မျက်နှာကြက်တွင် ဘာမှန်းသေချာမသိသောအရာကြီးက ပင့်ကူတစ်ကောင်လိုကပ်တွယ်နေသည်။ထိုအရာကြီးမျက်နှာ သူတို့ဘက်လှည့်လိုက်ချိန်တွင် အကုန်လုံးအော်လိုက်ချင်ပေမယ့် တစ်ခုခုကပိတ်ပင်ထားသကဲ့သို့ အသံထွက်မရခဲ့ပေ။
ထိုပင်ကူကဲ့သို့အရာကြီးက ခနအကြာတွင် လေထဲတွင်လွင့်မျောနေပြန်သည်။သူတို့ရှေ့တည့်တည့်တွင် လွင့်မျောနေလျှက် သူတို့အားစိုက်ကြည့်ကာ အူလှိုက်သည်းလှိုက်ရယ်သည်။
ထို့ကြောင့်သူ၏ပါးစပ်ဟာ နားရွက်နားထိရောက်အောင်ကျယ်သွားကာ အတွင်းမှ သွားချွန်ချွန်များကိုမြင်နေရသည်။ရယ်မောမှုကြောင့် ခန္ဓာကိုယ်ဟာလှုပ်ရမ်းနေပြီး သူ၏ပေါ်နေသောအရိုးများ တ 'ဂွက်' 'ဂွက်'
ရိုက်သံကို တိတ်ဆိတ်နေသာအိမ်အတွင်းအတိုင်းသားကြားနေရသည်။
"မင်းတို့ကငါ့ကိုမမှတ်မိဘူးကို ငါကမင်းတို့အတန်းပိုင်ဆရာမလေ"
အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
"ဟားဟား မှတ်မိစရာလဲမလိုပါဘူး အကုန်သေရမှာပဲကို မှတ်မိပြီးဘာလုပ်မှာလဲ"
"မင်းတို့အကုန်လုံး အသက်ရှင်ချင်ရင် ဒီအခန်းတံခါး7ခုကိုဖြတ်ရမယ် ကြိုက်ရာတံခါးကိုခွဲဝင်လို့လဲရတယ် ဘာပဲဖြစ်ဖြစ်သေမှာပဲလေ တံခါးတစ်ခုစီတိုင်းမှာနေရာတစ်ခုစီရှိတယ် မင်းတို့ဝင်လိုက်တဲ့တံခါးကမင်းတို့ရဲ့ပထမဆုံးတံခါးပဲ ပြီးရင်ကျန်တဲ့တံခါးတေကိုလှည့်ပတ်ပြီးဒုတိယတတိယကွဲသွားမှာ တံခါးတိုင်းမှာ ထွက်ပေါက်ရှာဖို့ အချိန်7ရက်ရှိတယ် ကျန်တာတေကမင်းတို့ကိုယ်တိုင်ရှာဖွေရမှာတေပဲ ကယ်ကလေးတို့ ကံကောင်းပါစေ ဟားဟားဟားဟား"
စကားဆုံးသည်နှင့် သူမ၏ခန္ဓာကိုယ်ကအောက်သို့ကျလာကာ အသားကြိတ်စက်ထဲထည့်ခံထားရသည့် အသားဘဝကိုရောက်သွားသည်။ကြမ်းပြင်တွင် သူမ၏ကိုယ်တွင်းအင်္ဂါများ၊အရိုးများနှင့် အသားစများစုပုံနေကာ သွေးညှီနံ့ကလှိုင်လှိုင်ထလာသည်။
သူမကိုယ်ထဲမှအရိပ်မဲတစ်ခုကတော့ ခြံပြင်သို့ထွက်သွားသည်။မိန်းကလေးအများစုက အော့အန်ကျကာ ယောကျ်ားလေးတစ်ချို့တောင်ပါသေးသည်။
"အဲ့..အဲ့တာကြီးက တကယ့်အသားအစစ်တေလား"
"သိချင်လာကိုင်ကြည့်လေ"
ထစ်အစွာမေးသောကျောင်းသား၏စကားကို
လူအုပ်၏ အရှေ့ဘက်ရှိတစ်ဦးတည်းသောကျောင်းသူကဖြေသည်။သူမမျက်နှာကစိတ်ရှုပ်ထွေးနေဟန်။ကြောက်လန့်မှုအနည်းငယ်လည်းပါဝင်သည်။
ဆော့ဂျင်ကိုယ်တိုင်လဲထိုမြင်ကွင်းကို ရှင်းလင်းစွာမြင်လိုက်ရသောကြောင့် မအန်မိအောင်ထိန်းချုပ်ထားရသည်။
"ငါတို့ တံခါးတေထဲဝင်မှရမယ်"
ဆော့ဂျင်၏ဘေးမှဂျောင်ကုကတည်ငြိမ်သောအသံဖြင့်ပြောသည်။ခနက ကျောင်းသားအားပြောသောကျောင်းသူကောင်မလေးကလဲ ခေါင်းညိတ်ထောက်ခံသည်။
"မင်းရူးနေတာလား ဘာကိစ္စဝင်ရမှာလဲ
ပြောသွားတာမကြားဘူးလား သေမှာတဲ့
အထဲဝင်ရင်သေမယ့်ဟာကို အသေခံပြီးဝင်စရာလား"
"အေးလေ ငါတို့မိဘတေကိုဖုန်းဆက်ပြီး ဒီတိုင်းစောင့်နေလိုက်ရင်ရော သူတို့လာခေါ်မှာပဲဟာ"
"နင့် ဖုန်းလိုင်းကိုအရင်ကြည့်ဦး
လိုင်းမမိတဲ့ဖုန်းနဲ့ ခွေးကိုတောင်လှမ်းဆက်လို့မရဘူး"
အကုန်လုံးဖုန်းလိုင်းကိုကြည့်မိတော့ သူမပြောသလိုပင် လိုင်းမမိ။
"နင်..နင်ဝင်ပြောစရာမလိုပါဘူး နင်ကအတန်းထဲမှာဥာဏ်အကောင်းဆုံးကျောင်းသူဆိုပြီးဘဝင်မြင့်နေစရာမလိုဘူး ဂျီဆောင်ယွန်း"
ဂျီဆောင်ယွန်းဆိုသောမိန်းကလေးဟာ ကနဦးကကျောင်းသားအား ပြောခဲ့သောမိန်းကလေးပင်ဖြစ်သည်။သူမက ထိုကျောင်းသူ၏စကားအား ပြက်လုံးတစ်ခုကြားရသလိုရယ်လိုက်ပြီး
"စောက်ရမ်းနေချင်နေတယ်ဆို နင်ပဲနေခဲ့
ငါတော့တံခါးထဲပဲဝင်မယ်"
"ငါတို့တံခါးထဲဝင်ဖို့လိုတယ် သူပြောသွားတဲ့ထဲ တံခါးထဲမှာထွက်ပေါက်ရှိတယ်ဆိုတာလဲပါတယ်လေ"
ဆော့ဂျင်ရဲ့စကားကြောင့် နေခဲ့ချင်နေသောတစ်ချို့ကတွေဝေသွားကာ မတ်တပ်ထရပ်လာသည်။
နောက်ဆုံးတွင်လူတစ် 30ကျောက်လောက်က နေခဲ့ရန်ရွေးချယ်ခဲ့ပြီးအားလုံးက တံခါးထဲဝင်ရန်လုပ်ကြသည်။
ဆော့ဂျင်အားဂျောင်ကုကလွယ်အိတ်အလွတ်တစ်လုံးလာပေးသည်။
"ဘာလဲ"
"လိုရမယ်ရ"
"ဘာလိုမှာလဲ လွယ်အိတ်အလွတ်ပဲကို"
"တံခါးထဲမှာလိုအပ်တာတေ ထည့်ရမယ်"
"အော် ဒါပေါ့"
သူထိုသို့ပြောပြီး ဘေးနားမှမုန့်တစ်ချို့ကိုကောက်ထည့်သည်။အစာငတ်တော့အသေမခံနိုင်။
သူနှင့်ဆန့်ကျင်စွာ ဂျွန်ဂျောင်ကုက ဓာတ်မီးတစ်လတ်နှင့်ပစ္စည်းတေဖြတ်ရန်ယူလာသော ဓားတစ်ချောင်းကို ကောက်ထည့်သည်။သူ့ကိုတော့စိတ်ပျက်သလိုကြည့်သွားသေးသည်။
လူအားလုံးတံခါးတစ်ခုအတွင်းဝင်ရောက်သွားကာ ပျောက်ကွယ်သွားတော့သည်။
..........
"ဘယ်နေရာကြီးလဲ"
"ဆေးရုံထင်တယ်"
"ဆေးရုံကို ဘယ်လိုရောက်လာတာတုန်း"
"တံခါးကိုဖြတ်လာတာလေ"
သူတို့သည် ဆေးရုံတစ်ခု၏လျှောက်လမ်းအလည်တွင်ရှိနေပြီး လူနာများနှင့်သူနာပြုများက သူတို့အားရှိသည်လို့တောင်မထင်ပေ။
အားလုံးအတူဆက်လျှောက်လာကြရင်း လမ်းတွင် လူနာတေကိုကိတ်မုန့်ကျွေးနေသောသူနာပြုများကိုတွေ့ရကာ လူနာများကမစားချင်၍ငြင်းနေသည်မှာ အဆိပ်ကျွေးနေသလိုပင်။
အုပ်စုလိုက်လှုပ်ရှားရန် အဆင်မပြေမှုကြောင့်
လူခွဲကာ ထွက်ပေါက်၏သဲလွန်စရှာရန်
ထွက်သွားကြသည်။
2ယောက်တစ်တွဲသို့မဟုတ် 3ယောက်တစ်တွဲ
သို့မဟုတ် 4,5ယောက်တွဲ၍ထွက်သွားသည်။
1ယောက်ထဲသွားသူမှာ ဂျီဆောင်ယွန်းဆိုသည့် ကောင်မလေးသာရှိသည်။
.......
သဲလွန်စလိုက်ရှာရင်းတစ်ဖြေးဖြေးညနေစောင်းလာသည်။ဆော့ဂျင်၊ဆော့ဂျွန်းနှင့်ဂျောင်ကု3ယောက်စလုံး ဘာမှမတွေ့ကြ။
မကြာခင်ဓာတ်ခွဲခန်းတစ်ခုရှေ့သို့ ရောက်လာကြကာ အထဲသို့ဝင်လိုက်ကြသည်။
ဓာတ်ခွဲခန်းတွင် ဓာတုဗေဒပစ္စည်းများစွာတွေ့ရပြီး ဂျွန်ဂျောင်ကု ဘယ်တုန်းကယူထားမှန်းမသိသော ပလတ်စတစ်ရေဘူးတစ်ဘူးအားထုတ်ကာ အထဲသို့ ဆာလဖာ(ကန့်)မှုန့်များကိုလောင်းထည့်လိုက်သည်။
ထို့နောက်သူတို့စားသောက်ခန်းကိုဖြတ်စဥ်ကယူလာခဲ့သော fire lighterနှင့်ရေဘူးထိပ်ကိုတွဲကာ တိပ်နှင့်ပတ်နေသည်။
ဆော့ဂျင်နှင့်သူ့သူငယ်ချင်းဆော့ဂျွန်းတို့နှစ်ယောက်လုံး ဂျောင်ကုဘာလုပ်နေလဲနားမလည်ကြပေ။ထို့ကြောင့်ဆော့ဂျင်ကပဲမေးရန်ပြင်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
"ကာကွယ်ရေးပစ္စည်း"
"ဒါကတကယ်ကာကွယ်ပေးနိုင်လို့လား"
"အင်း"
"ဘယ်လိုလုပ်ရတာလဲ ပြောပြလေ"
"ဒါကဒီလို..."
ဂျွန်ဂျောင်ကုသူ့ကိုပြောပြတော့မည့်အချိန်တွင် အပြင်မှ ဂယောက်ဂယက်ဖြစ်နေသည်ကိုကြားလိုက်ရပြီး သူတို့အတန်းဖော်တေက အော်ဟစ်ပြေးလွှားနေကြသည်။
ထို့အပြင် အခန်းအပြင်မှလူနာများသည်သူတို့အား စူးစိုက်ကြည့်နေသည်ကိုလည်း ထိတ်လန့်ဖွယ်မြင်လိုက်ရသည်။
.............
27.11.23
ရှင်းလင်းချက်
ဆာလဖာ(ကန့်)
မီးလောင်ရာတွင် အခြေခံလိုအပ်သောအရာဟုခေါ်ဆိုနိုင်သောအရာ
ဂျောင်ကုသုံးတဲ့ ပလတ်စတစ်ရေဘူး
ဘူးကိုညှစ်လိုက်တဲ့အခါလေထွက်ပါတယ်။
Fire lighter
ခလုတ်လေးကိုနှိပ်လိုက်တဲ့အခါ မီးတောက်လေးထွက်လာပါတယ်။
ဒီ3ခုကိုပေါင်းတဲ့အခါမီးတောက်ထွက်ပေါ်လာနိုင်ပါတယ်။လုပ်ရမယ့်ပုံစံကတော့
အရင်ဆုံးရေဘူးထဲကို ဆာလဖာ(ကန့်)မှုန့်ကိုထည့်ထားရမယ်။
Fire lighterနဲ့ ရေဘူးရဲ့ထိပ်ကိုတွဲချည်ထားရပါမယ်။
Fire lighterရဲ့ခလုတ်ကိုနှိပ်ထားပြီး ရေဘူးကိုညှစ်လိုက်တဲ့အခါ ဆာလဖာ(ကန့်)နဲ့ အောက်ဆီဂျင်(လေ)တို့ပေါင်းစပ်သွားပြီး
လောင်ကျွမ်းစေတဲ့ မီးတောက်ကိုရရှိမှာဖြစ်ပါတယ်။
စာရေးသူ၏အမှာစကား
ဖတ်ရှုသူများအားလုံးကိုကျေးဇူးတင်ပါတယ်။အပေါ်မှာပြောထားတဲ့နည်းလေးကတော့ ကိုယ်သိတာလေးကိုအတိအကျပြန်ရှာပြီးထည့်ရေးထားပေးတာပါ။နောက်အပိုင်းတေလဲမျှော်ပေးကြပါဦး။