ရှင်သန်ခြင်း၏အဓိပ္ပါယ် (S_2)...

Por Wai_30

90K 3.2K 422

Semeအလှလေးအဖြစ် ဖန်တီးထားတာပါ Semeအလွေလးအျဖစ္ ဖန္တီးထားတာပါ Más

Ep_1(uni)
Ep_1 (zg)
Ep_2 (uni)
Ep_2 (zg)
Ep_3(uni)
Ep_3 (zg)
Ep_4 (uni)
Ep_4 (zg)
EP_5 (uni)
Ep_6 (uni)
Ep_6 (zg)
Ep_7 (uni)
Ep_7 (zg)
EP_8 (uni)
Ep_8 (zg)
Ep_9 (uni)
Ep_9 (zg)
Ep_10 (uni)
Ep_10 (zg)
Ep_11 (uni)
Ep_11(zg)
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Ep_12 (uni)
Ep_12 (zg)
Ep_13 (uni)
Ep_13 (zg)
Ep_14 (uni)
El_14 (zg)
Ep_15 (uni)
Ep_15 (zg)
Ep_16 (uni)
Ep_16 (zg)
Ep_17 (uni)
Ep_17 (zg)
Ep_18 (uni)
Ep_18 (zg)
Ep_19 (uni)
Ep_19 (zg)
Ep_20 (uni)
Ep_20 (zg)
Ep_21(uni)
Ep_21(zg)
Ep_22 (uni)
Ep_22 (zg)
Ep_23 (uni)
Ep_23 (zg)
Ep_24 ( uni)
Ep_24 (zg)
Ep_25 (uni)
Ep_25 (zg)
Ep_26 (uni)
Ep_26 (zg)
Ep_27 (uni)
Ep_27 (zg)
Ep_28 (uni)
Ep_28 (zg)
Ep_29 (uni)
Ep_29 (zg)
Ep_30 (uni)
Ep_30 (zg)
Ep_31(uni)
Ep_31(zg)
Ep_32 (uni) (End Up)
Ep_32 (zg)(End up)

Ep_5 (zg)

673 5 0
Por Wai_30

သူရခန့်ဗိုလ်သည် ခြံထဲဆင်းပြီး
တယုတယစိုက်ပျိုးထားသည့်
နှင်းဆီပန်းအပင်တွေကို  ကြည့်နေမိသည်။
နှင်းဆီးအပင်ကနေ နှင်းဆီပန်းတွေ
လှပအောင်ပွင့်ဖို့မြေသြဇာထည့်ရတယ် ရေလောင်းရတယ်အပွင့် ပွင့်တဲ့ဆေးဖြန်းပေးရတယ်။

နှင်းဆီးပန်းတွေလှပအောင်ပွင့်လှစေဖို့
စိတ်ရှည်လက်ရှည် ပျိုးခဲ့ရသေးတာဘဲ
ကိုယ်မွေးထုတ်ထားတဲ့ သားကို စိတ်မရှည်ဖြစ်နေမိပြီလားဟု ကိုယ့်ဘာသာစဉ်းစားမိလိုက်သည်။

သူရခန့်ဗိုလ်သည် သားအရွယ်လောက်တုန်းက ဖေဖေ့အပေါ်ရိုင်းပြမိခဲ့တာပွနျတှေးမိတော့
သားက ကိုယ့်လိုရိုင်းပြတဲ့ကလေးမဟုတ်ဘူးလို့တွေးမိပြန်သည်။
သားကိုအပြစ်မတင်မိပါ ကိုယ်အသုံးမကျလို့
သားကလိမ်ပြောလာတာ ဘယ်သူမှမသိအောင်အပြင်ခိုးထွက်တာ အသုံးမကျတာ
ကိုယ်တိုင်ဆိုတော့ မိဘအနေဖြင့်
သားအတွက်စိတ်မကောင်းဖြစ်မိရသည်။

သားကို ဒီကရှေ့လျှောက် ဘာဖြစ်ချင်လဲ
ဘာလုပ်ချင်လဲသေချာမေးပြီး ဘေးကနေထိမ်းကျောင်းမှဖြစ်မယ်လို့ ဆုံးဖြတ်ထားလိုက်သည်။

"ဗိုလ်"

"ဟုတ်"

"စိတ်ညစ်မနေနဲ့ကွာ သားက"

"ကျွန်တော်နားလည်တယ် သားကိုအပြစ်မတင်ဘူး ကိုယ့်ကိုယ်ကိုသာအပြစ်တင်နေတာပါ"

"စိတ်မကောင်းမဖြစ်နဲ့နော် သားက
လိမ္မာတဲ့ကလေးတစ်ယောက်ပါ"

"မိဘကိုမပြောရဲဘဲ အပြင်ခိုးထွက်တာ
မပြောရဲအောင်လုပ်မိတဲ့ ကျွန်တော်ကသာအပြစ်ရှိတာပါ"

"အိမ်ထဲဝင်ရအောင် စိတ်ညစ်စရာတွေမတွေးတော့နဲ့ သားကို ဘယ်လိုထိမ်းကျောင်းမလည်းသာ တွေး"

"ကမ္ဘာဗိုလ်အိပ်နေပြီလား ဦးထွဋ်"

"အိပ်နေပြီ ဗိုလ် အပြက်ထွက်သွားတာကြာနေလို့
လိုက်ရှာနေတာ ခြံထဲဆ​င်းကြည့်မှတွေ့လို့လေ
အိပ်ထဲဝင်ရအောင်"

"သားအတွက် စိတ်မကောင်းဖြစ်မိလို့
ကျွန်တော့်အမှားတွေတွေးရင်း
ဒီနားနေမိတာ"

"မိဘနဲ့သားသမီးဆိုတာ ဒီလိုပါပဲ"

အခန်းထဲပြန်ရောက်တော့ သားကအိပ်ပျော်နေပြီ
ကိုယ်လည်းအိပ်ချင်နေပြီမလို့ သားရဲ့ဘေး
ဝင်လှဲကာ အိပ်လိုက်သည်။

"!ကြောက်တယ် ကြောက်တယ်"

ကိုယ့်ကိုတင်းနေအောင်ဖက်ထားသည့်သားက
တကိုယ်လုံး ချွေးစေတွေပြန်ကာ
ကြောက်လန့်တကြားအော်ဟစ်နေတာကြောင့်
အိပ်နေရာမှနိုးကာ သားကိုလှုပ်နှိုးလိုက်သည်။

"ကမ္ဘာဗိုလ် ပါပါးရှိတယ်နော်"

"!ခေါင်းပျက်သရဲမလိုက်လာပြီ ကြောက်တယ်
မလာနဲ့ သွား"

"ဗိုလ် သားကလန့်နေတာ"

" ဦး သားကိုနှိုးလို့မရဘူး"

ဦးကပါနိုးလာပြီး သားကိုလှုပ်နှိုးပေမယ့်
သားကမျက်လုံးမဖွင့်ဘဲ အော်မြဲအတိုင်း
အော်နေသည်။

"!အား....ခေါင်းပျက်သရဲမကြီး"

ကမ္ဘာဗိုလ်သည် အိမ်မှာရှိနေပြီထင်နေတာ
အိမ်ပြန်တဲ့လမ်းကို
ဘယ်လိုပြန်ရောက်နေတယ်မသိ
ခေါင်းပျက်သရဲမက လက်ပြကာ သူ့အနားလာဖို့ခေါ်နေသည်။
ပတ်ဝန်းကျင်ကိုမကြည့်ရဲတော့ဘဲ
ကမ္ဘာဗိုလ်သည် ခြေဦးတည့်ကာသာပြေးနေမိသည်။
ပြေးနေရင်းနောက်ကိုမလုံတာမလို့
လှည့်ကြည့်မိရာ ခေါင်းပျက်သရဲမကနောက်ကနေလိုက်လာတာကို တွေ့လိုက်ရသည်။

ကိုကိုလိုက်ပို့တာဆိုတဲ့အသိကချက်ခြင်းဝင်လာပေမယ့် အနားမှာဘယ်သူမှမရှိ
ကူရာမဲ့ ကယ်ရာမဲ့ ကြောက်လန့်တကြားအော်၍သာပြေးနေမိသည်။

ပြေးနေရင်း ပါပါးရဲ့ခေါ်သံနဲ့အတူ daddyရဲ့ခေါ်သံကိုရုတ်တရက်ကြားမိပြီး
အားကိုတကြီးလိုက်ရှာမိသည်။

"သား ကမ္ဘာဗိုလ် ပါပါးရှိတယ်နော်
အိမ်မက်ဆိုးမက်နေတာလား"

"!အီး....ဟီး...ဟီး...ပါပါး"

အိပ်ရာကနေနိုးလာလာချင်း အိမ်မက်ဆိုတဲ့အသိက ကမ္ဘာဗိုလ်အတွက် စိတ်တည်ငြိမ်ရသွားမိသည်။အိမ်မက်ကတကယ်လိုကြီးထင်မိတာကြောင့် ပါပါးရင်ခွင်ထဲကနေမထွက်ဘဲ
ငိုနေမိသည်။

"ဘာတွေအိမ်မက်မက်နေတာလဲ သားရာ
ချွေးတွေရွှဲနစ်နေတာဘဲ daddy
သားအတွက်အဝတ်အစားလဲဖို့သွားယူပေးမယ်"

"ကမ္ဘာဗိုလ် ပါပါးကိုပြော
သရဲကားကြည့်ထားတာလား"

"အမွှာနှစ်ယောက်အိမ်ကနေပြန်တော့လေ
အိမ်ကို သားတစ်ယောက်တည်းမပြန်ရဲလို့
ကိုကိုလိုက်ပို့တာ ပါပါး"

"ကိုကို ဘယ်ကကိုကိုလဲ"

"သားကိုလိုက်ပို့တဲ့ကိုကိုလေ ဆိုင်ကယ်အကြီးကြီးမောင်းတဲ့ကိုကို"

"ဟုတ်လား သားပြောတဲ့ကိုကိုက
သားနဲ့ရင်းနှီးနေပြီလား"

"မရင်းနှီးပါဘူးပါပါး ကိုကိုက
သားကိုသဘောမကျဘူး"

အိမ်ကအဖိုးတန်သားကို သဘောမကျဘူးဆိုသည့် သားပြောပြတဲ့ကိုကိုဆိုတဲ့ကောင်လေးကို
သူရခန့်ဗိုလ် စိတ်ဝင်စားမိသွားသည်။

"ကိုကိုက သားတို့လမ်းမှာ ခေါင်းပျက်သရဲမရှိတယ်ပြောတာ ပါပါး"

"ဘုရားရေ ပါပါးတစ်ခါမှမကြားမိပါဘူး
ဒါနဲ့ အိမ်ထဲဝင်တုန်းက ဖတ် ဖတ်မလုပ်ခဲ့ဘူးလား"

ဟိုကောင်လေးက သားကိုနောက်လိုက်ပုံရသည်
ကလေးရဲ့စိတ်ထဲ သက်သာလိုသက်သာငြား
သူရခန့်ဗိုလ်ငယ်စဉ်ကတည်းက
ညမိုးချုပ်လို့ အိမ်ပြန်ခဲ့ရင်
ဖတ် ဖတ်လုပ်ပြီးမှဝင်ခဲ့တာကိုသတိရကာ
ပြောလိုက်သည်။သားနှစ်ယောက်စလုံးကိုလည်း
သင်ပေးထားသည်လေ။

"မေ့သွားလို့ပါပါး .....ဟီ ဟီ"

"ညဆို ဘုရားရှိခိုးပြီးမှအိပ်သင့်တာ
နောက်ရက်တွေ ဘုရားရှိခိုးရမယ်နော်"

"ပါပါးတို့နဲ့အိပ်မှာနော် ကြောက်လို့"

"သရဲဆိုတာ ကံနှိမ့်တဲ့လူမှမြင်ရတာ
နောက်ရက် ဘုန်းကြီးကျောင်း ဆွမ်းချိုင်းပို့ပြီး
ကုသိုလ်ယူခိုင်းဦးမှပါ"

"ဗိုလ် သားကိုအကျီလဲခိုင်း အအေးပတ်မယ်"

daddyက အကျီယူလာပေးပြီး
ပါပါးကိုလဲခိုင်းသည်။ပါပါးက
ကိုယ်ဝတ်ထားသည့်အကျီကိုချွတ်ကာ
daddyယူလာပေးသည့် အကျီကိုဝတ်ပေးသည်။

"ပါပါးမအိပ်ဘဲ သားအိပ်ပျော်တဲ့ထိစောင့်ပေးမယ် အိပ်ပျော်အောင်အိပ်လိုက်
ဘာမှကြောက်စရာမလိုဘူး"

"ဟုတ် ပါပါး"

သားရဲ့ဆံပင်အရှည်ကြီးကို လက်နဲ့စုကိုင်ပေးထားလိုက်ပြီး သက်သောင့်သက်သာအိပ်စေလိုက်သည်။သားကို ခြောက်လွှတ်လိုက်သည့်ကောင်လေးကိုသာ ရိုက်ချင်နေမိသည်။
သားက စိတ်စွဲတတ်တာ မသိလို့နောက်လိုက်ပုံရသော ကောင်လေးကြောင့် သားကအိမ်မက်ဆိုးမက်နေပြီလေ။

အဖေနှစ်ယောက်ဖက်ထားပေးမှု့ကြောင့်
သားကပြန်အိပ်ပျော်သွားပြီချိန်မှာ
ဦးထွဋ်က ကိုယ့်ကို အိပ်ဖို့ပြောလာသည်။
သားပြောပြောနေသည့်ကောင်လေးက
သူရခန့်ဗိုလ်အိပ်မပျော်ခင်အထိ အတွေးထဲဝင်ရောက်နေသည်။

သားကိုရှေ့လျှောက်ပိုပြီးဂရုစိုက်ပေးရမည်လို့တွေးထားကာ မကြာမှီအိပ်စက်ခြင်းသို့
ဦးတည်လိုက်၏။

*******
"ညနေခင်းရဲ့လေပြေထဲမှာ
မင်းဆံနွယ်တွေအတောင်ပံဖြန့်တဲ့အခါ
ပန်းပွင့်လေးတွေရှက်သွေးဖြာ
ကျေးဌက်....ကျစ်"

ဘာရယ်မဟုတ် ပါးစပ်ထဲရှိရာ
သီချင်းညည်းနေရင်း မျက်လုံးထဲပေါ်လာသည့် ဆံဖြူကောင်လေး....
ဘာကိစ္စ ထိုကောင်လေး ပေါ်လာရတယ်မသိ
အာရုံနောက်လာသည်။အာရုံနောက်ခြင်းရဲ့နောက်ဆက်တွဲ ဆေးလိပ်သောက်ချင်လာတာမလို့ ဝယ်လာသည့်ဆေးလိပ်ဘူးထဲကနေ
တစ်လိပ်ယူလိုက်သည်။

"ဒီဆေးလိပ်တွေမသောက်ပါနဲ့လို့
မာန်သမိုင်းရယ်"

နှုတ်ခမ်းမှာတေ့ပြီး မီးညှိတော့မည့်ဆေးလိပ်ကို
ဒေါ်လေးကဆွဲယူ၍ ဆူရင်း မြေကြီးပေါ်ပစ်ချလိုက်သည်။

"ဟာ ဒေါ်လေးရာ နှမြောစရာကြီး"

"မင်းအဖေတုန်းကလည်း ငါတားခဲ့တယ်
ဆေးလိပ်မသောက်ဖို့ ကောင်းကျိုးမပေးတဲ့ဆေးလိပ်ကို ဘာလို့ခုံမင်နေကြတယ်မသိ"

"ဒေါ်လေးကလည်း ဆေးလိပ်ပါဆို
ဆေးဘက်ဝင်လို့ဆေးလိပ်ပေါ့ဗျ
သေလိပ်မှမဟုတ်တာ ဆေးလိပ် ဆေးလိပ်"

"နင့်အဖေ အဆုတ်ကင်ဆာနဲ့သေတာ
ဆေးလိပ်ကြောင့်ဟဲ့"

"ကိုကိုရေ ကိုကို သားလာတယ်"

အဒေါ်အပျိုကြီး၏ ဆူနေမှု့ကိုခံနေရစဉ်
အိမ်ရှေ့က ကိုကိုဟုခေါ်သံကြောင့်
တူဝရီးနှစ်ယောက် တိတ်သွားရသည်။

"ဟဲ့ ငါဆိုင်သွားတော့မယ် ဘယ်သူလာတာလဲ
မသိဘူး ထွက်ခေါ်လိုက်"

ဒေါ်လေးက ဈေးချိုမှာ အထည်ဆိုင်ဖွင့်ထားတာ
တစ်ပတ်လုံးအိမ်မှာမရှိဘူး
ဥပုဒ်နေ့တစ်ရက်သာ အိမ်မှာရှိသည်။
ဆိုင်ကိုသွားဖို့ ထမင်းချိုင့်ထည့်ထားသည့်
ခြင်းရယ် ဘေးလွယ်အိတ်ရယ်ယူပြီး
ဆိုင်ကယ်နဲ့သွားဖို့ အိမ်ထဲကနေထွက်သွားသည်။

အသံကြားတာနဲ့ဘယ်သူဆိုတာသိနေတော့
ထွက်မခေါ်ချင်ဘူး ......ဘာလာရှုပ်ပြန်တာလဲဟု
စိတ်ရှုပ်မိရသည်။

"ကိုကို သားလာတယ်လို့ပြောနေတာမကြားဘူးလားဟင်"

ကိုကိုနဲ့တွေ့ချင်လို့ ရေအိုးနဲ့မိုင်လိုအိမ်လာလည်တုန်း အမွှာနှစ်ယောက်အိမ်ကိုလိုက်လည်ချင်တယ်လို့ ပါပါးဆီခွင့်တောင်းခဲ့တယ်။
ပါပါးက အမွှာနှစ်ယောက်အိမ်ကနေတဆင့်
လျှောက်မသွားဖို့ပြောပြီးခွင့်ပြုခဲ့သည်။

အမွှာနှစ်ယောက်ကိုသူ့အိမ်ကနေစောင့်ဖို့မှာပြီးမှ ကိုကို့အိမ်ကိုထွက်ခဲ့သည်။
ကိုကို့အိမ်ရှေ့ကနေ ကိုကို့ကိုစောင့်နေပေမယ့်
ကိုကိုထွက်မလာဘဲ အန်တီကြီးတစ်ယောက်
ဆိုင်ကယ်စီးထွက်လာပြီး အိမ်ထဲဝင်ဖို့ပြောကာ
အပြင်ထွက်သွားသည်။

ကိုကို့အိမ်ထဲဝင်ပြီး ကိုကို့ကိုရှာကြည်ရာ
ဆေးလိပ်ထိုင်သောက်နေသည်ကိုတွေ့လိုက်ရသည်။

"ကိုကိုလို့"

"!မင်းက အားယားနေတာဘဲနော်
ဘာကိစ္စဖြစ်ပြန်ပြီလဲ"

"အိမ်ထဲနေရတာပျင်းလို့ ကိုကို"

"အဲဒါ ငါနဲ့ဆိုင်လား"

"ကိုကိုက သားကိုမခင်သလိုပဲနော်"

"ငါက ကလေးတွေနဲ့အပေါင်းအသင်း
မလုပ်တတ်ဘူး......ဘာကိစ္စရောက်လာပြန်တာလဲ"

"ကိုကို ထောင်တာစီးချင်လို့"

"!အဟွတ်...အဟွတ်"

"ဖွ...ဖွ...ကိုကိုသီးသွားပြီ"

ဆံဖြူကောင်ပြောစကားမှာ ဆေးလိပ်ငွေ့ကို
ရှိုက်နေတာနဲ့ကွက်တိကျသွားတာဆိုတော့ လမ်းကြောင်းမှားကာ သီးသွားမိသည်။

ကမ္ဘာဗိုလ်သည် ချောင်းဆိုးသွားသည့်ကိုကို့ကို
သက်သာစေရန် ကိုကို့ကျောကိုလက်နဲ့ပုတ်ပေးလိုက်သည်။

"ဖယ်စမ်း အဲ့လက်"

"ရေသောက်မလား ကိုကို"

"မလိုဘူး ခုဏ ဘာစီးချင်တာ"

"ကိုကိုထောင်တာ"

"စကားကိုရှင်းအောင်ပြော"

"ကိုကိုဆိုင်ကယ်ဘီးထောင်တာ နောက်ကနေလိုက်စီးချင်လို့ ဟိုနေ့ကလိုလေ"

"အားအားယားယား ဆိုင်ကယ်ဆီကအလကား
မရဘူး"

"ပါပါးဆီကမုန့်ဖိုးတောင်းလာပါတယ် ကိုကိုရ
ဆီထည့်ပေးမယ်လေ"

ဆံဖြူကောင်လေးရဲ့မိဘတွေကချမ်းသာမှန်းတော့ရိပ်မိပါတယ်။အရာရာကိုပေါ့ပေါ့လေးတွေးတတ်တာကို မိဘတွေမရိပ်မိဘူးလားမသိ။
ဖြစ်ချင်တာဘဲကြည့်တတ်ပုံရသည့်
ထိုကောင်လေးက ပတ်ဝန်းကျင်ကိုထိတွေ့ဘူးသူဟုတ်ရဲ့လားသံသယဝင်မိသည်။
အန္တရာယ်ဆိုတာကိုရောသိပါရဲ့လား....

ဆံဖြူကောင်လေးမျက်နှာအနီးကပ်ကြည့်ဘူးတာ ဒါနဲ့ဆိုနှစ်ခါမြောက်....
အမြဲပြုံးနေတတ်သလို ပြုံးလိုက်တိုင်း
ပါးပြင်ထက်မှာခွက်ဝင်သွားသည့်
ပါးချိုင့်လေးက ထိုကောင်လေးရဲ့ချစ်စရာကောင်းမှု့ကို ပုံဖော်ပေးလျှက်ရှိသည်။
ယောက်ကျားခြင်း ခုလိုငေးကြည့်ရမယ်လို့
မာန်သမိုင်း ဘဝမှာတစ်ခါမှမတွေးဘူးပါ။
တော်တော့်ကိုချစ်စရာကောင်းသည့်ကောင်လေးက ယောကျာ်းခြင်းငေးယူရလောက်အောင်
ချစ်စရာကောင်းလွန်းနေ၏။

"ကိုကို သားမျက်နှာ တစ်ခုခုပေနေလို့လားဟင်"

"ဒီဆံပင်တွေကဆေးဆိုးထားတာမဟုတ်ဘူး
ဦးရည်မှာအနက်ရောင်မရှိဘူး"

ကိုယ့်ကိုစကားမပြောဘဲငေးကြည့်နေသည့်
ကိုကိုသည် ကမ္ဘာဗိုလ့်ရဲ့ ဆံနွယ်တွေကို
လက်နဲ့ထိတွေ့လာပြီးမေးလေသည်။

"သားကို ပါပါးမွေးကတည်းက
ဆံပင်အဖြူလေးနဲ့လို့ပြောတယ် ကိုကို"

"ပါပါး ဟုတ်လား"

"ဟုတ်ကိုကို"

"အမေကို ပါပါးလို့ခေါ်တာလား"

"မဟုတ်ဘူးကိုကို ပါပါးက ယောကျာ်းတစ်ယောက်ပါ"

ဆံဖြူကောင်လေးက လူတင်မဟုတ် သူ့ရဲ့ဖြစ်တည်မှု့ကပါ စိတ်ဝင်စားဖို့ကောင်းသည်။ဘယ်တုန်းကမှ
သူများအကြောင်းဆိုစိတ်မဝင်စားသည့် ကိုယ်က
ဆံဖြူကောင်လေးရဲ့အကြောင်းကိုတော့
သိချင်နေမိသည်။

"မင်းကို ယောကျာ်းတစ်ယောက်​ကမွေးထားတာလား"

"ဟုတ်ကိုကို သားကိုပါပါးကမွေးထားတာ"

"အင်း မင်းက စိတ်ဝင်စားဖို့ကောင်းသားပဲ"

"ဟုတ် ကိုကို"

"ဒီဆံပင်အဖြူရောင်ကြီးနဲ့နေရတာ အဆင်ပြေလား သူများတွေမစဘူးလား"

ကိုကိုက ကမ္ဘာဗိုလ်ရဲ့ ဆံပင်တွေကိုကိုင်ကြည့်ပြီး
စိတ်ဝင်စားနေပုံရသည်။ကိုကိုမှမဟုတ်ပါဘူး
ကမ္ဘာဗိုလ့်ကိုတွေ့တဲ့လူတိုင်း
ဒီဆံပင်အရောင်ကိုပဲပြောနေကြတာလေ။
ကိုယ့်မိသားစုဝင်တွေကသာ ဘာမှမပြောတာ။

"အဖိုးကြီးပေါက်စလို့ အစိုးရကျောင်းမှာတုန်းက
စခံရတယ်ကိုကို သားကကျောင်းမတတ်ချင်တော့ဘူးဆိုလို့ ပါပါးက ကိုယ်ပိုင်အထက်တန်းကျောင်းပြောင်းပေးတာ
အဲ့ကျောင်းမှာစမယ့်သူမရှိဘူး"

ဆံပင်အရောင်နဲ့ပတ်သက်ရင် ဘယ်လောက်ထိအပြောခံခဲ့ရတယ်မသိ အမြဲပြုံးနေကြမျက်နှာလေးက ညှိုးငယ်လျှက်ရှိနေသည်။
စိတ်မကောင်းဖြစ်နေပြန်တော့ မနေသာ
စကားလမ်းကြောင်းလွှဲလိုက်ရသည်။

"အခုကျောင်းမတတ်ဘူးလား ကျောင်းဖွင်တုန်းမလား"

"သားကဆယ်တန်အောင်ပြီးပြီကိုကို
တက္ကသိုလ်ဆက်မတတ်တာ"

"ဘာလို့လဲ"

"နေရာသစ် လူအသစ်တွေကိုရှောင်တဲ့သဘောပါ
သားကိုအထူးဆန်းလုပ်ပြီးပြောနေကြမှာ"

"ပြောပါစေပေါ့ကွ ဘယ်နှစ်ရက်ပြောနိုင်မှာလဲ"

"ပါပါးက သားသဘောတဲ့ကိုကို တက္ကသိုလ်မတတ်ချင်ရင် သားကိုအိမ်မှာဘဲနေတဲ့"

ဆံပင်အဖြူရောင်နဲပတ်သက်ပြီး ငယ်စဉ်ကတည်းက စိတ်ဒါဏ်ရာရနေပုံရသည့်ကောင်လေးက ဆယ်တန်းအောင်ရင် တက္ကသိုလ်တတ်ရဖို့ကြိုးစားကြသည့် လူငယ်တွေနဲ့မတူဘူးဆိုတာမာန်သမိုင်းသိလိုက်သည်။

စကားလမ်းကြောင်းလွှဲမှ ပိုဆိုးသွားပုံရသည်
ကောင်လေးမျက်ဝန်းမှာ အရည်လဲ့လာတာကြောင့် မာန်သမိုင်း ဘာဆက်ပြောရမယ်မသိဖြစ်မိရသည်။

"ထ ဆိုင်ကယ်စီးချင်တာမလား"

"ဟုတ်ကိုကို"

လုပ်ချင်တာလုပ်နေရရင်ပျော်လောက်သည့်
ကောင်လေးက ကိုယ်ခေါ်တဲ့နောက်
ချက်ခြင်းပင် ထလိုက်လာသည်။

*****
ကိုကိုကဆိုင်ကယ်ကို ကျုံးလမ်းအတိုင်းမောင်းပေးသည်။
လမ်းမထပ်မှာ တရိပ်ရိပ်ပြေးနေသည့်
ဆိုင်ကယ်ပေါ်မှာ ကိုကို့ခါးကိုဖက်ထားရင်း
ကမ္ဘာဗိုလ် ပျော်နေမိသည်။
ဆိုင်ကယ်စီးကျွမ်းသည့် ကိုကိုက
လမ်းသွားလမ်းလာလူတွေ ရှောင်ပြီးမောင်းရင်း
လူသိပ်မရှိတော့သည့် နေရာရောက်မှ
ဆိုင်ကယ်ရှေ့ဘီးထောင်ပေးသည်။

နှလုံးခုန်သံမြန်အောင် သည်းထိတ်ရင်ဖို
ဖြစ်မိပေမယ့် ကိုကို့နောက်ကို ယုံကြည်စိတ်ချစွာ
လိုက်ခဲ့သည်။ဆိုင်ကယ်ဘီးထောင်လိုက်တာနဲ့
ကိုကို့ကျောပြင်အကျယ်ကြီးကို
မျက်နှာအပ်ထားပြီး ကိုကို့ခါးကို
အသားကုန်ဖက်ထားမိသည်။

ကိုကိုနဲ့အတူ ဆိုင်ကယ်စီးရတာ
ကမ္ဘာဗိုလ် အရမ်းသဘောကျနေပြီ။
ကမ္ဘာဗိုလ်ဆိုင်ကယ်စီးချင်တိုင်း ကိုကိုကအလိုလိုက်ပေးရင်း ကောင်းမှာဟု
တွေးမိသည်။မဖြစ်နိုင်ပေမယ့်ပေါ့

မာန်သမိုင်းသည် ပျော်ရွှင်နေပုံရနေသည့်ကောင်လေးကို စိတ်တိုင်းကျ ဆိုင်ကယ်ရှေ့ဘီးထောင်
မောင်းပေးလိုက်ပြီးမှ ကျုံးရဲ့လမ်းတစ်ဖက်မှာရှိသည့် အအေးဆိုင်ရှေ့ ဆိုင်ကယ်ရပ်လိုက်သည်။

"အအေးဘာသောက်မလဲ ကောင်လေး"

"ထောပတ်သီးဖျော်ရည်"

လက်တွန်းလှည်းအအေးဆိုင်ရှေ့ ကိုကိုကဆိုင်ကယ်ရပ်ပြီ ဘာသောက်ချင်လဲ မေးလာသည်။
လက်တွန်းလှည်းပေါ်မှာတင်ထားသည့်
အသီးမျိုးစုံကိုကြည့်ရင်း ထောပတ်သီးတွေမြင်တော့ ထောပတ်သီးဖျော်ရည်သောက်ချင်မိသွားသည်။ကိုကိုက သံပရာရည်တစ်ခွက်မှာသည်။

တွန်းလှည်းဘေးမှာထားထားသည့် စားပွဲခုံလေးရယ် ထိုင်ခုံရယ်တွေ့တာကြောင့်
ကိုကိုနဲ့မျက်နှာခြင်းဆိုင်ထိုင်လိုက်သည်။
မှာထားတွေရောက်မလာသေးခင်
ကိုကိုက ဆေးလိပ်ဘူးထုတ်ပြီး ဆေးလိပ်သောက်နေသည်။
ကိုကိုဆေးလိပ်သောက်နေပုံကို ကမ္ဘာဗိုလ်
ငေးကြည့်နေမိသည်။

"သောက်ကြည့်မလား"

"ဆေးလိပ်သောက်တာ ပါပါးမကြိုက်ဘူး
ကိုကို "

"ရော့ သောက်ကြည့်"

ဆံဖြူကောင်လေးရဲ့မိဘတွေက
ကောင်လေးကို ပုံစံခွက်ထဲမှာ ထားပုံရသည်။
သားတစ်ယောက်ကို သမီးမိန်းကလေးတစ်ယောက်လိုသဘောထားနေတာလို့ မာန်သမိုင်းမြင်မိသည်။ယောကျာ်းလေးတစ်ယောက်က
ယောကျာ်းဆန်ရမည်မလား။
ဆံဖြူကောင်လေးက ခပ်နွဲ့နွဲ့ကောင်လေးပုံစံမဟုတ်ပေမယ့် အားနည်းသူတစ်ယောက်လို့ပြောရမည်။

"ဟင့်အင်းကိုကို ပါပါးသိမှာ
ဟိုနေ့က သားမျက်နှာကိုနမ်းကြည့်တာ
ပါပါးကသိတယ်"

လက်နှစ်ဖက်လုံးအသုံးပြုကာ တရမ်းရမ်းလုပ်ပြပြီး ငြင်းဆန်လာတဲ့ဆံဖြူကောင်လေးကြောင့်
မျက်မှောင်ကုတ်မိသည်။

"မင်းစီးချင်လို့ ဆိုင်ကယ်မောင်းပို့ပြီးပြီ
ငါသောက်ခိုင်းတာ သောက်ကြည့်
အနံ့မနံစေရဘူး "

"ပါပါးကသိမှာ ကိုကို"

"ကျစ်..... ရတယ်လေ နောက်တစ်ခါ
ငါ့ကိုဘာမှလာမခိုင်းနဲ့ ဟုတ်ပြီလား"

ကိုကိုက ကမ္ဘာဗိုလ်တောင်းဆိုတာ
လိုက်ရောပေးတာဆိုတော့ ကိုကိုစိတ်ဆိုးမှာ
ကြောက်မိသည်။

"နည်းနည်းသောက်ကြည့်မယ်နော် ကိုကို"

"အင်း"

ကိုကိုက သူသောက်လက်စ
စီးကရက်ကို ကမ္ဘာဗိုလ့်လက်ထဲထည့်ပေးလာသည်။ကိုကို စီးကရက်သောက်တဲ့ပုံစံအတိုင်း
လက်ကြားညှပ်ပြီးမှ ပါးစပ်ထဲထည့်လိုက်သည်။

"ဟ ကောင်လေးရ ဝါးစားမလို့လား"

မာန်သမိုင်းပေးလိုက်သည့် ဆေးလိပ်ကို
ဆံဖြူကောင်လေးက ပါးစပ်ထဲအတင်းထိုးထည့်တာတွေ့မိတော့ အလန်တကြားမေးယူရသည်။
လုံးဝရှိုက်ယူခြင်းမရှိဘဲ ထိုးထည့်နေတာလေ။
ကိုယ်တောင်းဆိုတာ မသက်သာသည့်အဆုံး
ဝဋ်ကျေတန်းကျေသဘောမျိုး ယူလုပ်ပြတာလို့မြင်မိသည်။

"ရှိုက်လိုက် နှုတ်ခမ်းမှာတေ့ရုံတေ့လေကွာ
မင်းဟာက"

"ဒီလိုလား !အဟွတ်.... အဟွတ် "

ကိုကိုပြောသလို စီးကရက်ကိုပါးစပ်ထဲကပြန်ထုတ်ပြီး နှုတ်ခမ်းမှာတေ့ကာ
ရှိုက်မိတော့ ဆေးလိပ်အငွေ့တွေကြောင့်
ချောင်းဆိုးသွားမိသည်။
ဘယ်လိုအရသာကြီးမှန်းမသိ
လျှာပေါ်မှာ စပ်ရှိန်းရှိန်းအရသာနဲ့အတူ
ဆေးလိပ်ငွေ့တွေက ပါးစပ်အတွင်းထဲ
လုံးဝင်လာသည်။

"တော်တယ် လွှတ်ပစ်လိုက်တော့"

ခိုင်းတဲ့အတိုင်းလုပ်ပေးသည့် ဆံဖြူကောင်လေးကို သဘောကျမိသွားသည်။
ယောကျာ်းလေးပဲ ဆေးလိပ်သောက်တတ်ရမှာပေါ့.....

"မှာထားတာ ရပါပြီရှင့်"

ကိုကိုခိုင်းတာ အဆင်မပြေသလိုဖြစ်သွားသည့်အတွက် ကိုကို့ကိုမော့မကြည့်ရဲဘဲ
ဆိုင်ရှင်အမချပေးတဲ့ ထောပတ်သီးဖျော်ရည်ကိုသာ ဇွန်းဖြင့်ခပ်စားနေလိုက်သည်။
ကိုကိုက သံပရာရည်သောက်နေ၏။

"ရှင်းမယ်"

"ကိုကို သားရှင်းပါရစေ"

"ကလေးတွေထဲက ဘယ်တော့မှ မစားဘူး
ငါရှင်းမယ်"

ကိုကို့စကားကြောင့် ကမ္ဘာဗိုလ် ထပ်ပြီး
လက်တွန့်သွားရပြန်သည်။
ကိုယ့်ကိုမခင်တော့မှာကို ကြောက်မိသည်လေ။

အအေးဖိုးကို ကိုကိုကထုတ်ရှင်းပေးပြီး
ကိုကိုကိုယ်တိုင် ကမ္ဘာဗိုလ့်ကို ဆိုင်ကယ်ဦးထုပ်
ဆောင်းပေးပြီး မေးသိုင်းကြိုးတပ်ပေးလေသည်။

ကိုကိုက အိမ်ရှေ့ထိလိုက်ပို့ပေးတာဆိုတော့
ကိုကို့ရဲ့ဆိုင်ကယ်ဦးထုပ်လေးကိုပြန်ပေးကာ
နှုတ်ဆက်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ကိုကို"

"ငါ့ကို ကိုကိုလို့မခေါ်နဲ့ မကြိုက်ဘူး"

"ကိုကိုက သားရဲ့ကိုကိုလေ"

ကိုကိုကမကြိုက်ဘူးပြောရင်း လက်ထဲဆေးလိပ်ကိုရှိုက်ပြီး ကိုယ့်မျက်နှာကို ရှိုက်ထားသည့်ဆေးလိပ်ငွေ့ဖြင့် မှုတ်ထုတ်တော့မှာကို
ကမ္ဘာဗိုလ် သိလိုက်သည်။

"ဟိုးထား ကိုကို"

ဆံဖြူကောင်လေးလက်မခံဘူးဆိုတာသိသည်မလို့ မာန်သမိုင်းသည် ရှိုက်ယူထားသည့်
စီးကရက်ငွေ့ဖြင့် ကောင်လေးရဲ့မျက်နှာကို
မှုတ်ထုတ်ဖို့ဟန်ပြင်လိုက်သည်။
သို့ပေမယ့်မအောင်မြင်ပါ ကောင်လေးရဲ့လက်က
ကိုယ့်နှုတ်ခမ်းကို ဖိကပ်လာ၏။

"!ဖူး"

မာန်သမိုင်းဆိုတာ လုပ်ချင်တာလုပ်လိုက်ရမှ
ကျေနပ်သူပီပီ ကိုယ့်နှုတ်ခမ်းကိုဖိကပ်ထားသည့်
ကောင်လေးလက်ကို ပါးစပ်အတွင်းထဲက
ဆေးလိပ်ငွေ့တွေရအောင် မှုတ်ထုတ်ပစ်လိုက်သည်။

"ကိုကိုရာ"

"အိမ်ထဲဝင်တော့ မင်းရဲ့ပါပါးဆိုတာ
စိတ်ပူနေမယ်"

"ကိုကိုက ညစ်ပတ်တယ်"

"ငါ့ရှေ့မှာ ချစ်စရာကောင်းအောင်မနေနဲ့
ငါချစ်မိသွားလို့ကတော့ မင်းကိုဝါးစားပစ်မှာ"

"!ဗျာ"

ကိုကိုကပြောချင်တာပြောပြီ ဆိုင်ကယ်စက်နှိုးကာ ကမ္ဘာဗိုလ့်ရှေ့ကနေမောင်းထွက်သွားလေသည်။ကိုကိုပြောသွားတာ ကိုယ့်ကိုချစ်မိသွားလို့ကတော့တဲ့လေ....ဒိန်းဒိန်းမြည်မတတ်ခုန်နေသည့်နှလုံးနေရာကိုလက်နဲ့ဖိထားရင်း
အိမ်ထဲဝင်ဖို့ ဝင်းတံခါးနားသွားလိုက်သည်။
ပါပါးမကြိုက်တာ လုပ်မိထားတာဆိုတော့
လိပ်ပြမလုံခြင်းနှင့်အတူ အိမ်ထဲဝင်ခဲ့ရသည်။
ကမ္ဘာဗိုလ့်လက်မှာ ကိုကို့ဆေးလိပ်ငွေ့တွေ
စွဲနေပြန်ပြီလေ။

*******
တင်းတောင်.....

စာအုပ်တွေကြားထဲ လူကစိတ်ပင်ပန်းနေစဉ်
အခန်းဘဲလ်မြည်သံကြောင့်
ကမ္ဘာပိုင်နေရာမှထခဲ့ရသည်။
အခန်းအပြင်ကလူ ဘယ်သူလဲဆိုတာကြည့်ဖို့
အခန်းပေါက်ဝမှာတပ်ထားသည့်
တီဗီဖန်သားပြင်မှာပေါ်နေသည်ကိုကြည့်မိရာ
လူကနေရာမှာတင် ကြက်သေသေနေမိသည်။

တံခါးဖွင့်ပေးမှဖြစ်မည့်လူဆိုတော့
သက်ပြင်းချကာ အခန်းတံခါးလောခ့်ကိုဖွင့်ပေးလိုက်ရသည်။

"ငယ်..... ငယ်ကတကယ်ပုန်းတဲ့နေရာမှာ
တော်တယ် ငယ့်ကိုရှာလိုက်ရတာ"

"ဦးဇွဲ"

"ကိုယ့်ကိုချစ်တယ်လို့ ပြောခဲ့တာ
ငယ်ကိုယ်တိုင်လေ
ငယ့်ကို့ချစ်လာအောင်လုပ်တာ ငယ်ကိုယ်တိုင်
ဘာလို့ ကိုယ့်ကိုရှောင်ပြေးခဲ့တာလဲ"

"ဘယ်လိုရှာတွေ့ခဲ့တာလဲ"

"ကိုယ်ဘာကောင်လဲဆိုတာ ငယ်မေ့နေခဲ့တာလား"

"ခုရှာလို့တွေ့ပြီမလား ကျစ်"

"အွမ်း...... ငယ့်ကိုလွှတ်မပေးတော့ဘူး"

"သေလိုက်ပါလား"

"ကိုယ့်ကိုသေစေချင်ရင်သေပစ်လိုက်ဖို့
ဝန်မလေးဘူး
ဒါပေမယ့် ကိုယ့်ရဲ့တမလွန်ဘဝကို
ငယ်လိုက်မှဖြစ်မှာ လိုက်ရဲလား"

(AN_အခုအပိုင်းမှာ ကျွန်တော်နားမလည်
မသိတဲ့စကားလုံးတစ်ချို့ပါပါတယ်နော်
ကျွန်တော်ပြောတာမှားသွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ )

***************************

Seguir leyendo

También te gustarán

132K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
17K 434 51
Author: black cat white white Category: Rebirth through time travel Ling Wei traveled to the world of cultivating immortals for a hundred years and b...
44.1K 694 16
DELULU & GUILT PLEASURE
58.9K 2.1K 33
ကိုမာကနေ နိုးထလာပြီးနောက် အတိတ်မှတ်ဉာဏ်များပျောက်ဆုံးသွားပြီး လစ်ဟာနေတဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ အတိတ်က ကောင်လေးတစ်ယောက်