ကူးပြောင်းလာတိုင်း အမျိုးသားဇ...

Door Swae_Nyoe

124K 13.4K 137

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... Meer

Description
Part 1
Part 2
Part 3
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2

Part 66.1

606 75 1
Door Swae_Nyoe

အပိုင်း (၆၆.၁) ငါ ဘယ်တုန်းကမှ မချစ်ဖူးဘူး (၁)

နောက်တစ်ရက်တွင် နင်မုန့်က အိပ်ယာထပြီး ဖုန်းဖွင့်ကာ ဖိုရမ်ထဲသို့ ဝင်လိုက်သည်။ အဓိကစာမျက်နှာတွင် ပို့စ်က ရှိနေသေးသည်။ ထို့အပြင် နောက်ထပ်စာမျက်နှာတစ်ခု ထပ်ဖွင့်ထားရလောက်အောင် ပြန်ထားသော စာများက အလွန်များသည်။

သူမက စာမျက်နှာကို နှိပ်ဖွင့်လိုက်သောအခါ ဆိုးရွားသောစကားလုံးများဖြင့် ပြန်လည်ပြောဆိုထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ စကားလုံးတိုင်းက သူမကို ရည်ရွယ်ပြီး အများစုက "666" (လျို့လျို့လျို့) တို့သာ များနေပြီး အခြားသူများက အလိုအလျောက်ပင် သူမကို ဆူထားသည်။

ရှင်းပြ၍မရသော အကြောင်းပြချက်များကြောင့် သူမ၏ ခံစားချက်များက ကောင်းသွားသည်။

"ကျောင်းကျောင်း ငါ့ကို စောင့်ပါဦး"

ကုတင်အောက်ဘက်မှ ယွီရှောင်းလျန်၏ အသံက ထွက်လာသည်။

"ငါ ပြီးတော့မှာပါ"

နင်မုန့်က လုပ်လက်စကိုရပ်ပြီး လိုက်ကာကို တိတ်တဆိတ် ဆွဲကြည့်လိုက်သည်။

ခုနစ်နာရီခွဲသာလျှင် ရှိနေသေးသဖြင့် အတန်းစရန် တစ်နာရီနီးပါးပင် လိုနေသေးလေသည်။ သို့သော် ထိုနှစ်ယောက်ကမူ အိတ်များပြင်ဆင်ပြီး ထွက်သွားရန် အဆင်သင့်ပြင်နေလေပြီ။

လီကျောင်းက မှန်ရှေ့တွင် နှုတ်ခမ်းနီဆိုးနေပြီး စိတ်အခြေအနေကောင်းနေဟန် ရလေသည်။ သူမက ခေါင်းလှည့်ကြည့်ကာ သာမန်ကာလျှံကာ ပြောသည်။

"ဘာလို့နင့်ရဲ့အနားက ပိုအေးတယ်လို့ ခံစားနေရတာလဲ၊ နင်တစ်ခုခုများ ယူလာတာလား"

ယွီ‌ရှောင်းလျန်က ဘေးနားတွင် အဝတ်အစားကို ပြင်ဆင်နေခြင်းဖြစ်သည်။ သူမက မူလက ဆံပင်ကိုချည်ပြီး အောက်သို့ ချထားသည်။ အလွန်ချစ်စရာကောင်းလှသည်။ ထို့ကြောင့် သူမ၏ စကားကို ကြားသောအခါ ခေါင်းကို အနည်းငယ်ခါသည်။

"မဟုတ်ပါဘူး၊ ငါတော့ ပုံမှန်ပဲလို့ ထင်တာပဲ"

သူမက စကားကို ရပ်ပြီးနောက် အသံက အလွန်တိုးသွားသည်။

"နင်လည်း သိသင့်တယ်"

လီကျောင်းက တစ်စုံတစ်ရာကို နားလည်သွားသလိုမျိုး ဘာစကားမှဆက်မပြောတော့ဘဲ ခေါင်းကို ခပ်ယောင်ယောင် ညိတ်ပြပြီးနောက် တံခါးကို ဖွင့်ကာ ထွက်သွားသည်။

အရာအားလုံးက ပုံမှန်အတိုင်းဖြစ်သည်။

နင်မုန့်၏ အကြည့်က ယွီရှောင်းလျန်၏ ကိုယ်ပေါ်ရောက်သွားသည်။ အထူးသဖြင့် သူမ၏ ကျောဘက်သို့ ဖြစ်သည်။ ယွီရှောင်းလျန်က နောက်လှည့်ကာ ထွက်လာသည်အထိ သူမက မတုန့််ပြန်မိခဲ့ချေ။

သူမ၏ အကြည့်က အလွန်စူးစိုက်လွန်းသွားသောကြောင့် ဖြစ်လောက်သည်။ ယွီရှောင်းလျန်က လှည့်ပြီး ခပ်စူးစူးကြည့်လိုက်သည်။

သူမ၏ မျက်နှာက အတန်ငယ်ဖြူဖျော့နေသေးသည်။ သို့သော် မနေ့ကထက်စာလျှင် ပို၍ သွေးရောင်လွှမ်းလာသည်။ သူမ၏ ကိုယ်ပေါ်တွင် ပြေလျော့စွာရှိနေသော ပိုးချည်မျှင်များက ဘေးဘက်ရှိ ကလေးတစ်ယောက်၏ စုပ်ယူနေခြင်းကြောင့် လျော့တွဲကျနေခြင်းသာလျှင်ရှိတော့သည်။

ဟုတ်တယ် ကလေး။

ထိုမြင်ကွင်းကို မြင်သောအခါ နင်မုန့်၏ ဦးခေါင်းခွံကပင် ထုံထိုင်း၍ သွားသည်။ သူမက အကြည့်ကို တိတ်တဆိတ် လွှဲလိုက်ပြီးနောက် စနစ်ကို မေးသည်။

"ဒီကလေးက ဘာလဲ"

စနစ်ကလည်း တုန့်ပြန်သည်။

"သန္ဓေသားလောင်းတစ္ဆေပေါ့"

နင်မုန့်ကလည်း အနည်းနှင့်အများ ခန့်မှန်းထားခဲ့ပြီးသားဖြစ်သည်။

အဖြစ်ပျက်အမျိုးမျိုးကို ကျော်ဖြတ်လာပြီးလေရာ သူမက ဒီလိုအရာမျိုးနှင့် စိမ်းသက်သူတော့ မဟုတ်တော့ချေ။ ကြည့်ရသည်မှာ သန္ဓေဖျက်ချခဲ့ရာမှ ဖြစ်လာခဲ့ခြင်း ဖြစ်လောက်သည်။ စနစ်က ဆက်ပြောသည်။

"သန္ဓေသားလောင်းတစ္ဆေက နှစ်မျိုးရှိတယ်၊ တစ်မျိုးကတော့ ဝိညာဉ်သန္ဓေသားလောင်းပဲ၊ အခြားတစ်မျိုးကတော့ ရန်ငြိုးကြီး သန္ဓေသား‌လောင်းတဲ့၊ ဝိညာဉ်သန္ဓေသားလောင်းတွေက ဘာရန်ငြိုးမှမရှိဘူး၊ သူတို့က ငြိမ်းချမ်းတယ်၊ ပိုပြီးတော့တောင် အေးချမ်းကြပါသေးတယ်၊ သူတို့က မတော်တဆပျက်ကျသွားတဲ့ အခြေအနေကနေ ဖြစ်လာတဲ့ သန္ဓေသားလောင်းတစ္ဆေပဲ၊ သူတို့က သူတို့ရဲ့ မိခင်နဲ့အတူ နေတာက စိတ်ပိုင်းဆိုင်ရာအရ ဆက်စပ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကြောင့်ပဲ၊ အခြားတစ်ဖက်မှာတော့ ရန်ငြိုးကြီး သန္ဓေသား‌လောင်းတွေက ပုံမှန်မဟုတ်တဲ့ ပျက်ကျသွားတဲ့ကိစ္စတွေကြောင့် ဖြစ်လာတာ၊ သာမန်အခြေအနေမျိုးမှာဆိုရင် သူတို့က မိခင်နဲ့အတူ နေနိုင်တယ်၊ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ရန်ငြိုးတွေက များပြားလာလို့ မိခင်ရဲ့အသက်စွမ်းအင်က စုပ်ယူခံရတယ်"

စနစ်က အသေးစိတ်ရှင်းပြပြီး နင်မုန့်ကို အလွယ်တကူ နားလည်သွားစေသည်။

ထိုစကားအရဆိုလျှင် ထိုရန်ငြိုးကြီးသန္ဓေသား‌လောင်းက မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်နှင့် ကွဲထွက်ပြီးနောက် ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားရလောက်သည်။ ထို့ကြောင့် မိခင်နှင့်သာ ကပ်နေပြီး အင်အားများကို စုပ်ယူနေခြင်း ဖြစ်လောက်သည်။ အခြားစကားနှင့်ဆိုရသော် ယွီရှောင်းလျန်က ကိုယ်ဝန်ဖျက်ချရန် ရွေးချယ်ခဲ့သည်။

နင်မုန့်ကပင် အနည်းငယ် စိတ်ကူးယဉ်ကြည့်လိုက်မိသည်။

မန်နင်၏ မှတ်ဉာဏ်အရ သူမက အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း နေတတ်သော မိန်းကလေးမျိုးလည်း ဖြစ်သည်။ သူမက ပထမနှစ်အဆောင်အတွင်း တူညီသောအကြောင်းအရာများကို ဆွေးနွေးခဲ့ဖူးပြီး ယွီရှောင်းလျန်ကလည်း လက်ထပ်ပြီးမှ ကလေးယူရန် လိုလားကြောင်းကို ပြောခဲ့ဖူးသည်။

လက်ရှိအခြေအနေအရမူ သူမက ပြောသည့်အတိုင်း ဆန့်ကျင်ဘက်လုပ်ခဲ့သည်။

သူမ၏ ကိုယ်ပိုင်ကလေး ဖြစ်နေကတည်းက နင်မုန့်က ဆူဆူညံညံ မလုပ်ချင်တော့ချေ။ ဒါက သူမ၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်ကို လက်ခံသင့်သည်။

သူမက စနစ်ကို မေးလိုက်သည်။

"ယွီရှောင်းလျန်က သေမှာလား"

စနစ်ကလည်း ပြန်ဖြေသည်။

"မသေပါဘူး၊ ဒါက ရိုးရှင်းတဲ့ တစ္ဆေသန္ဓေသားလောင်းလေးပဲ၊ ရန်ငြိုးကြီးဝိညာဉ်မှမဟုတ်တာ၊ လူကိုလည်း မသတ်နိုင်ဘူး၊ ဒါပေမယ့် အင်အားကို စုပ်ယူဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် ယွီရှောင်းလျန်ရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းသွားပြီး အများဆုံး အားအင်ချည့်နဲ့ ပြိုလဲကျသွားရုံလောက်ပါပဲ၊ မသေတော့ မသေနိုင်ပါဘူး"

ထိုစကားကြားမှသာ နင်မုန့်က စိတ်အေးသွားသည်။

ဘာပဲဖြစ်ဖြစ် လူ့အသက်မဆုံးရှုံးရင် ပြီးတာပါပဲ။

သူမ၏ ယင်ယန်မျက်လုံးကို ပြန်တွေးမိပြီးနောက် သူမ၏ မျက်နှာက ပျက်ယွင်းသွားသည်။

"ငါ့ရဲ့ ယင်ယန်မျက်လုံးကို ပြန်ယူပေးလို့ရမလား၊ ဒါက ငါ့ကို အလကားနေရင်း ခြောက်နေတယ်"

သူမကဲ့သို့ တစ္ဆေများကို မကိုင်တွယ်နိုင်သည့်လူတစ်ယောက်တွင် ယင်ယန်မျက်လုံးရှိနေခြင်းက အသုံးမဝင်ချေ။ ဒါက သူမကို သေလောက်အောင်သာ ကြောက်စေသည်။ ချက်ချင်းလိုလို သူမက တိတ်ဆိတ်သွားတော့သည်။

စနစ်အနေဖြင့် ပြန်လည်တုန့်ပြန်ရန် အချိန်အတန်ကြာယူလိုက်သည်။

"မယူဘူး"

နင်မုန့်က ပြောသည်။

"ငါသိတယ်၊ အမှိုက်လိုစနစ်"

စနစ်ကလည်း ပြန်ငြင်းသည်။

"ယင်ယန်မျက်လုံးကလည်း ကောင်းကျိုးရှိတာပါပဲ၊ မဟုတ်ရင် မင်း သောက်ရေခန်းထဲကနေ အရှင်လတ်လတ် ထွက်နိုင်မယ်လို့ ထင်လား"

ဒါအမှန်ပဲ။

ထိုသောက်ရေခန်းထဲမှ မတော်တဆမှုကို ပြန်တွေးမိသောအခါ နင်မုန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ကံကောင်းစွာဖြင့် စနစ်က ထိုသရဲက ထိုနေရာမှထွက်လာပြီး လူမသတ်နိုင်ဟု ပြောခဲ့သည်။ မဟုတ်လျှင် သူမက အရင်ဆုံးသေရမည့်သူ ဖြစ်လောက်သည်။

မနေ့ညက သူမ မြင်ခဲ့သောအရာက ခေါင်းလေးသာဖြစ်သည်။ သို့သော် ယခုမူ ပို၍ကြည်လင်လာသည်။ အဖြစ်အပျက်က လျင်မြန်လွန်းနေသည်။

သူမက စိတ်လွတ်နေချိန်တွင် တံခါးက ပိတ်သွားသည်။ နင်မုန့်က အိပ်ယာထဲမှဆင်းပြီးနောက် အတန်းမသွားခင် သန့်ရှင်းရေးလုပ်လိုက်သည်။

ထိုနောက်ပိုင်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ယွီရှောင်းလျန်၏ အနောက်မှ ထိုသန္ဓေသားတစ္ဆေ၏ ရုပ်သွင်က ပို၍ ကြည်လင်ပြတ်သားလာသည်။

လည်ပင်းအနောက်ဘက်ပိုင်းမှ ပခုံးအထိ ရောက်လာပြီး တဖြည်းဖြည်းချင်း သူ၏ ထူးဆန်းသော ခေါင်းဖြင့် တောက်လျှောက် ပခုံးပေါ်မှီထားကာ ပုံပန်းသွင်ပြင်က ပို၍ထင်ရှားပြတ်သားလာခဲ့သည်။ သူ၏ ခြေလက်များကလည်း ပီသစွာ ထွက်ပေါ်လာလေပြီး ဟိုနေရာဒီနေရာတွင်လည်း ကိုယ်အင်္ဂါချို့ယွင်းသော လက္ခဏာများကို မြင်နိုင်သည်။ သေချာကြည့်လျှင် လိမ်တွန့်နေသလို ဖြစ်နေခြင်း ဖြစ်သည်။

သူမ၏ အကြည့်ကို အာရုံခံမိသလိုမျိုး ထိုသန္ဓေသားတစ္ဆေက ခေါင်းမော့လာကာ သူမကို ကြည့်ပြီး ပြုံးပြလာပြီး ကျောချမ်းဖွယ်ကောင်းလွန်းသော ချောက်ချားစေသည့် ခံစားချက်မျိုးကို သယ်ဆောင်လာသည်။ သူ၏ ပေါက်ကာစ သေးငယ်သော သွားများက အလွန်အမင်း ကြောက်စရာကောင်းသည်။

သူက ရန်ငြိုးကြီးတစ္ဆေဟုတ်ဟုတ်မဟုတ်ဟုတ် သူမက ကြောက်လန့်သွားရသည်။

နင်မုန့်က ချက်ချင်း ခေါင်းလှည့်လိုက်သည်။

သူမက တခဏခန့်တွေးကြည့်သည်။ မန်နင်၏မှတ်ဉာဏ်ထဲတွင် ယွီ‌ရှောင်းလျန်က သူမ၏ လူချမ်းသာ ဒုတိယမျိုးဆက်ကောင်လေးနှင့်အတူ လေးလခန့်အကြာက ခရီးသွားခဲ့သည်။ ထို့နောက် ကျောင်းက စတက်ခြင်းဖြစ်သည်။ သူမထိုကာလအတွင်းက ဖျက်ချခဲ့ခြင်း ဖြစ်လောက်သည်။

ဒီရက်များတွင်လည်း သူမက ကိုယ်ဝန်ရှိသောသူနှင့်လည်း မတူခဲ့ချေ။ သူမ၏ ဗိုက်ထဲမှ ကလေးက ပူမလာခင်အချိန်ကပင် ဖယ်ထုတ်ခံလိုက်ရခြင်း ဖြစ်လောက်သည်။ သူမက ထိုသို့ ဖျက်ချခဲ့သည့်တိုင်အောင် ထိုကလေးက ပုံသဏ္ဍာန်မပေါ်သေးသော သန္ဓေသားလောင်းအဖြစ် ထွက်လာခဲ့ခြင်းဖြစ်လောက်သည်။

သို့ရာတွင် လက်ရှိအချိန်တွင်မူ ထိုသန္ဓေသားလောင်းတစ္ဆေက မျက်နှာသွင်ပြင်ပင် ထင်ထင်ရှားရှားမပေါ်သော ပုံသဏ္ဍာန်မျိုးမှ မျက်နှာသွင်ပြင် ထင်ထင်ရှားရှား ပေါ်လာသည်။ ထိုအခြေအနေမှ ယခုဆိုလျှင် အသက်စွမ်းရည် ပြည့်ဝလာပြီး တစ်ဖက်လူမှစုပ်ယူထားသော ခံစားချက်များနှင့်ပင် ကိုယ့်ကိုယ်ကို အားဖြည့်ပေးနေပြီး အင်အားပြည့်လာသည်။

အထူးသဖြင့် ထိုသန္ဓေသားလောင်း တစ္ဆေက သူမကို ယခုလို ပြုံးပြလိုက်သောအချိန်တွင် ဖြစ်သည်။ အလွန်အမင်း ထူးဆန်းနေပြီး သူမက မြင်နိုင်နေခြင်းကို သိသွားသလို ထင်ရသည်။

ကံကောင်းစွာဖြင့် ထိုအတောအတွင်း ဘာမှဖြစ်မလာခဲ့ချေ။

သူမက မကြာခဏဆိုသလို ရှောင်းလျန်နှင့် ဆုံသောအခါ ထိုသ‌န္ဓေသားလောင်းတစ္ဆေကို လျစ်လျူရှုထားသည်။ သို့သော် ထိုသန္ဓေသားလောင်းတစ္ဆေက သူမနှင့် နီးကပ်ချင်နေဟန် ရသည်။ မည်သို့ပင်ဆိုစေ သူမ၏ ခန္ဓာက သဘာဝအလျောက် ယင်စွမ်းအင်များပြားလေရာ ထိုသို့ ဆိုးယုတ်သော အရာများက သဘောကျသည်။

သန္ဓေသားလောင်းတစ္ဆေကလည်း ယွီရှောင်းလျန်၏ အပြုအမူများကို အနည်းနှင့်အများ သက်ရောက်စေနိုင်စွမ်း ရှိသည်။ တစ်ခါတရံတွင် သူမက စိတ်လွတ်လက်လွတ်ဖြစ်ပြီး ဘာဖြစ်မှန်းမသိတော့ဘဲ အသိပြန်ဝင်ချိန်တွင် နင်မုန့်၏ အနီးအနားတွင် ရှိနေကြောင်းကို သတိထားလိုက်မိပြီး မျက်နှာက ပျက်ယွင်းသွားသည်။ ထိုအခါ သူမက မည်းမှောင်သော မျက်နှာထားဖြင့် ထွက်သွားပေလိမ့်မည်။

အချိန်တိုင်း ထိုသို့ ထပ်ခါတလဲလဲ ဖြစ်နေသောအခါ နင်မုန့်က မျက်လုံးသာလှန်ပြလိုက်သည်။

ဖျက်ချပြီးချိန်ကတည်းက ယွီရှောင်းလျန်၏ စိတ်သဘောထားက ဆိုးရွားသည်ထက် ဆိုးလာပြီး အထူးသဖြင့် သူမကို ရန်လိုလာသည်။ ထို့နောက် ထိုရန်လိုမှုက ရန်ယွီကျဲထံရောက်သွားသည်။ သို့ရာတွင် သူမက ရန်ယွီကျဲကို တိတ်တဆိတ်သာ အော်ဟစ်ရဲသည်။ နင်မုန့်က ထိုအခြေအနေကို ကြုံရသောအခါ အံ့ဩသွားရသည်။

စနစ်၏ စကားများက မမှားချေ။ ယွီရှောင်းလျန်က ဒီရက်များအတွင်း ကံကောင်းမှု ပျောက်ဆုံးသွားသည့်အရေးမှ တန်ပြန်အားကို ခံစားနေရခြင်း ဖြစ်သည်။

ပထမတစ်ကြိမ်တွင် သူမက အိပ်ယာအပေါ်ထပ်မှ အောက်သို့ ပြုတ်ကျပြီး ခြေထောက်ကျိုးလုနီးပါးပင် ဖြစ်သွားခဲ့သည်။ သူမက ဆေးပေးခန်းသို့ သွားပြီး ဒဏ်ရာကို ကုသခဲ့ပြီးနောက် နှစ်ရက်ခန့်အထိ အနားယူခဲ့ရသည်။ ထို့နောက်မှသာ သာမန်လို ပြန်လှုပ်ရှားနိုင်ခဲ့သည်။

သို့သော် ထိုနှစ်ရက်တာအတောအတွင်း ကိစ္စပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

ဥပမာအနေဖြင့် သူမက စာသင်ခန်းသို့ အတန်းတက်ရန် သွားသောအခါ သူမက ထိုင်လိုက်သည့် တခဏတွင် ထိုင်ခုံက ကျိုးကျသွားသည်။ ထိုသို့ဖြင့် လျော်ကြေးပေးရလုနီးပါးပင် ဖြစ်သွားခဲ့သေးသည်။

သူမက အဆောင်သို့ ပြန်လာသောအခါ လက်က တံခါးနှင့် ညှပ်သွားပြီး လက်ချောင်းကပင် ခရမ်းရောင်အတိ သမ်းသွားသည်။

သူမက ထိုသို့သော ကံဆိုးသော ကိစ္စများဆက်တိုက်ဖြစ်ချိန်တိုင်း နင်မုန့်ကလည်း သူမ၏ ပခုံးပေါ်တွင် မှီနေသော ထိုသန္ဓေသားလောင်းတစ္ဆေက တက်ကြွနေပြီး ခြေလက်များလှုပ်ရှားကာ အောင်ပွဲခံလုနီးပါးဖြစ်နေကြောင်း မြင်လိုက်ရသည်။ အချိန်ကြာလာသည့်အခါ သူမက ကျင့်သားရနေလေပြီ။

တစ်ညနေတွင် ရှီချီက အစားထိုးသင်လာသည်။

အတန်းထဲရှိ ကောင်မလေးများကလည်း အတန်းထဲသို့ စောစောလာသည်။ ထို့ကြောင့် နင်မုန့်ရောက်သောအခါ အတန်းခုံများအားလုံးနီးပါးက ပြည့်နှက်နေပြီး နောက်ဆုံးတစ်တန်းမှ ထိုင်ခုံသာ ကျန်တော့ကြောင်း မြင်လိုက်ရသည်။ သူမက တိတ်တဆိတ် ထိုနောက်ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။

စာဂျပိုးသရဲကလည်း စင်မြင့်အစွန်နားတွင် ရှိနေပြီး တက်တက်ကြွကြွ မှတ်စုများ ရေးနေသည်။ သူ၏ လျှာကပင် တစ်လစ်ထွက်လိုက် နောက်ပြန်ဝင်လိုက်ဖြစ်နေပြီး အလွန်စိတ်ပါဝင်စားစွာ စာလေ့လာနေဟန်ရသည်။

သူမက ရောက်လာကြောင်းမြင်သောအခါ သူက သူမကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ သို့သော် အနားသို့ကပ်မလာရဲခဲ့ချေ။ စင်အစွန်းနားဘက်သို့ပင် ပြန်ကျုံ့သွားသေးသည်။

သူကသာ သူမ၏အနားသို့ ကပ်လာလျှင် ဒီနေ့ဝင်သောဆရာက သူနှင့် စာရင်းရှင်းလောက်သောကြောင့် သူ၏ သေးငယ်သော အသက်‌လေးကို ထိန်းသိမ်းနိုင်ရန် အလို့ငှာ သူက သူမကို ရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုဆရာကသာ သူ၏ မေးခွန်းများကို သူမကို ဖြေခိုင်းလိုလျှင်လည်း သူက ရွေးချယ်စရာ မရှိတော့ဘဲ သူမကိုသာ ဖြေခိုင်းရတော့ပေမည်။

နင်မုန့်က သူ့ကို ကြည့်မနေတော့ချေ။ မျှော်လင့်ထားစွာပင် အတန်းက စတော့မည့်အချိန်တွင်ပင် ကုနန်ချန်က အနောက်ပေါက်မှ ဝင်လာပြီး သူမ၏ဘေးတွင် ဝင်ထိုင်သည်။ နင်မုန့်က ကုနန်ချန်ကို လျစ်လျူရှုလိုက်ပြီး ဖုန်းကိုသိမ်းကာ စာအုပ်ကို ဖွင့်လိုက်သည်။ သို့သော် ကုနန်ချန်ကိုမူ လျစ်လျူရှုထားသည်။

ကုနန်ချန်က တစ်စုံတစ်ရာ ပြောလိုသော်လည်း ရပ်တန့်လိုက်သည်။ ဆရာက မလာသေးကြောင်း မြင်သောအခါ သူမက မနေနိုင်ဘဲ ပြောလိုက်သည်။

"မန်နင် အရင်တစ်ခေါက်က ငါ တကယ်လုပ်စရာ ရှိနေလို့ပါ၊ ဒါကြောင့် ငါ အရင်ထွက်သွားခဲ့တာ၊ နင် အဲ့ဒီအတွက် ငါ့ကို စိတ်မဆိုးဘူးမဟုတ်လား"

တူညီသောလေသံ၊ တူညီသော စကားပြောဟန် ဖြစ်သည်။

နင်မုန့်က ခေါင်းလှည့်ကြည့်လိုက်သည်။

"မဆိုးပါဘူး"

"ဒါဆိုရင် တော်သေးတာပေါ့"

ကုနန်ချန်က ဖျော့တော့စွာ ပြုံးသည်။ သူမ၏ စကားကလည်း ညင်သာနူးညံ့နေသေးသည်။ ထို့နောက် သူမက သနားစဖွယ်အမူအရာကို ချိတ်ဆွဲလိုက်ပြန်သည်။

"တကယ်တော့ အဲ့ဒီနေ့က နင့်ရဲ့လေသံကို ငါကြောက်သွားတာ"

နင်မုန့်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူမ ထိုစကားအကြောင်း ရင်နာသွားသလိုမျိုး ကုနန်ချန်ကို ဝမ်းနည်းစွာ ကြည်လိုက်သည်။

"ချန်ချန် နင် တကယ် ငါ့ကို အဲ့ဒီလို တွေးနေတာလား၊ နင့်မှာ အဲ့ဒီလိုအတွေးမျိုးရှိနေမယ်လို့တောင် ငါ မထင်ထားမိဘူး"

သူမက ဒီလိုသရုပ်ဆောင်ရာတွင် အလွန်အမင်း ကျွမ်းကျင်နေပြီဖြစ်သည်။ အကြောင်းမူကား ညအိပ်ယာမဝင်ခင်တိုင်း မှန်ရှေ့တွင် အတွေ့အကြုံရအောင် မကြာခဏ ‌လေ့ကျင့်လေ့ရှိသည်။

ကုနန်ချန်ကမူ ကြောင်သွားပြီး အချိန်မီ မတုန့်ပြန်နိုင်တော့ချေ။

မန်နင်က အခု တောင်းပန်လာသင့်တာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ငါ့အမှားဖြစ်သွားတာလဲ။

နင်မုန့်က ဦးနှောက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် ဆက်လက်ပြီး သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဒီတစ်ကြိမ်တွင် သူမက မငိုဘဲ လေသံကမူ မကျေမနပ်ဖြစ်ဟန် ပေါက်သွားသည်။

"ငါ သိတယ်၊ ချန်ချန် နင် တကယ် ငါ့ကို သဘောမကျပါဘူး၊ ငါက နင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ချည်းကပ်ခဲ့တယ်လို့ နင် တွေးနေတာ မဟုတ်လား"

ကုနန်ချန်၏ ဦးနှောက်က အနည်းငယ် လှုပ်ရှားနိုင်စွမ်းအား ကင်းမဲ့သွားသည်။ သို့သော် နင်မုန့်က ဆက်ပြောသည်။

"ဒါပေမယ့် ငါက နင့်ကို တကယ်သဘောကျတာလေ၊ ငါ အိပ်မပျော်ခင်အချိန်တိုင်း နင့်ကိုပဲ နေ့တိုင်း တွေးနေမိတာ"

နင်မုန့်က စားပွဲပေါ်တင်ထားသော ကုနန်ချန်၏ လက်ကို ချောမွေ့စွာ လာထိပြီး အနည်းငယ်ကုတ်လိုက်သည်။

ကုနန်ချန်က ကြက်သီးထသွားပြီး သတိကြီးကြီးထားကာ သူမကို စိုက်ကြည့်လာသည်။ သူမက အနားကပ်လာတော့မလို ပြင်နေကြောင်း မြင်သောအခါ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်သည်။

နင်မုန့်ကပင် အလွန်အံ့ဩသွားရသည်။

သူမက ပါးစပ်လေးကိုအုပ်ပြီး ကုနန်ချန်ကို ဝမ်းနည်းညှိုးငယ်စွာ ကြည့်လိုက်သည်။ သူမ၏ ဖျော့စင်းနေသော မျက်ခုံးကပင် အနည်းငယ် ကုတ်ကျသွားပြီး အလွန်ပင် သနားစဖွယ်ကောင်းကာ စိတ်ဓာတ်ကျနေခြင်းနှင့် တူသည်။

ကုနန်ချန်က ခေါင်းထပ်ကိုက်သွားရပြန်သည်။ အရှေ့ဘက်သို့ တချက်ကြည့်လိုက်ပြီးနောက် အလယ်နေရာတွင် နေရာလွတ်တစ်ခု ရှိကြောင်း မြင်လိုက်ရသဖြင့် ထိုနေရာသို့ အပြေးသွားလိုက်သည်။

သူမက အလွန်ပင်ကြောက်စရာကောင်းသောနေရာမှ ထွက်ပြေးသလိုမျိုး ပုံစံမျိုးဖြင့် ပြေးသွားကြောင်း မြင်သောအခါ နင်မုန့်က စိတ်ရှုပ်သွားသည်။

ကုနန်ချန်က ငါ့ကို မုန်းပေမယ့် အမြဲတမ်း ချည်းကပ်ခဲ့တာမဟုတ်ဘူးလား။ တကယ်ပဲ သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ။

ပျင်းလွန်လွန်းလို့ ကိုယ့်ကိုယ်ကို လာပြီးအနှိပ်စက်ခံတာလား။

နင်မုန့်က စိတ်ရှုပ်သွားသည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ပြီး ဖုန်းကိုသာ ဆက်ကြည့်နေလိုက်သည်။

သူမက နေ့တိုင်းလိုလို ဖိုရမ်ကို ဝင်ကြည့်သောအကျင့်ရနေပြီ ဖြစ်သည်။ သူမက စာတစ်ကြောင်းကို ပြန်ပြီးနောက် မော့ကြည့်လိုက်သောအခါ သူမ၏အရှေ့တန်းမှ ကောင်မလေးတစ်ယောက်က သူမကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။ ထိုကောင်မလေးက အကြည့်ချင်းဆုံသွားသည့်အတွက်လည်း ရှက်သွားဟန်မရဘဲ ပြောလာသည်။

"မန်နင် နင်က ဒီလိုမျိုးဖြစ်နေမယ်လို့ ငါမထင်ထားဘူး"

နင်မုန့်က မျက်နှာသေဖြင့် မေးသည်။

"ငါ ဘာပြောမိလို့လဲ"

ကောင်မလေးက တခစ်ခစ်ရယ်သည်။ သူမ၏ မျက်နှာထား လျင်မြန်စွာ ပြောင်းလဲနိုင်သည့်အတွက်လည်း အံ့ဩသွားဟန်ဖြင့် ပြောလာသည်။

"သေချာပေါက် မဟုတ်ဘူးပေါ့"

ထို့နောက် သူမက နောက်သို့ မှီချလိုက်ပြီး စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

"တကယ်တော့ ငါ အရင်က နင့်ကို သေချာသတိမထားမိဘူး၊ ဒါပေမယ့် ကုနန်ချန်နဲ့ ကိစ္စဖြစ်ပြီးတော့မှ ငါ နင့်ကို သတိထားမိတာပဲ"

နင်မုန့်က စိတ်ဝင်တစားနား‌ထောင်နေပြီး ခေါင်းမော့ကာ သူမကို စိုက်ကြည့်လိုက်သည်။

....

Zawgyi

အပိုင္း (၆၆.၁) ငါ ဘယ္တုန္းကမွ မခ်စ္ဖူးဘူး (၁)

ေနာက္တစ္ရက္တြင္ နင္မုန႔္က အိပ္ယာထၿပီး ဖုန္းဖြင့္ကာ ဖိုရမ္ထဲသို႔ ဝင္လိုက္သည္။ အဓိကစာမ်က္ႏွာတြင္ ပို႔စ္က ရွိေနေသးသည္။ ထို႔အျပင္ ေနာက္ထပ္စာမ်က္ႏွာတစ္ခု ထပ္ဖြင့္ထားရေလာက္ေအာင္ ျပန္ထားေသာ စာမ်ားက အလြန္မ်ားသည္။

သူမက စာမ်က္ႏွာကို ႏွိပ္ဖြင့္လိုက္ေသာအခါ ဆိုး႐ြားေသာစကားလုံးမ်ားျဖင့္ ျပန္လည္ေျပာဆိုထားေသာ လူတစ္ေယာက္ကို ျမင္လိုက္ရသည္။ စကားလုံးတိုင္းက သူမကို ရည္႐ြယ္ၿပီး အမ်ားစုက "666" (လ်ိဳ႕လ်ိဳ႕လ်ိဳ႕) တို႔သာ မ်ားေနၿပီး အျခားသူမ်ားက အလိုအေလ်ာက္ပင္ သူမကို ဆူထားသည္။

ရွင္းျပ၍မရေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ သူမ၏ ခံစားခ်က္မ်ားက ေကာင္းသြားသည္။

"ေက်ာင္းေက်ာင္း ငါ့ကို ေစာင့္ပါဦး"

ကုတင္ေအာက္ဘက္မွ ယြီေရွာင္းလ်န္၏ အသံက ထြက္လာသည္။

"ငါ ၿပီးေတာ့မွာပါ"

နင္မုန႔္က လုပ္လက္စကိုရပ္ၿပီး လိုက္ကာကို တိတ္တဆိတ္ ဆြဲၾကည့္လိုက္သည္။

ခုနစ္နာရီခြဲသာလွ်င္ ရွိေနေသးသျဖင့္ အတန္းစရန္ တစ္နာရီနီးပါးပင္ လိုေနေသးေလသည္။ သို႔ေသာ္ ထိုႏွစ္ေယာက္ကမူ အိတ္မ်ားျပင္ဆင္ၿပီး ထြက္သြားရန္ အဆင္သင့္ျပင္ေနေလၿပီ။

လီေက်ာင္းက မွန္ေရွ႕တြင္ ႏႈတ္ခမ္းနီဆိုးေနၿပီး စိတ္အေျခအေနေကာင္းေနဟန္ ရေလသည္။ သူမက ေခါင္းလွည့္ၾကည့္ကာ သာမန္ကာလွ်ံကာ ေျပာသည္။

"ဘာလို႔နင့္ရဲ႕အနားက ပိုေအးတယ္လို႔ ခံစားေနရတာလဲ၊ နင္တစ္ခုခုမ်ား ယူလာတာလား"

ယြီ‌ေရွာင္းလ်န္က ေဘးနားတြင္ အဝတ္အစားကို ျပင္ဆင္ေနျခင္းျဖစ္သည္။ သူမက မူလက ဆံပင္ကိုခ်ည္ၿပီး ေအာက္သို႔ ခ်ထားသည္။ အလြန္ခ်စ္စရာေကာင္းလွသည္။ ထို႔ေၾကာင့္ သူမ၏ စကားကို ၾကားေသာအခါ ေခါင္းကို အနည္းငယ္ခါသည္။

"မဟုတ္ပါဘူး၊ ငါေတာ့ ပုံမွန္ပဲလို႔ ထင္တာပဲ"

သူမက စကားကို ရပ္ၿပီးေနာက္ အသံက အလြန္တိုးသြားသည္။

"နင္လည္း သိသင့္တယ္"

လီေက်ာင္းက တစ္စုံတစ္ရာကို နားလည္သြားသလိုမ်ိဳး ဘာစကားမွဆက္မေျပာေတာ့ဘဲ ေခါင္းကို ခပ္ေယာင္ေယာင္ ညိတ္ျပၿပီးေနာက္ တံခါးကို ဖြင့္ကာ ထြက္သြားသည္။

အရာအားလုံးက ပုံမွန္အတိုင္းျဖစ္သည္။

နင္မုန႔္၏ အၾကည့္က ယြီေရွာင္းလ်န္၏ ကိုယ္ေပၚေရာက္သြားသည္။ အထူးသျဖင့္ သူမ၏ ေက်ာဘက္သို႔ ျဖစ္သည္။ ယြီေရွာင္းလ်န္က ေနာက္လွည့္ကာ ထြက္လာသည္အထိ သူမက မတုန္႔္ျပန္မိခဲ့ေခ်။

သူမ၏ အၾကည့္က အလြန္စူးစိုက္လြန္းသြားေသာေၾကာင့္ ျဖစ္ေလာက္သည္။ ယြီေရွာင္းလ်န္က လွည့္ၿပီး ခပ္စူးစူးၾကည့္လိုက္သည္။

သူမ၏ မ်က္ႏွာက အတန္ငယ္ျဖဴေဖ်ာ့ေနေသးသည္။ သို႔ေသာ္ မေန႔ကထက္စာလွ်င္ ပို၍ ေသြးေရာင္လႊမ္းလာသည္။ သူမ၏ ကိုယ္ေပၚတြင္ ေျပေလ်ာ့စြာရွိေနေသာ ပိုးခ်ည္မွ်င္မ်ားက ေဘးဘက္ရွိ ကေလးတစ္ေယာက္၏ စုပ္ယူေနျခင္းေၾကာင့္ ေလ်ာ့တြဲက်ေနျခင္းသာလွ်င္ရွိေတာ့သည္။

ဟုတ္တယ္ ကေလး။

ထိုျမင္ကြင္းကို ျမင္ေသာအခါ နင္မုန႔္၏ ဦးေခါင္းခြံကပင္ ထုံထိုင္း၍ သြားသည္။ သူမက အၾကည့္ကို တိတ္တဆိတ္ လႊဲလိုက္ၿပီးေနာက္ စနစ္ကို ေမးသည္။

"ဒီကေလးက ဘာလဲ"

စနစ္ကလည္း တုန႔္ျပန္သည္။

"သေႏၶသားေလာင္းတေစၦေပါ့"

နင္မုန႔္ကလည္း အနည္းႏွင့္အမ်ား ခန႔္မွန္းထားခဲ့ၿပီးသားျဖစ္သည္။

အျဖစ္ပ်က္အမ်ိဳးမ်ိဳးကို ေက်ာ္ျဖတ္လာၿပီးေလရာ သူမက ဒီလိုအရာမ်ိဳးႏွင့္ စိမ္းသက္သူေတာ့ မဟုတ္ေတာ့ေခ်။ ၾကည့္ရသည္မွာ သေႏၶဖ်က္ခ်ခဲ့ရာမွ ျဖစ္လာခဲ့ျခင္း ျဖစ္ေလာက္သည္။ စနစ္က ဆက္ေျပာသည္။

"သေႏၶသားေလာင္းတေစၦက ႏွစ္မ်ိဳးရွိတယ္၊ တစ္မ်ိဳးကေတာ့ ဝိညာဥ္သေႏၶသားေလာင္းပဲ၊ အျခားတစ္မ်ိဳးကေတာ့ ရန္ၿငိဳးႀကီး သေႏၶသား‌ေလာင္းတဲ့၊ ဝိညာဥ္သေႏၶသားေလာင္းေတြက ဘာရန္ၿငိဳးမွမရွိဘူး၊ သူတို႔က ၿငိမ္းခ်မ္းတယ္၊ ပိုၿပီးေတာ့ေတာင္ ေအးခ်မ္းၾကပါေသးတယ္၊ သူတို႔က မေတာ္တဆပ်က္က်သြားတဲ့ အေျခအေနကေန ျဖစ္လာတဲ့ သေႏၶသားေလာင္းတေစၦပဲ၊ သူတို႔က သူတို႔ရဲ႕ မိခင္နဲ႔အတူ ေနတာက စိတ္ပိုင္းဆိုင္ရာအရ ဆက္စပ္ေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးေၾကာင့္ပဲ၊ အျခားတစ္ဖက္မွာေတာ့ ရန္ၿငိဳးႀကီး သေႏၶသား‌ေလာင္းေတြက ပုံမွန္မဟုတ္တဲ့ ပ်က္က်သြားတဲ့ကိစၥေတြေၾကာင့္ ျဖစ္လာတာ၊ သာမန္အေျခအေနမ်ိဳးမွာဆိုရင္ သူတို႔က မိခင္နဲ႔အတူ ေနႏိုင္တယ္၊ ဒါေပမယ့္ အခ်ိန္ၾကာလာတဲ့အခါ ရန္ၿငိဳးေတြက မ်ားျပားလာလို႔ မိခင္ရဲ႕အသက္စြမ္းအင္က စုပ္ယူခံရတယ္"

စနစ္က အေသးစိတ္ရွင္းျပၿပီး နင္မုန႔္ကို အလြယ္တကူ နားလည္သြားေစသည္။

ထိုစကားအရဆိုလွ်င္ ထိုရန္ၿငိဳးႀကီးသေႏၶသား‌ေလာင္းက မိခင္ျဖစ္သူ၏ ခႏၶာကိုယ္ႏွင့္ ကြဲထြက္ၿပီးေနာက္ ေပ်ာက္ကြယ္သြားေကာင္း ေပ်ာက္ကြယ္သြားရေလာက္သည္။ ထို႔ေၾကာင့္ မိခင္ႏွင့္သာ ကပ္ေနၿပီး အင္အားမ်ားကို စုပ္ယူေနျခင္း ျဖစ္ေလာက္သည္။ အျခားစကားႏွင့္ဆိုရေသာ္ ယြီေရွာင္းလ်န္က ကိုယ္ဝန္ဖ်က္ခ်ရန္ ေ႐ြးခ်ယ္ခဲ့သည္။

နင္မုန႔္ကပင္ အနည္းငယ္ စိတ္ကူးယဥ္ၾကည့္လိုက္မိသည္။

မန္နင္၏ မွတ္ဉာဏ္အရ သူမက အနည္းငယ္ ထိန္းထိန္းသိမ္းသိမ္း ေနတတ္ေသာ မိန္းကေလးမ်ိဳးလည္း ျဖစ္သည္။ သူမက ပထမႏွစ္အေဆာင္အတြင္း တူညီေသာအေၾကာင္းအရာမ်ားကို ေဆြးေႏြးခဲ့ဖူးၿပီး ယြီေရွာင္းလ်န္ကလည္း လက္ထပ္ၿပီးမွ ကေလးယူရန္ လိုလားေၾကာင္းကို ေျပာခဲ့ဖူးသည္။

လက္ရွိအေျခအေနအရမူ သူမက ေျပာသည့္အတိုင္း ဆန႔္က်င္ဘက္လုပ္ခဲ့သည္။

သူမ၏ ကိုယ္ပိုင္ကေလး ျဖစ္ေနကတည္းက နင္မုန႔္က ဆူဆူညံညံ မလုပ္ခ်င္ေတာ့ေခ်။ ဒါက သူမ၏ ကိုယ္ပိုင္ေ႐ြးခ်ယ္မႈ ျဖစ္သည္။ ထို႔ေၾကာင့္ အက်ိဳးဆက္ကို လက္ခံသင့္သည္။

သူမက စနစ္ကို ေမးလိုက္သည္။

"ယြီေရွာင္းလ်န္က ေသမွာလား"

စနစ္ကလည္း ျပန္ေျဖသည္။

"မေသပါဘူး၊ ဒါက ႐ိုးရွင္းတဲ့ တေစၦသေႏၶသားေလာင္းေလးပဲ၊ ရန္ၿငိဳးႀကီးဝိညာဥ္မွမဟုတ္တာ၊ လူကိုလည္း မသတ္ႏိုင္ဘူး၊ ဒါေပမယ့္ အင္အားကို စုပ္ယူဖို႔ အခြင့္အေရးရခဲ့မယ္ဆိုရင္ ယြီေရွာင္းလ်န္ရဲ႕ ခႏၶာကိုယ္က တျဖည္းျဖည္း အားနည္းသြားၿပီး အမ်ားဆုံး အားအင္ခ်ည့္နဲ႔ ၿပိဳလဲက်သြား႐ုံေလာက္ပါပဲ၊ မေသေတာ့ မေသႏိုင္ပါဘူး"

ထိုစကားၾကားမွသာ နင္မုန႔္က စိတ္ေအးသြားသည္။

ဘာပဲျဖစ္ျဖစ္ လူ႔အသက္မဆုံးရႈံးရင္ ၿပီးတာပါပဲ။

သူမ၏ ယင္ယန္မ်က္လုံးကို ျပန္ေတြးမိၿပီးေနာက္ သူမ၏ မ်က္ႏွာက ပ်က္ယြင္းသြားသည္။

"ငါ့ရဲ႕ ယင္ယန္မ်က္လုံးကို ျပန္ယူေပးလို႔ရမလား၊ ဒါက ငါ့ကို အလကားေနရင္း ေျခာက္ေနတယ္"

သူမကဲ့သို႔ တေစၦမ်ားကို မကိုင္တြယ္ႏိုင္သည့္လူတစ္ေယာက္တြင္ ယင္ယန္မ်က္လုံးရွိေနျခင္းက အသုံးမဝင္ေခ်။ ဒါက သူမကို ေသေလာက္ေအာင္သာ ေၾကာက္ေစသည္။ ခ်က္ခ်င္းလိုလို သူမက တိတ္ဆိတ္သြားေတာ့သည္။

စနစ္အေနျဖင့္ ျပန္လည္တုန႔္ျပန္ရန္ အခ်ိန္အတန္ၾကာယူလိုက္သည္။

"မယူဘူး"

နင္မုန႔္က ေျပာသည္။

"ငါသိတယ္၊ အမႈိက္လိုစနစ္"

စနစ္ကလည္း ျပန္ျငင္းသည္။

"ယင္ယန္မ်က္လုံးကလည္း ေကာင္းက်ိဳးရွိတာပါပဲ၊ မဟုတ္ရင္ မင္း ေသာက္ေရခန္းထဲကေန အရွင္လတ္လတ္ ထြက္ႏိုင္မယ္လို႔ ထင္လား"

ဒါအမွန္ပဲ။

ထိုေသာက္ေရခန္းထဲမွ မေတာ္တဆမႈကို ျပန္ေတြးမိေသာအခါ နင္မုန႔္က အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ကံေကာင္းစြာျဖင့္ စနစ္က ထိုသရဲက ထိုေနရာမွထြက္လာၿပီး လူမသတ္ႏိုင္ဟု ေျပာခဲ့သည္။ မဟုတ္လွ်င္ သူမက အရင္ဆုံးေသရမည့္သူ ျဖစ္ေလာက္သည္။

မေန႔ညက သူမ ျမင္ခဲ့ေသာအရာက ေခါင္းေလးသာျဖစ္သည္။ သို႔ေသာ္ ယခုမူ ပို၍ၾကည္လင္လာသည္။ အျဖစ္အပ်က္က လ်င္ျမန္လြန္းေနသည္။

သူမက စိတ္လြတ္ေနခ်ိန္တြင္ တံခါးက ပိတ္သြားသည္။ နင္မုန႔္က အိပ္ယာထဲမွဆင္းၿပီးေနာက္ အတန္းမသြားခင္ သန႔္ရွင္းေရးလုပ္လိုက္သည္။

ထိုေနာက္ပိုင္း ရက္အနည္းငယ္ၾကာၿပီးေနာက္တြင္ ယြီေရွာင္းလ်န္၏ အေနာက္မွ ထိုသေႏၶသားတေစၦ၏ ႐ုပ္သြင္က ပို၍ ၾကည္လင္ျပတ္သားလာသည္။

လည္ပင္းအေနာက္ဘက္ပိုင္းမွ ပခုံးအထိ ေရာက္လာၿပီး တျဖည္းျဖည္းခ်င္း သူ၏ ထူးဆန္းေသာ ေခါင္းျဖင့္ ေတာက္ေလွ်ာက္ ပခုံးေပၚမွီထားကာ ပုံပန္းသြင္ျပင္က ပို၍ထင္ရွားျပတ္သားလာခဲ့သည္။ သူ၏ ေျခလက္မ်ားကလည္း ပီသစြာ ထြက္ေပၚလာေလၿပီး ဟိုေနရာဒီေနရာတြင္လည္း ကိုယ္အဂၤါခ်ိဳ႕ယြင္းေသာ လကၡဏာမ်ားကို ျမင္ႏိုင္သည္။ ေသခ်ာၾကည့္လွ်င္ လိမ္တြန္႔ေနသလို ျဖစ္ေနျခင္း ျဖစ္သည္။

သူမ၏ အၾကည့္ကို အာ႐ုံခံမိသလိုမ်ိဳး ထိုသေႏၶသားတေစၦက ေခါင္းေမာ့လာကာ သူမကို ၾကည့္ၿပီး ၿပဳံးျပလာၿပီး ေက်ာခ်မ္းဖြယ္ေကာင္းလြန္းေသာ ေခ်ာက္ခ်ားေစသည့္ ခံစားခ်က္မ်ိဳးကို သယ္ေဆာင္လာသည္။ သူ၏ ေပါက္ကာစ ေသးငယ္ေသာ သြားမ်ားက အလြန္အမင္း ေၾကာက္စရာေကာင္းသည္။

သူက ရန္ၿငိဳးႀကီးတေစၦဟုတ္ဟုတ္မဟုတ္ဟုတ္ သူမက ေၾကာက္လန႔္သြားရသည္။

နင္မုန႔္က ခ်က္ခ်င္း ေခါင္းလွည့္လိုက္သည္။

သူမက တခဏခန႔္ေတြးၾကည့္သည္။ မန္နင္၏မွတ္ဉာဏ္ထဲတြင္ ယြီ‌ေရွာင္းလ်န္က သူမ၏ လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ေကာင္ေလးႏွင့္အတူ ေလးလခန႔္အၾကာက ခရီးသြားခဲ့သည္။ ထို႔ေနာက္ ေက်ာင္းက စတက္ျခင္းျဖစ္သည္။ သူမထိုကာလအတြင္းက ဖ်က္ခ်ခဲ့ျခင္း ျဖစ္ေလာက္သည္။

ဒီရက္မ်ားတြင္လည္း သူမက ကိုယ္ဝန္ရွိေသာသူႏွင့္လည္း မတူခဲ့ေခ်။ သူမ၏ ဗိုက္ထဲမွ ကေလးက ပူမလာခင္အခ်ိန္ကပင္ ဖယ္ထုတ္ခံလိုက္ရျခင္း ျဖစ္ေလာက္သည္။ သူမက ထိုသို႔ ဖ်က္ခ်ခဲ့သည့္တိုင္ေအာင္ ထိုကေလးက ပုံသ႑ာန္မေပၚေသးေသာ သေႏၶသားေလာင္းအျဖစ္ ထြက္လာခဲ့ျခင္းျဖစ္ေလာက္သည္။

သို႔ရာတြင္ လက္ရွိအခ်ိန္တြင္မူ ထိုသေႏၶသားေလာင္းတေစၦက မ်က္ႏွာသြင္ျပင္ပင္ ထင္ထင္ရွားရွားမေပၚေသာ ပုံသ႑ာန္မ်ိဳးမွ မ်က္ႏွာသြင္ျပင္ ထင္ထင္ရွားရွား ေပၚလာသည္။ ထိုအေျခအေနမွ ယခုဆိုလွ်င္ အသက္စြမ္းရည္ ျပည့္ဝလာၿပီး တစ္ဖက္လူမွစုပ္ယူထားေသာ ခံစားခ်က္မ်ားႏွင့္ပင္ ကိုယ့္ကိုယ္ကို အားျဖည့္ေပးေနၿပီး အင္အားျပည့္လာသည္။

အထူးသျဖင့္ ထိုသေႏၶသားေလာင္း တေစၦက သူမကို ယခုလို ၿပဳံးျပလိုက္ေသာအခ်ိန္တြင္ ျဖစ္သည္။ အလြန္အမင္း ထူးဆန္းေနၿပီး သူမက ျမင္ႏိုင္ေနျခင္းကို သိသြားသလို ထင္ရသည္။

ကံေကာင္းစြာျဖင့္ ထိုအေတာအတြင္း ဘာမွျဖစ္မလာခဲ့ေခ်။

သူမက မၾကာခဏဆိုသလို ေရွာင္းလ်န္ႏွင့္ ဆုံေသာအခါ ထိုသ‌ေႏၶသားေလာင္းတေစၦကို လ်စ္လ်ဴရႈထားသည္။ သို႔ေသာ္ ထိုသေႏၶသားေလာင္းတေစၦက သူမႏွင့္ နီးကပ္ခ်င္ေနဟန္ ရသည္။ မည္သို႔ပင္ဆိုေစ သူမ၏ ခႏၶာက သဘာဝအေလ်ာက္ ယင္စြမ္းအင္မ်ားျပားေလရာ ထိုသို႔ ဆိုးယုတ္ေသာ အရာမ်ားက သေဘာက်သည္။

သေႏၶသားေလာင္းတေစၦကလည္း ယြီေရွာင္းလ်န္၏ အျပဳအမူမ်ားကို အနည္းႏွင့္အမ်ား သက္ေရာက္ေစႏိုင္စြမ္း ရွိသည္။ တစ္ခါတရံတြင္ သူမက စိတ္လြတ္လက္လြတ္ျဖစ္ၿပီး ဘာျဖစ္မွန္းမသိေတာ့ဘဲ အသိျပန္ဝင္ခ်ိန္တြင္ နင္မုန႔္၏ အနီးအနားတြင္ ရွိေနေၾကာင္းကို သတိထားလိုက္မိၿပီး မ်က္ႏွာက ပ်က္ယြင္းသြားသည္။ ထိုအခါ သူမက မည္းေမွာင္ေသာ မ်က္ႏွာထားျဖင့္ ထြက္သြားေပလိမ့္မည္။

အခ်ိန္တိုင္း ထိုသို႔ ထပ္ခါတလဲလဲ ျဖစ္ေနေသာအခါ နင္မုန႔္က မ်က္လုံးသာလွန္ျပလိုက္သည္။

ဖ်က္ခ်ၿပီးခ်ိန္ကတည္းက ယြီေရွာင္းလ်န္၏ စိတ္သေဘာထားက ဆိုး႐ြားသည္ထက္ ဆိုးလာၿပီး အထူးသျဖင့္ သူမကို ရန္လိုလာသည္။ ထို႔ေနာက္ ထိုရန္လိုမႈက ရန္ယြီက်ဲထံေရာက္သြားသည္။ သို႔ရာတြင္ သူမက ရန္ယြီက်ဲကို တိတ္တဆိတ္သာ ေအာ္ဟစ္ရဲသည္။ နင္မုန္႔က ထိုအေျခအေနကို ႀကဳံရေသာအခါ အံ့ဩသြားရသည္။

စနစ္၏ စကားမ်ားက မမွားေခ်။ ယြီေရွာင္းလ်န္က ဒီရက္မ်ားအတြင္း ကံေကာင္းမႈ ေပ်ာက္ဆုံးသြားသည့္အေရးမွ တန္ျပန္အားကို ခံစားေနရျခင္း ျဖစ္သည္။

ပထမတစ္ႀကိမ္တြင္ သူမက အိပ္ယာအေပၚထပ္မွ ေအာက္သို႔ ျပဳတ္က်ၿပီး ေျခေထာက္က်ိဳးလုနီးပါးပင္ ျဖစ္သြားခဲ့သည္။ သူမက ေဆးေပးခန္းသို႔ သြားၿပီး ဒဏ္ရာကို ကုသခဲ့ၿပီးေနာက္ ႏွစ္ရက္ခန႔္အထိ အနားယူခဲ့ရသည္။ ထို႔ေနာက္မွသာ သာမန္လို ျပန္လႈပ္ရွားႏိုင္ခဲ့သည္။

သို႔ေသာ္ ထိုႏွစ္ရက္တာအေတာအတြင္း ကိစၥေပါင္းမ်ားစြာ ျဖစ္ပြားခဲ့သည္။

ဥပမာအေနျဖင့္ သူမက စာသင္ခန္းသို႔ အတန္းတက္ရန္ သြားေသာအခါ သူမက ထိုင္လိုက္သည့္ တခဏတြင္ ထိုင္ခုံက က်ိဳးက်သြားသည္။ ထိုသို႔ျဖင့္ ေလ်ာ္ေၾကးေပးရလုနီးပါးပင္ ျဖစ္သြားခဲ့ေသးသည္။

သူမက အေဆာင္သို႔ ျပန္လာေသာအခါ လက္က တံခါးႏွင့္ ညႇပ္သြားၿပီး လက္ေခ်ာင္းကပင္ ခရမ္းေရာင္အတိ သမ္းသြားသည္။

သူမက ထိုသို႔ေသာ ကံဆိုးေသာ ကိစၥမ်ားဆက္တိုက္ျဖစ္ခ်ိန္တိုင္း နင္မုန႔္ကလည္း သူမ၏ ပခုံးေပၚတြင္ မွီေနေသာ ထိုသေႏၶသားေလာင္းတေစၦက တက္ႂကြေနၿပီး ေျခလက္မ်ားလႈပ္ရွားကာ ေအာင္ပြဲခံလုနီးပါးျဖစ္ေနေၾကာင္း ျမင္လိုက္ရသည္။ အခ်ိန္ၾကာလာသည့္အခါ သူမက က်င့္သားရေနေလၿပီ။

တစ္ညေနတြင္ ရွီခ်ီက အစားထိုးသင္လာသည္။

အတန္းထဲရွိ ေကာင္မေလးမ်ားကလည္း အတန္းထဲသို႔ ေစာေစာလာသည္။ ထို႔ေၾကာင့္ နင္မုန္႔ေရာက္ေသာအခါ အတန္းခုံမ်ားအားလုံးနီးပါးက ျပည့္ႏွက္ေနၿပီး ေနာက္ဆုံးတစ္တန္းမွ ထိုင္ခုံသာ က်န္ေတာ့ေၾကာင္း ျမင္လိုက္ရသည္။ သူမက တိတ္တဆိတ္ ထိုေနာက္ဆုံးတန္းတြင္ ဝင္ထိုင္လိုက္သည္။

စာဂ်ပိုးသရဲကလည္း စင္ျမင့္အစြန္နားတြင္ ရွိေနၿပီး တက္တက္ႂကြႂကြ မွတ္စုမ်ား ေရးေနသည္။ သူ၏ လွ်ာကပင္ တစ္လစ္ထြက္လိုက္ ေနာက္ျပန္ဝင္လိုက္ျဖစ္ေနၿပီး အလြန္စိတ္ပါဝင္စားစြာ စာေလ့လာေနဟန္ရသည္။

သူမက ေရာက္လာေၾကာင္းျမင္ေသာအခါ သူက သူမကို မုန္းတီးစြာ စိုက္ၾကည့္လိုက္သည္။ သို႔ေသာ္ အနားသို႔ကပ္မလာရဲခဲ့ေခ်။ စင္အစြန္းနားဘက္သို႔ပင္ ျပန္က်ဳံ႕သြားေသးသည္။

သူကသာ သူမ၏အနားသို႔ ကပ္လာလွ်င္ ဒီေန႔ဝင္ေသာဆရာက သူႏွင့္ စာရင္းရွင္းေလာက္ေသာေၾကာင့္ သူ၏ ေသးငယ္ေသာ အသက္‌ေလးကို ထိန္းသိမ္းႏိုင္ရန္ အလို႔ငွာ သူက သူမကို ေရွာင္ရွားျခင္းက အေကာင္းဆုံးျဖစ္သည္။ ထိုဆရာကသာ သူ၏ ေမးခြန္းမ်ားကို သူမကို ေျဖခိုင္းလိုလွ်င္လည္း သူက ေ႐ြးခ်ယ္စရာ မရွိေတာ့ဘဲ သူမကိုသာ ေျဖခိုင္းရေတာ့ေပမည္။

နင္မုန႔္က သူ႔ကို ၾကည့္မေနေတာ့ေခ်။ ေမွ်ာ္လင့္ထားစြာပင္ အတန္းက စေတာ့မည့္အခ်ိန္တြင္ပင္ ကုနန္ခ်န္က အေနာက္ေပါက္မွ ဝင္လာၿပီး သူမ၏ေဘးတြင္ ဝင္ထိုင္သည္။ နင္မုန႔္က ကုနန္ခ်န္ကို လ်စ္လ်ဴရႈလိုက္ၿပီး ဖုန္းကိုသိမ္းကာ စာအုပ္ကို ဖြင့္လိုက္သည္။ သို႔ေသာ္ ကုနန္ခ်န္ကိုမူ လ်စ္လ်ဴရႈထားသည္။

ကုနန္ခ်န္က တစ္စုံတစ္ရာ ေျပာလိုေသာ္လည္း ရပ္တန႔္လိုက္သည္။ ဆရာက မလာေသးေၾကာင္း ျမင္ေသာအခါ သူမက မေနႏိုင္ဘဲ ေျပာလိုက္သည္။

"မန္နင္ အရင္တစ္ေခါက္က ငါ တကယ္လုပ္စရာ ရွိေနလို႔ပါ၊ ဒါေၾကာင့္ ငါ အရင္ထြက္သြားခဲ့တာ၊ နင္ အဲ့ဒီအတြက္ ငါ့ကို စိတ္မဆိုးဘူးမဟုတ္လား"

တူညီေသာေလသံ၊ တူညီေသာ စကားေျပာဟန္ ျဖစ္သည္။

နင္မုန႔္က ေခါင္းလွည့္ၾကည့္လိုက္သည္။

"မဆိုးပါဘူး"

"ဒါဆိုရင္ ေတာ္ေသးတာေပါ့"

ကုနန္ခ်န္က ေဖ်ာ့ေတာ့စြာ ၿပဳံးသည္။ သူမ၏ စကားကလည္း ညင္သာႏူးညံ့ေနေသးသည္။ ထို႔ေနာက္ သူမက သနားစဖြယ္အမူအရာကို ခ်ိတ္ဆြဲလိုက္ျပန္သည္။

"တကယ္ေတာ့ အဲ့ဒီေန႔က နင့္ရဲ႕ေလသံကို ငါေၾကာက္သြားတာ"

နင္မုန႔္၏ မ်က္ႏွာက ျဖဴေဖ်ာ့သြားသည္။ သူမ ထိုစကားအေၾကာင္း ရင္နာသြားသလိုမ်ိဳး ကုနန္ခ်န္ကို ဝမ္းနည္းစြာ ၾကည္လိုက္သည္။

"ခ်န္ခ်န္ နင္ တကယ္ ငါ့ကို အဲ့ဒီလို ေတြးေနတာလား၊ နင့္မွာ အဲ့ဒီလိုအေတြးမ်ိဳးရွိေနမယ္လို႔ေတာင္ ငါ မထင္ထားမိဘူး"

သူမက ဒီလိုသ႐ုပ္ေဆာင္ရာတြင္ အလြန္အမင္း ကြၽမ္းက်င္ေနၿပီျဖစ္သည္။ အေၾကာင္းမူကား ညအိပ္ယာမဝင္ခင္တိုင္း မွန္ေရွ႕တြင္ အေတြ႕အႀကဳံရေအာင္ မၾကာခဏ ‌ေလ့က်င့္ေလ့ရွိသည္။

ကုနန္ခ်န္ကမူ ေၾကာင္သြားၿပီး အခ်ိန္မီ မတုန႔္ျပန္ႏိုင္ေတာ့ေခ်။

မန္နင္က အခု ေတာင္းပန္လာသင့္တာ မဟုတ္ဘူးလား။ ဘာလို႔ ႐ုတ္တရက္ႀကီး ငါ့အမွားျဖစ္သြားတာလဲ။

နင္မုန႔္က ဦးေႏွာက္ကို လ်င္ျမန္စြာ လႈပ္ရွားလိုက္ၿပီးေနာက္ ဆက္လက္ၿပီး သ႐ုပ္ေဆာင္ရန္ ဆုံးျဖတ္လိုက္သည္။ ဒီတစ္ႀကိမ္တြင္ သူမက မငိုဘဲ ေလသံကမူ မေက်မနပ္ျဖစ္ဟန္ ေပါက္သြားသည္။

"ငါ သိတယ္၊ ခ်န္ခ်န္ နင္ တကယ္ ငါ့ကို သေဘာမက်ပါဘူး၊ ငါက နင့္ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ခ်ည္းကပ္ခဲ့တယ္လို႔ နင္ ေတြးေနတာ မဟုတ္လား"

ကုနန္ခ်န္၏ ဦးေႏွာက္က အနည္းငယ္ လႈပ္ရွားႏိုင္စြမ္းအား ကင္းမဲ့သြားသည္။ သို႔ေသာ္ နင္မုန႔္က ဆက္ေျပာသည္။

"ဒါေပမယ့္ ငါက နင့္ကို တကယ္သေဘာက်တာေလ၊ ငါ အိပ္မေပ်ာ္ခင္အခ်ိန္တိုင္း နင့္ကိုပဲ ေန႔တိုင္း ေတြးေနမိတာ"

နင္မုန႔္က စားပြဲေပၚတင္ထားေသာ ကုနန္ခ်န္၏ လက္ကို ေခ်ာေမြ႕စြာ လာထိၿပီး အနည္းငယ္ကုတ္လိုက္သည္။

ကုနန္ခ်န္က ၾကက္သီးထသြားၿပီး သတိႀကီးႀကီးထားကာ သူမကို စိုက္ၾကည့္လာသည္။ သူမက အနားကပ္လာေတာ့မလို ျပင္ေနေၾကာင္း ျမင္ေသာအခါ ေနာက္ဆုံးတြင္ မေနႏိုင္ေတာ့ဘဲ မတ္တပ္ထရပ္လိုက္သည္။

နင္မုန႔္ကပင္ အလြန္အံ့ဩသြားရသည္။

သူမက ပါးစပ္ေလးကိုအုပ္ၿပီး ကုနန္ခ်န္ကို ဝမ္းနည္းညႇိဳးငယ္စြာ ၾကည့္လိုက္သည္။ သူမ၏ ေဖ်ာ့စင္းေနေသာ မ်က္ခုံးကပင္ အနည္းငယ္ ကုတ္က်သြားၿပီး အလြန္ပင္ သနားစဖြယ္ေကာင္းကာ စိတ္ဓာတ္က်ေနျခင္းႏွင့္ တူသည္။

ကုနန္ခ်န္က ေခါင္းထပ္ကိုက္သြားရျပန္သည္။ အေရွ႕ဘက္သို႔ တခ်က္ၾကည့္လိုက္ၿပီးေနာက္ အလယ္ေနရာတြင္ ေနရာလြတ္တစ္ခု ရွိေၾကာင္း ျမင္လိုက္ရသျဖင့္ ထိုေနရာသို႔ အေျပးသြားလိုက္သည္။

သူမက အလြန္ပင္ေၾကာက္စရာေကာင္းေသာေနရာမွ ထြက္ေျပးသလိုမ်ိဳး ပုံစံမ်ိဳးျဖင့္ ေျပးသြားေၾကာင္း ျမင္ေသာအခါ နင္မုန႔္က စိတ္ရႈပ္သြားသည္။

ကုနန္ခ်န္က ငါ့ကို မုန္းေပမယ့္ အၿမဲတမ္း ခ်ည္းကပ္ခဲ့တာမဟုတ္ဘူးလား။ တကယ္ပဲ သူမရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ။

ပ်င္းလြန္လြန္းလို႔ ကိုယ့္ကိုယ္ကို လာၿပီးအႏွိပ္စက္ခံတာလား။

နင္မုန႔္က စိတ္ရႈပ္သြားသည္။ ထို႔ေနာက္ ေခါင္းကို ငုံ႔လိုက္ၿပီး ဖုန္းကိုသာ ဆက္ၾကည့္ေနလိုက္သည္။

သူမက ေန႔တိုင္းလိုလို ဖိုရမ္ကို ဝင္ၾကည့္ေသာအက်င့္ရေနၿပီ ျဖစ္သည္။ သူမက စာတစ္ေၾကာင္းကို ျပန္ၿပီးေနာက္ ေမာ့ၾကည့္လိုက္ေသာအခါ သူမ၏အေရွ႕တန္းမွ ေကာင္မေလးတစ္ေယာက္က သူမကို စိုက္ၾကည့္ေနေၾကာင္း ျမင္လိုက္ရသည္။ ထိုေကာင္မေလးက အၾကည့္ခ်င္းဆုံသြားသည့္အတြက္လည္း ရွက္သြားဟန္မရဘဲ ေျပာလာသည္။

"မန္နင္ နင္က ဒီလိုမ်ိဳးျဖစ္ေနမယ္လို႔ ငါမထင္ထားဘူး"

နင္မုန႔္က မ်က္ႏွာေသျဖင့္ ေမးသည္။

"ငါ ဘာေျပာမိလို႔လဲ"

ေကာင္မေလးက တခစ္ခစ္ရယ္သည္။ သူမ၏ မ်က္ႏွာထား လ်င္ျမန္စြာ ေျပာင္းလဲႏိုင္သည့္အတြက္လည္း အံ့ဩသြားဟန္ျဖင့္ ေျပာလာသည္။

"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့"

ထို႔ေနာက္ သူမက ေနာက္သို႔ မွီခ်လိုက္ၿပီး စိတ္ရႈပ္ေထြးေသာ မ်က္ႏွာထားမ်ိဳးျဖင့္ ေျပာလိုက္သည္။

"တကယ္ေတာ့ ငါ အရင္က နင့္ကို ေသခ်ာသတိမထားမိဘူး၊ ဒါေပမယ့္ ကုနန္ခ်န္နဲ႔ ကိစၥျဖစ္ၿပီးေတာ့မွ ငါ နင့္ကို သတိထားမိတာပဲ"

နင္မုန႔္က စိတ္ဝင္တစားနား‌ေထာင္ေနၿပီး ေခါင္းေမာ့ကာ သူမကို စိုက္ၾကည့္လိုက္သည္။

....

Ga verder met lezen

Dit interesseert je vast

30.9K 2.5K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
887K 108K 200
English Name: Back to the Sixties: Farm, Get Wealthy & Raise the Cubs Associated Names:重回六零:种田发家养崽崽 Chinese Author: NanFangLiZhi Southern Lychee 南方荔枝...
3.6K 360 86
Zawgyi + Unicode Daoist Master of Qing Xuan မူရင္းေရးသားသူ - Zhong Yuan Wu Bai ဘာသာျပန္ဆိုသူ - ဇင္ေျပ Total episodes - 1024 Daoist Master of Qing Xua...
124K 13.4K 141
ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့ ချိုချို ကြောက်ကြောက်.. ချိုကြောက်၊ ကြေ...