Unicode
အပိုင်း ၂၆
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ
Author - ဆာရာမူး
အပိုင်း - ၂၆
စထွက်သွားတုန်းကတော့ ဒယ်ဒီရိုက်ချင်ရိုက် ဆူချင်ဆူ လုပ်ချင်ရာလုပ်မည်
ဆိုတဲ့စိတ်နဲ့ ထွက်ခဲ့ပေမဲ့ တကယ်ပြန်လာတော့ အိမ်ထဲလှမ်းဝင်ဖို့ကိုတောင် မဝံ့မရဲဖြစ်မိသည်။
“နွယ်ရုံ….ဧည့်ခန်းမှာ ဒယ်ဒီတို့လည်းမရှိဘူး…..”
“အခန်းထဲဝင်သွားပြီနေမှာ….အချိန်လည်း ကြည့်ဦးလေ ၉ နာရီတောင် ထိုးတော့မယ် မစံရဲ့….”
“လူမမြင်ရတော့ တစ်မျိုးကြီးဟဲ့…”
“လုပ်တုန်းကလုပ်ပြီး အခုမှကြောက်နေတာလား……”
“အဲ့ဒါညည်းကြောင့်လေ….ငါစောင့်နေတာကြာလှပြီ…ဖုန်းဆက်မှပဲ ပြန်လာတော့တယ်…..”
“မစံတို့ အရှိန်ပျက်မှာစိုးလို့….”
“ကောင်မစုတ်လေး…..”
နှစ်ယောက်သား အပေါ်မတက်ဘဲ တွတ်ထိုးနေတုန်း ဒယ်ဒီဆင်းလာ၏။
“….စံစံ…ပြန်လာပြီလား….”
“ဟုတ်…ဟုတ်ကဲ့…ဒယ်ဒီ…..”
“သမီးဒယ်ဒီက နွားနို့သောက်ချင်တယ်ဆိုလို့ ဆင်းလာတာ...သမီးရောသောက်ဦးမလား….”
နောက်က မာမီပါဆင်းလိုက်လာပြီး ပြောတော့ စံ့ရဲ့စိုးရိမ်မှုလေးတွေအနည်းအကျဉ်းတော့ ပျောက်သွားသည်။
“မသောက်တော့ဘူးမာမီ…”
“အေး…အေး…သွားနားကြတော့လေ….”
“ဟုတ်….ဟုတ်….”
စံနဲ့နွယ်ရုံ ကုပ်ချောင်းချောင်းနဲ့ အပေါ်ကိုတက်ခဲ့ကြသည်။
💮💮💮💮💮💮💮💮💮💮💮💮
အခန်းထဲရောက်တဲ့အထိ စံ ရင်တုန်မပြယ်သေးပေ။ဒယ်ဒီ့စိတ်ကိုလည်း နားမလည်နိုင်အောင် ရှိနေသည်။သူပဲ သဘောမတူဘူးလေသံပစ်ပြီး အခုကျတော့လည်း ဘာတစ်ခွန်းမှမပြောပါလား…..ကိုကြီးနဲ့ချစ်ရတာ အရင်လို
လွတ်လပ်မယ် မထင်တော့ဘူး.....ဟူး....
ကိုကြီးအကြောင်း စဉ်းစားမိတော့ အတွေးတွေက မကြာသေးခင်က အဖြစ်အပျက်ဆီ ပြန်ရောက်သွား၏။ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာတွေနီလာပြီး ခုတင်ပေါ်တစ်ပတ်လှိမ့်လိုက်ပြန်သည်။
ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ….သူကပဲ ဦးဆောင်သွားပုံက သိပ်တော်တာပဲ…..လူပျိုကြီးလည်းပြောသေးတယ်…ကျွမ်းလိုက်တာလည်း လွန်ပါရော….ဟွန့်….
*တန်…တန်…တန်….
*အမေ့….
ချစ်တင်းနှောခဲ့တဲ့အကြောင်းကို အတွေးထဲမှာ စမြုံ့ပြန်နေစဉ် ကိုကြီးဆီက ဖုန်းဝင်လာတော့ လန့်သွား၏။
“ဆူခံရသေးလား…..”
“မဆူပါဘူး….နွားနို့သောက်ဦးမလားလို့တောင် မေးနေသေးတယ်….”
“တော်သေးတာပေါ့….ကိုယ်က စိုးရိမ်နေတာ….အဲ့ဒါဆိုပြန်တော့မယ်…..”
“ဟင်….အခုထိမပြန်ရသေးဘူးလား….”
စံ လိုက်ကာစကိုအသာလှပ်၍ အပြင်ကိုကြည့်မိတော့ ကိုကြီးရဲ့ကားလေးက ခြံထောင့်မှာ အခုထိရှိနေဆဲ…
“စံလေးကို စိတ်ပူလို့ မပြန်သေးတာ….ရိုက်ခံရရင် ချက်ချင်းလာခေါ်မလို့….”
“ပြန်တော့နော်….စံအဆင်ပြေတယ်….”
“တကယ်ပြေတာလား….”
“အင်းပါဆို….”
“စံ့မှာ အပြင်ထွက်ရမယ့်ကိစ္စလည်းမရှိဘူး….ကိုယ်တို့ နောက်ထပ်ဘယ်တော့ တွေ့ရမှာလဲ….”
“နေပါဦး စံအကြံဉာဏ်ထုတ်လိုက်ပါဦးမယ်….”
“ပြန်ရောက်ရင် ဖုန်းခေါ်မယ်…”
“ဟုတ်ကဲ့ ကိုကြီး…"
ကိုကြီးရဲ့ကားလေး မြင်ကွင်းထဲက ပျောက်ကွယ်သွားမှ သူမရေချိုးခန်းထဲ ဝင်ခဲ့တော့သည်။
စံအပျိုမဟုတ်တော့ပါလား….
ဪ…စိတ်ကလည်း ဒါကိုပဲတွေးနေမိ
တော့တာပဲနော်….
💮💮💮💮💮💮💮💮💮💮💮💮
(အချိန်ကာလ အနည်းငယ်ကြာပြီးနောက်…..)
သူဘယ်လောက်ပင် သတိထားပြီး ဆင်ခြင်ပါစေ ဒုံးပျံထက်တောင် သတင်းလိုက်ပိုမြန်သည့် ပါပါရာဇီများကြောင့် သူနဲ့စံ့ရဲ့ပုံရိပ်အချို့ မီဒီယာပေါ်ရောက်သွားခဲ့သည်။ idol အစွဲရှိကြတဲ့ ဖန်တွေကတော့ သူ့လိုလူမျိုးကို ချစ်သူတော်ခဲ့သည့် စံ့ကိုအပြစ်တင်ကြ၏။အချို့ကလည်း စံ့ရဲ့ရွေးချယ်မှုကို လေးစားပေးကြပါသည်။
“ကိုကြီး….စိတ်ညစ်နေပြီလားဟင်…”
“ဘာကိုလဲ….”
“သတင်းတွေ အမျိုးမျိုးတက်နေလို့လေ…..”
“ဘာကိုစိတ်ညစ်ရမှာလဲကွ…..ကိုယ့်ချစ်သူလေးက အများကချစ်
ရတဲ့သူလေးပဲ….သူတို့ idol ကိုလုယူသွားတော့ နည်းနည်းတော့ပြောကြမှာပေါ့….”
ကိုကြီးက စံ့ခေါင်းလေးကိုပွတ်၍ ပြုံးပြုံးလေးပြောတော့ စံကျေနပ်ရပါသည်။သူက လူကြီးလူကောင်းသိပ်ဆန်၏။ဘာလေးပဲဖြစ်ဖြစ် စံ့ကိုအလေးအနက်ထားပြီး တိုင်ပင်သည်။
“ကိုကြီး….”
လူချော ကော်ဖီသောက်နေရာမှ မျက်လုံးပင့်ကြည့်ရင်း ထူးလိုက်သည်။
“စံ မရတာကြာပြီနော်…..”
*အဟွတ်…ဟွတ်…
*ခစ်…ခစ်…ခစ်….
သူ့ကို လာစနေတဲ့ကောင်မလေးကိုကြည့်ပြီး လူချောသဘောကျနေသည်။အရင်တုန်းကတော့ ဒီကောင်မလေးရဲ့ ပွင့်လင်းမှုကို စိတ်ပျက်မိရသလောက် အခုတော့လည်း ဒါလေးတွေကိုက သူ့ကိုမရိုးနိုင်တဲ့ဆန်းသစ်မှုကို အမြဲပေးစွမ်းလေသည်။
“ဒီအတိုင်းတော့ မရဘူး……..”
“အံမယ်…လာပြီးဈေးကိုင်နေတာ….မပေးချင်နေပေါ့……….”
စံမျက်စောင်းထိုးရင်း ဘုတောလိုက်၏။
“မဟုတ်ဘူး….ပေးမှာပေါ့………ကိုယ့်အစွမ်းအစကို သိတယ်မှတ်လား……..”
*ဟွန့်………
တကယ်တော့ စံတို့ကတစ်ကြိမ်ပဲ အတူတူနေဖူးသေးပါသည်။ကိုကြီးက စံနဲ့တွေ့တိုင်း သူ့စိတ်ကိုအမြဲထိန်းနိုင်၏။မထိန်းနိုင်တာက စံရယ်ပါ။ဒါပေမဲ့ စကားလေးတွေနဲ့တော့ အချင်းချင်း ကျီစယ်ကြပါသည်။
မထိခလုတ် ထိခလုတ်စရတာကိုက ချစ်သူသဘာဝ ကြည်နူးဖို့ကောင်းလှ၏။
💮💮💮💮💮💮💮💮💮💮💮💮
ပုဆိုးနဲ့ ရှပ်လက်ရှည်လေးကိုဝတ်၍ အန်ကယ်ဦးဇေယျာမင်းရဲ့ ဟိုတယ်ကို ရောက်လာခဲ့၏။ဒီတခါတော့ သူကပဲစတင်ချိန်းဆိုခဲ့တာဖြစ်သည်။
ကောင်မလေးရဲ့မိဘကို သွားတွေ့မယ့်ပုံစံမျိုးဖြင့် လေးစားသမှုပြု၍ မြန်မာဆန်မှုကိုသာ သူရွေးချယ်ဝတ်ခဲ့သည်။
"အန်ကယ်...."
"ရောက်လာပြီလား မောင်လူချော..."
"ဟုတ်ကဲ့....."
ဆိုဖာပေါ်ထိုင်နေကြပေမဲ့ သူဘယ်ကနေ ဘယ်လိုစကားစရင်ကောင်းမလဲဆိုတာ စဉ်းစားနေ၏။
"အန်ကယ်"
"အေး...ပြော...."
"ကျွန်တော့်လာရင်း ကိစ္စက......"
သူရှေ့မဆက်ဘဲ ရှေ့ချထားတဲ့ လက်ဖဝါးနှစ်ဖက်ကို ဖိဆုပ်လိုက်ပြန်၏။
'ဟူး...ဒီတစ်ကြိမ်ခွင့်မပြုလည်း နောက်တစ်ကြိမ်ပေါ့......'
"ကျွန်တော့်လာရင်းကိစ္စက ကျွန်တော့်ကို ပြန်ပြီးစဉ်းစားပေးဖို့ပါ....ကျွန်တော့်ကို ယုံကြည်မှုလေးပေးဖို့...."
"မောင်လူချောရဲ့....အန်ကယ်သာ ခွင့်မပြုရင် မင်းဒီအထိတောင် ရောက်လာမှာမဟုတ်ဘူးလေ....."
"ဗျာ....."
"မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်ပြီး အန်ကယ်တို့ဘက်က ကန့်ကွက်စရာမရှိဘူး.....သမီးလေးက မင်းနဲ့အတူရှိနိုင်မှ ပျော်မယ်ဆိုရင်လည်း ခွင့်ပြုပေးရမှာပေါ့...."
သူ့ရင်ထဲမှာတော့ ကုလားဘုရားပွဲလှည့်သလို တဗုံဗုံ တဒုံဒုံနဲ့ သံစုံမြည်နေချေပြီ။ဒါပေမဲ့ ပျော်ရွှင်မှုကို သတိနဲ့ထိန်းရင်း.....
"ကျေးဇူးအများကြီး တင်ပါတယ် အန်ကယ်....အန်ကယ့်ရဲ့ ယုံကြည်မှုကို စိတ်မပျက်စေရဘူးလို့ ကတိပေးပါတယ်...."
* ဝုန်း...
"ဒယ်ဒီ.....စံ နောက်မဆုတ်ဘူးလို့ ပြောပြီးသားနော်...."
သူနဲ့အန်ကယ် စကားကောင်းနေတုန်း ပင်တိုင်စံက ဟိုတယ်အထိရောက်လာပြီး တံခါးကိုဆွဲဖွင့်၍ အခန်းထဲဘွားခနဲပေါ်လာသည်။
"စံစံ...."
"ဒယ်ဒီနော်.....ကိုကြီးကို စံ မသိအောင် အဲ့လိုခေါ်ခေါ်တွေ့နေတာကို မကြိုက်တာ.....စံတစ်ခါတည်း တရားရုံးသွားပြီး လက်မှတ်ထိုးပစ်မှာ...."
"စံလေး...စွတ်မပြောနဲ့လေ...."
ဒေါသတွေတရှူးရှူးနဲ့ သူထင်ရာစွတ်ပြောနေတဲ့ ကောင်မလေးကိုကြည့်ပြီး သူ့မှာ အန်ကယ့်ကို အားနာနေ၏။သားအဖနှစ်ယောက်ကြား ဘယ်လိုကြားဝင်ရမှန်းလည်း မသိပေ။
"ဒါက ဖအေကို ပြန်အော်တာလား...."
"မဟုတ်ပါဘူး...ဒယ်ဒီ...."
ဒယ်ဒီ့ငေါက်သံကြောင့် စံ့ကိုယ်လေးတွန့်သွား၏။ဒါပေမဲ့ မာန်တင်းပြီး ကိုကြီးရှေ့မှာပိတ်ရပ်၍.....
"စံက ကိုကြီးနဲ့ လက်ထပ်မှဖြစ်တော့မှာ.... စံ့မှာ ကိုယ်ဝန်ရှိနေပြီ....."
သူမ မျက်စိစုံမှိတ်ပြီး မြန်မြန်ဆန်ဆန်ပဲအော်ချလိုက်သည်။
"ဘာ...."
"ဟာ....စံလေး....."
"ဟေ့ကောင် လူချော....မင်း....မင်း....ငါ့သမီးလေးကို.....ဟာကွာ...တောက်...."
"မဟုတ်ဘူး....အန်ကယ်.......ကျွန်တော် စံ့ကိုမေးပါဦးမယ်...."
"ဘာမှမေးစရာမလိုဘူး....မင်းမိဘတွေဆီ အခုချက်ချင်းဖုန်းဆက်....မနက်ဖြန် ငါ့ဆီသမီးလာတောင်းတာပဲ လိုချင်တယ်....ဒါပဲ...."
"အန်ကယ်.....ကျွန်...ကျွန်တော်...."
"တော်....တော်.....မင်း...ခုနကတော့ လေကြီးမိုးကြီးနဲ့ ငါ့ကိုကတိတွေပေးထားပြီးတော့...."
ဒေါသတွေရှူးရှူးရှားရှား ထွက်နေတဲ့ အန်ကယ့်ကိုကြည့်ပြီး သူခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၏။
စံလည်းဒီလိုဖြစ်လာမည်မှန်း မထင်၍ ပြောလိုက်မိခြင်းဖြစ်သည်။ကိုယ်ဝန်ရှိနေပြီဆိုရင် နည်းနည်းတော့ ခွင့်ပြုတန်ကောင်း၏ဆိုတဲ့အတွေးနဲ့ ပြောပစ်လိုက်၏။အခုတော့ လင်တစ်ယောက် အဖက်တင်မယ့်ကိန်း ဆိုက်နေပြီ။
"ဟေ့ကောင် ဘာကြောင်နေတာလဲ....ဖုန်းဆက်လေ...."
"ဟုတ်ကဲ့...."
"ဟို....ဒယ်ဒီ....ခဏလေးနေပါဦး..."
"ပင်တိုင်စံ နင့်ပါးစပ်ကိုပိတ်ထား....တစ်ချက်မှ အသံမထွက်နဲ့....."
သူ ဖုန်းကိုဖွင့်၍ အမေတို့ဆီ ခေါ်လိုက်၏။
* တူ......တူ.....တူ....
"ဟဲလို....."
"ဟဲလို အမေလား....."
"သားကြီး...နေကောင်းလား...."
"ဟုတ် ကောင်းတယ်အမေ...."
သူဖုန်းဆက်နေတာကို ဦးဇေယျာမင်းက စပီကာဖွင့်ဆိုသည့် ပုံစံနဲ့လုပ်ပြသည်။
"အမေ....."
"ပြောလေ သား....."
"ကျုပ်....ကျုပ်ကို....အဟမ်း.....မိန်းမလိုက်တောင်းပေးလို့ရလား....."
"ဟေ....."
အမေ့ဘက်က အသံတိတ်နေတော့ အန်ကယ့်မျက်နှာကြီးက ဒေါသကြောင့်
မဲမှောင်နေသည်။စံ့မှာလည်း မျက်နှာငယ်လေးနဲ့ ဖြစ်နေပြီ။စံမွှေးတဲ့ မီးက ငြှိမ်းလို့ကိုမနိုင်တော့ပေ။
"ကိုညိုမောင်းရေ....လာဦးတော့....တော့သားကြီး မိန်းမယူတော့မှာတဲ့...ကျုပ်တို့ ဆန္ဒတွေပြည့်ပြီ...."
ခဏအကြာမှာ ဖုန်းထဲကနေ အမေရဲ့ အော်သံကျယ်ကျယ်ကြီးက စူးခနဲထွက်လာ၏။
"ဟဲလို ...သားကြီး...."
"ဟုတ် အဖေ....."
"မင်းမိန်းမယူတော့မှာဆိုကွ...."
"ဟုတ်အဖေ.....အဲ့ဒါ လူကြီးကြောင်းလမ်းဖို့...."
"ကိုညိုမောင်း...တော် သားပြောတာတွေ သေချာမှတ်ထား...ကျုပ် ရွာထဲလှည့်ပြီး ကျုပ်သားလူပျိုသိုးကြီး မိန်းမရပြီဆိုတဲ့အကြောင်း ကြွားလိုက်ဦးမယ်....."
"ဘာမှမပူနဲ့ငါ့သား....အဖေတို့ ဘယ်တော့လိုက်တောင်းပေးရမှာလဲပြော....."
"ဟို...ဘယ်ကလဲလို့ မမေးတော့ဘူးလား အဖေ..."
"မေးစရာမလိုပါဘူး....ငါ့သားရှာတဲ့မိန်းမက ငါတို့သမီးဖြစ်လာမှာပဲကွ...."
အန်ကယ့်ရဲ့ ကျေနပ်နေတဲ့မျက်နှာကို မြင်လိုက်မှပဲ သူ့ရင်ထဲက အပူလုံးကြီး ကျသွား၏။
"သူက အဆိုတော် ပင်တိုင်စံ အဖေ..."
"ဟေ...."
"မင်းပြောပြောနေတဲ့ မင်းသမီးလေးလား...."
"ဟုတ်..."
"ဟေ့...ချောအိမ်ရေ မင့်သားမိန်းမက မင်းသမီးတဲ့ဟ......အဲ့ဒါပါ ကြွားခဲ့ဦး..."
အဖေက ဖုန်းခွက်ကြီးကိုင်လျက်သားနှင့် အမေကို အော်ပြောနေပုံရ၏။ဒီဘက်ကနေ အကျယ်ကြီး ကြားနေသည်။
"ဒါ...ဒါပဲအဖေ...ညမှပြန်ဆက်မယ်...."
သူဖုန်းချပြီး မျက်နှာငယ်လေးနဲ့ အန်ကယ့်ကို ကြည့်မိသည်။
"မနက်ဖြန်ညနေ ကန်တော့ပွဲအစုံနဲ့ အိမ်အရောက်မြင်ချင်တယ်..."
တစ်ခွန်းပဲပြောပြီး ဦးဇေယျာမင်းက ထွက်သွားသည်။
ခဏအကြာမှာ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝါးလုံးကွဲအောင် ရယ်မိကြ၏။
သူ့အပျော်က ပိုများပါလိမ့်မည်။
သူ့လက်ထပ်ခွင့်ကို နေ့ရွှေ့ညရွှေ့ ရွှေ့ချင်နေတဲ့ ကောင်မလေး အခုတော့ငြင်းမရတော့ပေ။
မိန်းမများ ရချင်ပြီဆိုတော့လည်း ဘာမှတောင် အားစိုက်မထုတ်လိုက်ရပါလား....
To be Continued
💙💙💙💙💙💙💙💙💙💙💙💙
အပိုင္း ၂၆
#Normal #Fiction Name -
ကိုလူေခ်ာရဲ႕ ပင္တိုင္စံ
Author - ဆာရာမူး
အပိုင္း - ၂၆
စထြက္သြားတုန္းကေတာ့ ဒယ္ဒီ႐ိုက္ခ်င္႐ိုက္ ဆူခ်င္ဆူ လုပ္ခ်င္ရာလုပ္မည္
ဆိုတဲ့စိတ္နဲ႔ ထြက္ခဲ့ေပမဲ့ တကယ္ျပန္လာေတာ့ အိမ္ထဲလွမ္းဝင္ဖို႔ကိုေတာင္ မဝံ့မရဲျဖစ္မိသည္။
“ႏြယ္႐ုံ….ဧည့္ခန္းမွာ ဒယ္ဒီတို႔လည္းမရွိဘူး…..”
“အခန္းထဲဝင္သြားၿပီေနမွာ….အခ်ိန္လည္း ၾကည့္ဦးေလ ၉ နာရီေတာင္ ထိုးေတာ့မယ္ မစံရဲ႕….”
“လူမျမင္ရေတာ့ တစ္မ်ိဳးႀကီးဟဲ့…”
“လုပ္တုန္းကလုပ္ၿပီး အခုမွေၾကာက္ေနတာလား……”
“အဲ့ဒါညည္းေၾကာင့္ေလ….ငါေစာင့္ေနတာၾကာလွၿပီ…ဖုန္းဆက္မွပဲ ျပန္လာေတာ့တယ္…..”
“မစံတို႔ အရွိန္ပ်က္မွာစိုးလို႔….”
“ေကာင္မစုတ္ေလး…..”
ႏွစ္ေယာက္သား အေပၚမတက္ဘဲ တြတ္ထိုးေနတုန္း ဒယ္ဒီဆင္းလာ၏။
“….စံစံ…ျပန္လာၿပီလား….”
“ဟုတ္…ဟုတ္ကဲ့…ဒယ္ဒီ…..”
“သမီးဒယ္ဒီက ႏြားႏို႔ေသာက္ခ်င္တယ္ဆိုလို႔ ဆင္းလာတာ...သမီးေရာေသာက္ဦးမလား….”
ေနာက္က မာမီပါဆင္းလိုက္လာၿပီး ေျပာေတာ့ စံ့ရဲ႕စိုးရိမ္မႈေလးေတြအနည္းအက်ဥ္းေတာ့ ေပ်ာက္သြားသည္။
“မေသာက္ေတာ့ဘူးမာမီ…”
“ေအး…ေအး…သြားနားၾကေတာ့ေလ….”
“ဟုတ္….ဟုတ္….”
စံနဲ႔ႏြယ္႐ုံ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ အေပၚကိုတက္ခဲ့ၾကသည္။
💮💮💮💮💮💮💮💮💮💮💮💮
အခန္းထဲေရာက္တဲ့အထိ စံ ရင္တုန္မျပယ္ေသးေပ။ဒယ္ဒီ့စိတ္ကိုလည္း နားမလည္ႏိုင္ေအာင္ ရွိေနသည္။သူပဲ သေဘာမတူဘူးေလသံပစ္ၿပီး အခုက်ေတာ့လည္း ဘာတစ္ခြန္းမွမေျပာပါလား…..ကိုႀကီးနဲ႔ခ်စ္ရတာ အရင္လို
လြတ္လပ္မယ္ မထင္ေတာ့ဘူး.....ဟူး....
ကိုႀကီးအေၾကာင္း စဥ္းစားမိေတာ့ အေတြးေတြက မၾကာေသးခင္က အျဖစ္အပ်က္ဆီ ျပန္ေရာက္သြား၏။ရွက္ကိုးရွက္ကန္းနဲ႔ မ်က္ႏွာေတြနီလာၿပီး ခုတင္ေပၚတစ္ပတ္လွိမ့္လိုက္ျပန္သည္။
ကိုႀကီးက ခ်စ္ဖို႔ေကာင္းလိုက္တာ….သူကပဲ ဦးေဆာင္သြားပုံက သိပ္ေတာ္တာပဲ…..လူပ်ိဳႀကီးလည္းေျပာေသးတယ္…ကြၽမ္းလိုက္တာလည္း လြန္ပါေရာ….ဟြန႔္….
*တန္…တန္…တန္….
*အေမ့….
ခ်စ္တင္းေႏွာခဲ့တဲ့အေၾကာင္းကို အေတြးထဲမွာ စၿမဳံ႕ျပန္ေနစဥ္ ကိုႀကီးဆီက ဖုန္းဝင္လာေတာ့ လန႔္သြား၏။
“ဆူခံရေသးလား…..”
“မဆူပါဘူး….ႏြားႏို႔ေသာက္ဦးမလားလို႔ေတာင္ ေမးေနေသးတယ္….”
“ေတာ္ေသးတာေပါ့….ကိုယ္က စိုးရိမ္ေနတာ….အဲ့ဒါဆိုျပန္ေတာ့မယ္…..”
“ဟင္….အခုထိမျပန္ရေသးဘူးလား….”
စံ လိုက္ကာစကိုအသာလွပ္၍ အျပင္ကိုၾကည့္မိေတာ့ ကိုႀကီးရဲ႕ကားေလးက ၿခံေထာင့္မွာ အခုထိရွိေနဆဲ…
“စံေလးကို စိတ္ပူလို႔ မျပန္ေသးတာ….႐ိုက္ခံရရင္ ခ်က္ခ်င္းလာေခၚမလို႔….”
“ျပန္ေတာ့ေနာ္….စံအဆင္ေျပတယ္….”
“တကယ္ေျပတာလား….”
“အင္းပါဆို….”
“စံ့မွာ အျပင္ထြက္ရမယ့္ကိစၥလည္းမရွိဘူး….ကိုယ္တို႔ ေနာက္ထပ္ဘယ္ေတာ့ ေတြ႕ရမွာလဲ….”
“ေနပါဦး စံအႀကံဉာဏ္ထုတ္လိုက္ပါဦးမယ္….”
“ျပန္ေရာက္ရင္ ဖုန္းေခၚမယ္…”
“ဟုတ္ကဲ့ ကိုႀကီး…"
ကိုႀကီးရဲ႕ကားေလး ျမင္ကြင္းထဲက ေပ်ာက္ကြယ္သြားမွ သူမေရခ်ိဳးခန္းထဲ ဝင္ခဲ့ေတာ့သည္။
စံအပ်ိဳမဟုတ္ေတာ့ပါလား….
ဪ…စိတ္ကလည္း ဒါကိုပဲေတြးေနမိ
ေတာ့တာပဲေနာ္….
💮💮💮💮💮💮💮💮💮💮💮💮
(အခ်ိန္ကာလ အနည္းငယ္ၾကာၿပီးေနာက္…..)
သူဘယ္ေလာက္ပင္ သတိထားၿပီး ဆင္ျခင္ပါေစ ဒုံးပ်ံထက္ေတာင္ သတင္းလိုက္ပိုျမန္သည့္ ပါပါရာဇီမ်ားေၾကာင့္ သူနဲ႔စံ့ရဲ႕ပုံရိပ္အခ်ိဳ႕ မီဒီယာေပၚေရာက္သြားခဲ့သည္။ idol အစြဲရွိၾကတဲ့ ဖန္ေတြကေတာ့ သူ႔လိုလူမ်ိဳးကို ခ်စ္သူေတာ္ခဲ့သည့္ စံ့ကိုအျပစ္တင္ၾက၏။အခ်ိဳ႕ကလည္း စံ့ရဲ႕ေ႐ြးခ်ယ္မႈကို ေလးစားေပးၾကပါသည္။
“ကိုႀကီး….စိတ္ညစ္ေနၿပီလားဟင္…”
“ဘာကိုလဲ….”
“သတင္းေတြ အမ်ိဳးမ်ိဳးတက္ေနလို႔ေလ…..”
“ဘာကိုစိတ္ညစ္ရမွာလဲကြ…..ကိုယ့္ခ်စ္သူေလးက အမ်ားကခ်စ္
ရတဲ့သူေလးပဲ….သူတို႔ idol ကိုလုယူသြားေတာ့ နည္းနည္းေတာ့ေျပာၾကမွာေပါ့….”
ကိုႀကီးက စံ့ေခါင္းေလးကိုပြတ္၍ ၿပဳံးၿပဳံးေလးေျပာေတာ့ စံေက်နပ္ရပါသည္။သူက လူႀကီးလူေကာင္းသိပ္ဆန္၏။ဘာေလးပဲျဖစ္ျဖစ္ စံ့ကိုအေလးအနက္ထားၿပီး တိုင္ပင္သည္။
“ကိုႀကီး….”
လူေခ်ာ ေကာ္ဖီေသာက္ေနရာမွ မ်က္လုံးပင့္ၾကည့္ရင္း ထူးလိုက္သည္။
“စံ မရတာၾကာၿပီေနာ္…..”
*အဟြတ္…ဟြတ္…
*ခစ္…ခစ္…ခစ္….
သူ႔ကို လာစေနတဲ့ေကာင္မေလးကိုၾကည့္ၿပီး လူေခ်ာသေဘာက်ေနသည္။အရင္တုန္းကေတာ့ ဒီေကာင္မေလးရဲ႕ ပြင့္လင္းမႈကို စိတ္ပ်က္မိရသေလာက္ အခုေတာ့လည္း ဒါေလးေတြကိုက သူ႔ကိုမ႐ိုးႏိုင္တဲ့ဆန္းသစ္မႈကို အၿမဲေပးစြမ္းေလသည္။
“ဒီအတိုင္းေတာ့ မရဘူး……..”
“အံမယ္…လာၿပီးေဈးကိုင္ေနတာ….မေပးခ်င္ေနေပါ့……….”
စံမ်က္ေစာင္းထိုးရင္း ဘုေတာလိုက္၏။
“မဟုတ္ဘူး….ေပးမွာေပါ့………ကိုယ့္အစြမ္းအစကို သိတယ္မွတ္လား……..”
*ဟြန႔္………
တကယ္ေတာ့ စံတို႔ကတစ္ႀကိမ္ပဲ အတူတူေနဖူးေသးပါသည္။ကိုႀကီးက စံနဲ႔ေတြ႕တိုင္း သူ႔စိတ္ကိုအၿမဲထိန္းႏိုင္၏။မထိန္းႏိုင္တာက စံရယ္ပါ။ဒါေပမဲ့ စကားေလးေတြနဲ႔ေတာ့ အခ်င္းခ်င္း က်ီစယ္ၾကပါသည္။
မထိခလုတ္ ထိခလုတ္စရတာကိုက ခ်စ္သူသဘာဝ ၾကည္ႏူးဖို႔ေကာင္းလွ၏။
💮💮💮💮💮💮💮💮💮💮💮💮
ပုဆိုးနဲ႔ ရွပ္လက္ရွည္ေလးကိုဝတ္၍ အန္ကယ္ဦးေဇယ်ာမင္းရဲ႕ ဟိုတယ္ကို ေရာက္လာခဲ့၏။ဒီတခါေတာ့ သူကပဲစတင္ခ်ိန္းဆိုခဲ့တာျဖစ္သည္။
ေကာင္မေလးရဲ႕မိဘကို သြားေတြ႕မယ့္ပုံစံမ်ိဳးျဖင့္ ေလးစားသမႈျပဳ၍ ျမန္မာဆန္မႈကိုသာ သူေ႐ြးခ်ယ္ဝတ္ခဲ့သည္။
"အန္ကယ္...."
"ေရာက္လာၿပီလား ေမာင္လူေခ်ာ..."
"ဟုတ္ကဲ့....."
ဆိုဖာေပၚထိုင္ေနၾကေပမဲ့ သူဘယ္ကေန ဘယ္လိုစကားစရင္ေကာင္းမလဲဆိုတာ စဥ္းစားေန၏။
"အန္ကယ္"
"ေအး...ေျပာ...."
"ကြၽန္ေတာ့္လာရင္း ကိစၥက......"
သူေရွ႕မဆက္ဘဲ ေရွ႕ခ်ထားတဲ့ လက္ဖဝါးႏွစ္ဖက္ကို ဖိဆုပ္လိုက္ျပန္၏။
'ဟူး...ဒီတစ္ႀကိမ္ခြင့္မျပဳလည္း ေနာက္တစ္ႀကိမ္ေပါ့......'
"ကြၽန္ေတာ့္လာရင္းကိစၥက ကြၽန္ေတာ့္ကို ျပန္ၿပီးစဥ္းစားေပးဖို႔ပါ....ကြၽန္ေတာ့္ကို ယုံၾကည္မႈေလးေပးဖို႔...."
"ေမာင္လူေခ်ာရဲ႕....အန္ကယ္သာ ခြင့္မျပဳရင္ မင္းဒီအထိေတာင္ ေရာက္လာမွာမဟုတ္ဘူးေလ....."
"ဗ်ာ....."
"မင္းရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ပတ္သက္ၿပီး အန္ကယ္တို႔ဘက္က ကန႔္ကြက္စရာမရွိဘူး.....သမီးေလးက မင္းနဲ႔အတူရွိႏိုင္မွ ေပ်ာ္မယ္ဆိုရင္လည္း ခြင့္ျပဳေပးရမွာေပါ့...."
သူ႔ရင္ထဲမွာေတာ့ ကုလားဘုရားပြဲလွည့္သလို တဗုံဗုံ တဒုံဒုံနဲ႔ သံစုံျမည္ေနေခ်ၿပီ။ဒါေပမဲ့ ေပ်ာ္႐ႊင္မႈကို သတိနဲ႔ထိန္းရင္း.....
"ေက်းဇူးအမ်ားႀကီး တင္ပါတယ္ အန္ကယ္....အန္ကယ့္ရဲ႕ ယုံၾကည္မႈကို စိတ္မပ်က္ေစရဘူးလို႔ ကတိေပးပါတယ္...."
* ဝုန္း...
"ဒယ္ဒီ.....စံ ေနာက္မဆုတ္ဘူးလို႔ ေျပာၿပီးသားေနာ္...."
သူနဲ႔အန္ကယ္ စကားေကာင္းေနတုန္း ပင္တိုင္စံက ဟိုတယ္အထိေရာက္လာၿပီး တံခါးကိုဆြဲဖြင့္၍ အခန္းထဲဘြားခနဲေပၚလာသည္။
"စံစံ...."
"ဒယ္ဒီေနာ္.....ကိုႀကီးကို စံ မသိေအာင္ အဲ့လိုေခၚေခၚေတြ႕ေနတာကို မႀကိဳက္တာ.....စံတစ္ခါတည္း တရား႐ုံးသြားၿပီး လက္မွတ္ထိုးပစ္မွာ...."
"စံေလး...စြတ္မေျပာနဲ႔ေလ...."
ေဒါသေတြတရႉးရႉးနဲ႔ သူထင္ရာစြတ္ေျပာေနတဲ့ ေကာင္မေလးကိုၾကည့္ၿပီး သူ႔မွာ အန္ကယ့္ကို အားနာေန၏။သားအဖႏွစ္ေယာက္ၾကား ဘယ္လိုၾကားဝင္ရမွန္းလည္း မသိေပ။
"ဒါက ဖေအကို ျပန္ေအာ္တာလား...."
"မဟုတ္ပါဘူး...ဒယ္ဒီ...."
ဒယ္ဒီ့ေငါက္သံေၾကာင့္ စံ့ကိုယ္ေလးတြန႔္သြား၏။ဒါေပမဲ့ မာန္တင္းၿပီး ကိုႀကီးေရွ႕မွာပိတ္ရပ္၍.....
"စံက ကိုႀကီးနဲ႔ လက္ထပ္မွျဖစ္ေတာ့မွာ.... စံ့မွာ ကိုယ္ဝန္ရွိေနၿပီ....."
သူမ မ်က္စိစုံမွိတ္ၿပီး ျမန္ျမန္ဆန္ဆန္ပဲေအာ္ခ်လိုက္သည္။
"ဘာ...."
"ဟာ....စံေလး....."
"ေဟ့ေကာင္ လူေခ်ာ....မင္း....မင္း....ငါ့သမီးေလးကို.....ဟာကြာ...ေတာက္...."
"မဟုတ္ဘူး....အန္ကယ္.......ကြၽန္ေတာ္ စံ့ကိုေမးပါဦးမယ္...."
"ဘာမွေမးစရာမလိုဘူး....မင္းမိဘေတြဆီ အခုခ်က္ခ်င္းဖုန္းဆက္....မနက္ျဖန္ ငါ့ဆီသမီးလာေတာင္းတာပဲ လိုခ်င္တယ္....ဒါပဲ...."
"အန္ကယ္.....ကြၽန္...ကြၽန္ေတာ္...."
"ေတာ္....ေတာ္.....မင္း...ခုနကေတာ့ ေလႀကီးမိုးႀကီးနဲ႔ ငါ့ကိုကတိေတြေပးထားၿပီးေတာ့...."
ေဒါသေတြရႉးရႉးရွားရွား ထြက္ေနတဲ့ အန္ကယ့္ကိုၾကည့္ၿပီး သူေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေန၏။
စံလည္းဒီလိုျဖစ္လာမည္မွန္း မထင္၍ ေျပာလိုက္မိျခင္းျဖစ္သည္။ကိုယ္ဝန္ရွိေနၿပီဆိုရင္ နည္းနည္းေတာ့ ခြင့္ျပဳတန္ေကာင္း၏ဆိုတဲ့အေတြးနဲ႔ ေျပာပစ္လိုက္၏။အခုေတာ့ လင္တစ္ေယာက္ အဖက္တင္မယ့္ကိန္း ဆိုက္ေနၿပီ။
"ေဟ့ေကာင္ ဘာေၾကာင္ေနတာလဲ....ဖုန္းဆက္ေလ...."
"ဟုတ္ကဲ့...."
"ဟို....ဒယ္ဒီ....ခဏေလးေနပါဦး..."
"ပင္တိုင္စံ နင့္ပါးစပ္ကိုပိတ္ထား....တစ္ခ်က္မွ အသံမထြက္နဲ႔....."
သူ ဖုန္းကိုဖြင့္၍ အေမတို႔ဆီ ေခၚလိုက္၏။
* တူ......တူ.....တူ....
"ဟဲလို....."
"ဟဲလို အေမလား....."
"သားႀကီး...ေနေကာင္းလား...."
"ဟုတ္ ေကာင္းတယ္အေမ...."
သူဖုန္းဆက္ေနတာကို ဦးေဇယ်ာမင္းက စပီကာဖြင့္ဆိုသည့္ ပုံစံနဲ႔လုပ္ျပသည္။
"အေမ....."
"ေျပာေလ သား....."
"က်ဳပ္....က်ဳပ္ကို....အဟမ္း.....မိန္းမလိုက္ေတာင္းေပးလို႔ရလား....."
"ေဟ....."
အေမ့ဘက္က အသံတိတ္ေနေတာ့ အန္ကယ့္မ်က္ႏွာႀကီးက ေဒါသေၾကာင့္
မဲေမွာင္ေနသည္။စံ့မွာလည္း မ်က္ႏွာငယ္ေလးနဲ႔ ျဖစ္ေနၿပီ။စံေမႊးတဲ့ မီးက ျငႇိမ္းလို႔ကိုမႏိုင္ေတာ့ေပ။
"ကိုညိဳေမာင္းေရ....လာဦးေတာ့....ေတာ့သားႀကီး မိန္းမယူေတာ့မွာတဲ့...က်ဳပ္တို႔ ဆႏၵေတြျပည့္ၿပီ...."
ခဏအၾကာမွာ ဖုန္းထဲကေန အေမရဲ႕ ေအာ္သံက်ယ္က်ယ္ႀကီးက စူးခနဲထြက္လာ၏။
"ဟဲလို ...သားႀကီး...."
"ဟုတ္ အေဖ....."
"မင္းမိန္းမယူေတာ့မွာဆိုကြ...."
"ဟုတ္အေဖ.....အဲ့ဒါ လူႀကီးေၾကာင္းလမ္းဖို႔...."
"ကိုညိဳေမာင္း...ေတာ္ သားေျပာတာေတြ ေသခ်ာမွတ္ထား...က်ဳပ္ ႐ြာထဲလွည့္ၿပီး က်ဳပ္သားလူပ်ိဳသိုးႀကီး မိန္းမရၿပီဆိုတဲ့အေၾကာင္း ႂကြားလိုက္ဦးမယ္....."
"ဘာမွမပူနဲ႔ငါ့သား....အေဖတို႔ ဘယ္ေတာ့လိုက္ေတာင္းေပးရမွာလဲေျပာ....."
"ဟို...ဘယ္ကလဲလို႔ မေမးေတာ့ဘူးလား အေဖ..."
"ေမးစရာမလိုပါဘူး....ငါ့သားရွာတဲ့မိန္းမက ငါတို႔သမီးျဖစ္လာမွာပဲကြ...."
အန္ကယ့္ရဲ႕ ေက်နပ္ေနတဲ့မ်က္ႏွာကို ျမင္လိုက္မွပဲ သူ႔ရင္ထဲက အပူလုံးႀကီး က်သြား၏။
"သူက အဆိုေတာ္ ပင္တိုင္စံ အေဖ..."
"ေဟ...."
"မင္းေျပာေျပာေနတဲ့ မင္းသမီးေလးလား...."
"ဟုတ္..."
"ေဟ့...ေခ်ာအိမ္ေရ မင့္သားမိန္းမက မင္းသမီးတဲ့ဟ......အဲ့ဒါပါ ႂကြားခဲ့ဦး..."
အေဖက ဖုန္းခြက္ႀကီးကိုင္လ်က္သားႏွင့္ အေမကို ေအာ္ေျပာေနပုံရ၏။ဒီဘက္ကေန အက်ယ္ႀကီး ၾကားေနသည္။
"ဒါ...ဒါပဲအေဖ...ညမွျပန္ဆက္မယ္...."
သူဖုန္းခ်ၿပီး မ်က္ႏွာငယ္ေလးနဲ႔ အန္ကယ့္ကို ၾကည့္မိသည္။
"မနက္ျဖန္ညေန ကန္ေတာ့ပြဲအစုံနဲ႔ အိမ္အေရာက္ျမင္ခ်င္တယ္..."
တစ္ခြန္းပဲေျပာၿပီး ဦးေဇယ်ာမင္းက ထြက္သြားသည္။
ခဏအၾကာမွာ ႏွစ္ေယာက္သား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး ဝါးလုံးကြဲေအာင္ ရယ္မိၾက၏။
သူ႔အေပ်ာ္က ပိုမ်ားပါလိမ့္မည္။
သူ႔လက္ထပ္ခြင့္ကို ေန႔ေ႐ႊ႕ညေ႐ႊ႕ ေ႐ႊ႕ခ်င္ေနတဲ့ ေကာင္မေလး အခုေတာ့ျငင္းမရေတာ့ေပ။
မိန္းမမ်ား ရခ်င္ၿပီဆိုေတာ့လည္း ဘာမွေတာင္ အားစိုက္မထုတ္လိုက္ရပါလား....
To be Continued
💙💙💙💙💙💙💙💙💙💙💙💙