A Desire(ဆန္ဒတစ်ခု)

By Smrik123

2.2K 176 5

တောင်းဆုတွေဟာ မပြည့်ဝတတ်ဘူး... More

Part_1
Part_2
Part.3
Part.4
Part_5
Part_6
Part.7
Part.8
Part_10
Part_11
Part_12
Part . 13
Part.14
Part.15
Part.16

Part.9

98 9 0
By Smrik123


" မမ .. ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြမလား ။ အော် မေ့လို့ မမက ရုပ်ရှင်ကြည့်ရတာ မကြိုက်ဘူးကို "

မမနဲ့အတူ အပြင်ထွက်ရင်း ရုပ်ရှင်ရုံရှေ့ကအဖြတ် မမနဲ့အတူ ရုပ်ရှင်ကြည့်ချင်မိ၍ တောင်းဆိုလိုက်ပြီးမှ မမ မကြိုက်မှန်း သတိရမိသည် ။

" မိုးရိပ်ကြည့်ချင်ရင် ကြည့်လေ .. မမ အတူလိုက်ကြည့်ပေးမယ် "

" ဒါဆို ကျွန်တော် လက်မှတ်သွားဖြတ်လိုက်မယ် ။ မမ ဒီမှာ ခဏလေးစောင့်နော် "

စားမေးပွဲပြီး၍ ကျောင်းပိတ်ရက်တွင် အပြင်ထွက်လျှောက်သွားချင်သည်ဟု ပူဆာလာသည့် မိုးရိပ်ကြောင့် အိမ်ထဲတွင် နေရသည်မှာလဲ မွန်းကြပ်လာသည်နှင့် လက်ခံပေးလိုက်သည် ။
လမ်းတွေလျှောက်နေသော်လည်း စိတ်မပါလှပေ ။
တစ်ချက်ချက် ပတ်ဝန်းကျင်ကို မေ့လျော့မိသည်အထိ သတိလက်လွတ်ဖြစ်မိသည် ။

မိုးရိပ်စကားကို နားထောင်သည်မဟုတ်သော်လည်း ထိုနေရာမှာသာ ရပ်မြဲရပ်နေမိသည် ။  အရှေ့အနောက် လူအများသွားလာနေကြသော်လည်း မလှုပ်မယှက်ရပ်နေမိသည် ။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းများ ပျောက်ဆုံးနေပြီလား ။
လွင့်မြောနေသည့် စိတ်အာရုံတို့သည် တစ်စုံတစ်ယောက် ဝင်တိုက်လာသည့်အချိန်မှသာ ပြန်လည်စုစည်းမိတော့သည် ။

" တောင်ပန်ပါတယ် "

အရမ်းရင်းနှီးခဲ့သည့် အသံလေးဖြစ်သလို အကြိမ်ကြိမ် ကြားယောင်နေမိသည့် အသံလေး ။
သိပ်ကို မုန်းပစ်ချင်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးတို့ဟာလဲ အံ့ဩနေသယောင် ။
တစ်ခါလောက်ထပ်မြင်ချင်မိသည့် ထိုမျက်လုံးဝိုင်းဝိုင်းလေးများကြောင့် စိတ်ဆန္ဒများပြည့်ဝသွားသယောင် ။
တကယ်ကို အမှတ်မရှိသည့် လူသားဘဲ ။

" အစ်မ "

မဝံ့မရဲခေါ်သံလေးဟာ ရင်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည် ။ တားနေသည့်ကြားက လွတ်ထွက်သွားသည့် ရင်ခုန်သံတို့ကို မုန်းသည် ။

"မမ!"

ခေါ်သံနှင့်အတူ အနားသို့ ရောက်လာသည့် မိုးရိပ်ကြောင့် ပြောထွက်တော့မည်စကားလုံးတို့ဟာ ရပ်တန့်သွားရသည် ။ အကြည့်လွှဲသွားသည့် မျက်လုံးဝိုင်းဝိုင်းလေးတို့ကြောင့် အလိုမကျမှုတို့ဟာ စိုးမိုးလာခဲ့ပြန်သည် ။

" မမရဲ့ အသိလား "

" အင်း "

သိနေသော်လည်း မသိချင်ယောင်ဆောင်နေရသည့် အနေအထားဟာ ခက်ခဲလှသည် ။ ပြောင်းလဲသွားသည့် မမရဲ့ မျက်ဝန်းတို့ကြောင့် အရှေ့က လူကို မနာလို မုန်းတီးမိသည့် စိတ်တို့ ရုတ်ချည်းဝင်ရောက်လာခဲ့လေသည် ။ သို့သော် ညှိုးနွမ်းနေသည့် မျက်ဝန်းဝိုင်းဝိုင်းလေးများဟာ စိတ်အစုံကို ဖမ်းစားသွားပြန်သည် ။

" အစ်မ အဆင်ပြေရဲ့လား "

ခုနက ဝင်တိုက်မိသည့် ကိစ္စကို မေးသည်လား ၊ သို့မဟုတ် အရင်ကဖြစ်ပျက်ခဲ့သည့် ကိစ္စတို့ကို မေးသည်လား မည်သည့်အရာကို ရည်ရွယ်မှန်းမသိသော်လည်း အဆင်ပြေပါတယ် ဆိုသည့် စကားနှင့် မုသားဆိုရပေအုံးမည် ။

" အင်း အဆင်ပြေပါတယ် ။
ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် ..သူကမိုးရိပ်တဲ့ အစ်မရဲ့ချစ်သူ "

မိုးရိပ်ဆိုသည့်လူရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည့် အချိန်တွင် သိမ်ငယ်စိတ်၊ ဝမ်းနည်းစိတ်တို့ဟာ အလုံးလိုက်ဝင်ရောက်လာခဲ့သည် ။
မျက်ရည်တို့မကျအောင် အတင်းဆုပ်ထားရသည့် လက်သီးဆုပ်ကလေးတောင် အားပျော့ချင်လာသယောင် ။
သိပ်ကိုတန်ဖိုးထားရသည့် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလို စိတ်ခံစားချင်တို့ဟာ နက်နဲလှသည် ။

" အစ်မဆီက အဆင်ပြေတယ်လို့ ကြားရလို့ ဝမ်းသာပါတယ် ။ ကျွန်တော့်ကို သွားခွင့်ပြုပါအုံး "

ကျောခိုင်းသွားသည့် ကျောပြင်လေးကို ဖမ်းဆုပ်ထားချင်မိသည် ။ ထွက်မသွားပါနဲ့လို့ တားချင်မိသည် ။ သို့သော် မတားနိုင်ခဲ့ ။

" မမ "

" အင်း "

" အဆင်ပြေရဲ့လား "

" အဆင်ပြေတယ် ။ ခုနကကိစ္စအတွက် တောင်းပန်ပါတယ် ။ ခွင့်မတောင်းမိဘဲ ချစ်သူလို့ မိတ်ဆက်ပေးမိလိုက်တယ် ။ "

" ရပါတယ် ..မမရဲ့ ။
ရုပ်ရှင်ချိန်တာင် စတော့မယ် ကျွန်တော်တို့ ဝင်ရအောင်လေ "

တင်းထားသမျှစိတ်တို့ ယိုင်နဲ့လာတာကြောင့် ပြိုလဲမလာခင် ကျောခိုင်းထွက်ခဲ့ရတာ ။  တန်ဖိုးထားချင်ခဲ့သည့် ပန်းလေးတစ်ပွင့်က သူ့ကိုယ်ပိုင်ဥယျာဉ်မှူး ရှိသွားခဲ့ပြီလေ ။ တကယ်ကို ဆုံးရှုံးလိုက်ရပြီ မဟုတ်လား ။
မက်မက်မောမော ပိုင်ဆိုင်ချင်သည့်အရာဆို ဘယ်သောအခါမှ ပိုင်ဆိုင်ခွင့်မရခဲ့ဘူး ။
အချစ်ရော၊ မေတ္တာရော ကွေကွင်းသွားကြတာချည်းဘဲ ။

ငိုလို့မောသွားတဲ့ ကလေးတစ်ယောက်လိုဘဲ ချော့မဲ့သူတစ်ယောက်မှ ရှိမနေတော့ မောလာတဲ့အခါ ကိုယ့်ဘာသာ အလိုက်တသိ အငိုတိတ်ရတော့သည် ။
ရွေ့လျားနေသည့် ခြေလှမ်းတို့ဟာ ဦးတည်ချက်ရှိပါလေရဲ့လား ။ ညှို့တက်လာသည့် ကောင်းကင်က တိမ်မဲတို့ဟာလဲ အချိန်အခါမဟုတ် ပြောင်းလဲလာခဲ့သည် ။

ဆုပ်ကိုင်လိုက်သည့် လက်တစ်စုံဟာ အာရုံထဲတွင် ထပ်ဖန်တလဲလဲ ။ ငါ့ချစ်သူပါလို့ မိတ်ဆက်ပေးလိုက်သည့် အစ်မရဲ့အသံတို့ဟာ မျက်ရည်တို့ကို အဆက်မပြတ်စေခဲ့ ။
အဆင်ပြေနေခဲ့ပြီဆိုတဲ့ အသိနှင့် ဝမ်းသာရသော်လည်း တစ်ဖက်က ဝမ်းနည်းစိတ်တို့ဟာလဲ စိုးမိုးနေပြန်သည် ။
တဖြောက်ဖြောက်ကျလာသည့် အေးစက်စက် မိုးစက်တို့နှင့်အတူ မျက်ရည်တို့ဟာ ထပ်တူရောပါသွားသလို ဒီနာကျင်မှုတွေပါ ရောပါသွားရင် ကောင်းမည် ။

အချိန်အခါမဟုတ် ရွာသွန်းသည့် မိုးရေအောက်တွင် အဆောင်းမပါဘဲ တစ်ယောက်တည်းလမ်းလျှောက်နေခဲ့သည့် ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက် ၊ နာကျင်ခြင်းတို့ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ ။

>>>>>>>>>>>>>>>>

" စိမ်း "

ခပ်ငြိမ်ငြိမ်အသံနှင့်အတူ ခါးထက်သို့ ယှက်နွယ်လာသည့် လက်တစ်စုံ ။

" ကိုယ်တို့လက်ထပ်ကြမလား "

နှုတ်ခမ်းထက်က ဆေးလိပ်ကို လက်ကြားထဲသို့ညှပ်လိုက်ကာ ဟာသတစ်ခုလို ရယ်မောနေခဲ့သည် ။

" အနှောင်အဖွဲ့တွေကို စိမ်းမကြိုက်တာ သိရဲ့သားနဲ့ ။ နောက်ပြီး စိမ်းက..."

အဝတ်မဲ့နေသည့် ထိုယောကျာ်း၏ ရင်ဘတ်ကို လက်ဖြင့် ခပ်ဖွဖွထိကာ တစ်စုံတစ်ခုကို တွေးတောနေသယောင် ။

" ကိုယ်ကတော့ စိမ်းကို လက်ထပ်ချင်တယ် ။ အပိုင်လိုချင်တယ် "

" စိမ်းကလက်မထပ်ချင်ဘူးဆိုရင်ရော "

ထိုအမျိုးသား၏ မျက်နှာထက်တွင် စိတ်ပျက်မှုတို့ဟာ အထင်းသား ။ စိမ်းဆိုသည့် အမျိုးသမီးဟာ ခပ်ဖွဖွရယ်ကာ ဆေးလိပ်တိုကို ပြာခွက်ထဲသို့ ဖိချလိုက်သည် ။ ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ မျက်နှာအပ်ကာ

" စိမ်းကသိပ်နားလည်ရခက်တဲ့ မိန်းမတစ်ယောက်ပါ ။ စိမ်းအပေါ်ကို အများကြီးမမျှော်လင့်နဲ့ ။ မျှော်လင့်လို့လဲ မရဘူးနော် ။ စိမ်းက ဘယ်လိုမိန်းမလဲဆိုတာ you အသိဆုံးပါ "

" ကိုယ်သိပါတယ် ... ကိုယ်သိလို့ဘဲ စိမ်းကိုပိုပြီး လိုချင်တာပေါ့ "

" Youက သိပ်ဆိုးတာဘဲ ။ ပြောစကားလဲ နားမထောင်ဘူး "

ရင်ခွင်ထဲခိုဝင်နေသည့် စိမ်းဆိုသည့်အမျိုးသမီးဟာ တကယ်ကို နားလည်ရသိပ်ခက်သည် ။
သူလိုချင်တာလဲ မရှိသလို ပေးဆပ်တာမျိုးလဲ မရှိပေ ။
သူလုပ်ချင်တာ ၊ သူဖြစ်ချင်တာကိုသာ လုပ်တတ်ပြီး ဘယ်အရာကိုမှ လေးလေးနက်နက် ဂရုမစိုက်တတ်ပေ ။ သို့သော်
စိမ်း အလေးအနက်ထားသည့် အရာတစ်ခုတော့ရှိ‌ သေးသည် ။

" ဖုန်းကိုင်လိုက်ပါအုံး စိမ်းရဲ့ "

စားပွဲထက်မှတုန်ခါနေသည့် ဖုန်းလေးကို ကောက်ယူလိုက်ကာ ...

" Hello "

"မေ " 

" အင်း ပြောလေ ... ဘာကိစ္စရှိလို့လဲ "

နှုတ်ခမ်းထက်သို့ လက်ညှိုးလေးတစ်ချောင်းတင်ပြလိုက်သည့် စိမ်း၏ အမူအရာကို သဘောပေါက်လိုက်သည် ။ နဖူးထက်သို့ ခပ်ဖွဖွတစ်ချက် နမ်းလိုက်ပြီး သူမနှင့် ခပ်လှမ်းလှမ်း ဆိုဖာတွင် ဝင်ထိုင်နေလိုက်သည် ။

" မေ... အားရဲ့လား "

" အင်း "

တစ်ဖက်က တိတ်ဆိတ်သွားသည့် အနေအထားကြောင့် မျက်ခုံးနှစ်ခုဟာ ထိလုမတတ်ပင် ။

" ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး... ဒီတိုင်း .. ကျွန်တော် ဒီတိုင်းဘဲ ဆက်လိုက်တာပါ "

အပြန်အလှန်တိတ်ဆိတ်သွားသည့် အနေအထားဟာ အတွေးတို့ကိုဖြန့်ဖြာစေသည် ။

" တို့လာခဲ့ပေးရမလား "

" ရတယ် မေ.. ကျွန်တော်အဆင်ပြေတာမို့လို့ "

ခပ်တိုးတိုးအသံလေးဟာ အနည်းငယ်တုန်ရီနေ‌သယောင် ။

" တကယ်အဆင်ပြေရဲ့လား တိမ်လွှာ "

" ဟုတ် .. ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် "

ကျသွားသည့် ဖုန်းလေးကို ခပ်စိုက်စိုက်ကြည့်နေမိသည် ။ သက်ပြင်းအသာချလိုက်ပြီး စောင့်မျှော်နေသူဆီသို့ လျှောက်သွားလိုက်သည် ။

" ဘယ်လိုလဲ အဆင်မပြေလို့လား "

ထိုအမျိုးသား၏ ပေါင်ပေါ်သို့ ထိုင်ချလိုက်သည်နှင့် တဆက်တည်း ခါးထက်သို့ ထိုအမျိူသား၏ လက်တို့ဟာလဲ ယှက်နွယ်လာခဲ့သည် ။

" ပုံမှန်ဆို ဒီလိုအချိန် ဖုန်းမဆက်တတ်ဘူး ။ "

" လိုက်သွားမလား "

ခပ်ဖွဖွ အနမ်းပေးရင်း ဆိုလာသည့် ထိုအမျိုးသားရဲ့ စကားတို့ဟာ အခြေအနေအားလုံးကို သိနေသယောင် ။

" မလာခဲ့နဲ့တဲ့ "

ရှုပ်ထွေးလာသည့်အတွေးတို့ကြောင့် သက်ပြင်းကိုသာ အကြိမ်ကြိမ်ချမိလေသည် ။
မပြတ်သားမှုတွေဟာ တစ်ဖက်လူကို နာကျင်စေခဲ့သလား ။
ကိုယ့်ဘက်ကသာ တကယ်ပြတ်ပြတ်သားသား နေခဲ့ရင် တိမ်လွှာ့ကို ဒီလောက်ထိ နာကျင်စေပါ့မလား ။
တကယ်ဆို အစောကတည်းက အခြေအနေတွေကို ဒီလို ရှုပ်ထွေးမလာစေအောင် ပြတ်သားခဲ့ရမှာ မဟုတ်လား ။

>>>>>>>>>>>>>

ဖုန်းချလိုက်နှင့် တပြိုင်နက် မျက်ရည်တို့စီးကျလာကာ ရပ်တည်နိုင်စွမ်းမဲ့စွာ ပြိုလဲမိတော့သည် ။
ရင်ဖွင့်စရာဆိုလို့ တစ်စုံတစ်ခုမှ ရှိမနေခဲ့သည့် ညပေါင်းများစွာ ၊ ညတာရှည်များကို မျက်ရည်များနှင့် အဖော်ပြုပြီး ရှင်သန်ခဲ့ရသည့် နေ့များစွာ ။

ပင်ပန်းနေပြီလို့ အော်ပြောရင်တောင် ဂရုစိုက်မဲ့သူ တစ်ယောက်မှ ရှိမနေခဲ့တာကြောင့် အဆင်မပြေရင်တောင် အဆင်ပြေပါတယ်လို့ လိမ်ညာပြီး နေရအုံးမည် ။ ဘာကြောင့်များလဲ ...

" ဘာလို့ ... ဘာလို့များ အလွယ်တကူ စွန့်ပစ်နိုင်ကြတာလဲ ။ ငါ့ကိုဆို ဘာလို့အလွယ်တကူ စွန့်ပစ်နိုင်ကြရတာလဲ "

တဖြေးဖြေးတက်လာသည့် ကိုယ်အပူရှန်ကြောင့် မျက်လုံးတို့ မဖွင့်နိုင်အောင်ပင် ။ သို့သော် မျက်ရည်တို့ကတော့ ရပ်တန့်မနေခဲ့ ။ ဒီတစ်ခါအိပ်ပျော်သွားပြီး ဘယ်တော့မှ ပြန်နိုးမလာတော့ရင် ကောင်းမည် ဆိုသည့် စိတ်တို့ဟာလဲ ထွက်ပေါ်လာခဲ့သည် ။
တကယ်ကို လက်လျှော့ချင်နေသည့် စိတ်တို့ဟာ အတွေးအာရုံတစ်ခုလုံးကို စိုးမိုးနေလေသည် ။

ပင်ပန်းနာကျင်ခြင်းကြောင့် အိပ်စက်ခြင်းဆီ ရောက်ရှိသွားသည့် ကောင်လေးတစ်‌ယောက်ရဲ့ အိမ်မက်တွေဟာ လှပနေမည်တော့မဟုတ် ။

                ******************

မနေ့ညနေကတည်းက ရွာချလာသည့် မိုး၏ အရှိန်သည် ယနေ့မနက်ထိ သက်ရောက်နေဆဲပင် ။ အုံ့မှိုင်းမှိုင်း စိုစွတ်စွတ် ရာသီဥတုသည် နဂိုရှိနေသည့် အအေးဓာတ်ကို ပိုပြီးအားဖြည့်ပေးနေသယောင် ။

" မမ ဒီနေ့ရာသီဥတုအေးတယ်နော် "

ရာသီဥတုအခြေအနေကြောင့် ကားကိုဂရုစိုက်မောင်းရင်း မိုးရိပ်၏အပြောကို ခေါင်းသာညိမ့်ပြလိုက်သည် ။
ဒီလိုရာသီဥတုဆို အမှတ်ရစရာတွေက အများသား ။
အတွေးတွေ ခေါင်းထဲရောက်မလာစေရန် ကားကိုသာ ဂရုတစိုက်မောင်းနေမိသည် ။

" ဒီ Hotel လား "

" ဟုတ်တယ်မမ ... ဖေဖေနဲ့ ဒီ Hotel ပိုင်ရှင်နဲ့စပ်တူရှယ်ယာ လုပ်ကြတာလေ ။ ဒီနေ့ချိန်းထားတာ ဖေဖေက မအားလို့ ကျွန်တော့ကို လွှတ်လိုက်တာ ။ မမကိုလဲ မမအဖေက အလုပ်တွေနားခိုင်းထားတာ အိမ်မှာပျင်းနေမှာစိုးလို့ ခေါ်လာလိုက်တာ "

" ပျင်းတယ်လို့ ပြောမိလို့လား "

" ဘာဘဲဖြစ်ဖြစ် မမကအတွေ့အကြုံရှိတော့ ကျွန်တော်အတွက် အဆင်ပြေတယ်လေ "

ကားပါကင်ထိုးပြီး ကားထဲမှအထွက် ခပ်စိမ့်စိမ့်အအေးဓာတ်တို့က ဆီးကြိုနေလေတော့သည် ။

" တော်တော်အေးတာဘဲ အပြင်မှာက "

လက်ပိုက်ကာ ခပ်ကုတ်ကုတ်ပြောနေသည့် မိုးရိပ်ကိုကြည့်ပြီး အအေးကြောက်သည့် ကလေးတစ်ယောက်လို မြင်မိတာကြောင့် တစ်ချက်ရယ်မိသေးသည် ။

" ဝင်ရအောင်လေ "

လျှောက်လှမ်းခြေလှမ်းတို့သည် Hotel ထဲမှ ထွက်လာသည့် လူနှစ်ယောက်ကြောင့် ရပ်တန့်နေမိသည် ။
ခန့်ညားတယ်လို့ ဆိုလို့ရသည့် ယောကျာ်းတစ်ယောက်ရဲ့ လက်မောင်းကို ဖက်တွယ်ကာ လျှောက်လှမ်းနေသည့် မိန်းမတစ်ယောက်ရဲ့ အသွင်အပြင်ကို အစအဆုံး မျက်တောင်မခတ် ကြည်နေမိသည်  ။
ရယ်မောနေသည့် ထိုမိန်းမရဲ့အပြုံးတို့ဟာ ရင်တစ်ခုလုံးကို နာကျင်စေသလို ။
ကွေးညွတ်နေသည့် သူမနှုတ်ခမ်းတို့ကြောင့် တစ်ယောက်သောသူ၏ ပုံရိပ်တို့ဟာ ဖိတ်ခေါ်စရာမလိုဘဲ ထင်ဟပ်လာခဲ့လေသည် ။

အမည်ဖော်လို့မရသည့် မမရဲ့မျက်ဝန်းတို့ကြောင့် လှမ်းကြည့်လိုက်ရာ သာမန်စုံတွဲတစ်တွဲဆိုသော်လည်း မမရဲ့မျက်ဝန်းတို့ဟာ စူးရှလှသည် ။

" သူတို့ကို သ်ိလို့လား "

" မသိဘူး ... ဒါပေမဲ့ အဲ့အမျိုးသမီးက "

ရပ်တန့်သွားသည့် မမ၏စကားသံတို့နောက် မမ၏မျက်နှာထက်က အမူအရာတို့ဟာ ရှုပ်ထွေးနေဟန်ရသည် ။

" အဲ့အမျိုးသမီးကို စီးပွားရေးသမား တော်တော်များများအနားမှာ တွေ့ရတတ်တယ်လေ ။ ဘယ်လိုပြောရမလဲ sponsor ယူတယ်လို့ ပြောရမလား ။
ဒါပေမဲ့ သူက အခုလို hotelတွေမှာပါ လိုက်အိပ်တော့ ပြည့်တန်ဆာနီးနီးပါဘဲ "

မိုးရိပ်ထံမှကြားကသည့် စကားသံတို့ဟာ ရင်ထဲကိုတနစ်နစ်စိုက်ဝင်လာသည့် စူးတစ်ချောင်းပမာ ။ ဒီစကားတွေသာ အမှန်သာဆို တိမ်လွှာက ဒီလိုအမျိုးသမီးနဲ့ ပတ်သတ်နေခဲ့သည်လား ။

" အခုပြောနေတာတွေက အမှန်တွေဟုတ်လို့လား "

" အပေါင်းအသင်းစုံတော့ သတင်းစုံတယ်လေ မမရဲ့ ။ မှန်မမှန်ကတော့ မမ အခုမြင်နေရတာဘဲ ။ ကျွန်တော်တို့ဝင်ရအောင် ။ အပြင်မှာတော်တော်လေး အေးတယ် "

ချစ်ခြင်းမေတ္တာဟာ လူရွေးခွင့်မပေးခဲ့ဘူး ။ နှလုံးသားရဲ့ စေခိုင်းရာအတိုင်း ဒီလူကိုမှ ရင်ခုန်မိ ၊ ချစ်မိတော့လဲ နာကျင်နေရတာတောင် ကျောခိုင်းလို့မရသည်အထိ ကျွန်တော်တို့ဟာ ချစ်ခြင်းမေတ္တာကို လွန်ဆန်လို့မရပေ ။

                    #############


Continue Reading

You'll Also Like

115K 2.6K 52
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
22.5K 759 30
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
256K 484 41
Compilation of the Best Stories on Literotica
1.7K 66 8
professional အဆင့်မဟုတ်တာကြောင့် အမှားတစုံတရာပါခဲ့ရင် ကြိုတောင်းပန်ထားပါတယ်နော် အခုရေးထားတဲ့ပုံလေးက သိပ်ဂရုမစိုက်တတ်တဲ့ကောင်မလေးနဲ့ ဂျစ်ကန်ကန် ကလေးဆ...