ကိုလူချောရဲ့ ပင်တိုင်စံ(Compl...

By SaraMuu92

191K 4.2K 266

"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်... More

Into
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 24 (and) 25
18 နှစ်ပြည့်မှ ဖတ်ပေးပါရှင့်
Part 26
Part 2 7
Part 28
Part 29 (S- 1 Final )
S-2 Announcement
Hello

Part 23

4.5K 123 4
By SaraMuu92

Unicode

အပိုင်း ၂၃
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

လူချော သူမအသံတိုးတိုးလေးကို ကြားသည်နှင့် အမှောင်ရိပ်ထဲကနေ သူမခန္ဓာကိုယ်လေးကို ဖမ်းဆွဲလိုက်သည်။သူ့ရင်ခွင်ထဲပုံချလာတဲ့ ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ်ဖက်ထားရင်း သူမမျက်နှာကိုပါ တစ်ဆက်တည်း ဆွဲမော့၏။

မွတ်သိပ်တဲ့အနမ်းတွေကို မျက်နှာလေးအနှံ့ကျဲချသည်။သူ့ကိုအတွေ့မခံချင်တဲ့ ကောင်မလေးကို နောက်တစ်ခါပျောက်ကွယ်မသွားအောင် ဖက်ထားမိ၏။

"ကိုကြီး လွှတ်ဦး....."

သူမပြောတာကိုမကြားသလိုပဲ လျစ်လျူရှုပြီး နမ်းပဲနမ်းနေသည်။နဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက် နှုတ်ခမ်းလေးကိုဆွဲကိုက်လိုက်နဲ့ စိတ်ရှိသလိုပြုမူနေ၏။

"ကိုကြီး....."

သူမရဲ့ နောက်တစ်ခွန်းခေါ်သံကြားမှ ဖက်ထားတဲ့သူ့လက်တွေကို နည်းနည်းဖြေလျော့ပေးလိုက်သည်။ဒါပေမဲ့ လုံးဝတော့လွှတ်မပေးသေးပေ။

"ကိုကြီး....."

"ပြော....."

"လက်ဖယ်....."

"မဖယ်ဘူး....."

"မဖယ်ဘဲနဲ့ မတ်တတ်ရပ်ပြီး စကားပြောရမှာလား....."

"ညောင်းရင် ကိုယ်ပွေ့ချီထားမယ်...."

"တော်ပြီ ခုံပေါ်ပဲသွားထိုင်မယ်...."

"အင်း....."

သူမတို့ရပ်နေတာက အပေါက်ဝနားမှာဖြစ်သည်။မီးလည်းမဖွင့်ရဲတော့ အမှောင်ထဲမှာပဲ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရ၏။

"လာ....."

"အာ....ကိုကြီး...."

"အသံမထွက်နဲ့...."

လက်လေးစမ်းတမ်းစမ်းတမ်းနဲ့ လျှောက်နေတဲ့သူမကိုယ်လေးကို သူပွေ့ချီလိုက်သည်။ချီလျက်သားနဲ့ပဲ
ဆိုဖာပေါ်ကို သူထိုင်ချ၏။

"အောက်ဆင်းထိုင်မယ်....."

"ဒီလိုထိုင်တော့ ဘာဖြစ်လဲ....."

"မထိုင်ချင်ဘူး....."

"မထိုင်ချင်လည်း ထိုင်...."

စံ့မှာ ကိုကြီးကိုဒေါသတကြီးနဲ့တုံ့ပြန်ဖို့လာပေမဲ့ ရောက်တာနဲ့ တန်းပြီးနမ်းခံရသည်။အခုထိလည်း သူ့ရင်ခွင်ထဲက ထမရသေးပေ။ဘယ်မှာလဲ သူမရဲ့ဒေါသတွေ....ဘယ်ရောက်လို့ရောက်မှန်းတောင် မသိတော့ပါ။

"ဘာလို့ကိုယ့်ကို ရှောင်နေတာလဲ....."

ကိုကြီးဆီမှ အသံခပ်အက်အက်ထွက်လာ၏။

"မတွေ့ချင်လို့......"

"ဘာလို့လဲ......"

"မသိဘူးလား....."

"မင်းပြောမှသိမှာပေါ့......"

စံ သက်ပြင်းလေးတစ်ချက် ချလိုက်ပြီး

"စံ့သတင်းတွေက အရမ်းဆိုးဝါးလွန်းတယ်....ကိုကြီး စံ့ကိုအထင်သေးသွားပြီမှတ်လား....."

"ကိုယ်အဲ့လိုပြောမိလို့လား...."

"မပြောတော့မပြောပေမဲ့ အဲ့ဒီနေ့က ကိုကြီးဘာစကားမှမပြောနိုင်ဘူးလေ....စံ့ကိုပဲ အံ့ဩပြီးကြည့်နေတာ...."

"ကိုယ်ပြောဖို့ကြိုးစားသားပဲ....မင်းကနားထောင်ပေးလို့လား...."

"စံက...."

"မင်းပဲပြေးထွက်သွားခဲ့တာ...."

"ကိုကြီးက ဘာလို့အံ့ဩသလိုဖြစ်နေခဲ့တာလဲ....."

"အဲ့ဒါဆို ကိုယ်ကမအံ့ဩရတော့ဘူးတဲ့လား....ကိုယ်မသိတဲ့ အကြောင်းကိစ္စတစ်ခုကို ကြားရချိန်မှာ အံ့ဩသွားတာကတော့ သဘာဝပဲလေ....နောက်ဆက်တွဲ ဘယ်လိုခံစားရလဲဆိုတာကပဲ လူအပေါ်မူတည်တာ...."

"ကိုကြီး စံ့ကို အရင်လိုမချစ်တော့ဘူးမှတ်လား....."

"ဘာတွေပြောနေတာလဲကွာ....ကိုယ်ကဘာလို့ မချစ်တော့ရမှာလဲ....."

စံမဖြေဘဲ ငြိမ်နေ၏။အခန်းထဲမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။

"ဟင်....ပြောလေ....ဟိုဗရုတ်သုတ်ခသတင်းကြောင့်လား...."

ကိုကြီးအမေးကို ပြန်မဖြေနိုင်ဘဲ မျက်ရည်တွေသာ တွေတွေကျလာသည်။ဒီလိုငိုပုံမျိုးနဲ့ ငါ သူ့ကိုဘယ်လိုရှင်းပြနိုင်မှာလဲ...

"ကလေးလေး...."

လူချော သူမငို‌နေမှန်းသိတော့ လေသံကိုပြင်ပြီးခေါ်လိုက်၏။ထိုင်နေတဲ့ သူ့ခန္ဓာကိုယ်ကို နောက်သို့မှီပြီး သူမလေးကိုပါတစ်ဆက်တည်း သူ့ရင်ဘက်ပေါ် မှီထားစေသည်။

"လူတိုင်းမှာ အမှားဆိုတာရှိတတ်ကြတာပဲ....သိရက်နဲ့မှားတာပဲဖြစ်ဖြစ်....မသိလို့မှားခဲ့တာပဲဖြစ်ဖြစ်....ကိုယ့်အမှားကိုတော့ လက်ခံနိုင်ရမယ် စံလေး.....အဲ့ဒါက စံလေးအတွက်ပြောပြတာ...

သူမခေါင်းလေးကို ဖွဖွလေးပွတ်သပ်ပေးရင်း သူ့စကားကိုဆက်လိုက်သည်။

"ကိုယ့်အတွက်ကတော့ မင်းအပေါ်ထားတဲ့ကိုယ့်အချစ်က ရိုးရှင်းတယ်....မင်းဖြစ်နေလို့ကို ချစ်တာ....ကိုယ့်အချစ်မှာ မင်းကိုပိုင်ဆိုင်လိုခြင်းတွေပါတယ်....မင်းဘဝလေး အထိအခိုက်အပွန်းအပဲ့မရှိစေဖို့ ကာကွယ်ပေးမှုတွေပါတယ်....ဒါပေမဲ့ မင်းရဲ့အတိတ်ကိုတော့ ကိုယ်နည်းနည်းလေးမှ စိတ်မဝင်စားဘူး....

မင်းရဲ့အစရွေးချယ်မှုက ဘယ်သူပဲဖြစ်ခဲ့ပါစေ အဆုံးသတ်မှာ မင်းလက်တွဲသွားရမယ့်သူက ကိုယ်ပဲ...အဲ့ဒါကို မင်းယုံထား......."

"ကိုကြီးရယ်....."

စံ ကိုကြီးရင်ခွင်မှာ မျက်နှာအပ်ပြီး တအင့်အင့်နဲ့ ရှိုက်ငိုမိသည်။စံ့အပေါ်မှာ အဲ့ဒီလောက်တောင် ချစ်ရသတဲ့လား....

"မငိုနဲ့ တိတ်တော့...."

"ကိုကြီး....."

"ဟင်...."

"စံလေ....စံ....တစ်နေ့နေ့မှာ ကိုကြီးကိုပြောပြပါ့မယ်...."

"ကိုယ်ခုနကပြောပြီးပြီလေ....မင်းရဲ့အတိတ်အကြောင်းကို သိရလို့လည်း ကိုယ့်အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး....မသိရလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး....ဒါပေမဲ့ စံလေးက ကိုယ့်ကိုသူငယ်ချင်းတစ်ယောက်လို ရင်ဖွင့်ချင်တယ်ဆိုရင်တော့ ကိုယ်နားထောင်ပေးနိုင်တယ်...."

"ကိုကြီးကို စံသိပ်ချစ်တယ်...."

သူမ ကိုကြီးပါးကို မော့နမ်းရင်းရင်ခွင်ထဲခေါင်းတိုးဝင်၍ ကျောပြင်ကြီးကို မမီမကမ်းနဲ့ လှမ်းဖက်လိုက်သည်။ဒီလူကြီးက စကားပြောမတတ်ပေ။သူချစ်ရတဲ့သူဆိုပေမဲ့ စိတ်မထင်လျှင်မထင်သလိုငေါက်တတ်သေးသည်။ဒါပေမဲ့လည်း ဒီလူကြီးရဲ့ရင်ခွင်သာလျှင် သူမကိုအမြဲကြိုဆိုနေမယ်ဆိုတာ ချွင်းချက်မရှိ ယုံကြည်ပါ၏။

"စံလေး....."

"ဟင်....."

လူချော သူမကိုခေါ်ရင်း ခန္ဓာကိုယ်ကို ပြန်မတ်လိုက်သည်။

"စိတ်မကောင်း မဖြစ်နဲ့တော့...."

ကိုကြီးမမြင်နိုင်မှန်းသိပေမဲ့ စံ ခေါင်းကိုသာ ညိတ်ပြသည်။

"မင်း ကိုယ့်ကိုချစ်တတ်လာအောင် သင်ပေးခဲ့ပြီဆိုမှ‌တော့ ဘာအကြောင်းနဲ့မှ နောက်ဆုတ်လို့မရတော့ဘူး.....ကိုယ့်ကို ထားသွားခွင့်မပြုဘူး စံလေး....."

စကားပြောနေရင်း ကိုကြီးနှုတ်ခမ်းတွေက စံ့ပါးလေးကိုလာထိသည်။သူ့လက်တွေက စံ့ပါးရိုးနားတစ်လျှောက် ပွတ်သပ်ကျီစယ်သွားပြီး လက်မလေးကပါးပြင်လေးပေါ် ရွေ့လျားနေပြန်သည်။စံမျက်လုံးလေးအသာမှိတ်၍ နှုတ်ခမ်းလေးဖွင့်တယ်ဆိုရုံ ဟထားပေး၏။အချိန်အတော်ကြာတဲ့အထိ ထိတွေ့မှုမရပေ။ကိုကြီးဆီမှ စိတ်လျော့တဲ့ သက်ပြင်းချသံကို ကြားပြီးနောက်....

"ကိုယ်ပြန်တော့မယ်...."

စံ နှုတ်ခမ်းကိုကိုက်ထားပြီး အင်းမလုပ် အဲမလုပ်ပေ။ပြန်ဖို့သင့်နေပေမဲ့ ကိုကြီးကို ဆွဲထားချင်သည်။အခုချက်ချင်းပဲ ကိုကြီးကိုလိုအပ်နေသည်။ဒါပေမဲ့ ဘယ်လိုပြောရမှာလဲ.....

"ဖုန်းကိုစက်ပိတ်မထားနဲ့နော်....အိမ်ပြန်ရောက်ရင် ကိုယ်ဖုန်းခေါ်မယ်...."

"ဘာနဲ့ပြန်မှာလဲ....."

"ခြံအပြင်မှာ ညီထူးကားနဲ့စောင့်နေတာ...."

စကားသံတွေ တိတ်သွားပြန်၏။အချိန်က ဒီထက်နောက်ကျလာလျှင် သူမအတွက် အဆင်မပြေနိုင်မှန်း သူသိသည်။

"ကိုကြီး....."

"ဟင်......"

"စံ....စံ....."

"ကိုယ်......"

စကားတွေက ရှေ့မဆက်နိုင်ကြသလို ရင်ခွင်နှစ်ခုကလည်း ခွာလို့မရပေ။

သူ့နောက်ကျောကိုဖက်ထားတဲ့ သူမလက်တွေက တရွေ့ရွေ့နဲ့အရှေ့ဘက်
ကို ရောက်လာသည်။တီရှပ်ဝတ်ထားတဲ့ သူ့အင်္ကျီအောက်ထဲကနေ သူမရဲ့လက်လေးလျှိုဝင်လာ၏။သူ့ရဲ့ဝမ်းဗိုက်သားတွေမှာ သူမ‌လက်လေးတွေ လျှောက်ပြေးနေတော့ လူချော အာခေါင်တွေခြောက်လာသည်။

ဆန့်ကျင်ဘက်လက်နုနုလေးရဲ့
ပွတ်တိုက်မှုက သူ့စိတ်တွေကိုပိုပြီးအရှိန်အဟုန်ပြင်းလာစေသည်။ဒါပေမဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးဆိုတာ သိ၏။စံ့လက်လေးတွေကို ဆွဲဖယ်ပြီး သူ့ပါးမှာကပ်ထားလိုက်သည်။

"စံလေး....."

"ရှင်....."

"ကိုယ်ပြန်တော့မယ်......"

"ဟုတ်....."

စံ ဟုတ် လိုက်ရပါသည်...စံ့ရဲ့ပထမဆုံးမြူဆွယ်မှုက ကျရှုံးရပြန်ပြီ။
ရှိစေတော့....
စံတို့ အချိန်တွေ ကျန်ပါသေးသည်။

💮💮💮💮💮💮💮💮💮💮💮💮

တစ်ပတ်ကြာပြီးနောက်မှာ ပရိတ်သတ်ရှေ့ကို သူမပြန်ရောက်လာပါသည်။ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူတဲ့တဲ့ပွဲမှာ အတိတ်ကပတ်သက်ခဲ့တဲ့လူတွေကို မထိခိုက်စေချင်တော့ပေ။ဦးနှောက်ရှိတဲ့သူတွေက သူတို့အသိစိတ်နဲ့ သူတို့ဆုံးဖြတ်ချက်ပေးပါလိမ့်မည်။

"စံ့ရဲ့ သတင်းနဲ့ပတ်သက်ပြီး သိချင်နေကြမယ်လို့ ထင်ပါတယ်။အမှန်အတိုင်းပြောရရင် အဲ့ဒီသတင်းတက်လာတော့ စံကိုယ်တိုင် ရှော့ရခဲ့တယ်။ဘာလို့လဲဆိုတော့ အချစ်ရဆုံးတွေကပဲ နောက်ကျောကို ဓားနဲ့ထိုးတတ်တာကြောင့်ပါ.......စံကိုယ်တိုင် ခံလိုက်ရပြီပဲလေ....."

သူမပြောရင်း ရှေ့မှာရှိနေတဲ့ကင်မရာတွေကို တည့်တည့်ကြည့်လိုက်၏။သူမရဲ့ဖြေရှင်းချက်ကို ကြည့်နေမယ့်အထဲတွင် ချောအိန္ဒြေလည်း ပါကောင်းပါနိုင်သည်။

"စံ ဂီတလောကထဲမရောက်ခင်က ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။မိဘတွေရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ အချစ်ကိုစတင်
မြည်းစမ်းခဲ့တာ စံ ဘာများမှားလို့လဲ....

စံ့ဘဝမှာ စံ့ကြောင့် သူများအိမ်ထောင်
ရေး မပျက်စီးခဲ့ဖူးဘူး....သူများချစ်သူကို လုမယူခဲ့ဖူးဘူး.....ဘယ် သူစိမ်းယောက်ျားသားနဲ့မှ တစ်ကြိမ်တစ်ခါလေးတောင်မှ မအိပ်ခဲ့ဖူးဘူး......အဲ့ဒါကြောင့် စံဟာ အပျိုပါလို့ပြောခဲ့တာ ဘာများမှားလို့လဲ......

ကိုယ့်ရည်းစားနဲ့ကိုယ် လက်မထပ်ရသေးဘဲအတူအိပ်ကြ.....ပြီးရင်ပျက်ကြ...တပါးသောယောက်ျားသားဆီက စပွန်ဆာတွေယူထားကြတဲ့ အမျိုးသမီးတွေ ဒီမြန်မာနိုင်ငံမှာ အများကြီးပဲ....

ဒါက ရှင်တို့ရဲ့ရွေးချယ်မှုပါ။စံ မဝေဖန်လိုဘူး။ဒါပေမဲ့ အဲ့ဒီလိုတွေရှိထားပြီးမှ ငါတို့ကသာမန်လူပဲ လက်မထပ်ရသေးရင် အပျိုပဲ။သူကတော့ ပင်တိုင်စံမို့လို့ အဆိုတော်မို့လို့ဆိုပြီး ထိုးချတာကတော့ နည်းနည်းလွဲနေပြီ....

စံ့ကို အောက်လုံးတွေနဲ့တိုက်ခိုက်ကြတဲ့အထဲမှာ အဲ့ဒီလိုလူတွေပါလာခဲ့ရင် သူတို့ကို တစ်ခုတော့ပြောချင်တယ်။ကိုယ့်ကိုယ်ကိုယ် ရှက်ကြပါလို့.......သူများကို လက်ညိုးတစ်ချောင်းထိုးရင် ကျန်တဲ့သုံးချောင်းက ကိုယ့်ဘက်ကို ပြန်ထိုးနေတယ်ဆိုတာ မမေ့ပါနဲ့...

နောက်ဆုံးတစ်ခုက.....

စံ ခိုးရာလိုက်ပြေးလို့...ဟုတ်ပါပြီ........ဒီကိစ္စနဲ့ပတ်သက်တာကိုတော့ ပြန်လှန်တူးဆွပြီး မဖြေရှင်းချင်တော့ဘူး....

စံနဲ့ပတ်သက်ခဲ့တဲ့သူ၊ စံ့ရဲ့သေဆုံးသွားတဲ့ Ex ....သူ့မိဘတွေ အခုချိန်ထိ သက်ရှိထင်ရှား ရှိနေပါသေးတယ်။သူတို့ရဲ့ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် ဘယ်သူမှားတယ်၊ မှန်တယ်လို့ စံမငြင်းလိုတော့ဘူး...

ရှင်တို့စဉ်းစားကြပါ။စံ ဂီတလောကထဲ စ ဝင်လာပြီး နာမည်လေးအထိုက်အသင့်ရလာကတည်းက ပင်တိုင်စံဆိုတာ သူတို့သားနဲ့ပတ်သက်ခဲ့သူမှန်း သိကြပါတယ်။စံ့ဘက်က အမှန်တကယ်သာ မှားခဲ့မယ်ဆိုရင် စံ့ကိုထိုးချမယ့်သူတွေ အဲ့ဒီကတည်းက ရှိခဲ့မှာပါပဲ။အခုမှ ဘာလို့ ဒီသတင်းက ပေါ်လာတာလဲ....

အဲ့ဒါကြောင့် ပင်တိုင်စံဟာ ဘယ်လိုအမျိုးသမီးလဲဆိုတာကို ပရိတ်သတ်တို့ပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ဆုံးဖြတ်ကြပါ။Ex သေဆုံးသွားခဲ့တာအတွက်‌တော့ စံလည်းစိတ်မကောင်းပါဘူး။အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်လာတာမို့ စံကတော့ လိပ်ပြာလုံပါတယ်.......နောက်နောင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သောအခါမှ ဖြေရှင်းချက်ပေးမှာ မဟုတ်တော့ပါဘူး
.....

စံ့ရဲ့ ကိုယ်ကျင့်သိက္ခာကိုယုံပေးပြီး အခုချိန်ထိ မယိုင်လဲတဲ့မေတ္တာတွေနဲ့ ချစ်ပေးကြတဲ့ ပရိတ်သတ်တွေကြောင့် စံ ရှေ့ဆက်ဖို့ခွန်အားတွေ အများကြီး ရခဲ့ပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်...

စံ့ရဲ့ဗီဒီယိုကိုကြည့်နေရင်း ချော မျက်ရည်ကျမိသည်။

အစကတည်းက ငါတို့မဆုံဖြစ်ခဲ့ကြရင် သိပ်ကောင်းမှာပဲ စံ.....

စွမ်းလည်း သေရမှာမဟုတ်သလို နင်လည်း ငါ့ကြောင့် ဒီလိုဖြေရှင်းနေရမှာ မဟုတ်ဘူး....

ငါလည်း နင့်ကိုမုန်းခဲ့မှာ မဟုတ်ဘူး...

To be continued

💙💙💙💙💙💙💙💙💙💙💙💙

Zawgyi

အပိုင္း ၂၃
#Normal #Fiction Name -
ကိုလူေခ်ာရဲ႕ ပင္တိုင္စံ

Author - ဆာရာမူး

လူေခ်ာ သူမအသံတိုးတိုးေလးကို ၾကားသည္ႏွင့္ အေမွာင္ရိပ္ထဲကေန သူမခႏၶာကိုယ္ေလးကို ဖမ္းဆြဲလိုက္သည္။သူ႔ရင္ခြင္ထဲပုံခ်လာတဲ့ ကိုယ္လုံးေလးကို တင္းတင္းက်ပ္က်ပ္ဖက္ထားရင္း သူမမ်က္ႏွာကိုပါ တစ္ဆက္တည္း ဆြဲေမာ့၏။

မြတ္သိပ္တဲ့အနမ္းေတြကို မ်က္ႏွာေလးအႏွံ႔က်ဲခ်သည္။သူ႔ကိုအေတြ႕မခံခ်င္တဲ့ ေကာင္မေလးကို ေနာက္တစ္ခါေပ်ာက္ကြယ္မသြားေအာင္ ဖက္ထားမိ၏။

"ကိုႀကီး လႊတ္ဦး....."

သူမေျပာတာကိုမၾကားသလိုပဲ လ်စ္လ်ဴရႈၿပီး နမ္းပဲနမ္းေနသည္။နဖူးေလးနမ္းလိုက္ ပါးေလးနမ္းလိုက္ ႏႈတ္ခမ္းေလးကိုဆြဲကိုက္လိုက္နဲ႔ စိတ္ရွိသလိုျပဳမူေန၏။

"ကိုႀကီး....."

သူမရဲ႕ ေနာက္တစ္ခြန္းေခၚသံၾကားမွ ဖက္ထားတဲ့သူ႔လက္ေတြကို နည္းနည္းေျဖေလ်ာ့ေပးလိုက္သည္။ဒါေပမဲ့ လုံးဝေတာ့လႊတ္မေပးေသးေပ။

"ကိုႀကီး....."

"ေျပာ....."

"လက္ဖယ္....."

"မဖယ္ဘူး....."

"မဖယ္ဘဲနဲ႔ မတ္တတ္ရပ္ၿပီး စကားေျပာရမွာလား....."

"ေညာင္းရင္ ကိုယ္ေပြ႕ခ်ီထားမယ္...."

"ေတာ္ၿပီ ခုံေပၚပဲသြားထိုင္မယ္...."

"အင္း....."

သူမတို႔ရပ္ေနတာက အေပါက္ဝနားမွာျဖစ္သည္။မီးလည္းမဖြင့္ရဲေတာ့ အေမွာင္ထဲမွာပဲ စမ္းတဝါးဝါးနဲ႔ လမ္းေလွ်ာက္ေနရ၏။

"လာ....."

"အာ....ကိုႀကီး...."

"အသံမထြက္နဲ႔...."

လက္ေလးစမ္းတမ္းစမ္းတမ္းနဲ႔ ေလွ်ာက္ေနတဲ့သူမကိုယ္ေလးကို သူေပြ႕ခ်ီလိုက္သည္။ခ်ီလ်က္သားနဲ႔ပဲ
ဆိုဖာေပၚကို သူထိုင္ခ်၏။

"ေအာက္ဆင္းထိုင္မယ္....."

"ဒီလိုထိုင္ေတာ့ ဘာျဖစ္လဲ....."

"မထိုင္ခ်င္ဘူး....."

"မထိုင္ခ်င္လည္း ထိုင္...."

စံ့မွာ ကိုႀကီးကိုေဒါသတႀကီးနဲ႔တုံ႔ျပန္ဖို႔လာေပမဲ့ ေရာက္တာနဲ႔ တန္းၿပီးနမ္းခံရသည္။အခုထိလည္း သူ႔ရင္ခြင္ထဲက ထမရေသးေပ။ဘယ္မွာလဲ သူမရဲ႕ေဒါသေတြ....ဘယ္ေရာက္လို႔ေရာက္မွန္းေတာင္ မသိေတာ့ပါ။

"ဘာလို႔ကိုယ့္ကို ေရွာင္ေနတာလဲ....."

ကိုႀကီးဆီမွ အသံခပ္အက္အက္ထြက္လာ၏။

"မေတြ႕ခ်င္လို႔......"

"ဘာလို႔လဲ......"

"မသိဘူးလား....."

"မင္းေျပာမွသိမွာေပါ့......"

စံ သက္ျပင္းေလးတစ္ခ်က္ ခ်လိုက္ၿပီး

"စံ့သတင္းေတြက အရမ္းဆိုးဝါးလြန္းတယ္....ကိုႀကီး စံ့ကိုအထင္ေသးသြားၿပီမွတ္လား....."

"ကိုယ္အဲ့လိုေျပာမိလို႔လား...."

"မေျပာေတာ့မေျပာေပမဲ့ အဲ့ဒီေန႔က ကိုႀကီးဘာစကားမွမေျပာႏိုင္ဘူးေလ....စံ့ကိုပဲ အံ့ဩၿပီးၾကည့္ေနတာ...."

"ကိုယ္ေျပာဖို႔ႀကိဳးစားသားပဲ....မင္းကနားေထာင္ေပးလို႔လား...."

"စံက...."

"မင္းပဲေျပးထြက္သြားခဲ့တာ...."

"ကိုႀကီးက ဘာလို႔အံ့ဩသလိုျဖစ္ေနခဲ့တာလဲ....."

"အဲ့ဒါဆို ကိုယ္ကမအံ့ဩရေတာ့ဘူးတဲ့လား....ကိုယ္မသိတဲ့ အေၾကာင္းကိစၥတစ္ခုကို ၾကားရခ်ိန္မွာ အံ့ဩသြားတာကေတာ့ သဘာဝပဲေလ....ေနာက္ဆက္တြဲ ဘယ္လိုခံစားရလဲဆိုတာကပဲ လူအေပၚမူတည္တာ...."

"ကိုႀကီး စံ့ကို အရင္လိုမခ်စ္ေတာ့ဘူးမွတ္လား....."

"ဘာေတြေျပာေနတာလဲကြာ....ကိုယ္ကဘာလို႔ မခ်စ္ေတာ့ရမွာလဲ....."

စံမေျဖဘဲ ၿငိမ္ေန၏။အခန္းထဲမွာ တိတ္ဆိတ္မႈက ႀကီးစိုးသြားသည္။

"ဟင္....ေျပာေလ....ဟိုဗ႐ုတ္သုတ္ခသတင္းေၾကာင့္လား...."

ကိုႀကီးအေမးကို ျပန္မေျဖႏိုင္ဘဲ မ်က္ရည္ေတြသာ ေတြေတြက်လာသည္။ဒီလိုငိုပုံမ်ိဳးနဲ႔ ငါ သူ႔ကိုဘယ္လိုရွင္းျပႏိုင္မွာလဲ...

"ကေလးေလး...."

လူေခ်ာ သူမငို‌ေနမွန္းသိေတာ့ ေလသံကိုျပင္ၿပီးေခၚလိုက္၏။ထိုင္ေနတဲ့ သူ႔ခႏၶာကိုယ္ကို ေနာက္သို႔မွီၿပီး သူမေလးကိုပါတစ္ဆက္တည္း သူ႔ရင္ဘက္ေပၚ မွီထားေစသည္။

"လူတိုင္းမွာ အမွားဆိုတာရွိတတ္ၾကတာပဲ....သိရက္နဲ႔မွားတာပဲျဖစ္ျဖစ္....မသိလို႔မွားခဲ့တာပဲျဖစ္ျဖစ္....ကိုယ့္အမွားကိုေတာ့ လက္ခံႏိုင္ရမယ္ စံေလး.....အဲ့ဒါက စံေလးအတြက္ေျပာျပတာ...

သူမေခါင္းေလးကို ဖြဖြေလးပြတ္သပ္ေပးရင္း သူ႔စကားကိုဆက္လိုက္သည္။

"ကိုယ့္အတြက္ကေတာ့ မင္းအေပၚထားတဲ့ကိုယ့္အခ်စ္က ႐ိုးရွင္းတယ္....မင္းျဖစ္ေနလို႔ကို ခ်စ္တာ....ကိုယ့္အခ်စ္မွာ မင္းကိုပိုင္ဆိုင္လိုျခင္းေတြပါတယ္....မင္းဘဝေလး အထိအခိုက္အပြန္းအပဲ့မရွိေစဖို႔ ကာကြယ္ေပးမႈေတြပါတယ္....ဒါေပမဲ့ မင္းရဲ႕အတိတ္ကိုေတာ့ ကိုယ္နည္းနည္းေလးမွ စိတ္မဝင္စားဘူး....

မင္းရဲ႕အစေ႐ြးခ်ယ္မႈက ဘယ္သူပဲျဖစ္ခဲ့ပါေစ အဆုံးသတ္မွာ မင္းလက္တြဲသြားရမယ့္သူက ကိုယ္ပဲ...အဲ့ဒါကို မင္းယုံထား......."

"ကိုႀကီးရယ္....."

စံ ကိုႀကီးရင္ခြင္မွာ မ်က္ႏွာအပ္ၿပီး တအင့္အင့္နဲ႔ ရႈိက္ငိုမိသည္။စံ့အေပၚမွာ အဲ့ဒီေလာက္ေတာင္ ခ်စ္ရသတဲ့လား....

"မငိုနဲ႔ တိတ္ေတာ့...."

"ကိုႀကီး....."

"ဟင္...."

"စံေလ....စံ....တစ္ေန႔ေန႔မွာ ကိုႀကီးကိုေျပာျပပါ့မယ္...."

"ကိုယ္ခုနကေျပာၿပီးၿပီေလ....မင္းရဲ႕အတိတ္အေၾကာင္းကို သိရလို႔လည္း ကိုယ့္အခ်စ္က ေျပာင္းလဲသြားမွာမဟုတ္ဘူး....မသိရလို႔လည္း ဘာမွျဖစ္လာမွာမဟုတ္ဘူး....ဒါေပမဲ့ စံေလးက ကိုယ့္ကိုသူငယ္ခ်င္းတစ္ေယာက္လို ရင္ဖြင့္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ္နားေထာင္ေပးႏိုင္တယ္...."

"ကိုႀကီးကို စံသိပ္ခ်စ္တယ္...."

သူမ ကိုႀကီးပါးကို ေမာ့နမ္းရင္းရင္ခြင္ထဲေခါင္းတိုးဝင္၍ ေက်ာျပင္ႀကီးကို မမီမကမ္းနဲ႔ လွမ္းဖက္လိုက္သည္။ဒီလူႀကီးက စကားေျပာမတတ္ေပ။သူခ်စ္ရတဲ့သူဆိုေပမဲ့ စိတ္မထင္လွ်င္မထင္သလိုေငါက္တတ္ေသးသည္။ဒါေပမဲ့လည္း ဒီလူႀကီးရဲ႕ရင္ခြင္သာလွ်င္ သူမကိုအၿမဲႀကိဳဆိုေနမယ္ဆိုတာ ခြၽင္းခ်က္မရွိ ယုံၾကည္ပါ၏။

"စံေလး....."

"ဟင္....."

လူေခ်ာ သူမကိုေခၚရင္း ခႏၶာကိုယ္ကို ျပန္မတ္လိုက္သည္။

"စိတ္မေကာင္း မျဖစ္နဲ႔ေတာ့...."

ကိုႀကီးမျမင္ႏိုင္မွန္းသိေပမဲ့ စံ ေခါင္းကိုသာ ညိတ္ျပသည္။

"မင္း ကိုယ့္ကိုခ်စ္တတ္လာေအာင္ သင္ေပးခဲ့ၿပီဆိုမွ‌ေတာ့ ဘာအေၾကာင္းနဲ႔မွ ေနာက္ဆုတ္လို႔မရေတာ့ဘူး.....ကိုယ့္ကို ထားသြားခြင့္မျပဳဘူး စံေလး....."

စကားေျပာေနရင္း ကိုႀကီးႏႈတ္ခမ္းေတြက စံ့ပါးေလးကိုလာထိသည္။သူ႔လက္ေတြက စံ့ပါး႐ိုးနားတစ္ေလွ်ာက္ ပြတ္သပ္က်ီစယ္သြားၿပီး လက္မေလးကပါးျပင္ေလးေပၚ ေ႐ြ႕လ်ားေနျပန္သည္။စံမ်က္လုံးေလးအသာမွိတ္၍ ႏႈတ္ခမ္းေလးဖြင့္တယ္ဆို႐ုံ ဟထားေပး၏။အခ်ိန္အေတာ္ၾကာတဲ့အထိ ထိေတြ႕မႈမရေပ။ကိုႀကီးဆီမွ စိတ္ေလ်ာ့တဲ့ သက္ျပင္းခ်သံကို ၾကားၿပီးေနာက္....

"ကိုယ္ျပန္ေတာ့မယ္...."

စံ ႏႈတ္ခမ္းကိုကိုက္ထားၿပီး အင္းမလုပ္ အဲမလုပ္ေပ။ျပန္ဖို႔သင့္ေနေပမဲ့ ကိုႀကီးကို ဆြဲထားခ်င္သည္။အခုခ်က္ခ်င္းပဲ ကိုႀကီးကိုလိုအပ္ေနသည္။ဒါေပမဲ့ ဘယ္လိုေျပာရမွာလဲ.....

"ဖုန္းကိုစက္ပိတ္မထားနဲ႔ေနာ္....အိမ္ျပန္ေရာက္ရင္ ကိုယ္ဖုန္းေခၚမယ္...."

"ဘာနဲ႔ျပန္မွာလဲ....."

"ၿခံအျပင္မွာ ညီထူးကားနဲ႔ေစာင့္ေနတာ...."

စကားသံေတြ တိတ္သြားျပန္၏။အခ်ိန္က ဒီထက္ေနာက္က်လာလွ်င္ သူမအတြက္ အဆင္မေျပႏိုင္မွန္း သူသိသည္။

"ကိုႀကီး....."

"ဟင္......"

"စံ....စံ....."

"ကိုယ္......"

စကားေတြက ေရွ႕မဆက္ႏိုင္ၾကသလို ရင္ခြင္ႏွစ္ခုကလည္း ခြာလို႔မရေပ။

သူ႔ေနာက္ေက်ာကိုဖက္ထားတဲ့ သူမလက္ေတြက တေ႐ြ႕ေ႐ြ႕နဲ႔အေရွ႕ဘက္
ကို ေရာက္လာသည္။တီရွပ္ဝတ္ထားတဲ့ သူ႔အက်ႌေအာက္ထဲကေန သူမရဲ႕လက္ေလးလွ်ိဳဝင္လာ၏။သူ႔ရဲ႕ဝမ္းဗိုက္သားေတြမွာ သူမ‌လက္ေလးေတြ ေလွ်ာက္ေျပးေနေတာ့ လူေခ်ာ အာေခါင္ေတြေျခာက္လာသည္။

ဆန႔္က်င္ဘက္လက္ႏုႏုေလးရဲ႕
ပြတ္တိုက္မႈက သူ႔စိတ္ေတြကိုပိုၿပီးအရွိန္အဟုန္ျပင္းလာေစသည္။ဒါေပမဲ့ ေရွ႕ဆက္ဖို႔မျဖစ္ႏိုင္ဘူးဆိုတာ သိ၏။စံ့လက္ေလးေတြကို ဆြဲဖယ္ၿပီး သူ႔ပါးမွာကပ္ထားလိုက္သည္။

"စံေလး....."

"ရွင္....."

"ကိုယ္ျပန္ေတာ့မယ္......"

"ဟုတ္....."

စံ ဟုတ္ လိုက္ရပါသည္...စံ့ရဲ႕ပထမဆုံးျမဴဆြယ္မႈက က်ရႈံးရျပန္ၿပီ။
ရွိေစေတာ့....
စံတို႔ အခ်ိန္ေတြ က်န္ပါေသးသည္။

💮💮💮💮💮💮💮💮💮💮💮💮

တစ္ပတ္ၾကာၿပီးေနာက္မွာ ပရိတ္သတ္ေရွ႕ကို သူမျပန္ေရာက္လာပါသည္။ကိုယ္က်င့္တရားနဲ႔ ဂုဏ္သိကၡာကို ျပန္လည္ရယူတဲ့တဲ့ပြဲမွာ အတိတ္ကပတ္သက္ခဲ့တဲ့လူေတြကို မထိခိုက္ေစခ်င္ေတာ့ေပ။ဦးေႏွာက္ရွိတဲ့သူေတြက သူတို႔အသိစိတ္နဲ႔ သူတို႔ဆုံးျဖတ္ခ်က္ေပးပါလိမ့္မည္။

"စံ့ရဲ႕ သတင္းနဲ႔ပတ္သက္ၿပီး သိခ်င္ေနၾကမယ္လို႔ ထင္ပါတယ္။အမွန္အတိုင္းေျပာရရင္ အဲ့ဒီသတင္းတက္လာေတာ့ စံကိုယ္တိုင္ ေရွာ့ရခဲ့တယ္။ဘာလို႔လဲဆိုေတာ့ အခ်စ္ရဆုံးေတြကပဲ ေနာက္ေက်ာကို ဓားနဲ႔ထိုးတတ္တာေၾကာင့္ပါ.......စံကိုယ္တိုင္ ခံလိုက္ရၿပီပဲေလ....."

သူမေျပာရင္း ေရွ႕မွာရွိေနတဲ့ကင္မရာေတြကို တည့္တည့္ၾကည့္လိုက္၏။သူမရဲ႕ေျဖရွင္းခ်က္ကို ၾကည့္ေနမယ့္အထဲတြင္ ေခ်ာအိေျႏၵလည္း ပါေကာင္းပါႏိုင္သည္။

"စံ ဂီတေလာကထဲမေရာက္ခင္က ဆယ္ေက်ာ္သက္အ႐ြယ္ပဲ ရွိပါေသးတယ္။မိဘေတြရဲ႕တင္းၾကပ္တဲ့ အုပ္ထိန္းမႈေအာက္မွာ အခ်စ္ကိုစတင္
ျမည္းစမ္းခဲ့တာ စံ ဘာမ်ားမွားလို႔လဲ....

စံ့ဘဝမွာ စံ့ေၾကာင့္ သူမ်ားအိမ္ေထာင္
ေရး မပ်က္စီးခဲ့ဖူးဘူး....သူမ်ားခ်စ္သူကို လုမယူခဲ့ဖူးဘူး.....ဘယ္ သူစိမ္းေယာက္်ားသားနဲ႔မွ တစ္ႀကိမ္တစ္ခါေလးေတာင္မွ မအိပ္ခဲ့ဖူးဘူး......အဲ့ဒါေၾကာင့္ စံဟာ အပ်ိဳပါလို႔ေျပာခဲ့တာ ဘာမ်ားမွားလို႔လဲ......

ကိုယ့္ရည္းစားနဲ႔ကိုယ္ လက္မထပ္ရေသးဘဲအတူအိပ္ၾက.....ၿပီးရင္ပ်က္ၾက...တပါးေသာေယာက္်ားသားဆီက စပြန္ဆာေတြယူထားၾကတဲ့ အမ်ိဳးသမီးေတြ ဒီျမန္မာႏိုင္ငံမွာ အမ်ားႀကီးပဲ....

ဒါက ရွင္တို႔ရဲ႕ေ႐ြးခ်ယ္မႈပါ။စံ မေဝဖန္လိုဘူး။ဒါေပမဲ့ အဲ့ဒီလိုေတြရွိထားၿပီးမွ ငါတို႔ကသာမန္လူပဲ လက္မထပ္ရေသးရင္ အပ်ိဳပဲ။သူကေတာ့ ပင္တိုင္စံမို႔လို႔ အဆိုေတာ္မို႔လို႔ဆိုၿပီး ထိုးခ်တာကေတာ့ နည္းနည္းလြဲေနၿပီ....

စံ့ကို ေအာက္လုံးေတြနဲ႔တိုက္ခိုက္ၾကတဲ့အထဲမွာ အဲ့ဒီလိုလူေတြပါလာခဲ့ရင္ သူတို႔ကို တစ္ခုေတာ့ေျပာခ်င္တယ္။ကိုယ့္ကိုယ္ကိုယ္ ရွက္ၾကပါလို႔.......သူမ်ားကို လက္ညိဳးတစ္ေခ်ာင္းထိုးရင္ က်န္တဲ့သုံးေခ်ာင္းက ကိုယ့္ဘက္ကို ျပန္ထိုးေနတယ္ဆိုတာ မေမ့ပါနဲ႔...

ေနာက္ဆုံးတစ္ခုက.....

စံ ခိုးရာလိုက္ေျပးလို႔...ဟုတ္ပါၿပီ........ဒီကိစၥနဲ႔ပတ္သက္တာကိုေတာ့ ျပန္လွန္တူးဆြၿပီး မေျဖရွင္းခ်င္ေတာ့ဘူး....

စံနဲ႔ပတ္သက္ခဲ့တဲ့သူ၊ စံ့ရဲ႕ေသဆုံးသြားတဲ့ Ex ....သူ႔မိဘေတြ အခုခ်ိန္ထိ သက္ရွိထင္ရွား ရွိေနပါေသးတယ္။သူတို႔ရဲ႕ဂုဏ္သိကၡာကို ငဲ့ညႇာေသာအားျဖင့္ ဘယ္သူမွားတယ္၊ မွန္တယ္လို႔ စံမျငင္းလိုေတာ့ဘူး...

ရွင္တို႔စဥ္းစားၾကပါ။စံ ဂီတေလာကထဲ စ ဝင္လာၿပီး နာမည္ေလးအထိုက္အသင့္ရလာကတည္းက ပင္တိုင္စံဆိုတာ သူတို႔သားနဲ႔ပတ္သက္ခဲ့သူမွန္း သိၾကပါတယ္။စံ့ဘက္က အမွန္တကယ္သာ မွားခဲ့မယ္ဆိုရင္ စံ့ကိုထိုးခ်မယ့္သူေတြ အဲ့ဒီကတည္းက ရွိခဲ့မွာပါပဲ။အခုမွ ဘာလို႔ ဒီသတင္းက ေပၚလာတာလဲ....

အဲ့ဒါေၾကာင့္ ပင္တိုင္စံဟာ ဘယ္လိုအမ်ိဳးသမီးလဲဆိုတာကို ပရိတ္သတ္တို႔ပဲ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ဆုံးျဖတ္ၾကပါ။Ex ေသဆုံးသြားခဲ့တာအတြက္‌ေတာ့ စံလည္းစိတ္မေကာင္းပါဘူး။အေၾကာင္းရွိလို႔ အက်ိဳးဆိုတာျဖစ္လာတာမို႔ စံကေတာ့ လိပ္ျပာလုံပါတယ္.......ေနာက္ေနာင္လည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘယ္ေသာအခါမွ ေျဖရွင္းခ်က္ေပးမွာ မဟုတ္ေတာ့ပါဘူး
.....

စံ့ရဲ႕ ကိုယ္က်င့္သိကၡာကိုယုံေပးၿပီး အခုခ်ိန္ထိ မယိုင္လဲတဲ့ေမတၱာေတြနဲ႔ ခ်စ္ေပးၾကတဲ့ ပရိတ္သတ္ေတြေၾကာင့္ စံ ေရွ႕ဆက္ဖို႔ခြန္အားေတြ အမ်ားႀကီး ရခဲ့ပါတယ္။အားလုံးကို ေက်းဇူးတင္ပါတယ္...

စံ့ရဲ႕ဗီဒီယိုကိုၾကည့္ေနရင္း ေခ်ာ မ်က္ရည္က်မိသည္။

အစကတည္းက ငါတို႔မဆုံျဖစ္ခဲ့ၾကရင္ သိပ္ေကာင္းမွာပဲ စံ.....

စြမ္းလည္း ေသရမွာမဟုတ္သလို နင္လည္း ငါ့ေၾကာင့္ ဒီလိုေျဖရွင္းေနရမွာ မဟုတ္ဘူး....

ငါလည္း နင့္ကိုမုန္းခဲ့မွာ မဟုတ္ဘူး...

To be continued

💙💙💙💙💙💙💙💙💙💙💙💙

Continue Reading

You'll Also Like

445K 20K 73
အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လြန္ႀကိဳးျဖဴျဖဴ.... ဒိြလိင္ ျဖစ္တဲ့ လြန္...
152K 16.1K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
3M 193K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
298K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024