ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

93.7K 3.2K 150

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)
Extra (1)

Part 15

3K 105 4
By Pen_99

Unicode

နွေဦးကြောင့်ထင် ဘုရား ရွှေထီးပေါ်မှ ဆည်းလည်းသံကလေးက လေပြေနှင့်အတူ တချွင်ချွင် သံသာပေးလျက်ရှိသည်။လေပြေအဝှေ့တွင် သစ်ရွက်ဝါများ လွမ်းမောဖွယ်ရာကြွေကျလာကြသည်မှာ ကဗျာဆန်ဆန်မဟုတ်ပဲ သညာဆန်ဆန်ကလေး။သက်ပိုင် သူ့ပုခုံးထက်တွင် စိုစွတ်မှုကိုခံစားလိုက်ရသည်။လေးရုံငိုနေသည်လား။

"ကျွန် ကျွန်တော် ဆရာနွေးကို အရမ်းသတိရနေတာ"

ရှိုက်သံတဝက်ဖြင့် ပြောလာသည့် ဝမ်းမြောက်စကား။မတွေ့ရတဲ့ နှစ်လကျော်ကျော်လေးအတွင်း ဒီကောင်လေး အားပိုကောင်းလာလိုက်တာ။ဖက်ပွေ့ထားသောလက်‌တွေကြားသက်ပိုင် အသက်ရှုကျပ်လာသည်။

"ကျွန်တော် ဆရာနွေးကို ဘယ်လောက်တောင် တွေ့ချင်နေခဲ့လဲဆိုတာ"

"အင့် မြတ်လေး ကိုယ်"

"ကျွန်တော်စောင့်နေခဲ့တာ ကျွန်တော်"

"မြတ် မြတ်လေး ဖယ်ဦးလို့ ကိုယ်အသက်ရှုကျပ်နေပြီ"

ထိုအခါမှ ဖက်ပွေ့ထားသည့်လက်များကိုဖယ်ခွာသွားပြီ လက်ကိုနောက်ပစ်ကာ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ဂုတ်ပိုးကိုပွတ်သတ်နေသေးသည်။

"ဟိုလေ ဆရာနွေး"

"အော "

သူပြုံးစိစိဖြင့် မေးလေးဆတ်ပြလိုက်တော့ သူ့ကိုငုံ့မိုးကြည့်လာသည်။

"ဟို ဒီဇင်ဘာညက ဆရာနွေးပြောခဲ့တာလေ"

"အောဟော ကိုယ်ဘာပြောခဲ့တာပါလိမ့်"

"ဆရာနွေး! "

"ဟင်"

"ဆရာနွေးပဲ စာမေးပွဲပြီးရင် "

အာ သူဘာတွေများပြောခဲ့မိပါလိမ့်။ခုလိုကြီး အဖြေတောင်းခံရတော့ အပျိုဖြန်းကလေးလို ရှက်ရွံ့နေပြန်သည်။သူတကယ်မတွေးကြည့်နိုင် သူတို့ချစ်သူတွေသာဆိုလျှင်။

"အဟမ်း"

သူချောင်းဟန့်လိုက်တော့ မျက်လုံးကလေးကလယ်ကလယ်လုပ်၍ ကြည့်လာသေးသည်။

"ကိုယ်ပြောတာက စာမေးပွဲပြီးမှပြောတာလေ"

"စာမေးပွဲကပြီးပြီလေ"

"အဲ အဟို ကိုယ်ကလေ စာမေးပွဲကိုဖြေရုံနဲ့ပြီးတယ်လို့မသတ်မှတ်ဘူး အောင်သွားမှပြီးတယ်လို့ သတ်မှတ်တာ"

"ဆရာနွေး…ကျွန်တော့်ကိုညာတယ်…ကျွန်တော့်ကိုမချစ်လို့ ပြီးတော့ မငြင်းရက်လို့မဟုတ်လား"

"အာ မဟုတ်တာ ကိုယ်က မြတ်လေးကိုချစ်တာပေါ့"

ထိုအခါမျှ ဝမ်းသာကြည်နူးမျက်နှာဖြင့် သူ့ကိုပွေ့ဖက်လာပြန်သည်။သို့ပေမယ့် သူတွန်းဖယ်လိုက်ပြီး နောက်ထပ်ချောင်းပြန်ဟန့်လိုက်သည်။

"ကိုယ်ကမင်းကိုချစ်တယ်လို့ပဲပြောတာ…ချစ်သူအဖြစ်တရားဝင်ခွင့်ပြုတယ်လို့ပြောတာမဟုတ်ဘူးနော်"

"ဆရာနွေးဟာကဘာကြီးလဲ ကျွန်တော့်ကိုချစ်တယ်ဆိုတာ ချစ်သူဖြစ်ခွင့်ပေးတာပဲမဟုတ်ဘူးလား"

"မြတ်လေး"

"ဟာ! နားလည်ပြီ ကျွန်တော်ကနားလည်တာမို့လို့ စောင့်မယ် အောင်စာရင်းထွက်ရင်တော့သေချာပေါက် ကတိတည်မယ်မလား"

မကျေနပ်စိတ်ကိုချိုးနှိမ်၍ ပြောလာသည့် လေးရုံ။စိန်ကောက်နေဟန် မျက်နှာကိုတွေ့ရတော့ သူသဘောတကျပြုံးမိပြန်သည်။သူ‌နဲ့သာဆိုလျှင် ဘယ်လိုအခြေအနေမျိုးမှာမဆို ပြုံးရယ်နိုင်လိမ့်မည်ဟုထင်သည်။သူနဲ့သာဆို သက်ပိုင်ပျော်ရပါလိမ့်မည်ဟု သေသေချာချာကြီးကိုယုံကြည်မိနေခဲ့ပြီ။

"အင်း"

သူကတိကိုဖျက်လိုက်ပြီးမှ အားနာလာသလိုဖြစ်လာပြန်သည်။ဘာလို့ဒီကောင်လေးက သူပြောသမျှကိုလက်ခံပေးနေရသနည်း။ဘာလို့များ သူ့အလိုကိုဘယ်တော့မှ မဆန့်ကျင်သလို စောဒကမတက်ပဲ ပြုံးရယ်နိုင်နေ‌သေးသည်နည်း။

"မြတ်လေး"

"ခင်ဗျာ"

"မြတ်လေး ကိုယ့်ကို စိတ်မပျက်ဘူးလား"

"ကျွန်တော်က ဘယ်အရာကိုစိတ်ပျက်ရမှာလဲဗျ"

"ကိုယ်က အကြီးလည်းဖြစ်ပြီး မြတ်လေးကို အမြဲတမ်းအနိုင်ယူသလိုဖြစ်ပြီး မြတ်လေးကို ခဏခဏစိတ်မကောင်းဖြစ်ရအောင်လဲလုပ်ပြီး မြတ်လေးကိုပေးထားတဲ့……

သူ့စကားမဆုံးသေးခင် နှုတ်ခမ်းပေါ်သို့ ထိကယ်လာသော လက်ညှိုးတစ်ချောင်း။သူပြန်ကြည့်တော့ နားလည်ပါသည်ဆိုသည့်အပြုံးမျိုးဖြင့်ပြုံးပြလာသည်။

"ရှုး ကျွန်တော်က အားလုံးကိုနားလည်ပါတယ်…ဆရာနွေးကကျွန်တော့်ရဲ့ ကောင်းကြီးလေးပါ ကျွန်တော်ကဆရာနွေးကို ချစ်တာထက်ပိုတဲ့ ခံစားချက်တွေနဲ့ တန်ဖိုးထားတာပါ"

"မြတ်လေး ကိုယ့်ကိုအဲ့လောက်ထိတောင်မှလား"

"ဘယ်လောက်ထိကိုလဲ ဟင်"

"ကိုယ့်ကို ဘယ်လိုမျိုးထိချစ်တာလဲ"

"ဆရာနွေး မတွေးထားသလိုမျိုးထိ"

"ကိုယ် တရုတ်စကားပန်းလေးတွေကို မြတ်နိုးသလိုလား"

"ဟင့်အင်း မြတ်နိုးတာထက်ပိုပါတယ် ကျွန်တော်က ဆရာနွေးကို သက်ဝင်ယုံကြည်တာပါ…ကျွန်တော်က ကိုးကွယ်ယုံကြည်သူပါ ဒါကြောင့်စိတ်ပျက်တယ်ဆိုတာမရှိတာမို့လို့ ဆရာနွေးက တွေးပူစရာမလိုပါဘူး"

"သက်ဝင်ယုံကြည်တယ်?"

"အင်းဆရာနွေး ဒီဘုရားကိုကြည့်လိုက်ပါ
ဘယ်လိုခံစားရလဲ…ကျွန်တော် ဆရာနွေးအပေါ်မှာ ခံစားရသလိုပဲ"

**************©®©************

ဒီနေ့က ဘုရားပွဲနေ့ ။ပွဲရက်မတိုင်ခင်သု့းရက်အလိုကပင် ရွာ‌အရှေ့ဘက် ရိတ်သိမ်းပြီးလယ်ကွက်များပေါ်တွင် ချားရဟတ်များ၊အရပ်ခေါ် ပင်လယ်ဓားပြတို့ကိုတွေ့နေရပြီ။‌ကစားစရာရောင်းမည့် ဈေးသည်တွေရော၊ အစားအသောက်ဆိုင်တွေပါ အစီအရီ။ကလေးများကစားသည့် ဖော့အိကမ္ဘာအမြင့်ကြီးများကိုလည်း တွေ့နေရသေးသည်။ဇာတ်စင်ဆောက်နေကြသည်ကိုတော့မတွေ့ရ ဘေးမှ မိုးကားအပြာများဖြင့် ပတ်လည်ကာရံထားသောကြောင့်ပင်တည်း။ပွဲရက်က သုံးရက်ကမည်ဟုကြားရသည်။ညလုံးပေါက်ကမယ်ဆိုလား။စင်ပေါ်မှာ မင်းသား၊မင်းသမီးကနေသည်ကို အရှင်လတ်လတ်တော့ သူလဲကြည့်ချင်မိသား။

"ဆရာနွေး လာသွားရအောင်"

ပွဲဈေးတစ်လျှောက် မီးရောင်စုံတို့က လင်းထိန်နေသည်။ဟိုဟိုဒီဒီပြေးလွားနေကြသည့် ကလေးများနောက်တွင် လိုက်ထိန်းနေကြရသည့် အုပ်ထိန်းသူများ။ဘုရားကြီး ၏ကန်ရေပြန်မှ ရေပန်းများသည်လည်း ရောင်စုံတောက်ပလျက်ပင်။

"မြတ်လေး ကိုယ့်နောက်လိုက်ခဲ့ပါဦး"

"အင်"

"မလိုက်ချင်ဘူးပေါ့"

"အဟား မလိုက်ချင်တာ ကျွန်တော်က ဆရာနွေးနောက်ကို ဆရာနွေးသာ ကျွန်တော့်ကိုလက်ကမ်းပေးလိုက် သမုဒ္ဒရာတွေအလွန်ထိဆိုရင်တောင် ကျွန်တော်ဘယ်တော့မှ ဒီတွဲလက်ကိုမဖြုတ်ပါဘူး"

"ဟုတ်ပါပြီ"

သူ မြတ်လေး၏ရှေ့မှနေ၍ ဘုရားကြီး၏ ကန်ဘောင်ဘက်က ခုံတန်းတစ်ခုတွင်ဝင်ထိုင်လိုက်ရာ လေးရုံပါအတူဝင်ထိုင်လာသည်။

"ကြယ်တွေစုံတယ်နော်"

"အင်း ဆရာနွေးကြောင့်နေမယ်"

"မဆိုင်တာ"

"ကျွန်တော့်မေမေက ပြောဖူးတယ် ချစ်ခြင်းမေတ္တာတွေများလေလေ ကြယ်တွေကပိုလှလေလေပဲတဲ့…ခုဆရာနွေးရှိနေတယ်ပြီးတော့
ကျွန်တော့် နှလုံးသားက ဆရာနွေးအပိုင် ဒီ့ထက်ပိုခိုင်လုံတဲ့ သက်ဆိုင်မှုက ရှိပါဦးမလား"

"အဟက်ဟက် ဒီကအတတ်ကလေးကို ကိုယ်ကဆုချရမှာပေါ့ မျက်လုံးမှိတ်"

"မှိတ်လိုက်ပြီ"

သူသဘောကျစွာ ပြုံး၍ လေးရုံ၏လက်အားဆွဲမကာ လက်ခလည်တွင် လက်စွပ်တစ်ကွင်းစွပ်ပေးလိုက်သည်။လက်စွပ်မှာ အကြည်သားဖြစ်၍ အထဲတွင် ပတ္တမြားသေးသေးကလေးများဖြင့် Nဟုပုံဖော်ထားသည့်ပုံလေး။

"အဟမ်း ဖွင့်လို့ရပြီ"

"ဆရာနွေး ဒါ ဒါက"

"အင်း မင်းအတွက်…ဒီလက်စွပ်က ကိုယ့်အဖွားမဆုံးခင်ပေးခဲ့တဲ့နောက်ဆုံးပစ္စည်း"

"မြေးလေး ဖွား နားလာပါဦးကွယ်…ရော့ဒါကမြေးအတွက်"

"ဒါက"

"အင်း ဒါက မြေးဖိုးဖိုး နေသက်မောင်က ဖွားကိုပေးခဲ့တာကွဲ့…နောင်တချိန် မြေးရင်ထဲက လက်ခံမိတဲ့တစ်စုံတစ်ယောက်ရှိလာရင် ဒါလေးကိုပေးလိုက်နော် "

"ဖွား! ဖွား;…"

အတိတ်ကပုံရိပ်များအား မြင်ယောင်လာသောအခါ မျက်ရည်ကကျချင်လာပြန်သည်။ထိုအချိန်တွင် သူ့လက်ဖျားထက်သို့ထိတွေ့လာသည့် အေးစက်စက်အရာ။သူ့လက်ကိုအုံ့မိုးကြည့်လိုက်တော့ ကျောင်စိမ်းလက်စွပ်ကလေးတစ်ကွင်း။

"ဒါ ဆရာ‌နွေးအတွက်…ဒီလိုဆိုမှ ကျွန်တော်တို့က လက်စွပ်အပြန်အလှန်လဲလှယ်နေကြတဲ့ ဇနီးခင်ပွန်းတွေနဲ့တူတယ်မထင်မိဘူးလား"

"မြတ်လေး ကိုယ်တို့ပွဲရောကြည့်ရပါဦးမလား"

"လာလေ ပွဲချိန်စတော့မယ်ထင်တယ် "

"အင်း"

ပွဲခင်းထဲတွင် အားလူံက ဖျာကိုယ်စီဖြင့် ။တစ်ချို့က ဒီမှာပင်ညအိပ်မည့်ပုံ ကိုရီးယားစောင်များအား ခြုံထားကြပြီး ခေါင်းအုံးများပင်ပါလိုက်သေးသည်။သူတို့ကတော့ မြတ်လေးဦးပေးထားသည့်နေရာ‌တွင် ဝင်ထိုင်လိုက်ရင်း ပွဲစမည့်အချိန်ကိုသာစောင့်ဆိုင်းနေလိုက်တော့သည်။ဒီဘက်က မတ်လရောက်သော်လည်း ဆောင်းအရှိန်ကမသေသေး။ညနက်လေလေ အေးလာလေလေ။

"ဟတ်ချိုး"

"ဆရာနွေး ရော့ကော်ဖီ ပူပူလေးသောက်ဦး"

"ဘယ်က ကော်ဖီ"

"ဒီမှာလေ အနွေးဘူးနဲ့ထည့်လာတာ မုန့်ရောစားဦးမလား"

"ဟင့်အင်း မစားတော့ဘူး"

သူတို့ပွဲဆက်ကြည့်နေပေမယ့် သက်ပိုင်မျက်လူံပင်မဖွင့်နိုင်တော့ပါ ခရီးပန်းခဲ့တာတွေကြောင့်ပါ သူအလွန့်ကို ပင်ပန်းနေပြီလေ။မရတော့ သူမရတော့ သူငိုက်ခနဲလဲကျသွားသည်။

"ဆရာနွေး အိပ်ပျော်သွားပြီလား"

မေးသံအားမပီဝိုးတဝါးလေးကြားရပေမယ့် သူပြန်မဖြေနိုင်တော့ပါ။တစ်ဆက်တည်း ပွေ့ချီခံလိုက်ရသလို မြောက်တက်သွားသည့် ခန္ဓာကိုယ်။ရုတ်တရက် အလွန်နွေးနွေးထွေးထွေးရှိသွားပြီး သူနှစ်ခြိုက်စွာ အိပ်စက်လိုက်တော့သည်။အိပ်မက်ထဲတွင်တော့ တရုတ်စံကားပင်တွေကြားပြေးလွှားနေရင်းဖြင့်။

"မေမေ ဟိုကကိုကိုက ကလေးအကြီးကြီး မွေးထားလို့လား"

"ဟင် ဘယ်က"

ရင်ခွင်ထဲမှ ကလေးငယ်၏အမေးကြောင့် မျက်စိကစားကြည့်မိလိုက်တော့ သူတို့နှင့် မျက်စောင်းထိုးနားတွင် မိန့်မိန့်ကြီးထိုင်နေသည့် ယောက်ျားတစ်ယောက်။ဟိုသူကြီးသားနှင့်တော့ ရေးရေးတူသလိုလို။အရှေ့ကဘာတုန်း သူမသားလေးကို ရင်ခွင်ထဲထည့်ထားသလို လူတစ်ယောကိုပေါင်ပေါ်တင်ရင်ခွင်ထဲထည့်ပြီး ပွဲလည်းမကြည့်ပဲ ထိုရင်ခွင်ထဲမှလူကိုသာ ငုံ့ကြည့်၍ ပြုံးနေလေသည်။သူ့ကောင်မလေးထင်ပါရဲ့။

"ဆရာနွေး ထတော့ မနက်ရောက်နေပြီ"

မနက်ခင်းစောစောခေါ်နှိုးသံကြောင့် သူမျက်လုံးတို့ကိုပွတ်သတ်ကာ အကြောတစ်ချက်ဆန့်လိုက်ပေမယ့် ရိုက်ချမိသွားသော အေးစက်စက်ပါးပြင်တစ်ဖက်။ထိုအခါမျှသာသတိဝင်လာပြီး သူရောက်နေသည့်နေရာကိုသတိထားကြည့်မိတော့ လေးရုံရဲ့ပေါင်ပေါ်မှာ။ဟင် သူတစ်ညလုံးဒီလိုကြီး။သူအလျင်အမြန်ပင်ကုန်းရုန်းထလိုက်သည်။

"မြတ်လေး ရရဲ့လား"

"ရတယ် အဆင်ပြေတယ် နဲနဲပဲ ဟီး"

*************©®©**************

နေ့တို့လတို့သည် အချိန်ကုန်မြန်လိုက်ပါဘိခြင်း ယခုဆို ဆယ်တန်းအောင်စာရင်းများထွက်မည့် ဇွန်လသို့ပင်ရောက်ရှိလာခဲ့ချေပြီ။၆ရက်နေ့ထွက်မည်ဆိုတော့ ဒီနေ့က‌၅ရက် မနက်ဖြန်ပေါ့။

"လေးရုံ နင်ဘာတွေလောက်တောင် ကြည်နူးနေရတာလဲ"

"နင်မသိပါဘူးဟာ"

"ဟွန်း"

"ဒါနဲ့ ဆရာနွေးကို မတွေ့မိပါလား"

"အာ ချောင်းထဲ ကလေးတွေသွားခေါ်မလို့တဲ့"

"ဟင် ချောင်းက ဟိုအပတ်က မိုးကြောင့်ရေကြီးနေတာလေ"

"အဲတာကြောင့်ပဲ ကလေးတွေကိုသွားခေါ်ပါတယ်ဆိုနေမှ"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၈.၁၁.၂၀၂၃
မနက်၁နာရီ၁၅မိနစ်

ကလေးတို့ စောင့်နေကြလား ရေးနေရင်းအိပ်ပျော်သွားလို့ တရေးနိုးထရေးလာတာ ဟဲဟဲ

Zawgyi

ေႏြဦးေၾကာင့္ထင္ ဘုရား ေ႐ႊထီးေပၚမွ ဆည္းလည္းသံကေလးက ေလေျပႏွင့္အတူ တခြၽင္ခြၽင္ သံသာေပးလ်က္ရွိသည္။ေလေျပအေဝွ႔တြင္ သစ္႐ြက္ဝါမ်ား လြမ္းေမာဖြယ္ရာေႂကြက်လာၾကသည္မွာ ကဗ်ာဆန္ဆန္မဟုတ္ပဲ သညာဆန္ဆန္ကေလး။သက္ပိုင္ သူ႔ပုခုံးထက္တြင္ စိုစြတ္မႈကိုခံစားလိုက္ရသည္။ေလး႐ုံငိုေနသည္လား။

"ကြၽန္ ကြၽန္ေတာ္ ဆရာေႏြးကို အရမ္းသတိရေနတာ"

ရႈိက္သံတဝက္ျဖင့္ ေျပာလာသည့္ ဝမ္းေျမာက္စကား။မေတြ႕ရတဲ့ ႏွစ္လေက်ာ္ေက်ာ္ေလးအတြင္း ဒီေကာင္ေလး အားပိုေကာင္းလာလိုက္တာ။ဖက္ေပြ႕ထားေသာလက္‌ေတြၾကားသက္ပိုင္ အသက္ရႈက်ပ္လာသည္။

"ကြၽန္ေတာ္ ဆရာေႏြးကို ဘယ္ေလာက္ေတာင္ ေတြ႕ခ်င္ေနခဲ့လဲဆိုတာ"

"အင့္ ျမတ္ေလး ကိုယ္"

"ကြၽန္ေတာ္ေစာင့္ေနခဲ့တာ ကြၽန္ေတာ္"

"ျမတ္ ျမတ္ေလး ဖယ္ဦးလို႔ ကိုယ္အသက္ရႈက်ပ္ေနၿပီ"

ထိုအခါမွ ဖက္ေပြ႕ထားသည့္လက္မ်ားကိုဖယ္ခြာသြားၿပီ လက္ကိုေနာက္ပစ္ကာ ရွက္ကိုးရွက္ကန္းဟန္ျဖင့္ ဂုတ္ပိုးကိုပြတ္သတ္ေနေသးသည္။

"ဟိုေလ ဆရာေႏြး"

"ေအာ "

သူၿပဳံးစိစိျဖင့္ ေမးေလးဆတ္ျပလိုက္ေတာ့ သူ႔ကိုငုံ႔မိုးၾကည့္လာသည္။

"ဟို ဒီဇင္ဘာညက ဆရာေႏြးေျပာခဲ့တာေလ"

"ေအာေဟာ ကိုယ္ဘာေျပာခဲ့တာပါလိမ့္"

"ဆရာေႏြး! "

"ဟင္"

"ဆရာေႏြးပဲ စာေမးပြဲၿပီးရင္ "

အာ သူဘာေတြမ်ားေျပာခဲ့မိပါလိမ့္။ခုလိုႀကီး အေျဖေတာင္းခံရေတာ့ အပ်ိဳျဖန္းကေလးလို ရွက္႐ြံ႕ေနျပန္သည္။သူတကယ္မေတြးၾကည့္ႏိုင္ သူတို႔ခ်စ္သူေတြသာဆိုလွ်င္။

"အဟမ္း"

သူေခ်ာင္းဟန႔္လိုက္ေတာ့ မ်က္လုံးကေလးကလယ္ကလယ္လုပ္၍ ၾကည့္လာေသးသည္။

"ကိုယ္ေျပာတာက စာေမးပြဲၿပီးမွေျပာတာေလ"

"စာေမးပြဲကၿပီးၿပီေလ"

"အဲ အဟို ကိုယ္ကေလ စာေမးပြဲကိုေျဖ႐ုံနဲ႔ၿပီးတယ္လို႔မသတ္မွတ္ဘူး ေအာင္သြားမွၿပီးတယ္လို႔ သတ္မွတ္တာ"

"ဆရာေႏြး…ကြၽန္ေတာ့္ကိုညာတယ္…ကြၽန္ေတာ့္ကိုမခ်စ္လို႔ ၿပီးေတာ့ မျငင္းရက္လို႔မဟုတ္လား"

"အာ မဟုတ္တာ ကိုယ္က ျမတ္ေလးကိုခ်စ္တာေပါ့"

ထိုအခါမွ် ဝမ္းသာၾကည္ႏူးမ်က္ႏွာျဖင့္ သူ႔ကိုေပြ႕ဖက္လာျပန္သည္။သို႔ေပမယ့္ သူတြန္းဖယ္လိုက္ၿပီး ေနာက္ထပ္ေခ်ာင္းျပန္ဟန႔္လိုက္သည္။

"ကိုယ္ကမင္းကိုခ်စ္တယ္လို႔ပဲေျပာတာ…ခ်စ္သူအျဖစ္တရားဝင္ခြင့္ျပဳတယ္လို႔ေျပာတာမဟုတ္ဘူးေနာ္"

"ဆရာေႏြးဟာကဘာႀကီးလဲ ကြၽန္ေတာ့္ကိုခ်စ္တယ္ဆိုတာ ခ်စ္သူျဖစ္ခြင့္ေပးတာပဲမဟုတ္ဘူးလား"

"ျမတ္ေလး"

"ဟာ! နားလည္ၿပီ ကြၽန္ေတာ္ကနားလည္တာမို႔လို႔ ေစာင့္မယ္ ေအာင္စာရင္းထြက္ရင္ေတာ့ေသခ်ာေပါက္ ကတိတည္မယ္မလား"

မေက်နပ္စိတ္ကိုခ်ိဳးႏွိမ္၍ ေျပာလာသည့္ ေလး႐ုံ။စိန္ေကာက္ေနဟန္ မ်က္ႏွာကိုေတြ႕ရေတာ့ သူသေဘာတက်ၿပဳံးမိျပန္သည္။သူ‌နဲ႔သာဆိုလွ်င္ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို ၿပဳံးရယ္ႏိုင္လိမ့္မည္ဟုထင္သည္။သူနဲ႔သာဆို သက္ပိုင္ေပ်ာ္ရပါလိမ့္မည္ဟု ေသေသခ်ာခ်ာႀကီးကိုယုံၾကည္မိေနခဲ့ၿပီ။

"အင္း"

သူကတိကိုဖ်က္လိုက္ၿပီးမွ အားနာလာသလိုျဖစ္လာျပန္သည္။ဘာလို႔ဒီေကာင္ေလးက သူေျပာသမွ်ကိုလက္ခံေပးေနရသနည္း။ဘာလို႔မ်ား သူ႔အလိုကိုဘယ္ေတာ့မွ မဆန႔္က်င္သလို ေစာဒကမတက္ပဲ ၿပဳံးရယ္ႏိုင္ေန‌ေသးသည္နည္း။

"ျမတ္ေလး"

"ခင္ဗ်ာ"

"ျမတ္ေလး ကိုယ့္ကို စိတ္မပ်က္ဘူးလား"

"ကြၽန္ေတာ္က ဘယ္အရာကိုစိတ္ပ်က္ရမွာလဲဗ်"

"ကိုယ္က အႀကီးလည္းျဖစ္ၿပီး ျမတ္ေလးကို အၿမဲတမ္းအႏိုင္ယူသလိုျဖစ္ၿပီး ျမတ္ေလးကို ခဏခဏစိတ္မေကာင္းျဖစ္ရေအာင္လဲလုပ္ၿပီး ျမတ္ေလးကိုေပးထားတဲ့……

သူ႔စကားမဆုံးေသးခင္ ႏႈတ္ခမ္းေပၚသို႔ ထိကယ္လာေသာ လက္ညႇိဳးတစ္ေခ်ာင္း။သူျပန္ၾကည့္ေတာ့ နားလည္ပါသည္ဆိုသည့္အၿပဳံးမ်ိဳးျဖင့္ၿပဳံးျပလာသည္။

"ရႈး ကြၽန္ေတာ္က အားလုံးကိုနားလည္ပါတယ္…ဆရာေႏြးကကြၽန္ေတာ့္ရဲ႕ ေကာင္းႀကီးေလးပါ ကြၽန္ေတာ္ကဆရာေႏြးကို ခ်စ္တာထက္ပိုတဲ့ ခံစားခ်က္ေတြနဲ႔ တန္ဖိုးထားတာပါ"

"ျမတ္ေလး ကိုယ့္ကိုအဲ့ေလာက္ထိေတာင္မွလား"

"ဘယ္ေလာက္ထိကိုလဲ ဟင္"

"ကိုယ့္ကို ဘယ္လိုမ်ိဳးထိခ်စ္တာလဲ"

"ဆရာေႏြး မေတြးထားသလိုမ်ိဳးထိ"

"ကိုယ္ တ႐ုတ္စကားပန္းေလးေတြကို ျမတ္ႏိုးသလိုလား"

"ဟင့္အင္း ျမတ္ႏိုးတာထက္ပိုပါတယ္ ကြၽန္ေတာ္က ဆရာေႏြးကို သက္ဝင္ယုံၾကည္တာပါ…ကြၽန္ေတာ္က ကိုးကြယ္ယုံၾကည္သူပါ ဒါေၾကာင့္စိတ္ပ်က္တယ္ဆိုတာမရွိတာမို႔လို႔ ဆရာေႏြးက ေတြးပူစရာမလိုပါဘူး"

"သက္ဝင္ယုံၾကည္တယ္?"

"အင္းဆရာေႏြး ဒီဘုရားကိုၾကည့္လိုက္ပါ
ဘယ္လိုခံစားရလဲ…ကြၽန္ေတာ္ ဆရာေႏြးအေပၚမွာ ခံစားရသလိုပဲ"

**************©®©************

ဒီေန႔က ဘုရားပြဲေန႔ ။ပြဲရက္မတိုင္ခင္သု႔းရက္အလိုကပင္ ႐ြာ‌အေရွ႕ဘက္ ရိတ္သိမ္းၿပီးလယ္ကြက္မ်ားေပၚတြင္ ခ်ားရဟတ္မ်ား၊အရပ္ေခၚ ပင္လယ္ဓားျပတို႔ကိုေတြ႕ေနရၿပီ။‌ကစားစရာေရာင္းမည့္ ေဈးသည္ေတြေရာ၊ အစားအေသာက္ဆိုင္ေတြပါ အစီအရီ။ကေလးမ်ားကစားသည့္ ေဖာ့အိကမာၻအျမင့္ႀကီးမ်ားကိုလည္း ေတြ႕ေနရေသးသည္။ဇာတ္စင္ေဆာက္ေနၾကသည္ကိုေတာ့မေတြ႕ရ ေဘးမွ မိုးကားအျပာမ်ားျဖင့္ ပတ္လည္ကာရံထားေသာေၾကာင့္ပင္တည္း။ပြဲရက္က သုံးရက္ကမည္ဟုၾကားရသည္။ညလုံးေပါက္ကမယ္ဆိုလား။စင္ေပၚမွာ မင္းသား၊မင္းသမီးကေနသည္ကို အရွင္လတ္လတ္ေတာ့ သူလဲၾကည့္ခ်င္မိသား။

"ဆရာေႏြး လာသြားရေအာင္"

ပြဲေဈးတစ္ေလွ်ာက္ မီးေရာင္စုံတို႔က လင္းထိန္ေနသည္။ဟိုဟိုဒီဒီေျပးလြားေနၾကသည့္ ကေလးမ်ားေနာက္တြင္ လိုက္ထိန္းေနၾကရသည့္ အုပ္ထိန္းသူမ်ား။ဘုရားႀကီး ၏ကန္ေရျပန္မွ ေရပန္းမ်ားသည္လည္း ေရာင္စုံေတာက္ပလ်က္ပင္။

"ျမတ္ေလး ကိုယ့္ေနာက္လိုက္ခဲ့ပါဦး"

"အင္"

"မလိုက္ခ်င္ဘူးေပါ့"

"အဟား မလိုက္ခ်င္တာ ကြၽန္ေတာ္က ဆရာေႏြးေနာက္ကို ဆရာေႏြးသာ ကြၽန္ေတာ့္ကိုလက္ကမ္းေပးလိုက္ သမုဒၵရာေတြအလြန္ထိဆိုရင္ေတာင္ ကြၽန္ေတာ္ဘယ္ေတာ့မွ ဒီတြဲလက္ကိုမျဖဳတ္ပါဘူး"

"ဟုတ္ပါၿပီ"

သူ ျမတ္ေလး၏ေရွ႕မွေန၍ ဘုရားႀကီး၏ ကန္ေဘာင္ဘက္က ခုံတန္းတစ္ခုတြင္ဝင္ထိုင္လိုက္ရာ ေလး႐ုံပါအတူဝင္ထိုင္လာသည္။

"ၾကယ္ေတြစုံတယ္ေနာ္"

"အင္း ဆရာေႏြးေၾကာင့္ေနမယ္"

"မဆိုင္တာ"

"ကြၽန္ေတာ့္ေမေမက ေျပာဖူးတယ္ ခ်စ္ျခင္းေမတၱာေတြမ်ားေလေလ ၾကယ္ေတြကပိုလွေလေလပဲတဲ့…ခုဆရာေႏြးရွိေနတယ္ၿပီးေတာ့
ကြၽန္ေတာ့္ ႏွလုံးသားက ဆရာေႏြးအပိုင္ ဒီ့ထက္ပိုခိုင္လုံတဲ့ သက္ဆိုင္မႈက ရွိပါဦးမလား"

"အဟက္ဟက္ ဒီကအတတ္ကေလးကို ကိုယ္ကဆုခ်ရမွာေပါ့ မ်က္လုံးမွိတ္"

"မွိတ္လိုက္ၿပီ"

သူသေဘာက်စြာ ၿပဳံး၍ ေလး႐ုံ၏လက္အားဆြဲမကာ လက္ခလည္တြင္ လက္စြပ္တစ္ကြင္းစြပ္ေပးလိုက္သည္။လက္စြပ္မွာ အၾကည္သားျဖစ္၍ အထဲတြင္ ပတၱျမားေသးေသးကေလးမ်ားျဖင့္ Nဟုပုံေဖာ္ထားသည့္ပုံေလး။

"အဟမ္း ဖြင့္လို႔ရၿပီ"

"ဆရာေႏြး ဒါ ဒါက"

"အင္း မင္းအတြက္…ဒီလက္စြပ္က ကိုယ့္အဖြားမဆုံးခင္ေပးခဲ့တဲ့ေနာက္ဆုံးပစၥည္း"

"ေျမးေလး ဖြား နားလာပါဦးကြယ္…ေရာ့ဒါကေျမးအတြက္"

"ဒါက"

"အင္း ဒါက ေျမးဖိုးဖိုး ေနသက္ေမာင္က ဖြားကိုေပးခဲ့တာကြဲ႕…ေနာင္တခ်ိန္ ေျမးရင္ထဲက လက္ခံမိတဲ့တစ္စုံတစ္ေယာက္ရွိလာရင္ ဒါေလးကိုေပးလိုက္ေနာ္ "

"ဖြား! ဖြား;…"

အတိတ္ကပုံရိပ္မ်ားအား ျမင္ေယာင္လာေသာအခါ မ်က္ရည္ကက်ခ်င္လာျပန္သည္။ထိုအခ်ိန္တြင္ သူ႔လက္ဖ်ားထက္သို႔ထိေတြ႕လာသည့္ ေအးစက္စက္အရာ။သူ႔လက္ကိုအုံ႔မိုးၾကည့္လိုက္ေတာ့ ေက်ာင္စိမ္းလက္စြပ္ကေလးတစ္ကြင္း။

"ဒါ ဆရာ‌ေႏြးအတြက္…ဒီလိုဆိုမွ ကြၽန္ေတာ္တို႔က လက္စြပ္အျပန္အလွန္လဲလွယ္ေနၾကတဲ့ ဇနီးခင္ပြန္းေတြနဲ႔တူတယ္မထင္မိဘူးလား"

"ျမတ္ေလး ကိုယ္တို႔ပြဲေရာၾကည့္ရပါဦးမလား"

"လာေလ ပြဲခ်ိန္စေတာ့မယ္ထင္တယ္ "

"အင္း"

ပြဲခင္းထဲတြင္ အားလူံက ဖ်ာကိုယ္စီျဖင့္ ။တစ္ခ်ိဳ႕က ဒီမွာပင္ညအိပ္မည့္ပုံ ကိုရီးယားေစာင္မ်ားအား ၿခဳံထားၾကၿပီး ေခါင္းအုံးမ်ားပင္ပါလိုက္ေသးသည္။သူတို႔ကေတာ့ ျမတ္ေလးဦးေပးထားသည့္ေနရာ‌တြင္ ဝင္ထိုင္လိုက္ရင္း ပြဲစမည့္အခ်ိန္ကိုသာေစာင့္ဆိုင္းေနလိုက္ေတာ့သည္။ဒီဘက္က မတ္လေရာက္ေသာ္လည္း ေဆာင္းအရွိန္ကမေသေသး။ညနက္ေလေလ ေအးလာေလေလ။

"ဟတ္ခ်ိဳး"

"ဆရာေႏြး ေရာ့ေကာ္ဖီ ပူပူေလးေသာက္ဦး"

"ဘယ္က ေကာ္ဖီ"

"ဒီမွာေလ အေႏြးဘူးနဲ႔ထည့္လာတာ မုန႔္ေရာစားဦးမလား"

"ဟင့္အင္း မစားေတာ့ဘူး"

သူတို႔ပြဲဆက္ၾကည့္ေနေပမယ့္ သက္ပိုင္မ်က္လူံပင္မဖြင့္ႏိုင္ေတာ့ပါ ခရီးပန္းခဲ့တာေတြေၾကာင့္ပါ သူအလြန႔္ကို ပင္ပန္းေနၿပီေလ။မရေတာ့ သူမရေတာ့ သူငိုက္ခနဲလဲက်သြားသည္။

"ဆရာေႏြး အိပ္ေပ်ာ္သြားၿပီလား"

ေမးသံအားမပီဝိုးတဝါးေလးၾကားရေပမယ့္ သူျပန္မေျဖႏိုင္ေတာ့ပါ။တစ္ဆက္တည္း ေပြ႕ခ်ီခံလိုက္ရသလို ေျမာက္တက္သြားသည့္ ခႏၶာကိုယ္။႐ုတ္တရက္ အလြန္ေႏြးေႏြးေထြးေထြးရွိသြားၿပီး သူႏွစ္ၿခိဳက္စြာ အိပ္စက္လိုက္ေတာ့သည္။အိပ္မက္ထဲတြင္ေတာ့ တ႐ုတ္စံကားပင္ေတြၾကားေျပးလႊားေနရင္းျဖင့္။

"ေမေမ ဟိုကကိုကိုက ကေလးအႀကီးႀကီး ေမြးထားလို႔လား"

"ဟင္ ဘယ္က"

ရင္ခြင္ထဲမွ ကေလးငယ္၏အေမးေၾကာင့္ မ်က္စိကစားၾကည့္မိလိုက္ေတာ့ သူတို႔ႏွင့္ မ်က္ေစာင္းထိုးနားတြင္ မိန႔္မိန႔္ႀကီးထိုင္ေနသည့္ ေယာက္်ားတစ္ေယာက္။ဟိုသူႀကီးသားႏွင့္ေတာ့ ေရးေရးတူသလိုလို။အေရွ႕ကဘာတုန္း သူမသားေလးကို ရင္ခြင္ထဲထည့္ထားသလို လူတစ္ေယာကိုေပါင္ေပၚတင္ရင္ခြင္ထဲထည့္ၿပီး ပြဲလည္းမၾကည့္ပဲ ထိုရင္ခြင္ထဲမွလူကိုသာ ငုံ႔ၾကည့္၍ ၿပဳံးေနေလသည္။သူ႔ေကာင္မေလးထင္ပါရဲ႕။

"ဆရာေႏြး ထေတာ့ မနက္ေရာက္ေနၿပီ"

မနက္ခင္းေစာေစာေခၚႏႈိးသံေၾကာင့္ သူမ်က္လုံးတို႔ကိုပြတ္သတ္ကာ အေၾကာတစ္ခ်က္ဆန႔္လိုက္ေပမယ့္ ႐ိုက္ခ်မိသြားေသာ ေအးစက္စက္ပါးျပင္တစ္ဖက္။ထိုအခါမွ်သာသတိဝင္လာၿပီး သူေရာက္ေနသည့္ေနရာကိုသတိထားၾကည့္မိေတာ့ ေလး႐ုံရဲ႕ေပါင္ေပၚမွာ။ဟင္ သူတစ္ညလုံးဒီလိုႀကီး။သူအလ်င္အျမန္ပင္ကုန္း႐ုန္းထလိုက္သည္။

"ျမတ္ေလး ရရဲ႕လား"

"ရတယ္ အဆင္ေျပတယ္ နဲနဲပဲ ဟီး"

*************©®©**************

ေန႔တို႔လတို႔သည္ အခ်ိန္ကုန္ျမန္လိုက္ပါဘိျခင္း ယခုဆို ဆယ္တန္းေအာင္စာရင္းမ်ားထြက္မည့္ ဇြန္လသို႔ပင္ေရာက္ရွိလာခဲ့ေခ်ၿပီ။၆ရက္ေန႔ထြက္မည္ဆိုေတာ့ ဒီေန႔က‌၅ရက္ မနက္ျဖန္ေပါ့။

"ေလး႐ုံ နင္ဘာေတြေလာက္ေတာင္ ၾကည္ႏူးေနရတာလဲ"

"နင္မသိပါဘူးဟာ"

"ဟြန္း"

"ဒါနဲ႔ ဆရာေႏြးကို မေတြ႕မိပါလား"

"အာ ေခ်ာင္းထဲ ကေလးေတြသြားေခၚမလို႔တဲ့"

"ဟင္ ေခ်ာင္းက ဟိုအပတ္က မိုးေၾကာင့္ေရႀကီးေနတာေလ"

"အဲတာေၾကာင့္ပဲ ကေလးေတြကိုသြားေခၚပါတယ္ဆိုေနမွ"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၈.၁၁.၂၀၂၃
မနက္၁နာရီ၁၅မိနစ္

ကေလးတို႔ ေစာင့္ေနၾကလား ေရးေနရင္းအိပ္ေပ်ာ္သြားလို႔ တေရးႏိုးထေရးလာတာ ဟဲဟဲ


Continue Reading

You'll Also Like

49.6K 2.6K 30
(Unicode version ) ထွေထွေးထူးထူးရယ်မဟုတ်ပါဘူးတောသားလေးနဲ့မြို့ကဆရာဝန်လေးတို့ဟာအကြောင်းတစ်ခုကြောင့်လက်ထက်လိုက်ရသောအခါ (Zawgyi version ) ေထြေထြးထူးထူးရ...
2.8K 103 25
"တချို့သောအရာတွေဟာယုံကြည်လို့မရဘူးဆိုတာ ကျွန်တော်သိတာမို့ သူသေချာပေါက်ကျွန်တော့်ဆီကိုပြန်လာမယ်ဆိုတာ ကျွန်တော်ယုံကြည်တာပေါ့"
64.2K 1.1K 55
" အတိတ်ကအတိတ် ၊ ပစုပ္ပန်ကပစုပ္ပန် ၊ အနာဂိတ်ကအနာဂတ်.. ဘယ်အရာမှ ကျုပ်စိတ်မဝင်စားဘူး... ဒါမဲ့ ခုလက်ရှိမှာ ရှိနေတဲ့ခင်ဗျား ၊ ပစုပ္ပန်ကခင်ဗျား ၊ အနာဂတ်ကခင...