1.0

105 12 11
                                    

အပျော်ခရီးတွင်တစ်တန်းလုံးပါသဖြင့် လူဦးရေမှာအတော်လေးများကာ ခရီးသွားကားတေဖြင့်လူခွဲကာ စီးနှင်လာကြသည်။ဆော့ဂျင်တို့ရဲ့ကားကထိပ်ဆုံးကသွားနေပြီး အတန်းပိုင်ဆရာမကလဲလမ်းပြပေးရန် ပါလာခဲ့သည်။

သူ့ဘေးတွင် သူ့ခရက်လေးဂျွန်ဂျောင်ကုက နားကြပ်တပ်ကာ မျက်လုံးတေမှိတ်ထားသည်။

"ဟေး..မင်းအိပ်နေတာလား"

"...."

"မအိပ်သေးရင် စကားပြောရအောင်လေ"

"...."

"အမ်..တကယ်ကြီးအိပ်နေတာလား"

တုန့်ပြန်သူမရှိသေးပေ

"ဂျောင်ကုဂါး အိပ်တာလားမအိပ်တာလား"

"ကျစ်!"

ဂျွန်ဂျောင်ကုတစ်ယောက်မျက်လုံးပွင့်လာကာ ကင်မ်ဆော့ဂျင်ကိုထသတ်တော့မလိုကြည့်သည်။

"ဟေ့ မင်းငါ့ကိုအဲ့လိုမကြည့်နဲ့လေ
ငါဘာလုပ်မိလို့လဲ"

"ဘာလုပ်မိလို့လဲဟုတ်လား..ငါအိပ်မအိပ်ကိုသိပြီးမင်းဘာလုပ်မလို့လဲ တစ်ခါနှစ်ခါပြန်မဖြေရင်အိပ်နေတာဆိုပြီး ငြိမ်လိုက်သင့်တာမဟုတ်ဘူးလား ချီးထဲမှ ဘေးနားတစ်တွတ်တွတ်လာရွတ်နေ"

"ဟဲဟဲ ငါမင်းမအိပ်မှန်းသိလို့ခေါ်နေတာလေ"

ဂျောင်ကုကဘာမှမပြောတော့ပဲ စိတ်ပျက်သလိုမျက်လုံးလှန်ပြကာ ပြတင်းပေါက်ဖက်ပြန်လှည့်သွားသည်။

ဆော့ဂျင်လည်းစပ်ဖြီးဖြီးဖြင့် ကားအတွင်းမျက်လုံးဝေ့ကြည့်လိုက်သည်။

လူတိုင်းကကိုယ်စီအလုပ်ရှုပ်နေကြကာ သူတို့ကိုအာရုံစိုက်နေသူလဲမရှိပေ။စကားပြောသံများနှင့်သာဆူညံနေသည်။သို့သော် သူတစ်ခုခုမူမမှန်တာကိုသတိပြုမိသွားသည်။

'ကားဆရာရဲ့ခေါင်းကဘာလို့ ဇက်ကြိုးနေသလိုစောင်းကျနေတာပါလိမ့်'

ကားကပုံမှန်သာသွားနေပြီး အဆင်လဲပြေနေတာမို့ သူစိတ်ထင်တာဟုသာမှတ်ယူလိုက်သည်။

ထို့နောက်ပါလာတဲ့မုန့်တေထုတ်ကာစားရင်း သူ့ဘေးကဂျောင်ကုကိုလဲ တစ်ခါတစ်လေသွားခွံ့ကျွေးတတ်သေးသည်။ဟိုကအော်ထုတ်ပေမယ့် မရတဲ့အဆုံးစားလိုက်ရတာပင်။

Find Way to outOnde histórias criam vida. Descubra agora