှစ်ကိုယ်တွဲကျင့်ကြံတုန်းကတက်လာခဲ့တာ၊ အဲ့တုန်းကစနစ်အပိတ်ခံထားရတော့ရှာမတွေ့ခဲ့ဘူး။ နောက်တော့ရှာတွေ့ပေမဲ့လည်း ဇာတ်လိုက်ကအဆိပ်မိပြီးသူ့စိတ်ပုံမှန်မဟုတ်ဘူးလို့ယူဆရတော့ ရုတ်တရက်၆၀တက်လာတာကတကယ့်ဒေတာအစစ်မဟုတ်လောက်ဘူးဆိုတော့မထုတ်လွှင့်ခဲ့တာ။ အခုပဲ၇၆ကနေ၉၁ကိုတက်လာပြီ။"

လင်ခုံးလု: "...." ရုတ်တရက်၆၀တက်လာတာကမမှန်ဘူးတဲ့လား။ ငါရုတ်တရက်ပြုတ်ကျသွားတုန်းကမမှန်ဘူးလို့မင်းပြောတာကိုငါဘာလို့မကြားမိရတာလဲ။

ပြီးတော့နှစ်ကိုယ်တွဲကျင့်ကြံတာကဒီလောက်အများကြီးတက်နိုင်တယ်လား။ ဒါကဒီတိုင်းအသိစိတ်ပင်လယ်ထဲမှာနှစ်ကိုယ်တွဲကျင့်ကြံတာလေးပဲကို၊ တကယ်လို့....ဒါဆိိုဒီတိုင်းဘာလို့မဖြည့်လိုက်တာလဲ။

ထိုစဥ်ရှဲ့ကျင်းဟုန်ကနှုတ်ခမ်းတင်းတင်းစေ့ကာ သူ့ကိုဖြည်းဖြည်းချင်းခေါင်းလှည့်စေပြီး သူနှင့်မျက်လုံးချင်းဆုံရန်တွန်းအားပေးကာနူးညံ့စွာဆိုလိုက်သည်။
"ရှစ်စွင်းကျွန်တော့်ကိုမလိုချင်ဘူးလားဟင်?"

လင်ခုံးလုတောင့်တင်းသွားရကာ ရုန်းထွက်ရန်ကြိုးစားမိသည်။

အဆုံးမှာသူကဂိုဏ်း၏ဂိုဏ်းချုပ်တဖြစ်လဲမ​သေမျိုးဓားသမားတစ်ယောက်ဖြစ်သည်။ သူကတပည့်ကိုပညာသင်ကြားပေးပြီးဂရုစိုက်ပေးရမှာကို ဘယ်လိုလုပ်...

ရှဲ့ကျင်းဟုန်ကခွင့်မပြုဘဲ သူ့မျက်နှာဘေးကိုသူ့လက်ဝါးများဖြင့်ဖိကာ သူ့ကိုခေါင်းမလှည့်ခိုင်းဘဲခပ်တိုးတိုးပြောလိုက်သည်။
"ရှစ်စွင်းလဲကျွန်တော့်ကိုသဘောကျတယ်မလား။"

လင်ခုံးလု၏မျက်နှာရုပ်ဆိုးသွားရပြီး သူ့လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာဆွဲဖယ်လိုက်ပြီး သူ့ကိုခပ်တိုးတိုးအပြစ်တင်လို​က်သည်။
"အတင့်ရဲ​လိုက်တာ။"

ရှဲ့ကျင်းဟုန်ကသူ့လက်ချောင်းထိပ်များကိုလက်နောက်ပြန်ဆွဲကိုင်ကာ အတိုက်အခံပြုစွာဆိုလာသည်။
"ဒါကအတင့်ရဲတာလား။ ဒါပေမဲ့ကျွန်တော်မှတ်မိပါသေးတယ်၊ ကျွန်တော်တို့အသိစိတ်ပင်လယ်ထဲမှာနှစ်ကိုယ်တွဲကျင့်ကြံတုန်းက ရှစ်စွင်း..."

"တော်တော့။" လင်ခုံးလုသူ့ပါးစပ်ကိုအလျင်စလိုလှမ်းအုပ်လိုက်မိပြီး အရံအတားရှိ​နေသဖြင့် အပြင်ကလူများမမြင်နိုင်မကြားနိုင်မှန်းသိပေမဲ့ အလိုလိုအသံတိုးကာပြောမိသည်။
"အဲ့ကိစ္စကမတော်တဆပဲ၊ နောက်ထပ်ထပ်မပြောနဲ့တော့။"

ရှဲ့ကျင်းဟုန်၏မျက်လုံးနက်မှောင်သွားကာ သူ့လက်ကိုကိုင်ပြီးခပ်ဖွဖွနမ်းရှိုက်လိုက်သည်။

သူ့လက်ဖဝါးမှာမီးရှုးမီးပန်းများကြောင့်လောင်ကျွမ်းသွားသည့်အလား ပူခြစ်တောက်နေသည်ဟုလင်ခုံးလုခံစားလိုက်ရကာ သူပြန်ဆွဲလိုက်ချင်မိသည်။

ရှဲ့ကျင်းဟုန်သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး သူ့လက်ဖဝါးကိုသူ့နှလုံးသားပေါ်ဖိကပ်လိုက်ပြီးနောက် သူ့လက်ဖဝါးကိုသူ့ရင်ဘတ်ပေါ်ဖိကပ်ကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။
"ရှစ်စွင်းလဲကျွန်တော့်ကိုသဘောကျတာပဲကို ဘာလို့ဝန်မခံရတာလဲ။"

"အဓိပ္ပါယ်မရှိတာ။"
လင်ခုံးလုခပ်တိုးတိုးဆူငေါက်လိုက်ပြီး သူ့လက်ကိုပြန်ဆွဲယူရန်ကြိုးစားလိုက်ပေမဲ့ သူ့နားရွက်များကတော့နီစွေးနေပြီပင်။

ရှဲ့ကျင်းဟုန်လွှတ်ပေးဖို့ငြင်းဆန်ပြီး သူ့မျက်လုံးနောက်လိုက်ကာ အလေးအနက်ပြောလိုက်သည်။
"ရှစ်စွင်း၊ မိစ္ဆာနန်းတော်မှာတုန်းကကျွန်တော်တို့ကိုယ်ထဲဝင်သွားတဲ့အချစ်ကူကောင်ကိုမှတ်မိသေးလား။ အဲ့ဒါကူကောင်သားအမိပဲ၊ ရှစ်စွင်းမိခဲ့တာကအမေကူကောင်။ ကျွန်တော့်ကိုယ်ထဲမှာကလေးကူကောင်။ ကလေးကူကောင်ရဲ့လက်ခံကိုယ်ကအမေကူကောင်လက်ခံကိုယ်ရဲ့စိတ်အခြေအနေကိုခံစားနိုင်တယ်၊ အခုချိန်မှာရှစ်စွင်းအရမ်းပျော်နေပြီးတော့ ရှစ်စွင်းလဲကျွန်တော့်ကိုသဘောကျတယ်ဆိုတာကျွန်တော်သေချာကြီးခံစားမိတယ်။"

အခုဆိုလင်ခုံးလုလည်းရှက်သွေးဖြာနေပေမဲ့ ဆရာတစ်ယောက်အနေနှင့် တပည့်အပေါ်မှာဘယ်လိုလုပ်ပြီးအဲ့လိုခံစားချက်ထားလို့ရမှာလဲ။ သူအံကြိတ်ပြီးဆက်ငြင်းရုံသာတတ်နိုင်သည်။
"အဓိပ္ပါယ်မရှိတာ။"

တကယ်အဓိပ္ပါယ်မရှိပေ၊ သူအဲ့လိုမခံစားရ။

"ရှစ်စွင်းကဒီစကားပဲပြောတတ်တာလား။" ရှဲ့ကျင်းဟုန်ကသူ့လက်ကိုတစ်ဆင့်ပြီးတစ်ဆင့်ဖိကာ သူ့အသံကနားယောင်ဖွယ်ကောင်းလှသည်။
"ရှစ်စွင်း ဘာလို့နှလုံးသားနဲ့မခံစားကြည့်ရတာလဲ။ ရှစ်စွင်းရဲ့နှလုံးသားကကျွန်တော့်လိုမျိုးအခုန်မြန်နေတာ၊ သိသိသာသာကိုရင်ခုန်နေတာလေ။"

လင်ခုံးလုနောက်ဆုံးမှာအနည်းငယ်ရှက်ရွံ့သွားသည့်အလားမျက်စိမှိတ်ချလိုက်ပြီးသဘောတူလိုက်ပုံပင်။

ရှဲ့ကျင်းဟုန်သူ့လက်ကိုကိုင်ကာ သူ့လက်ချောင်းထိပ်များကိုခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး သူ့မျက်လုံးများကအနည်းငယ်သိမ်မွေ့လျက် သူခပ်တိုးတိုးဆိုလိုက်သည်။
"ရှစ်စွင်း မရှက်ပါနဲ့၊ အကုန်လုံးကတပည့်ရဲ့အမှားပါပဲ၊ ကျွန်တော်ရှစ်စွင်းကိုခံစားချက်တွေကိုတုံ့ပြန်ဖို့တွန်းအားပေးခဲ့တာ၊ ကျွန်တော်ရှစ်စွင်းနဲ့အသိစိတ်..."

"မပြောနဲ့တော့။" လင်ခုံးလုမျက်လုံးဖွင့်လိုက်ပြီး သူ၏ဖြူဖွေးသောကျောက်စိမ်းပမာမျက်နှာလေးမှာနီစွေးလျက် သူအသံမှာတိုးလျနေသေးပေမဲ့ ခုခံခြင်းမပြုတော့ဘဲသူ့လက်ကိုပြန်မရုတ်ပေ။

ရှဲ့ကျင်းဟုန်ရင်ထဲမှာအလွန်ပျော်ရွှင်သွားကာ မနေနိုင်ဘဲသူ့နှုတ်ခမ်းများကိုနမ်းရှိုက်လိုက်မိသည်။

လင်ခုံးလုသူ့ကိုအေးစက်စက်မျက်လုံးများဖြင့်စိုက်ကြည့်ကာ စိတ်ပျက်မှုအရိပ်အယောင်ကိုဖုံးကွယ်ပြီး အံကြိတ်ကာပြောလိုက်သည်။
"မင်းတအားမဖိနဲ့။"

"ဟုတ်။" ရှဲ့ကျင်းဟုန်ခပ်ဖွဖွတုံ့ပြန်လိုက်ပြီး သူ့မျက်ဝန်းထဲကအပြုံးကိုထိန်းချုပ်မရပေ။

ရှစ်စွင်းကဝန်မခံပေမဲ့ ထပ်မငြင်းတော့ပေ၊ ဒီသဘောထားကအခြေခံအားဖြင့်သဘောတူခြင်းပင်။

သူမနေနိုင်ဘဲလင်ခုံးလုဘေးမှာထိုင်ချကာ သူ့ကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူသူ့ကိုစူးစိုက်ကြည့်နေတာမြင်တော့ အပြစ်ကင်းချင်ယောင်ဆောင်ကာပြောလိုက်သည်။
"ရှစ်စွင်း အရင်နားလေ၊ ကျွန်တော်ရှစ်စွင်းကိုစောင့်ကြပ်ပေးမယ်။"

လင်ခုံးလုသူ့လက်ကိုတွန်းဖယ်လိုက်ပြီး သူ့ကိုသတိပေးသောအကြည့်တစ်ချက်ပေးကာ နဂိုအနေအထားအတိုင်းပြန်ထိုင်လိုက်သည်။

ရှဲ့ကျင်းဟုန်သူ့ကိုမျက်တောင်မခတ်ဘဲကြည့်​နေမိပြီး ခဏကြာတော့ခပ်ဖွဖွပြုံးကာသူ့အနားကိုအသာကပ်သွားလိုက်သည်။

သူကတစ်အောင့်ကြာရိုးသားပုံရပေမဲ့ သိပ်မကြာခင်ကသူကသူ့ဝတ်ရုံကိုချွတ်ချင်သည့်အလား သူကသူ့ခါးစည်းကြိုးပေါ်မှာတိတ်တိတ်လေးလက်တင်ထားတာကိုလင်ခုံးလုသတိထားမိသွားသည်။

သူရုတ်ခြည်းမျက်စိဖွင့်လိုက်ပြီး တစ်ဖက်လူ၏လက်ကိုဖိချလိုက်ကာ မသိမသာစိတ်ပျက်သွားပုံပင်။
"မင်းဘာလုပ်နေပြန်တာလဲ။ ဒါအပြင်မှာနော်။"

ရှဲ့ကျင်းဟုန်ကအနည်းငယ်ရှက်သွားပုံရကာချောင်းအသာဟမ့်လာသည်။
"ကျွန်တော်...ရှစ်စွင်းကိုကူကောင်ဖယ်ပေးချင်လို့ပါ။"

လင်ခုံးလုမှာ"ငါမင်းရဲ့ပေါက်ကရစကားတွေကိုနားထောင်နေတယ်"ဟူသောမျက်နှာထားရှိလျက်။

ရှဲ့ကျင်းဟုန်အလျင်စလိုပြောလိုက်ရသည်။
"ကျွန်တော်အခုပဲအဲ့မိစ္ဆာရဲ့ငယ်သားဆီကိုစစ်မေးပြီးပြီ၊ ရှစ်စွင်းကိုယ်ထဲမှာနှလုံးစားကူကောင်လို့ခေါ်တဲ့ကူကောင်တစ်မျိုးရှိနေတာကျွန်တော်သိလိုက်ရတယ်၊ အဲ့ဒါကိုအနီရောင်ကင်းမြီးကောင်ဘုရင်ရဲ့သွေးနဲ့ဆွဲထုတ်ဖို့လိုတယ်တဲ့။ ဖြစ်ချင်တော့ကျွန်တော်ခုနကအနီရောင်ကင်းမြီးကောင်ဖမ်းမိထားတယ်။ ရှစ်စွင်းသွေးမကြိုက်ဘူးထင်လို့ ရှစ်စွင်းအနားယူနေတုန်းကျွန်တော်ထုတ်ပေးချင်တာရယ်။"

လင်ခုံးလုတိတ်ကျသွားရကာ သူ့လက်ပေါ်ကဆုပ်ကိုင်မှုကိုဖြေလျော့ပေးပြီး တစ်အောင့်ကြာမှမေးမိသည်။
"တကယ်လား။"

"တကယ်ပြောတာ။" ရှဲ့ကျင်းဟုန်၏မျက်လုံးများမှာရိုးသားစစ်မှန်လို့နေပြီး သူကပြောရင်းအနီရောင်ကင်းမြီးကောက်ဘုရင်ကိုထုတ်လိုက်သည်။

လင်ခုံးလုကကင်းမြီးကောက်ဘုရင်ကိုသဘောမကျပုံရကာ အလိုလိုခေါင်းလှည့်ပြီးမျက်စိမှိတ်ချကာ ခပ်တိုးတိုးပြောလိုက်သည်။
"ထားလိုက်တော့၊ မင်းလုပ်လို့ရတယ်။"

ရှဲ့ကျင်းဟုန်မှာသူကဝတ်ရုံနီဝတ်ထားပြီး သူ့မျက်လုံးများမှာအသာမှိတ်ထားလျက် သူ့မျက်နှာထားမှာယဇ်ပူဇော်နေသည့်အလားဖြစ်နေတာကိုမြင်လိုက်ရကာ သူ့ပါးစပ်ခြောက်သွေ့လာပြီး သူ့အသံမှာအက်ရှလာကာနူးညံ့စွာပြောလိုက်သည်။
"ရှစ်စွင်းနိုးနေရင် သွေးနံ့မခံနိုင်မှာစိုးတယ်။ ရှစ်စွင်းမျက်စိဖွင့်မိမှာစိုးလို့....တပည့်ရှစ်စွင်းရဲ့မျက်လုံးနဲ့နှာခေါင်းကိုအုပ်ထားပေးရမလား။"

လင်ခုံးလုမှာဒီစိုးရိမ်မှုရှိပုံရကာ အကြာကြီးတိတ်ကျသွားပြီးမှ ခပ်ဖွဖွ"အင်း"ဟုဆိုလိုက်သည်။

ရှဲ့ကျင်းဟုန်မှာရုတ်တရက်သူ့လည်ပင်းပိုမိုခြောက်သွေ့ကာသူ့လက်ဝါးများချွေးပြန်လာသည်ဟုခံစားလိုက်ရသည်။

သူသူ၏ဝတ်ရုံမှအနက်ရောင်အဝတ်စတစ်ခုဖြဲကာ လင်ခုံးလု၏မျက်လုံးများကိုအသာအုပ်ပေးလိုက်ပြီး မန္တာန်သုံးကာသူ၏အနံ့ခံအာရုံကိုဖုံးပေးလိုက်သည်။

သူ့မျက်လုံးများအအုပ်ခံလိုက်ရချိန် လင်ခုံးလု၏မျက်တောင်မွှေးများပြင်းထန်စွာလှုပ်ခတ်သွားကာ သူ့မျက်နှာထားပေါ်မှာစိတ်ပူပင်မှုအရိပ်အယောင်ပေါ်လာသည်။ ရှဲ့ကျင်းဟုန်ကသူ့ကိုပိုမိုကူကယ်ရာမဲ့ပြီးထိတ်လန့်စေချင်သည်၊ ဒါမှသူသူအပေါ်ကပ်တွယ်လာမှာဖြစ်သည်။

သူအလျင်စလိုမျက်လွှာချကာ ထိုအတွေးများကိုသူ့ရင်ထဲမှာသိမ်းထားလိုက်ပြီး တစ်ဖက်လူ၏ခါးစည်းကြိုးကိုအသာဖြည်ကာ ရင်ဘတ်မှာအပေါက်လေးဖောက်ပြီးနောက် အနီရောင်ကင်းမြီးကောင်ဘုရင်၏သွေးကိုသူ့လက်ချောင်းထိပ်များပေါ်မှာနှစ်စက်ချကာ အပေါက်ဆီကပ်သွားလိုက်သည်။

လင်ခုံးလုကအနည်းငယ်စိတ်လှုပ်ရှားနေပုံရကာ မသိမသာတုန်ရီလို့နေသည်။

ရှဲ့ကျင်းဟုန်၏မျက်လုံးများမည်းမှောင်သွားကာ နှလုံးစားကူကောင်ထွက်လာသည်အထိသည်းခံပြီး ၎င်းကိုသေအောင်ချေမွပစ်လိုက်သည်။ ထို့နောက်သူ့လက်ချောင်းထိပ်ပေါ်မှာစွမ်းအားစုပြီး တစ်ဖက်လူ၏ဒဏ်ရာကိုကုပေးကာ သွေးကိုဖယ်လိုက်ပေမဲ့ ထို့နောက်သူမနေနိုင်ဘဲလုံးဝပျောက်ကွယ်မသွားသည့်အမာရွတ်အသေးလေးကိုနမ်းရှိုက်လိုက်မိသည်။

"အမ်!" လင်ခုံးလုထိန်းချုပ်မရစွာနှာမှုတ်လိုက်မိပြီး သူ့ဆံပင်ကိုအလိုလိုလှမ်းဆွဲမိကာ သူ့လက်ဆစ်များဖြူစွတ်သွားပေမဲ့ သူ့မျက်လုံးမှာဘာကိုမှမမြင်ရသေးပေ၊ အမှောင်ထုကသူ၏စိုးရိမ်ပူပင်မှုကိုအကြောင်းမဲ့တိုးလာစေသည်။

ရှဲ့ကျင်းဟုန်ကသူ့ကိုအရိုးထဲထိညှစ်ပစ်ချင်သည့်အလား ရုတ်တရက်သူ့ခါးကိုခပ်တင်းတင်းပွေ့ဖက်လာသည်။

နောက်တစ်နေ့မွန်းတည့်ချိန်၊ လူတိုင်းတရားထိုင်ပြီးသွားတော့ အမြီးနီနကျယ်ကောင်အများစုပျောက်ကွယ်သွားမှန်းမြင်လိုက်ရပေမဲ့ လင်ခုံးလုတို့ဆရာတပည့်နှစ်ယောက်ကိုဘယ်နေရာမှာမှရှာမတွေ့ပေရာ မသက်မသာဖြစ်မိကြသည်။

"​ဝေ့၊ မနေ့ကရှစ်တိမင်းကိုစစ်မေးနေခဲ့တာ၊ သူဒီနေ့ဘာလို့ပျောက်သွားတာလဲ။"
ကျစ်ယွီကအချည်ခံထားရသည့်ယွမ်ပုရှုဆီလျှောက်လာပြီး သူ့ကိုကန်ကာမေးလာသည်။

ယွမ်ပုရှုမှာအကြာကြီးအချည်ခံထားရသဖြင့် သူ့တစ်ကိုယ်လုံးတောင့်တင်းကာနာကျင်ကိုက်ခဲလို့နေပြီး သူဒေါသတကြီးပြောမိသည်။
"ဟိုနားကကျောက်တုံးကြီးနောက်မှာအရံအတားတည်ထားတယ်။"

ဒါကိုကြားတော့ကျစ်ယွီမှာမျက်ဝန်းထဲတွင်တောင်းဆိုသောအကြည့်ဖြင့် ဂိုဏ်းချုပ်ချီဟွာကိုအလိုလိုကြည့်မိသည်။

လင်းထင်းသောနေ့အလင်းရောင်ရှိနေပြီဖြစ်ကာ ရှစ်စွင်းနှင့်ရှစ်တိကမပေါ်လာသေးသဖြင့် ဘာမတော်တဆမှုမှဖြစ်ခွင့်မပေးနိုင်။ လက်ရှိမှာချန်ပေ့ကကျင့်စဥ်အမြင့်ဆုံးမို့ ရှစ်စွင်း၏အရံအတားကိုချိုးဖောက်နိုင်လောက်သည်။

ဂိုဏ်းချုပ်ချီဟွာမှာလည်းအနည်းငယ်စိတ်ပူနေမိသည်။ အထူးသဖြင့်ကံကြွေးရှိသည့်ထိုအကြီးအကဲများ၏ရှင်းပြမရသောသေဆုံးမှုကိုတွေးမိသွားချိန်မှာဖြစ်သည်.... သူတစ်အောင့်ကြာတုံ့ဆိုင်းသွားရပြီးမှ နောက်ဆုံးမှာကျောက်တုံးကြီး၏အနောက်ကိုလက်ဝှေ့ရမ်းလိုက်သည်။

သေချာတာပေါ့၊ အရံအတားရှိနေပြီး သူ့ကြောင့်အလွယ်လေးကျိုးပေါက်သွားသည်။

သို့သော်နောက်တစ်ခဏမှာ အရံအတားထဲကအခြေအနေကိုမြင်လိုက်ရသူတိုင်းတိတ်ကျသွားရပြီးမှရင်ထဲမှာပြောမိကြသည်: ရိုင်းပျမိပါပြီ၊ ရိုင်းပျမိပါပြီ။

ဂိုဏ်းချုပ်ချီဟွာမှာလည်းရှက်သွားပုံရကာ ခပ်မြန်မြန်အရံအတားပြန်တည်ပေးလိုက်သည်။

ဘယ်သူစိတ်ကူးကြည့်နိုင်မှာလဲ၊ အေးစက်ပြီးသီးသန့်ဆန်တဲ့လင်ဂိုဏ်းချုပ်ကသူ့တပည့်ရင်ခွင်ထဲရောက်နေပြီး သူတို့နှစ်ယောက်ကလည်ပင်းများပင်ပူးကပ်နေကြသည်။ နည်းနည်းဖရိုဖရဲဆန်နေတာ၊ မနေ့ကဘာဖြစ်ခဲ့လဲမသိပေ။

အိမ်း၊ ရိုင်းပျမိပြီ။

ကျစ်ယွီ၏မျက်နှာထားမှာမိန်းမောလို့နေပြီး ရှစ်စွင်းနှင့်ရှစ်တိကြားကဆက်ဆံရေးကိုသူလုံးဝမထင်ထားမိပေ။ သူ​အရင်ကရေအေးကန်ထဲမှာရှစ်စွင်းနှင့်ရေအတူစိမ်ချင်တယ်လို့ပြောလိုက်တုန်းကသူ့ရှစ်တိသူ့ကိုအမြဲသဘောမကျသွားတာမဆန်းပေ။ အိမ်း၊ ဒါကြီးမားတဲ့အထင်လွဲမှုကြီးပဲ၊ သူကတကယ်တော့ရေအေးကန်ထဲမှာစိမ်နေတုန်း သူ့ကိုမီးပြင်းဖိုလေးတစ်ခုလောက်ပေးရန်ရှစ်စွင်းကိုတောင်းဆိုချင်ရုံသာဖြစ်သည်။

ဒါနဲ့ ဒီက​နေ့ခေတ်မှာတပည့်တွေအကုန်လုံးကဘာလို့ရှစ်စွင်းကိုတပ်မက်ရတာကြိုက်နေတာလဲဟင်?

__________________

Arc(7) အၾကင္နာမဲ့ရက္စက္ေသာရွစ္စြင္း (၂၂)။

သူ႕မ်က္ဝန္းထဲကစိတ္ခံစားခ်က္မွာေခ်ာက္နက္ပမာနက္ေမွာင္လွၿပီး အလြန္ညွို႔အားျပင္းလွသျဖင့္ သူတစ္ေအာင့္ၾကာစကားေျပာရန္ေမ့သြားရသည္။

သို႔ေသာ္တစ္ဖက္လူကအနားတိုးသထက္တိုးကပ္လာသျဖင့္ သူအႏၱရာယ္အရိပ္အေယာင္ကိုအလိုလိုအာ႐ုံခံမိသြားကာ သိပ္မေဝးေသာေနရာမွာရွိေနသည့္ဝမ္ရင္ႏွင့္အျခားသူမ်ားကသူတို႔၏ရင္းႏွီးေသာကိုယ္ေနဟန္ထားကိုျမင္သြားမွာစိုးလို႔ သူအလိုလိုလက္ျမႇောက္ကာအရံအတားတည္လိုက္မိသည္။

သို႔ေသာ္ဒီဟာကရွဲ႕က်င္းဟုန္ကိုအလိုလိုက္သလိုျဖစ္သြားကာ သူ႕ကိုအတားအဆီးအနားကပ္လာေစသည္။

"ရွစ္စြင္း။" တစ္ဖက္လူ၏ပုံရိပ္ကသူ႕ကိုတဝိုးတဝါးအုပ္မိုးသြားပုံမွာ သူ႕ခါးကိုအသာဆုပ္ကိုင္႐ုံမွ်ျဖင့္သူ႕ကိုရင္ခြင္ထဲဆြဲသြင္းလို႔ရသည့္အလား။

ဖိႏွိပ္မႈအနည္းငယ္ကိုခံစားမိေတာ့ လင္ခုံးလုအလိုလိုေခါင္းေမာ့လိုက္ၿပီး သူ႕မ်က္ႏွာထားမွာတည္ၿငိမ္ပုံေပါက္ေပမဲ့ သူ၏မ်က္ေတာင္ေမႊးမ်ားမွာေတာ့မသိမသာလႈပ္ခတ္လို႔ေနသည္။ သူကရွဲ႕က်င္းဟုန္ကူဝတ္ေပးထားသည့္ဝတ္႐ုံနီကိုဝတ္ထားတုန္းျဖစ္ၿပီး သူ၏ေငြေရာင္ဆံပင္မွာမသိမသာဖရိုဖရဲျဖစ္လ်က္ သူဟာေအးစက္ကာႀကီးျမတ္လွသည္။

ရွဲ႕က်င္းဟုန္ကသူ႕ကိုအဝတ္ကူလဲေပးခဲ့စဥ္ကျမင္ကြင္းကိုျပန္ျမင္ေယာင္ၾကည့္မိကာ သူ႕မ်က္လုံးနက္ေမွာင္သြားၿပီး ကိုယ္ကိုင္းကာနားထဲမွာတီးတိုးဆိုလိုက္သည္။
"ကြၽန္ေတာ္ရွစ္စြင္းကိုစိတ္ေက်နပ္မႈရွိတယ္၊ ရွစ္စြင္းေကာ...ကြၽန္ေတာ့္ကိုစိတ္ေက်နပ္မႈရွိရဲ႕လား။"

လင္ခုံးလုမွာသူ၏အေငြ႕အသက္မ်ားထံမွလုံးဝလႊမ္းမိုးခံလိုက္ရၿပီး သူ႕ဦးေရျပားထုံက်င္သြားရေပမဲ့ ထို႔ေနာက္တစ္ခုခုမွားေနမွန္းသတိထားမိသြားသည္။

အိပ္မက္၏လႊမ္းမိုးမႈေအာက္မွာ သူတို႔ကမေသမ်ိဳးလက္တြဲေဖာ္မ်ားျဖစ္ေနၿပီးျဖစ္ကာ သူတို႔ကအလြန္ခ်စ္ၾကၿပီး သူတို႔က....ကေလးပင္ရေနၿပီဟုရွဲ႕က်င္းဟုန္ကအၿမဲထင္ေနခဲ့တာကို ဘာလို႔႐ုတ္တရက္ႀကီးအခ်စ္ကိုဝန္ခံၿပီးေတာ့ သူလဲသူ႕ကိုသေဘာက်လားလို႔ေမးလာရတာလဲ။

သူခုနကမ်က္စိမွိတ္အနားယူေနတုန္းက တစ္ဖက္လူကသူ႕ေသြးခုန္ႏႈန္းကိုစမ္းၾကည့္ခဲ့တာကိုသူ႐ုတ္ျခည္းမွတ္မိသြားကာ ခ်က္ခ်င္းနားလည္သြားေတာ့သည္။

သူသူ႕နားသန္သီးကိုထိေတာ့မည့္ရွဲ႕က်င္းဟုန္၏ႏႈတ္ခမ္းမ်ားကိုေခါင္းေစာင္းေရွာင္ကာ တစ္ဖက္လူ၏မ်က္ဝန္းထဲကိုအလိုလိုစိုက္ၾကည့္ၿပီးေမးလိုက္သည္။
"မင္းျပန္ေကာင္းလာၿပီလား။"

ရွဲ႕က်င္းဟုန္မွာသိသိသာသာကိုေတာင့္ခဲသြားရသည္။ သူအိပ္မက္၏သက္ေရာက္ျခင္းခံရစဥ္တအားတုံးအလြန္းခဲ့တာေၾကာင့္ရွက္သြားတာမဟုတ္ဘဲ....သူ႕အိပ္မက္ထဲတြင္သူ႕မွာမိစ္ဆာအရွင္ေမာ့႐ႊမ္သ႐ုပ္ရွိခဲ့တာကိုသူမွတ္မိသြားလို႔ပင္။ ေန႕ဘက္မွာတုန္းက ယြမ္ပုရႈကသူ႕ကို"အရွင္"ဟုေခၚလုမတတ္ျဖစ္သြားခဲ့သည္။ ရွစ္စြင္းသံသယျဖစ္သြားတာမ်ားလား။

သို႔ေသာ္သူေတြးၾကည့္မိေတာ့သိပ္မေသခ်ာေပ။

သူ႕အိပ္မက္ထဲမွာ မိစ္ဆာအရွင္ေမာ့႐ႊမ္အျပင္ ရွစ္ရႈန္း၊ ရွစ္စြင္း၊ စာၾကည့္ေဆာင္၏ႀကီးၾကပ္ေစာင့္ေရွာက္သူဆိုသည့္သ႐ုပ္သုံးခုပါရွိခဲ့သည္။ သူကရွစ္စြင္းကိုကိုယ္ဝန္လြယ္ခြင့္ေပးျခင္းကဲ့သို႔ေသာကိစၥမ်ိဳးကိုပါစိတ္ကူးယဥ္ခဲ့သည္။ အဲ့ဒါေၾကာင့္မို႔သူအေတြးလြန္သြားတာကို ရွစ္စြင္းကအတည္မယူတာလား။

ယြမ္ပုရႈကေတာ့ ထိုအခ်ိန္တုန္းကသူ"အရွင္(က်ဴး)"ဟုေျပာထြက္ခဲ့တာက "ရပ္လိုက္(က်ဴးရွို႔)"ဟုဆိုလိုနိုင္သကဲ့သို႔ ခ်န္းမ်န့္က"အရွင္(က်ဴးရွန္)"ဟုေခၚတာျဖစ္နိုင္သည္။ အဆုံးမွာေတာ့ထိုအခ်ိန္ကခ်န္းမ်န႔္မွာသူအျဖစ္ဟန္ေဆာင္ေနသျဖင့္ လူတိုင္းကခ်န္းမ်န့္ကိုမိစ္ဆာအရွင္ဟုထင္သြားၾကသည္။ ၿခဳံေျပာရရင္ မ်က္ေမွာက္ရွိလူတစ္ေယာက္ကမွသူ႕ကိုေခၚသည္ဟုမထင္ၾကေပ၊ ထိုအခ်ိန္ကရွစ္စြင္းဟာလည္းခ်န္းမ်န့္ကိုတိုက္ခိုက္ေနသျဖင့္ သူသတိမထားမိခဲ့ေလာက္ေပ။

ရွဲ႕က်င္းဟုန္မွာေန႕ဘက္တုန္းကခ်န္းမ်န့္ကိုသတ္ပစ္ခ်င္လုမတတ္ျဖစ္သြားရေပမဲ့ အခုေတာ့တစ္ဖက္လူအဲ့တုန္းကသူအျဖစ္ဟန္ေဆာင္ေနခဲ့တာေကာင္းေသာအရာျဖစ္ေလာက္သည္ဟုသူခံစားလိုက္ရသည္။

အမွန္ေတာ့အေရးႀကီးဆုံးအရာမွာ သူအိပ္မက္ထဲကထြက္လာၿပီးေနာက္မွာ ရွစ္စြင္းကသူ႕ကိုစိမ္းကားသြားျခင္းမရွိဘဲ အသိစိတ္ပင္လယ္ထဲမွာသူႏွင့္အတူႏွစ္ကိုယ္တြဲပင္က်င့္ႀကံခ်င္ခဲ့သည္။ ဒီရႈေထာင့္မွေန၍ ရွစ္စြင္းသူ႕ကိုသံသယဝင္ဝင္မဝင္ဝင္ကိစၥမရွိေပ၊ ကိစၥမ်ားမွာအဆိုးဆုံးအေျခအေနမွာမရွိ။

ရွဲ႕က်င္းဟုန္တိတ္တခိုးသက္မခ်လိဳက္မိၿပီး သူ႕လက္က်န္ဘဝမွာမဖုံးကြယ္ထားခ်င္ေပမဲ့ ဒီအခ်ိန္ကဝန္ခံရမည့္အခ်ိန္မဟုတ္ေပ။

"ရွစ္စြင္းေဒါသထြက္သြားလား။ ကြၽန္ေတာ္အိပ္မက္ထဲမွာ..." သူစမ္းၾကည့္လိုက္သည္။

သူတကယ္ပုံမွန္ျပန္ျဖစ္သြားတာျမင္ေတာ့ လင္ခုံးလု၏မ်က္ႏွာထားမသိမသာေတာင့္ခဲသြားရၿပီး သူ႕တပည့္၏ဇနီးျဖစ္ခဲ့ရသည့္ရွက္႐ြံ႕မႈကိုသတိရသြားသည့္အလား။ သူမသိမသာေခါင္းလွည့္ကာတီးတိုးဆိုလိုက္သည္။
"မင္းျပန္ေကာင္းလာတာေကာင္းတယ္။ အရာအားလုံးကိုပင့္ကူအမႀကိဳးကိုင္ခဲ့တာ၊ မင္းကဒီတိုင္းအဆိပ္မိသြားတာဆိုေတာ့ရင္ထဲမထားနဲ႕ ၊ အနာဂတ္မွာအဲ့အေၾကာင္းထပ္ေျပာဖို႔မလိုဘူး။"

သူ႕ေလသံမွာတည္ၿငိမ္ေအးေဆးေနေပမဲ့ သူ႕နား႐ြက္ဖ်ားကေတာ့မသိမသာနီေစြးေနသျဖင့္ သူဟာသူ႕တည္ၿငိမ္မႈကိုထိန္းသိမ္းရန္ႀကိဳးစားေနရမွန္းေဖာ္ျပလို႔ေနသည္။

အမွန္ပဲ၊ အိပ္မက္ထဲမွာသူ႕တပည့္ဆီကေနအဲ့လိုမ်ိဳးဆက္ဆံခံရၿပီးေတာ့ နိုးလာၿပီးေနာက္မွာလည္းဇနီးအျဖစ္သတ္မွတ္ခံရတဲ့အျပင္ ကေလးပါလြယ္ထားရတယ္လို႔အထင္ခံရတာကိုဘယ္ဆရာကမရွက္ဘဲေနမွာလဲ။ ေဒါသမထြက္တာကံေကာင္းေနၿပီ။

ရွဲ႕က်င္းဟုန္မ်က္လႊာအသာခ်လိဳက္မိၿပီး ယခင္ကေပ်ာ္႐ႊင္မႈအမ်ားစုေပ်ာက္ကြယ္သြားရသည္။

ရွစ္စြင္းကယခင္အရံအတားဆီျပန္သြားၿပီးေတာ့သာမန္ဆရာတပည့္ဆက္ျဖစ္ခ်င္ေပမဲ့...ဒါဘယ္လိုျဖစ္နိုင္မွာလဲ။ စည္းေက်ာ္ၿပီးရင္ျပန္သြားလို႔ရနိုင္အုံးမယ္တဲ့လား။

ရွဲ႕က်င္းဟုန္သေဘာမတူေပ၊ သိပ္မၾကာေသးခင္ကအသိစိတ္ပင္လယ္၏ႏွစ္ကိုယ္တြဲက်င့္ႀကံျခင္းကိုေတြးမိသြားသည္။ ထိုအခ်ိန္တုန္းကရွစ္စြင္းကသူ႕ရင္ခြင္ထဲမွာရွိေနၿပီး သူ႕မ်က္ႏွာမွာရွက္ေသြးျဖာလို႔ေနကာ သူ၏ေအးစက္စက္မ်က္ဝန္းမ်ားမွာျမဴႏွင္းေဝလ်က္ သူ႕ကိုတိတ္တိတ္ေလးေတာင္းေတာင္းဆိုဆိုၾကည့္ေနခဲ့သည္။

အိပ္မက္ကအတုလို႔ေျပာရင္ေတာင္ နိုးလာၿပီးေနာက္မွာ ပုံမွန္မျဖစ္ေသးတဲ့သူနဲ႕ အသိစိတ္ပင္လယ္ထဲမွာႏွစ္ကိုယ္တြဲက်င့္ႀကံခဲ့တာကေကာ?

"တင္၊ ပစ္မွတ္ရဲ႕ႏွစ္သက္မႈႏႈန္း၁ ၁...၃၀။ လက္ရွိႏွစ္သက္မႈႏႈန္း၈၆။"

"တင္၊ ပစ္မွတ္ရဲ႕ႏွစ္သက္မႈႏႈန္း၅၊ လက္ရွိႏွစ္သက္မႈႏႈန္း၉၁။"

0687က႐ုတ္တရက္တစ္ခုၿပီးတစ္ခုထုတ္လႊင့္ကာ ထပ္ေပါင္းေျပာလာသည္။
"စမ္းသပ္ခ်က္အရဆို ၂၆ကေန၈၆ကအသိစိတ္ပင္လယ္ထဲမွာႏွစ္ကိုယ္တြဲက်င့္ႀကံတုန္းကတက္လာခဲ့တာ၊ အဲ့တုန္းကစနစ္အပိတ္ခံထားရေတာ့ရွာမေတြ႕ခဲ့ဘူး။ ေနာက္ေတာ့ရွာေတြ႕ေပမဲ့လည္း ဇာတ္လိုက္ကအဆိပ္မိၿပီးသူ႕စိတ္ပုံမွန္မဟုတ္ဘူးလို႔ယူဆရေတာ့ ႐ုတ္တရက္၆၀တက္လာတာကတကယ့္ေဒတာအစစ္မဟုတ္ေလာက္ဘူးဆိုေတာ့မထုတ္လႊင့္ခဲ့တာ။ အခုပဲ၇၆ကေန၉၁ကိုတက္လာၿပီ။"

လင္ခုံးလု: "...." ႐ုတ္တရက္၆၀တက္လာတာကမမွန္ဘူးတဲ့လား။ ငါ႐ုတ္တရက္ျပဳတ္က်သြားတုန္းကမမွန္ဘူးလို႔မင္းေျပာတာကိုငါဘာလို႔မၾကားမိရတာလဲ။

ၿပီးေတာ့ႏွစ္ကိုယ္တြဲက်င့္ႀကံတာကဒီေလာက္အမ်ားႀကီးတက္နိုင္တယ္လား။ ဒါကဒီတိုင္းအသိစိတ္ပင္လယ္ထဲမွာႏွစ္ကိုယ္တြဲက်င့္ႀကံတာေလးပဲကို၊ တကယ္လို႔....ဒါဆိိုဒီတိုင္းဘာလို႔မျဖည့္လိုက္တာလဲ။

ထိုစဥ္ရွဲ႕က်င္းဟုန္ကႏႈတ္ခမ္းတင္းတင္းေစ့ကာ သူ႕ကိုျဖည္းျဖည္းခ်င္းေခါင္းလွည့္ေစၿပီး သူႏွင့္မ်က္လုံးခ်င္းဆုံရန္တြန္းအားေပးကာႏူးညံ့စြာဆိုလိုက္သည္။
"ရွစ္စြင္းကြၽန္ေတာ့္ကိုမလိုခ်င္ဘူးလားဟင္?"

လင္ခုံးလုေတာင့္တင္းသြားရကာ ႐ုန္းထြက္ရန္ႀကိဳးစားမိသည္။

အဆုံးမွာသူကဂိုဏ္း၏ဂိုဏ္းခ်ဳပ္တျဖစ္လဲမေသမ်ိဳးဓားသမားတစ္ေယာက္ျဖစ္သည္။ သူကတပည့္ကိုပညာသင္ၾကားေပးၿပီးဂ႐ုစိုက္ေပးရမွာကို ဘယ္လိုလုပ္...

ရွဲ႕က်င္းဟုန္ကခြင့္မျပဳဘဲ သူ႕မ်က္ႏွာေဘးကိုသူ႕လက္ဝါးမ်ားျဖင့္ဖိကာ သူ႕ကိုေခါင္းမလွည့္ခိုင္းဘဲခပ္တိုးတိုးေျပာလိုက္သည္။
"ရွစ္စြင္းလဲကြၽန္ေတာ့္ကိုသေဘာက်တယ္မလား။"

လင္ခုံးလု၏မ်က္ႏွာ႐ုပ္ဆိုးသြားရၿပီး သူ႕လက္ေကာက္ဝတ္ကိုလွမ္းကိုင္ကာဆြဲဖယ္လိုက္ၿပီး သူ႕ကိုခပ္တိုးတိုးအျပစ္တင္လိုက္သည္။
"အတင့္ရဲလိုက္တာ။"

ရွဲ႕က်င္းဟုန္ကသူ႕လက္ေခ်ာင္းထိပ္မ်ားကိုလက္ေနာက္ျပန္ဆြဲကိုင္ကာ အတိုက္အခံျပဳစြာဆိုလာသည္။
"ဒါကအတင့္ရဲတာလား။ ဒါေပမဲ့ကြၽန္ေတာ္မွတ္မိပါေသးတယ္၊ ကြၽန္ေတာ္တို႔အသိစိတ္ပင္လယ္ထဲမွာႏွစ္ကိုယ္တြဲက်င့္ႀကံတုန္းက ရွစ္စြင္း..."

"ေတာ္ေတာ့။" လင္ခုံးလုသူ႕ပါးစပ္ကိုအလ်င္စလိုလွမ္းအုပ္လိုက္မိၿပီး အရံအတားရွိေနသျဖင့္ အျပင္ကလူမ်ားမျမင္နိုင္မၾကားနိုင္မွန္းသိေပမဲ့ အလိုလိုအသံတိုးကာေျပာမိသည္။
"အဲ့ကိစၥကမေတာ္တဆပဲ၊ ေနာက္ထပ္ထပ္မေျပာနဲ႕ေတာ့။"

ရွဲ႕က်င္းဟုန္၏မ်က္လုံးနက္ေမွာင္သြားကာ သူ႕လက္ကိုကိုင္ၿပီးခပ္ဖြဖြနမ္းရွိုက္လိုက္သည္။

သူ႕လက္ဖဝါးမွာမီးရႈးမီးပန္းမ်ားေၾကာင့္ေလာင္ကြၽမ္းသြားသည့္အလား ပူျခစ္ေတာက္ေနသည္ဟုလင္ခုံးလုခံစားလိုက္ရကာ သူျပန္ဆြဲလိုက္ခ်င္မိသည္။

ရွဲ႕က်င္းဟုန္သူ႕လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ၿပီး သူ႕လက္ဖဝါးကိုသူ႕ႏွလုံးသားေပၚဖိကပ္လိုက္ၿပီးေနာက္ သူ႕လက္ဖဝါးကိုသူ႕ရင္ဘတ္ေပၚဖိကပ္ကာ အက္ရွရွအသံျဖင့္ေျပာလိုက္သည္။
"ရွစ္စြင္းလဲကြၽန္ေတာ့္ကိုသေဘာက်တာပဲကို ဘာလို႔ဝန္မခံရတာလဲ။"

"အဓိပ္ပါယ်မရှိတာ။"
လင္ခုံးလုခပ္တိုးတိုးဆူေငါက္လိုက္ၿပီး သူ႕လက္ကိုျပန္ဆြဲယူရန္ႀကိဳးစားလိုက္ေပမဲ့ သူ႕နား႐ြက္မ်ားကေတာ့နီေစြးေနၿပီပင္။

ရွဲ႕က်င္းဟုန္လႊတ္ေပးဖို႔ျငင္းဆန္ၿပီး သူ႕မ်က္လုံးေနာက္လိုက္ကာ အေလးအနက္ေျပာလိုက္သည္။
"ရွစ္စြင္း၊ မိစ္ဆာနန္းေတာ္မွာတုန္းကကြၽန္ေတာ္တို႔ကိုယ္ထဲဝင္သြားတဲ့အခ်စ္ကူေကာင္ကိုမွတ္မိေသးလား။ အဲ့ဒါကူေကာင္သားအမိပဲ၊ ရွစ္စြင္းမိခဲ့တာကအေမကူေကာင္။ ကြၽန္ေတာ့္ကိုယ္ထဲမွာကေလးကူေကာင္။ ကေလးကူေကာင္ရဲ႕လက္ခံကိုယ္ကအေမကူေကာင္လက္ခံကိုယ္ရဲ႕စိတ္အေျခအေနကိုခံစားနိုင္တယ္၊ အခုခ်ိန္မွာရွစ္စြင္းအရမ္းေပ်ာ္ေနၿပီးေတာ့ ရွစ္စြင္းလဲကြၽန္ေတာ့္ကိုသေဘာက်တယ္ဆိုတာကြၽန္ေတာ္ေသခ်ာႀကီးခံစားမိတယ္။"

အခုဆိုလင္ခုံးလုလည္းရွက္ေသြးျဖာေနေပမဲ့ ဆရာတစ္ေယာက္အေနႏွင့္ တပည့္အေပၚမွာဘယ္လိုလုပ္ၿပီးအဲ့လိုခံစားခ်က္ထားလို႔ရမွာလဲ။ သူအံႀကိတ္ၿပီးဆက္ျငင္း႐ုံသာတတ္နိုင္သည္။
"အဓိပ္ပါယ်မရှိတာ။"

တကယ်အဓိပ္ပါယ်မရှိပေ၊ သူအဲ့လိုမခံစားရ။

"ရွစ္စြင္းကဒီစကားပဲေျပာတတ္တာလား။" ရွဲ႕က်င္းဟုန္ကသူ႕လက္ကိုတစ္ဆင့္ၿပီးတစ္ဆင့္ဖိကာ သူ႕အသံကနားေယာင္ဖြယ္ေကာင္းလွသည္။
"ရွစ္စြင္း ဘာလို႔ႏွလုံးသားနဲ႕မခံစားၾကည့္ရတာလဲ။ ရွစ္စြင္းရဲ႕ႏွလုံးသားကကြၽန္ေတာ့္လိုမ်ိဳးအခုန္ျမန္ေနတာ၊ သိသိသာသာကိုရင္ခုန္ေနတာေလ။"

လင္ခုံးလုေနာက္ဆုံးမွာအနည္းငယ္ရွက္႐ြံ႕သြားသည့္အလားမ်က္စိမွိတ္ခ်လိဳက္ၿပီးသေဘာတူလိုက္ပုံပင္။

ရွဲ႕က်င္းဟုန္သူ႕လက္ကိုကိုင္ကာ သူ႕လက္ေခ်ာင္းထိပ္မ်ားကိုခပ္ဖြဖြနမ္းရွိုက္လိုက္ၿပီး သူ႕မ်က္လုံးမ်ားကအနည္းငယ္သိမ္ေမြ႕လ်က္ သူခပ္တိုးတိုးဆိုလိုက္သည္။
"ရွစ္စြင္း မရွက္ပါနဲ႕၊ အကုန္လုံးကတပည့္ရဲ႕အမွားပါပဲ၊ ကြၽန္ေတာ္ရွစ္စြင္းကိုခံစားခ်က္ေတြကိုတုံ႕ျပန္ဖို႔တြန္းအားေပးခဲ့တာ၊ ကြၽန္ေတာ္ရွစ္စြင္းနဲ႕အသိစိတ္..."

"မေျပာနဲ႕ေတာ့။" လင္ခုံးလုမ်က္လုံးဖြင့္လိုက္ၿပီး သူ၏ျဖဴေဖြးေသာေက်ာက္စိမ္းပမာမ်က္ႏွာေလးမွာနီေစြးလ်က္ သူအသံမွာတိုးလ်ေနေသးေပမဲ့ ခုခံျခင္းမျပဳေတာ့ဘဲသူ႕လက္ကိုျပန္မ႐ုတ္ေပ။

ရွဲ႕က်င္းဟုန္ရင္ထဲမွာအလြန္ေပ်ာ္႐ႊင္သြားကာ မေနနိုင္ဘဲသူ႕ႏႈတ္ခမ္းမ်ားကိုနမ္းရွိုက္လိုက္မိသည္။

လင္ခုံးလုသူ႕ကိုေအးစက္စက္မ်က္လုံးမ်ားျဖင့္စိုက္ၾကည့္ကာ စိတ္ပ်က္မႈအရိပ္အေယာင္ကိုဖုံးကြယ္ၿပီး အံႀကိတ္ကာေျပာလိုက္သည္။
"မင္းတအားမဖိနဲ႕။"

"ဟုတ္။" ရွဲ႕က်င္းဟုန္ခပ္ဖြဖြတုံ႕ျပန္လိုက္ၿပီး သူ႕မ်က္ဝန္းထဲကအၿပဳံးကိုထိန္းခ်ဳပ္မရေပ။

ရွစ္စြင္းကဝန္မခံေပမဲ့ ထပ္မျငင္းေတာ့ေပ၊ ဒီသေဘာထားကအေျခခံအားျဖင့္သေဘာတူျခင္းပင္။

သူမေနနိုင္ဘဲလင္ခုံးလုေဘးမွာထိုင္ခ်ကာ သူ႕ကိုသူ႕ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး သူသူ႕ကိုစူးစိုက္ၾကည့္ေနတာျမင္ေတာ့ အျပစ္ကင္းခ်င္ေယာင္ေဆာင္ကာေျပာလိုက္သည္။
"ရွစ္စြင္း အရင္နားေလ၊ ကြၽန္ေတာ္ရွစ္စြင္းကိုေစာင့္ၾကပ္ေပးမယ္။"

လင္ခုံးလုသူ႕လက္ကိုတြန္းဖယ္လိုက္ၿပီး သူ႕ကိုသတိေပးေသာအၾကည့္တစ္ခ်က္ေပးကာ နဂိုအေနအထားအတိုင္းျပန္ထိုင္လိုက္သည္။

ရွဲ႕က်င္းဟုန္သူ႕ကိုမ်က္ေတာင္မခတ္ဘဲၾကည့္ေနမိၿပီး ခဏၾကာေတာ့ခပ္ဖြဖြၿပဳံးကာသူ႕အနားကိုအသာကပ္သြားလိုက္သည္။

သူကတစ္ေအာင့္ၾကာရိုးသားပုံရေပမဲ့ သိပ္မၾကာခင္ကသူကသူ႕ဝတ္႐ုံကိုခြၽတ္ခ်င္သည့္အလား သူကသူ႕ခါးစည္းႀကိဳးေပၚမွာတိတ္တိတ္ေလးလက္တင္ထားတာကိုလင္ခုံးလုသတိထားမိသြားသည္။

သူ႐ုတ္ျခည္းမ်က္စိဖြင့္လိုက္ၿပီး တစ္ဖက္လူ၏လက္ကိုဖိခ်လိဳက္ကာ မသိမသာစိတ္ပ်က္သြားပုံပင္။
"မင္းဘာလုပ္ေနျပန္တာလဲ။ ဒါအျပင္မွာေနာ္။"

ရွဲ႕က်င္းဟုန္ကအနည္းငယ္ရွက္သြားပုံရကာေခ်ာင္းအသာဟမ့္လာသည္။
"ကြၽန္ေတာ္...ရွစ္စြင္းကိုကူေကာင္ဖယ္ေပးခ်င္လို႔ပါ။"

လင္ခုံးလုမွာ"ငါမင္းရဲ႕ေပါက္ကရစကားေတြကိုနားေထာင္ေနတယ္"ဟူေသာမ်က္ႏွာထားရွိလ်က္။

ရွဲ႕က်င္းဟုန္အလ်င္စလိုေျပာလိုက္ရသည္။
"ကြၽန္ေတာ္အခုပဲအဲ့မိစ္ဆာရဲ႕ငယ္သားဆီကိုစစ္ေမးၿပီးၿပီ၊ ရွစ္စြင္းကိုယ္ထဲမွာႏွလုံးစားကူေကာင္လို႔ေခၚတဲ့ကူေကာင္တစ္မ်ိဳးရွိေနတာကြၽန္ေတာ္သိလိုက္ရတယ္၊ အဲ့ဒါကိုအနီေရာင္ကင္းၿမီးေကာင္ဘုရင္ရဲ႕ေသြးနဲ႕ဆြဲထုတ္ဖို႔လိုတယ္တဲ့။ ျဖစ္ခ်င္ေတာ့ကြၽန္ေတာ္ခုနကအနီေရာင္ကင္းၿမီးေကာင္ဖမ္းမိထားတယ္။ ရွစ္စြင္းေသြးမႀကိဳက္ဘူးထင္လို႔ ရွစ္စြင္းအနားယူေနတုန္းကြၽန္ေတာ္ထုတ္ေပးခ်င္တာရယ္။"

လင္ခုံးလုတိတ္က်သြားရကာ သူ႕လက္ေပၚကဆုပ္ကိုင္မႈကိုေျဖေလ်ာ့ေပးၿပီး တစ္ေအာင့္ၾကာမွေမးမိသည္။
"တကယ္လား။"

"တကယ္ေျပာတာ။" ရွဲ႕က်င္းဟုန္၏မ်က္လုံးမ်ားမွာရိုးသားစစ္မွန္လို႔ေနၿပီး သူကေျပာရင္းအနီေရာင္ကင္းၿမီးေကာက္ဘုရင္ကိုထုတ္လိုက္သည္။

လင္ခုံးလုကကင္းၿမီးေကာက္ဘုရင္ကိုသေဘာမက်ပဳံရကာ အလိုလိုေခါင္းလွည့္ၿပီးမ်က္စိမွိတ္ခ်ကာ ခပ္တိုးတိုးေျပာလိုက္သည္။
"ထားလိုက္ေတာ့၊ မင္းလုပ္လို႔ရတယ္။"

ရွဲ႕က်င္းဟုန္မွာသူကဝတ္႐ုံနီဝတ္ထားၿပီး သူ႕မ်က္လုံးမ်ားမွာအသာမွိတ္ထားလ်က္ သူ႕မ်က္ႏွာထားမွာယဇ္ပူေဇာ္ေနသည့္အလားျဖစ္ေနတာကိုျမင္လိုက္ရကာ သူ႕ပါးစပ္ေျခာက္ေသြ႕လာၿပီး သူ႕အသံမွာအက္ရွလာကာႏူးညံ့စြာေျပာလိုက္သည္။
"ရွစ္စြင္းနိုးေနရင္ ေသြးနံ႕မခံနိုင္မွာစိုးတယ္။ ရွစ္စြင္းမ်က္စိဖြင့္မိမွာစိုးလို႔....တပည့္ရွစ္စြင္းရဲ႕မ်က္လုံးနဲ႕ႏွာေခါင္းကိုအုပ္ထားေပးရမလား။"

လင္ခုံးလုမွာဒီစိုးရိမ္မႈရွိပုံရကာ အၾကာႀကီးတိတ္က်သြားၿပီးမွ ခပ္ဖြဖြ"အင္း"ဟုဆိုလိုက္သည္။

ရွဲ႕က်င္းဟုန္မွာ႐ုတ္တရက္သူ႕လည္ပင္းပိုမိုေျခာက္ေသြ႕ကာသူ႕လက္ဝါးမ်ားေခြၽးျပန္လာသည္ဟုခံစားလိုက္ရသည္။

သူသူ၏ဝတ္႐ုံမွအနက္ေရာင္အဝတ္စတစ္ခုၿဖဲကာ လင္ခုံးလု၏မ်က္လုံးမ်ားကိုအသာအုပ္ေပးလိုက္ၿပီး မႏၱာန္သုံးကာသူ၏အနံ႕ခံအာ႐ုံကိုဖုံးေပးလိုက္သည္။

သူ႕မ်က္လုံးမ်ားအအုပ္ခံလိုက္ရခ်ိန္ လင္ခုံးလု၏မ်က္ေတာင္ေမႊးမ်ားျပင္းထန္စြာလႈပ္ခတ္သြားကာ သူ႕မ်က္ႏွာထားေပၚမွာစိတ္ပူပင္မႈအရိပ္အေယာင္ေပၚလာသည္။ ရွဲ႕က်င္းဟုန္ကသူ႕ကိုပိုမိုကူကယ္ရာမဲ့ၿပီးထိတ္လန့္ေစခ်င္သည္၊ ဒါမွသူသူအေပၚကပ္တြယ္လာမွာျဖစ္သည္။

သူအလ်င္စလိုမ်က္လႊာခ်ကာ ထိုအေတြးမ်ားကိုသူ႕ရင္ထဲမွာသိမ္းထားလိုက္ၿပီး တစ္ဖက္လူ၏ခါးစည္းႀကိဳးကိုအသာျဖည္ကာ ရင္ဘတ္မွာအေပါက္ေလးေဖာက္ၿပီးေနာက္ အနီေရာင္ကင္းၿမီးေကာင္ဘုရင္၏ေသြးကိုသူ႕လက္ေခ်ာင္းထိပ္မ်ားေပၚမွာႏွစ္စက္ခ်ကာ အေပါက္ဆီကပ္သြားလိုက္သည္။

လင္ခုံးလုကအနည္းငယ္စိတ္လႈပ္ရွားေနပုံရကာ မသိမသာတုန္ရီလို႔ေနသည္။

ရွဲ႕က်င္းဟုန္၏မ်က္လုံးမ်ားမည္းေမွာင္သြားကာ ႏွလုံးစားကူေကာင္ထြက္လာသည္အထိသည္းခံၿပီး ၎ကိုေသေအာင္ေခ်မြပစ္လိုက္သည္။ ထို႔ေနာက္သူ႕လက္ေခ်ာင္းထိပ္ေပၚမွာစြမ္းအားစုၿပီး တစ္ဖက္လူ၏ဒဏ္ရာကိုကုေပးကာ ေသြးကိုဖယ္လိုက္ေပမဲ့ ထို႔ေနာက္သူမေနနိုင္ဘဲလုံးဝေပ်ာက္ကြယ္မသြားသည့္အမာ႐ြတ္အေသးေလးကိုနမ္းရွိုက္လိုက္မိသည္။

"အမ္!" လင္ခုံးလုထိန္းခ်ဳပ္မရစြာႏွာမႈတ္လိုက္မိၿပီး သူ႕ဆံပင္ကိုအလိုလိုလွမ္းဆြဲမိကာ သူ႕လက္ဆစ္မ်ားျဖဴစြတ္သြားေပမဲ့ သူ႕မ်က္လုံးမွာဘာကိုမွမျမင္ရေသးေပ၊ အေမွာင္ထုကသူ၏စိုးရိမ္ပူပင္မႈကိုအေၾကာင္းမဲ့တိုးလာေစသည္။

ရွဲ႕က်င္းဟုန္ကသူ႕ကိုအရိုးထဲထိညွစ္ပစ္ခ်င္သည့္အလား ႐ုတ္တရက္သူ႕ခါးကိုခပ္တင္းတင္းေပြ႕ဖက္လာသည္။

ေနာက္တစ္ေန႕မြန္းတည့္ခ်ိန္၊ လူတိုင္းတရားထိုင္ၿပီးသြားေတာ့ အၿမီးနီနက်ယ္ေကာင္အမ်ားစုေပ်ာက္ကြယ္သြားမွန္းျမင္လိုက္ရေပမဲ့ လင္ခုံးလုတို႔ဆရာတပည့္ႏွစ္ေယာက္ကိုဘယ္ေနရာမွာမွရွာမေတြ႕ေပရာ မသက္မသာျဖစ္မိၾကသည္။

"ေဝ့၊ မေန႕ကရွစ္တိမင္းကိုစစ္ေမးေနခဲ့တာ၊ သူဒီေန႕ဘာလို႔ေပ်ာက္သြားတာလဲ။"
က်စ္ယြီကအခ်ည္ခံထားရသည့္ယြမ္ပုရႈဆီေလွ်ာက္လာၿပီး သူ႕ကိုကန္ကာေမးလာသည္။

ယြမ္ပုရႈမွာအၾကာႀကီးအခ်ည္ခံထားရသျဖင့္ သူ႕တစ္ကိုယ္လုံးေတာင့္တင္းကာနာက်င္ကိုက္ခဲလို႔ေနၿပီး သူေဒါသတႀကီးေျပာမိသည္။
"ဟိုနားကေက်ာက္တုံးႀကီးေနာက္မွာအရံအတားတည္ထားတယ္။"

ဒါကိုၾကားေတာ့က်စ္ယြီမွာမ်က္ဝန္းထဲတြင္ေတာင္းဆိုေသာအၾကည့္ျဖင့္ ဂိုဏ္းခ်ဳပ္ခ်ီဟြာကိုအလိုလိုၾကည့္မိသည္။

လင္းထင္းေသာေန႕အလင္းေရာင္ရွိေနၿပီျဖစ္ကာ ရွစ္စြင္းႏွင့္ရွစ္တိကမေပၚလာေသးသျဖင့္ ဘာမေတာ္တဆမႈမွျဖစ္ခြင့္မေပးနိုင္။ လက္ရွိမွာခ်န္ေပ့ကက်င့္စဥ္အျမင့္ဆုံးမို႔ ရွစ္စြင္း၏အရံအတားကိုခ်ိဳးေဖာက္နိုင္ေလာက္သည္။

ဂိုဏ္းခ်ဳပ္ခ်ီဟြာမွာလည္းအနည္းငယ္စိတ္ပူေနမိသည္။ အထူးသျဖင့္ကံေႂကြးရွိသည့္ထိုအႀကီးအကဲမ်ား၏ရွင္းျပမရေသာေသဆုံးမႈကိုေတြးမိသြားခ်ိန္မွာျဖစ္သည္.... သူတစ္ေအာင့္ၾကာတုံ႕ဆိုင္းသြားရၿပီးမွ ေနာက္ဆုံးမွာေက်ာက္တုံးႀကီး၏အေနာက္ကိုလက္ေဝွ႕ရမ္းလိုက္သည္။

ေသခ်ာတာေပါ့၊ အရံအတားရွိေနၿပီး သူ႕ေၾကာင့္အလြယ္ေလးက်ိဳးေပါက္သြားသည္။

သို႔ေသာ္ေနာက္တစ္ခဏမွာ အရံအတားထဲကအေျခအေနကိုျမင္လိုက္ရသူတိုင္းတိတ္က်သြားရၿပီးမွရင္ထဲမွာေျပာမိၾကသည္: ရိုင္းပ်မိပါၿပီ၊ ရိုင္းပ်မိပါၿပီ။

ဂိုဏ္းခ်ဳပ္ခ်ီဟြာမွာလည္းရွက္သြားပုံရကာ ခပ္ျမန္ျမန္အရံအတားျပန္တည္ေပးလိုက္သည္။

ဘယ္သူစိတ္ကူးၾကည့္နိုင္မွာလဲ၊ ေအးစက္ၿပီးသီးသန့္ဆန္တဲ့လင္ဂိုဏ္းခ်ဳပ္ကသူ႕တပည့္ရင္ခြင္ထဲေရာက္ေနၿပီး သူတို႔ႏွစ္ေယာက္ကလည္ပင္းမ်ားပင္ပူးကပ္ေနၾကသည္။ နည္းနည္းဖရိုဖရဲဆန္ေနတာ၊ မေန႕ကဘာျဖစ္ခဲ့လဲမသိေပ။

အိမ္း၊ ရိုင္းပ်မိၿပီ။

က်စ္ယြီ၏မ်က္ႏွာထားမွာမိန္းေမာလို႔ေနၿပီး ရွစ္စြင္းႏွင့္ရွစ္တိၾကားကဆက္ဆံေရးကိုသူလုံးဝမထင္ထားမိေပ။ သူအရင္ကေရေအးကန္ထဲမွာရွစ္စြင္းႏွင့္ေရအတူစိမ္ခ်င္တယ္လို႔ေျပာလိုက္တုန္းကသူ႕ရွစ္တိသူ႕ကိုအၿမဲသေဘာမက်သြားတာမဆန္းေပ။ အိမ္း၊ ဒါႀကီးမားတဲ့အထင္လြဲမႈႀကီးပဲ၊ သူကတကယ္ေတာ့ေရေအးကန္ထဲမွာစိမ္ေနတုန္း သူ႕ကိုမီးျပင္းဖိုေလးတစ္ခုေလာက္ေပးရန္ရွစ္စြင္းကိုေတာင္းဆိုခ်င္႐ုံသာျဖစ္သည္။

ဒါနဲ႕ ဒီကေန႕ေခတ္မွာတပည့္ေတြအကုန္လုံးကဘာလို႔ရွစ္စြင္းကိုတပ္မက္ရတာႀကိဳက္ေနတာလဲဟင္?

__________________

Continue Reading

You'll Also Like

386K 22K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1M 47.9K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
959K 51.9K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
279K 19K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...