နှောင်းလဲရေမိုးချိုးပြီးတော့ ၀သာန်လဲအပြင်ထွက်သွားသည်မို့ ပျင်းနေသည်နှင့် အိမ်အောက်က ဒန်းလေးမှာထိုင်ဖို့ထွက်လာလိုက်သည် ဒန်းနားရောက်တော့ ဒန်းပေါ်ထိုင်နေတဲ့ အကိုဝသုန်ကိုတွေ့တော့ ပြန်ဖို့ပြန်လှည့်လိုက်တော့
"ညို "
"ဟုတ် "
နှောင်းလဲပြန်ဖို့မကောင်းတာနဲ့ပဲ ရှိနေတဲ့နေရာမှာပဲရပ်နေလိုက်တော့သည် ကိုဝသုန်ကလဲထလာကာ နှောင်းရဲ့အရှေ့မှာလာရပ်သည်
"ကိုယ့်ကိုရှောင်နေတာလား ညို ဘာလဲကိုယ်ကကြောက်စရာများကောင်းနေလို့လား "
"မဟုတ်ပါဘူး"
သူတို့နှစ်ယောက်ရဲ့ အနေအထားက အကွာအဝေးကသိပ်မရှိတော့တာမို့ နှောင်းလဲအနောက်ကို ခြေတစ်လှန်းစုတ်မိတော့ ကိုဝသုန် ကလိုက်တိုးသည် နှောင်းကလဲနောက်ဆုတ် ကိုဝသုန်ကလဲ ရှေ့တိုးနဲ့ နောက်ဆုံးကျ နှောင်းက အိမ်နံရံနဲ့တိုက်မိနေတာမို့ ထက်ဆုတ်လို့မရေတော့ပေ ကိုဝသုန်က ညာဘက်လက်ကို နံရံပေါ်ထောက်ထားကာ ကျန်တစ်ဖက်နဲ့ ငုံ့နေတဲ့နှောင်းရဲ့မေးဖျားကို ကိုင်ကာ မော့စေလိုက်တော့သည်
"ကိုယ်နဲ့ မပတ်သတ်ရဘူးလို့များ ၀သာန်ကမှာထားလေသလား ညို"
"အဲ့လိုမဟုတ် အွန့်..."
နှောင်းစကားပြောမပြီးခင်ပဲ နှောင်းနှခမ်းပေါ်နူးညံ့လှသည့် နှခမ်းတစ်စုံက ကျရောက်လာတော့သည် ထိယုံလေးပဲ တကယ်ထိယုံလေးနဲ့နမ်းနေသည် နှခမ်းနှစ်ခု ထိကပ်ထားသည်ပဲရှိ၏ ခနကြာမှ ပြန်ခွာပေးတော့သည်
"ကိုယ်တောင်းပန်ပါတယ် ညို ကိုယ်လေ..ကိုယ် ညိုကိုချစ်မိနေပြီထင်တယ်"
"ဟင်"
"ဟုတ်တယ် ကိုယ်မင်းကိုချစ်တယ် ညို"
"မဖြစ်..မဖြစ်နိုင်ဘူးလေ အကိုဝသုန် ကျွန်တော်ကအကို့ရဲ့ညီ ၀သာန်ရဲ့ ယောင်္ကျားတစ်ယောက်ပါ ကျွန်တော်တို့ကမဖြစ်နိုင်ဘူးလေ"
"ကိုယ်သိတယ် ဒါပေမယ့် ညို ကိုချစ်မိနေတဲ့စိတ်ကိုတားမရဘူး ညိုရယ် ကိုယ် ဘာမှအတင်းမတိုက်တွန်းပါဘူး ညို ၀သာန်ရှိမှာ မပျော်တော့ရင် အကိုစီကိုလာလို့ရတယ်နော် ကိုယ်လက်ခံတယ်"
"ဒါမဖြစ်နိုင်ဘူးဆိုတာ ကိုဝသုန်လဲသိနေရဲ့သားနဲ့"
"ဘာလို့မဖြစ်နိုင်တာလဲ ဘာလို့လဲ ကိုယ်က ဘာတွေများဝသာန်ထက်မသာတဲ့နေရာများရှိနေလို့လဲ ဟမ်!"
ကိုဝသုန်က ထောက်ထားတဲ့လက်ကို ပြန်သိမ်းကာ ထိုးဖို့လုပ်တာမို့လို့ မျက်လုံးကိုမှိတ်လိုက်မိသည်
*ခွပ်*
ထိုးလိုက်သံကြားပေမယ့် နှောင်းရဲ့မျက်နှာပေါ် နာကျင်မှုက ရောက်မလာပေ နှောင်းလဲမျက်လုံးဖွင့်ကြည့်လိုက်တော့ နှောင်းရဲ့ဘေးမှာ ရှိနေတဲ့ လက်က ဘေးကနံရံကိုထိုးလိုက်တာမို့ နံရံမှာကော လက်မှာကော သွေးတွေပေနေသည် နှောင်းလဲ လက်ကိုဆွဲကိုင်လိုက်ကာ
"အကို ၀သုန် ဘာလို့ဒီလိုလုပ်တာလဲ ဟင့် သွေးတွေထွက်နေပြီလေ"
နှောင်းရဲ့ကိုဝသုန် အနာကိုကိုင်ကြည့်နေတဲ့လက်တွေကို ပြန်လည်ကိုင်တွယ်လိုက်တော့ လက်လေးကရှောင်ဖယ်သွားသည်
"ကိုယ်မင်းကိုတကယ်ချစ်တယ်ညို စတွေ့ထဲကစိတ်ဝင်စားမိတာပါ အခုတော့သေချာပြီ ကိုယ်မင်းကိုချစ်တယ်"
"အဲ့တာတွေထားလိုက်ပါ ကိုဝသုန်ရယ် လာဆေးသွားထည့်ကြမယ်"
"ညိုကော ကိုယ့်အပေါ် ဘယ်လိုသဘောရလဲ "
"နှောင်းက ကိုဝသုန်ရဲ့ ညီ ရှင်းတုဝသာန်ရဲ့ တရားဝင် ယောင်္ကျားပါ ကိုဝသုန်အခုလိုစိတ်ဖြစ်နေတာ နှောင်းအတွက်အဆင်မပြေနေဘူး ပြီးတော့ နှောင်း က ၀သာန်ကိုပဲချစ်တာပါ"
ထထွက်သွားတဲ့ နှောင်းကိုကြည့်ရင်း ၀သုန် မြတ်ခင်းတွေပေါ် ဒူးထောက်လျက် ကျမိသွားသည် ပြီးတော့နှောင်းကိုကြည့်ကာ
"သူကမချစ်တာတောင် မှလား ညို သူမင်းကိုမချစ်တာတောင် မင်းကချစ်နေသေးတာလား"
နှောင်းလဲ သွားနေရင်းနဲ့ရပ်ကာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး
"သူမချစ်ရင်တောင် နှောင်းက သေအောင်ချစ်တာ သူမောင်းမထုတ်မချင်းသူနဲ့အတူရှိနေမှာပါ"
နှောင်းထွက်သွားတော့ ၀သုန်လဲ မြတ်ခင်းပေါ်ထိုင်ချလိုက်ပြီး...
"မင်းက ငါ့အပိုင်ပဲဆိုတာ မသိဘူးလား ညို မင်းကော မင်းအမကောက ငါ့အပိုင်ပဲလေ ဟမ့်!"
*********
ဝသာန်လဲ လှိုင်းနဲ့တွေ့ပြီး လူသစ်တို့စီထွက်လာခဲ့သည်
Barထဲဝင်သည်နှင့် လူသစ်က လက်လှန်းပြနေသည် ၀သာန်လဲ ကောင်တာ မှာထိုင်လိုက်ပြီး အရက်တစ်ခွက်မှာကာ ထိုင်သောက်နေလိုက်သည် အကုန်မသောက်ပဲ တစ်ဖြေးဖြေးချင်း ဇိမ်ခံသောက်နေတဲ့ ၀သာန်ကြောင့် လူသစ်တစ်ချက်ပြုံးသွားတာကို ၀သာန်မြင်တော့
"ဟျောင့် ဘာတွေသဘောကျနေတာလဲ ငါကချောတာသိပေမယ့် ငါတို့က သူငယ်ချင်းတွေနော် မကောင်းပါဘူးကွာ "
"ဘောလား ငါက မင်းအရက်ကို ဇိမ်ခံသောက်နေတာကို ထူးဆန်းလို့ပါ"
"ဟ ဘာတွေများထူးဆန်းလို့လဲ "
လူသစ်လဲ ၀သာန်ပုခုံးပေါ်လက်တင်လိုက်ရင်း
"မင်းမှာပျော်စရာတစ်ခုခု ဒါမှမဟုတ် ရင်ခုန်နေတဲ့အချိန် မှသာမင်းအရက်ကို ဇိမ်ခံသောက်တာလေ ပုံမှန်ဆို တစ်ခါထဲမော့သောက်ပြီးတော့များ"
ဝသာန်လဲ ပြုံးလိုက်ရင်း
"ငါ လှိုင်းနဲ့တွေ့ခဲ့တယ် "
"အမယ့် အဲ့တာကြောင့်ဆိုတာသေချာတယ်နော် လှိုင်းနဲ့က အရင်ကလဲတွေ့ဖူးတာပဲ မင်းဒီလောက်ပျော်တာမမြင်ဖူးပါဘူးကွာ"
လူသစ် စကားကြောင့် ၀သာန်လဲစိတ်ထွေသွားသည် မှန်သည် သူလှိုင်းကိုမတွေ့ခင်ထဲကပျော်နေမိတာ အလိုလို နှောင်းနဲ့အိပ်ခဲ့ရတာလားကြောင့် လားဆိုတာ သံသရ ၀င်မိသည် ဒါ့ပေမယ့် မဖြစ်နိုင်ဘူးလို့သာ တွေးထားသည်
"အခုလဲ အတွေးကျွံနေပြန်တာမလား ဘာလဲ မင်းနှောင်းနဲ့အိပ်ပြီးတာလား"
"အဟွတ် အဟွတ်!"
"ဟော ဘယ်လိုဖြစ်တာလဲ ၀သာန်ရယ် "
လူသစ်လဲ နှောင်းကျောကိုပုတ်ပေးတော့ လက်ကာပြသည် ဘာတွေများပြောမိလို့ သီးတောင်သီးလဲမသိ
"ဘာတွေများ မလုံမလဲဖြစ်နေတာတုန်းကွ"
"မဟုတ်..မဟုတ်ပါဘူးကွာ"
"မလုံမလဲတွေနဲ့ကွာ"
"မင်းတော်လိုက်တော့ မလုံစရာဘာမှမရှိဘူး"
"အေးပါကွာ"
********
နှောင်းလဲ အခန်းထဲပြန်ဝင်ကာ ဘာမှမတွေးပဲ အိပ်ပြစ်လိုက်သည် ည7နာရီထိုးမှ နိုးသည် ဒါတောင် ၀သာန်ကပြန်မရောက်သေးပေ နှောင်းလဲ ရေမိုးချိုးကာ ထမင်းဆင်းမစားတော့ပဲ အခန်းထဲမှာ ဖုန်းသုံးရင်းစောင့်နေလိုက်သည် ခနနေတော့ ကားသံကြားတာမို့ ၀သာန်ပြန်လာသည်ဆိုတာသိတာမို့ နှောင်းလဲ ကုတင်ပေါ် လှဲချကာ အိပ်ချင်ယောင်ဆောင်လိုက်သည် အခုချိန်မှာ ၀သာန်နဲ့မတွေ့ချင်ပါ မတွေ့ရဲတာဆို ပိုမှန်မည်
ခနနေတော့ အခန်းတံခါးပွင့်လာကာ ၀သာန်ဝင်လာသည် နှောင်းလဲ မျက်စိကိုစုံမှိတ်ထားလိုက်သည်
မကြည့်နေပေမယ့်သိသည် ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီး အင်ကျီလဲကာ နှောင်းအနားကို လျှောက်လာသံကြားရသည် နှောင်းလဲ မသိချင်ယောင်ဆောင်ကာ အိပ်ချင်ယောင်ဆက်ဆောင်နေလိုက်သည်
"နှောင်း ကိုယ်မင်းကိုသဘောကျတယ် မင်းအိပ်နေရင်ပိုတောင်သဘောကျတယ် မင်းနဲ့ငါ့ကြား ရန်ငြိုးတွေမရှိရင် ကောင်းမယ် ဒါဆို ငါမင်းကို ဘာမှမတွေးပဲချစ်မိမှာ အခုတော့ ငါမင်းကိုမုန်းသေးတယ်"
ပြောရင်း နှောင်းရဲ့ နှဖူးကိုဖွဖွလေးအနမ်းပေးလိုက်သည်
"အိမ်မက်ထဲမှာပျော်ရွှင်စွာချစ်ကြတာပေါ့ နှောင်း "
ဝသာန်လဲ နှောင်းဘေးမှာ ၀င်လှဲလိုက်သည်
'မင်းရဲ့အမုန်းကိုချစ်တယ် မောင်'
Note_ဒီအပိုင်းလဲ တိုသွားပြန်ပြီ နောက်ကျအရှည်ကြီးရေးပေးမယ်နော် ဖတ်ပြီး vote and review မပေးရင် အကြာကြီးပြစ်ထားပြစ်မယ် ဟွန့်
ချစ်တဲ့_Eaint Mat May
Zawgyi ကိုခွဲတင်ပေးမယ်နော်