ကိုလူချောရဲ့ ပင်တိုင်စံ(Compl...

By SaraMuu92

190K 4.2K 266

"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်... More

Into
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24 (and) 25
18 နှစ်ပြည့်မှ ဖတ်ပေးပါရှင့်
Part 26
Part 2 7
Part 28
Part 29 (S- 1 Final )
S-2 Announcement
Hello

Part 24

4.8K 115 6
By SaraMuu92

Unicode

ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် တဲ့။

သိပ်မှန်တဲ့စကားပါပဲ။အစောပိုင်းတုန်းကတော့ စံလေးရဲ့ ခိုးရာလိုက်ပြေးတဲ့သတင်းနဲ့ ပြန်လည်ဖြေရှင်းတဲ့ သတင်းက ထရန်း (trend) ဖြစ်နေခဲ့သည်။အခုတော့လည်း အရာရာဟာ အရင်လိုပြန်ဖြစ်သွားခဲ့ပြီ။

စံ့ရဲ့သန်မာတဲ့စိတ်ဓာတ်ကို သူတကယ်ပဲလေးစားမိ၏။အင်တာဗျူးမှာ ဖြေသွားတာတွေအာလုံးဟာ အပိုအလိုမရှိ ထိမိလှသည်။

*တန်…….တန်…….တန်……..

“ဟဲလို……မောင်လူချောလား……အန်ကယ်ပါ…..”

“ဟုတ်ကဲ့အန်ကယ် ပြောပါခင်ဗျ……….”

“မောင်လူချော အချိန်ရရင် အန်ကယ့်ရဲ့ ဟိုတယ်ကို ခဏလောက် လာခဲ့ပါလားကွ……..အန်ကယ် စကားလေးနည်းနည်းပြောစရာရှိလို့……..”

“ဟုတ်ကဲ့အန်ကယ်…..ကျွန်တော် ညနေ ၆ နာရီတော့ အားပါတယ်………”

“ဟုတ်ပြီ…..အဲ့ဒီအချိန် အန်ကယ်စောင့်နေမယ်….”

အန်ကယ့်ဘက်က ဖုန်းချသွားသည်နှင့် လူချော စဉ်းစားခန်းဝင်သွားသည်။သူနဲ့အန်ကယ်ကြားမှာ အရေးကြီးကိစ္စပြောစရာဟူ၍ ဘာမှမရှိပေ။ဘာအကြောင်းနဲ့ စကားပြောချင်သည်ဆိုတာကို သူ တွေးမရအောင် ဖြစ်နေ၏။

💮💮💮💮💮💮💮💮💮💮💮💮

Easter ဟိုတယ်ထဲရောက်သည်နှင့် ဧည့်ကြိုလေးက သူ့ကိုအန်ကယ်စောင့်နေတဲ့ အခန်းဆီခေါ်သွားလေသည်။

“လာ မောင်လူချော ထိုင်ပါ….”

“ဟုတ်ကဲ့ အန်ကယ်…”

“မင်းအလုပ်ရောဘယ်လိုလဲ….”

“အဆင်ပြေပါတယ်အန်ကယ်….မာကတ်တင်းပိုင်းတော့ အားနည်းနေသေးတာပေါ့……အလုပ်ဝင်နေကြတဲ့ သူတွေအားလုံးလည်း အဆင်ပြေကြပါတယ်…….”

“အေးကွာ……ကြားရတာ ဝမ်းသာပါတယ်…….အန်ကယ် မင်းကိုခေါ်ရတာက စံစံ့အကြောင်းပါ………”

“ဟုတ်ကဲ့…..”

သူနည်းနည်းတော့ ရိပ်မိစပြုလာ၏။သူနဲ့စံလေးအကြောင်းကို အန်ကယ်တနည်းနည်းနဲ့ သိသွားတာပဲဖြစ်ရမည်။

“သမီးလေးက သီချင်းဆိုဝါသနာကြီးတယ်မောင်လူချော...သူငယ်ငယ်လေးကတည်းက ရည်မှန်းချက်က အဆိုတော်ဖြစ်ဖို့ပဲ....အန်ကယ်တို့ကလည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးခဲ့ပါတယ်....”

“ဟုတ်ကဲ့….”

“သမီးနဲ့မောင်လူချောတို့ သာမန်ပတ်သက်မှုမဟုတ်တာကို အန်ကယ်ရိပ်မိတယ်မောင်လူချော….”

ထင်ထားတဲ့စကားဆိုပေမဲ့ တကယ်ကြားလိုက်ရတော့ သူ အံ့ဩသွားခဲ့သည်။ဒါပေမဲ့ မျက်နှာမပျက်အောင် ထိန်းထားရင်း---

“ဟုတ်ကဲ့အန်ကယ်...ကျွန်တော် စံ့အပေါ်မှာ ကိုယ်ရံတော်တစ်ယောက်ရဲ့ တာဝန်ဆိုတာထက်ပိုပြီး မေတ္တာရှိခဲ့ပါတယ်...”

“အင်းးးးးအန်ကယ့်သမီးနဲ့ပတ်သက်လို့ မောင်လူချော ဘယ်လောက်ထိ နားလည်လဲ....”

“အမှန်အတိုင်းပြောရရင် အန်ကယ်က မိဘဖြစ်တဲ့အတွက် ကျွန်တော့်ထက်ပိုပြီး ပင်တိုင်စံ့အကြောင်းကို သိမှာပါ....ကျွန်တော့်ရဲ့ နားလည်နိုင်မှုက အန်ကယ်တို့ကို မီနိုင်မယ်မထင်ပါဘူး....ဒါပေမဲ့ ကျွန်တော် စံနဲ့ပတ်သက်ရင် ဘာလေးပဲဖြစ်ဖြစ် အသေးစိတ်ကအစ နားလည်ပေးနိုင်ဖို့ ကြိုးစားပါတယ်....”

“အန်ကယ့်မှာ အဆင့်အတန်းခွဲခြားချင်တဲ့စိတ်တွေ မရှိပါဘူးမောင်‌လူချော....မင်းကိုယုံလို့ အန်ကယ့်သမီးကို အပ်ထားခဲ့တာပါ...အခုလိုဖြစ်သွားတော့ စိတ်ထဲမှာ ကျေနပ်ပေးလို့တော့ မရဘူးပေါ့ကွာ......

မောင်လူချောက အနုပညာနယ်ပယ်နဲ့လည်း အလှမ်းဝေးတယ်....သမီးလေးနဲ့ပတ်သက်မိပြီးမှ သတင်းတွေထွက်လာခဲ့ရင် မောင်လူချောအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား....

....ကွဲကွာဖြစ်ခဲ့ရင် စိတ်ဆင်းရဲရမှာက အန်ကယ့်သမီးလေးပဲလေ...အန်ကယ်တို့က သမီးလေးကို တသက်လုံးပျော်ရွှင်စေချင်တာပါ......”

အန်ကယ်ဦးဇေယျာမင်းရဲ့ စကားကအဆုံးသတ်သွားခဲ့ပြီ။သူ့ကိုတိုက်ရိုက်မပြောပေမဲ့ အဓိကဆိုလိုရင်းကတော့ နောက်ဆုတ်စေချင်တာပင်။

“အန်ကယ်ပြောတာတွေ မှန်ပါတယ်…ကျွန်တော်က အန်ကယ်တို့ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းနဲ့မတူခဲ့ပါဘူး။ကျွန်တော့်ဘဝမှာ ဆရာသမားရဲ့အလုပ်ကို အမွေဆက်ခံမယ်။ကျွန်တော့်ဝါသနာကို နည်းမှန်လမ်းမှန်နဲ့ အသက်မွေးဝမ်းကြောင်းပြုမယ်..အဲ့ဒီလိုစိတ်အပြင် တခြားမရှိခဲ့ဖူးဘူး...ပင်တိုင်စံနဲ့ မတွေ့ခင်အထိပေါ့....

သူနဲ့ဆုံတွေ့ခဲ့ရခြင်းက ကျွန်တော့်ဘဝအတွက် အလင်းရောင်တစ်ခုကို တွေ့လိုက်သလိုပါပဲ အန်ကယ်....ကျွန်တော့်အသက်နဲ့လဲပြီး ကာကွယ်ပေးရမယ့် မိန်းကလေးတစ်ယောက် ဒီလောကကြီးထဲမှာ ရှိနေ‌ပါလားဆိုတာကို သိခဲ့ရတာပါ။အဲ့ဒါကြောင့် အန်ကယ်တို့ ကျွန်တော့်ကို ယုံကြည်လက်ခံနိုင်လာတဲ့အထိ ကျွန်တော့်ဘက်က သက်သေပြပါ့မယ်....”

💮💮💮💮💮💮💮💮💮💮💮💮

ဦးဇေယျာမင်းနဲ့ စကားပြောပြီးပြန်လာချိန်မှာ လူချောခေါင်းထဲ စဉ်းစားစရာတွေများလာ၏။ အန်ကယ်က သဘောမတူဘူးလို့လည်း မပြောသလို တူတယ်လို့လည်း တရားသေသတ်မှတ်လို့
မရပေ။ဖြစ်နိုင်တာကတော့ သူ အန်ကယ်တို့ ယုံကြည်လာဖို့ အချိန်နည်းနည်းတော့ ယူရပေဦးမည်။

💮💮💮💮💮💮💮💮💮💮💮

“မစံ အန်ကယ်က စကားပြောစရာရှိလို့တဲ့….စာကြည့်ခန်းထဲလာခဲ့လို့ပြောတယ်…”

အခန်းထဲမှာ သီချင်းစာသား ဖတ်နေတုန်း စံ့ကိုနွယ်ရုံက လာပြောသည်။ဒယ်ဒီက အလေးအနက်ပြောစရာရှိမှသာ အခုလိုမျိုး တကူးတက ခေါ်တတ်၏။သာမန်ကိစ္စများဆို မာမီနဲ့သာပြောလေ့ရှိသည်။

“ဒယ်ဒီ စံ့ကိုခေါ်တယ်ဆို…….”

“ထိုင်….စံစံ…..”

စာကြည့်ခန်းထဲမှာ မာမီလည်း ရှိနေသည်။စံ ဒယ်ဒီနဲ့မာမီရှေ့မှာဝင်လိုက်၏။

“ဘာများပြောစရာရှိလို့လဲ ဒယ်ဒီ…..”

“ဒယ်ဒီ ကွေ့ဝိုက်မနေတော့ပါဘူး….မနေ့တုန်းက ဒယ်ဒီ မောင်လူချောနဲ့စကားပြောခဲ့တယ်…”

ဒယ်ဒီပြောလိုက်တယ်ဆိုလျင်ပဲ စံ့ရင်ထဲ ဒိတ်ခနဲဆို တုန်သွားသည်။ခေါင်းကို ငုံ့လိုက်ပြီး လက်သည်းခွံတွေကို အချင်းချင်းကုတ်နေမိ၏။

ဒယ်ဒီက တစ်ခုခုကိုသိထားလို့များ
ကိုကြီးကိုခေါ်တွေ့တာလား….

စံ့အတွေးတွေထဲ ယောက်ယက်ခတ်သွားသည်။

“ဒယ်ဒီကတော့ မောင်လူချောကို သေချာပြန်စဉ်းစားဖို့ ပြောခဲ့တယ်….”

ဒယ်ဒီ့စကားကြောင့် စံ့စိတ်ထဲနည်းနည်း ကွက်သွား၏။

“ဒယ်ဒီက သမီးကိုအရင်မမေးဘဲ ဘာလို့ ကိုကြီးကိုခေါ်တွေ့ရတာလဲ…နောက်ထပ်ရော ဘာတွေပြောခဲ့သေးတာလဲ…”

“ဒယ်ဒီ့ကို မေးခွန်းပြန်မထုတ်ပါနဲ့….သမီးသဘောထားကိုပဲ အမှန်အတိုင်းပြောပါ….”

“စံ……ကိုကြီးကိုတကယ်ချစ်တာပါ မာမီ….”

သူမ မာမီ့မျက်နှာကိုပဲ တိုက်ရိုက်မော့ကြည့်ရင်း ပြောလိုက်၏။ဒယ်ဒီ့ကိုတော့ မျက်လုံးချင်းဆုံအောင် မကြည့်ပေ။

“အဲ့ဒါဆို သမီးဆိုလိုတာက သမီးဘက်က နောက်မဆုတ်ဘူးဆိုတဲ့သဘောလား….”

ဒယ်ဒီကမေးပေမဲ့ စံမဖြေဘဲငြိမ်နေ၏။တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတစ်မျိုးပဲလေ။

“ပထမတစ်ခါမှားတုန်းကတော့ သမီးလေးက ငယ်သေးတယ်……ဒယ်ဒီတို့ ထိန်းချုပ်ပုံကလည်း လမ်းကြောင်းလွဲခဲ့တဲ့အတွက် ငါ့သမီးလေးဘဝ အမဲစက်လိုဖြစ်ခဲ့ရတာ….. ဒယ်ဒီတို့အပြစ်လည်း မကင်းပါဘူး…..

ဒီတစ်ခေါက်ကတော့ သမီးလည်း စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်ကိုရောက်နေပြီ…….. ဒယ်ဒီ အရင်လို မချုပ်ချယ်ချင်တော့ဘူး…….
သမီးတို့နှစ်ယောက်အကြောင်း သိသွားရင် တိုက်ခိုက်လာမယ့်၊ ဝေဖန်လာကြမယ့်ဒဏ်တွေကို သမီးခံနိုင်မှာလား….”

ဒယ်ဒီ့မေးခွန်းတွေကို စံ မဖြေချင်တော့ပေ။ကိုကြီးကို ဒယ်ဒီဘယ်လိုစကားတွေ ပြောလိုက်တာလဲဆိုတာကိုပဲ သိချင်မိသည်။

“သမီးက အနုပညာရှင်မို့လို့  လျစ်လျူရှုနိုင်ပေမဲ့ မောင်လူချောက အဲ့ဒီဒဏ်တွေကို ခံနိုင်ပါ့မလား…..

သူက ဘယ်အချိန်ထိ သမီးကိုကာကွယ်ပေးနိုင်မှာမို့လို့လဲ……..သမီးတို့နှစ်ယောက်က ရှင်သန်ခဲ့ရတဲ့ ဘဝချင်းလည်းမတူဘူး……နောက်ပြီးသမီးက အခုမှ အောင်မြင်ကာစရှိသေးတယ်….ဒါကလည်း သမီးရွေးချယ်ထားတဲ့အလုပ်ပဲလေ…… ဒယ်ဒီ့သဘောကတော့  မောင်လူချောနဲ့သမီးကို ရှေ့မဆက်စေချင်ဘူး………..”

“ဒယ်ဒီ……….”

စံ ဒယ်ဒီ့ကို စိတ်ပျက်တဲ့ မျက်လုံးတွေနဲ့ ကြည့်မိသည်။ဒါဆို ကိုကြီးကိုလည်း ဒီလိုတွေပဲ ပြောခဲ့မှာပေါ့။ဒါ ကိုကြီးကို နှိမ်တဲ့စကားတွေပဲ မဟုတ်ဘူးလား။

မာမီ့မျက်နှာဘက်ကို အားကိုးတကြီးနဲ့ကြည့်မိပြန်သည်။

“မာမီကလည်း သမီးဒယ်ဒီနဲ့ သဘောထားအတူတူပဲသမီး…….သမီးလေး တစ်သက်လုံး မပျော်ရွှင်ရမှာကို မာမီတို့သိပ်စိုးရိမ်တယ်….”

“မာမီတို့က စံပျော်တယ်၊ မပျော်ဘူးဆိုတာကို ဘာနဲ့တိုင်းတာနေတာလဲ……….”

“သမီးလေးရဲ့……..”

“…….စံခေါင်းတွေကိုက်နေလို့ သွားနားပါရစေတော့…….”

မာမီ့စကားကို ဆုံးအောင်နားမထောင်တော့ဘဲ အမြန်ဆုံးခြေလှမ်းများနဲ့ ထွက်ခဲ့သည်။ဒယ်ဒီက ကိုကြီးကိုအထင်သေးနေခဲ့တာပဲ။ပင်တိုင်စံဆိုတာ ကိုကြီးရဲ့အချစ်တွေကြောင့်သာ ပျော်ရွှင်လာရတယ်ဆိုတာ သူတို့မသိလို့လား…..

By SaraMuu

To be continued

💙💙💙💙💙💙💙💙💙💙💙💙

zawgyi

ပတ္ဝန္းက်င္ဆိုတာ ခ်ီးမြမ္းခုႏွစ္ရက္ ကဲ့ရဲ႕ခုႏွစ္ရက္ တဲ့။

သိပ္မွန္တဲ့စကားပါပဲ။အေစာပိုင္းတုန္းကေတာ့ စံေလးရဲ႕ ခိုးရာလိုက္ေျပးတဲ့သတင္းနဲ႔ ျပန္လည္ေျဖရွင္းတဲ့ သတင္းက ထရန္း (trend) ျဖစ္ေနခဲ့သည္။အခုေတာ့လည္း အရာရာဟာ အရင္လိုျပန္ျဖစ္သြားခဲ့ၿပီ။

စံ့ရဲ႕သန္မာတဲ့စိတ္ဓာတ္ကို သူတကယ္ပဲေလးစားမိ၏။အင္တာဗ်ဴးမွာ ေျဖသြားတာေတြအာလုံးဟာ အပိုအလိုမရွိ ထိမိလွသည္။

*တန္…….တန္…….တန္……..

“ဟဲလို……ေမာင္လူေခ်ာလား……အန္ကယ္ပါ…..”

“ဟုတ္ကဲ့အန္ကယ္ ေျပာပါခင္ဗ်……….”

“ေမာင္လူေခ်ာ အခ်ိန္ရရင္ အန္ကယ့္ရဲ႕ ဟိုတယ္ကို ခဏေလာက္ လာခဲ့ပါလားကြ……..အန္ကယ္ စကားေလးနည္းနည္းေျပာစရာရွိလို႔……..”

“ဟုတ္ကဲ့အန္ကယ္…..ကြၽန္ေတာ္ ညေန ၆ နာရီေတာ့ အားပါတယ္………”

“ဟုတ္ၿပီ…..အဲ့ဒီအခ်ိန္ အန္ကယ္ေစာင့္ေနမယ္….”

အန္ကယ့္ဘက္က ဖုန္းခ်သြားသည္ႏွင့္ လူေခ်ာ စဥ္းစားခန္းဝင္သြားသည္။သူနဲ႔အန္ကယ္ၾကားမွာ အေရးႀကီးကိစၥေျပာစရာဟူ၍ ဘာမွမရွိေပ။ဘာအေၾကာင္းနဲ႔ စကားေျပာခ်င္သည္ဆိုတာကို သူ ေတြးမရေအာင္ ျဖစ္ေန၏။

💮💮💮💮💮💮💮💮💮💮💮💮

Easter ဟိုတယ္ထဲေရာက္သည္ႏွင့္ ဧည့္ႀကိဳေလးက သူ႔ကိုအန္ကယ္ေစာင့္ေနတဲ့ အခန္းဆီေခၚသြားေလသည္။

“လာ ေမာင္လူေခ်ာ ထိုင္ပါ….”

“ဟုတ္ကဲ့ အန္ကယ္…”

“မင္းအလုပ္ေရာဘယ္လိုလဲ….”

“အဆင္ေျပပါတယ္အန္ကယ္….မာကတ္တင္းပိုင္းေတာ့ အားနည္းေနေသးတာေပါ့……အလုပ္ဝင္ေနၾကတဲ့ သူေတြအားလုံးလည္း အဆင္ေျပၾကပါတယ္…….”

“ေအးကြာ……ၾကားရတာ ဝမ္းသာပါတယ္…….အန္ကယ္ မင္းကိုေခၚရတာက စံစံ့အေၾကာင္းပါ………”

“ဟုတ္ကဲ့…..”

သူနည္းနည္းေတာ့ ရိပ္မိစျပဳလာ၏။သူနဲ႔စံေလးအေၾကာင္းကို အန္ကယ္တနည္းနည္းနဲ႔ သိသြားတာပဲျဖစ္ရမည္။

“သမီးေလးက သီခ်င္းဆိုဝါသနာႀကီးတယ္ေမာင္လူေခ်ာ...သူငယ္ငယ္ေလးကတည္းက ရည္မွန္းခ်က္က အဆိုေတာ္ျဖစ္ဖို႔ပဲ....အန္ကယ္တို႔ကလည္း အတတ္ႏိုင္ဆုံး ပံ့ပိုးေပးခဲ့ပါတယ္....”

“ဟုတ္ကဲ့….”

“သမီးနဲ႔ေမာင္လူေခ်ာတို႔ သာမန္ပတ္သက္မႈမဟုတ္တာကို အန္ကယ္ရိပ္မိတယ္ေမာင္လူေခ်ာ….”

ထင္ထားတဲ့စကားဆိုေပမဲ့ တကယ္ၾကားလိုက္ရေတာ့ သူ အံ့ဩသြားခဲ့သည္။ဒါေပမဲ့ မ်က္ႏွာမပ်က္ေအာင္ ထိန္းထားရင္း---

“ဟုတ္ကဲ့အန္ကယ္...ကြၽန္ေတာ္ စံ့အေပၚမွာ ကိုယ္ရံေတာ္တစ္ေယာက္ရဲ႕ တာဝန္ဆိုတာထက္ပိုၿပီး ေမတၱာရွိခဲ့ပါတယ္...”

“အင္းးးးးအန္ကယ့္သမီးနဲ႔ပတ္သက္လို႔ ေမာင္လူေခ်ာ ဘယ္ေလာက္ထိ နားလည္လဲ....”

“အမွန္အတိုင္းေျပာရရင္ အန္ကယ္က မိဘျဖစ္တဲ့အတြက္ ကြၽန္ေတာ့္ထက္ပိုၿပီး ပင္တိုင္စံ့အေၾကာင္းကို သိမွာပါ....ကြၽန္ေတာ့္ရဲ႕ နားလည္ႏိုင္မႈက အန္ကယ္တို႔ကို မီႏိုင္မယ္မထင္ပါဘူး....ဒါေပမဲ့ ကြၽန္ေတာ္ စံနဲ႔ပတ္သက္ရင္ ဘာေလးပဲျဖစ္ျဖစ္ အေသးစိတ္ကအစ နားလည္ေပးႏိုင္ဖို႔ ႀကိဳးစားပါတယ္....”

“အန္ကယ့္မွာ အဆင့္အတန္းခြဲျခားခ်င္တဲ့စိတ္ေတြ မရွိပါဘူးေမာင္‌လူေခ်ာ....မင္းကိုယုံလို႔ အန္ကယ့္သမီးကို အပ္ထားခဲ့တာပါ...အခုလိုျဖစ္သြားေတာ့ စိတ္ထဲမွာ ေက်နပ္ေပးလို႔ေတာ့ မရဘူးေပါ့ကြာ......

ေမာင္လူေခ်ာက အႏုပညာနယ္ပယ္နဲ႔လည္း အလွမ္းေဝးတယ္....သမီးေလးနဲ႔ပတ္သက္မိၿပီးမွ သတင္းေတြထြက္လာခဲ့ရင္ ေမာင္လူေခ်ာအေနနဲ႔ ရင္ဆိုင္ႏိုင္ပါ့မလား....

....ကြဲကြာျဖစ္ခဲ့ရင္ စိတ္ဆင္းရဲရမွာက အန္ကယ့္သမီးေလးပဲေလ...အန္ကယ္တို႔က သမီးေလးကို တသက္လုံးေပ်ာ္႐ႊင္ေစခ်င္တာပါ......”

အန္ကယ္ဦးေဇယ်ာမင္းရဲ႕ စကားကအဆုံးသတ္သြားခဲ့ၿပီ။သူ႔ကိုတိုက္႐ိုက္မေျပာေပမဲ့ အဓိကဆိုလိုရင္းကေတာ့ ေနာက္ဆုတ္ေစခ်င္တာပင္။

“အန္ကယ္ေျပာတာေတြ မွန္ပါတယ္…ကြၽန္ေတာ္က အန္ကယ္တို႔ႀကီးျပင္းခဲ့တဲ့ အသိုင္းအဝိုင္းနဲ႔မတူခဲ့ပါဘူး။ကြၽန္ေတာ့္ဘဝမွာ ဆရာသမားရဲ႕အလုပ္ကို အေမြဆက္ခံမယ္။ကြၽန္ေတာ့္ဝါသနာကို နည္းမွန္လမ္းမွန္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳမယ္..အဲ့ဒီလိုစိတ္အျပင္ တျခားမရွိခဲ့ဖူးဘူး...ပင္တိုင္စံနဲ႔ မေတြ႕ခင္အထိေပါ့....

သူနဲ႔ဆုံေတြ႕ခဲ့ရျခင္းက ကြၽန္ေတာ့္ဘဝအတြက္ အလင္းေရာင္တစ္ခုကို ေတြ႕လိုက္သလိုပါပဲ အန္ကယ္....ကြၽန္ေတာ့္အသက္နဲ႔လဲၿပီး ကာကြယ္ေပးရမယ့္ မိန္းကေလးတစ္ေယာက္ ဒီေလာကႀကီးထဲမွာ ရွိေန‌ပါလားဆိုတာကို သိခဲ့ရတာပါ။အဲ့ဒါေၾကာင့္ အန္ကယ္တို႔ ကြၽန္ေတာ့္ကို ယုံၾကည္လက္ခံႏိုင္လာတဲ့အထိ ကြၽန္ေတာ့္ဘက္က သက္ေသျပပါ့မယ္....”

💮💮💮💮💮💮💮💮💮💮💮💮

ဦးေဇယ်ာမင္းနဲ႔ စကားေျပာၿပီးျပန္လာခ်ိန္မွာ လူေခ်ာေခါင္းထဲ စဥ္းစားစရာေတြမ်ားလာ၏။ အန္ကယ္က သေဘာမတူဘူးလို႔လည္း မေျပာသလို တူတယ္လို႔လည္း တရားေသသတ္မွတ္လို႔
မရေပ။ျဖစ္ႏိုင္တာကေတာ့ သူ အန္ကယ္တို႔ ယုံၾကည္လာဖို႔ အခ်ိန္နည္းနည္းေတာ့ ယူရေပဦးမည္။

💮💮💮💮💮💮💮💮💮💮💮

“မစံ အန္ကယ္က စကားေျပာစရာရွိလို႔တဲ့….စာၾကည့္ခန္းထဲလာခဲ့လို႔ေျပာတယ္…”

အခန္းထဲမွာ သီခ်င္းစာသား ဖတ္ေနတုန္း စံ့ကိုႏြယ္႐ုံက လာေျပာသည္။ဒယ္ဒီက အေလးအနက္ေျပာစရာရွိမွသာ အခုလိုမ်ိဳး တကူးတက ေခၚတတ္၏။သာမန္ကိစၥမ်ားဆို မာမီနဲ႔သာေျပာေလ့ရွိသည္။

“ဒယ္ဒီ စံ့ကိုေခၚတယ္ဆို…….”

“ထိုင္….စံစံ…..”

စာၾကည့္ခန္းထဲမွာ မာမီလည္း ရွိေနသည္။စံ ဒယ္ဒီနဲ႔မာမီေရွ႕မွာဝင္လိုက္၏။

“ဘာမ်ားေျပာစရာရွိလို႔လဲ ဒယ္ဒီ…..”

“ဒယ္ဒီ ေကြ႕ဝိုက္မေနေတာ့ပါဘူး….မေန႔တုန္းက ဒယ္ဒီ ေမာင္လူေခ်ာနဲ႔စကားေျပာခဲ့တယ္…”

ဒယ္ဒီေျပာလိုက္တယ္ဆိုလ်င္ပဲ စံ့ရင္ထဲ ဒိတ္ခနဲဆို တုန္သြားသည္။ေခါင္းကို ငုံ႔လိုက္ၿပီး လက္သည္းခြံေတြကို အခ်င္းခ်င္းကုတ္ေနမိ၏။

ဒယ္ဒီက တစ္ခုခုကိုသိထားလို႔မ်ား
ကိုႀကီးကိုေခၚေတြ႕တာလား….

စံ့အေတြးေတြထဲ ေယာက္ယက္ခတ္သြားသည္။

“ဒယ္ဒီကေတာ့ ေမာင္လူေခ်ာကို ေသခ်ာျပန္စဥ္းစားဖို႔ ေျပာခဲ့တယ္….”

ဒယ္ဒီ့စကားေၾကာင့္ စံ့စိတ္ထဲနည္းနည္း ကြက္သြား၏။

“ဒယ္ဒီက သမီးကိုအရင္မေမးဘဲ ဘာလို႔ ကိုႀကီးကိုေခၚေတြ႕ရတာလဲ…ေနာက္ထပ္ေရာ ဘာေတြေျပာခဲ့ေသးတာလဲ…”

“ဒယ္ဒီ့ကို ေမးခြန္းျပန္မထုတ္ပါနဲ႔….သမီးသေဘာထားကိုပဲ အမွန္အတိုင္းေျပာပါ….”

“စံ……ကိုႀကီးကိုတကယ္ခ်စ္တာပါ မာမီ….”

သူမ မာမီ့မ်က္ႏွာကိုပဲ တိုက္႐ိုက္ေမာ့ၾကည့္ရင္း ေျပာလိုက္၏။ဒယ္ဒီ့ကိုေတာ့ မ်က္လုံးခ်င္းဆုံေအာင္ မၾကည့္ေပ။

“အဲ့ဒါဆို သမီးဆိုလိုတာက သမီးဘက္က ေနာက္မဆုတ္ဘူးဆိုတဲ့သေဘာလား….”

ဒယ္ဒီကေမးေပမဲ့ စံမေျဖဘဲၿငိမ္ေန၏။တိတ္ဆိတ္ေနျခင္းက ဝန္ခံျခင္းတစ္မ်ိဳးပဲေလ။

“ပထမတစ္ခါမွားတုန္းကေတာ့ သမီးေလးက ငယ္ေသးတယ္……ဒယ္ဒီတို႔ ထိန္းခ်ဳပ္ပုံကလည္း လမ္းေၾကာင္းလြဲခဲ့တဲ့အတြက္ ငါ့သမီးေလးဘဝ အမဲစက္လိုျဖစ္ခဲ့ရတာ….. ဒယ္ဒီတို႔အျပစ္လည္း မကင္းပါဘူး…..

ဒီတစ္ေခါက္ကေတာ့ သမီးလည္း စဥ္းစားဆင္ျခင္ႏိုင္တဲ့ အ႐ြယ္ကိုေရာက္ေနၿပီ…….. ဒယ္ဒီ အရင္လို မခ်ဳပ္ခ်ယ္ခ်င္ေတာ့ဘူး…….
သမီးတို႔ႏွစ္ေယာက္အေၾကာင္း သိသြားရင္ တိုက္ခိုက္လာမယ့္၊ ေဝဖန္လာၾကမယ့္ဒဏ္ေတြကို သမီးခံႏိုင္မွာလား….”

ဒယ္ဒီ့ေမးခြန္းေတြကို စံ မေျဖခ်င္ေတာ့ေပ။ကိုႀကီးကို ဒယ္ဒီဘယ္လိုစကားေတြ ေျပာလိုက္တာလဲဆိုတာကိုပဲ သိခ်င္မိသည္။

“သမီးက အႏုပညာရွင္မို႔လို႔  လ်စ္လ်ဴရႈႏိုင္ေပမဲ့ ေမာင္လူေခ်ာက အဲ့ဒီဒဏ္ေတြကို ခံႏိုင္ပါ့မလား…..

သူက ဘယ္အခ်ိန္ထိ သမီးကိုကာကြယ္ေပးႏိုင္မွာမို႔လို႔လဲ……..သမီးတို႔ႏွစ္ေယာက္က ရွင္သန္ခဲ့ရတဲ့ ဘဝခ်င္းလည္းမတူဘူး……ေနာက္ၿပီးသမီးက အခုမွ ေအာင္ျမင္ကာစရွိေသးတယ္….ဒါကလည္း သမီးေ႐ြးခ်ယ္ထားတဲ့အလုပ္ပဲေလ…… ဒယ္ဒီ့သေဘာကေတာ့  ေမာင္လူေခ်ာနဲ႔သမီးကို ေရွ႕မဆက္ေစခ်င္ဘူး………..”

“ဒယ္ဒီ……….”

စံ ဒယ္ဒီ့ကို စိတ္ပ်က္တဲ့ မ်က္လုံးေတြနဲ႔ ၾကည့္မိသည္။ဒါဆို ကိုႀကီးကိုလည္း ဒီလိုေတြပဲ ေျပာခဲ့မွာေပါ့။ဒါ ကိုႀကီးကို ႏွိမ္တဲ့စကားေတြပဲ မဟုတ္ဘူးလား။

မာမီ့မ်က္ႏွာဘက္ကို အားကိုးတႀကီးနဲ႔ၾကည့္မိျပန္သည္။

“မာမီကလည္း သမီးဒယ္ဒီနဲ႔ သေဘာထားအတူတူပဲသမီး…….သမီးေလး တစ္သက္လုံး မေပ်ာ္႐ႊင္ရမွာကို မာမီတို႔သိပ္စိုးရိမ္တယ္….”

“မာမီတို႔က စံေပ်ာ္တယ္၊ မေပ်ာ္ဘူးဆိုတာကို ဘာနဲ႔တိုင္းတာေနတာလဲ……….”

“သမီးေလးရဲ႕……..”

“…….စံေခါင္းေတြကိုက္ေနလို႔ သြားနားပါရေစေတာ့…….”

မာမီ့စကားကို ဆုံးေအာင္နားမေထာင္ေတာ့ဘဲ အျမန္ဆုံးေျခလွမ္းမ်ားနဲ႔ ထြက္ခဲ့သည္။ဒယ္ဒီက ကိုႀကီးကိုအထင္ေသးေနခဲ့တာပဲ။ပင္တိုင္စံဆိုတာ ကိုႀကီးရဲ႕အခ်စ္ေတြေၾကာင့္သာ ေပ်ာ္႐ႊင္လာရတယ္ဆိုတာ သူတို႔မသိလို႔လား…..

By SaraMuu

To be continued

💙💙💙💙💙💙💙💙💙💙💙💙

Continue Reading

You'll Also Like

138K 5.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.7M 92.2K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
222K 13.5K 49
ဗီလိန္တစ္ေယာက္၏ဖြင့္ဟဝန္ခံခ်က္ by byun baekkie coverလက္ေဆာင္အတြက္ေက်းဇူးတင္ပါတယ္ညီမေလးSuSu602 #chanbaek #normal @Matainyu
4.2K 179 4
S2 For 'လွမ်းလို့ တသသ'