ကိုလူချောရဲ့ ပင်တိုင်စံ(Compl...

By SaraMuu92

188K 4.2K 263

"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်... More

Into
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 24 (and) 25
Part 26
Part 2 7
Part 28
Part 29 (S- 1 Final )
S-2 Announcement
Hello

18 နှစ်ပြည့်မှ ဖတ်ပေးပါရှင့်

8.9K 185 36
By SaraMuu92

Unicode

📌 (အင်ထရို) Intro

ဒီစာကိုတင်ဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ်။ကိုယ့် Fiction ထဲမှာ ခုတင်ပေါ်က အကြောင်းအရာတွေပါတဲ့အတွက် ရေးမယ်လို့ ‌ဆုံးဖြတ်လိုက်တာပါ။လိင်ကိစ္စ အကြောင်းအရာဖြစ်လို့ အဆင်ပြေမှ ဖတ်ပေးကြပါနော်။

✅ သိထားပြီးသူများ ပါခဲ့မယ်ဆိုလျှင်လည်း ကျော်သွားပေးကြပါရှင်။

Sara လိုဘာနာမည်မှမရှိ၊ ဝတ္ထုရေးနေသူတစ်ယောက်က လိင်ကိစ္စပြောမယ်ဆိုတော့ ကြီးကြီးကျယ်ကျယ် ‘မကြီးကျယ်’ ဖြစ်နေပါပြီ။

Sara ကိုယ်တိုင်လည်း အပြာစာပေအရေးအသားဘက်မရောက်အောင် အမြဲထိန်းပါတယ်။

Plot ကအိမ်ထောင်ရေးလမ်းကြောင်းပေါ် ဦးတည်သွားရင်တော့ အတူအိပ်တဲ့အခန်းတွေ ထည့်ရေးပါတယ်။ဒါပေမဲ့ အပြာဆန်ဆန်မရေးပါ။

💮💮💮💮💮💮💮💮💮💮💮💮

📌 (Sex)

Sex လို့ပြောလိုက်တာနဲ့ လူတော်တော်များက ယောက်ျားနဲ့မိန်းမ အတူအိပ်ကြတာမှန်း သိမှာပေါ့။

💮💮💮💮💮💮💮💮💮💮💮💮

📌 ပြီးမြောက်မှု

✍️ လိင်ကိစ္စဆိုတာ ယောက်ျားတွေတင် သာယာနိုင်၊ ပြီးမြောက်နိုင်တာမဟုတ်ပါဘူး။မိန်းမ‌တွေလည်း ခံစားတတ်၊ ပြီးမြောက်နိုင်ပါတယ်။မိန်းမဆိုတာ ယောက်ျားတွေ လိင်ဆန္ဒပြည့်ဝဖို့အတွက် အဖြည့်ခံလူသားများမဟုတ်ပါ။နှစ်ယောက်အတူတူ ကာမအရသာကို ခံစားရမှာဖြစ်ပါတယ်။

✍️  မိန်းမတွေရဲ့ ပြီးမြောက်မှုက ယောက်ျားတွေလို အရည်ပန်းမထွက်ပါဘူး။အနှစ်ပဲထွက်ပါတယ်။


📌 ကြာချိန်

✍️  မိန်းမတွေရဲ့ လိင်ဆန္ဒပြီးမြောက်မှုကြာချိန်က နာရီဝက်ထက်မပိုပါဘူး။သမီးရည်းစားသဘာဝ အတူနေရင် တစ်ရက်တည်းမှာ အကြိမ်ပေါင်းများစွာ ဆက်ဆံနိုင်ပေမဲ့ အိမ်ထောင်သက်ကြာလာရင် တစ်နေ့တစ်ခါတောင် မနေနိုင်ကြတော့တဲ့သူတွေ ရှိပါတယ်။

✍️ ကျန်းမာသန်စွမ်းတဲ့ အိမ်ထောင်သည်ယောက်ျားတစ်ယောက်တောင်မှ တစ်ခါဆက်ဆံရင် အများဆုံးကြာချိန်က 1 နာရီထက်မပိုပါဘူး။အတွေ့အကြုံမရှိတဲ့ လူပျိုစစ်စစ်ဆိုရင် တက်ထွက်ပါနော်....3 မိနစ်တောင်မခံပါဘူး။ဒါကို လှောင်စရာလို့လည်း ပြောလို့မရပြန်ပါဘူး။

လူပျိုတစ်ယောက်အနေနဲ့ ဆန့်ကျင်ဘက်လိင်ကို ထိ‌တွေ့တဲ့အခါ မထိန်းချုပ်နိုင်တာ သဘာဝပါပဲ။ကြာချိန်ကို လေ့ကျင့်ယူလို့ရပါတယ်။

📌 အရွယ်အစား

✍️ အပြာစာတွေထဲမှာ ရေးနေကျတဲ့ 8 လက်မတွေ 9 လက်မ‌တွေ စံချိန်တင်၊ ပေမီဒေါက်မီ ဆိုတာတွေကလေ လိင်စိတ်ကြွအောင် ရေးကြတာပါနော်။

✍️ ယောက်ျားတစ်ယောက်ရဲ့ လိင်ဆက်ဆံနိုင်မှု စွမ်းဆောင်ရည်က သူတို့ရဲ့အရှည်ပေါ်မှာ မမူတည်ပါဘူး။သူတို့ ဘယ်လောက် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်လဲဆိုတာအပေါ်မှာပဲ မူတည်ပါတယ်။

✍️ ဆန္ဒရှိလို့ မာလာချိန်မှာ 5 လက်မဆိုတာဟာ သေးတဲ့ပမာဏထဲ မပါပါဘူး။သာမန်ပါပဲ။ 6 လက်မပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေအတွက်တော့ ကုသိုလ်ထူးတာပေါ့။

ဒါပေမဲ့ သူ့ဟာသူ 8 လက်မနေနေ 10 လက်မနေနေ ကိုယ့်ပါတနာကို ‌ပြီးမြောက်အောင် မလုပ်ဆောင်ပေးနိုင်ရင် အဲ့ကောင် $သုံးမကျပါဘူး။

တချို့မောင်လေးတွေ နားလည်မှုလွဲနေကြတယ်။ရှည်မှကောင်းတယ် ထင်နေကြတဲ့ မောင်လေးတို့ကို ပြောပြချင်ပါတယ်။

✍️ မိန်းမတွေရဲ့ မွေးလမ်းကြောင်းအရှည်က ပုံမှန်ဆို ၂ လက်မကနေ ၄ လက်မအထိပဲရှည်ပြီး လိင်စိတ်ကြွရင် ၅ လက်မဆိုတာ အရှည်ဆုံးပါပဲ။

✍️ မိန်းမတွေက ကလေးခေါင်းတောင် ထွက်နိုင်သေးတာ...လုံးပတ်တုတ်တာကို မကြောက်ပါဘူး။အရှည်ကို ကြောက်ပါတယ်။၅ လက်မသာရှိလှတဲ့ သားအိမ်ကို ၈ လက်မ ၉ လက်မကြီးကဝင်လာရင် ဆက်ဆံတဲ့အခါ သားအိမ်ကို ထောက်ပါတယ်။ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။စိတ်ပါလွန်းလို့ အကြမ်းပတမ်း ဆက်ဆံချိန်မှာတောင် သားအိမ်ထိသွားရင် အောင့်ပါတယ်။

📌 နာကျင်မှု

✍️ အပျိုစင်စစ်အနေနဲ့ ပထမဆုံးအကြိမ် ထိုးသွင်းဆက်ဆံခံရမှုက နာပါတယ်။ဒါပေမဲ့ ဆက်ဆံချိန်တလျှောက်လုံး မိန်းမတိုင်း သည်းသည်းလှုပ် ကဲကဲဆတ် မနာပါဘူးနော်။

✍️ တစ်ချက်စထည့်ပြီးရင် ခဏပဲနာပြီး ကိုယ့်ရဲ့ချစ်သူ/ခင်ပွန်းက ကိုယ်စိတ်ပါလာအောင် နှူးနိုင်၊ နှပ်နိုင် လုပ်ဆောင်နိုင်ရင်၊ အဆီတစ်မျိုးမျိုး သုံးမယ်ဆိုရင် နာကျင်မှုဆိုတာ ဘာလဲလို့တောင် မေးယူရမှာပါပဲ။

✍️ သဘာဝကပေးတဲ့ လက်ဆောင်ကြီးက ကောင်းလွန်းလို့ ကြိုက်နေကြတာပါကွယ်။

✍️  တစ်ခါဆက်ဆံပြီးရင် လမ်းမလျှောက်နိုင်လောက်အောင် ပျော့ခွေကျသွားတယ်ဆိုတာ ပြီးမြောက်မှုများလွန်းလို့ ဒူးချောင်သွားတာပါ။နာလွန်းလို့ အထိမခံနိုင်လွန်းလို့ လမ်းတောင်မလျှောက်နိုင်တဲ့အခြေအနေ ဖြစ်ရတာမဟုတ်ပါဘူး။

မယုံရင် ကလေးကိုရိုးရိုးမွေးတဲ့ မိခင်တွေကို သွားကြည့်....ကလေးထွက်သွားရင် အကောင်းတိုင်းပဲ။လိင်ဆက်ဆံတာ ကလေးမွေးရတာလောက်တောင် မနာဘူး....

✍️ ကိုယ့်ရဲ့ပါတနာက ကိုယ့်အတွက်မစဉ်းစားဘဲ သူ့အတွက်သူပဲကြည့်ပြီး ဆက်ဆံမယ်ဆိုရင်တော့ နာမှာပေါ့။နာတဲ့အပြင် Sex ဆိုတာကို ကြောက်တောင်သွားမှာပါ။ rape case တွေလိုပေါ့နော်။

✍️ ကိုယ့်ဘက်က ရှက်အားပိုပြီး ကြွက်သားတွေကို ကျုံ့ထားရင်လည်း နာမှာပါပဲ။မျက်ရည်တောင် ကျလိမ့်မယ်။


📌သွေး

✍️ မွေးလမ်းကြောင်းမှာရှိတဲ့ အမြှေးပါးလေးဟာ လိင်မဆက်ဆံခင် အကြောင်းတစ်ခုခုကြောင့် မစုတ်ပြဲခဲ့ဖူးဆိုရင် ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ စုတ်ပြဲပါတယ်၊ သွေးထွက်ပါတယ်။ရာသီလာသလို ဒလဟောမထွက်ပါဘူးနော်။သွေးစလေးအနည်းအကျဉ်းပဲ ပါတာပါ။အိပ်ရာတွေ‌ ပေပွနေလောက်အောင် မထွက်ပါဘူး၊ တစ်ရှူးလေးနဲ့ သုတ်တောင် ရတယ်။

(တအားပေပွတာတွေကို ဖတ်မိထားတော့ ကိုယ်ဖတ်ထားတဲ့ ဆရာဝန်တွေရဲ့စာတွေကပဲ မှားနေသလားတောင် ထင်ရ)

📌 အပျိုစစ်၊မစစ်...

✍️ အမြှေးပါးနဲ့ မဆိုင်ပါ။ရိုင်းရိုင်းပြောရရင် ဖြဲကြည့်မှသိမှာနော်။အင်္ဂါဇာတ်ရဲ့ အရောင်အသွေး၊ နှုတ်ခမ်းသား၊ အစေ့၊ အဲ့ဒါ‌တွေပေါ်မူတည်ပြီး ဆုံးဖြတ်လို့ရတယ်။တချို့ ဖိုဝါဒအားကြီးတဲ့ နလပိန်းတုံးယောက်ျားတွေက သွေးထွက်မှ အပျိုစစ်တယ်ထင်ကြတာ။သွေးအတုနဲ့တိုးပြီး ဂျိုပေါက်နေဦးမယ်

✍️ အမြှေးပါးလေးက ထူလွန်းတာလည်းရှိသလို ပါးလွန်းတာလည်းရှိပါတယ်။အမြှေးပါးပေါက်ပေမဲ့ သွေးထွက်တာလည်းရှိသလို ‌သွေးမထွက်တာလည်း ရှိပါတယ်....အမှန်တရားကတော့ အမြှေး‌ပါးပေါက်တယ်
ဆိုတာ ရာသီလာသလို အများကြီးမထွက်ပါ။

📌 ရှက်သင့်လား

✍️ အရှက်ကုန်ရင် လင်မယားတဲ့...
အိမ်ထောင်ကျသွားတဲ့အထိ သည်းသည်းလှုပ်ရှက်နေတဲ့ မိန်းမ ဘယ်မိန်းမမှမရှိပါဘူး။လိင်ဆန္ဒဆိုတာရှက်စရာကိစ္စမဟုတ်ပါ။ကိုယ့်ခင်ပွန်းကသာ အမြဲကောင်းအောင် ကြိုးစားပေးနိုင်ရင် မိန်းမတိုင်းက welcome ကြီးပါပဲ။

လိင်ဆက်ဆံချိန်မှာ မိန်းမတွေရှက်သလိုလို ရွံ့သလိုလိုဖြစ်တာက ရည်းစားဘဝမှာပဲ ရှိပါတယ်နော်။ဒါကလည်း သဘာဝပါ။အိမ်ထောင်ကျသွားရင် သားသမီးတွေလစ်တုန်း ဆွဲရတာ။ရှက်နေရင် ငတ်သွားမယ်။😂.....

✍️ အလွန်အကျွံ ရှက်လွန်းရင်လည်း မကောင်းပါဘူး။ဆန္ဒမပြည့်ဝပါဘူး။ဆန္ဒမပြည့်ဝရင် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ထိခိုက်လာပါမယ်။

✍️  ယောက်ျားတစ်ယောက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတစ်ဝက်ကို လိင်ဆက်ဆံချိန်မှာ သိနိုင်ပါတယ်။

သူကိုယ့်အပေါ် ဦးစားပေးရဲ့လား....။သူ့ဟာသူပဲ ပြီးပြီးရော လုပ်နေသလား....သူပြီးတာနဲ့ ရပ်လိုက်ပြီလား....ကိုယ်နဲ့ညှိနှိုင်းမှုရှိရဲ့လား....လားပေါင်းများစွာပေါ့။အဲ့ဒီအရာတွေက လူမှုဆက်ဆံရေးမှာ အများကြီးထိရောက်ပါတယ်။

သူ့ဟာသူ ဘာလုပ်လုပ် သမီးတို့ကတော့ ဖြည့်ဆည်းပေးမှာပဲ ဆိုရင်တော့ သဘောပေါ့ရှင်။ လူဖြစ်ရှုံးတာပေါ့။😁

📌 လိင်ဆန္ဒက အရေးမကြီးဘူး။ချစ်ဖို့ပဲလိုတယ်ဆိုတာ မှားပါတယ်။တဏှာဆိုတာ သက်ရှိတိုင်းကင်းလို့မရတဲ့အရာပါ။အိမ်ထောင်သည်ဘဝမှာ Sex က 70 ရာခိုင်နှုန်းအထိ အရေးပါပါတယ်။

📌 သာမန်ထက်ပိုပြီး တဏှာကြီးတဲ့ ယောက်ျား၊မိန်းမဆိုတာ ရှိပါတယ်။ဒီစာကတော့ သူတို့နဲ့မသက်ဆိုင်ပါဘူး။ခြွင်းချက်ပေါ့။

📌 Oral Sex
(ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း)

✍️ မိန်းမတွေကို ငံပြာရည်မဆိုပြီး နှိမ်ကျတဲ့ အမျိုးသားထုကြီးက သီးသန့်ကိုရှိပါတယ်။လိင်အင်္ဂါဆိုတာ မိန်းမမှနံတာမဟုတ်ပါဘူး။ယူတို့ယောက်ျားတွေလည်း နံတယ်နော်။

Oral Sex အကြောင်း ရေးမယ်ဆိုရင် အနည်းဆုံးတော့ ရေချိုးပြီးစဖြစ်ဖြစ် ရေဆေးပြီးတာဖြစ်ဖြစ် အစပျိုးသင့်တယ်။

ချိန်းတွေ့ ခုတင်ပေါ်ရောက် Oral Sex တန်းစဆိုတာ  လက်တွေ့မှာ အဆင်မပြေလှပါဘူး။ပါတနာက နံလည်း ရတယ်ဆိုပေမဲ့ ကိုယ့်အနံ့အသက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းစေသလို ပါတနာကိုလည်း အားနာသင့်ပါတယ်။ပြင်ဆင်ဆေးကြောဖို့ အချိန်ယူသင့်ပါတယ်။

📌 ကာကွယ်မှု

Sara ရဲ့ Fiction တွေထဲမှာ မယူရသေးဘဲ Living together နေတဲ့အခန်းတွေပါရင် ကွန်ဒုံး (Condom) သုံးတာကိုပဲ အသားပေးပြီးရေးပါတယ်။ဆေးထိုးဆေးသောက်ဆိုတာ အိမ်ထောင်သည်တွေတောင်မှ မလုပ်ချင်တဲ့အရာပါ။အပျိုဘဝမှာ ဘာအကြောင်းနဲ့မှ ဆေးမသုံးစွဲသင့်ပါ။ဒင်းတို့မစွပ်ချင်ရင် မလုပ်နဲ့။ရှင်းရှင်းလေး။

💮💮💮💮💮💮💮💮💮💮💮💮

📌 သုက်ရည်

တချို့ က သုက်ရည်ကို မျိုချတာကောင်းတယ်…မကောင်းဘူး ငြင်းကြတယ်ပေါ့နော်…

ယေဘုယျအားဖြင့် အမျိုးသားသုက်ရည်ထဲမှာ ပါဝင်တဲ့ပစ္စည်းတွေက လူကိုကြီးကြီးမားမားအန္တရာယ်မရှိစေတဲ့အတွက် မျိုချလည်း ဘာမှတော့မဖြစ်ပါဘူး။

ဒါပေမဲ့ သုက်ရည်က ခန္ဓာကိုယ်ကလာတဲ့အတွက် HIV လိုမျိုး လိင်မှတဆင့်ကူးစက်စေသော ရောဂါပိုးတွေ ပါလာနိုင်ပါတယ်။

ဆိုတော့ မျိုချခြင်း မချခြင်းက ကိုယ့်အပေါ်မူတည်ပါတယ်…

📌 နိဂုံးConclusion

ဒီအထိ ဖတ်ပြီးပြီဆိုတော့ Readers တို့အနေနဲ့ Sara ကအပျိုမှဟုတ်ရဲ့လားဆိုတာ သံသယဝင်စရာရှိပါတယ်။

Sara က 92 born ဖြစ်ပြီး အသက် 32 နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပါတယ်။ ရည်းစားသက်+အိမ်ထောင်သက် စုစုပေါင်း 10 နှစ်ရှိပါပြီ။ဆိုတော့ အပျို၊ လူပျိုလေးတွေထက်တော့ ပိုသိတာပေါ့ကွယ်....

Sex Education သင်ရမှာ ရှက်နေကြတဲ့ မြန်မာနိုင်ငံမှာ 18+ ဆန်ဆန်စာတွေဖတ်ကြပြီး လက်တွေ့ဘဝနဲ့မကိုက်ညီတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်ကြရော...

ဒေါက်တာမောင်မောင်ညိုရေးတဲ့သိပ္ပံနည်းကျအိမ်ထောင်သည်ဘဝ ဆိုတဲ့ စာအုပ်ကိုဖတ်ကြဖို့ မောင်လေး ညီမလေးတွေကို
recommend ပေးပါတယ်။

မောင်လေးတွေအတွက် သီးသန့်က
ဒေါက်တာဖြိုးသီဟရေးတဲ့ ညီလေးတို့ဖတ်ဖို့ ဆိုတဲ့စာအုပ်ကို recommend ပေးပါတယ်။

Sara ရေးတဲ့ Fiction တိုင်းမှာ ခုတင်ပေါ်က အခန်းတွေပါခဲ့ရင်တောင် အမျိုးသမီး ဦးစားပေးတဲ့အခန်းတွေသာ ရေးပါတယ်။လိင်စိတ်ကြွရုံရေးသားထားတာမဟုတ်ပါဘူး။အိမ်ထောင်ရေးသုခအနေနဲ့ ရေးခဲ့ခြင်းသာ ဖြစ်ပါကြောင်း....

လျှာရှည်တာ များသွားလို့ ရပ်ပါပြီ။

ဒီ author လျှာရှည်လွန်းလို့ အားမပေးတော့ဘူးဆိုရင်လည်း စိတ်ချမ်းသာသလို လုပ်ပါရှင်။

တစ်ယောက်ဖတ်မိလို့ တစ်ချက်သိသွားရင်ပဲ ရေးရကျိုးနပ်ပါပြီ။

SaraMuu

💙💙💙💙💙💙💙💙💙💙💙💙

Zawgyi

📌 (အင္ထ႐ို) Intro

ဒီစာကိုတင္ဖို႔ အႀကိမ္ႀကိမ္စဥ္းစားခဲ့ပါတယ္။ကိုယ့္ Fiction ထဲမွာ ခုတင္ေပၚက အေၾကာင္းအရာေတြပါတဲ့အတြက္ ေရးမယ္လို႔ ‌ဆုံးျဖတ္လိုက္တာပါ။လိင္ကိစၥ အေၾကာင္းအရာျဖစ္လို႔ အဆင္ေျပမွ ဖတ္ေပးၾကပါေနာ္။

✅ သိထားၿပီးသူမ်ား ပါခဲ့မယ္ဆိုလွ်င္လည္း ေက်ာ္သြားေပးၾကပါရွင္။

Sara လိုဘာနာမည္မွမရွိ၊ ဝတၳဳေရးေနသူတစ္ေယာက္က လိင္ကိစၥေျပာမယ္ဆိုေတာ့ ႀကီးႀကီးက်ယ္က်ယ္ ‘မႀကီးက်ယ္’ ျဖစ္ေနပါၿပီ။

Sara ကိုယ္တိုင္လည္း အျပာစာေပအေရးအသားဘက္မေရာက္ေအာင္ အၿမဲထိန္းပါတယ္။

Plot ကအိမ္ေထာင္ေရးလမ္းေၾကာင္းေပၚ ဦးတည္သြားရင္ေတာ့ အတူအိပ္တဲ့အခန္းေတြ ထည့္ေရးပါတယ္။ဒါေပမဲ့ အျပာဆန္ဆန္မေရးပါ။

💮💮💮💮💮💮💮💮💮💮💮💮

📌 (Sex)

Sex လို႔ေျပာလိုက္တာနဲ႔ လူေတာ္ေတာ္မ်ားက ေယာက္်ားနဲ႔မိန္းမ အတူအိပ္ၾကတာမွန္း သိမွာေပါ့။

💮💮💮💮💮💮💮💮💮💮💮💮

📌 ၿပီးေျမာက္မႈ

✍️ လိင္ကိစၥဆိုတာ ေယာက္်ားေတြတင္ သာယာႏိုင္၊ ၿပီးေျမာက္ႏိုင္တာမဟုတ္ပါဘူး။မိန္းမ‌ေတြလည္း ခံစားတတ္၊ ၿပီးေျမာက္ႏိုင္ပါတယ္။မိန္းမဆိုတာ ေယာက္်ားေတြ လိင္ဆႏၵျပည့္ဝဖို႔အတြက္ အျဖည့္ခံလူသားမ်ားမဟုတ္ပါ။ႏွစ္ေယာက္အတူတူ ကာမအရသာကို ခံစားရမွာျဖစ္ပါတယ္။

✍️  မိန္းမေတြရဲ႕ ၿပီးေျမာက္မႈက ေယာက္်ားေတြလို အရည္ပန္းမထြက္ပါဘူး။အႏွစ္ပဲထြက္ပါတယ္။


📌 ၾကာခ်ိန္

✍️  မိန္းမေတြရဲ႕ လိင္ဆႏၵၿပီးေျမာက္မႈၾကာခ်ိန္က နာရီဝက္ထက္မပိုပါဘူး။သမီးရည္းစားသဘာဝ အတူေနရင္ တစ္ရက္တည္းမွာ အႀကိမ္ေပါင္းမ်ားစြာ ဆက္ဆံႏိုင္ေပမဲ့ အိမ္ေထာင္သက္ၾကာလာရင္ တစ္ေန႔တစ္ခါေတာင္ မေနႏိုင္ၾကေတာ့တဲ့သူေတြ ရွိပါတယ္။

✍️ က်န္းမာသန္စြမ္းတဲ့ အိမ္ေထာင္သည္ေယာက္်ားတစ္ေယာက္ေတာင္မွ တစ္ခါဆက္ဆံရင္ အမ်ားဆုံးၾကာခ်ိန္က 1 နာရီထက္မပိုပါဘူး။အေတြ႕အႀကဳံမရွိတဲ့ လူပ်ိဳစစ္စစ္ဆိုရင္ တက္ထြက္ပါေနာ္....3 မိနစ္ေတာင္မခံပါဘူး။ဒါကို ေလွာင္စရာလို႔လည္း ေျပာလို႔မရျပန္ပါဘူး။

လူပ်ိဳတစ္ေယာက္အေနနဲ႔ ဆန႔္က်င္ဘက္လိင္ကို ထိ‌ေတြ႕တဲ့အခါ မထိန္းခ်ဳပ္ႏိုင္တာ သဘာဝပါပဲ။ၾကာခ်ိန္ကို ေလ့က်င့္ယူလို႔ရပါတယ္။

📌 အ႐ြယ္အစား

✍️ အျပာစာေတြထဲမွာ ေရးေနက်တဲ့ 8 လက္မေတြ 9 လက္မ‌ေတြ စံခ်ိန္တင္၊ ေပမီေဒါက္မီ ဆိုတာေတြကေလ လိင္စိတ္ႂကြေအာင္ ေရးၾကတာပါေနာ္။

✍️ ေယာက္်ားတစ္ေယာက္ရဲ႕ လိင္ဆက္ဆံႏိုင္မႈ စြမ္းေဆာင္ရည္က သူတို႔ရဲ႕အရွည္ေပၚမွာ မမူတည္ပါဘူး။သူတို႔ ဘယ္ေလာက္ ကြၽမ္းက်င္စြာလုပ္ေဆာင္ႏိုင္လဲဆိုတာအေပၚမွာပဲ မူတည္ပါတယ္။

✍️ ဆႏၵရွိလို႔ မာလာခ်ိန္မွာ 5 လက္မဆိုတာဟာ ေသးတဲ့ပမာဏထဲ မပါပါဘူး။သာမန္ပါပဲ။ 6 လက္မပိုင္ဆိုင္ထားတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ ကုသိုလ္ထူးတာေပါ့။

ဒါေပမဲ့ သူ႔ဟာသူ 8 လက္မေနေန 10 လက္မေနေန ကိုယ့္ပါတနာကို ‌ၿပီးေျမာက္ေအာင္ မလုပ္ေဆာင္ေပးႏိုင္ရင္ အဲ့ေကာင္ $သုံးမက်ပါဘူး။

တခ်ိဳ႕ေမာင္ေလးေတြ နားလည္မႈလြဲေနၾကတယ္။ရွည္မွေကာင္းတယ္ ထင္ေနၾကတဲ့ ေမာင္ေလးတို႔ကို ေျပာျပခ်င္ပါတယ္။

✍️ မိန္းမေတြရဲ႕ ေမြးလမ္းေၾကာင္းအရွည္က ပုံမွန္ဆို ၂ လက္မကေန ၄ လက္မအထိပဲရွည္ၿပီး လိင္စိတ္ႂကြရင္ ၅ လက္မဆိုတာ အရွည္ဆုံးပါပဲ။

✍️ မိန္းမေတြက ကေလးေခါင္းေတာင္ ထြက္ႏိုင္ေသးတာ...လုံးပတ္တုတ္တာကို မေၾကာက္ပါဘူး။အရွည္ကို ေၾကာက္ပါတယ္။၅ လက္မသာရွိလွတဲ့ သားအိမ္ကို ၈ လက္မ ၉ လက္မႀကီးကဝင္လာရင္ ဆက္ဆံတဲ့အခါ သားအိမ္ကို ေထာက္ပါတယ္။ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။စိတ္ပါလြန္းလို႔ အၾကမ္းပတမ္း ဆက္ဆံခ်ိန္မွာေတာင္ သားအိမ္ထိသြားရင္ ေအာင့္ပါတယ္။

📌 နာက်င္မႈ

✍️ အပ်ိဳစင္စစ္အေနနဲ႔ ပထမဆုံးအႀကိမ္ ထိုးသြင္းဆက္ဆံခံရမႈက နာပါတယ္။ဒါေပမဲ့ ဆက္ဆံခ်ိန္တေလွ်ာက္လုံး မိန္းမတိုင္း သည္းသည္းလႈပ္ ကဲကဲဆတ္ မနာပါဘူးေနာ္။

✍️ တစ္ခ်က္စထည့္ၿပီးရင္ ခဏပဲနာၿပီး ကိုယ့္ရဲ႕ခ်စ္သူ/ခင္ပြန္းက ကိုယ္စိတ္ပါလာေအာင္ ႏႉးႏိုင္၊ ႏွပ္ႏိုင္ လုပ္ေဆာင္ႏိုင္ရင္၊ အဆီတစ္မ်ိဳးမ်ိဳး သုံးမယ္ဆိုရင္ နာက်င္မႈဆိုတာ ဘာလဲလို႔ေတာင္ ေမးယူရမွာပါပဲ။

✍️ သဘာဝကေပးတဲ့ လက္ေဆာင္ႀကီးက ေကာင္းလြန္းလို႔ ႀကိဳက္ေနၾကတာပါကြယ္။

✍️  တစ္ခါဆက္ဆံၿပီးရင္ လမ္းမေလွ်ာက္ႏိုင္ေလာက္ေအာင္ ေပ်ာ့ေခြက်သြားတယ္ဆိုတာ ၿပီးေျမာက္မႈမ်ားလြန္းလို႔ ဒူးေခ်ာင္သြားတာပါ။နာလြန္းလို႔ အထိမခံႏိုင္လြန္းလို႔ လမ္းေတာင္မေလွ်ာက္ႏိုင္တဲ့အေျခအေန ျဖစ္ရတာမဟုတ္ပါဘူး။

မယုံရင္ ကေလးကို႐ိုး႐ိုးေမြးတဲ့ မိခင္ေတြကို သြားၾကည့္....ကေလးထြက္သြားရင္ အေကာင္းတိုင္းပဲ။လိင္ဆက္ဆံတာ ကေလးေမြးရတာေလာက္ေတာင္ မနာဘူး....

✍️ ကိုယ့္ရဲ႕ပါတနာက ကိုယ့္အတြက္မစဥ္းစားဘဲ သူ႔အတြက္သူပဲၾကည့္ၿပီး ဆက္ဆံမယ္ဆိုရင္ေတာ့ နာမွာေပါ့။နာတဲ့အျပင္ Sex ဆိုတာကို ေၾကာက္ေတာင္သြားမွာပါ။ rape case ေတြလိုေပါ့ေနာ္။

✍️ ကိုယ့္ဘက္က ရွက္အားပိုၿပီး ႂကြက္သားေတြကို က်ဳံ႕ထားရင္လည္း နာမွာပါပဲ။မ်က္ရည္ေတာင္ က်လိမ့္မယ္။


📌ေသြး

✍️ ေမြးလမ္းေၾကာင္းမွာရွိတဲ့ အေျမႇးပါးေလးဟာ လိင္မဆက္ဆံခင္ အေၾကာင္းတစ္ခုခုေၾကာင့္ မစုတ္ၿပဲခဲ့ဖူးဆိုရင္ ပထမဆုံးအႀကိမ္ လိင္ဆက္ဆံတဲ့အခါ စုတ္ၿပဲပါတယ္၊ ေသြးထြက္ပါတယ္။ရာသီလာသလို ဒလေဟာမထြက္ပါဘူးေနာ္။ေသြးစေလးအနည္းအက်ဥ္းပဲ ပါတာပါ။အိပ္ရာေတြ‌ ေပပြေနေလာက္ေအာင္ မထြက္ပါဘူး၊ တစ္ရႉးေလးနဲ႔ သုတ္ေတာင္ ရတယ္။

(တအားေပပြတာေတြကို ဖတ္မိထားေတာ့ ကိုယ္ဖတ္ထားတဲ့ ဆရာဝန္ေတြရဲ႕စာေတြကပဲ မွားေနသလားေတာင္ ထင္ရ)

📌 အပ်ိဳစစ္၊မစစ္...

✍️ အေျမႇးပါးနဲ႔ မဆိုင္ပါ။႐ိုင္း႐ိုင္းေျပာရရင္ ၿဖဲၾကည့္မွသိမွာေနာ္။အဂၤါဇာတ္ရဲ႕ အေရာင္အေသြး၊ ႏႈတ္ခမ္းသား၊ အေစ့၊ အဲ့ဒါ‌ေတြေပၚမူတည္ၿပီး ဆုံးျဖတ္လို႔ရတယ္။တခ်ိဳ႕ ဖိုဝါဒအားႀကီးတဲ့ နလပိန္းတုံးေယာက္်ားေတြက ေသြးထြက္မွ အပ်ိဳစစ္တယ္ထင္ၾကတာ။ေသြးအတုနဲ႔တိုးၿပီး ဂ်ိဳေပါက္ေနဦးမယ္

✍️ အေျမႇးပါးေလးက ထူလြန္းတာလည္းရွိသလို ပါးလြန္းတာလည္းရွိပါတယ္။အေျမႇးပါးေပါက္ေပမဲ့ ေသြးထြက္တာလည္းရွိသလို ‌ေသြးမထြက္တာလည္း ရွိပါတယ္....အမွန္တရားကေတာ့ အေျမႇး‌ပါးေပါက္တယ္
ဆိုတာ ရာသီလာသလို အမ်ားႀကီးမထြက္ပါ။

📌 ရွက္သင့္လား

✍️ အရွက္ကုန္ရင္ လင္မယားတဲ့...
အိမ္ေထာင္က်သြားတဲ့အထိ သည္းသည္းလႈပ္ရွက္ေနတဲ့ မိန္းမ ဘယ္မိန္းမမွမရွိပါဘူး။လိင္ဆႏၵဆိုတာရွက္စရာကိစၥမဟုတ္ပါ။ကိုယ့္ခင္ပြန္းကသာ အၿမဲေကာင္းေအာင္ ႀကိဳးစားေပးႏိုင္ရင္ မိန္းမတိုင္းက welcome ႀကီးပါပဲ။

လိင္ဆက္ဆံခ်ိန္မွာ မိန္းမေတြရွက္သလိုလို ႐ြံ႕သလိုလိုျဖစ္တာက ရည္းစားဘဝမွာပဲ ရွိပါတယ္ေနာ္။ဒါကလည္း သဘာဝပါ။အိမ္ေထာင္က်သြားရင္ သားသမီးေတြလစ္တုန္း ဆြဲရတာ။ရွက္ေနရင္ ငတ္သြားမယ္။😂.....

✍️ အလြန္အကြၽံ ရွက္လြန္းရင္လည္း မေကာင္းပါဘူး။ဆႏၵမျပည့္ဝပါဘူး။ဆႏၵမျပည့္ဝရင္ ေနာက္ဆက္တြဲ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ ထိခိုက္လာပါမယ္။

✍️  ေယာက္်ားတစ္ေယာက္ရဲ႕ စိတ္ဓာတ္ပိုင္းဆိုင္ရာတစ္ဝက္ကို လိင္ဆက္ဆံခ်ိန္မွာ သိႏိုင္ပါတယ္။

သူကိုယ့္အေပၚ ဦးစားေပးရဲ႕လား....။သူ႔ဟာသူပဲ ၿပီးၿပီးေရာ လုပ္ေနသလား....သူၿပီးတာနဲ႔ ရပ္လိုက္ၿပီလား....ကိုယ္နဲ႔ညႇိႏႈိင္းမႈရွိရဲ႕လား....လားေပါင္းမ်ားစြာေပါ့။အဲ့ဒီအရာေတြက လူမႈဆက္ဆံေရးမွာ အမ်ားႀကီးထိေရာက္ပါတယ္။

သူ႔ဟာသူ ဘာလုပ္လုပ္ သမီးတို႔ကေတာ့ ျဖည့္ဆည္းေပးမွာပဲ ဆိုရင္ေတာ့ သေဘာေပါ့ရွင္။ လူျဖစ္ရႈံးတာေပါ့။😁

📌 လိင္ဆႏၵက အေရးမႀကီးဘူး။ခ်စ္ဖို႔ပဲလိုတယ္ဆိုတာ မွားပါတယ္။တဏွာဆိုတာ သက္ရွိတိုင္းကင္းလို႔မရတဲ့အရာပါ။အိမ္ေထာင္သည္ဘဝမွာ Sex က 70 ရာခိုင္ႏႈန္းအထိ အေရးပါပါတယ္။

📌 သာမန္ထက္ပိုၿပီး တဏွာႀကီးတဲ့ ေယာက္်ား၊မိန္းမဆိုတာ ရွိပါတယ္။ဒီစာကေတာ့ သူတို႔နဲ႔မသက္ဆိုင္ပါဘူး။ႁခြင္းခ်က္ေပါ့။

📌 Oral Sex
(ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း)

✍️ မိန္းမေတြကို ငံျပာရည္မဆိုၿပီး ႏွိမ္က်တဲ့ အမ်ိဳးသားထုႀကီးက သီးသန႔္ကိုရွိပါတယ္။လိင္အဂၤါဆိုတာ မိန္းမမွနံတာမဟုတ္ပါဘူး။ယူတို႔ေယာက္်ားေတြလည္း နံတယ္ေနာ္။

Oral Sex အေၾကာင္း ေရးမယ္ဆိုရင္ အနည္းဆုံးေတာ့ ေရခ်ိဳးၿပီးစျဖစ္ျဖစ္ ေရေဆးၿပီးတာျဖစ္ျဖစ္ အစပ်ိဳးသင့္တယ္။

ခ်ိန္းေတြ႕ ခုတင္ေပၚေရာက္ Oral Sex တန္းစဆိုတာ  လက္ေတြ႕မွာ အဆင္မေျပလွပါဘူး။ပါတနာက နံလည္း ရတယ္ဆိုေပမဲ့ ကိုယ့္အနံ႔အသက္ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ အားနည္းေစသလို ပါတနာကိုလည္း အားနာသင့္ပါတယ္။ျပင္ဆင္ေဆးေၾကာဖို႔ အခ်ိန္ယူသင့္ပါတယ္။

📌 ကာကြယ္မႈ

Sara ရဲ႕ Fiction ေတြထဲမွာ မယူရေသးဘဲ Living together ေနတဲ့အခန္းေတြပါရင္ ကြန္ဒုံး (Condom) သုံးတာကိုပဲ အသားေပးၿပီးေရးပါတယ္။ေဆးထိုးေဆးေသာက္ဆိုတာ အိမ္ေထာင္သည္ေတြေတာင္မွ မလုပ္ခ်င္တဲ့အရာပါ။အပ်ိဳဘဝမွာ ဘာအေၾကာင္းနဲ႔မွ ေဆးမသုံးစြဲသင့္ပါ။ဒင္းတို႔မစြပ္ခ်င္ရင္ မလုပ္နဲ႔။ရွင္းရွင္းေလး။

💮💮💮💮💮💮💮💮💮💮💮💮

📌 သုက္ရည္

တခ်ိဳ႕ က သုက္ရည္ကို မ်ိဳခ်တာေကာင္းတယ္…မေကာင္းဘူး ျငင္းၾကတယ္ေပါ့ေနာ္…

ေယဘုယ်အားျဖင့္ အမ်ိဳးသားသုက္ရည္ထဲမွာ ပါဝင္တဲ့ပစၥည္းေတြက လူကိုႀကီးႀကီးမားမားအႏၲရာယ္မရွိေစတဲ့အတြက္ မ်ိဳခ်လည္း ဘာမွေတာ့မျဖစ္ပါဘူး။

ဒါေပမဲ့ သုက္ရည္က ခႏၶာကိုယ္ကလာတဲ့အတြက္ HIV လိုမ်ိဳး လိင္မွတဆင့္ကူးစက္ေစေသာ ေရာဂါပိုးေတြ ပါလာႏိုင္ပါတယ္။

ဆိုေတာ့ မ်ိဳခ်ျခင္း မခ်ျခင္းက ကိုယ့္အေပၚမူတည္ပါတယ္…

📌 နိဂုံးConclusion

ဒီအထိ ဖတ္ၿပီးၿပီဆိုေတာ့ Readers တို႔အေနနဲ႔ Sara ကအပ်ိဳမွဟုတ္ရဲ႕လားဆိုတာ သံသယဝင္စရာရွိပါတယ္။

Sara က 92 born ျဖစ္ၿပီး အသက္ 32 ႏွစ္အ႐ြယ္ အိမ္ေထာင္သည္ အမ်ိဳးသမီးျဖစ္ပါတယ္။ ရည္းစားသက္+အိမ္ေထာင္သက္ စုစုေပါင္း 10 ႏွစ္ရွိပါၿပီ။ဆိုေတာ့ အပ်ိဳ၊ လူပ်ိဳေလးေတြထက္ေတာ့ ပိုသိတာေပါ့ကြယ္....

Sex Education သင္ရမွာ ရွက္ေနၾကတဲ့ ျမန္မာႏိုင္ငံမွာ 18+ ဆန္ဆန္စာေတြဖတ္ၾကၿပီး လက္ေတြ႕ဘဝနဲ႔မကိုက္ညီတဲ့အခါ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ကုန္ၾကေရာ...

ေဒါက္တာေမာင္ေမာင္ညိဳေရးတဲ့သိပၸံနည္းက်အိမ္ေထာင္သည္ဘဝ ဆိုတဲ့ စာအုပ္ကိုဖတ္ၾကဖို႔ ေမာင္ေလး ညီမေလးေတြကို
recommend ေပးပါတယ္။

ေမာင္ေလးေတြအတြက္ သီးသန႔္က
ေဒါက္တာၿဖိဳးသီဟေရးတဲ့ ညီေလးတို႔ဖတ္ဖို႔ ဆိုတဲ့စာအုပ္ကို recommend ေပးပါတယ္။

Sara ေရးတဲ့ Fiction တိုင္းမွာ ခုတင္ေပၚက အခန္းေတြပါခဲ့ရင္ေတာင္ အမ်ိဳးသမီး ဦးစားေပးတဲ့အခန္းေတြသာ ေရးပါတယ္။လိင္စိတ္ႂကြ႐ုံေရးသားထားတာမဟုတ္ပါဘူး။အိမ္ေထာင္ေရးသုခအေနနဲ႔ ေရးခဲ့ျခင္းသာ ျဖစ္ပါေၾကာင္း....

လွ်ာရွည္တာ မ်ားသြားလို႔ ရပ္ပါၿပီ။

ဒီ author လွ်ာရွည္လြန္းလို႔ အားမေပးေတာ့ဘူးဆိုရင္လည္း စိတ္ခ်မ္းသာသလို လုပ္ပါရွင္။

တစ္ေယာက္ဖတ္မိလို႔ တစ္ခ်က္သိသြားရင္ပဲ ေရးရက်ိဳးနပ္ပါၿပီ။

SaraMuu

💙💙💙💙💙💙💙💙💙💙💙💙

Continue Reading

You'll Also Like

2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
783K 31.4K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
2.4K 133 46
မင်းသုဝေ(စိန္ပန္းေျမ)၊ ဝိုင္းဝိုင္း၊Minsetwai၊ Snow Hninnတို႔၏ ကဗ်ာေကာင္းေလးမ်ား